ကျန်းမာစွာ စားသောက်ခြင်း

အစားအသောက်က ကျန်းမာစေဖို့ ထိန်းသိမ်းပေးသလို ရောဂါတွေကို ကာကွယ်ရာမှာ အကူအညီပေးခြင်းဖြင့် ကျန်းမာစွာနေထိုင်မှုအပေါ်မှာ အများကြီး သက်ရောက်နေပါတယ်။ ကံမကောင်းတာတစ်ခုက ကျန်းမာစွာ စားသောက်ခြင်းနဲ့ပတ်သက်ပြီး ယုံတမ်းစကားတွေ များစွာရှိနေတာပါ။ ဒါကြောင့် ကျန်းမာစွာ စားသောက်ခြင်းနဲ့ ပတ်သက်ပြီး သိထားတဲ့အချက်တွေက မှန်သလား မှားသလားဆိုတာကိုသေချာ သိဖို့ လိုပါမယ်။

ကျန်းမာရေးဗဟုသုတ

ကျန်းမာစွာ စားသောက်ခြင်း

ဓာတ်ဆားရည် အစားထိုး သဘာဝ သောက်စရာများ

ခန္ဓာကိုယ် ကျန်းမာနေစေဖို့အတွက် အာဟာရတွေ ပြည့်ဝမျှတနေဖို့ လိုပါတယ်။ ဒီလို ပြည့်ဝမျှတနေရမယ့် အရာတွေထဲမှာ ဓာတ်ဆားဓာတ်လို့ ခေါ်တဲ့ Electrolytes တွေကလည်း အရေးပါပါတယ်။ ခန္ဓာကိုယ်မှာ ဓာတ်ဆားဓာတ် မျှတနေမှလည်း နေ့စဉ်ဘဝကို ကျန်းမာပျော်ရွှင်စွာ ဖြတ်သန်းနိုင်မှာပါ။ အားကစား လုပ်လို့ ချွေးအရမ်းထွက်ချိန်မှာ ဖြစ်ဖြစ်၊ အပူဒဏ်ကြောင့် ချွေးထွက်များတာ၊ အခြား အခြေအနေ တစ်ရပ်ရပ်ကြောင့် ခန္ဓာကိုယ်မှာ ဓာတ်ဆားဓာတ် နဲ့ ရေဓာတ် ဆုံးရှုံးသွားတဲ့အခါ ပြန်လည်ဖြည့်တင်းဖို့ ဓာတ်ဆားရည်၊ Sport drinks တွေကို သောက်ဖို့ အကြံပြုတတ်ကြပါတယ်။ ဒါပေမယ့် ဓာတ်ဆားရည်ကို မနှစ်သက်ဘူး။ ဓာတ်ဆားရည်အစား အခြား ဓာတ်ဆားဖြည့်ပေးမယ့် သောက်စရာလေးတွေများ မရှိဘူးလားလို့ တွေးနေပြီလား။ ဒါဆိုရင်တော့ ဒီဆောင်းပါးလေးက သင့်အတွက်ပါ။ ဒီဆောင်းပါးလေးထဲမှာ ဓာတ်ဆားရည် အစားထိုး သဘာဝ သောက်စရာများ […]

ကျန်းမာစွာ စားသောက်ခြင်း ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကျန်းမာစွာ စားသောက်ခြင်း ကို ရှာဖွေမည်။

ကိုယ်အလေးချိန်လျှော့ချခြင်း

ဝိတ်ချနေချိန်မှာ အဖျော်ယမကာသောက်သုံးလို့ရသလား?

