ကျန်းမာစွာ စားသောက်ခြင်း

အစားအသောက်က ကျန်းမာစေဖို့ ထိန်းသိမ်းပေးသလို ရောဂါတွေကို ကာကွယ်ရာမှာ အကူအညီပေးခြင်းဖြင့် ကျန်းမာစွာနေထိုင်မှုအပေါ်မှာ အများကြီး သက်ရောက်နေပါတယ်။ ကံမကောင်းတာတစ်ခုက ကျန်းမာစွာ စားသောက်ခြင်းနဲ့ပတ်သက်ပြီး ယုံတမ်းစကားတွေ များစွာရှိနေတာပါ။ ဒါကြောင့် ကျန်းမာစွာ စားသောက်ခြင်းနဲ့ ပတ်သက်ပြီး သိထားတဲ့အချက်တွေက မှန်သလား မှားသလားဆိုတာကိုသေချာ သိဖို့ လိုပါမယ်။

ကျန်းမာရေးဗဟုသုတ

ကျန်းမာစွာ စားသောက်ခြင်း

ဓာတ်ဆားရည် အစားထိုး သဘာဝ သောက်စရာများ

ခန္ဓာကိုယ် ကျန်းမာနေစေဖို့အတွက် အာဟာရတွေ ပြည့်ဝမျှတနေဖို့ လိုပါတယ်။ ဒီလို ပြည့်ဝမျှတနေရမယ့် အရာတွေထဲမှာ ဓာတ်ဆားဓာတ်လို့ ခေါ်တဲ့ Electrolytes တွေကလည်း အရေးပါပါတယ်။ ခန္ဓာကိုယ်မှာ ဓာတ်ဆားဓာတ် မျှတနေမှလည်း နေ့စဉ်ဘဝကို ကျန်းမာပျော်ရွှင်စွာ ဖြတ်သန်းနိုင်မှာပါ။ အားကစား လုပ်လို့ ချွေးအရမ်းထွက်ချိန်မှာ ဖြစ်ဖြစ်၊ အပူဒဏ်ကြောင့် ချွေးထွက်များတာ၊ အခြား အခြေအနေ တစ်ရပ်ရပ်ကြောင့် ခန္ဓာကိုယ်မှာ ဓာတ်ဆားဓာတ် နဲ့ ရေဓာတ် ဆုံးရှုံးသွားတဲ့အခါ ပြန်လည်ဖြည့်တင်းဖို့ ဓာတ်ဆားရည်၊ Sport drinks တွေကို သောက်ဖို့ အကြံပြုတတ်ကြပါတယ်။ ဒါပေမယ့် ဓာတ်ဆားရည်ကို မနှစ်သက်ဘူး။ ဓာတ်ဆားရည်အစား အခြား ဓာတ်ဆားဖြည့်ပေးမယ့် သောက်စရာလေးတွေများ မရှိဘူးလားလို့ တွေးနေပြီလား။ ဒါဆိုရင်တော့ ဒီဆောင်းပါးလေးက သင့်အတွက်ပါ။ ဒီဆောင်းပါးလေးထဲမှာ ဓာတ်ဆားရည် အစားထိုး သဘာဝ သောက်စရာများ […]

ကျန်းမာစွာ စားသောက်ခြင်း ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကျန်းမာစွာ စားသောက်ခြင်း ကို ရှာဖွေမည်။

