ကျန်းမာစွာ စားသောက်ခြင်း

အစားအသောက်က ကျန်းမာစေဖို့ ထိန်းသိမ်းပေးသလို ရောဂါတွေကို ကာကွယ်ရာမှာ အကူအညီပေးခြင်းဖြင့် ကျန်းမာစွာနေထိုင်မှုအပေါ်မှာ အများကြီး သက်ရောက်နေပါတယ်။ ကံမကောင်းတာတစ်ခုက ကျန်းမာစွာ စားသောက်ခြင်းနဲ့ပတ်သက်ပြီး ယုံတမ်းစကားတွေ များစွာရှိနေတာပါ။ ဒါကြောင့် ကျန်းမာစွာ စားသောက်ခြင်းနဲ့ ပတ်သက်ပြီး သိထားတဲ့အချက်တွေက မှန်သလား မှားသလားဆိုတာကိုသေချာ သိဖို့ လိုပါမယ်။

ကျန်းမာရေးဗဟုသုတ

ကျန်းမာစွာ စားသောက်ခြင်း

ဓာတ်ဆားရည် အစားထိုး သဘာဝ သောက်စရာများ

ခန္ဓာကိုယ် ကျန်းမာနေစေဖို့အတွက် အာဟာရတွေ ပြည့်ဝမျှတနေဖို့ လိုပါတယ်။ ဒီလို ပြည့်ဝမျှတနေရမယ့် အရာတွေထဲမှာ ဓာတ်ဆားဓာတ်လို့ ခေါ်တဲ့ Electrolytes တွေကလည်း အရေးပါပါတယ်။ ခန္ဓာကိုယ်မှာ ဓာတ်ဆားဓာတ် မျှတနေမှလည်း နေ့စဉ်ဘဝကို ကျန်းမာပျော်ရွှင်စွာ ဖြတ်သန်းနိုင်မှာပါ။ အားကစား လုပ်လို့ ချွေးအရမ်းထွက်ချိန်မှာ ဖြစ်ဖြစ်၊ အပူဒဏ်ကြောင့် ချွေးထွက်များတာ၊ အခြား အခြေအနေ တစ်ရပ်ရပ်ကြောင့် ခန္ဓာကိုယ်မှာ ဓာတ်ဆားဓာတ် နဲ့ ရေဓာတ် ဆုံးရှုံးသွားတဲ့အခါ ပြန်လည်ဖြည့်တင်းဖို့ ဓာတ်ဆားရည်၊ Sport drinks တွေကို သောက်ဖို့ အကြံပြုတတ်ကြပါတယ်။ ဒါပေမယ့် ဓာတ်ဆားရည်ကို မနှစ်သက်ဘူး။ ဓာတ်ဆားရည်အစား အခြား ဓာတ်ဆားဖြည့်ပေးမယ့် သောက်စရာလေးတွေများ မရှိဘူးလားလို့ တွေးနေပြီလား။ ဒါဆိုရင်တော့ ဒီဆောင်းပါးလေးက သင့်အတွက်ပါ။ ဒီဆောင်းပါးလေးထဲမှာ ဓာတ်ဆားရည် အစားထိုး သဘာဝ သောက်စရာများ […]

ကျန်းမာစွာ စားသောက်ခြင်း ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကျန်းမာစွာ စားသောက်ခြင်း ကို ရှာဖွေမည်။