"ခင်ဗျား ဝိတ်ချနေတာနဲ့ပဲ သူငယ်ချင်းတွေနဲ့ ပျော်ပျော်ပါးပါး သောက်စားတာမျိုးကို ရပ်တန့်လိုက်စရာမလိုပါဘူး" လို့ ကိုယ်အလေးချိန် ထိန်းသိမ်းရေး ပညာရှင် အလိုနာ ဘန်ဇနယ်လီက ပြောဖူးပါတယ်။ ယေဘုယျအားဖြင့်တော့ အရက်သေစာနဲ့ အဖျော်ယမကာ သောက်စားတာမျိုးကို တတ်နိုင်သမျှ ရှောင်ကြဉ်ကြပါတယ်။ ဒါဟာ ကောင်းတဲ့ အလေ့အထတစ်ခုဖြစ်ပါတယ်။ ခုပြောချင်တာကတော့ အလေးချိန်လည်းချချင်တယ်။ အဖျော်ယမကာလေးလည်း တစ်ခါတစ်ရံ မှီဝဲချင်တယ်ဆိုတဲ့ သူတွေအတွက်ပါ။ တကယ်တမ်းအားဖြင့် အယ်လ်ကိုဟောမှာ ကယ်လိုရီဓာတ်တွေ ပါဝင်ပြီးတော့ ပရိုတိန်း၊ ဗီတာမင်၊ သတ္တုဓာတ်တွေနဲ့ အမျှင်ဓာတ်တွေလည်း နည်းနည်းစီပါဝင်ပါတယ်။ ဒါကြောင့် ကိုယ်အလေးချိန်လျှော့ချနေသူတွေအနေနဲ့ သင့်တော်တဲ့ပမာဏမျိုးနဲ့ အဖျော်ယမကာသောက်သုံးတာမျိုးလုပ်ချင်တယ်ဆိုရင် လုပ်နိုင်တယ်ဆိုတဲ့သဘောပါ။ ဒါကြောင့် အရက်အပါအဝင် အဖျော်ယမကာတွေကို သင့်တော်ရုံ ပမာဏမျိုး သောက်သုံးပေးခြင်းဟာ မိမိတို့ နေ့စဉ်လိုအပ်တဲ့ ကယ်လိုရီစားသုံးမှုကို အထောက်အကူဖြစ်စေပါတယ်။ ဝိတ်ချနေချိန်မှာ တစ်ပတ်ကို ဘယ်လောက်ပမာဏ သောက်သုံးသင့်သလဲ? ကိုယ်အလေးချိန်လျှော့ချနေချိန်မျိုးမှာ ကယ်လိုရီသုံးစွဲမှုပမာဏကို အဆက်မပြတ် စောင့်ကြည့်နေဖို့ […]


ကျန်းမာစွာချက်ပြုတ်ခြင်း

လူလုပ် ဝက်သားတု စားကြမလား

ဝက်သား ဟာ ကမ္ဘာပေါ်မှာ လူကြိုက်အများဆုံး အသားတစ်မျိုးလို့ ဆိုစမှတ်ရှိပါတယ်။ မြန်မာ့ဆိုရိုးတစ်ခုမှာလည်း “အသားမှာ ဝက်” လို့ ဆိုထားတယ်မဟုတ်လား။ အခုတော့ ဝက်သားကို နည်းပညာအကူအညီနဲ့ အတုဖန်တီးနိုင်ခဲ့ပြီဖြစ်ပါတယ်။ ကမ္ဘာ့ပထမဆုံး စိုက်ပျိုးထုတ်လုပ်မှုအခြေပြု ဝက်သားတု ကို Consumer Electronics Show 2020 ပြပွဲမှာ ထုတ်ဖော် ပြသခဲ့ပြီးတော့ လူစိတ်ဝင်စားမှုလည်း ကြီးကြီးမားမားရခဲ့ပါတယ်။ လက်ရှိမှာ အဆိုပါ လူလုပ် ဝက်သားတုကို Impossible Pork လို့ နာမည်ပေးထားပြီးတော့ Kosher နဲ့ Halal Certified ရထားတာမို့ အစ္စလာမ်ဘာသာဝင်တွေပါ စားသုံးလို့ရပါတယ်။ ဒီ ဝက်သားကို အသုံးပြုထားတဲ့ ဟမ်ဘာဂါတွေကို Burger King ဆိုင်တစ်ချို့မှာ စတင်ပြီး စားသုံးလို့ရမှာပါ။ သဘာဝအတိုင်း မဟုတ်ပဲ လူသားနည်းပညာဖန်တီးထုတ်လုပ်ထားတဲ့ အဲဒီ Impossible […]