အာဟာရဆိုင်ရာ အချက်အလက်များ

အပင်လှလှ အာဟာရကြွယ်ကြွယ်နဲ့ နိုကိုဥစားကြမလား

နိုကိုဥဟာ မြန်မာပြည်မှာ အရမ်းခေတ်မစားတဲ့ အသီးအနှံတစ်မျိုးဖြစ်ပါတယ်။ ဂေါ်ဖီထုပ်နွယ်ဝင် အပင်တစ်မျိုးဖြစ်ပြီးတော့ အအေးပိုတဲ့ဒေသတွေမှာ အဓိကစိုက်ပျိုးကြလေ့ရှိပါတယ်။ မြန်မာပြည်မှာတော့ ရှမ်းပြည်ဘက်မှာ အဓိက စိုက်ပျိုးပြီး မန္တလေးအပါအဝင် အထက်မြန်မာပြည်က ဒေသတစ်ချို့မှာတော့ ဆောင်းရာသီကာလတွေမှာ ပမာဏအနည်းငယ်ခန့် စိုက်ပျိုးတာမျိုးရှိပါတယ်။ ဥရောပမျိုးရင်းအပင်တစ်မျိုးဖြစ်တဲ့ နိုကိုဥကို အနောက်နိုင်ငံတွေမှာသာမက အာရှနိုင်ငံတစ်ချို့မှာလည်း လူကြိုက်များတဲ့ အစားအစာတစ်ခုဖြစ်ပြီး ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အသီးအနှံတစ်ခုအဖြစ် ထင်ရှားပါတယ်။ များသောအားဖြင့် နိုကိုဥကို ချက်ပြုတ်စားကြသလို ကင်တာ၊ သုပ်တာ၊ ပြုတ်တာ၊ ပေါင်းတာနဲ့ အစိမ်းအတိုင်း စီမံစားတာတွေလည်း ပြုလုပ်ကြပါတယ်။ နိုကိုဥဟာ အမည်မှာသာ ဥပါဝင်နေပေမယ့် တကယ်တမ်းတော့ ဥမျိုးနွယ်ဝင်မဟုတ်ပါဘူး။ ဂေါ်ဖီ၊ ပန်းဂေါ်ဖီနဲ့ ဘရိုကိုလီတို့နဲ့သာ မျိုးနွယ်ချင်းဆက်စပ်မှုရှိပါတယ်။ နိုကိုဥရဲ့ အင်္ဂလိပ်အခေါ်အဝေါ်က (Kohlrabi) ဖြစ်ပြီးတော့ German Turnip လို့လည်း လူသိများပါတယ်။ မြန်မာပြည်မှာတော့ ဗီတွတ်ဥ […]


ကိုယ်အလေးချိန်လျှော့ချခြင်း

ခန္ဓာကိုယ် ကရေဝိတ်တွေကို ဒီလိုချပါ

တစ်ခါတလေမှာ ကိုယ်အလေးချိန်များနေတာက ဝနေလို့ဆိုတာထက် ခန္ဓာကိုယ် အရေပြားအောက်မှာစုမိနေတဲ့ အရည်တွေကြောင့် ရေဝိတ်တက်နေတာလည်းဖြစ်နိုင်ပါတယ်။ ဒီတစ်ခေါက်တော့ ခန္ဓာကိုယ်မှာ တကယ်ကို ဝိတ်တက်နေတာလား။ ရေဝိတ်တက်နေတာလားဆိုတာကို သိနိုင်စေမယ့်နည်းလမ်းလေးတွေနဲ့ ရေဝိတ်တက်တာကို သက်သာအောင် ဘယ်လိုလုပ်ရမလဲဆိုတဲ့ နည်းလမ်းလေးတွေကို ပြောပြပေးပါရစေ။ ရေဝိတ်တက်တယ်ဆိုတာ ဘာများလဲ...... ခန္ဓာကိုယ်ရဲ့ ၇၀ ရာခိုင်နှုန်းကို ရေတွေနဲ့ ဖွဲ့စည်းထားတာပါ။ ရေက ဆဲလ်တွေအတွင်းမှာ ရှိနေနိုင်သလို ဆဲလ်တွေရဲ့ အပြင်ဘက်မှာလည်း ရှိနေနိုင်ပါတယ်။ ရေဝိတ်တက်တယ်ဆိုတာက ခန္ဓာကိုယ်ရဲ့ သွေးလည်ပတ်မှုစနစ်၊ တစ်ရှုးတွေ နဲ့ ခန္ဓာကိုယ် အရေပြားအောက်တွေမှာ အရည်တွေစုနေတဲ့သဘောပါ။ ရေဝိတ်တက်တာ ကခန္ဓာကိုယ်ရဲ့ အစိတ်အပိုင်းအမျိုးမျိုးမှာ အကြောင်းအရင်းအမျိုးမျိုးကြောင့်ဖြစ်နိုင်ပါတယ်။ ဘယ်လိုသိနိုင်မလဲ..... ရေဝိတ်တက်တာတဲ့အခါ အရည်တွေစုနေတ့နေရာတွေကို တွေ့ရနိုင်သလို အရေပြားက အရောင်ပြောင်းသွားတာ အရေပြားက ဖောနေပြီး လက်နဲ့ဖိလိုက်တဲ့အခါ နစ်ဝင်သွားပြီး အချိန်တော်တော်ကြာတဲ့အထိ အသားပြန်တက်မလာတာ ခြေလက်တွေ ကိုက်ခဲမယ်။ ခြေလက်တွေက တင်းတင်းကြီးဖြစ်နေတာ […]