အာဟာရဆိုင်ရာ အချက်အလက်များ

ကုလားပဲ စားသုံးပေးရင် ဘယ်လိုအကျိုးကျေးဇူးတွေရရှိနိုင်မလဲ

ပဲက ပရိုတင်းဓာတ်ရရှိနိုင်တဲ့ အစားအစာတစ်မျိုးပါ။ ကျန်းမာရေးအတွက်လည်း တော်တော့်ကို အထောက်အကူပြုပေးပါတယ်။ ကုလားပဲက ကြီးထွားဖွံဖြိုးမှုကို တိုးစေနိုင်သလို နှလုံးကိုကျန်းမာစေနိုင်ပါတယ်။ အစာကြေညက်စေနိုင်ပြီး အရိုးတွေသန်မာစေတဲ့အပြင် နာတာရှည်ဝေဒနာတွေ မဖြစ်အောင်လည်း ကာကွယ်ပေး နိုင်ပါတယ်။ ကုလားပဲကို ပဲကပ်ကြော်ကြော်တယ်၊ ဟင်းရည်၊ချဉ်ဟင်းတွေချက်တယ်၊ သုပ်စားတယ်စသဖြင့် အမျိုးမျိုးလုပ် စားကြပါတယ်။ အသားမစားသူတွေအနေနဲ့လည်း ကုလားပဲစားသုံးပေးမယ်ဆိုရင် အသားဓာတ်အပြည့်အဝရရှိ စေမှာသေချာပါတယ်။ ကိုယ်တွင်း ပရိုတင်းဓာတ်ကိုတိုးစေနိုင်ခြင်း ကုလားပဲမှာ ပရိုတင်းပါဝင်မှုများတာကြောင့် သက်သတ်လွတ်စားတဲ့သူတွေအတွက် အသားဓာတ်ရရှိ စေနိုင်မယ့် အစားအစာတစ်ရပ်ပါ။ ကုလားပဲမှာ ခန္ဓာကိုယ် ကြီးထွားဖွံ့ဖြိုးဖို့အတွက် လိုအပ်တဲ့ပရိုတင်းဓာတ်တွေ အပြည့်အဝပါဝင်နေပါတယ်။ ပရိုတင်းဓာတ်က အနာကျက်စေနိုင်စွမ်းရှိတာကြောင့် ကုလားပဲကိုစားသုံးပေး မယ်ဆိုရင် အနာတွေကို အကျက်မြန်စေမှာသေချာပါတယ်။။ ဓာတ်တိုးဆန့်ကျင် အာနိသင်ရှိခြင်း ကုလားပဲမှာ ခန္ဓာကိုယ်ထဲက oxidative stress တွေကိုလျော့ကျစေနိုင်တဲ့ ဗီတာမင်တွေပါဝင်နေပြီး နာတာရှည်ရောဂါတွေမဖြစ်အောင်လည်း ကာကွယ်ပေးနိုင်ပါတယ်။ ကုလားပဲမှာပါတဲ့ ဓာတ်တိုးဆန့်ကျင် ပစ္စည်းတွေက ကိုယ်တွင်းက free […]


ထူးခြားသည့်စားသောက်မှုပုံစံကွဲများ

ကီတိုဒိုင်းယက် စားသင့်မစားသင့်

facebook twitter တို့လို social media ကို ကြည့်ကြည့် မဂ္ဂဇင်းတွေ ဂျာနယ်တွေမှာပဲကြည့်ကြည့် ဒီနေ့ခေတ်မှာ ကီတို ဒိုင်းယက် keto diet ဆိုတဲ့စကားတစ်ခုက အင်မတန် ပေါ်ပြူလာဖြစ်တာကိုတွေ့ရပါလိမ့်မယ်။ keto diet နဲ့ ပတ်သက်လို့ စားသင့်မစားသင့် အငြင်းအခုံတွေလဲ အများကြီးရှိကြပါတယ်။ ဒီဆောင်းပါးမှာတော့ ကီတိုဒိုင်းယက်ကို သိပ္ပံရှုဒေါင့်ကနေ လက်တွေ့ကျကျချဉ်းကပ်ထားတာကို ဖော်ပြပါ့မယ်။ ကီတိုဆိုတာ ကီတိုဒိုင်းယက်ဟာ စားသောက်မှုပုံစံပေါင်းမြောက်မြားစွာရှိတဲ့အထဲကနေမှ အင်မတန်ထူးခြားပါတယ်။ အလွန်မြင့်မားစွာ ပါ၀င်နေတဲ့ အဆီဓာတ်နဲ့ မပါသလောက်ဖြစ်တဲ့ ကစီဓာတ်တွေကြောင့်ပါပဲ။ ကီတိုဒိုင်းယက်ရဲ့အခြေခံဖြစ်တဲ့ ketogenesis လို့ခေါ်တဲ့ ကီတိုဇီ၀ရုပ်ဖြစ်ပျက်ခြင်း ဟာ တကယ်တော့ အယူအဆ တွေ့ရှိမှုအသစ်တစ်ခု မဟုတ်ပါဘူး။ ခန္ဓာကိုယ်ကနေ သကြားဓာတ်လို့ခေါ်တဲ့ ဂလူးကို့စ်ဓာတ် သုံးစရာမရှိတဲ့ အခြေအနေမှာ ဖြစ်နေကျ ဇီ၀ရုပ်ဖြစ်ပျက်မှူတစ်ခုသာဖြစ်ပါတယ်။ စွမ်းအင်အတွက် သုံးစရာအချိုဓာတ်မရှိတဲ့ အခါ […]


