ကျန်းမာစွာ စားသောက်ခြင်း

အစားအသောက်က ကျန်းမာစေဖို့ ထိန်းသိမ်းပေးသလို ရောဂါတွေကို ကာကွယ်ရာမှာ အကူအညီပေးခြင်းဖြင့် ကျန်းမာစွာနေထိုင်မှုအပေါ်မှာ အများကြီး သက်ရောက်နေပါတယ်။ ကံမကောင်းတာတစ်ခုက ကျန်းမာစွာ စားသောက်ခြင်းနဲ့ပတ်သက်ပြီး ယုံတမ်းစကားတွေ များစွာရှိနေတာပါ။ ဒါကြောင့် ကျန်းမာစွာ စားသောက်ခြင်းနဲ့ ပတ်သက်ပြီး သိထားတဲ့အချက်တွေက မှန်သလား မှားသလားဆိုတာကိုသေချာ သိဖို့ လိုပါမယ်။

ကျန်းမာရေးဗဟုသုတ

ကျန်းမာစွာ စားသောက်ခြင်း

ဓာတ်ဆားရည် အစားထိုး သဘာဝ သောက်စရာများ

ခန္ဓာကိုယ် ကျန်းမာနေစေဖို့အတွက် အာဟာရတွေ ပြည့်ဝမျှတနေဖို့ လိုပါတယ်။ ဒီလို ပြည့်ဝမျှတနေရမယ့် အရာတွေထဲမှာ ဓာတ်ဆားဓာတ်လို့ ခေါ်တဲ့ Electrolytes တွေကလည်း အရေးပါပါတယ်။ ခန္ဓာကိုယ်မှာ ဓာတ်ဆားဓာတ် မျှတနေမှလည်း နေ့စဉ်ဘဝကို ကျန်းမာပျော်ရွှင်စွာ ဖြတ်သန်းနိုင်မှာပါ။ အားကစား လုပ်လို့ ချွေးအရမ်းထွက်ချိန်မှာ ဖြစ်ဖြစ်၊ အပူဒဏ်ကြောင့် ချွေးထွက်များတာ၊ အခြား အခြေအနေ တစ်ရပ်ရပ်ကြောင့် ခန္ဓာကိုယ်မှာ ဓာတ်ဆားဓာတ် နဲ့ ရေဓာတ် ဆုံးရှုံးသွားတဲ့အခါ ပြန်လည်ဖြည့်တင်းဖို့ ဓာတ်ဆားရည်၊ Sport drinks တွေကို သောက်ဖို့ အကြံပြုတတ်ကြပါတယ်။ ဒါပေမယ့် ဓာတ်ဆားရည်ကို မနှစ်သက်ဘူး။ ဓာတ်ဆားရည်အစား အခြား ဓာတ်ဆားဖြည့်ပေးမယ့် သောက်စရာလေးတွေများ မရှိဘူးလားလို့ တွေးနေပြီလား။ ဒါဆိုရင်တော့ ဒီဆောင်းပါးလေးက သင့်အတွက်ပါ။ ဒီဆောင်းပါးလေးထဲမှာ ဓာတ်ဆားရည် အစားထိုး သဘာဝ သောက်စရာများ […]

ကျန်းမာစွာ စားသောက်ခြင်း ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကျန်းမာစွာ စားသောက်ခြင်း ကို ရှာဖွေမည်။

