ကျန်းမာစွာ စားသောက်ခြင်း

အစားအသောက်က ကျန်းမာစေဖို့ ထိန်းသိမ်းပေးသလို ရောဂါတွေကို ကာကွယ်ရာမှာ အကူအညီပေးခြင်းဖြင့် ကျန်းမာစွာနေထိုင်မှုအပေါ်မှာ အများကြီး သက်ရောက်နေပါတယ်။ ကံမကောင်းတာတစ်ခုက ကျန်းမာစွာ စားသောက်ခြင်းနဲ့ပတ်သက်ပြီး ယုံတမ်းစကားတွေ များစွာရှိနေတာပါ။ ဒါကြောင့် ကျန်းမာစွာ စားသောက်ခြင်းနဲ့ ပတ်သက်ပြီး သိထားတဲ့အချက်တွေက မှန်သလား မှားသလားဆိုတာကိုသေချာ သိဖို့ လိုပါမယ်။

ကျန်းမာရေးဗဟုသုတ

ကျန်းမာစွာ စားသောက်ခြင်း

ဓာတ်ဆားရည် အစားထိုး သဘာဝ သောက်စရာများ

ခန္ဓာကိုယ် ကျန်းမာနေစေဖို့အတွက် အာဟာရတွေ ပြည့်ဝမျှတနေဖို့ လိုပါတယ်။ ဒီလို ပြည့်ဝမျှတနေရမယ့် အရာတွေထဲမှာ ဓာတ်ဆားဓာတ်လို့ ခေါ်တဲ့ Electrolytes တွေကလည်း အရေးပါပါတယ်။ ခန္ဓာကိုယ်မှာ ဓာတ်ဆားဓာတ် မျှတနေမှလည်း နေ့စဉ်ဘဝကို ကျန်းမာပျော်ရွှင်စွာ ဖြတ်သန်းနိုင်မှာပါ။ အားကစား လုပ်လို့ ချွေးအရမ်းထွက်ချိန်မှာ ဖြစ်ဖြစ်၊ အပူဒဏ်ကြောင့် ချွေးထွက်များတာ၊ အခြား အခြေအနေ တစ်ရပ်ရပ်ကြောင့် ခန္ဓာကိုယ်မှာ ဓာတ်ဆားဓာတ် နဲ့ ရေဓာတ် ဆုံးရှုံးသွားတဲ့အခါ ပြန်လည်ဖြည့်တင်းဖို့ ဓာတ်ဆားရည်၊ Sport drinks တွေကို သောက်ဖို့ အကြံပြုတတ်ကြပါတယ်။ ဒါပေမယ့် ဓာတ်ဆားရည်ကို မနှစ်သက်ဘူး။ ဓာတ်ဆားရည်အစား အခြား ဓာတ်ဆားဖြည့်ပေးမယ့် သောက်စရာလေးတွေများ မရှိဘူးလားလို့ တွေးနေပြီလား။ ဒါဆိုရင်တော့ ဒီဆောင်းပါးလေးက သင့်အတွက်ပါ။ ဒီဆောင်းပါးလေးထဲမှာ ဓာတ်ဆားရည် အစားထိုး သဘာဝ သောက်စရာများ […]

ကျန်းမာစွာ စားသောက်ခြင်း ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကျန်းမာစွာ စားသောက်ခြင်း ကို ရှာဖွေမည်။

