ကျန်းမာစွာ စားသောက်ခြင်း

အစားအသောက်က ကျန်းမာစေဖို့ ထိန်းသိမ်းပေးသလို ရောဂါတွေကို ကာကွယ်ရာမှာ အကူအညီပေးခြင်းဖြင့် ကျန်းမာစွာနေထိုင်မှုအပေါ်မှာ အများကြီး သက်ရောက်နေပါတယ်။ ကံမကောင်းတာတစ်ခုက ကျန်းမာစွာ စားသောက်ခြင်းနဲ့ပတ်သက်ပြီး ယုံတမ်းစကားတွေ များစွာရှိနေတာပါ။ ဒါကြောင့် ကျန်းမာစွာ စားသောက်ခြင်းနဲ့ ပတ်သက်ပြီး သိထားတဲ့အချက်တွေက မှန်သလား မှားသလားဆိုတာကိုသေချာ သိဖို့ လိုပါမယ်။

ကျန်းမာရေးဗဟုသုတ

ကျန်းမာစွာ စားသောက်ခြင်း

ဓာတ်ဆားရည် အစားထိုး သဘာဝ သောက်စရာများ

ခန္ဓာကိုယ် ကျန်းမာနေစေဖို့အတွက် အာဟာရတွေ ပြည့်ဝမျှတနေဖို့ လိုပါတယ်။ ဒီလို ပြည့်ဝမျှတနေရမယ့် အရာတွေထဲမှာ ဓာတ်ဆားဓာတ်လို့ ခေါ်တဲ့ Electrolytes တွေကလည်း အရေးပါပါတယ်။ ခန္ဓာကိုယ်မှာ ဓာတ်ဆားဓာတ် မျှတနေမှလည်း နေ့စဉ်ဘဝကို ကျန်းမာပျော်ရွှင်စွာ ဖြတ်သန်းနိုင်မှာပါ။ အားကစား လုပ်လို့ ချွေးအရမ်းထွက်ချိန်မှာ ဖြစ်ဖြစ်၊ အပူဒဏ်ကြောင့် ချွေးထွက်များတာ၊ အခြား အခြေအနေ တစ်ရပ်ရပ်ကြောင့် ခန္ဓာကိုယ်မှာ ဓာတ်ဆားဓာတ် နဲ့ ရေဓာတ် ဆုံးရှုံးသွားတဲ့အခါ ပြန်လည်ဖြည့်တင်းဖို့ ဓာတ်ဆားရည်၊ Sport drinks တွေကို သောက်ဖို့ အကြံပြုတတ်ကြပါတယ်။ ဒါပေမယ့် ဓာတ်ဆားရည်ကို မနှစ်သက်ဘူး။ ဓာတ်ဆားရည်အစား အခြား ဓာတ်ဆားဖြည့်ပေးမယ့် သောက်စရာလေးတွေများ မရှိဘူးလားလို့ တွေးနေပြီလား။ ဒါဆိုရင်တော့ ဒီဆောင်းပါးလေးက သင့်အတွက်ပါ။ ဒီဆောင်းပါးလေးထဲမှာ ဓာတ်ဆားရည် အစားထိုး သဘာဝ သောက်စရာများ […]

ကျန်းမာစွာ စားသောက်ခြင်း ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကျန်းမာစွာ စားသောက်ခြင်း ကို ရှာဖွေမည်။

