ကျန်းမာစွာ စားသောက်ခြင်း

အစားအသောက်က ကျန်းမာစေဖို့ ထိန်းသိမ်းပေးသလို ရောဂါတွေကို ကာကွယ်ရာမှာ အကူအညီပေးခြင်းဖြင့် ကျန်းမာစွာနေထိုင်မှုအပေါ်မှာ အများကြီး သက်ရောက်နေပါတယ်။ ကံမကောင်းတာတစ်ခုက ကျန်းမာစွာ စားသောက်ခြင်းနဲ့ပတ်သက်ပြီး ယုံတမ်းစကားတွေ များစွာရှိနေတာပါ။ ဒါကြောင့် ကျန်းမာစွာ စားသောက်ခြင်းနဲ့ ပတ်သက်ပြီး သိထားတဲ့အချက်တွေက မှန်သလား မှားသလားဆိုတာကိုသေချာ သိဖို့ လိုပါမယ်။

ကျန်းမာရေးဗဟုသုတ

ကျန်းမာစွာ စားသောက်ခြင်း

ဓာတ်ဆားရည် အစားထိုး သဘာဝ သောက်စရာများ

ခန္ဓာကိုယ် ကျန်းမာနေစေဖို့အတွက် အာဟာရတွေ ပြည့်ဝမျှတနေဖို့ လိုပါတယ်။ ဒီလို ပြည့်ဝမျှတနေရမယ့် အရာတွေထဲမှာ ဓာတ်ဆားဓာတ်လို့ ခေါ်တဲ့ Electrolytes တွေကလည်း အရေးပါပါတယ်။ ခန္ဓာကိုယ်မှာ ဓာတ်ဆားဓာတ် မျှတနေမှလည်း နေ့စဉ်ဘဝကို ကျန်းမာပျော်ရွှင်စွာ ဖြတ်သန်းနိုင်မှာပါ။ အားကစား လုပ်လို့ ချွေးအရမ်းထွက်ချိန်မှာ ဖြစ်ဖြစ်၊ အပူဒဏ်ကြောင့် ချွေးထွက်များတာ၊ အခြား အခြေအနေ တစ်ရပ်ရပ်ကြောင့် ခန္ဓာကိုယ်မှာ ဓာတ်ဆားဓာတ် နဲ့ ရေဓာတ် ဆုံးရှုံးသွားတဲ့အခါ ပြန်လည်ဖြည့်တင်းဖို့ ဓာတ်ဆားရည်၊ Sport drinks တွေကို သောက်ဖို့ အကြံပြုတတ်ကြပါတယ်။ ဒါပေမယ့် ဓာတ်ဆားရည်ကို မနှစ်သက်ဘူး။ ဓာတ်ဆားရည်အစား အခြား ဓာတ်ဆားဖြည့်ပေးမယ့် သောက်စရာလေးတွေများ မရှိဘူးလားလို့ တွေးနေပြီလား။ ဒါဆိုရင်တော့ ဒီဆောင်းပါးလေးက သင့်အတွက်ပါ။ ဒီဆောင်းပါးလေးထဲမှာ ဓာတ်ဆားရည် အစားထိုး သဘာဝ သောက်စရာများ […]

ကျန်းမာစွာ စားသောက်ခြင်း ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကျန်းမာစွာ စားသောက်ခြင်း ကို ရှာဖွေမည်။

