ကျန်းမာစွာ စားသောက်ခြင်း

အစားအသောက်က ကျန်းမာစေဖို့ ထိန်းသိမ်းပေးသလို ရောဂါတွေကို ကာကွယ်ရာမှာ အကူအညီပေးခြင်းဖြင့် ကျန်းမာစွာနေထိုင်မှုအပေါ်မှာ အများကြီး သက်ရောက်နေပါတယ်။ ကံမကောင်းတာတစ်ခုက ကျန်းမာစွာ စားသောက်ခြင်းနဲ့ပတ်သက်ပြီး ယုံတမ်းစကားတွေ များစွာရှိနေတာပါ။ ဒါကြောင့် ကျန်းမာစွာ စားသောက်ခြင်းနဲ့ ပတ်သက်ပြီး သိထားတဲ့အချက်တွေက မှန်သလား မှားသလားဆိုတာကိုသေချာ သိဖို့ လိုပါမယ်။

ကျန်းမာရေးဗဟုသုတ

ကျန်းမာစွာ စားသောက်ခြင်း

ဓာတ်ဆားရည် အစားထိုး သဘာဝ သောက်စရာများ

ခန္ဓာကိုယ် ကျန်းမာနေစေဖို့အတွက် အာဟာရတွေ ပြည့်ဝမျှတနေဖို့ လိုပါတယ်။ ဒီလို ပြည့်ဝမျှတနေရမယ့် အရာတွေထဲမှာ ဓာတ်ဆားဓာတ်လို့ ခေါ်တဲ့ Electrolytes တွေကလည်း အရေးပါပါတယ်။ ခန္ဓာကိုယ်မှာ ဓာတ်ဆားဓာတ် မျှတနေမှလည်း နေ့စဉ်ဘဝကို ကျန်းမာပျော်ရွှင်စွာ ဖြတ်သန်းနိုင်မှာပါ။ အားကစား လုပ်လို့ ချွေးအရမ်းထွက်ချိန်မှာ ဖြစ်ဖြစ်၊ အပူဒဏ်ကြောင့် ချွေးထွက်များတာ၊ အခြား အခြေအနေ တစ်ရပ်ရပ်ကြောင့် ခန္ဓာကိုယ်မှာ ဓာတ်ဆားဓာတ် နဲ့ ရေဓာတ် ဆုံးရှုံးသွားတဲ့အခါ ပြန်လည်ဖြည့်တင်းဖို့ ဓာတ်ဆားရည်၊ Sport drinks တွေကို သောက်ဖို့ အကြံပြုတတ်ကြပါတယ်။ ဒါပေမယ့် ဓာတ်ဆားရည်ကို မနှစ်သက်ဘူး။ ဓာတ်ဆားရည်အစား အခြား ဓာတ်ဆားဖြည့်ပေးမယ့် သောက်စရာလေးတွေများ မရှိဘူးလားလို့ တွေးနေပြီလား။ ဒါဆိုရင်တော့ ဒီဆောင်းပါးလေးက သင့်အတွက်ပါ။ ဒီဆောင်းပါးလေးထဲမှာ ဓာတ်ဆားရည် အစားထိုး သဘာဝ သောက်စရာများ […]

ကျန်းမာစွာ စားသောက်ခြင်း ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကျန်းမာစွာ စားသောက်ခြင်း ကို ရှာဖွေမည်။