အာဟာရဆိုင်ရာ အချက်အလက်များ

ကျွဲနို့ ကပေးတဲ့ ကျန်းမာရေး

ပုံမှန်တော့ နွားနို့ကို အသောက်များကြပြီး ကျွဲနို့ကို သောက်သုံးမှုက နည်းပါတယ်။ ဒါပေမယ့် လုံးဝမသောက်မိဘူးလားဆိုတော့ မဟုတ်ပါဘူး။ ဒိန်ချဉ်တွေ၊ ဒိန်ခဲတွေစားမိတဲ့အခါမျိုးမှာ ကျွဲနို့ကို စားသုံးမိနိုင်ပါတယ်။ ဒီတော့ မေးချင်နေနိုင်တာက ကျွဲနို့ ကရော နွားနို့လိုပဲ အာဟာရရှိရဲ့လားဆိုတဲ့ ကိစ္စပါ။ ဒီအချက်ကို ဆောင်းပါးလေးထဲမှာ တိတိကျကျပြောပြပေးထားလို့ ဖတ်ကြည့်လိုက်ပါ။ သောက်လို့ရတဲ့နို့တွေက ဘာတွေလဲ........... သောက်လို့ရတဲ့ နို့တွေက အမျိုးအစား တစ်မျိုးတည်းမကပါဘူး။ နွားနို့ ကျွဲနို့ ဆိတ်နို့ သိုးနို့ ကုလားအုတ်နို့ မြင်းနို့ တို့ပါ။ ကျွဲနို့ ဆိုတာ ဘာလဲ.......... ကျွဲနို့ဆိုတာက နို့တိုက် သတ္တဝါဖြစ်တဲ့ ကျွဲကနေရတဲ့ နို့ပါ။ နေ့စဉ်သောက်သုံးမိနေတဲ့ ဒိန်ချဉ်။ နို့ နဲ့ နိ့ထွက်ပစ္စည်းတွေမှာ ကျွဲနို့က အထိုက်အလျောက်တော့ ပါဝင်နေပါတယ်။ မြန်မာနိုင်ငံမှာ ကျွဲနို့ကို နွားနို့လောက် မသောက်သုံးကြပေမယ့် အိန္ဒိယ နဲ့ […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

ကျန်းမာအောင် ဘယ်လိုစားသောက်ကြမှာလဲ? သက်သက်လွတ်လား? အသား၊ ငါးလား?

လူတစ်ချို့ဟာ သက်သက်လွတ်စားတာကို ဘာသာရေးယုံကြည်ချက်အရပဲဖြစ်ဖြစ် ကျန်းမာရေးလိုက်စားလို့ပဲဖြစ်ဖြစ် စားသောက်ကြပါတယ်။ သက်သက်လွတ်စားတာဟာ ပိုကျန်းမာစေတယ်၊ ကိုယ်အလေးချိန် သိသိသာသာကျစေတယ်ဆိုတဲ့ ယုံကြည်ချက်မျိုးလည်း ရှိကြပါတယ်။ အသား၊ ငါးတွေကို စားသုံးတာဟာ ကျန်းမာရေးနဲ့ မညီညွတ်ဘူးလို့ ထင်မြင်ကြသူတွေလည်း ရှိကြပါတယ်။ ဒီအယူအဆတွေဟာ ဘယ်လောက် မှန်ကန်မှုရှိပါသလဲ? သက်သက်လွတ်စားသင့်သလား? ဒါဟာ ကျန်းမာရေးနဲ့ ညီညွတ်ရဲ့လား? အသားတွေ ငါးတွေကို ရှောင်ကျဉ်သင့်သလား? သက်သက်လွတ်စားရင် ဘာကောင်းသလဲ အရင်ဆုံး သက်သက်လွတ်နဲ့ ပတ်သက်ပြီး ရှင်းပြလိုပါတယ်။ သက်သက်လွတ်စားတဲ့ ပုံစံ နှစ်မျိုးနှစ်စားရှိပါတယ်။ Lacto-ovo နဲ့ Strict (Vegan) ဆိုပြီးတော့ပါ။ Lacto-ovo Vegetarian တွေဟာ တိရိစ္ဆာန်တွေကနေ ထွက်ရှိတဲ့ အသားအပါအဝင် အစိတ်အပိုင်းအားလုံးကို မစားပေမယ့် နို့၊ ဒိန်ချဉ် ကြက်ဥတို့လို အစားအစာတွေကိုတော့ စားကြပါတယ်။ Vegans တွေကတော့ အားလုံးကိုမစားပဲ […]