အာဟာရဆိုင်ရာ အချက်အလက်များ

အိုင်အိုဒင်းဆားသုံးသင့်လား

အခုနောက်ပိုင်းမှာ ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ အိုင်အိုဒင်းဓာတ်ကို ချက်ပြုတ်ရာမှာ အသုံးပြုတဲ့ ဆားကနေတဆင့် အလွယ်တကူရရှိလာနိုင်ပြီပဲဖြစ်ပါတယ်။ နေ့စဉ်စားသုံးတဲ့ အစားအစာတွေထဲမှာ ဆားက မဖြစ်မနေပါဝင်တဲ့ အရာဖြစ်တာကြောင့် ဆားထဲမှာ အိုင်အိုဒင်းထည့်သွင်းထုတ်လုပ်လိုက်မှုက ခန္ဓာကိုယ်အတွက် လိုအပ်မယ့် အိုင်အိုဒင်းဓာတ်ကို ဖြည့်တင်းပေးပြီးသားဖြစ်သွားပါတယ်။ဒီဆောင်းပါးထဲမှာတော့ အိုင်အိုဒင်းဆားက ကျန်းမာရေးအပေါ် ဘယ်လိုသက်ရောက်မှုရှိလဲဆိုတာနဲ့ စားသုံးဖို့သင့်တော်ရဲ့လားဆိုတာကို ရှင်းပြပေးမယ်နော်။ အိုင်အိုဒင်းရဲ့ အရေးပါပုံ • အိုင်အိုဒင်းက အရေးပါတဲ့ သတ္တုဓာတ်တစ်မျိုးပါ။ • အိုင်အိုဒင်းကို များသောအားဖြင့် ပင်လယ်စာတွေ၊ နို့ထွက်ပစ္စည်းတွေ၊ ကောက်နှံစပါးတွေ နဲ့ ဥအမျိုးမျိုးမှာတွေ့ရှိရ ပါတယ်။ • နိုင်ငံတော်တော်များများမှာ အိုင်အိုဒင်းချို့တဲ့မှုပြဿနာကို ကင်းဝေဒစေဖို့ ဆားထဲမှာ အိုင်အိုဒင်းဓာတ်ထည့်သွင်း ထုတ်လုပ်ထားပါတယ်။ • အိုင်အိုဒင်းက သိုင်းရွိုက်ဂလင်းက သိုင်းရွိုက်ဟော်မုန်းတွေကို ထုတ်လုပ်စေဖို့ လုပ်ဆောင်ပေးပါတယ်။ သိုင်းရွိက်ဟော်မုန်းတွေက တစ်ရှုးတွေပြုပြင်တာ၊ ဇီဝတွင်းဖြစ်စဉ်တွေကို ထိန်းညှိတာနဲ့ ကြီးထွားဖွံ့ဖြိုးမှုတိုးတက် စေဖို့အတွက် အထောက်အကူပြုပေးပါတယ်။ • သိုင်းရွိုက်ဟော်မုန်းက ခန္ဓာကိုယ်အပူချိန်ကို […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

