ကျန်းမာစွာ စားသောက်ခြင်း

အစားအသောက်က ကျန်းမာစေဖို့ ထိန်းသိမ်းပေးသလို ရောဂါတွေကို ကာကွယ်ရာမှာ အကူအညီပေးခြင်းဖြင့် ကျန်းမာစွာနေထိုင်မှုအပေါ်မှာ အများကြီး သက်ရောက်နေပါတယ်။ ကံမကောင်းတာတစ်ခုက ကျန်းမာစွာ စားသောက်ခြင်းနဲ့ပတ်သက်ပြီး ယုံတမ်းစကားတွေ များစွာရှိနေတာပါ။ ဒါကြောင့် ကျန်းမာစွာ စားသောက်ခြင်းနဲ့ ပတ်သက်ပြီး သိထားတဲ့အချက်တွေက မှန်သလား မှားသလားဆိုတာကိုသေချာ သိဖို့ လိုပါမယ်။

ကျန်းမာရေးဗဟုသုတ

ကျန်းမာစွာ စားသောက်ခြင်း

ဓာတ်ဆားရည် အစားထိုး သဘာဝ သောက်စရာများ

ခန္ဓာကိုယ် ကျန်းမာနေစေဖို့အတွက် အာဟာရတွေ ပြည့်ဝမျှတနေဖို့ လိုပါတယ်။ ဒီလို ပြည့်ဝမျှတနေရမယ့် အရာတွေထဲမှာ ဓာတ်ဆားဓာတ်လို့ ခေါ်တဲ့ Electrolytes တွေကလည်း အရေးပါပါတယ်။ ခန္ဓာကိုယ်မှာ ဓာတ်ဆားဓာတ် မျှတနေမှလည်း နေ့စဉ်ဘဝကို ကျန်းမာပျော်ရွှင်စွာ ဖြတ်သန်းနိုင်မှာပါ။ အားကစား လုပ်လို့ ချွေးအရမ်းထွက်ချိန်မှာ ဖြစ်ဖြစ်၊ အပူဒဏ်ကြောင့် ချွေးထွက်များတာ၊ အခြား အခြေအနေ တစ်ရပ်ရပ်ကြောင့် ခန္ဓာကိုယ်မှာ ဓာတ်ဆားဓာတ် နဲ့ ရေဓာတ် ဆုံးရှုံးသွားတဲ့အခါ ပြန်လည်ဖြည့်တင်းဖို့ ဓာတ်ဆားရည်၊ Sport drinks တွေကို သောက်ဖို့ အကြံပြုတတ်ကြပါတယ်။ ဒါပေမယ့် ဓာတ်ဆားရည်ကို မနှစ်သက်ဘူး။ ဓာတ်ဆားရည်အစား အခြား ဓာတ်ဆားဖြည့်ပေးမယ့် သောက်စရာလေးတွေများ မရှိဘူးလားလို့ တွေးနေပြီလား။ ဒါဆိုရင်တော့ ဒီဆောင်းပါးလေးက သင့်အတွက်ပါ။ ဒီဆောင်းပါးလေးထဲမှာ ဓာတ်ဆားရည် အစားထိုး သဘာဝ သောက်စရာများ […]

ကျန်းမာစွာ စားသောက်ခြင်း ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကျန်းမာစွာ စားသောက်ခြင်း ကို ရှာဖွေမည်။