ကျန်းမာစွာချက်ပြုတ်ခြင်း

အထင်မသေးသင့်တဲ့ ကိုယ်ခံအားအတွက်အကောင်းဆုံး အရိုးစွပ်ပြုတ်ရည်

စွပ်ပြုတ်ဆိုတာ နေမကောင်းတဲ့အချိန် တိုက်ကျွေးကြတဲ့လူမမာစာပဲလေ။ နေမကောင်းတဲ့အချိန်တော့ ကြက်စွပ်ပြုတ်က အသင့်တော်ဆုံးပေါ့။ ဒါပေမယ့် ဘာအသားဖြစ်ဖြစ် အရိုးပြုတ်ရည်က ခန္ဓာကိုယ်အတွက် အပြည့်အဝအားဖြစ်စေတာ သေချာပါတယ်။ လူကြိုက်များကြတဲ့ ကြေးအိုး၊ ဟော့ပေ့ါ တို့ဆိုတာလည်း ကြာကြာတည်ထားတဲ့ အရိုးစွပ်ပြုတ်ရည် တွေကို အခြေခံတဲ့ အစားအစာတွေပါ။ အဲဒါကြောင့် အရိုးဆိုလို့ အထင်မသေးနဲ့လို့ပြောတာ။ ငွေကုန်ကြေးကျမများဘဲ ကိုယ်ခံအားကောင်းစေမယ့် ဆေးတစ်ခွက်ကိုရနိုင်တာပဲ နည်းလားလို့။ အရိုးစွပ်ပြုတ်ရည် က ဘာလို့အကျိုးကျေးဇူးများတယ်လို့ ပြောရတာလဲဆိုတာ ဆက်သာဖတ်ကြည့်လိုက်ပါတော့… (၁) အရေးကြီးတဲ့ ဗီတာမင်နဲ့ သတ္တုဓာတ်တွေပါဝင်တယ်။ ခြုံပြောရရင် အာဟာရပါဝင်မှုသိပ်များပါတယ်။ အရိုးပြုတ်ရည်မှာ ကယ်လ်စီယမ်၊ ပိုတက်စီယမ်၊ ဖော့စဖရပ်စ်နဲ့ တခြားသတ္တုဓာတ်တွေကြွယ်ဝတယ်။ ငါးရိုး (ငါးဖယ်ရိုး၊ ငါးခေါင်းဟင်းချို၊ မုန့်ဟင်းခါး) ပြုတ်ရည်တွေဆို သိုင်းရွိုက်လုပ်ဆောင်ချက်ကျန်းမာစေဖို့ မရှိမဖြစ်အရေးပါတဲ့ အိုင်အိုဒင်းဓာတ် ပါဝင်တာလည်း ပိုပါသေးတယ်။ သူတို့တွေမှာပါဝင်တဲ့ တွယ်ဆက်တစ်ရှူးတွေကနေ ဂလူကိုဆာမိုက် နဲ့ ခွန်ဒရွိုက်တင် […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