အာဟာရဆိုင်ရာ အချက်အလက်များ

ကျန်းမာရေး ရှုထောင့်မှ Chocolate တစ်တောင့်

ယုံဖို့ခက်မလား မသိပေမဲ့ ချောကလက်က ကျန်းမာရေးအတွက် ကောင်းပါတယ်။ ချောကလက်တောင့်ထဲမှာ ကိုကိုးမှုန့် ပိုပါလေလေ ကျန်းမာရေးနဲ့ ပိုပြီး ညီညွတ်လေလေပါ။ ဒါဆို အမေတွေက ကလေးတွေကို ချောကလက်စားတာ မကောင်းဘူးလို့ ဘာကြောင့်များ ပြောကြတာပါလိမ့်။ ၁။   ချောကလက်က သွားပိုးစားစေတယ် သွားပိုးစားတယ် ဆိုတာက ကာဘိုဟိုက်ဒရိတ် ကြွယ်ဝတဲ့ အစားအစာတွေ စားသုံးတဲ့အခါမျိုးမှာ ခံတွင်းထဲ အချဉ်ပေါက်လာလို့ဖြစ်တာပါ။ ဒီကာဘိုဟိုက်ဒရိတ်တွေက သွားထဲမှာ အချိန်ကြာကြာ ကျန်နေတဲ့အခါ အက်ဆစ်ထွက်ပါတယ်။ အဲဒါက သွားကြွေလွှာကို ပျက်စီးစေနိုင်ပြီး သွားကို ယိုယွင်းပျက်စီးစေနိုင်ပါတယ်။ ဆိုတော့ ချောကလက်စားမှ သွားပိုးစားတာမဟုတ်ပါဘူး။ ဘာပဲစားစား၊ စားပြီးတိုင်း ပလုတ်ကျင်းပေးရင် ဒီပြဿနာက ဖြေရှင်းပြီးသားဖြစ်သွားမှာပါ။ တကယ်တော့ ချောကလက်မှာ သွားအခေါင်းပေါက်တွေ မဖြစ်အောင် တားဆီးပေးတဲ့ တန်နင် (tannin) ဓာတုပစ္စည်းဓာတ်ပါဝင်ပါတယ်။ ဒါကြောင့် နောက်ဆို အမေတို့ရေ ကလေးကို […]


အာဟာရဆိုင်ရာ အချက်အလက်များ

Beetroot (ဗီတွတ်) ၏ ကျန်းမာရေးအတွက် ပေးစွမ်းနိုင်သော ကောင်းကျိုးများ

ခရမ်းရောင်ကြွယ်ဝတဲ့ ဒီ Beetroot ရဲ့ ကောင်းကျိုးလေးတွေကို အနည်းငယ် ပြောပြပါရစေ။ တကယ်က Beetroot ကို အဖြူရောင်အနေနှင့်သော်လည်းကောင်း၊ ရွှေရောင်အနေဖြင့်သော်လည်းကောင်း မြင်တွေ့နိုင်ပါသေးတယ်။ ကျွန်မတို့ မြန်မာနိုင်ငံမှာ စားသုံးမှု သိပ်မရှိကြပေမဲ့ အနောက်နိုင်ငံတွေမှာတော့ ကင်ခြင်း၊ ပေါင်းခြင်း၊ သုပ်ခြင်း စသည့်နည်းအမျိုးမျိုးကိုအသုံးပြုပြီး ဟင်းပွဲအဖုံဖုံမှာ ထည့်သွင်းကြပါတယ်။ Beetroot ကိုကြိတ်ပြီး Juice အနေနဲ့လည်း သောက်ကြပါသေးတယ်။ ဒါကလည်း Beetroot ဟာ ချိုတဲ့အရသာကို ပေးစွမ်းရုံတင်မက ကျန်းမာရေးအတွက် အထူးကောင်းမွန်လို့ ဖြစ်တယ်ဆိုတာကို တွေ့ရှိရပါတယ်။  အကြောင်းကတော့ ဗီတာမင် နှင့် သတ္တုဓာတ် ကြွယ်ဝစွာ ပါဝင်နေလို့ပဲ ဖြစ်ပါတယ်။ ဒါ့အပြင်… (၁) နိုက်ထရိတ်ဓာတ်ဆား ကြွယ်ဝစွာပါဝင်တာကြောင့်… - သွေးပေါင်ချိန်ကို မှန်စေတယ်။ အထူးသဖြင့် အပေါ်သွေးတိုးတဲ့သူတွေ အတွက် အရမ်းကို ကောင်းတဲ့ ဆေးတစ်လက်လို့ ပြောလို့ […]