အာဟာရဆိုင်ရာ အချက်အလက်များ

ချစ်သူများနေ့ နဲ့ ချောကလက်

ချစ်သူများနေ့ နဲ့ ချောကလက် ဘာလိုလိုနဲ့ Valentine’s day ချစ်သူများနေ့တောင် ရောက်လာတော့မယ်နော်။ ချစ်သူရည်းစားရှိတဲ့သူတွေအတွက်တော့ ဒီနေ့ရက်လေးဟာ ကိုယ့်ရဲ့ ရင်ထဲမှာရှိနေတဲ့ ချစ်ခြင်းမေတ္တာကို အကောင်းဆုံး ဖော်ပြဖို့ နေ့တစ်နေ့ပါပဲ။ ချစ်သူများနေ့ ဆိုတာ ချစ်သူရှိတဲ့သူတွေအတွက်ပဲလား။ ဒါကတော့ လုံးဝမဟုတ်ပါဘူး။ ချစ်သူများနေ့ ဆိုတာ သမီးရည်းစားတွေမှ မဟုတ်ပါဘူး၊ ကိုယ်ချစ်တဲ့ မိဘ၊ ဆွေမျိုး၊ သူငယ်ချင်း၊ လုပ်ဖော်ကိုင်ဖက်တွေနဲ့ အတူ မေတ္တာတွေ ဝေမျှပေးလို့ရတဲ့ နေ့တစ်နေ့ပါ။ အဲ့တော့ ရည်းစားမရှိသေးလို့ဆိုပြီး ဝမ်းနည်းမနေပါနဲ့။ ကိုယ်ချစ်တဲ့သူတွေနဲ့ ချစ်သူများနေ့ ကို ပျော်ရွှင်စွာ ကုန်ဆုံးနိုင်ရင်ကို ပျော်စရာကောင်းနေပါပြီ။ ချစ်သူများနေ့ မှာ ဘာလို့ ချောကလက် ကျွေးကြတာလဲ။ ချောကလက်ကို ကိုယ်ချစ်တဲ့သူအပေါ်မှာ ထားရှိတဲ့ ချစ်ခြင်းမေတ္တာ၊ နက်ရှိုင်းတဲ့ သံယောဇဉ်တွေ၊ စိတ်ခံစားချက်တွေရဲ့ သင်္ကေတလို့ ဆိုစမှတ်ပြုကြပါတယ်။ ချောကလက် တစ်ကိုက် ကိုက်လိုက်ရတဲ့အခိုက်အတန့်လေးဟာ […]


အာဟာရဆိုင်ရာ အချက်အလက်များ

ပိန်းဥ ရဲ့ ကျန်းမာရေးအကျိုးကျေးဇူး ဘာတွေထူးသလဲ

ပိန်းဥဟင်းချိုလေးမှာ လတ်လတ်ချိုချို အရွက်စိမ်းလေးတွေ ခတ်ပြီး ပူပူလေး သောက်လိုက်ရရင်ဖြင့် ထမင်းအတော်မြိန်တော့မှာပဲ။ ဟော့ပေါ့သောက်လည်း ပိန်းဥလေးပါမှနော်။ ပိန်းဥရေခဲမုန့်ဆိုလည်း လူကြိုက်သိပ်များပါတယ်။ ထူတာ၊ ပိန်းတာတွေဆို  ပိန်းဥ လို့ ဗန်းစကားသုံးတတ်ကြပေမယ့် တကယ့်ပိန်းဥကတော့ အရသာကောင်းမှကောင်းပဲ။ အာဟာရတန်ဖိုးလည်း များလွန်းလို့ စားရတာတန်လိုက်တာမှနော်။ ကဲ ဘာကြောင့် စားရတန်သလဲ ပြောပြပါဦးမယ်။ ပိန်းဥ က - အစာချေဖျက်နိုင်အားပိုကောင်းစေတယ် ပိန်းဥမှာ အစာအိမ်နဲ့အူလမ်းကြောင်းကျန်းမာရေးအတွက် ကောင်းကျိုးပြုတဲ့အမျှင်ဓါတ်ပါဝင်မှုမြင့်မားပါတယ်။ အမျှင်ဓါတ်က အူတွင်းလှုပ်ရှားမှုကိုကောင်းမွန်စေတဲ့အတွက် အစာချေဖျက်နိုင်စွမ်းပိုကောင်းစေပြီး ဝမ်းမှန်စေပါတယ်။ ဒါ့အပြင် လေပွခြင်း၊ လေလည်လွန်းခြင်း၊ ဗိုက်အောင့်ခြင်း၊ဝမ်းချုပ်ခြင်းနဲ့ ဝမ်းပျက်ဝမ်းလျှောခြင်းကိုတောင် မဖြစ်အောင်ကာကွယ်ပေးနိုင်တယ်လို့ ဆိုပါတယ်။ ကင်ဆာကာကွယ်နိုင်တယ် ကင်ဆာနဲ့ပတ်သက်ရင်လည်း ပိန်းဥ က ခန္ဓါကိုယ်တွင်းဓါတ်တိုးဆန့်ကျင်လုပ်ဆောင်ချက်တွေအတွက် အရေးပါတဲ့အကျိုးကျေးဇူးရှိပါတယ်။ ဗီတာမင်A၊ C နဲ့ ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေပါဝင်မှုမြင့်မားတာကြောင့် ကိုယ်ခံအားစနစ်ကိုမြှင့်တင်ပေးပြီး အန္တရာယ်ရှိတဲ့free radicalsတွေကို ဖယ်ရှားရှင်းလင်းပေးမှာပါ။ ပိန်းဥမှာပါရှိတဲ့Cryptoxanthin က အဆုတ်ကင်ဆာနဲ့ ခံတွင်းကင်ဆာဖြစ်နိုင်ခြေကိုလျော့နည်းစေနိုင်ပါတယ်။ ဆီးချိုသွေးချိုကာကွယ်နိုင်တယ် အမျှင်ဓါတ်က ခန္ဓါကိုယ်တွင်း […]