ကိုယ်အလေးချိန်လျှော့ချခြင်း

ကိုယ်အလေးချိန်ကို အမှန်ဆုံးဖြစ်စေဖို့ ဘယ်လိုများချိန်မလဲ

ကိုယ်အလေးချိန်က ကျန်းမာရေးအတွက် သိထားဖို့လိုမယ့်အချက်တစ်ခုပါ။ ဒီလိုအရေးပါတဲ့ ကိုယ်အလေးချိန်ကို အမှန်ကန်ဆုံးရဖို့ကလည်း အရေးကြီးတဲ့အချက်တစ်ခုပါ။ ဒီအရေးပါတဲ့ ကိုယ်အလေးချိန်ကို အမှန်ဆုံးဖြစ်စေဖို့ ဘယ်လိုများချိန်ကြမလဲ........ ကျန်းမာတဲ့လူတစ်ယောက်မှာရှိသင့်တဲ့ ကိုယ်အလေးချိန်က ဘယ်လောက်လဲ.... လူတစ်ယောက်နဲ့တစ်ယောက်မှာရှိသင့်တဲ့ ကျန်းမာတဲ့ကိုယ်အလေးချိန်ကမတူပါဘူး။ လူတစ်ယောက်ကျန်းမာတဲ့ ကိုယ်အလေးချိန်ရှိလားဆိုတာကို အရပ်အမြင့်နဲ့ ကိုယ်အလေးချိန်ကို တွက်ချက်ရတဲ့ ခန္ဓာကိုယ်ထုထည်ညွှန်းကိန်း (BMI) နဲ့တွက်ချက်ပါတယ်။ BMI က ၁၈.၅ ထက်နည်းနေရင် ရှိသင့်တဲ့ ကိုယ်အလေးချိန်ထက်နည်းနေတာပါ။ BMI က ၁၈.၅ နဲ့ ၂၄.၉ အတွင်းမှာရှိနေရင် ပုံမှန်ရှိသင့်တဲ့ ကိုယ်အလေးချိန်ပါ။ BMI က ၂၅ ကနေ ၂၉.၉ အတွင်းမှာရှိနေရင် ရှိသင့်တဲ့ကိုယ်အလေးချိန်ထက်များနေပါတယ်။ BMI က ၃၀ ထက်ကျော်သွားပြီဆိုရင်တော့ အဝလွန်နေပါပြီ။   ကိုယ်အလေးချိန်ကို မှန်မှန်ကန်ကန်သိနိုင်စေဖို့ သတိထားရမယ့်အချက်အချို့ ကိုယ်အလေးချိန်တိုင်းတဲ့အခါ တိကျမှန်ကန်တဲ့ အဖြေထွက်ဖို့ဆိုရင် တစ်ပတ် တစ်ကြိမ်ပဲကိုယ်အလေးချိန် တိုင်းပါ။ […]


အာဟာရဆိုင်ရာ အချက်အလက်များ

ဗီတာမင် ဘီ ချို့တဲ့မှုလက္ခဏာတွေ

ကျွန်တော်တို့  ခန္ဓာကိုယ်ကြီး ပုံမှန်လှုပ်ရှားသွားလာနိုင်ဖို့ အာဟာရဓါတ်အစုံအလင်လိုအပ်ပါတယ်။ ဒီအာဟာရဓါတ်တွေထဲမှာ ဗီတာမင် ဘီ ဓာတ်လည်းပါဝင်ပါတယ်။ ဗီတာမင် ဘီက ဇီဝဖြစ်ပျက်မှုအတွက် မရှိမဖြစ်လိုအပ်တဲ့ဓာတ်တစ်ခုဖြစ်သလို ခန္ဓာကိုယ်ကလည်း ဗီတာမင်ဘီကို သူ့အလိုလို မဖွဲ့စည်းနိုင်တာကြောင့် ပြင်ပကနေဖြည့်တင်းပေးရပါတယ်။ အခုဆောင်းပါးမှာ Hello Sayarwon  စာဖတ်ပရိတ်သတ်တွေကို ဗီတာမင် ဘီ ချို့တဲ့ရင် ပြသလာမယ့် လက္ခဏာတွေအကြောင်းပြောပြချင်ပါတယ်။ ၁။ ခြေလက်တွေထုံကျဉ်လာမယ် ဗီတာမင် ဘီက ခန္ဓာကိုယ်ကအာရုံကြောစနစ်တွေကောင်းကောင်းအလုပ်လုပ်နိုင်အောင်ကူညီပေးပါတယ်။ အာရုံကြောအချက်ပြမှုတွေအတွက်ရော အာရုံကြောတွေကိုကာကွယ်ပေးဖို့ပါလိုအပ်တဲ့ မိုင်လင်(myelin) ဓာတ်ဖွဲ့စည်းပေးပါတယ်။ ဗီတာမင် ဘီလုံလုံလောက်လောက်မရှိရင်တော့ အာရုံကြောတွေမှာ မိုင်လင်ချို့တဲ့လာပြီး တဖြည်းဖြည်းပျက်စီးလာစေပါတယ်။ ဒီလိုအာရုံကြောပြဿနာက အစွန်အဖျားဖက်ရောက်တဲ့အာရုံကြောတွေမှာ ပိုအတွေ့များတာကြောင့် ခြေဖျားလက်ဖျားတွေမှာ ထုံကျဉ်တဲ့ဝေဒနာခံစားရခြင်းဖြစ်ပါတယ်။ ၂။ လမ်းလျှောက်ရခက်သွားမယ် ဒီပြဿနာကလည်းအပေါ်ကအချက်နဲ့ဆက်စပ်နေပါတယ်။ ဗီတာမင်ဘီချို့တဲ့လို့ဖြစ်တဲ့ အာရုံကြောပျက်စီးမှုပိုဆိုးလာရင် ပုံမှန်ကြွက်သားလှုပ်ရှားမှုတွေကိုတောင် ကောင်းကောင်းမလုပ်ဆောင်နိုင်တော့ပါဘူး။ အချိန်ကြာလာတာနဲ့အမျှ ကြွက်သားတွေ ပိုပိုချည့်နဲ့လာပြီး အကြောတွေပါပျက်စီးသွားစေတဲ့အထိ ကြောက်ဖို့ကောင်းပါတယ်။ ၃။ အသားဝါမယ်၊ဖြူဖတ်ဖြူလျော်ဖြစ်နေမယ် ဗီတာမင် ဘီက […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