ကိုယ်အလေးချိန်လျှော့ချခြင်း

ဝိတ်ချ နေရင်း ကြုံနေရမယ့် သင်သတိမထားမိတဲ့ ထောင်ချောက်တွေ

ကိုယ်က သစ္စာရှိရှိနဲ့ ဝိတ်ချ နေပါတယ်။ စားချင်တာတွေကို အောင့်ထားရတယ်၊ အပင်ပန်းခံပြီး အားကစားလုပ်တယ်၊ လမ်းလျှောက်ထွက်တယ်၊ အရသာမရှိတဲ့ diet ပလန်တွေလည်း ကြိုးစားပြီး စားပါတယ်။ ဒါပေမယ့် ဝိတ်ကမကျတဲ့အပြင် ပိုတောင်တက်တက်လာလို့ စိတ်ညစ်နေရတာမျိုး သိပ်ဆိုးပါတယ်နော်။ ကိုယ်အလေးချိန်ထိန်းဖို့ လေ့ကျင့်ခန်းတွေနဲ့ diet တွေက အရေးပါတယ်ဆိုပေမယ့် တစ်ခါတစ်လေမှာ သတိမထားမိလိုက်တဲ့ထောင်ချောက်တွေ ရှိနေတတ်ပါတယ်။ အဲဒါတွေကြောင့် ကြိုးစားထားသမျှ အရာမထင်တာ၊ ဖတ်ခနဲ ဝိတ်ပြန်တက်တာတွေ ဖြစ်စေတာပေါ့။ အဲဒီထောင်ချောက်တွေက ဘာတွေများလဲ ဆက်ပြီးကြည့်ရအောင်… ကျန်းမာရေးနဲ့ညီတဲ့ အစားအသောက်တွေ အစားများသွားတာ ကျန်းမာရေးနဲ့ညီတာ ကောင်းတယ်ဆိုပေမယ့်လည်း ပမာဏကလည်း အရေးပါတယ်ဆိုတာ မမေ့သင့်ပါဘူး။ ဥပမာ ထောပတ်သီး၊ အုတ်ဂျုံ၊ ဆန်လုံးညို၊ အစေ့အဆန် စတဲ့ အာဟာရပြည့်အစားအစာတွေကို ဝိတ်ချပလန်မှာ အသုံးများပေမယ့် လိုတာထက်ပိုစားမိရင် ကယ်လိုရီများပြီး ဝိတ်တက်စေနိုင်ပါတယ်။ ရေလုံလောက်အောင် မသောက်တာ ရေက ခန္ဓာကိုယ်ကို ခွန်အားဖြစ်စေနိုင်တဲ့အပြင် […]