အာဟာရဆိုင်ရာ အချက်အလက်များ

သကြားပြောင်းချိုချိုလေး ကပေးတဲ့ ကျန်းမာရေး

အဝါရောင် သကြားပြောင်းချိုချိုလေး က ပြုတ်ပဲစားစား၊ ကြော်ပဲစားစား၊ မာလာရှမ်းကောထဲထည့်ထည့်၊ ဟော့ပေါ့ထဲထည့်စားစား၊ ကင်ပဲစားစား အနံ့အရသာပြည့်စုံပြီး စားကောင်းတာကတော့ အမှန်ပါ။ ဒီစားကောင်းတဲ့ သကြားပြောင်းချိုချိုလေး က ခန္ဓာကိုယ်အတွက် ဘယ်လိုတွေများ အထောက်အကူပေးလဲဆိုတာကို သိချင်ရင် ဒီဆောင်းပါးလေးထဲမှာ ဖတ်ကြည့်ဖို့ ပြောပါရစေ။ သကြားပြောင်းချိုချိုလေး ကပေးတဲ့ ကျန်းမာရေး............ သကြားပြောင်းချိုချိုလေး က စားကောင်းရုံတင်မဟုတ်ပါဘူး။ အရွယ်တင်စေပါတယ် သကြားပြောင်းလေးက ဓာတ်တိုးဆန့်ကျင်အာနိသင်ကြွယ်ဝတာကြောင့် အရေပြားကို ဓာတ်တိုးပစ္စည်းတွေကြောင့် ပျက်စီးမှုကနေ အထိရောက်ဆုံး ကာကွယ်ပေးနိုင်ပါတယ်။ ဒါကြောင့် အရေးအကြောင်းတွေဖြစ်တာ၊ အရွယ်မတိုင်ခင် အိုမင်းတာတွေမဖြစ်စေဖို့အတွက် သကြားပြောင်းချိုချိုလေးစားပေးလို့ရပါတယ်။ အသားအရေ ကြည်လင်စေတယ် ပြောင်းဖူးစားပေးတာ ဒါမှမဟုတ် ပြောင်းဖူးကနေရတဲ့ အဆီနဲ့ အသားအရေကို လိမ်းကျံနှိပ်နယ်ပေးတာက အသားအရေကို ကြည်လင်စေနိုင်ပါတယ်။ အသားအရေ ကြည်ကြည်လင်လင်လေးလှချင်တယ်ဆိုရင် ပြောင်းဖူးလေးစားပေးလို့ရပါတယ်။ ဝက်ခြံအမာရွတ်တွေကို သက်သာစေနိုင်ပါတယ် ဗီတာမင် E ကြွယ်ဝစွာပါဝင်မှုကြောင့် ပြောင်းဖူးစားပေးတာက ဝက်ခြံအမာရွတ်တွေကို အထိရောက်ဆုံး သက်သာစေနိုင်မယ့် နည်းလမ်းတွေထဲကတစ်ရပ်ပါ။ […]


အာဟာရဆိုင်ရာ အချက်အလက်များ

ပန်းဂေါ်ဖီ ကြိုက်ကြလား.....