အာဟာရဆိုင်ရာ အချက်အလက်များ

ကျန်းမာရေးကို အထောက်အကူအပြုဆုံး ဟင်းသီးဟင်းရွက် ၁၀ မျိုး

ဟင်းသီးဟင်းရွက်ဆိုတာ လူ့ကျန်းမာရေးကို ဘယ်လောက်တောင် အထောက်အကူဖြစ်စေလဲဆိုတာ လူတိုင်းနီးပါး သိထားကြမှာပါ။ ဟင်းရွက်အများစုဟာ ကယ်လိုရီနည်းပါးသလို ဗီတာမင်၊ သတ္တုဓာတ်နဲ့ အမျှင်ဓာတ်လည်း ကြွယ်ဝစွာပါဝင်တဲ့ အစားအစာတွေဖြစ်ပါတယ်။ ဒါကြောင့် ကျန်းမာရေးကို အကျိုးပြုသလို ကိုယ်အလေးချိန်လျှော့ချချင်သူတွေအတွက်လည်း အထောက်အကူပြုပါတယ်။ ကမ္ဘာပေါ်မှာ ဟင်းသီးဟင်းရွက် အမျိုးအမည် အများအပြားရှိပါတယ်။ တစ်မျိုးနဲ့ တစ်မျိုးလည်း အကျိုးပြပုံခြင်းမတူညီကြပါဘူး။ ဒါပေမယ့် တစ်ချို့က အစာခြေစနစ်ကို အထောက်အကူပြုကြသလို တစ်ချို့က ကိုယ်အလေးချိန်ကျစေမယ်၊ တစ်ချို့ကတော့ ရောဂါတွေကို သက်သာစေမယ် စသဖြင့်ပေါ့။ ဒီလို အမျိုးအမည်အတူ အကျိုးပြုပုံမတူညီတဲ့ မျိုးစိတ်တွေအကြားမှာ ဘယ်အစားအစာက လူတွေကို အကျိုးအပြုဆုံးလဲဆိုတာကို သင် သိနိုင်ပါ့မလား။ ခွဲခြားရခက်နေမှာဖြစ်ပါတယ်။ ဒီဆောင်းပါးမှာတော့ ခုလို ခွဲခြားရခက်နေသူတွေကို လူတွေအတွက် အကျိုးကျေးဇူးအများဆုံး ဟင်းသီးဟင်းရွက်တွေနဲ့ မိတ်ဆက်ပေးသွားမယ်နော်။ ဖတ်ကြည့်ကြပါဦး။ ၁။ ဟင်းနုနွယ် - ဟုတ်ပါတယ်။ […]


အာဟာရဆိုင်ရာ အချက်အလက်များ

မရမ်းသီး ကြိုက်ကြလား..........