ထမင်းစားပွဲတွင် အမျှင်ဓာတ်ပါစေချင်ရခြင်း အကြောင်း

အမျှင်ဓာတ်ဆိုတာ တကယ်တော့ အပင်က ရတဲ့ မကြေလွယ်တဲ့ ကစီဓာတ်တစ်မျိုးပါပဲ။ စားလိုက်တဲ့ အစားအစာမှာ အမျှင်ဓာတ်ပါမယ်ဆိုရင် အူသိမ်နဲ့ အစာအိမ်က မခြေနိုင်ဘဲ အူမကြီးနဲ့ အူနှောင်းပိုင်းထိရောက်ပြီး သူ့အတိုင်း ဝမ်းသွားတဲ့ထဲ စွန့်ထုတ်ပါသတဲ့။ ဒါဆိုဘာလို့စားနေဦးမှာလဲပေါ့။ အမျှင်ဓာတ်မှာ ပျော်ဝင်တဲ့အမျှင်၊ မပျော်ဝင်တဲ့ အမျှင်ဆိုပြီး နှစ်မျိုးရှိပြီး နှစ်မျိုးလုံးကို ကိုယ်ခန္ဓာက ကျန်းမာရေး ထိန်းသိမ်းဖို့အတွက်   လိုအပ်ပါတယ်။ ရေမှာ ပျော်ဝင်နိုင်တဲ့ အမျှင်ဓာတ်တွေက အနှစ်ပုံစံ ဖြစ်လာပြီး အစာခြေခြင်းကို နှေးကွေးစေတာကြောင့် အချိန်ပိုကြာကြာ မဆာဘဲ ဗိုက်ပြည့်နေသလို ခံစားရစေပါတယ်။ မပျော်ဝင်တဲ့ အမျှင်ဓာတ်တွေကတော့ အူလမ်းကြောင်း လှုပ်ရှားမှုကိုစည်းချက်မှန်စေပြီး ဝမ်းမှန်မှန်သွားစေပါတယ်။ အမျှင်ဓာတ်ကို အစာကြမ်းအဖြစ်လည်း လူသိများပြီး သန့်စင်ပြုပြင်ထားတဲ့ အစားအစာထက် တာရှည်ခံအောင် ပြုပြင်မထားတဲ့ သဘာဝ အစားအစာတွေမှာ ပိုပြီး တွေ့ရနိုင်ပါတယ်။ […]