ပင်ပန်း နေတဲ့ မနက်ခင်းမှာ အားဖြည့်ပေးနိုင်မယ့် အစားအစာတွေ

အရင်ရက်က ပင်ပန်း ထားတာ၊ အလုပ်တွေများထားတာ၊ အိပ်ရေးပျက်ထားတာ၊ စိတ်ဖိစီးတာတွေကြောင့် အိပ်ရာထတဲ့အချိန်မှာ ပင်ပန်းနွမ်းလျနေတာမျိုး ဖြစ်ဖူးတယ်မလား။ အိပ်ရာထဲက ထဖို့ကို အတော်အားယူပြီး ကိုယ့်ဘာသာတိုက်ပွဲဝင်နေရတာ သိပ်တော့မလွယ်ဘူးလေ။ ဒီလိုအချိန်မျိုးမှာ လူကို လန်းဆန်းအားပြည့်လာအောင် အစားအစာလေးတွေနဲ့ ဆွဲဆောင်ရတော့မှာပဲ။ စူပါအစားအစာလို့ ခေါ်လို့ရတဲ့ ခွန်အားတိုးအစားအသောက်တွေကတော့ အဆီအဆိမ့်နဲ့ လူကို ဝိတ်တက်စေမယ့် အရာတွေ မပါပါဘူးနော်။ ဒီစာရင်းမှာ အသီးအနှံတွေနဲ့ အသီးအရွက်တွေသာ ပါမယ်ဆိုတာ ကြိုပြောထားပါရစေ။ တာရှည်ခံပစ္စည်းပါတဲ့ ပြုပြင်အစားအစာတွေ၊ အဆီ၊ အငန်များတာတွေနဲ့ဆို ပင်ပန်း နေတဲ့လူက မသက်သာဘဲ ပိုတောင် ခေါင်းစိုက်သွားပါလိမ့်မယ်။ ဘာတွေ စားမလဲ ပင်ပန်း နေတဲ့အချိန် ရာသီပေါ်အသီးအနှံလေးတွေ၊ အစေ့အဆန်နဲ့ ပေါ့ပေါ့ပါးပါး အသီးအရွက်ဟင်းလျာလေးတွေနဲ့ ခန္ဓာကိုယ်ရဲ့အဆိပ်အတောက်တွေကို ဖြေထုတ်လိုက်ပါ၊ အားဖြည့်လိုက်ပါ - ထောပတ်သီး ထောပတ်သီးမှာ ဗီတာမင်နဲ့ သတ္တုဓာတ်တွေ၊ အကျိုးပြုအဆီတွေကြွယ်ဝလို့ နာရီအတော်ကြာတဲ့အထိ ခန္ဓာကိုယ်ကို […]


အာဟာရဆိုင်ရာ အချက်အလက်များ

ကိုယ်ခံအားကောင်းစေနိုင်သော အစားအစာ ၁၅ မျိုး

ရေးသားသူ – မောင်မျိုးအောင် (ဆေး – ၁) အခုတစ်လော ဝူဟန်ကအစပြုတဲ့ corona virus ကလည်းနာမည်ကြီးနေသလို ရာသီအကူးအပြောင်းမှာဖြစ်တတ်တဲ့ တုတ်ကွေးဖျားနာတွေကလည်း ဖြစ်ပွားနေတာကြောင့် ကိုယ်ခံအားကောင်းစေမယ့် အစားအစာတွေကို ဂရုတစိုက်ရွေးချယ်စားသောက်ပေးဖို့ အလွန်အရေးကြီးလှပါတယ်။ ဒါကြောင့် ကိုယ့်ရဲ့ ခန္တာကိုယ်ကို ကိုယ်ခံအားကောင်းမွန်စေမယ့် အစားအစာ ၁၅ မျိုးအကြောင်းကို တင်ဆက်ပေးလိုက်ပါတယ်။ ၁ - အချဉ်ဓာတ်ပါသော အသီးများ အအေးမိဖျားနာပြီးကာစ တော်တော်များများက အချဉ်ဓာတ်ပါတဲ့ ဗီတာမင်စီ ဖြည့်တင်းဖို့လို့ပါတယ်။ ဘာလို့လည်းဆိုတော့ ဗီတာမင်စီ ကကိုယ်ခံအားကိုတက်စေနိုင်လို့ပါ။ ရောဂါတွေကို တိုက်ထုတ်ပေးတဲ့ သွေးဖြူဥအရေအတွက်ကိုလည်း ဗီတာမင်စီက တိုးတက်စေပါတယ်။ အချဉ်ဓာတ်ပြည့်ဝစွာပါဝင်တဲ့ အသီးတွေကတော့ - ရှောက်ခါးသီး ( ဂရိတ်ဖရု ) - လိမ္မော်သီး - ကဗ္ဗလာသီး - သံပုရာသီး - ရှောက်သီး - ကျွဲကောသီး အစရှိသည်တို့ပဲဖြစ်ပါတယ်။ အရေးကြီးတဲ့အချက်ကတော့ သင့်ခန္ဓာကိုယ်က ဗီတာမင်စီကို မထုတ်လုပ်နိုင်၊ မသိုလှောင်နိုင်တဲ့အတွက် နေ့စဉ်လုံလောက်တဲ့ […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