အာဟာရဆိုင်ရာ အချက်အလက်များ

ခေတ်စားလာသော Matcha ၏ ကျန်းမာရေးအပေါ် သက်ရောက်မှုများအကြောင်း တစေ့တစောင်း

ယနေ့ခေတ်အချိန်မှာဆိုရင် Matcha ဆိုတဲ့ အစားအစာက ယခင်ကထက် ခေတ်စားလာတာကို တွေ့မြင်ရပါတယ်။ Matcha ကို လက်ဖက်ရည်ကြမ်းလို ရေးနွေးနဲ့ ဖျော်သောက်ကြတဲ့အပြင် ကိတ်မုန့်၊ ကွတ်ကီး၊ သကြားလုံး၊ ဝေဖာ၊ ရေခဲမုန့်၊ latte၊ frappe၊ Matcha shot စသည်ဖြင့် မျိုးစုံအောင် တွေ့မြင်လာနိုင်ပြီး လူကြိုက်များလာတာကိုလည်း သတိပြုမိကြမယ်ထင်ပါတယ်။ ဒါကြောင့် Matcha အနေနဲ့ ကျန်းမာရေးအပေါ် ဘယ်လို သက်ရောက်မှုတွေရှိနေလဲ ဆိုတဲ့အချက်ကို အနည်းငယ် ဝေမျှပေးချင်ပါတယ်။ Matcha ဆိုတာ ဘာလဲ တကယ်တော့ ကျွန်မတို့သိထားတဲ့ လက်ဖက်ခြောက် (အကြမ်းခြောက်) ရရှိတဲ့ အပင်ကနေပဲ ရရှိတာဖြစ်ပါတယ်။ စိုက်ပျိုးပုံခြင်းပဲ ကွာခြားသွားတယ်လို့ ပြောလို့ရပါတယ်။ Matcha ကိုရရှိဖို့ တောင်ယာစိုက်ပျိုးသူတွေဟာ အရွက်ကို မခူးဆွတ်ခင် ရက် ၂၀ မှ ၃၀ […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

အိမ်တွင်းသုံး လက်ဖြစ် ရေသန့်အိုးလေးတစ်လုံး

စျေးကွက်ထဲ က တချို့ ရေသန့်ဘူးတွေ က စိတ်မချရဘူး ဆိုတဲ့ သတင်းတွေ ဖတ်ဖူးကြတယ်ဟုတ်။ ဒါဆို အိမ်မှာ ရေကို တနိုင် ဘယ်လို သန့်ကြမလဲ။ ရေကို ကြိုချက်သောက်တာလည်း နည်းတစ်မျိုးပေမယ့် လုံးဝ စိတ်ချရတဲ့နည်းတော့ မဟုတ်သေးပါဘူး။ လျှပ်စစ်မီးမရှိတဲ့ အခါ .... ကြိုဖို့ချက်ဖို့ အဆင်မပြေတဲ့အခါ ... ရေစစ်ကလေးသုံးရုံနဲ့ ပိုးမွှားကင်းစင်တဲ့ရေသန့်ရမှာ စဟုတ်ဘူးလေ။ NGO တွေကဝေတဲ့ ရေသန့်ဆေးမှုန့်တွေ... အပြင်မှာရောင်းတဲ့ ရေကြည်ဆေးတွေလည်းရှိပါရဲ့.... ဒါပေမယ့် ဒီအမှုန့်တွေက ရေထဲက အညစ်အကြေးအနယ်အနှစ်တွေကို ဆွဲစုပေးလိုက်ပြီး ရေသက်သက် အနယ်အနှစ်သက်သက်ဖြစ်အောင်လုပ်ပေးလိုက်တာပါပဲ။ အဲဒီ့ရေကြည်မှုန့်တွေကလည်း အလွယ်ဝယ်လို့ မရတဲ့ အခါ... အခုပြောမယ့်နည်းလေးက အိမ်တွင်းတနိုင် ရေသန့်စင်ဖို့ရာ သိပ်ကို အဆင်ပြေပါလိမ့်မယ်! ကဲကြည့်ကြရအောင်ပါ။ လိုအပ်သောပစ္စည်းများ (၁) အောက်ခြေမှာအပေါက်ငယ်လေးတွေပါတဲ့ ရေအိုး ( ပလတ်စတစ်ပုံးဆိုလည်း ရတယ်) (၂) […]