အာဟာရဆိုင်ရာ အချက်အလက်များ

ကြက်သား ဒံပေါက်တစ်ပွဲကပေးတဲ့ အာဟာရ

ဒံပေါက်ဆိုတဲ့ အစားအစာဟာ မြန်မာတွေအကြိုက် အစားအစာတစ်မျိုးပါ။ ကြက်သားတုံးခပ်ကြီးကြီးလေးနဲ့ မဆလာနံ့သင်းသင်းလေးဟာ သာမန်လူတစ်ယောက်ကို အလိုလိုနေရင်း ဗိုက်ဆာလာအောင် ဆွဲဆောင်နိုင်ပါတယ်။ ရိုးရာအစားအစာတစ်ခုမဟုတ်ပေမယ့် ဒံပေါက်ဟာ မြန်မာတွေရဲ့ အလှူမင်္ဂလာနဲ့ ပွဲလမ်းသဘင်တွေရဲ့ အကျွေးအမွေးတွေမှာ မကြာခဏဆိုသလို ပါဝင်လေ့ရှိတဲ့အထိ လူကြိုက်များတဲ့ အစားအစာတစ်ခုပါ။ ဒံပေါက်ဟာ အဆီဓာတ်များတဲ့အစားအစာဖြစ်တာမို့ အလွန်အကျွံစားမိတဲ့အခါ သွေးတိုးတာ၊ အစာမကြေတာမျိုးတွေဖြစ်တတ်ပါတယ်။ ဒါပေမယ့်လည်း အသား၊ ဟင်းသီးဟင်းရွက်နဲ့ ဆန်တို့ပါဝင်တဲ့ ဒံပေါက်ဟာ လူ့ကျန်းမာရေးကို အထောက်အကူပြုပြီး ကောင်းကျိုးတွေလည်းပေးနိုင်တယ်ဆိုတာကိုတော့ လူသိနည်းကြပါတယ်။ အထူးသဖြင့် ကောင်းမွန်ကျနစွာ ချက်ပြုတ်ထားတဲ့ ကြက်သားဒံပေါက်တစ်ပွဲဟာ အနံ့အရသာနဲ့ ပြည့်စုံရုံသက်သက်မဟုတ်ပဲ အောက်မှာ ဖော်ပြထားသလို ကျန်းမာရေးဆိုင်ရာ ကောင်းကျိုးတွေကိုလည်း ပေးပါလိမ့်မယ်။ အဲဒါတွေကတော့ … ၁။ အသားဓာတ်က ဗိုက်ပြည့်လွယ်စေတာကြောင့် ကိုယ်အလေးချိန်လျှော့ချဖို့ အထောက်အကူဖြစ်ပါတယ်။ ၂။ သီးစုံဒံပေါက်မဟုတ်တဲ့ ဒံပေါက်တွေဟာ အသားဓာတ်ကြွယ်ဝစွာပါဝင်တာမို့ အရိုးကိုခိုင်မာစေဖို့ အားပေးပါတယ်။ ၃။ ကြက်သားမှာ Niacin နဲ့ […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

Energy Drink တွေကပေးတဲ့ ဆိုးကျိုးတွေ

Energy Drink လို့ ခေါ်တဲ့ ခွန်အားဖြည့်အချိုရည် ချိုချိုလေးတွေဟာ လူကြိုက်များတဲ့ အဖျော်ယမကာတစ်မျိုးဖြစ်ပါတယ်။ ငယ်ငယ်ရွယ်ရွယ် ကလေးသူငယ်လေးတွေကနေအစ ဆယ်ကျော်သက်အရွယ် မြီးကောင်ပေါက်တွေအလယ် လူကြီးသူမတွေအဆုံး နှစ်သက်ကြလေ့ရှိပါတယ်။ ဒီအချိုရည်တွေကို ကမ္ဘာတစ်လွှားမှာ ဘယ်လောက်တောင် လူကြိုက်များလဲဆိုရင် လာမယ့် ၂၀၂၄ ခုနှစ်ရောက်ရင် ကမ္ဘာတစ်လွှား အဆိုပါအချိုရည်ဈေးကွက်ရဲ့ တန်ကြေးဟာ ဒေါ်လာ ၇၂ ဘီလီယံအထိရှိလာနိုင်မှာဖြစ်ပါတယ်။ လူတွေဘာကြောင့် ဒီအချိုရည်တွေကို စွဲစွဲလမ်းလမ်းနှစ်ခြိုက်သဘောကျနေကြတာလဲ။ လူတိုင်းနီးပါးက ခွန်အားဖြည့်အချိုရည်တွေဟာ စွမ်းအားကိုမြှင့်တင်ပေးနိုင်တယ်ဆိုတဲ့ ယုံကြည်မှုနဲ့ သူတို့ရဲ့ နှစ်သက်စရာအရသာအတွဲအဖက်ကြောင့် နှစ်ခြိုက်ကြတာဖြစ်ပါတယ်။ ခွန်အားဖြည့်အချိုရည်တွေဟာ တကယ်ရော ခွန်အားတွေပေးနိုင်ရဲ့လား၊ စွမ်းအားကိုတိုးစေမှာလား၊ ဦးနှောက်ကိုကြည်လင်စေပြီး စဉ်းစားတွေးခေါ်မှုတွေကို ပိုပြီး အထောက်အကူဖြစ်စေမှာလား … အဖြေကတော့ No ပါကွယ်။ ခွန်အားဖြည့်အချိုရည်တွေဟာ ကောင်းကျိုးတွေထက် ဘေးထွက်ဆိုးကျိုးတွေ ပိုပြီးများပြားပါတယ်။ လူတွေ သတိမထားမိတဲ့ ခွန်အားဖြည့်အချိုရည်တွေရဲ့ ဆိုးကျိုးလေးတွေကို ဖော်ပြလိုက်ရပါတယ်။ ခွန်အားဖြည့်အချိုရည်တွေဟာ […]