ဇီးသီးလေး ကပေးတဲ့ အသားအရေကျန်းမာရေး

ဇီးသီးလေး ကြိုက်သူလေးတွေရှိလား။ ဒါဆိုရင်တော့ ဇီးသီးစားသုံးပေးတာက ခန္ဓာကိုယ်ကို ကျန်းမာစေနိုင်သလို အသားအရေကိုပါ လှပစေနိုင်ပါတယ်။ ဒီတစ်ခေါက်တော့ ဇီးသီးစားသုံးတာကြောင့် အသားအရေကို ဘယ်လိုအထောက်အကူပြုပေးနိုင်လဲဆိုတဲ့ အကြောင်းလေးကို ပြောပြပေးချင်ပါတယ်။ ဇီးသီးလေး ကပေးတဲ့ အသားအရေကျန်းမာရေး....... ချိုချိုချဉ်ချဉ်နဲ့အရသာရှိတဲ့ ဇီးသီးလေးကို စားသုံးပေးတာက (၁) အသားအရေကို အစက်အပြောက်ကင်းစေနိုင်တယ် မွမွလေး နဲ့ အရသာရှိတဲ့ ဇီးသီးလေး ကို စားသုံးပေးတာက အသားအရေကို ကြည်လင်စေပြီး အရေပြားပေါ်က အမည်းစက်တွေနဲ့ တင်းတိပ်တွေကို သက်သာစေနိုင်သလို အသားအရောင်မညီတာတွေကိုလည်း သက်သာစေနိုင်ပါတယ်။ စားတာအပြင် ဇီးသီးကို မျက်နှာပေါင်းတင်ဖို့အတွက်လည်း အသုံးပြုပေးလို့ရပါတယ်။ ဘယ်လိုပေါင်းတင်ရမှာလဲ...... မှည့်နေတဲ့ အရွယ်တော်ဇီးသီး ၂ လုံး ၃ လုံးလောက်ကို ဇလုံတစ်ခုထဲမှာ ကြိတ်ခြေပါ။ ရလာတဲ့အနှစ်ကို မျက်နှာ နဲ့ လည်ပင်းပေါ်မှာ လိမ်းပေးလိုက်ပါ။ ပြီးရင် မိနစ်လောက် ထားပေးပါ။ ပြီးသွားရင်တော့ ရေနွေးနွေးလေးနဲ့ ဆေးချလိုက်ပါ။ […]