အာဟာရဆိုင်ရာ အချက်အလက်များ

ပဲထောပတ် ဆိမ့်ဆိမ့်လေးကြိုက်ကြလား......

နှပ်ပဲစားစား၊ ကြော်ပဲစားစား၊ ချက်ပဲစားစား ဆိမ့်နေတဲ့ပဲထောပတ်လေးကို ကြိုက်တဲ့သူများရှိလား။ ဒါဆိုရင်တော့ သင်က အရသာရှိတဲ့ ပဲထောပတ်လေးကိုစားရင်း အခုလိုအကျိုးကျေးဇူးလေးတွေ ရရှိစေမှာပါ။ ပဲထောပတ်ကပေးတဲ့ ကျန်းမာရေး ပဲထောပတ်ဆိမ့်ဆိမ့်လေးက သွေးတွင်းသကြားဓာတ်ကို ကျစေတယ် ပဲထောပတ်မှာ ပျော်ဝင်လွယ်တဲ့အမျှင်ဓာတ်တွေကြွယ်ဝစွာပါဝင်နေပါတယ်။ ဒီအမျှင်ဓာတ်တွေက အူနံရံကို ရေဓာတ်နဲ့ အာဟာရဓာတ်တွေစုပ်ယူမှုကောင်းစေပြီး အစားစားပြီးချိန်မှာ သွေးတွင်းသကြားဓာတ်ကိုလျင်မြန်စွာမြင့်တက်စေနိုင်ပါတယ်။ ဒါကြောင့်ဆီးချိုရှိသူတွေ၊ အင်ဆူလင်တုံ့ပြန်နိုင်စွမ်းနည်းသူတွေအတွက်အထူးသင့်တော်ပါတယ်။ အရိုးတွေသန်မာစေတယ် ပဲထောပတ်မှာ မဂ္ဂနိစ်၊ ကယ်လ်ဆီယမ်၊ မဂ္ဂနီဆီယမ်တို့ကြွယ်ဝစွာပါဝင်နေပါတယ်။ ဒီဓာတ်တွေက အရိုးတွေကြံ့ခိုင်သန်စွမ်းစေနိုင်သလို အရိုးသိပ်သည်းဆကိုလည်း ကောင်းစေပါတယ်။ အရိုးပါးတာ၊ အရိုးပွတာတွေ မဖြစ်အောင်ကာကွယ်ရာလည်းရောက်ပါတယ်။ ဆံသားကျန်းမာစေနိုင်တယ် သံဓာတ်ကြွယ်ဝစွာပါဝင်နေတဲ့ ပဲထောပတ်ကဆံသားကို အောက်ဆီဂျင်တွေပံ့ပိုးပေးနိုင်ပါတယ်။ ဒီလိုထောက်ပံ့ပေးမှုက ဆံသားတွေကို ကျန်းမာသန်စွမ်းစေနိုင်ပါတယ်။ အစာကြေစေနိုင်တယ် ပဲထောပတ်မှာ အစာခြေစနစ်အတွက်အရေးပါတဲ့ သတ္တုဓာတ်တစ်မျိုးဖြစ်တဲ့ ပိုတက်ဆီယမ်ကြွယ်ဝစွာပါဝင်နေပါတယ်။ ပိုတက်ဆီယမ်က အစာခြေစနစ်ကိုကျန်းမာစေသလို နှလုံးကိုလည်း ကျန်းမာစေနိုင်ပါတယ်။  အသားအရေလှပစေတယ် ပဲထောပတ်မှာ ကော့ပါးကြွယ်ဝစွာပါဝင်နေပါတယ်။ ဒီဓာတ်ကို အသည်းတွေမှာ အဓိကတွေ့နိုင်တာဖြစ်ပြီး အသားအရေကို အကောင်းဆုံးအားဖြည့်ပေးနိုင်ပါတယ်။ ဆဲလ်တွေပျက်စီးတာကို ကာကွယ်ပေးနိုင်သလို အရေပြားပြဿနာအမျိုးမျိုးကို ကာကွယ်ပေးနိုင်စွမ်းရှိပါတယ်။  အင်အားပြည့်စေတယ် ကာဗိုဟိုက်ဒရိတ်ကြွယ်ဝစွာပါဝင်နေမှုက ခွန်အားပြည့်ဝနေစေဖို့ […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