ကိုယ်အလေးချိန်လျှော့ချခြင်း

အစားနဲ့ပဲ ဝိတ်ချတော့မယ်လို့ စဉ်းစားထားတယ်ဆိုရင် ။ ။

ဝနေပြီ၊ အဆီတွေ စုနေပြီ။ ပြည့်လာပြီဆိုပြီး မှန်ထဲကြည့်လိုက်တိုင်း၊ အကျီၤတွေဝတ်ကြည့်တိုင်း စိတ်ညစ်နေပြီလား။ ဝလာနေမှန်းတော့သိတယ်။ အဆီချဖို့ လေ့ကျင့်ခန်းလုပ်ရမှာလည်း သိတယ်။ ဒါပေမယ့် မအားလို့၊ gym သွားရမှ ပျင်းလို့၊ လေ့ကျင့်ခန်းလုပ်ပြီး ပြန်နားလိုက်ရင် တရှိန်ထိုးဝလာမှာ ကြောက်လို့ဆိုပြီး လေ့ကျင့်ခန်းလုပ်ဖို့ တွန့်ဆုတ်နေလား။ တကယ်တော့ လေ့ကျင့်ခန်းက ကိုယ်အလေးချိန် လျှော့ချတဲ့နေရာမှာ ၂၀ ရာခိုင်နှုန်းလောက်ပဲ အသုံးဝင်တာပါ။ ဒီတော့ ကျန်တဲ့ ၈၀ ရာခိုင်နှုန်းက ဘယ်သူနဲ့ သက်ဆိုင်နေတာလဲ။ အစားအသောက်ပါ။ အစားကိုသာ ထိန်းစားနိုင်လို့ကတော့ ကိုယ်အလေးချိန်လျှော့ချနေတဲ့ plan ရဲ့ ၈၀ ရာခိုင်နှုန်းကို ကျော်ဖြတ်ပြီးသားဖြစ်သွားပြီး အချိန်တိုအတွင်း ကိုယ်ပေါ်မှာ စုနေတဲ့ အဆီ တွေ ကျသွားမှာပါ။ ဒါပေမယ့် အစားထိန်းစားတဲ့နေရာမှာ နည်းမှန်လမ်းမှန် ဖြစ်ဖို့ကတော့ အဓိက သော့ချက်ပဲဖြစ်ပါတယ်။ ပိန်ချင်လွန်းလို့ […]