အာဟာရဆိုင်ရာ အချက်အလက်များ

ချိုချဉ်အရသာ ရေငန်းသီး ကို ရံဖန်ရံခါ စားသင့်တဲ့အကြောင်းရင်း

Snake fruit လို့ခေါ်ကြတဲ့ ရေငန်းသီး ဟာ အရှေ့တောင်အာရှမှာ ထွက်တဲ့အသီးတစ်မျိုးဖြစ်ပေမယ့် ကမ္ဘာ့နိုင်ငံတော်တော်များများမှာ လူကြိုက်များနေပြီဖြစ်ပါတယ်။ရေငန်းသီးကို အမေရိကန်၊ဂျပန်နဲ့ ဥရောပတို့မှာလည်း နှစ်သက်ကြပါတယ်။ သူ့မှာ ကယ်လ်စီယမ်၊ ဖလောဗာနွိုက်၊ ဆာပိုနင် ဓါတ်တွေကြွယ်ဝပါတယ်။ ကျန်းမာရေးအတွက် ဘယ်လို အကျိုးပြုတာလဲ ဆိုတော့ - မျက်စိကျန်းမာရေး မျက်စိအတွက်တကယ်ကောင်းတာက မုန်လာဥနီဖြစ်ပါတယ်။ ဒါပေမယ့်အသီးတွေမှာလည်း မျက်စိအတွက်မရှိမဖြစ် လိုအပ်တဲ့ ဘီတာကယ်ရိုတင်းတွေပါဝင်ပါတယ်။ မုန်လာဥနီစားရတာငြီးငွေ့လာပြီဆိုရင် ရေငန်းသီး ကို အစားထိုးစားသုံးလို့ရလောက်တဲ့အာနိသင်ရှိပါတယ်။ ဝမ်းပျက်ဝမ်းလျှောခြင်း ဝမ်းပျက်နေတယ်ဆိုရင် အရင်ဆုံးဆေးပြေးမသောက်ပါနဲ့ဦး။ ဝမ်းပျက်ဝမ်းလျှောခြင်းကိုကုသနိုင်တဲ့ အသီးတွေကို စားကြည့်လိုက်ပါ။ရေငန်းသီးနုနုလေး စားပေးလိုက်ရင် ဝမ်းလျှောခြင်းအတွက်ဆေးတစ်ခွက်ပါပဲ။ ဆာလောင်မှုကိုလည်း သက်သာစေတဲ့ သဘာဝအာနိသင်လည်းရှိပါတယ်။ ဝိတ်ချနိုင်ခြင်း ဝိတ်ချလိုတဲ့အခါ တွက်ချက်စားသုံးတဲ့အာဟာရထဲမှ ာရေငန်းသီးထည့်သွင်းစားပေးရင် ပိုအကျိုးရှိနိုင်ပါတယ်။ရေငန်းသီးက အာဟာရဓါတ်ပြည့်ဝရုံသာမက phytonutrients တွေလည်းပါဝင်ပါတယ်။ရေငန်းသီးက သင့်ရဲ့diet plan ကို ပိုပြည့်စုံမြန်ဆန်စေပါလိမ့်မယ်။ ဦးနှောက်ကျန်းမာရေး ရေငန်းသီးက ဦးနှောက်အတွက်ကောင်းပါတယ်။ရေငန်းသီးမှာပါတဲ့pectin နဲ့ ပိုတက်စီယမ်တို့က ဦးနှောက်အတွက်ကောင်းတာကြောင့် မှတ်ဉာဏ်လည်းကောင်းစေပါတယ်။ အစာအိမ်ကျန်းမာရေး ရေငန်းသီးက ဝမ်းပျက်ခြင်းအတွက်ဆေးဖက်ဝင်ကြောင်းသိကြပြီးဖြစ်ပါတယ်။Saponins၊ […]