အသားရမ်းစားချင်နေတာ ဒီအချက်တွေကြောင့်ပါ

ဟဲလို....... အစားတလိုင်းလေးတို့ရေ အသားမှအသားစားချင်တယ်လို့များ ဖြစ်နေပြီလား........ ဘာပဲစားစားအာသာမပြေဘူး။ အသားမှအသားပဲ စားချင်နေတယ်ဆိုရင်တော့ ဒီဆောင်းပါးလေးကို ဖတ်ကြည့်လိုက်ပါ။ ဒီလိုပြောရတဲ့အကြောင်းက အသားစားချင်နေတယ်ဆိုတာက ခန္ဓာကိုယ်ရဲ့လိုအပ်ချက်ကို ပြနေတဲ့ အချက်တစ်ခုဖြစ်နေနိုင်တာကြောင့်ပါ။ ပရိုတင်းအရင်းအမြစ်တစ်ခုပါ အသားက ခန္ဓာကိုယ်က ကြွက်သားတွေနဲ့အရိုးတွေ ကြံခိုင်သန်စွမ်းစေဖို့အတွက် မရှိမဖြစ်လိုအပ်တဲ့ အာဟာရဓာတ်တစ်ခုပါ။ ကိုယ်ခံအားကောင်းစေနိုင်သလို သွေးအားနည်းရောဂါတွေမဖြစ်အောင်လည်း အကောင်းဆုံးကာကွယ်ပေးနိုင်ပါတယ်။ ပရိုတင်းက ခန္ဓာကိုယ်အတွက် မရှိမဖြစ်လိုအပ်တဲ့ ဓာတ်တွေထဲကတစ်ခုပေါ့။ ခန္ဓာကိုယ်ကျန်းမာစေဖို့အတွက်ဆိုရင် ပရိုတင်း၊ ကာဗိုဟိုက်ဒရိတ်၊ ဗီတာမင် နဲ့ သတ္တုဓာတ်တွေကို ပြည့်ဝအောင်စားသုံးမိဖို့လိုပါမယ်။ အသားမှအသား စားချင်နေတာ ဘာကြောင့်များလဲ............. တစ်နေ့တာမှာ အသားမပါရင် မစားနိုင်ဘူး။ ဘာစားစား အသားစားရမှ အာသာပြေတယ်ဆိုရင်တော့ ဒီအချက်တွေကြောင့် ဖြစ်နိုင်ပါတယ်နော်။ အသားကိုကြိုက်လို့ ဘာစားစား အာသာမပြေဘူး။ အသားစားလိုက်ရမှာအာသာပြေတယ်ဆိုတာ သင်ဟာ ငယ်စဉ်ကတည်းက အသားကိုနှစ်နှစ်ခြိုက်ခြိုက်စားသုံးလာခဲ့တာကြောင့် ဖြစ်နိုင်ပါတယ်။ အခြားဟင်းတွေထက်အသားဟင်းကိုမှ စားချင်နေတယ်ဆိုတာ သင်က တကယ့်ကို အသားကြိုက်သူမို့လို့ပါ။ ဒါကြောင့် အသီးအရွက်နဲ့ […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