အာဟာရဆိုင်ရာ အချက်အလက်များ

တည်သီးလေးရဲ့ အံမခန်းအာနိသင်

စားလိုက်ရင် ချိုချိုကြွပ်ကြွပ်လေးနဲ့ အရသာလေးလေးပင်ပင်ရှိတဲ့ တည်သီးကို ကြိုက်တတ်တဲ့သူတစ်ဦးဆိုရင်တော့ အခုလိုအကျိုးကျေးဇူးလေးတွေ ရရှိစေမယ်ဆိုတာ ပြောနေစရာတောင်မလိုအောင်ပါနော်။ လိမ္မော်ရောင်တောက်တောက်လေးနဲ့ အညှာတံ စိမ်းစိမ်းလေး ဒါမှမဟုတ် ခပ်ညိုညို အရောင်လေးကြောင့် မျက်စိထဲမှာ စွဲဆောင်မှုရှိတဲ့ တည်သီးလေးက ခန္ဓာကိုယ်အတွက် ဘယ်လိုများ အထောက်အကူပြုပေးနိုင်လဲဆိုတာကို တူတူဖတ်ကြည့်ရအောင်လား.... တည်သီးကနေရမယ့် အာဟာရ တည်သီးမှာ ကာဗိုဟိုက်ဒရိတ် အမျှင်ဓာတ် သကြားဓာတ် ဗီတာမင် A ဗီတာမင် E ဗီတာမင် B ဗီတာမင် K ဗီတာမင် C သံဓာတ် ပိုတက်ဆီယမ် ဆိုဒီယမ် ဖောလိတ် ကိုလင်း မဂ္ဂနီဆီယမ် ရေဓာတ် တို့ပါဝင်နေပါတယ်။ တည်သီးစားရင်းရမယ့် ကျန်းမာရေးအကျိုးကျေးဇူး တည်သီးချိုချိုလေးက ဝိတ်ကျစေတယ် အရွယ်တော် တည်သီးတစ်လုံးမှာ ကာဗိုဟိုက်ဒရိတ်က ၃၁ ၈ရမ်သာပါဝင်တာဖြစ်ပြီး ခန္ဓာကိုယ်ကို အဆီတက်စေတာမျိုး လုံးဝမဖြစ်နိုင်ပါဘူး။ ဒါကြောင့် ဝိတ်ချချင်တာကြောင့် ဘာသီးစားလို့ စားရမှန်းမသိဘူးဆိုရင် […]


အာဟာရဆိုင်ရာ အချက်အလက်များ

ကျန်းမာရေးနဲ့ဇင့်

ခန္ဓာကိုယ်ကျန်းမာနေစေဖို့က အာဟာရပြည့်ဝမျှတဖို့လိုပါမယ်။ ဒီလိုမျိုး အာဟာရပြည့်ဝမျှတတယ်ဆိုတဲ့နေရာမှာလည်း ဗီတာမင် နဲ့ သတ္တုဓာတ်တွေကို မျှတအောင် စားသုံးမိဖို့လိုပါမယ်လိုမယ်။ ဒါ့ကြောင့် ကိုယ်ခံအားကောင်းပြီး အနာတွေကိုမြန်မြန်ကျက်စေဖို့အတွက် နေ့စဉ်စားသုံးတဲ့ အာဟာရတွေထဲမှာ ဇင့်ဓာတ်ပါဝင်အောင် စားသုံးပေးပါ။ ခန္ဓာကိုယ်မှာ  ဇင့်ရဲ့  အခန်းကဏ္ဍ ဇင့်က ကျန်းမာတဲ့ကိုယ်ခံအားစနစ်ကိုရရှိစေပြီး အဖျားတွေ၊ ရောဂါပိုးတွေကနေလည်း အထိရောက်ဆုံးကာကွယ်ပေးပါတယ်။ ဘေဘီလေးကနေစလို့ ဖိုးဖိုးဖွားဖွားတွေအထိ ကျန်းမာပျော်ရွှင်နေဖို့ ဇင့်ဓာတ်က မဖြစ်မနေလိုအပ်နေတာပါ။ ခေါင်းအစခြေအဆုံး ကျန်းမာစေဖို့ နေ့စဉ် သတိထားစားသုံးပေးသင့်တဲ့ အစားအစာတစ်ရပ်ပေါ့။ ခန္ဓာကိုယ်ရဲ့ လုပ်ငန်းစဉ်အများစုက ဇင့်နဲ့ မကင်းပါဘူး။ အကြောင်းကတော့ ဇင့်သတ္တုဓာတ်က ကိုယ်တွင်းမှာ ရှိနေတဲ့ အင်ဇိုင်း အမျိုး ၁၀၀ လောက်ထွက်ရှိလာစေဖို့ အကောင်းဆုံးလှုံ့ဆော်ပေးနိုင်တာကြောင့်ပါ။ ဖွံ့ဖြိုးဆဲနိုင်ငံအများစုမှာ ကျောင်းနေအရွယ်ကလေးများစုက ဇင့်ဓာတ်ချို့တဲ့နေတာကို ရင်ဆိုင်နေရပါတယ်။ ဒီတစ်ခေါက်တော့ ဇင့်ဓာတ်က ခန္ဓာကိုယ်ကို ဘယ်လောက်တောင် အကျိုးပြုပေးလဲဆိုတာကို ဆက်ကြည့်လိုက်ရအောင်လား။ ဇင့် […]