ဘဲဥလေးနဲ့ပဲကြော်စားစား၊ ချဉ်ရည်ဟင်းပဲချက်ချက်၊ လက်ဖက်နဲ့ပဲရော သုပ်သုပ်၊ ရေနွေးဖျောပြီးပဲ သုပ်သုပ် စားလို့ကောင်းတဲ့ ပန်းဂေါ်ဖီ ကိုကြိုက်ကြလား။ ဒီ မေးခွန်းကို အင်း လို့ ဖြေမယ်ဆိုရင်တော့ သင်က ဒီ ကျန်းမာရေးအကျိုးကျေးဇူးတွေကို ရရှိနိုင်မှာပါ။ ဟင်းသီးဟင်းရွက်တွေကို ပုံမှန်စားသုံးတာက ကျန်းမာရေးကောင်းစေနိုင်ပြီး ရောဂါဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်ပါတယ်။ ပန်းဂေါ်ဖီ အပါအဝင် ဟင်းသီးဟင်းရွက်တွေကို များများစားပေးတာက အဝလွန်တာ၊ ဆီးချို၊ နှလုံးရောဂါ အပါအဝင် နာတာရှည်ရောဂါအမျိုးမျိုး ကို ကာကွယ်ပေးနိုင်ပါတယ်။ ပန်းဂေါ်ဖီ ကြိုက်သူလေးတွေသာ ရနိုင်မယ့် ကျန်းမာရေး အာနိသင် ပန်းဂေါ်ဖီ စားသုံးပေးမှုက အစာခြေစနစ် ကျန်းမာစေနိုင်တယ် ပန်းဂေါ်ဖီမှာ အမျှင်ဓာတ် နဲ့ ရေဓာတ်ပါဝင်မှုများတာကြောင့် အစာခြေစနစ်ကို အကောင်းဆုံးလှုပ်ရှားစေနိုင်ပြီး ဝမ်းမှန်စေပါတယ်။ အစာခြေစနစ်ကို ကျန်းမာစေနိုင်သလို အူမကြီးကင်ဆာဖြစ်နိုင်ခြေကို လျှော့ချပေးပြီး အစာခြေစနစ်ကို ကျန်းမာစေနိုင်ပါတယ်။ လေ့လာမှုတွေအရကတော့ ပန်းဂေါ်ဖီမှာပါတဲ့ အမျှင်ဓာတ်က ကိုယ်ခံအားကောင်းစေနိုင်ပြီး နာကျင်မှုကို […]


အာဟာရဆိုင်ရာ အချက်အလက်များ

ကော်ဖီတစ်နေ့ ၄ ခွက်သောက်ရင် အဆီကျတယ်ဆိုသော်ငြား

သင်က ဒီနှစ်မှာ ကိုယ်အလေးချိန်လျှော့ချဖို့ ရည်မှန်းထားတယ်ဆိုပါစို့။ ဒါပေမယ့် သင်ကိုယ်တိုင်ကလည်း ကော်ဖီချိုးလို့ နာမည်ပြောင်ထွက်လောက်အောင် ကော်ဖီကို နှစ်သက်သူဖြစ်နေမယ်ဆိုရင် … သင့်ရဲ့ ဝိတ်ချတဲ့ လုပ်ငန်းစဉ်ကို ကော်ဖီက နှောင့်ယှက်နိုင်ပါသလား။ အဖြေက Yes ရယ် No ရယ် နှစ်မျိုးထွက်နိုင်ပါတယ်။ သင်လိုချင်တဲ့ အဖြေကို ချင့်ချိန်ယူပေါ့။ သုတေသန ရလဒ်အသစ်တွေအရ တစ်နေ့ကို ကော်ဖီ ၄ ခွက် သောက်သုံးတာဟာ ကိုယ်အလေးချိန် လျှော့ချတဲ့ လုပ်ငန်းစဉ်တွေကို အထောက်အကူဖြစ်ပါတယ်တဲ့။ အဝလွန်နေတဲ့ အမျိုးသားနဲ့ အမျိုးသမီး ၁၂၆ ဦးကို တစ်နေ့ ကော်ဖီ ၄ ခွက်နဲ့ သောက်သုံးစေပြီး စမ်းသပ်ကြည့်တဲ့အခါမှာ ၆ လ အတွင်း ကိုယ်အလေးချိန် သိသိသာသာကျဆင်းသွားတာကို တွေ့ခဲ့ရပါတယ်။ အဆိုပါကာလအတွင်းမှာ အနည်းဆုံး ကိုယ်တွင်း အဆီပမာဏ […]