ပြင်းပြင်းပြပြစားချင်နေ​တဲ့အရာတွေက ပြောပြနေတဲ့ကျန်းမာရေး

အခုလောလောဆယ် အစားချင်ဆုံးက ဘာများလဲ။ အစားချင်ဆုံးအစားအစာကိုပြောပြရုံနဲ့ သင့်မှာဖြစ်နေတဲ့ ကျန်းမာရေးပြဿနာက ဘာလဲဆိုခန့်မှန်းပြမယ်ဆိုရင် ဘယ်လိုလဲ။ လူတစ်ကိုယ်အကြိုက်တစ်မျိုးဆိုပေမယ့် တစ်ခါတလေမှာ မဖြစ်မနေပြင်းပြင်းပြပြစားချင်နေတဲ့ စားချင်စိတ်တစ်ခုဖြစ်လာစမြဲပါ။ ဒါက သင့်ခန္ဓာကိုယ်ရဲ့ အချက်ပြမှုတစ်ခုပါတဲ့။ အခုချိန်မှာ အစားချင်ဆုံးကဘာများလဲ........... အခုချိန်မှာ အစားချင်ဆုံးက အာလူးကြော် ရေခဲမုန့် ချောကလက် ပီဇာ အချိုကဲတဲ့အစားအစာတွေ အသားကင် အချိုရည်တစ်ခုခု အချဉ်ကဲတဲ့အစားအစာ အစပ်များတဲ့အစားအစာလား။ အချိုများတာတွေ စားချင်နေတာ စားစရာအရသာ အမျိုးမျိုးထဲကမှ အချိုမှ အချိုဖြစ်နေတယ်၊ ရေခဲမုန့်တွေ၊ သကြားလုံး၊ ဂျယ်လီ၊ ကွတ်ကီးတွေမှစားချင်နေတယ်ဆိုရင်တော့ သေချာတာက သွေးတွင်းသကြားဓာတ်တက်နေပါပြီ။ ဒီအချိန်မှာသာ အချိုထပ်စားမိလိုက်ရင် သွေးချိုက မိုးထိအောင်လှေကားထောင်လို့ သင့်ရဲ့ သွေးကြောလေးတွေကို ဒုက္ခပေးပါလိမ့်မယ်။ ဒါကြောင့်အချိုအရမ်းစားချင်နေတယ်ဆိုရင် သကြားလုံး၊ ဂျယ်လီနဲ့ ရေခဲမုန့်တို့အစား သဘာဝအချိုစာလေးတွေဖြစ်တဲ့ သစ်သီးလေးတွေစားပေးပါ။ ဒီအချိန်မှာ ကာဗိုဟိုက်ဒရိတ်ကြွယ်ဝတဲ့ အစားအစာတွေနဲ့ အမျှင်ဓာတ်ကြွယ်ဝတဲ့အစားအစာတွေက သင့်ရဲ့ အချိုစားချင်စိတ်ကိုအကောင်းဆုံးထိန်းချုပ်ပေးနိုင်မှာပါ။ ချောကလက် အရမ်းစားချင်နေတာ ဖြစ်ဖူးလား။ […]