ကိုယ်အလေးချိန်လျှော့ချခြင်း

ကျန်းမာတဲ့ ကိုယ်အလေးချိန်ရဖို့ အစားတစ်ခုတည်းကိုပဲ အားကိုးတော့မယ်ဆိုရင်

မှန်ထဲကြည့်လိုက်တဲ့အခါ ကိုယ့်ကိုယ်ကိုယ် စိတ်တိုင်းမကျဖြစ်နေတာ၊ အဝတ်အစားတွေ မတော်တော့တာ၊ သွားလာလှုပ်ရှားမှုတွေလုပ်တဲ့အခါ သွက်သွက်လက်လက်မရှိတော့တာတွေဖြစ်နေပြီလား။ ဒါဆိုရင် သေချာတာကတော့ ကျန်းမာတဲ့ ကိုယ်အလေးချိန် ဆိုတဲ့ ကန့်သတ်ချက်ဘောင်​လေးကို နည်းနည်းတော့ ကျော်စပြုနေပြီဆိုတာပါ။ ဝတ်လိုက်ရင်လည်း စမတ်ကျ၊ သွားလာရင်လည်း ပေါ့ပေါ့ပါးပါးဖြစ်နေစေဖို့ဆိုရင် လုပ်ရမယ့် နည်းလမ်းကတစ်ခုပဲရှိတော့တယ်။ ဒါကတော့ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ကိုယ်အလေးချိန်ရရှိအောင် ထိန်းသိမ်းဖို့ပါ။ ဘယ်လိုထိန်းမယ် စဉ်းစားထားလဲ.............. ကျန်းမာတဲ့ကိုယ်အလေးချိန်ရဖို့ အတွက် ဘယ်လိုများလုပ်မယ်စဉ်းစားထားလဲ။ အစားမစားဘဲလျှော့မယ် အစားလျှော့စားမယ် ကိုယ်လက်လေ့ကျင့်ခန်းလုပ်မယ် အသီးတွေပဲစားမယ် စသဖြင့်ရွေးချယ်မှုတွေကအမျိုးမျိုးရှိနိုင်ပါတယ်။ ကျန်းမာတဲ့ ကိုယ်အလေးချိန်ရဖို့ အစားတစ်ခုတည်းကိုပဲ အားကိုးတော့မယ်ဆိုရင် ကျန်းမာတဲ့ ကိုယ်အလေးချိန်ရဖို့ အစားတစ်ခုတည်းကိုပဲ အားကိုးတော့မယ်ဆိုရင် မဖြစစ်မနေ လုပ်ရမှာက အစားလေးပဲ ဂရုစိုက်လိုက်ပါ ကျန်းမာတဲ့ ကိုယ်အလေးချိန် ရစေဖို့ အစားအစာတွေကို အလွန်အကျွံရှောင်ဖို့ မလိုသလို လေ့ကျင့်ခန်းတွေကို အပြင်းအထန်လုပ်ဖို့လည်းမလိုပါဘူး။ တကယ်ကတော့ ဖြစ်နိုင်တဲ့ အတိုင်းအတာအတွင်းက စားသောက်နေထိုင်မှုကို […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

ဝိတ်တက်ချင်သူတွေအတွက် ကယ်လိုရီဖြည့်ကူပေးမယ့် အသီးအာဟာရ (၅)မျိုး

ဝိတ်တက်ချင်သူတွေအတွက် ကယ်လိုရီကူပေးမယ့် အသီးအာဟာရ (၅)မျိုး တချို့က အဆီကျစေဖို့ဆေးအမျိုးမျိုး၊ နည်းလမ်းအမျိုးမျိုးရှာဖွေကြိုးစားနေကြချိန်မှာ တစ်ဖက်မှာလည်း ဝိတ်တက်ဖို့ ကြိုးစားနေကြသူတွေရှိပါတယ်။ ဘယ်လိုပဲ ဂရုစိုက်ပြီးစားစား ကိုယ်အလေးချိန်ကမျှော်မှန်းသလောက်တက်မလာ၊ လူကလည်းပိန်မြဲဆိုတော့ ဂျင်မ်သွားကစားရတာနဲ့၊ ပရိုတင်းအာဟာရတွေသောက်ရတာနဲ့ တကယ်မလွယ်ပါဘူး။ အဆီချတဲ့သူတွေက အမြန်ဆုံးအဆီကျနည်းဆိုပြီး အချိန်တိုအတွင်း ခပ်ကြမ်းကြမ်းလုပ်လိုက်လို့ရပေမယ့် ဝိတ်တက်ချင်တဲ့သူမှာတော့ အချိန်ယူရပါတယ်။ ဒီလို ကြိုးစားနေတဲ့အချိန်အတွင်းမှာ အားပေးထောက်ပံ့မယ့် အသီးအာဟာရ တွေစားမယ်ဆို ပိုထိရောက်နိုင်ပါတယ်။ ဒါ့အပြင် သူတို့ဆီက ဗီတာမင်နဲ့သတ္တုဓာတ်တွေကိုလည်း အပိုဆုအနေနဲ့ ရနိုင်သေးတာပါ။ (၁) ငှက်ပျောသီး ငှက်ပျောသီးက အာဟာရပြည့်တဲ့အပြင် ကာဗိုဟိုက်ဒရိတ်နဲ့ ကယ်လိုရီတွေ ကြွယ်ဝပါတယ်။ အုတ်ဂျုံစားမယ်၊ ဒိန်ချဉ်သောက်မယ်ဆို ငှက်ပျောသီးလေးထည့်စားရင် ကွက်တိပါပဲ။ (၂) ထောပတ်သီး ထောပတ်သီးတွေမှာလည်း ကယ်လိုရီနဲ့ အကျိုးပြုအဆီဓာတ်တွေ အပြည့်အဝပါဝင်ပါတယ်။ ဒီလိုပါဝင်မှုကြောင့် ကျန်းမာရေးနဲ့အညီ ကိုယ်အလေးချိန်တက်စေဖို့ စားပေးသင့်တာဖြစ်ပါတယ်။ သူ့မှာ ပိုတက်ဆီယမ်နဲ့ ဗီတာမင် K၊ ဗီတာမင် C ၊ […]