အာဟာရဆိုင်ရာ အချက်အလက်များ

ပန်းသစ်တော်သီးလေး စားပေးပါ

ပန်းသစ်တော်သီးက အရည်ရွှမ်းသလို စားလိုက်ရင်လည်း  ချိုချိုလေးနဲ့အရသာရှိပါတယ်။ ဒီလိုအရသာရှိတဲ့ ပန်းသစ်တော်သီးက ဘယ်လိုကျန်းမာရေးအကျိုးကျေးဇူးတွေရရှိစေနိုင်လဲဆိုတာကို ဒီဆောင်းပါးလေးထဲမှာ ဖတ်ကြည့်လိုက်ပါနော်။ ပန်းသစ်တော်သီး ဆိုတာ ပန်းသစ်တော်သီးက အပေါ်ခွံအဝါရောင်သန်းသန်းလေးရှိပြီး အသားခပ်ပွပွ အရည်ရွှမ်းရွှမ်းလေးနဲ့ ဝါးလိုက်တိုင်း တဂျွတ်ဂျွတ်နဲ့ စားကောင်းပါတယ်။ ရင်ထဲအေးသလို ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ ဗီတာမင် နဲ့ သတ္တုဓာတ်တွေပြည့်ဝစွာပါဝင်နေပါတယ်။ ခန္ဓာကိုယ်မှာ အားပြည့်စေသလို ခန္ဓာကိုယ်အစိတ်အပိုင်းတစ်ခုချင်းစီကိုလည်း အားပြည့်အောင် အားဖြည့်ပေးပါတယ်။ ဘယ်လိုအာဟာရဓာတ်တွေပါဝင်နေလဲ............. အရသာရှိလှတဲ့ ပန်းသစ်တော်သီးမှာ ကယ်လ်လိုရီ ပရိုတင်း ကာဗိုဟိုက်ဒရိတ် အမျှင်ဓာတ် ဗီတာမင် C ဗီတာမင် K ပိုတက်ဆီယမ် ကော့ပါး အမျှင်ဓာတ် ဓာတ်တိုးဆန့်ကျင် အာနိသင်တို့ ပါဝင်နေပါတယ်။ ဘယ်လိုကျန်းမာရေးအကျိုးကျေးဇူးတွေရနိုင်လဲ................. အရသာရှိတဲ့ ပန်းသစ်တော်သီးက ကိုယ်အလေးချိန်မတက်စေဘဲ ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ ကယ်လ်လိုရီ အပြည့်အဝရရှိစေတယ် ဝိတ်တက်မှာကို ကြောက်တတ်သူတွေအနေနဲ့ ပန်းသစ်တော်သီးကိုစားပေးလို့ရပါတယ်။ အကြောင်းကတော့ ပန်းသစ်တော်သီးက အမျှင်ဓာတ်​ကြွယ်ဝစေသလို ကိုယ်အလေးချိန်မတက်စေဘဲ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ ကယ်လ်လိုရီတွေကို အပြည့်အဝပေးစွမ်းနိုင်ပါတယ်။ […]