ကိုယ်အလေးချိန်လျှော့ချခြင်း

ကိုယ်အလေးချိန် လျှော့ချလိုသူများ ရှောင်ကြဉ်သင့်သော စားသောက်ဖွယ်ရာများ

သင်နေ့စဉ် စားသောက်နေတဲ့ အစားအသောက်တွေဟာ သင့်ရဲ့ ကိုယ်အလေးချိန် အပေါ် တိုက်ရိုက်သက်ရောက်မှုရှိပါတယ်။ အစားအသောက်ပုံစံကြောင့်ပဲ ကိုယ်အလေးချိန် လျှော့ချနိုင်သလို အစားအသောက်ကြောင်ပဲ့ ကိုယ်အလေးချိန် တိုးလာနိုင်ပါတယ်။ အထူးသဖြင့် အဆင့်ဆင့်ပြုပြင်ထားတဲ့ စားကောင်းအောင်ပြုလုပ်ထားတဲ့ အစားအသောက်တွေဟာ ကိုယ်အလေးချိန် တိုးစေပါတယ်။ အောက်ပါ အစားအသောက်တွေကတော့ ကိုယ်အလေးချိန် လျှော့ချနေချိန်မှာ သတိပြုပြီး ရှောင်ကြဉ်သင့်တဲ့ အစားအသောက်တွေ ဖြစ်ပါတယ်။ ၁။ အာလူးချောင်းကြော် အာလူးဟာ အာဟာရဓာတ်ပြည့်ဝတဲ့ စားစရာဖြစ်ပေမယ့် အာလူးချောင်းကြော်ကတော့ ကျန်းမာရေးအတွက် ရေရှည်မှာ မကောင်းပါဘူး။ အာလူးချောင်းကြော်မှာ ကယ်လိုရီများစွာ ပါဝင်ပါတယ်။ ဒါကြောင့် ကိုယ်အလေးချိန်လည်း တက်နိုင်တဲ့အပြင် တခြားသော ကျန်းမာရေးပြဿနာတွေလည်း ဖြစ်စေနိုင်ပါတယ်။ ၂။ အချိုရည်များ ဆိုဒါကဲ့သို့သော အချိုရည်မျိုးစုံဟာလည်း ကယ်လိုရီဓာတ်များစွာ ပါဝင်တာမို့ ကျန်းမာရေးအတွက် မသင့်တော်တဲ့ အစားအသောက်စာရင်းမှာ ပါဝင်ပါတယ်။ ဒါ့အပြင် သောက်ပြီးရင် ဆက်သောက်ချင်စိတ်ဖြစ်ပေါ်တဲ့အပြင် အခြားသော အစားအစာတွေကိုပါ […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

သင့်ရဲ့ အစာစားချင်စိတ်ကို ဒီနည်းလမ်းတွေနဲ့ ပြန်မြှင့်ပါ

လူဆိုတာ နေမကောင်းတဲ့အချိန်၊ စိတ်ညစ်တဲ့အချိန်မျိုးဆို အစာစားချင်စိတ်တွေ နည်းသွားပြီး ဘယ်အရာမှ ပါးစပ်ထဲ ခံတွင်းမတွေ့ဖြစ်တတ်ပါတယ်။ တစ်ခါတလေဆို ဘာမှမဖြစ်ဘဲနဲ့တောင် အစာစားချင်စိတ် မရှိသလောက် ဖြစ်သွားတတ်တယ်လေ။ များသောအားဖြင့် အစာစားချင်စိတ်နည်းခြင်းဟာ ကျန်းမာရေးရှုထောင့်က ကြည့်မယ်ဆိုရင် သိပ်ပြီးစိုးရိမ်စရာ ကိစ္စတစ်ခုတော့ မဟုတ်ပါဘူး။ ဒါပေမယ့်လည်း နေ့စဉ်ရက်ဆက်ဆိုသလို အစာစားဖို့ ပျက်ကွက်နေတဲ့အခါ ကိုယ်ခန္ဓာက အာဟာရဓာတ်တွေ ရသင့်သလောက် မရတော့ဘဲ ကိုယ်ခံအားကျဆင်းသွားတတ်ပါတယ်။ ဒါကြောင့် ဘယ်လိုအကြောင်းကြောင့်ပဲဖြစ်ဖြစ် အမြဲတမ်းလိုလို အစာမစားချင်၊ ခံတွင်းပျက်နေတဲ့ Hello ဆရာဝန်ပရိတ်သတ်ကြီးတွေအတွက် အဆင်ပြေစေမယ့် နည်းလမ်းတွေကို ဒီဆောင်းပါးမှာ ဖတ်ကြည့်ကြရအောင်နော်။ ၁။ အစာကို နည်းနည်းနဲ့ အကြိမ်ရေများများစားပေးပါ။ အစာစားတဲ့အချိန်မှာ ထမင်းပန်းကန်ကို အပြည့်အမောက်ကြီး ထည့်ပြီး စားတတ်တဲ့သူတွေဟာ တခြားသူတွေထက် ဗိုက်ပြည့်တင်းနေပြီး အစာစားချင်စိတ် နည်းသွားတတ်ပါတယ်။ ဒါကြောင့် ကိုယ့်ရဲ့ အစာစားသောက်မှုပုံစံကို ပမာဏနည်းနည်းနဲ့ ခဏခဏ […]