အာဟာရဆိုင်ရာ အချက်အလက်များ

ပြောင်းဖူးပေါက်ပေါက် ကနေ ရမယ့်အာဟာရ ဘာတွေထူးခြားလဲ

ပေါက်ပေါက်ကို ရုပ်ရှင်ကြည့်မှ ဝယ်စားလေ့ရှိကြပေမယ့် ကြိုက်ကိုကြိုက်လို့ မကြာခဏစားတတ်သူတွေ ရှိပါတယ်။ ပေါ့ပါးတဲ့ သရေစာတစ်မျိုးလို့ပဲ သိထားကြပြီး ဗိုက်လည်းမပြည့်၊ အာဟာရလည်းနည်းတယ် လို့ တချို့က ယူဆကြပါတယ်။ အမှန်က ပြောင်းဖူးပေါက်ပေါက် ဆိုတာ ကုန်ကြမ်းအရည်အသွေးနဲ့ ပြုလုပ်မှုအဆင့်ကို မူတည်ပြီး အာဟာရနဲ့ ဗီတာမင်ဓာတ်တွေ အများကြီးရရှိနိုင်တဲ့ စားစရာတစ်ခုဖြစ် ပါတယ်။ ကျန်းမာရေးနဲ့ ညီရဲ့လား ပြောင်းဖူးပေါက်ပေါက် မှာ ဗီတာမင်နဲ့သတ္တုဓာတ်တွေအပြင် အမျှင်ဓာတ်ပါဝင်မှုလည်း မြင့်မားပါတယ်။  သူ့ရဲ့ပင်ကိုအာနိသင်ကိုက အာဟာရတွေပြည့်ပေမယ့်လည်း ကျန်းမာရေးနဲ့ညီအောင် ပြုလုပ်မှ ကျန်းမာရေးနဲ့ညီမှာပါ။ အရောင်ဆိုးဆေးတွေ၊ သကြားအတုတွေ၊ ထောပတ်တွေနဲ့ အရသာပိုကောင်းအောင် ပြုပြင်စီမံလေ ကျန်းမာရေးနဲ့မညီလေပဲ ဖြစ်ပါတယ်။ ဒီလိုထပ်ပေါင်းထည့်တဲ့အရာတွေက အာဟာရဓာတ်နည်းသလို လူကိုအဝလွန်စေတာ၊ သွေးတွင်းအဆီတက်စေတာတွေဖြစ်စေနိုင်ပြီး တာရှည်ခံပစ္စည်းတွေပါရင် ပိုတောင်ဆိုးနိုင်ပါတယ်။ တာရှည်ခံတွေနဲ့ပြုလုပ်ထားတဲ့ ပေါက်ပေါက်တွေက ဆိုဒီယမ်ပါဝင်မှုလည်းမြင့်မားပါတယ်။ ဆိုဒီယမ်စားသုံးမှုများရင် သွေးတိုးအပြင် တခြားကျန်းမာရေးပြဿနာတွေပါ နောက်ဆက်တွဲ ဖြစ်လာနိုင်ပါတယ်။ တချို့ဆို […]


အာဟာရဆိုင်ရာ အချက်အလက်များ

ကြက်ဟင်းခါးရွက် ရဲ့ဆေးဖက်ဝင်ပုံက

ခါးသက်သက်အရသာရှိပြီး ပြုတ်တို့ရင် စားလို့ကောင်းတဲ့ ကြက်ဟင်းခါးရွက် လေးတွေကလည်း ကြက်ဟင်းခါးသီးလိုပဲ ဆေးဖက်ဝင်ပါတယ်။ ဘယ်လို ကျန်းမာရေးအခြေအနေတွေအတွက် ကြက်ဟင်းခါးရွက် လေးကို သုံးလို့ရလဲဆိုတာ ဒီဆောင်းပါးလေးထဲမှာ ဖတ်ကြည့်လိုက်ပါ။ ကြက်ဟင်းခါးရွက် ဆိုတာ အစိမ်းရောင်ရှိပြီး နှာမောင်းလေးတွေနဲ့ အရိုးတံခပ်ပျော့ပျော့ စိမ်းစိမ်းလေးတွေပါ။ အပွင့် ဝါဝါလေးတွေ ပွင့်တတ်ပြီး နွယ်ပင်တစ်မျိုးပါ။ ကြီးထွားတာလည်း မြန်ပါတယ်။ ဘယ်လိုအာဟာရဓာတ်တွေပါလဲ.............. ကြက်ဟင်းခါးရွက်မှာ ကာဗိုဟိုက်ဒရိတ် ပရိုတင်း ဗီတာမင် K ဗီတာမင် B6 ဗီတာမင် B9 ဗီတာမင် B2 ဗီတာမင် C နဲ့ သံဓာတ် ကယ်လ်ဆီယမ် ဖော့စဖရိတ်တို့ ပါဝင်နေပါတယ်။ ကြက်ဟင်းခါးရွက်ကပေးတဲ့ ကျန်းမာရေး ကြက်ဟင်းခါးရွက်ကို စားသုံးပေးတာက ဆီးချို ကာကွယ်နိုင်တယ် ကြက်ဟင်းခါးရွက်ကို ပြုတ်တို့တာဖြစ်ဖြစ် အရွက်ကို ကြိတ်ခြေပြီး ရလာတဲ့ သတ္တုရည်ကို သောက်ပေးတာဖြစ်ဖြစ်၊ ပြုတ်ရည်ကိုသောက်တာဖြစ်ဖြစ် လုပ်ပေးမယ်ဆိုရင် အမျိုးအစား - ၂ ဆီးချိုရောဂါကို သက်သာစေနိုင်မှာဖြစ်သလို […]