အသည်းရောင်စီရောဂါရှိသူတွေ စားသင့်၊ ရှောင်သင့်တာဘာတွေလဲ

အသည်း ရဲ့လုပ်ဆောင်ချက်က အဆိပ်အတောက်တွေဖယ်ရှားတာ၊ အစားအသောက်တွေကို ခွန်အားနဲ့အာဟာရဓာတ်တွေအဖြစ် ပြောင်းလဲပေးတာ စတဲ့နည်းလမ်း အမျိုးမျိုးနဲ့ ခန္ဓာကိုယ်ကို အကျိုးပြုနေတာဖြစ်ပါတယ်။ ဒါပေမယ့် အသည်းရောင်စီရောဂါရှိနေပြီဆိုရင်တော့ မကျန်းမာတော့တဲ့ အသည်းကို အရင်ကထက် ပိုပြီး ဂရုစိုက်ဖို့လိုလာပါတယ်။ အသည်းရောင်စီရောဂါရှိသူတွေ စားသင့်၊ ရှောင်သင့်တာဘာတွေလဲ ကုသမှုခံယူနေတဲ့ကာလအတွင်းမှာ အာဟာရပြည့်တဲ့အစားအသောက်တွေစားပေးမှ ကိုယ်ခံအားကို တိုးတက်စေပြီး အသည်း လုပ်ဆောင်ချက်ကို မြှင့်တင်နိုင်မယ်၊ အသည်းခြောက်ခြင်းအထိ ဖြစ်မလာအောင် ကာကွယ်နိုင်မယ်။ ဒါပေမယ့် တချို့အစားအသောက်တွေကတော့ အသည်းရောဂါကို ပိုဆိုးစေနိုင်လို့ ရှောင်သင့်တာတွေရှိပါတယ်။ ဒါတွေကို ရှောင်ပါ ပင်လယ်စာ ပင်လယ်စာတွေမှာ အသည်းရောင်စီရောဂါရှိသူတွေ အတွက် အန္တရာယ်ရှိတဲ့ ဘက်တီးရီးယားနဲ့ ဗိုင်းရပ်စ်တွေပါနေနိုင်ပါတယ်။ ဒါ့အပြင် တချို့မှာ သံဓာတ်ပါဝင်မှုမြင့်မားတာကြောင့် အသည်းရောင်စီပိုးရှိသူတွေ ရှောင်သင့်ပါတယ်။ အားဆေး အားဆေးတွေက ကိုယ့်အတွက်လိုအပ်တဲ့အာဟာရဓာတ်တွေကို လွယ်လွယ်ကူကူဖြည့်စွက်ပေးနိုင်တဲ့ အရာတွေလို့ ယူဆနိုင်ပါတယ်။ ဒါပေမယ့် အသည်းရောဂါရှိသူတွေမှာတော့ သံဓာတ် သို့မဟုတ် ဗီတာမင် အေ တို့လို […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

သင်ဟာ သူများစားသောက်နေတာကို ကြည့်ရတာ ကြိုက်တဲ့သူလား။

နောက်ပိုင်း youtube, ဖေ့ဘွတ်ခ်တို့လို့မျိုး ဆိုရှယ်မီဒီယာဝက်ဆိုဒ်အမျိုးမျိုးမှာ mukbang လို့ခေါ်တဲ့ အစီအစဉ်တွေ ခေတ်စားလာပါတယ်။ Mukbang ဆိုတာ အင်္ဂလိပ်စကားလုံးတော့မဟုတ်ပါဘူး။ Muk ဆိုတာက ကိုရီးယားစကားလုံး “Muk Ja” စားရအောင်ဆိုတဲ့ အဓိပ္ပါယ်ထဲက တစ်လုံးဖြစ်ပြီးတော့ bang ဆိုတာကတော့ တီဗီအစီအစဉ် bang song ဆိုတဲ့ ကိုရီးုယား စကားလုံး bang ကနေ ဆင်းသက်လာပြီး အစားအသောက်တီဗီ အစီအစဉ်ဆိုပြီး ဖြစ်လာတာဖြစ်ပါတယ်။ ပြီးမှ နောက်ကနေ -er ထည့်လိုက်ရင် Mukbangers ဒီအစီအစဉ်တွေထဲမှာ အစားအများကြီးစားပြတဲ့သူပေါ့နော်။ စားကောင်းသောက်ဖွယ်တွေအများကြီးကို ကင်မရာရှေ့မှာ ခင်းကျင်းထားပြီး ပါဝင်တင်ဆက်တဲ့သူကလည်း လူ ၁၀ ယောက်စာလောက်ကို တစ်ထိုင်တည်း စားပြတဲ့ အစီအစဉ်တွေပေါ့။ ကယ်လိုရီ ၁၀၀၀၀ ရှိတဲ့ အစားအစာတွေ၊ အသားစိမ်းငါးစိမ်းတွေ စားပြတာ မျိုးလည်းရှိပါတယ်။ ဒီလို […]