ကိုယ်အလေးချိန်လျှော့ချခြင်း

အစာလျှော့ပြီး ဝိတ်ချတာဟာ အဝလွန်တာထက် ပိုအန္တရာယ်များသလား

ဝိတ်ချတယ်ဆိုတာကို ကိုယ့်ကိုယ်ကို နှိပ်စက်နေတာလို့ တွေးကြည့်ဖူးပါသလား? သင့်တော်တဲ့ အစားအစာတွေကို မစားသောက်ပဲ ကိုယ့်ကိုယ်ကို ပိတ်ပင်တားဆီးနေတာဟာ ကျန်းမာရေးနဲ့ တကယ်ညီညွတ်ရဲ့လား? ကျွမ်းကျင်သူတစ်ချို့ကတော့ ကိုယ်အလေးချိန် လျှော့ချမှုနဲ့ ပတ်သက်ပြီး သင်တို့ရဲ့ အပြုအမူတွေဟာ မှားယွင်းနေတယ်ဆိုတာကို ထောက်ပြနေကြပါတယ်။ အစားအသောက်ကို လျှော့ချပြီး ဝိတ်အလွန်အကျွံချတာဟာ အဝလွန်နေတာထက် သင့်ရဲ့ ကျန်းမာရေးကို ပိုထိခိုက်စေနိုင်ပါတယ်တဲ့။ ကယ်လိုရီ ပမာဏကို အလွန်အမင်းလျှော့ချပြီး အစားအသောက်တွေကို ခွဲခြားရွေးချယ်စားသောက်နေတာဟာ မှန်ကန်တဲ့ အပြုအမူတစ်ခုမဟုတ်ဘူးလို့ ဆိုပါတယ်။ အာဟာရဓာတ်ကို ပြည့်ဝအောင် မဖြည့်ဆည်းတဲ့အတွက် အစာအိမ်နဲ့ ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မဖြစ်စဉ်တွေကိုသာမက စိတ်ကျန်းမာရေးကိုပါ ထိခိုက်စေနိုင်ပါတယ်။ အစားအသောက်ကို အာဟာရမျှတစွာမစားပဲ ဝိတ်ချလို့ ဘယ်လို့ ဖြစ်ပေါ်လာနိုင်တဲ့ ဘေးထွက်ဆိုးကျိုးတွေကတော့ … ဝိတ်ချတာဟာ အစာချေဖျက်မှုစနစ်ကို ရှုပ်ထွေးစေပါတယ် - အစားအသောက်ကို လျှော့ချပြီး ဝိတ်ချတဲ့အခါမှာ အစာအိမ်တွင်းက […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