အဝလွန်ခြင်း

မြန်မြန်စား ရင် ပိုဝမယ်နော်၊ အရှိန်လျှော့ပါ။

ဝမှာစိုးနေလား၊ ဝနေတာ ထိန်းလို့မရတော့မှာ စိုးရိမ်နေလား။ သူများလို အလွန်အကြူးမစားဘဲလည်း ဝလာတာ စိတ်ညစ်နေရလား။ ဘာကြောင့်လဲ ဆိုတာ ဆက်ပြီးဖတ်ကြည့်ပါ။ စားတာခြင်းတူရင်တောင် အစားကို မြန်မြန်စား လေ့ရှိသူတွေဟာ ဖြည်းဖြည်းချင်းစားတတ်သူ တွေထက် ပိုဝလာနိုင် (BMI ပိုများလာနိုင်) ပါတယ်။ ဖြည်းဖြည်းချင်းစားတတ်သူတွေက ဗိုက်ပြည့်ကြောင်း မြန်မြန်ခံစားမိပြီး စားမိတဲ့ပမာဏ ပိုနည်းသွားနိုင်လို့ပါ။ အကြောင်းရင်းက ကိုယ့်ရဲ့အစာခြေစနစ်က ဦးနှောက်ဆီကို သတင်းပေးပို့ရာမှာ ကြာတဲ့အချိန်ကြောင့် တစ်စိတ်တစ်ပိုင်းပါဝင်ပါတယ်။ ပုံမှန်အားဖြင့်တော့ မိနစ် ၂၀ လောက်ကြာတယ်လို့ဆိုကြပေမယ့် သုတေသနတစ်ခုကတော့ ဒီအချိန်ကာလကို မိနစ် ၃၀ အထိ နှေးအောင်လုပ်နိုင်မယ်ဆိုရင် အကျိုးရလဒ်ကောင်းမယ်လို့ ဖော်ပြခဲ့ပါတယ်။ ဒါဆိုရင် အစာစားချိန်က အရင်ကထက်တော့ ပိုကြာရမှာဖြစ်ပါတယ်။ အစာကိုကြေညက်အောင် ဖြည်းဖြည်းဝါးစားသင့်တယ်လို့ လက်ဆင့်ကမ်းလာခဲ့တဲ့ အမူအကျင့်လေးက အစာမကြေခြင်းကို ကာကွယ်ပေးနေသလို ဒီအကြောင်းရင်းကြောင့်လည်းပါပါတယ်။ မြန်မြန်စား တတ်တဲ့ အကျင့်ကို […]


အဝလွန်ခြင်း

ကလေးအဝလွန်ခြင်းကို ကာကွယ်ဖို့ မေမေတို့ရဲ့ နေ့စဉ်တာဝန်

လူကြီးတွေအမြင်မှာတော့ ဝလို့လှတယ်လို့ ထင်တတ်ကြပေမယ့် တကယ်တမ်းကတော့ ဝတယ်ဆိုတာ ဘယ်အသက်အရွယ်မဆို မကောင်းပါဘူး။ ကလေးတွေလည်း ကြီးထွားဖွံ့ဖြိုးဆဲအရွယ်၊ ကိုယ်ခံအားလည်း နည်းနေသေးတဲ့ အရွယ်ဆိုရင် ပိုပြီးတောင် မဝသင့်ပါဘူး။ လူတိုင်းမှာ ကိုယ့်အသက်အရွယ်နဲ့ သင့်တော်တဲ့ ကျန်းမာတဲ့ကိုယ်အလေးချိန်ကို ထိန်းထားဖို့ လိုပါတယ်။ ကလေးတွေ အဝလွန်လာတဲ့အခါ သူတို့လေးတွေရဲ့ ကျန်းမာရေးတင်မကဘဲ ကိုယ့်ရဲ့ ကျောင်းစာတွေ၊ သူ့ရဲ့ ပေါင်းသင်းဆက်ဆံမှုပိုင်း၊ စိတ်ခံစားချက်ပိုင်း၊ လူမှုဆက်ဆံရေးနယ်ပယ်မှာပါ ပြဿနာတွေ ဖြစ်လာနိုင်ပါတယ်။ ဥပမာအားဖြင့် ပြောရမယ်ဆိုရင် အဝလွန်တဲ့ ကလေးတွေမှာ • စာကောင်းကောင်းမလိုက်နိုင်ခြင်း • လေးလံထိုင်းမှိုင်းခြင်း • တက်ကြွမှုမရှိခြင်း • စာလုပ်ဖို့ စိတ်ပါဝင်စားမှုနည်းခြင်း • အားကစားလုပ်တဲ့အခါမှာ အားမစိုက်ထုတ်နိုင်ခြင်း၊ အမောမခံနိုင်ခြင်း • အပေါင်းအသင်းတွေကြားမှာ အနှိမ်ခံရခြင်း • ပြင်းပြင်းထန်ထန် စနောက်ခံရခြင်း • အထီးကျန်ဆန်ခြင်း • အပေါင်းအသင်းနည်းခြင်း အစရှိတဲ့ လူမှုရေးရာပြဿနာတွေ ဖြစ်နိုင်ပြီး ဒီပြဿနာက ကလေးဘဝမှာ အစပြုလို့ အသက်ကြီးတဲ့အထိ […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