ကိုယ်အလေးချိန်လျှော့ချခြင်း

အဆီလောင်ကျွမ်းစေနိုင်တဲ့ အာနိသင်ရှိတဲ့ အသီးတွေက ဘာတွေဖြစ်မလဲ

ဝိတ်ကျအောင် အသီးစားပြီး ဝိတ်ချချင်သူလေးတွေရှိလား။ ဒါဆိုရင်တော့ အသီးလည်းစားရင်း အဆီလည်းကျရင်းဖြစ်စေဖို့အတွက် ဒီအသီးလေးတွေကို စားပေးရင်အဆင်ပြေနိုင်မှာပါ။ ဒီတော့ ဝိတ်ကျစေဖို့ စားပေးသင့်တဲ့ အသီးလေးတွေအကြောင်း ပြောပြပေးမယ်နော်။ အသီးစားရင်း ဝိတ်ချတာက ကောင်းလား.... အသီးအရွက်တွေစားပြီး ဝိတ်ချတာက ကိုယ်အလေးချိန်ကျစေနိုင်သလို အသားအ​ရေကို ကြည်လင်စေတဲ့ အာနိသင်ကိုပါ ပေးစွမ်းပါတယ်။ ဒီတော့ အာဟာရလည်းရ၊ အသားလည်း ကြည်၊ ဝိတ်လည်းကျစေဖို့ အစာအိမ်ပြဿနာမရှိဘူးဆိုရင် အသီးစားပြီး ဝိတ်ချတာက တော်တော်လေး အဆင်ပြေမှာပါ။ အသီးတိုင်းက အဆီလောင်ကျွမ်းစေနိုင်လား.......... အသီးတိုင်းက အဆီလောင်ကျွမ်းစေနိုင်လားဆိုတော့ မဟုတ်ပါဘူး။ အသီးအချို့ပဲ အဆီကို လောင်ကျွမ်းစေပြီး ဝိတ်ကျစေဖို့ အားဖြည့်ပေးတာပါ။ ဝိတ်ကျစေမယ့် အသီးအချို့ ကဘာတွေလဲ..... ဒီအသီးတွေစားပေးတာက ဝိတ်ကျဖို့ တော်တော်လေးအထောက်အကူပြုပေးပါတယ်။ ထောပတ်သီး ထောပတ်သီးမှာ အစားစားချင်စိတ်ကို အကောင်းဆုံးထိန်းချုပ်ပေးနိုင်တဲ့ အကျိုးပြုအဆီတစ်မျိုးဖြစ်တဲ့ Omega-9 fatty acids ပါဝင်နေပါတယ်။ ဒီအဆီဓာတ်က ကိုယ်တွင်းဇီဝကမ္မဖြစ်စဉ်တွေကို အကောင်းဆုံးလည်ပတ်စေနိုင်ပါတယ်။ Omega-9 fatty […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