အဝလွန်ခြင်း

ဘီယာသောက် လို့ ဗိုက်ပူတာလား

ဘီယာတွေ အလွန်အကျွံသောက်သုံးတတ်တဲ့ အမျိုးသားတွေမှာ ဗိုက်ထွက်လာတဲ့ ပြဿနာမျိုး ရင်ဆိုင်ရတတ်ပါတယ်။ ဒီလိုမျိုးဖြစ်လာပြီဆိုရင် ချစ်သူခင်သူ ရင်းနှီးသူတွေက ဘီယာသောက် တဲ့ အမျိုးသားကို ဘီယာဗိုက် လို့ စနောက်ကျမှာ မလွဲဧကန်ပါပဲ။ အသောက်အစားလေးကလည်းရှိ မအားမလပ်လို့ လေ့ကျင့်ခန်းလည်း ပုံမှန်မလုပ်နိုင်တဲ့သူတွေဆိုရင် ဘီယာဗိုက်ဆိုတဲ့ ဘွဲ့ကိုရဖို့ သိပ်နီးစပ်ပါတယ်။ ကမ္ဘာပေါ်မှာ ဘီယာဗိုက်ဖြစ်နေတာ ကိုယ်တစ်ယောက်တည်းတော့မဟုတ်ပါဘူး။ အတော်ကိုများပြားတဲ့ အမျိုးသားထုကြီးဟာ ဒီဘွဲ့ကို ရရှိနေကြပါတယ်။ တစ်ခုရှိတာက ဒီလို ဘီယာဗိုက်ဆိုတဲ့ ဘွဲ့အမည်နာမကြီးက တကယ်ကို ဘီယာသောက် လို့ ရလာတာလား။ ကြည့်ရအောင်။ ဘီယာသောက် တာဟာတကယ် ဗိုက်ပူစေသလား ဘီယာသောက် တာကြောင့် ဗိုက်ခေါက်ထွက်လာနိုင်တယ်လို့ ယတိပြတ်ပြောလို့မရပါဘူး။ သွယ်ဝိုက်တဲ့ နည်းလမ်းနဲ့ ဗိုက်ထွက်စေတာတော့ ဟုတ်ပါတယ်၊၊တကယ်တမ်း ဗိုက်ပူစေတဲ့ပြဿနာက ဘီယာသောက်သုံးပြီးတဲ့နောက်မှာ ခန္ဓာကိုယ်အတွင်း စုကျန်ခဲ့တဲ့ ကယ်လိုရီတွေကို လုံလောက်မျှတအောင် မချေဖျက်နိုင်တာကြောင့်ဖြစ်ပါတယ်။ ဘီယာထဲကပါလာတဲ့ ကယ်လိုရီတွေအပြင်၊ အမြည်းအဖြစ် […]