ကိုယ်အလေးချိန်လျှော့ချခြင်း

ကမ္ဘာကျော် လေ့ကျင့်ခန်း နည်းပြ တစ်ဦးရဲ့ ဝိတ်ကျစေမယ့် နည်းလမ်းတွေ

Jillian Micheals ဆိုတာ အမေရိကန်လူမျိုး ကမ္ဘာကျော် လေ့ကျင့်ခန်း နည်းပြ တစ်ယောက်ဖြစ်ပြီး စာရေးဆရာ၊ အားကစား တီဗီအစီအစဉ်တွေမှာလည်း အစီအစဉ်တင်ဆက်သူတစ်ဦးအဖြစ် ရပ်တည်နေတဲ့သူဖြစ်ပါတယ်။ သူမဟာ The Biggest Loser လို့ခေါ်တဲ့ ဝိတ်ကျတာကို ယှဉ်ပြိုင်ကြတဲ့ တီဗီအစီအစဉ်ရဲ့ နည်းပြဖြစ်ပြီး သူမရဲ့ ဝိတ်အများဆုံးကို အမြန်ဆုံးကျစေတဲ့နည်းလမ်းတွေဟာ ကမ္ဘာကျော်ခဲ့ပါတယ်။ သူမရဲ့ နည်းလမ်းတွေက သိပ္ပံနည်းကျ ဆေးစစ်ချက်တွေနဲ့ပါ စမ်းသပ်ထားပြီးတော့ ဝိတ်ကျပြီးရင်လည်း အချိန်ကြာကြာဆက်ထိန်းထားနိုင်တဲ့ နည်းလမ်းတွေဖြစ်တယ်။ ဒါကြောင့် သူမရဲ့ ဝိတ်ကျစေတဲ့ နည်းလမ်းတွေထဲက တချို့ကို ကျန်းမာရေးလိုက်စားသူ ကိုကိုမမတို့အတွက် ဖော်ပြပေးလိုက်ပါတယ်။ ၁။ ပူစပ်တဲ့ အစားအစာတွေ မာလာရှမ်းကော၊ ဟော့ပေါ့၊ အသုပ်တွေ ကြိုက်တဲ့သူတွေ အတွက်တော့ သတင်းကောင်းပါပဲ။ ဒါပေမဲ့ အဲဒီလို အစားအစာတွေမှာတော့ ဆီများတဲ့အတွက် ကယ်လိုရီတွေများနေနိုင်ပါတယ်။ သဘာဝဟင်းခပ်အမွှေးအကြိုင်တွေနဲ့ […]


အာဟာရဆိုင်ရာ အချက်အလက်များ

ရှောက်ဘီလူးရွက် ကပေးတဲ့ ကျန်းမာရေးအာနိသင်