ချိုချိုချဉ်ချဉ်လေးနဲ့ အရသာရှိတဲ့ မရမ်းသီး ကို ကြိုက်လား..... ဆောင်းရဲ့ အအေးဓာတ်လေးမကုန်ခင်မှာ အရသာရှိလှတဲ့ မရမ်းသီးလေးစားရတာကလည်း ခံတွင်းတွေ့ပြီး စိတ်ကျေနပ်စရာ​ကောင်းတဲ့ ဆောင်းရာသီရဲ့ အငွေ့အသက်တစ်ခုပေါ့။ မရမ်းသီးစိမ်းကို ဆားရည်ပဲစိမ်စားစား၊ ဆေးသကြားလေးနဲ့ အချိုစိမ်ပြီးပဲစားစား၊ ပါးပါးလှီးပြီး သုပ်ပဲစားစား၊ ငပိလေးနဲ့ရောထောင်းပြီးပဲစားစား၊ လက်ဖက်လေးနဲ့ ရောထောင်းစာစား စားလို့ကောင်းတဲ့ မရမ်းသီးလေးက စားကောင်းတယ်ဆိုတာထက် ပိုပါတယ်။ မရမ်းသီး မရမ်းသီးဆိုတာက အပင်ကြီးမျိုးတစ်မျိုးဖြစ်ပြီး ၄ စင်တီမီတာကနေ ၇ စင်တီမီတာလောက်ရှိတဲ့အသီးလေးတွေ သီးတတ်ပါတယ်။ အစိမ်းရောင်ခပ်ဖျော့ဖျော့ရှိပြီး အရသာကချဉ်ပါ။ အလယ်မှာ ခရမ်းရောင် အစေ့လေးပါပါတယ်။ မှည့်လာတဲ့အခါ အဝါရောင်ပြောင်းလာပါတယ်။ အဝါရောင်ပြောင်းလာမှုနဲ့အတူ အရသာကလည်း အချဉ်ပေါ့လာပါတယ်။ မရမ်းသီးက သရက်ပင်၊ သီဟိုဠ်ပင်တို့နဲ့ မျိုးရင်းတူပေမယ့် ထူးခြားတာတစ်ခုက သူက အခွံခွာစရာမလိုဘဲ စားလို့ရတာပါ။ မရမ်းပင်ဟာ အရှေ့တောင်အာရှနိုင်ငံတွေဖြစ်တဲ့ အင်ဒိုနီးရှား၊ မလေးရှား၊ ထိုင်းနဲ့ မြန်မာနိုင်ငံတို့မှာ ပေါက်ရောက်ကြပါတယ်။ ချဉ်ချဉ်ချိုချိုအရသာရှိတဲ့ […]


အာဟာရဆိုင်ရာ အချက်အလက်များ

သောက်သုံးမယ့်ရေ ကသန့်ပါစေ

ရေ အသက် တစ်မနက်ပါ။ ရေက ခန္ဓာကိုယ်အတွက်အရေးပါတဲ့အရာတစ်ခုပါ။ ရေဓာတ်ခမ်းခြောက်မှုက အသက်အန္တရာယ်ကို ထိခိုက်တာမျိုးအထိပြင်းထန်ပါတယ်။ ဒါကြောင် နေ့စဉ်တိုင်းမှာ ရေပြည့်ဝအောင်သောက်သုံးဖို့လိုပါမယ်။ ဒီလိုဆိုတာနဲ့ ရေဖြစ်ရင်ပြီးရောဆိုပြီး သောက်လိုက်လို့ မဖြစ်ပါဘူး။ ရေဆိုတဲ့နေရာမှာ သန့်စင်တဲ့ သောက်သုံးရေဖြစ်ဖို့လိုပါမယ်။ သောက်သုံးမယ့်ရေ ကသန့်စင်ရဲ့လား........... ရေတိုင်းကို သောက်သုံးလို့မဖြစ်ပါဘူး။ သန့်စင်တဲ့ သောက်သုံးရေကသာ ကျန်းမာရေးကို အကောင်းဆုံး အကျိုးပြုနိုင်မှာပါ။ ကျန်းမာရေးနဲ့ညီညွတ်တဲ့ သောက်သုံးရေဖြစ်ဖို့ဆိုရင် အရောင်ကင်းရမယ် အနံကင်းရမယ် အရသာကင်းရပါမယ်။ သောက်သုံးရေသန့်စင်မှုကြောင့် ဘယ်လိုအကျိုးကျေးဇူးတွေရနိုင်မလဲ......... ခန္ဓာကိုယ်ရဲ့ လုပ်ငန်းစဉ်တွေအကောင်းဆုံးလည်ပတ်နိုင်စေပြီး ကျန်းမာစေဖို့အတွက် ရေဓာတ်ပြည့်ဝနေဖို့လိုပါမယ်။ သန့်ရှင်းတဲ့သောက်သုံးရေကခန္ဓာကိုယ်အတွက် ဘာတွေများလုပ်ပေးလဲချင်ရင်တော့ ဒီဆောင်းပါးလေးကို ဖတ်ကြည့်စေချင်ပါတယ်။ အဆစ်တွေလှုပ်ရှားရအဆင်ပြေစေတယ် အရိုးနုလေးတွေ၊ အဆစ်တွေနဲ့ ကျောရိုးဆစ်လေးတွေထဲမှာ ရေ ၈၀ ရာခိုင်နှုန်းလောက်အထိရှိနေတာကိုတွေ့ရပါတယ်။ ဒီလိုရေတွေရှိနေတာကပဲ သင့်ကို လိုသလိုလှုပ်ရှားလို့ရအောင် အကောင်းဆုံးထောက်ပံ့ပေးနေတာပါ။ တကယ်လို့သင့်အနေနဲ့သာ ရေကိုလုံလောက်အောင်မသောက်လို့ ဒီအရိုးအဆစ်လေးတွေထဲမှာ ရေနည်းသွားမယ်ဆိုရင် အဆစ်တွေကတောင့်တင်းပြီး အဆစ်နာတာ၊ လှုပ်ရှားရအဆင်မပြေတာတွေဖြစ်လာနိုင်ပါတယ်။ တံထွေးနဲ့ အချွဲတွေကိုဖြစ်စေတယ် တံထွေးက […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