ကိုယ်အလေးချိန်လျှော့ချခြင်း

အဆီမြန်မြန်ကျ ချင်ရင် ကိုယ့်ရဲ့တစ်နေ့တာကို ဒီလိုပြောင်းလဲလိုက်ပါ

အဆီမြန်မြန်ကျ ချင်ရင် ကိုယ့်ရဲ့တစ်နေ့တာကို ဒီလိုပြောင်းလဲလိုက်ပါ ဒီဘက်ခေတ်ထဲမှာ ယောက်ျားလေးတွေရော မိန်းကလေးတွေပါ အဆီကျဖို့ ကြိုးစားလာကြတယ်နော်။ အဓိကကတော့ အလှအပကို ပိုပြီး ဦးစားပေးလာကြတယ်လို့ ထင်ရပေမယ့် ကျန်းမာရေးဘက်က ကြည့်ရင်း ကိုယ်ခန္ဓာတွင်းက မကောင်းတဲ့ အဆီပိုတွေကို အမြန်ချဖို့ လိုအပ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီအဆီတွေက ကိုယ်ထဲမှာ နေတာကြာလာတာနဲ့အမျှ အဝလွန်လာမယ်၊ ကိုယ်အလေးချိန် တိုးလာမယ်၊ ကြွက်သားတွေ လျော့တိလျော့ရဲ ဖြစ်လာမယ်။ နောက်ဆက်တွဲအနေနဲ့ သွေးတိုး၊ ဆီးချို၊ နှလုံးရောဂါတွေ ဖြစ်လာမယ်၊ ကင်ဆာရောဂါ တချို့ဖြစ်နိုင်ခြေပါ မြင့်တက်လာမှာပါ။ နောက်ပြီးတော့ ဝတဲ့သူတွေမှာမှ အဆီများနေတာမဟုတ်ပါဘူး။ ပိန်တဲ့သူတွေမှာလည်း ကိုယ်ခန္ဓာ၊ သွေးကြောတွေထဲမှာ အဆီဖုံးနေတာမျိုးတွေ ဖြစ်နိုင်တယ်နော်။ ဒါကြောင့် ကိုယ့်ကိုယ်ကိုယ် ဝနေတယ်လို့ ထင်နေတာဖြစ်စေ၊ ကျန်းမာရေးလိုက်စားဖို့အတွက်ဖြစ်စေ အဆီချဖို့ လိုအပ်တယ်နော်။ ဒီနေ့ပြောပြပေးမယ့် အကြောင်းအရာကတော့ အဆီချချင်တဲ့သူတိုင်း သိထားသင့်တဲ့ စားသောက်နေထိုင်မှုပုံစံနဲ့ […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

ကျန်းမာရေးနဲ့ညီညွတ်တဲ့ ခန္ဓာကိုယ်အချိုးအစားကိုပိုင်ဆိုင်စေဖို့ တစ်နေ့တာကို ဒီလိုပြောင်းလဲပါ

လူတစ်ယောက်ရဲ့ ကျန်းမာရေးအပေါ်သက်ရောက်နေတဲ့ အချက်တွေက တစ်ခုမကရှိနေနိုင်ပါတယ်။ ဒီအချက်တွေထဲမှာ ခန္ဓာကိုယ် အချိုးအစားကလည်း တစ်ခုအပါအဝင်ပေါ့။ ခန္ဓာကိုယ်အချိုးအစားဆိုတဲ့နေရာမှာ ခန္ဓာကိုယ်ကောက်ကြောင်းလှနေဖို့ထက် ကျန်းမာတဲ့ အချိုးအစားဖြစ်ဖို့က အရေးကြီးပါတယ်။ ဒီတစ်ခေါက်တော့ ကျန်းမာတဲ့ခန္ဓာကိုယ် အချိုးအစားရစေဖို့ တစ်နေ့တာမှာ လုပ်ဆောင်သင့်တဲ့အချက်လေးတွေကိုပြောပြပေးပါရစေ။ တစ်နေ့တာကို အလုပ်တွေနဲ့ပဲ အချိန်ကုန်နေတာ အဆင်မပြေပါဘူး အခုနောက်ပိုင်းမှာ တိုးတက်လာတဲ့လူနေမှုအဆင့်အတန်းကိုလိုက်မီဖို့ကြိုးစားရင်း မနက် နေထွက်ချိန်ကစေလို့ ညနေ နေဝင်ချိန်အထိ အလုပ်တွေပဲဖိလုပ်မိနေပြီလား။ အလုပ်လုပ်တာက ကောင်းပေမယ့် ကျန်းမာရေးကို ဂရုစိုက်ဖို့ကလည်း မေ့ထားလို့မဖြစ်ပါဘူး။ ဒီတော့ အချိန်ကို အကျိုးရှိရှိအသုံးချလို့ ခန္ဓာကိုယ် ကျန်းမာစေဖို့အတွက်လည်း လုပ်ဆောင်သင့်ပါတယ်။ ကျန်းမာရေးနဲ့ညီညွတ်တဲ့ ခန္ဓာကိုယ်အချိုးအစားရစေဖို့ တစ်နေ့တာကို ဘယ်လိုပြောင်းလဲရမလဲ......... ကျန်းမာရေးနဲ့ညီညွတ်တဲ့ ခန္ဓာကိုယ်အချိုးအစားလေးဖြစ်စေဖို့ဆိုရင် ဂရုစိုက်ရမှာက တစ်ချက်မကရှိနေနိုင်ပါတယ်။ ဒီအချက်တွေအားလုံးကို သေချာလေးလုပ်ဆောင်ပေးမယ်ဆိုရင် ရောဂါကင်းပြီး ကျန်းမာလှပတဲ့ ခန္ဓာကိုယ်လေးကို ပိုင်ဆိုင်နိုင်မယ်ဆိုတာ ထွေထွေထူးထူးပြောနေစရာမလိုအောင်ပါ။ အာဟာရပြည့်ဝအောင်စားပါ ခန္ဓာကိုယ် ကျန်းမာကြံ့ခိုင်စေဖို့ အရေးအကြီးဆုံးက အာဟာရပြည့်ဝဖို့ပါ။ ဒါကြောင့် […]