ထိုင်းဟင်းလျာတော်တော်များများမှာ အနံ့အရသာပြည့်စုံအောင်ဆိုပြီး ထည့်ချက်ပြုတ်တတ်ကြတဲ့ ရှောက်ဘီလူးရွက် က ဟင်းကိုတင် အနံ့အရသာပြည့်စုံစေတာမဟုတ်ပါဘူး။ ကျန်းမာရေးအတွက်ပါ အကျိုးကျေးဇူးတော်တော်များများပေး နိုင်ပါသေးတယ်။ ရှောက်ဘီလူးရွက် အာရှနိုင်ငံတွေဖြစ်ကြတဲ့ အင်ဒိုနီးရှား၊ ထိုင်း၊ ဖိလစ်ပိုင်တို့မှာ ဟင်းခတ်အမွှေးအကြိုင်အနေနဲ့ အသုံးပြုကြပါတယ်။ အနံ့အရသာပြင်းသလို ဆေးဖက်လည်းဝင်ပါတယ်။  ခန္ဓာကိုယ်ကို အကျိုးပြုတဲ့ အော်ဂင်းနစ်ဒြပ်ပေါင်းများစွာပါဝင် နေပါတယ်။ ရှောက်ရွက်နဲ့ ခပ်ဆင်ဆင်တူပေမယ့် အနံ့အရသာပိုပြင်းပါတယ်။ ရှောက်ဘီလူးရွက်ကပေးတဲ့ ကျန်းမာရေးအာနိသင်တွေက ဘာတွေဖြစ်မလဲ………. ရှောက်ဘီလူးရွက် က ခန္ဓာကိုယ်အတွက် အခုလိုကျန်းမာရေးအကျိုးကျေးဇူးတွေပေးစွမ်းနိုင်ပါတယ်။ ခံတွင်းကျန်းမာစေနိုင်တယ် ခံတွင်းကျန်းမာစေနိုင်တဲ့အာနိသင်ရှိပြီး ခံတွင်းအနာနဲ့ သွားဖုံးတွေကို အထိရောက်ဆုံးကာကွယ်ပေးနိုင်ပါတယ်။  ဒါကြောင့် ခံတွင်းထဲမှာဖြစ်တဲ့အနာတွေ သွားဖုံးမှာဖြစ်တဲ့အနာတွေကို သက်သာစေဖို့အတွက် ရေစင်အောင်ဆေးထားတဲ့ ရှောက်ဘီလူးရွက် နဲ့ ပွတ်တိုက်ပေးလို့ရပါတယ်။ အရည်ညှစ်ပြီး စွတ်ပေးလို့လည်းရသလို ရေနွေးနဲ့စိမ်ပြီး ပလုတ်ကျင်းပေးရင်လည်း အဆင်ပြေပါတယ်။ သွေးသန့်စေတယ် သွေးနဲ့ပတ်သက်တဲ့ရောဂါကို သက်သာစေဖို့အတွက် ရှောက်ဘီလူးရွက်ကို သုံးပေးလို့ရပါတယ်။ နာတာရှည်သွေးနဲ့ပတ်သက် တဲ့ရောဂါတွေသက်သာစေဖို့ စားသုံးပေးလို့ရပါတယ်။ သွေးထဲက ထိခိုက်စေနိုင်တဲ့အရာတွေကို သန့်စင်ပေးနိုင်တာကြောင့် အသည်းကို […]