သွေးအုပ်စု အလိုက် ဆင်ခြင်စားသုံးသင့်သော အစားအစာများ

လူ့ခန္ဓာကိုယ်မှာ သွေးတွေစီးဆင်းနေကြတယ်ဆိုပေမယ့် သွေးအုပ်စု တွေကတော့ တစ်ယောက်နဲ့တစ်ယောက်မတူညီကြပါဘူး။ ဒီနေ့မှာတော့ လူအများစုသိရှိထားတဲ့ အေသွေး , ဘီဘေး , အိုသွေး, အေဘီအသွေးတို့ပါဝင်တဲ့ ABO သွေးအုပ်စု စနစ်အပေါ်မှာအခြေခံပြီး သွေးအုပ်စုအလိုက် ဆင်ခြင်စားသုံးသင့်တဲ့ အစားအစာတွေအကြောင်းကိုဖော်ပြသွားမှာဖြစ်ပါတယ်။ သွေးအုပ်စု အခြေခံ အစားအသောက်ပုံစံဆိုတာ ဘာလဲ ? သွေးအုပ်စုအပေါ်အခြေခံတဲ့ စားသောက်မှုပုံစံတွေက လွန်ခဲ့ဆယ်စုနှစ်စုလောက်စပြီး လူသိများလာခဲ့ပါတယ်။ ၁၉၉၆ ခုနှစ်မှာ အမေရိကန်ဆရာဝန် Dr. Peter J. D'Adamo ရေးသားထုတ်ဝေခဲ့တဲ့ ကိုယ့်သွေးအုပ်စုအလိုက် မှန်ကန်စွာစားပါလို့ အဓိပ္ပာယ်ရတဲ့ ' Eat Right 4 Your Type ' စာအုပ်ဟာ အုပ်ရေသန်းနဲ့ချီရောင်းချခဲ့ရပြီး အရောင်းအများဆုံးစာအုပ်တစ်အုပ်ဖြစ်ခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ သွေးအုပ်စုအခြေခံ စားသောက်မှုအပေါ်လူတွေအာရုံစိုက်လာကြပါတယ်။ စမ်းသပ်မှုတွေအရလည်း သွေးအုပ်စုပုံစံအပေါ်မူတည်ပြီး အချို့သောရောဂါဖြစ်ပွားနိုင်မှုတွေ ကွာခြားနေတာတွေ တွေ့ရှိရပါသေးတယ်။ အိုသွေးပိုင်ရှင်တွေက ပုံမှန်ထက် နှလုံးရောဂါဖြစ်ပွားနိုင်ခြေ ပိုလျော့နည်းတယ် ဒါပေမယ့် […]


အာဟာရဆိုင်ရာ အချက်အလက်များ

Probiotics ဘယ်ကစ

ကြားဖူးကြလား အကျိုးပြုဘက်တီးရီးယား ( Probiotics ) ဆိုတဲ့ စကားလုံးလေးကို။ ကြားဖူးတယ်ဆိုရင် ထပ်မေးကြည့်ချင်တာက ဒီစကားလုံးလေး ဘယ်လိုစဖြစ်ပေါ်လာတာလဲဆိုတာကိုရော သိပြီးပြီလား။ မသိသေးရင်တော့ ဒီဆောင်းပါးလေးထဲမှာဖတ်ကြည့်လိုက်နော်။ Probiotics ဘယ်ကစ ဒီစကားလုံးက ဂရိစကားလုံးပါ။ Pro ဆိုတာက promoting (မြှင့်တင်ခြင်း) လို့ အဓိပ္ပါယ်ရပြီး biotic ဆိုတာကတော့ (ရှင်သန်ခြင်း) လို့အဓိပ္ပါယ်ရပါတယ်။ ၂၀ ရာစုနှစ်အစောပိုင်းက ပေါ်ပေါက်လာခဲ့တဲ့ စကားလုံးလေးတစ်ခုပေါ့။ ဒီစကားလုံးလေးကိုမွေးထုတ်ပေးခဲ့သူကတော့ father of probiotics လို့သိကြတဲ့ ဘူဂေးရီးယားနိုင်ငံသား Elie Metchnikoff ပါ။ ဒီအကျိုးပြုဘက်တီးရီးယားလေးတွေကို ဒိန်ချဉ်လိုမျိုးအချဉ်ဖောက်ထားတဲ့အရာတွေမှာ တွေ့ရှိရပြီး ကျန်းမာရေးအတွက် တော်တော်လေးအထောက်အကူပြုပေးနိုင်တယ်ဆိုတာကို တွေ့ရှိခဲ့ရပါတယ်။ Probiotics ဆိုတာ ဘာလဲ……… ခန္ဓာကိုယ်ရဲ့ အစာခြေစနစ် ကနေစလို့ ခန္ဓာကိုယ်တစ်ခုလုံးနဲ့ စိတ်ကျန်းမာရေးအတွက်ပါအကောင်းဆုံးထောက်ပံ့ပေးတဲ့ သက်ရှိဘက်တီးရီးယားလေးတွေပါ။ ကျန်းမာပျော်ရွှင်နေစေဖို့ အကောင်းဆုံး ထောက်ပံ့ပေးနိုင်ပါတယ်။ ဒါကြောင့်လည်း […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Nyi Nyi Kyaw

အာဟာရပညာရှင် • Sakura Hospital

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း