အာဟာရဆိုင်ရာ အချက်အလက်များ

ခန္ဓာကိုယ်အတွက် မရှိမဖြစ်လိုအပ်တဲ့ အာဟာရဓာတ် (၆) မျိုး

ကိုယ်တွင်းကအစိတ်အပိုင်းတွေအားလုံးပုံမှန်အလုပ်လုပ်နိုင်ဖို့အတွက်လိုအပ်တဲ့အာဟာရဓာတ်တွေကို ခန္ဓာကိုယ်က သူ့ဖာသာမထုတ်လုပ်နိုင်ပါဘူး။ စားသောက်ရာက ရလာတဲ့အာဟာရဓာတ်တွေပေါ်မှီခိုရပါတယ်။ ဒါ့ကြောင့် ဒီတစ်ခေါက်ကျန်းမာရေးဗဟုသုတအနေနဲ့ ကျန်းမာရေးအတွက်မရှိမဖြစ်လိုအပ်တဲ့ အာဟာရဓာတ် (၆) မျိုးကို ပြောပြပေးပါ့မယ်။ ၁။ ပရိုတင်းဓာတ် ကိုယ်လက်ကြံ့ခိုင်ရေးကစားနေတဲ့သူတွေပဲ ပရိုတင်းဓာတ်များများစားဖို့လိုအပ်တာမဟုတ်ပါဘူး၊ တကယ်တော့ ပရိုတင်းဓာတ်က ကျန်းမာရေးအတွက်မရှိမဖြစ်လိုအပ်တဲ့ အာဟာရဓာတ်ဖြစ်ပြီး လူတိုင်းစားသုံးပေးဖို့ လိုအပ်ပါတယ်။ ကြွက်သားကစပြီး အရိုး၊ အရေပြားတွေဖွဲ့စည်းတဲ့နေရာမှာရော ဟော်မုန်းတွေ၊ antibodies တွေထုတ်လုပ်ဖို့အတွက်ပါ ပရိုတင်းဓာတ်က မရှိမဖြစ်ပါ။ ပရိုတင်းဓာတ်ကို အသားငါးအမျိုးမျိုး၊ ဥအမျိုးမျိုးနဲ့ ပဲအမျိုးမျိုးစားသုံးခြင်းကနေ အဓိက ရရှိနိုင်ပါတယ်။ ၂။ ကာဘိုဟိုက်ဒရိတ် ကာဘိုဟိုက်ဒရိတ်လို့ကြားရင် လူကိုဝစေပြီး ကျန်းမာရေးနဲ့မညီညွတ်တဲ့ဓာတ်လို့ပဲ မထင်စေချင်ပါဘူး။ တကယ်တော့ ကာဘိုဟိုက်ဒရိတ်ဓာတ်က ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ အာဟာရဓာတ်တစ်ခုဖြစ်ပြီး ဦးနှောက်နဲ့အာရုံကြောတွေ ကောင်းကောင်းအလုပ်လုပ်နိုင်ဖို့ ကာဘိုဟိုက်ဒရိတ်ကိုအဓိကသုံးစွဲရပါတယ်။ ကာဘိုဟိုက်ဒရိတ်ပါတဲ့အစားအသောက်တွေအများကြီးရှိပြီး ကျန်းမာရေးနဲ့ညီညွတ်တာရှိသလို မညီညွတ်တာတွေလည်းတွေ့နိုင်ပါတယ်။ ပဲအမျိုးမျိုး၊ အမျှင်ဓာတ်များများပါတဲ့အသီးအနှံ၊ဟင်းသီးဟင်းရွက်တွေနဲ့ ဆန်ကြမ်း၊ပေါင်မုန့်ကြမ်းတွေက ကာဘိုဟိုက်ဒရိတ်ကြွယ်ဝပြီး ကျန်းမာရေးနဲ့လည်း သင့်လျော်ပါတယ်။ ၃။ […]


အဝလွန်ခြင်း

ကွက်ကိတ်နေတာက ဗိုက်များလား……………

ဟဲလို……. Helloဆရာဝန်ပရိသတ်ကြီးရေ….. တစ်ကိုယ်လုံးမှာ ကိတ်နေတာက ရင်လည်းမဟုတ်၊ တင်လည်းမဟုတ်ဘဲ၊ ဗိုက်များဖြစ်နေပြီလား။ ဒါဆိုရင်တော့ ဒီဆောင်းပါးလေးကို ဖတ်ပြီး ကွက်ကိတ်နေတဲ့နေရာလေးကို ကြည့်လို့အဆင်ပြေ အောင်လုပ်ပြီး စမတ်ကျကျလှလိုက်ရအောင်လား။ ဗိုက်ပူတော့ ကြိုက်သူပေါတာပေါ့…… ပြောနေတော့တော့ ဟုတ်သလိုလို ဗိုက်ပူနေတာက ကြိုက်သူမပေါဘဲ ရောဂါတိုးမှာတော့ အမှန်ပါပဲ။ ဗိုက်အဆီကပ်နေ တာက ကိုယ်တွင်းကိုရောဂါတွေ အများကြီးဝင်လာစေနိုင်တယ်ဆိုတာကိုရော သိရဲ့လား။ ဗိုက်အဆီကပ်တာက စားထားသောက်ထားသမျှရဲ့ ပမာဏကိုပြနေတဲ့ မြင်သာတဲ့လက္ခဏာတစ်ခုပါ။ ဗိုက်ပူပူလေးက ချစ်စရာကောင်းတာက ဘေဘီလေးတွေနဲ့လေဒီဗိုက်လေးတွေမှာပဲ ချစ်ဖို့ကောင်းတာပါ။ ဗိုက်ပူမှုရဲ့ နောက်ဆက်တွဲတွေက ဘာတွေများလဲ….. ဗိုက်အဆီများနေတာက ရေရှည်မှာထိခိုက်မှုကြီးမားနိုင်ပါတယ်။ ဗိုက်အဆီများတာကြောင့် • နှလုံးရောဂါ • ရုတ်တရက်နှလုံးရပ်တာ • သွေးတိုးရောဂါ • လေဖြတ်တာ • အမျိုးအစား (၂) ဆီးချိုရောဂါ • ပန်းနာရင်ကြပ်ရောဂါ • ရင်သားကင်ဆာ • အူမကြီးကင်ဆာ • အယ်လ်ဇိုင်းမားနဲ့ အခြားသော မှတ်ဉာဏ်ချို့ယွင်းမှုရောဂါတွေ ခံစားရနိုင်ပါတယ်။ ဗိုက်ပူစေရတဲ့အကြောင်းအရင်းတွေ ဗိုက်အဆီကပ်စေတဲ့အကြောင်းအရင်းက တစ်ခုမကရှိနေနိုင်ပါတယ်။ ကိုယ်တိုင်ကရော ဘယ်နှခုလောက်များလုပ်မိနေလဲ တူတူကြည့်လိုက်ရအောင်။ စားသောက်မှုပုံစံမူမမှန်တာ အချိုများတဲ့အစားအစာတွေ၊ […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