သဘာဝကိုယ်ခံအားစနစ် ကို အားဖြည့်ပေးမယ့် အစားအစာ (၆) မျိုး

ရောဂါပိုးတွေက စုံလင်လာတဲ့ဒီဘက်ခေတ်မှာ ဘယ်လိုနည်းနဲ့ကိုယ့်ကိုယ်ကိုကာကွယ်ရမလဲ အမြဲရှာဖွေကြိုးစားကြည့်ကြမှာပါပဲ။ နှာခေါင်းစည်းတွေဝယ်တပ်ရမလား၊ အားဆေးတွေပဲ ဝယ်သောက်ရမလား၊ နှစ်မိနစ်တစ်ခါ လက်ဆေးရမလား၊ လက်သန့်ဆေးရည်ဘူး တကိုင်ကိုင်နဲ့ နေရမှာလားနဲ့ စိုးရိမ်မကင်းဖြစ်နေတတ်တာပေါ့။ တကယ်တော့ ဘယ်အခြေအနေမှာဖြစ်ဖြစ် ခန္ဓာကိုယ်ရဲ့ခုခံအားစနစ်က အဓိကကျတယ်ဆိုတာ မမေ့ဖို့လိုပါတယ်။ ကာကွယ်မှုအလေ့အထတွေ လိုက်နာသင့်ပေမယ့် ကိုယ်ခံအားပြည့်ဝဖို့ ဂရုမစိုက်နိုင်ရင်၊ ကိုယ်ခံအားနည်းတယ်ဆိုရင် ကူးစက်ခံရနိုင်တဲ့ အန္တရာယ်ပိုများပါတယ်။ တခြားနည်းလမ်းတွေလည်း ကြိုးစားရင်း တစ်ဖက်မှာလည်း ကိုယ်နေ့စဉ်စားနေတဲ့ အစားအစာတွေထဲကနေ ကိုယ်ခံအားကောင်းစေမယ့် အစားအစာတွေကို ရွေးချယ်သင့်ပါတယ်။ အစွမ်းထက်တဲ့ အစားအစာ (၆) မျိုး (၁) ပန်းငရုတ်ပွ သံပရာသီး၊ လိမ္မော်သီးတွေမှာမှ ဗီတာမင် C ပါဝင်တာမဟုတ်ပါဘူး။ ပန်းငရုတ်ပွအနီတွေမှာ လိမ္မော်သီးလိုအရည်ရွှမ်းအချဉ်သီးတွေထက် ဗီတာမင် C နှစ်ဆပါဝင်နိုင်ပါတယ်။ အလတ်ဆိုဒ် ရှိတဲ့ ပန်းငရုတ်ပွတစ်လုံးမှာ တစ်နေ့တာလိုအပ်တဲ့ ဗီတာမင် C ကို ကောင်းကောင်းဖြည့်တင်းပေးနိုင်တဲ့ ပမာဏ ပါဝင်တယ်လို့ ပညာရှင်တွေက ဖော်ပြထားပါတယ်။ ပန်းငရုတ်ပွအစိမ်းတွေနဲ့ယှဉ်ရင် […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