အာဟာရဆိုင်ရာ အချက်အလက်များ

ကျောက်ဖရုံသီး ရဲ့ ကျန်းမာရေးအကျိုးကျေးဇူး (၈) ချက်

ဗီတာမင်နဲ့ သတ္တုဓာတ်တွေပါဝင်တဲ့ ကျောက်ဖရုံသီး က ဆီးချိုသမားတွေအတွက် အကောင်းဆုံးစားစရာတွေထဲပါဝင်သလို ကယ်လ်လိုရီ ပါဝင်မှုလည်းနည်းပါတယ်။ ကိုယ်အလေးချိန်လျှော့ချရာမှာ ကျောက်ဖရုံသီးကိုစားသုံးခြင်းက အထောက်အကူပေးနိုင်တယ်လို့ သိရပါတယ်။ ကျောက်ဖရုံသီး ရဲ့ ကျန်းမာရေးအကျိုးကျေးဇူး  ကျောက်ဖရုံသီး က ခန္ဓာကိုယ်အပူကိုငြိမ်းစေပြီး အဆိပ်အတောက်ကို ပြေစေလို့ ဟင်းချိုလေးချက်သောက်ရင်ပဲ အဆင်ပြေနေပြီလေ။ နောက်ထပ် သူ့ရဲ့ကျန်းမာရေးအကျိုးကျေးဇူးတွေကတော့ -  (၁) အစာအိမ်အနာတွေသက်သာစေ၊ အူတွင်းပိုးမွှားတွေ ရှင်းစေတယ် ကျောက်ဖရုံသီး က အစာအိမ်နဲ့အူတွင်းအမြှေးပါးမှာအနာဖြစ်ပေါ်ခြင်းကို ကုသရာမှာ အထောက်အကူပေးပါတယ်။ အစာအိမ်နဲ့အူလမ်းကြောင်းအတွင်းမှာရှိတဲ့ အန္တရာယ်ရှိဘက်တီးရီးယားအားလုံးကို ဖယ်ရှားရှင်းလင်းပေးနိုင်လို့ အစာအိမ်နဲ့အူလမ်းကြောင်းရောဂါပိုးဝင်ခြင်းတွေ၊ အစာမကြေခြင်းတွေ ကိုကာကွယ်ပြီးသားဖြစ်ပါတယ်။ (၂) ကိုယ်အလေးချိန်လျှော့ချရာမှာ အထောက်အကူပေးတယ် ကိုယ်အလေးချိန်လျှော့ချဖို့ စဉ်းစားနေတာဆိုရင် ကယ်လိုရီများတဲ့အစားအစာတွေနေရာမှာ အစားထိုးနိုင်ဖို့ အသင့်တော်ဆုံးကကျောက်ဖရုံသီးဖျော်ရည် သို့မဟုတ်ပြုတ်ကြော်ပဲဖြစ်ပါတယ်။ သူ့မှာ အာဟာရဓါတ်ကအပြည့်အဝ ပါရှိပြီးရေဓါတ်က ၉၆ ရာခိုင်နှုန်းပါဝင်ပါတယ်။ (၃) သွေးတိတ်စေတယ် ကျောက်ဖရုံသီးက သွေးတိတ်စေတဲ့ သဘာဝ အာနိသင် ရှိပါတယ်။ပြင်ပဒဏ်ရာ အတွက် ကုသဖို့ […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Nyi Nyi Kyaw

အာဟာရပညာရှင် • Sakura Hospital

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း