အာဟာရဆိုင်ရာ အချက်အလက်များ

ဆီးချိုသမားတွေပါ စားလို့ရတဲ့ စိမ်းစားဥ

စိမ်းစားဥဆိုရင် ချိုအေးတဲ့အရသာလေးကို နှစ်သက်ကြပါတယ်။ ဒါပေမယ့် အတော်များများရဲ့အတွေးမှာ စွဲနေအောင်နေရာယူထားတာက စိမ်းစားဥက မတည့်တာများတယ်ဆိုပြီး သိပ်မစားရဲကြတာပါ။ အမှန်က သူ့ရဲ့အပင်တစ်ပင်လုံးမှာ စိမ်းစားဥက စားလို့ဘေးအကင်းဆုံးပါ။ အရွက်၊ အပွင့်၊ အပင်နွယ်တွေမှာက သဘာဝပိုးသတ်ဆေးအာနိသင်ရှိတဲ့ rotenone ပါလို့ အဆိပ်အတောက်ဖြစ်စေနိုင်ပါတယ်။ အရည်ရွှမ်းပြီး စားလို့ကောင်းတဲ့ စိမ်းစားဥဟာ အာဟာရဓါတ်တွေနဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေအပြည့်ပါနေတာလည်း စိမ်းစားဥကြိုက်သူတွေအတွက် ဆုလာဘ်တစ်ခုပါ။ စိမ်းစားဥ အကြီးတစ်လုံးမှာ ၄၉ ကယ်လိုရီ၊ အမျှင်ဓါတ် ၆ ဂရမ်၊ ပရိုတင်း ၁ ဂရမ်၊ ကာဗိုဟိုက်ဒရိတ် ၁၁ ဂရမ်၊ သကြားဓါတ် ၂ဂရမ်၊ ဗီတာမင် C ၂ မီလီဂရမ်၊ ပိုတက်ဆီယမ် ၁၈၀ မီလီဂရမ်၊ မဂ္ဂနိစ် ၁ မီလီဂရမ်၊ သံဓါတ် ၇ မီလီဂရမ်၊ မဂ္ဂနီဆီယမ် […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

မနက်စာလွတ်ခြင်းနဲ့ ကျန်းမာရေး

အစစ အရာရာ အမြန်အဆန်လုပ်နေရတဲ့ ဒီခေတ်ကြီးမှာ လူငယ်အတော်များများ အလုပ်သွားဖို့၊ ကျောင်းသွားဖို့အတွက် အချိန်ပေးရတဲ့အတွက် မနက်စာလွတ်တတ်ကြပါတယ် ။ ညအိပ်ရာဝင်တာ နောက်ကျခြင်း ၊ ကားလမ်းပိတ်ခြင်းတွေကြောင့် စောစောကြိုသွားရခြင်းတွေကြောင့် မနက်စာ ကို တစ်ခါတစ်လေ လွတ်တတ်ကြပါတယ် ။ ဒါက ကျွန်တော်တို့ရဲ့ ခန္ဓာကိုယ်ကို ဘယ်လိုသက်ရောက်မှု ရှိစေသလဲ ။ လူ့ခန္ဓာကိုယ်ရဲ့ စွမ်းအင်လိုအပ်ချက်ကို အစာထဲမှာ ပါတဲ့ အာဟာရ‌ဓါတ်တွေကပဲ အဓိက ရယူပါတယ် ။  လူတွေကသာ ညဘက်အိပ်နေပေမဲ့ ခန္ဓာကိုယ်ကတော့ အသက်ရှင်ဖို့ လုပ်ငန်းတွေ လုပ်ဆောင်နေရဆဲပါ ။ ခန္ဓာကိုယ်တစ်ခုလုံး အသက်ရှင်ဖို့အတွက် အာဟာရဓါတ်တွေကို ညတစ်ညလုံး သုံးထားတဲ့အတွက် မနက်ခင်းမှာ အာဟာရဓါတ်တွေ အထူးသဖြင့် သကြားဓါတ်တွေက နည်းနေပါတယ် ။ အဲ့ဒီအချိန်မှာ မနက်စာလွတ်တဲ့အတွက် အာဟာရမရရင် နဂိုကတည်းက အာဟာရဓါတ်နည်းနေတဲ့အချိန် […]