ကိုယ်အလေးချိန်လျှော့ချခြင်း

ဝမ်းဗိုက်အဆီကို အမြန်ဆုံးချနိုင်မယ့် နည်းလမ်းတွေ

၀မ်းဗိုက်အဆီဆိုတာ ကျန်းမာရေးအတွက် အလွန်အန္တရာယ်များတဲ့ အဆီမျိူးပါ။ ဆီးချိုနဲ့ နှလုံးရောဂါတွေအဓိက ဆောင်ကြဉ်းပေးတတ်တဲ့အရာဖြစ်ပြီး အ၀တ်အစား၀တ်တဲ့နေရာမှာလဲ ကြည့်ရဆိုးစေပါတယ်။  ဒီလိုဆို၀မ်းဗိုက်အဆီတွေကို ဘယ်လိုအနိုင်ယူတိုက်ထုတ်နိုင်မလဲကြည့်လိုက်ရအောင်။ (၁) အမျှင်ဓာတ်များများစားပါ။ ရေမှာပျော်၀င်နိုင်တဲ့အမျှင်ဓာတ်ကြွယ်၀တဲ့ အစားအသောက်တွေ ဥပမာ ထောပတ်သီး၊ ဖရဲသီး၊ပဲပင်ပေါက်၊ ဘလက်ဘယ်ရီသီးစတာတွေကို စားသုံးပေးတဲ့အခါ ၀မ်းဗိုက်အဆီကိုလျော့ကျစေတာကို တွေ့ရှိရပါတယ်။ (၂) Trans fat ကိုလုံးဝရှောင်ကြဉ်ပါ။ Trans fat ဆိုတာ မပြည့်၀ဆီတွေကို ဟိုက်ဒရိုဂျင် ဓာတ်ငွေ့ရောက်တဲ့အခါဖြစ်ပေါ်လာတာပါ။ ထောပတ်နဲ့ တာရှည်ခံအောင်လုပ်ထားတဲ့အစားအသောက်တွေမှာ trans fat ပါ၀င်နိုင်တာမို့လို့ သတိထားရှောင်ရှားသင့်ပါတယ်။ (၃) အရက်ကို အလွန်အကျွံမသောက်ပါနဲ့။ အရက်ဟာ အသည်းခြောက်ခြင်း၊ အသည်းရောင်ခြင်းတွေကိုဖြစ်စေတဲ့အပြင် ၀မ်းဗိုက်အဆီကိုတိုးပွားစေတဲ့ အဓိကတရားခံထဲကတစ်ဦးမို့ အရက်ကို အလွန်အကျွံမသောက်သင့်ပါဘူး။ (၄)အသားဓာတ်ကြွယ်၀တဲ့ အစာများများစားပါ။ အသားဓာတ်လုံလောက်စွာရရှိခြင်းဟာ ကိုယ်အလေးချိန်ထိန်းသိမ်းတဲ့နေရာမှာ အင်မတန်အရေးပါပါတယ်။ အသားအမျိုးမျိုး၊ ဥအမျိုးမျိုး၊ နို့နဲ့နို့ထွက်ပစ္စည်းတွေအပါအ၀င် ပဲအမျိုးမျိုးကနေလဲ အသားဓာတ်ကိုရရှိနိုင်ပါတယ်။ (၅) စိတ်ဖိစီးမှုကို တတ်နိုင်သမျှလျှော့ချပါ။ သုသေတနတွေအရ စိတ်ဖိစီးမှုကြောင့် ထွက်တဲ့ကော်တီဇောဟာ အစာစားချင်စိတ်ကိုမြင့်တက်စေပြီး ၀မ်းဗိုက်မှာအဆီစုတာကိုလည်း အားပေးပါတယ်။ ယောဂကျင့်ခြင်း၊ တရားထိုင်ခြင်းတွေက စိတ်ဖိစီးမှုကိုလျော့ကျစေပါတယ်။ (၆) သကြားဓာတ်၊ အချိုလျှော့စားပါ။ သကြားမှာ fructose လို့ခေါ်တဲ့ဓာတ်ပါပါတယ်။ အလွန်အကျွံစားမိတဲ့အခါနှလုံးရောဂါ၊ အမျိူးအစားနှစ် ဆီးချိူရောဂါ အ၀လွန်ခြင်းနဲ့ အသည်းအဆီဖုံးရောဂါတွေကို ဖြစ်စေပါတယ်။သကြားကို တတ်နိုင်သရွေ့လျှော့စားပါ။ ဖြူဖွေးအောင်အရောင်ချွတ်ထားတဲ့ သကြားတွေအစား သကြားညို၊ ပျားရည်စတာတွေကိုအစားထိုးသုံးစွဲသင့်ပါတယ်။ (၇) Cardio (အေရိုးဗစ်) လေ့ကျင့်ခန်းလုပ်ပါ။ အေရိုးဗစ်ကစားခြင်းဟာ ကယ်လိုရီအမြားအပြားကိုလောင်ကျွမ်းစေပြီး ကျန်းမာရေးကိုထိထိရောက်ရောက်တိုးတက်စေပါတယ်။ တစ်ပတ်ကို အေရိုးဗစ်လေ့ကျင့်ခန်း ငါးနာရီလုပ်နိုင်ရင် သင့်၀မ်းဗိုက်အဆီတွေကို ထိထိရောက်ရောက်ကျဆင်းစေပါတယ်။ (၈)ကာဗိုဟိုက်ဒရိတ်ဓာတ်ကို လျှော့ချပါ။ ထမင်း၊ဆန်နဲ့လုပ်တဲ့မုန့်၊ ကောက်ညှင်း၊ အာလူး၊ ဂျုံ၊ ပြောင်း စတာတွေမှာ ပါတဲ့ ကာဗိုဟိုက်ဒရိတ်ကိုလျှော့ချခြင်းဟာ ၀မ်းဗိုက်အဆီကို သိသိသာသာကျဆင်းစေပါတယ်။