အဝလွန်ခြင်း

အရှေ့အလယ်ပိုင်းမှာ ကိတ်နေရင် အန္တရာယ်ရှိပါတယ်

ငါက ပိန်တာပဲ အဆီ တွေစားလို့ရတယ်၊ လေ့ကျင့်ခန်းလည်းလုပ်စရာမလိုဘူး၊ ပိန်တော့ကျန်းမာတယ် လို့ လေမကျယ်ကြပါနဲ့နော်။ ပိန်တဲ့သူလည်း ဗိုက်အဆီ၊ ဗိုက်ခေါက် ရှိနိုင်ပါတယ်။ ယောကျာ်းလေးဖြစ်ဖြစ်၊ မိန်းကလေးဖြစ်ဖြစ် ကျန်းမာရေးအတွက် သတိထားသင့်တဲ့ အချက်ကတော့ ဗိုက်နားတဝိုက် အဆီမတက်ဖို့ပါပဲ။ တခြားခန္ဓာကိုယ်အစိတ်အပိုင်းတွေထက် ဗိုက်မှာ အဆီရှိနေရင် ကြည့်မကောင်းရုံတင်မက ကျန်းမာရေးကိုပါ ဒုက္ခပေးမယ့် ရောဂါအမျိုးမျိုးယူဆောင်လာနိုင်လို့ပါ။ ဒါဆို ကျန်းမာရေးအတွက် စိတ်မပူသင့်ပေဘူးလား… ကျန်းမာကျစ်လျစ်တဲ့ ခန္ဓာကိုယ်ကို မတည်ဆောက်နိုင်ဘူးဆိုရင် ဗိုက်အဆီကြောင့် - နှလုံးရောဂါ ရုတ်တရက်နှလုံးရပ်တာ သွေးတိုးရောဂါ လေဖြတ်တာ အမျိုးအစား (၂) ဆီးချိုရောဂါ ပန်းနာရင်ကျပ်ရောဂါ ရင်သားကင်ဆာ အူမကြီးကင်ဆာ အဆစ်ရောင်နာ အယ်လ်ဇိုင်းမားနဲ့ တခြားမှတ်ဉာဏ်ချို့ယွင်းမှုရောဂါတွေ နောက်ဆက်တွဲအနေနဲ့ ဖြစ်လာနိုင်တာ ကြောက်စရာပါ။ ဒီလိုမဖြစ်စေဖို့ ကြိုတင်ကာကွယ်နိုင်မယ့် အကောင်းဆုံးအကြံဉာဏ်တွေကတော့ - အမျှင်ဓာတ်များများစားပါ။ အစိမ်းရောင်ရှိတဲ့အသီးအရွက်တွေ၊ ဂျုံကြမ်း၊ အစေ့အဆန်တွေ၊ ပဲတောင့်ရှည်တို့လို […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Nyi Nyi Kyaw

အာဟာရပညာရှင် • Sakura Hospital

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း