သိထားသင့်တဲ့ ကယ်လိုရီ ဗဟုသုတ တချို့

ကယ်လိုရီဆိုတာ ကယ်လိုရီဆိုတာ ခန္ဓာကိုယ်အတွက် ခွန်အားဖြစ်စေတဲ့လောင်စာတွေပါ။ လူ့ခန္ဓာကိုယ်မှာ အမြဲမပြတ်အားပြည့်နေဖို့လိုအပ်နေတာဖြစ်ပြီး လုပ်ဆောင်ချက်တွေဆက်ပြီးလည်ပတ်နိုင်ဖို့ အစားအသောက်တွေကနေရရှိတဲ့ ကယ်လိုရီကို သုံးရပါတယ်။ ဒါ့ကြောင့် ဘာပဲလုပ်လုပ် ကယ်လိုရီကြောင့် လှုပ်ရှားဖို့အားရှိနေတာဆိုတာ သိထားသင့်ပါတယ်။ ကာဗိုဟိုက်ဒရိတ်၊ အဆီဓာတ်တွေနဲ့ ပရိုတင်းတွေက ကယ်လိုရီပါဝင်တဲ့ အာဟာရဓာတ်အမျိုးအစားတွေဖြစ်ပြီး ခန္ဓာကိုယ်အတွက် အဓိကခွန်အားအရင်းအမြစ်တွေဖြစ်ပါတယ်။ ဘယ်အစားအသောက်ကနေပဲရရ ကိုယ်စားလိုက်တဲ့ကယ်လိုရီတွေက ခွန်အားအဖြစ် သို့မဟုတ် ခန္ဓာကိုယ်ထဲမှာ အဆီအဖြစ်ပြောင်းလဲသွားတာပဲဖြစ်ပါတယ်။ ခွန်အားအဖြစ်မလောင်ကျွမ်းသွားတဲ့ ကယ်လိုရီတွေက ခန္ဓာကိုယ်ထဲမှာ အဆီပိုအဖြစ်ကျန်ရစ်မှာဖြစ်လို့ ကယ်လိုရီလွန်ကဲအောင်မစားသုံးဖို့ ဒါမှမဟုတ် ကယ်လိုရီတွေ ပိုပြီးလောင်ကျွမ်းအောင် လှုပ်ရှားမှုပိုလုပ်သင့်ပါတယ်။ ကယ်လိုရီဘယ်လောက်စားသုံးသင့်သလဲ ကိုယ်စားလေ့ရှိတဲ့ အစားအသောက်တွေရဲ့ကယ်လိုရီပါဝင်မှုပမာဏကို သိထားမယ်ဆိုရင် တစ်နေ့တာစားသုံးသင့်တဲ့ အတိုင်းအတာနဲ့ နှိုင်းဆချင့်ချိန်လို့ရနိုင်ပါတယ်။ ကိုယ်အလေးချိန်အတက်အကျအတွက်က ရှင်းပါတယ်။ ကယ်လိုရီစားတာများပြီးလောင်ကျွမ်းတာနည်းရင် ဝိတ်တက်လာမယ်၊ ကယ်လိုရီလျှော့စားပြီး ကိုယ်လက်လှုပ်ရှားမှုနဲ့ပိုလောင်ကျွမ်းစေရင် ဝိတ်ကျမယ်။ အမျိုးသမီးတစ်ယောက်ဟာ တစ်နေ့ကို ပျမ်းမျှ ကယ်လိုရီ ၂၀၀၀လောက်စားသုံးဖို့လိုအပ်ပြီး ကယ်လိုရီ ၁၅၀၀ ထက်မကျော်အောင်စားသုံးရင်တစ်ပတ်ကို ကိုယ်အလေးချိန်တစ်ပေါင်ကျနိုင်ပါတယ်။ အမျိုးသားတစ်ယောက်ဆို […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