ကိုယ်အလေးချိန်လျှော့ချခြင်း

သင့်ကိုယ်ခန္ဓာမှ အဆီပိုများကိုဖယ်ရှားဖို့ နည်းလမ်းကောင်းများ

သင့်ကိုယ်ခန္ဓာမှာ အဆီပိုများ စုဝေးပြီး လှုပ်ရှားသွားလာရတာ လေးလံနေသလို ခံစားရပါသလား။ ဒီအဆီပိုတွေကို ဖယ်ရှားဖို့ အားထုတ်ပါ။ အဆီပိုများရှိနေခြင်းဟာ ကိုယ်ခန္ဓာရဲ့ အလှတရားကို ထိခိုက်စေတဲ့အပြင် ကျန်းမာရေးအတွက်လည်း မကောင်းပါဘူး။ ဒီဆောင်းပါးမှာ ဆက်လက်ဖော်ပြထားတဲ့ အကြောင်းအရာတွေကတော့ ကိုယ်ခန္ဓာကနေ အဆီပိုတွေကို ဖယ်ရှားရာမှာ ဘယ်အချက်တွေကို လိုက်နာသင့်သလဲဆိုတာပါပဲ။ အောက်ပါအချက်အလက်တွေကို လေ့လာပြီး လိုက်နာဆောင်ရွက်ကြည့်ပါ။ ပရိုတင်းကြွယ်ဝတဲ့ စားစရာတွေစားပါ။ ပရိုတင်းကြွယ်ဝတဲ့ အစားအစာတွေဟာ အာဟာရဖြစ်စေတဲ့အပြင် အဆီတွေကို ပိုမိုလောင်ကျွမ်းစေပါတယ်။ ပရိုတင်းဟာ ခါးမှာ အဆီဓာတ်တွေစုဝေးနိုင်ခြေကို လျော့နည်းစေပါတယ်။ ကယ်လ်လိုရီများကို လျော့ကျစေပြီး ကြွက်သားများတည်ဆောက်ရာမှာ အထောက်အကူပြုပါတယ်။ အသား၊ ပင်လယ်စာ၊ ပဲတောင့်ရှည်နှင့် ပဲအမျိုးမျိုး၊ နို့ထွက်ပစ္စည်းများ စတာတွေဟာ ပရိုတင်းဓာတ်ကြွယ်ဝတဲ့ အစားအစာတွေ ဖြစ်ပါတယ်။ ပုံမှန်ထက်အနည်းငယ်ပိုအိပ်ပါ။ အိပ်ရာကို နည်းနည်းစောစောဝင်ပြီး ပုံမှန်ထက် အနည်းငယ်နောက်ကျပြီးမှ အိပ်ရာထခြင်းဟာ အဆီများလောင်ကျွမ်းပြီး ကိုယ်အလေးချိန်တက်ခြင်းကို ကာကွယ်နိုင်ပါတယ်။ သုတေသနပြုချက်များအရ […]


အာဟာရဆိုင်ရာ အချက်အလက်များ

စည်သွတ်ဘူးတွေအကြောင်း သိသင့်သမျှ

စည်သွတ်အစားအစာတွေဟာ လတ်ဆတ်တဲ့ စားသောက်ဖွယ်ရာတွေ၊ အေးခဲပြီး သိမ်းဆည်းထားတဲ့ အစားအစာတွေလောက် အာဟာရဓာတ်မရှိဘူးလို့ လူအများစုက ယူဆထားပါတယ်။ တချို့ကတော့ အန္တရာယ်ဖြစ်စေတဲ့ ပစ္စည်းတွေပါဝင်လို့ ရှောင်ကြဉ်သင့်တယ်လို့ ပြောဆိုကြပါတယ်။ တချို့ကလည်း စည်သွတ်ဘူးဟာ အာဟာရပြည့်ဝတဲ့ ပုံမှန်စားစရာတမျိုးပဲလို့ ဆိုကြပါတယ်။ ဒီဆောင်းပါးမှာ ဆက်လက်ဖော်ပြမှာကတော့ စည်သွတ်ဘူးနဲ့ ပတ်သက်ပြီး သိသင့်တဲ့ အချက်အလက်တွေ ဖြစ်ပါတယ်။ စည်သွတ်ဘူးဆိုတာ စည်သွတ်ဘူးများဟာ အသီးအနှံ၊ သားငါး၊ ပဲအမျိုးမျိုးစတဲ့ စားသောက်ဖွယ်ရာတွေကို ကြာရှည်ခံအောင် လေလုံတဲ့ဘူးထဲမှာ ထည့်သွင်းသိုလှောင်ထားခြင်းပဲ ဖြစ်ပါတယ်။ ၁၈ ရာစုနှောင်းပိုင်းမှာ စတင်ပေါ်ပေါက်လာပြီး များသောအားဖြင့် စစ်သားများနဲ့ သင်္ဘောသားများအတွက် အဓိက ရည်ရွယ်ထုတ်လုပ်ခဲ့ခြင်း ဖြစ်ပါတယ်။ နောက်ပိုင်းမှာတော့ လူအများအသုံးပြုနိုင်အောင် ဈေးကွက်မှာပါ ရောင်းချလာတဲ့ အနေအထား ရောက်လာပါတယ်။ စည်သွတ်ဘူးထုတ်လုပ်ရာမှာ ထုတ်လုပ်တဲ့ပစ္စည်းအလိုက် ကွာခြားမှု ရှိနိုင်ပါတယ်။ ဒါပေမယ့် စည်သွတ်ဘူးတခုကို အနည်းဆုံး […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Nyi Nyi Kyaw

အာဟာရပညာရှင် • Sakura Hospital

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း