ပူပူနွေးနွေးစားပေးခြင်း နဲ့ ကျန်းမာရေး

အစားအစာတွေကိုစားရင် ပူပူနွေးနွေးစားရတာကြိုက်လား။ အေးနေတာကိုကြိုက်လား။ ဒီမေးခွန်းလေးကို ဖတ်ကြည့်ပြီး ထွက်လာတဲ့အဖြေက ပူပူနွေးနွေးစားတာကိုမှ ကြိုက်ပါတယ်ဆိုရင်တော့ ဒီဆောင်းပါးလေးက သင့်အတွက်ပါ။ အစားအစာတွေစားသုံးတဲ့အခါ ပူပူနွေးနွေးစားသုံးပေးပါလို့ ပြောရတဲ့အကြောင်းအရင်း အစားအစာကိုပူပူနွေးနွေးစားတာက ကျန်းမာရေးအတွက်ကောင်းတယ်လို့ ရှေးယခင်ကာလတွေကတည်းက လက်ခံထားခဲ့ကြတာပါ။ အစားအစာတွေကို ပူပူနွေးနွေးစားတာက အရသာတင်တိုးစေတာမဟုတ်ဘဲခုလိုလည်း အကျိုးကျေးဇူးတွေရရှိနိုင်ပါသေးတယ်။ အစာကြေလွယ်တယ် ပူနွေးတဲ့ အစားအစာတွေက အစာကြေလွယ်စေပြီး ခန္ဓာကိုယ်အတွက်လည်း အာဟာရတွေကိုတော်တော်လေးထောက်ပံ့ပေးနိုင်ပါတယ်။ အစားအစာတွေကိုချက်ပြုတ်ပြီး ပူပူနွေးနွေးစားသုံးမှုက အာဟာရပြည့်ဝစေပြီး ချေဖျက်ရလည်း လွယ်ကူတာကြောင့် အစာမကြေတာ ရင်ပြည့်တာတွေမဖြစ်အောင် အထိရောက်ဆုံး ကာကွယ်နိုင်ပါတယ်။ ဇီဝကမ္မဖြစ်စဉ်ကို ကောင်းမွန်စေနိုင်တယ် အေးနေတဲ့အစားအစာတွေက အစာခြေစနစ်ကို ဝန်ပိစေပြီး ဇီဝကမ္မဖြစ်စဉ်ကို နှေးကွေးစေနိုင်ပါတယ်။ ကိုယ်အလေးချိန်ကျအောင်လုပ်ဆောင်မှုကို အဟန့်အတားဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ဝိတ်ချနေတယ်ဆိုရင်တော့ အစားစအာတွေကို ပူပူနွေးနွေးစားပေးပါ။ ပူနွေးနေတဲ့ အစားအစာတွေက အေးစက်နေတဲ့ အစားအစာတွေထက် စိတ်ကျေနပ်မှုပိုရစေနိုင်ပြီး အစားစားပြီးချိန်မှာလည်း ပျော်ရွှင်မှုကို ခံစားရစေနိုင်ပါတယ်။ အရသာပိုပြည့်စုံစေတယ် လေ့လာမှုတွေအရ အစားအစာတွေကိုချက်ပြုတ်လိုက်တဲ့အခါ အာဟာရတွေတင်တိုးသွားစေတာမဟုတ်ဘဲ အရသာကိုလည်း ပြည့်စုံသွားစေနိုင်ပါတယ်။ […]