အဆီဆိုတိုင်း ကျန်းမာရေးအတွက် မကောင်းဘူးလား

အဆီဆိုတာ ကျန်းမာရေးအတွက်မကောင်းဘူးဆိုတဲ့အစွဲရှိခဲ့ကြတာ ဟိုးအရင်တည်းကပါ။ တကယ်တမ်းကျ အဆီတွေအကုန်လုံးက မကောင်းတာမဟုတ်ပါဘူး။ ခန္ဓာကိုယ်ရဲ့ကျန်းမာရေးအတွက် မရှိမဖြစ်လိုအပ်တဲ့ essential fatty acids ခေါ် အဆီဓာတ်တချို့လည်းရှိပါတယ်။ အကျိုးပြုအဆီဓာတ်တွေနဲ့ ဆိုးကျိုးပြုအဆီဓာတ်တွေကို ခွဲခြားသိနိုင်ဖို့ ဆက်ပြီးဖတ်ကြည့်နော်။ ဆိုးကျိုးပြုတဲ့ အဆီတွေ လူ့ခန္ဓာကိုယ်အတွက် ဆိုးကျိုးပေးနိုင်တဲ့ အဆီအမျိုးအစားတွေက - Saturated fat (ပြည့်ဝဆီ) -ကြက်၊ ဘဲအပြင် အနီရောင်ရှိတဲ့အသားတွေနဲ့ အဆီပြည့်နို့ထွက်ပစ္စည်းတွေလိုမျိုး တိရစ္ဆာန်တွေဆီကအဓိကရရှိတဲ့ အဆီအမျိုးအစားဖြစ်ပါတယ်။ စားအုန်းဆီလိုမျိုး အပင်ထွက်အဆီတွေကလည်း ကျန်းမာရေးအတွက်မကောင်းတဲ့ ပြည့်ဝဆီတွေဖြစ်ပါတယ်။ ပြည့်ဝဆီတွေကသွေးတွင်းကိုလက်စထရောကိုမြင့်တက်စေပြီး မကောင်းတဲ့ကိုလက်စထရောLDL ပမာဏကို တိုးစေပါတယ်။ ဒါ့ကြောင့် နှလုံးသွေးကြောကျဉ်းနဲ့ အမျိုးအစား ၂ ဆီးချိုသွေးချိုရောဂါကိုဖြစ်နိုင်ခြေပိုများစေပါတယ်။ Trans fat (အသွင်ပြောင်းဆီ) -အစားအစာတချို့မှာ သဘာဝအလျောက် အနည်းငယ်ဖြစ်ပေါ်လာတဲ့အဆီအမျိုးအစားပါ။ ဒါပေမယ့် အသွင်ပြောင်းဆီအများစုကိုpartial hydrogenation ဆိုတဲ့ ပျစ်ခဲစေတဲ့ဖြစ်စဉ်နဲ့ပြုပြင်ထုတ်လုပ်ကြပါတယ်။ အဲလိုရရှိလာတဲ့ […]