ကိုယ်အလေးချိန်လျှော့ချခြင်း

ဗိုက်အဆီချဖို့ ကြိုးစားနေတယ်ဆိုရင် ဒါတွေ လုံးဝမလုပ်မိပါစေနဲ့။

သွယ်လျကျစ်လျစ်တဲ့ ကိုယ်ခန္ဓာတစ်ခု ကြည့်ကောင်းတဲ့ ကိုယ်ခန္ဓာတစ်ခုမှာ ပြားချပ်ချပ်ဗိုက်ကလေးက အရေးအကြီးဆုံးမလား။ ဘယ်လောက်ပဲ ပိန်နေနေ ဗိုက်ကလေးမှာ အဆီစုနေရင် လုံးဝ ကြည့်မကောင်းဘူးလေ။ ပြီးတော့ လူတစ်ယောက်စပြီး ဝလာပြီဆိုတာနဲ့ ဗိုက်ကစထွက်လာတာမလား။ ဒီတော့ ကိုယ်ခန္ဓာအလှကိုဖျက်ဆီးနေတဲ့ ပူနေတဲ့ ဗိုက်ကို နည်းမျိုးစုံနဲ့ ကြိုးစားချကြတယ်လေ။ ဒီလို ဗိုက်အဆီချတဲ့နေရမှာ လေ့ကျင့်ခန်းလုပ် အစားလျှော့ရုံနဲ့တင် မပြီးသေးပါဘူး။ ခုပြောမယ့် အမှားတွေ မသိလိုက်ဘဲ လုပ်နေတာမျိုး မဖြစ်ဖို့တော့ လိုပါတယ်။ ဒီတော့ ကိုယ်ကြိုးစားသမျှ အရာထင်စေဖို့အတွက် လူတိုင်းလုပ်နေမိတတ်တဲ့ အမှားလေးတွေအကြောင်းပြောပြပေးချင်ပါတယ်။ ( ၁ ) ဗိုက်အဆီချဖို့ အိပ်ထမတင် တစ်မျိုးတည်း ဇောက်ချလုပ်ခြင်း။ အိပ်ထမတင်လေ့ကျင့်ခန်းဟာ ဗိုက်ကြွက်သားတွေကို အားသန်စေပြီး ဗိုက်အဆီကိုကျစေတဲ့ လေ့ကျင့်ခန်းဆိုမှန်ပေမယ့် သူတစ်မျိုးတည်းလုပ်ပြီး အခြား cardio လေ့ကျင့်ခန်းတွေ မလုပ်ဘဲနေရင်တော့ အချိန်တိုအတွင်း အဆီကျနိုင် မှာမဟုတ်ပါဘူး။ ( […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