ရောဂါထူစေမယ့် စားသောက်ပုံ အမူအကျင့်မှား (၇) ခု

အစားအသောက်နဲ့ လူ့ကျန်းမာရေးက အချိုးကျကျ ဆက်နွှယ်နေတယ်လို့ပြောရင် ယုံနိုင်မလား။ မှန်မှန်ကန်ကန်စားရင် ကျန်းမာအားပြည့်စေတယ်၊ ခန္ဓာကိုယ်ကြီးကို သက်တမ်းရှည်ကြာအောင် ထိန်းသိမ်းစောင့်ရှောက်နိုင်လိမ့်မယ်။ စားသောက်ပုံ နည်းလမ်းမှားရင်တော့ ဘယ်လိုအကောင်းစားတွေပဲ စားနေပါစေ၊ လူကရောဂါထူလာပါလိမ့်မယ်နော်။ ကျန်းမာချင်တယ်ဆိုရင် ဒီလိုတွေ မလုပ်မိအောင် ရှောင်သင့်ပါတယ်နော် - (၁) စိတ်လွတ်ကိုယ်လွတ်စားသောက်မိခြင်း Cornell University သုတေသီ ပါမောက္ခ Brian Wansink ရဲ့လေ့လာမှုအရ ကိုယ်အစားအသောက် ထည့်စားတဲ့ ပန်းကန်အရွယ်အစားကြီးလေ၊အတိုင်းအဆမသိဘဲစားမိလေ ဖြစ်တယ်လို့တွေ့ရှိခဲ့ပါတယ်။ ဥပမာ ရုပ်ရှင်သွားကြည့်တဲ့သူတွေဟာ ပြောင်းဖူးပေါက်ပေါက် ဘူးကြီးအရွယ်အစားကို စားတဲ့အခါ ဘူးအသေးနဲ့ပဲ ခွဲဝယ်ခဲ့တဲ့(ပေါက်ပေါက်ပမာဏချင်းတူတူ)သူတွေထက် ၄၅ ရာခိုင်နှုန်းလောက် ပိုစားမိကြတာတွေ့ရပါတယ်။ ဒါ့ကြောင့် ပန်းကန်ကြီးကြီးနဲ့ထည့်မစားပါနဲ့။ ကိုယ့်ထည့်စားမယ့်ပန်းကန်အရွယ်အစားကို ပုံမှန်လောက်ပဲရွေးသင့်သလို ဘူးတွေ၊ခွက်တွေထဲကနေ အလွယ်တကူယူတိုက်ရိုက်ယူမစားသင့်ပါဘူး။ (၂) ညဘက် အစား ထစားခြင်း ကိုယ်အလေးချိန်ထိန်းသိမ်းချင်တယ်ဆိုရင် ညဘက်အစာစားတာဟာ မကောင်းတဲ့အမူအကျင့်ဖြစ်ပါတယ်။ ဒါ့ကြောင့် စားသောက်ပုံ မှန်ကန်ဖို့ ဂရုစိုက်သင့်ပါတယ်။ ဒါ့ကြောင့် ညစာစားပြီးပြီဆိုတာနဲ့ […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