အာဟာရဆိုင်ရာ အချက်အလက်များ

ခရမ်းကစော့သီးလေးတွေ ကပေးတဲ့ ကျန်းမာရေး

မီးကင်ပြီးပဲတို့စားစား၊ ပြုတ်ပြီးပဲတို့တို့၊ ခရမ်းချဉ်သီးနဲ့ပဲချက်စားစား စားလိုက်တိုင်း ဖောက်ခနဲဖြစ်ပြီး အရသာရှိတဲ့ ခရမ်းကစော့သီးလေးတွေ ကို ကြိုက်တဲ့သူတွေရှိလား။ ဒီစားကောင်း ခရမ်းကစော့သီးလေးက ကျန်းမာရေးကို တော်တော်လေးအထောက်အကူပြုပေးနိုင်ပါတယ်။ ခရမ်းကစော့သီးလေးတွေ ကပေးတဲ့ ကျန်းမာရေး..... ဖောက်ဖောက်၊ ဖောက်ဖောက်နဲ့ စားလို့ကောင်းတဲ့ ခရမ်းကစော့သီးလေးက အခုလိုကျန်းမာရေးအကျိုးကျေးဇူးတွေကို ပေးနိုင်ပါတယ်။ ကင်ဆာ ကာကွယ်ပေးတယ် ခရမ်းကစော့သီးလေးတွေ က ကင်ဆာ ကာကွယ်ပေးနိုင်သလို ကင်ဆာကုသရာမှာလည်း ထိရောက်မှုရှိပါတယ်။ ခန္ဓာကိုယ်ကျန်းမာစေဖို့ အာဟာရတွေပြည့်ဝစွာပါဝင်နေသလို ကင်ဆာဆဲလ်တွေ မပွားစေဖို့လည်း အကောင်းဆုံးဟန့်တားပေးနိုင်ပါတယ်။ ခရမ်းကစော့သီးကို ရှေးယခင်ကာလတွေကတည်းက ကင်ဆာကာကွယ်ဖို့ အသုံးပြုခဲ့ကြပါတယ်။ အကိုက်အခဲ သက်သာစေနိုင်တယ် ခရမ်းကစော့သီးတွေက နာကျင်မှုကို သက်သာစေနိုင်ပါတယ်။ ခရမ်းကစော့သီးမှာပါတဲ့ ဓာတ်တစ်မျိုးက နာကျင်မှုကိုသက်သာစေသလို အရောင်ကျစေနိုင်တဲ့ အာနိသင်လည်းရှိပါတယ်။ ခန္ဓာကိုယ်မှာဖြစ်တဲ့ နာကျင်ကိုက်ခဲမှုတွေသက်သာစေဖို့အတွက် အသုံးပြုပေးလို့ရပါတယ်။ ရောင်ရမ်းမှုကို သက်သာစေနိုင်တယ် လည်ချောင်းနာတာ၊ ပါးစပ်ထဲမှာ အနာလေးတွေဖြစ်ပြီး နာကျင်ရောင်ရမ်းတာကို သက်သာစေဖို့လည်း ခရမ်းကစော့သီးကို စားပေးလို့ရပါတယ်။ ထိခိုက်ဒဏ်ရာတွေကြောင့် နာကျင်ရောင်ရမ်းတာကို […]


အဝလွန်ခြင်း

ပြောပြောနေကျ BMI ဆိုတာ ဘာလဲ

Body mass index (BMI) ဆိုတာ ခန္ဓာကိုယ်မှာရှိတဲ့ အဆီ (body fat) ပမာဏကို အနီးစပ်ဆုံးသိရဖို့ သုံးတဲ့နည်းလမ်းတစ်ခုဖြစ်ပါတယ်။ တွက်ရတာလည်း အလွန်လွယ်ကူပါတယ်။ မိမိရဲ့ ကိုယ်အလေးချိန် (kg) ကို တည်ပြီး မိမိရဲ့အရပ် (m2) နဲ့ စားလိုက်ရုံပါပဲ။ အခုခေတ်မှာဆို BMI ကို အလွယ်တကူတွက်ပေးတဲ့ mobile application တွေ၊ ပေါင်ချိန်စက်တွေလည်း ပေါပေါများများရှိနေပါပြီ။ BMI ကို ဘယ်သူတွေ တွင်တွင်ကျယ်ကျယ် အသုံးပြုနေကြသလဲဆိုရင်တော့ body builders (ခန္ဓာကိုယ် အချိုးအစားကျနစွာလှပအောင် ကြိုးစားနေသူများ) အားကစားသမားများ ကိုယ်ဝန်ဆောင်မိခင်များပဲဖြစ်ပါတယ်။ BMI interpretation အရွယ်ရောက်ပြီးသူတွေ (young and middle-aged adults) အတွက် healthy BMI range ကတော့ 18.5 […]