သိုင်းရွိုက်ဟော်မုန်း နည်းနေတဲ့သူတွေ ဘာအစားအစာတွေ ဘာဆေးတွေ ရှောင်ရမလဲ ။ ။

ကိုယ်ခန္ဓာမှာရှိတဲ့ ဟော်မုန်းအားလုံးရဲ့ ဂိုဏ်းချုပ်က သိုင်းရွိုက်ဟော်မုန်းတဲ့။ ဒီတော့ သိုင်းရွိုက်ဟော်မုန်းနည်းသွားဖြစ်ဖြစ် များနေရင်ဖြစ်ဖြစ် ကိုယ်ခန္ဓာအပေါ် သက်ရောက်တဲ့ ကျန်းမာရေး ပြဿနာတွေကတော့ အများကြီးပါ။ သိုင်းရွိုက်ဟော်မုန်းနည်းခြင်း ။ သိုင်းရွိုက်ဟော်မုန်း နည်းတယ်ဆိုတာ သိုင်းရွိုက်ဂလင်းကနေ ရှိသင့်တဲ့ သိုင်းရွိုက်ဟော်မုန်းတွေ အလုံအလောက်မထုတ်တဲ့ပြဿနာပါ။ သိုင်းရွိုက်ဂလင်းဆိုတာ လည်ပင်းအရှေ့အောက်ဘက်နားလောက်မှာရှိတဲ့ endocrine ဂလင်းတစ်မျိုးဖြစ်ပြီး larynx. အောက်မှာ ရှိနေတဲ့ လိပ်ပြာပုံစံ ဂလင်းတစ်ခုပါ။ သူကနေ ကိုယ်တွင်းဇီဝကမ္မဖြစ်စဉ်ကို ထိန်းချုပ်တဲ့ ဟော်မုန်းတွေကို ထုတ်ပေးပြီး ကိုယ်ခန္ဓာရဲ့ ကျန်းမာရေးအခြေအနေကိုထိန်းချုပ်နေတာပါ။ ဒီနေ့ဆောင်းပါးထဲမှာတော့ သိုင်းရွိုက်ဟော်မုန်းနည်းနေတဲ့ ဆိုတာဘာလဲ ဘယ်လို ကျန်းမာရေးပြဿနာတွေရှိလဲဆိုတာနဲ့ ဝေဒနာခံစားနေရတဲ့သူတွေ ရှောင်ရမယ့် ဆေးတွေ စားစရာတွေ အကြောင်းပြောပြပေးတော့မှာပဲ ဖြစ်ပါတယ်။ သိုင်းရွိုက်ဟော်မုန်းနည်းတဲ့ပြဿနာ ဘာ့ကြောင့်ဖြစ်ရတာလဲ ။ ။ • ခုခံအားဆိုင်ရာပြဿနာရှိနေတဲ့သူတွေ • ဓာတ်ရောင်ခြည်ထိတွေ့မှုခံထားရတဲ့သူတွေ • သိုင်းရွိုက်ဟော်မုန်း အရမ်းများတဲ့အတွက် radioactive iodine ကုသမှု […]


ကိုယ်အလေးချိန်လျှော့ချခြင်း

အချိုရည် က ကိုယ်အလေးချိန်တက်စေသလား

" ငါကတော့ ရေသောက်တာတောင် ဝတယ်။ ဘာမှမစားလည်းဝ နေတာ ပဲ ...... ပေါင်ချိန်တွေလည်း တက်လာတယ်" သူငယ်ချင်းပျိုမေတော်တော်များများညည်းညူကြတာတွေ  ကြားဖူးနေပါရဲ့။ တကယ်လည်း weight လျှော့နေတာဆိုပြီး ထမင်းဟင်း ဟုတ်တိပတ်တိ မစားကြ။ " ဘာမှမစားဘဲတော့ ဘယ်ဝပါ့မတုန်းဟ။ တစ်ခုခု မှားနေလို့ နေမှာပါ" လို့ ဖြေသိမ့်ရင်း သေချာမေးကြည့်တော့ သူတို့က အချိုရည်သိပ်သောက်တယ်။ ထမင်းမစားဖြစ်ဘူး … နည်းနည်းဆာချင်ပြီဆိုရင် အချိုရည် တစ်ဘူးလောက်ဝယ်သောက်လိုက်တာပဲ တဲ့ ။ တစ်ခါတလေ သိပ်ဆာရင် တစ်ဘူးတောင် မကဘူး ဆိုပဲ။ “ ဟယ်…. အဲတော့ ဘာထူးမှာလဲ…. ပိုတောင်ဆိုးဦးမယ် “ ဆိုတော့မှ မျက်လုံးလေး ကလယ်ကလယ်နှင့် …။ အချိုရည်လို့ ဆိုတဲ့နေရာမှာ သဘာဝက ရတဲ့ အသီးအနှံတွေကို ကြိတ် ဖျော်ပြီးရလာတဲ့ ဖျော်ရည်တွေကို […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