ကိုယ်အလေးချိန်လျှော့ချခြင်း

BMI (ခန္ဓာကိုယ်ထုထည်ညွှန်းကိန်း)ဆိုတာဘာလဲ။ ဘယ်လိုအသုံးဝင်လဲ။

တစ်နေ့တာလုံး ကွန်ပျူတာရှေ့ထိုင်အလုပ်လုပ်၊ အိမ်ပြန်ရောက်တော့လည်း ပင်ပန်းလာတယ်ဆိုပြီး ထိုင်ပြီး စာအုပ်ဖတ်တယ်၊ တီဗွီကြည့်တယ်၊ ဂိမ်းဆော့တယ်လုပ်ရင်း ခန္ဓာကိုယ်ကပြည့်ပြည့်လာတယ်။ ထိုင်ရ၊ထရလေးလာတယ်။ ငါအရမ်းများဝလွန်းနေပြီလား၊ ကျန်းမာရေးထိခိုက်လောက်တဲ့အထိများ ဝနေပြီလားလို့ တွေးနေလား။ ဝနေလားမဝနေဘူးလားဆိုတာကို သူများတွေကိုလျှောက်မမေးဘဲ စမ်းသပ်ကြည့်လို့ရတဲ့ နည်းလမ်းလေးတစ်ခုရှိပါတယ်။ BMI( ခန္ဓာကိုယ် ထုထည်ညွှန်းကိန်း) ဆိုတာ BMI (ခန္ဓာကိုယ် ထုထည်ညွှန်းကိန်း) ဆိုတာက လူတစ်ယောက်ရဲ့ ကိုယ်အလေးချိန် အရပ်အမြင့်​ပေါ်မှာ အခြေခံပြီး ခန္ဓါကိုယ်မှာရှိနေတဲ့ အဆီပမာဏကို တွက်ချက်ဖို့ လုပ်ဆောင်ထားတဲ့ ပုံသေနည်းတစ်ခုပေါ့။ ဒါပေမယ့် BMI (ခန္ဓာကိုယ် ထုထည်ညွှန်းကိန်း) က ခန္ဓါကိုယ်ကအဆီပမာဏကို အတိအကျမတွက်ချက်နိုင်ပါဘူး။ ၁၉ ရာစုနှစ်အစောပိုင်းကာလမှာပေါ်ပေါက်လာခဲ့တဲ့ ဒီပုံသေနည်းမှာ ခန္ဓာကိုယ်အလေးချိန်ကို အရပ်အမြင့်ရဲ့ နှစ်ထပ်ကိန်းနဲ့စားပြီး ထွက်လာတဲ့အဖြေနဲ့ အဝလွန်နေတာလား၊ ပုံမှန်ပဲလား၊ ရှိသင့်တဲ့ ကိုယ်အလေးချိန်ထက်နည်းနေလားဆိုတာကို ဆုံးဖြတ်ရတာပါ။ ဒီလိုတွက်ချက်ခြင်းဖြင့် ကိုယ်အလေးချိန်များနေရင် ကျန်းမာရေးနဲ့ ညီတဲ့ကိုယ်အလေးချိန်ရအောင် […]


အဝလွန်ခြင်း

အဝမလွန်အောင် ကာကွယ်ကြမယ်

ပြောင်းလဲတိုးတက်လာတဲ့ခေတ်စနစ်ကြောင့် ထိုင်ရာကမထဘဲ အလုပ်တွေလုပ်လို့ရလာသလို အွန်လိုင်းမှာ လိုတဲ့ပစ္စည်းတွေကို အိမ်တိုင်ရာရောက်မှာယူလို့ရနေတာကကောင်းတဲ့အချက်တွေရှိသလို ဆိုးတဲ့အချက်တွေလည်းရှိနေပါတယ်။ကောင်းတာက အချိန်ကုန်သက်သာသွားတာပေါ့။ ဆိုးတာက အထိုင်များတဲ့အလုပ်တွေ၊ အလှုပ်အရှားနည်းလာစေတဲ့ လူနေမှုပုံစံတွေကြောင့် လူတွေ တဖြည်းဖြည်းချင်း အဝလွန်လာကြတာပါပဲ။ အဝလွန်တယ်ဆိုတာ အဝလွန်တယ်ဆိုတာကနေထိုင်မှုပုံစံ၊နေ့စဉ်စားသုံးနေတဲ့ အစားအသောက်ေတွကြောင့် ခန္ဓါကိုယ်မှာ အဆီပိုတွေ စုလာတာပါ။ အဝလွန်လာတယ်ဆိုတာက အလှတင်ပျက်တာမဟုတ်ပါဘူး။ ကျန်းမာရေးကိုပါ ထိခိုက်စေနိုင်တာပါ။ အဝလွန်တာကြောင့် ရုပ်ပိုင်းဆိုင်ရာမှာရော၊ စိတ်ပိုင်းဆိုင်ရာမှာပါ ထိခိုက်တာတွေရှိလာနိုင်ပါတယ်။ ဝလာလေလေ ခန္ဓါကိုယ်ကလှုပ်ရှားမှုနည်းပြီး ကိုယ်အလေးချိန်ပိုတိုးလာတာပါပဲ။ မပြီးဆုံးနိုင်တဲ့သံသရာပေါ့။ ဝလာတာရဲ့နောက်မှာ ကပ်ပါလာတာက နှလုံးရောဂါ၊ ဆီးချိုရောဂါ၊သွေးတိုးရောဂါနဲ့ တခြားသောရောဂါဆိုးတွေအများကြီး ပါလာတာပါ။ အချို့သောရောဂါတွေက ဝတာကနေ အစပျိုးလာတာပါ။ အဝလွန်နေလားဆိုတာကို BMI (ခန္ဓါကိုယ် ထုထည်ညွှန်းကိန်းကိုတိုင်းတာတဲ့နည်း) နဲ့ဆန်းစစ်လို့ရပါတယ်။ BMI က ၂၅ ကနေ ၂၉.၉ ရှိနေမယ်ဆိုရင် ရှိသင့်တဲ့ ကိုယ်အလေးချိန်ထက်များနေပြီလို့ပြောလို့ရပါတယ်။ တကယ်လို့ိ BMI က ၃၀ […]