အာဟာရဆိုင်ရာ အချက်အလက်များ

ဖက်ဖယ်ရွက် ကပေးတဲ့ ကျန်းမာရေးအာနိသင်

ထိုင်းဟင်းလျာတိုင်းလိုလိုမှာ ပါတတ်တဲ့ ဖက်ဖယ်ရွက် က ဟင်းခတ်အမွှေးအကြိုင်အနေနဲ့တင်မဟုတ်ဘဲဆေးဖက်လည်းဝင်ပါသေးတယ်။ အာရှနိုင်ငံတော်တော်များများမှာ ဟင်းခတ်အမွှေးအကြိုင်အနေနဲ့ အသုံးပြုလေ့ရှိတဲ့ ဖက်ဖယ်ရွက်လေး က ဘယ်လို ကျန်းမာရေးအကျိုးကျေးဇူးတွေကိုများပေးစွမ်းနိုင်လဲဆိုတာကို ဒီဆောင်းပါးလေးထဲမှာ ဖတ်ကြည့်လိုက်ပါ။ ဖက်ဖယ်ရွက် ဆိုတာက ဗီယက်နမ်မျိုးရင်းဝင်အပင်တစ်မျိုးဖြစ်ပြီး ဟင်းချိုတွေ၊ စတူး နဲ့ အသုပ်တွေထဲမှာ ဟင်းခတ်အမွှေးအကြိုင် အနေနဲ့အသုံးပြုကြပါတယ်။ ဟင်းလျာတွေထဲမှာ ဟင်းခတ်အမွှေးအကြိုင် အဖြစ်အဓိကအသုံးပြုကြတဲ့အရွက်တစ်မျိုးပေါ့။ အစိမ်းရင့်ရောင်ရှိတဲ့ အရွက်ခပ်ချွန်ချွန်လေးတွေပါ။ ဖလေဗာနွိုက်ကြွယ်ဝစွာပါဝင်တာကြောင့် ခန္ဓါကိုယ်အတွက်တော်တော်လေးအထောက်အပံ့ဖြစ်စေနိုင်ပါတယ်။ ဖက်ဖယ်ရွက် ရဲ့ ကျန်းမာရေးအာနိသင် ဟင်းခတ်အမွှေးအကြိုင်အနေနဲ့ ဟင်းလျာတွေရဲ့ အနံ့အရသာကိုတိုးစေနိုင်တဲ့ ဖက်ဖယ်ရွက်လေးက နာကျင်ရောင်ရမ်းမှုကို သက်သာစေနိုင်ပါတယ် အစာကြေစေနိုင်တယ် သွေးတွင်းအဆိပ်အတောက်တွေကို ဖယ်ရှားပေးနိုင်တယ် အအေးမိတုပ်ကွေးဖြစ်တာကို သက်သာစေနိုင်တယ် နှာစေးနှာပိတ်တာကို သက်သာစေနိုင်တယ် အဆိပ်ရှိတဲ့အကောင်တွေ ကိုက်ခံရတဲ့အခါ အဆိပ်ပြေစေဖို့အတွက် အသုံးပြုပေးလို့ရပါတယ် ဗိုက်အောင့်ဗိုက်နာတာကို သက်သာစေနိုင်ပါတယ် ဝမ်းပျက်ဝမ်းလျှောသက်သာစေနိုင်ပါတယ် သွေးသန့်စေတယ် ဝက်ခြံသက်သာစေတယ် အရေပြားကျန်းမာစေနိုင်တယ် ဆီးချိုသက်သာစေနိုင်တယ် အစာအိမ်ဝေဒနာသက်သာစေနိုင်တယ် ဗောက်သက်သာစေနိုင်တယ် […]