သဘာဝရဲ့ Collagen

ဒီနေ့ ပြောပြမှာကတော့ တင်းရင်းလှပမှုအတွက် မရှိမဖြစ် လိုအပ်တဲ့ Collagen ဆိုတဲ့ ဓာတ်တစ်မျိုး အကြောင်း ဖြစ်ပါတယ်။ အသားအရေထိန်းသိမ်းပစ္စည်းတွေ၊ ဖြည့်စွက်စာတွေမှာ collagen  ပါကြောင်း ကြော်ငြာရောင်းချနေတာတွေကို နေ့တိုင်းတွေ့နေရတော့ ဒီစကားလုံးလေးက စိမ်းနေမယ်လို့တော့ မထင်ဘူးနော်။ ကြားသိနေကြပေမယ့် collagen ဆိုတာ ဘာမှန်း သေချာသိချင်နေသူ တွေအတွက် ရည်ရွယ်ပြီး  ဒီစာကို ရေးတာပါ၊ ကဲ ကြည့်လိုက်ကြရအောင်။ Collagen ဆိုတာ ဘာလဲ Collagen ဆိုတာ ခန္ဓာကိုယ်ရဲ့ ဆံပင်၊ခြေသည်းလက်သည်း၊ အရေပြား၊ သွေးကြော နံရံ၊ အရိုး၊ အရိုးနု နဲ့ အရွတ် စတဲ့ တွယ်ဆက်တစ်ရှူးတွေမှာ အများဆုံး တွေ့ရပြီး ခန္ဓာကိုယ်တည်ဆောက်ရေးအတွက် မရှိမဖြစ် အသားဓာတ်တစ်မျိုးပါပဲ။ ခန္ဓာကိုယ်က အသားဓာတ်အားလုံးရဲ့ ၃၀ % လောက်က collagen […]


အာဟာရဆိုင်ရာ အချက်အလက်များ

ချောကလက်စားရင်း ကောင်းကျိုးတွေအများကြီးရနိုင်တယ်ဆိုတာ သိပြီးပြီလား

ဟုတ်ပါတယ်။ တကယ်ကို ချောကလက်စားရင်း ကောင်းကျိုးတွေအများကြီးရနိုင်ပါတယ်။ ဒါပေမဲ့ ကိုယ်စားလိုက်တဲ့ ချောကလက်ဟာ Dark Chocolate ဆိုတဲ့ ကိုကိုး (Cocoa) ပါဝင်မှုများတဲ့ ချောကလက်တော့ဖြစ်ရပါမယ်။ ချောကလက်ကို ကိုကိုး ဆိုတဲ့ အပင်ရဲ့ အစေ့ကနေပြီး ပြုလုပ်တာဖြစ်ပါတယ်။ အခုပြောသွားမယ့် Dark Chocolate ကတော့ ကိုကိုး အနည်းဆုံး ၇၀ % ပါဝင်နေတဲ့ အမျိုးအစားကို ရည်ညွှန်းပြီး ပြောသွားမှာပဲ ဖြစ်ပါတယ်။ ကိုကိုးပါဝင်မှုမြင့်မားပြီး Dark Chocolate ဖြစ်လေလေ၊ အာဟာရ ပါဝင်မှုမြင့်မားလေလေပဲဖြစ်ပါတယ်။ ကိုကိုး… ဒီ Dark Chocolate မှာ ပါဝင်မှုများတဲ့ ကိုကိုးဟာဆိုရင် antioxidants ဆိုတဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ  ရရှိနိုင်တဲ့ အဓိက အရင်းအမြစ်တေွထဲက တစ်ခုပဲဖြစ်ပါတယ်။ Antioxidants ဆိုတာကတော့ လွယ်လွယ်ပြောရရင် ခန္ဓာကိုယ်ထဲမှာရှိတဲ့ ဆဲလ်တွေ […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Nyi Nyi Kyaw

အာဟာရပညာရှင် • Sakura Hospital

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း