ကျန်းမာစွာချက်ပြုတ်ခြင်း

နှလုံးကျန်းမာချင်သူတွေအတွက် နည်းလမ်းကောင်း

နှလုံးရောဂါက လူတွေကို အသက်အန္တရာယ်ခြိမ်းခြောက်မှုကြီးမားတဲ့ ရောဂါတစ်ခုဖြစ်လာနေတယ်ဆိုတာကို သိရဲ့လား။ တစ်ခါတလေကိုယ်တိုင်တောင် နှလုံး ရောဂါရှိနေမှန်းမသိလိုက်တာမျိုးဖြစ်နိုင်ပါတယ်။ အနေအထိုင် အစာားအသောက်တွေကြောင့်လည်း အခုနောက်ပိုင်းမှာ နှလုံးရောဂါဖြစ်ပွားမှုတွေက အရင်ကထက် ပိုများလာရတာပါ။ ဒီကြောက်စရာကောင်းတဲ့ နှလုံးရောဂါကနေ ကာကွယ်ပေးနိုင်မယ့် နည်းလမ်းကောင်းလေးရှိပါတယ်။ ဒါက ဘာများဖြစ်မလဲသိချင်ရင် ဆက်ကြည့်လိုက်နော်။ နှလုံးကျန်းမာစေမယ့် လွယ်ကူရိုးရှင်းတဲ့နည်းလမ်းတစ်ရပ် ခရမ်းချဉ်သီးဖျော်ရည်သောက်သုံးမှုက သွေးပေါင်ချိန်နဲ့ သွေးတွင်းကိုလက်စထရောကို ကျဆင်းစေနိုင်ပြီး နှလုံးကိုကျန်းမာစေနိုင်တယ်၊လို့ ဆိုပါတယ်။ အခုနောက်ပိုင်း ကမ္ဘာတလွှားမှာ နှလုံးရောဂါနဲ့ သေဆုံးသူအရေအတွက် တော်တော်လေးများလာနေပါတယ်။ ဆေးလိပ်သောက်သုံးမှု၊ အသက်အရွယ်ကြီးရင့်လာမှုတို့လိုမျိုး အချက်တွေကြောင့် နှလုံးရောဂါဖြစ်ပွားမှုနှုန်းဟာ နေ့စဉ်နဲ့အမျှ မြင့်တက်လာနေပါတယ်။ ကျန်းမာရေးကောင်းဖို့ အရေးကြီးဆုံးအချက်က အာဟာရဆိုရင် နှလုံးကျန်းမာဖို့ကလည်း အာဟာရကောင်းကောင်းမှီဝဲဖို့ လိုမယ်ဆိုတာ ထွေထွေထူးထူးပြောနေစရာတောင် မလိုအောင်ပါ။ ဒီတော့ လေ့လာတွေ့ရှိမှုအသစ်တစ်ရပ်အရ တစ်နေ့တာမှာ ဆားမထည့်ထားတဲ့ ခရမ်းချဉ်သီးဖျော်ရည်တစ်ခွက်သောက်သုံးမှုက ငွေကုန်ကြေးကျသက်သာစေတဲ့ နှလုံးစောင့်ရှောက်မှုတစ်ရပ်လို့ တွေ့ရှိခဲ့ရပါတယ်။ ခရမ်းချဉ်သီးမှာ ကာရိုတီးနွိုက်၊ ဗီတာမင် A၊ […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Nyi Nyi Kyaw

အာဟာရပညာရှင် • Sakura Hospital

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း