အာဟာရဆိုင်ရာ အချက်အလက်များ

ပဲပင်ပေါက် ကပေးတဲ့ ကျန်းမာရေးအကျိုးကျေးဇူး

ပဲပင်ပေါက် လို့ပြောလိုက်ရင်ထွေထွေထူးထူးပြောစရာမလိုပဲတောင် လူတိုင်းလိုလို သိထားပြီးဖြစ်မှာပါ။ ပဲပင်ပေါက် ကိုကြော်စားလို့ရသလို အသုပ်တွေထဲမှာပဲထည့်ထည့်၊ သုပ်ပြီးတော့ပဲဖြစ်ဖြစ်၊ ဟင်းချိုချက်ပြီးတော့ပဲဖြစ်ဖြစ်၊ အချဉ်စိမ်ပြီးတော့ပဲဖြစ်ဖြစ်စားလေ့ရှိကြပါတယ်။ ဒီလိုမျိုး စားလို့ကောင်းတဲ့ ပဲပင်ပေါက် ကိုနေ့တိုင်းစားသုံးပေးမယ်ဆိုရင် ဘယ်လိုအကျိုးကျေးဇူးတွေရရှိမလဲဆိုတာကိုသိချင်ရင် ဒီဆောင်းပါးလေးထဲမှာ ဖတ်ကြည့်လို့ရပါတယ်။ ပဲပင်ပေါက် ဆိုတာ ပဲပင်ပေါက်ဆိုတာက ပဲစေ့လေးတွေကနေ စပြီး အပင်ပေါက်လာတဲ့အေ့ခြအနေပါ။ ထိပ်ဖျားမှာ အဝါရောင် အရွက်နှစ်ခုရှိနေပြီး အဖြူရောင်ရိုးတံလေးနဲ့ အမြစ်ခပ်ပါးပါးလေးပါတဲ့ အပင်ငယ်လေးတွေပါ။ ပဲပြားနဲ့ပဲပင်ပေါက်ကိုရောကြော်စားကြတာများသလို အသုပ်တွေ၊ မုန့်ဟင်းခါးထဲမှာလည်း ထည့်စားကြပါတယ်။ ပဲတီချဉ်သုပ်ကလည်းမြန်မာလူမျိုးတွေကို ခံတွင်းမြိန်စေတဲ့ ဟင်းလျာတစ်မျိုးပါ။ ပဲပင်ပေါက် စားရင်းရရှိမယ့် ကျန်းမာရေးအကျိုးကျေးဇူးတွေက ပဲပင်ပေါက်က အာဟာရဓါတ်ကြွယ်ဝသလို ခန္ဓါကိုယ်အတွက်လိုအပ်တဲ့ ဗီတာမင် နဲ့ သတ္တုဓါတ် တွေကြွယ်ဝစွာပါဝင်နေတာကြောင့် ခန္ဓါကိုယ်ကိုကျန်းမာစေနိုင်ပါတယ်။ ကိုယ်ခံအားကောင်းစေတယ် ပဲပင်ပေါက်မှာ ဗီတာမင် C ပါဝင်တာကြောင့် ကိုယ်ခံအားကိုကောင်းစေနိုင်ပြီးရောဂါပိုးတွေကူးစက်မှုကနေ အထိရောက်ဆုံးကာကွယ်ပေးနိုင်ပါတယ်။ ဓါတ်တိုးဆန့်ကျင်အာနိသင်ပါဝင်နေတာကြောင့် ခန္ဓါကိုယ်ကို ကျန်းမာစေပြီး ဇီဝကမ္မလုပ်ငန်းစဉ်တွေကို အကောင်းဆုံးလည်ပတ်စေနိုင်မှာပါ။ ဗီတာမင် A […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

ဓာတ်ဆားရည် သောက်ပေးသင့်တဲ့ အကြောင်းအရင်း

နေ့စဉ်လှုပ်ရှားမှုတိုင်းကို အကောင်းဆုံး လုပ်ဆောင်နိုင်စေဖို့ ခန္ဓာကိုယ်ကျန်းမာနေစေဖို့ အာဟာရဓာတ်လိုအပ်သလို အခြားလိုအပ်တဲ့ ဗီတာမင် နဲ့ သတ္တုဓတ်တွေလည်းရှိပါတယ်။ ဒီလိုအပ်တဲ့ဓာတ်တွေထဲမှာ ဓာတ်ဆားဓာတ်ကလည်း ချန်ထားလို့မဖြစ်တဲ့ာအရာ တစ်ခုပေါ့။နေ့စဉ်လှုပ်ရှားမှုတွေ လုပ်ရင်ဖြစ်ဖြစ်၊လေ့ကျင့်ခန်းတွေ လုပ်ရင်ဖြစ်ဖြစ် ထွက်သွားတဲ့ ချွေးတွေကြောင့် ကိုယ်တွင်းမှာ ဓာတ်ဆားဓာတ်တွေက အစဉ်မပြတ် ဆုံးရှုံးနေပါတယ်။ ဒီဓာတ်တွေကို အစားအသောက်တွေက ဖြည့်တင်းနိုင်တယ် ဆိုပေမယ့် ဝမ်းပျက်တာမျိုး၊ ဖျားနာတာမျိုး ဖြစ်တဲ့အခါ လုံလောက်တဲ့ ဓာတ်ဆားဓာတ်ကို အစားအသောက်တွေကနေတဆင့် ပြန်လည် မဖြည့်တင်းနိုင်တဲ့အခါ ဓာတ်ဆားရည်ကို တပ်ကူခေါ်ဖို့လိုလာမှာပါ။ ဘယ်လိုအခြေအနေမျိုးမှာ ဓာတ်ဆားရည်သောက်ဖို့လိုမလဲ......... နေ့စဉ်တိုင်း စားသုံးနေတဲ့ အစားအစာတွေထဲမှာ ဓာတ်ဆားဓာတ်က ပါဝင်နေတာကြောင့် ပုံမှန်အချိန်တွေမှာ ဓာတ်ဆားရည် သောက်ဖို့မလိုပေမယ့် ဒီလိုအခြေအနေမျိုးတွေမှာတော့ ဓာတ်ဆားရည် သောက်ဖို့ လိုပါမယ်။ ဖျားနေတဲ့အခါမျိုး ချွေးထွက်များတဲ့အခါမျိုး အော့အန် နေတဲ့အခါမျိုး ဝမ်းသွားနေတဲ့အခါမျိုး တစ်နာရီကျော်တဲ့အထိ လေ့ကျင့်ခန်းလုပ်ပြီးတဲ့အခါမျိုး အချိန်အကြာကြီးနေပူထဲမှာနေမိတဲ့အခါမျိုး […]