အသားအရေအတွက်ကော်လာဂျင်ကြွယ်ဝတဲ့ အစားအစာ (၁၀) မျိုး

အသားလေးလှလိုက်တာ ကော်လာဂျင်သောက်လို့လေ။ ဟင်..ဒါဆို အသားလှဖို့က ကော်လာဂျင်မဖြစ်မနေသောက်ဖို့လိုမှာလား။ ဒီလိုလဲမဟုတ်သေးပါဘူး။ အသားလှဖို့အတွက် ကော်လာဂျင်ရနိုင်တဲ့ အစားအစာတွေရှိပါတယ်။ ဒါဆို ဘာတွေစားရမလဲ........ အသားအရေလှပအောင် ကော်လာဂျင်ကြွယ်ဝစေဖို့ ဘာတွေစားမလဲ......... အသားအရေလှပအောင် ကော်လာဂျင်ကြွယ်ဝစေဖို့အတွက်ဒါတွေစားပေးလို့ရပါတယ်။ ငါး (အရေခွံပါစားရမယ်) ငါးစားတဲ့အခါ တော်တော်များများကအရေခွံကို ဖယ်စားလေ့ရှိကြပါတယ်။ ကော်လာဂျင်ကြွယ်ဝဖို့ဆိုရင်တော့ ငါးစားတဲ့အခါအရေခွံကိုပါစားဖို့ပြောပါရစေ။ အကြောင်းကတော့ ငါးအရေခွံမှာပါတဲ့ အမိုင်နိုအက်ဆစ်က ကော်လာဂျင်ထုတ်ဖို့အတွက် အကောင်းဆုံးလှုံ့ဆော်ပေးပါတယ်။ ငါးအရေခွံမှာ အရေပြားကျန်းမာရေးအတွက်အရေးအပါဆုံး ကော်လာဂျင်အမျိုးအစားဖြစ်တဲ့ Type I collagen ပါဝင်နေပါတယ်။ တစ်နေ့ကို အရွယ်တော် ငါး နှစ်တုံးစားပေးမယ်ဆိုရင် အရေပြားအတွက် လိုအပ်တဲ့ ကော်လာဂျင်ကို ပြည့်ပြည့်ဝဝရရှိစေမှာဖြစ်ပါတယ်။ ငရုတ်ပွ အရေပြားက ကော်လာဂျင်ထွက်ရှိအောင် လှုံ့ဆော်ပေးတဲ့ ဇာတ်လိုက်တစ်ဦးဖြစ်တဲ့ ဗီတာမင် C ကြွယ်ဝစွာပါဝင်နေပါတယ်။ ဒါကြောင့် အရေပြားကို ကော်လာဂျင်ထွက်ရှိပြီး ဖြူစင်လှပေနေအောင် အကောင်းဆုံးထောက်ပံ့ပေးနိုင်ပါတယ်။ ငရုတ်ပွတွေထဲမှာ အနီရောင် ငရုတ်ပွက အသားအရေကို အကောင်းဆုံးအားဖြည့်ပေးနိုင်မှာပါ။ […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Nyi Nyi Kyaw

အာဟာရပညာရှင် • Sakura Hospital

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း