ကိုယ်အလေးချိန်လျှော့ချခြင်း

ဝိတ်ချဖို့အတွက် plan ရွေးတော့မယ်ဆိုရင်

ဝိတ်ချတော့မယ်၊ ဝိတ်ချတော့မယ် ပေါင် ၁၅၀ ဆိုတဲ့သူလေးတွေရှိလား။ ဝိတ်ချမယ်လို့ပြောနေပေမယ့် ကိုယ်အလေးချိန်တွေက ကျမသွားဘူးဆိုရင် သေချာတာက သင်က ဝိတ်ချနည်းကို စရွေးကတည်းက မှားယွင်းမှုရှိနေလို့ပါ။ ဒါဆိုရင် ဝိတ်ချဖို့နည်းလမ်း ဘယ်လိုရွေးရမှာလဲလို့များ မေးချင်နေပြီလား။ ဒီဆောင်းပါးလေးထဲမှာ ပြောပြပေးမယ်နော်။ ဝိတ်တကယ်ကျဖို့ မဖြစ်မနေလိုအပ်ချက်တစ်ခု ဝိတ်ကျချင်တယ်ဆိုရင် လေ့ကျင့်ခန်းလုပ်ရုံ အစားလျှော့ရရုံနဲ့လုံလောက်ပြီလား။ တကယ်ကို ကျန်းမာပျော်ရွှင်စွာနဲ့ ဝိတ်ကျသွားဖို့က ဒီအချက်တွေအပြင် ကိုယ့်ဝိတ်ချမယ့် plan ကကိုယ်နဲ့ အဆင်ပြေမလားဆိုတာကို အရင်စဉ်စားဖို့ပါ။ Plan ကကိုယ်နဲ့ တကယ်အဆင်ပြေမှလည်း ရေရှည် လုပ်နိုင်တော့မှာပေါ့။ ဒီတော့ ဝိတ်မချခင်မှာ ကိုယ့်နဲ့အဆင်အ​ပြေဆုံးဖြစ်မယ့် plan ကိုရွေးစေချင်ပါတယ်။ အဆင်ပြေပြေဝိတ်ချကြမယ် ဝိတ်ချတော့မယ်လို့ တွေးပြီးပြီ ဆုံးဖြတ်ချက်က တော်တော်လေးပြင်းထန်နေပြီဆိုရင် ဒီအချက်တွေကို ကိုယ့်ကိုယ်ကိုယ်အရင်မေးကြည့်ပါ။ ကိုယ်ရွေးချယ်မယ့် ဝိတ်ချနည်းက ကိုယ်နဲ့ ကိုက်ရဲ့လား... ကိုယ်က အစားတသွတ်သွတ် စားတတ်သူဖြစ်နေမယ်ဆိုရင် အစာစားတဲ့အကြိမ်ရေကို ကန့်သတ်တဲ့ ဝိတ်ချနည်းတွေက သင်နဲ့ […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Nyi Nyi Kyaw

အာဟာရပညာရှင် • Sakura Hospital

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း