ညဘက်အစာစားခြင်းက ကျန်းမာရေးကိုထိခိုက်စေနိုင်သလား

လူ့ခန္ဓာကိုယ်မှာ Circadian Rhythm လို့ခေါ်တဲ့ တစ်နေ့ကို ၂၄ နာရီ အချိန်မှန်မှန်လည်ပတ်နေအောင်ထိန်းညှိပေးတဲ့ စနစ်တစ်ခုရှိပါတယ်။ အကယ်၍ Circadian Rhythm ကို ဆန့်ကျင်ပြီး အကြောင်းအမျိုးမျိုးနဲ့ညဖက်တွေမှာ ရက်ဆက်ပြီး အစားအသောက်တွေ စားသောက်ဖြစ်ခဲ့မယ်ဆိုရင်တော့ ဟော်မုန်းအပြောင်းအလဲတွေ၊ ခန္ဓာကိုယ်က အစိတ်အပိုင်းတွေရဲ့လုပ်ဆောင်ချက် အပြောင်းအလဲတွေဖြစ်ပေါ်လာနိုင်ပါတယ်။ ညဘက်အစာစားတဲ့အခါ ခန္ဓာကိုယ်မှာ ဖြစ်ပေါ်လာတဲ့ အပြောင်းအလဲတွေကတော့ - ၁ - ဟော်မုန်းထုတ်လုပ်မှုပြောင်းလဲလာခြင်း ညဘက်အစာစားခြင်းက အင်ဆူလင်ဟော်မုန်းပမာဏကို အပြောင်းအလဲတွေဖြစ်စေနိုင်ပါတယ်။ အင်ဆူလင်ကတော့ ခန္ဓာကိုယ်ရဲ့စနစ်တော်တော်များများကို ထိန်းညှိပေးတဲ့ ဟော်မုန်းတစ်မျိုးဖြစ်ပါတယ်။ သူ့ရဲ့အရေးအကြီးဆုံးလုပ်ငန်းကတော့ သွေးတွင်းသကြားပမာဏကို ထိန်းညှိပေးတာပါ။ အစာစားလိုက်တဲ့အခါမှာ အစားအသောက်တွေကနေ သကြားဓာတ်ကို အူကနေစုပ်ယူပါတယ်။ ပိုလျှံနေတဲ့ သကြားဓာတ်တွေအတွက် ပန်ကရိယကနေ အင်ဆူလင်ဓာတ်ကိုထုတ်ပြီး သကြားအပိုတွေကို ဆဲလ်ထဲ ထည့်ပြီးသိမ်းဆည်းပါတယ်။ အင်ဆူလင်ဟော်မုန်းပမာဏပုံမမှန်တဲ့အခါ သွေးတွင်းသကြားဓာတ် လိုတာထက်ပိုလာတဲ့အတွက် ခန္ဓာကိုယ်အတွက်ဆိုးကျိုးတွေပဲဖြစ်လာစေပါတယ်။ ၂ - အခြားသောဟော်မုန်းများ မြင့်တက်လာခြင်း အင်ဆူလင်တစ်ခုတည်းသာမကဘဲ […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

အစားအသောက်ကြောင့်လဲ စိတ်ကျန်းမာရေး ထိခိုက်နိုင်တယ်နော်

လူတစ်ယောက်ဟာ ခန္တာကိုယ် ကြံ့ခိုင်နေဖို့သာမက စိတ်ပိုင်းဆိုင်ရာလည်း ကျန်းမာနေဖို့ လိုအပ်ပါတယ်။ စိတ်ချမ်းသာမှ ကိုယ်ကျန်းမာမယ်ဆိုတဲ့ စကားတစ်ခုတောင် ရှိသေးတယ်မဟုတ်လား။ တကယ်လို့များ ကိုယ့်က စိတ်မချမ်းသာရင်၊ စိတ်ပူပင်သောကရောက်နေရင်၊ စိတ်ဖိစီးမှုတွေများနေရင် ရုပ်ခန္တာကြီးလည်း ကျန်းမာကြံ့ခိုင်နေဖို့ မလွယ်ကူတော့ပါဘူး။ စိတ်ထောင်းရင် ကိုယ်ကျေတတ်တာကိုး။ လူတစ်ယောက် စိတ်ပိုင်းဆိုင်ရာအရ ခိုင်မာအားကောင်းနေဖို့ ကျန်းမာနေဖို့ စိတ်ဖိစီးမှုနဲ့ စိတ်ဝေဒနာတွေ ကင်းဝေးနေဖို့ဆိုရင် တခြားသောကျန်းမာရေးကိစ္စတွေလိုပဲ စားသောက်နေထိုင်မှုပုံစံက သိပ်ကို အရေးကြီးပါတယ်။ အစားအသောက်မမှန်ရင်၊ မသင့်တော်တာတွေ လျှောက်စားနေမိမယ်ဆိုရင် ကိုယ့်ရဲ့ စိတ်ကျန်းမာရေးအခြေအနေကို ဆိုးရွားစေမှာဖြစ်ပါတယ်။ ကိုယ်က စိတ်ပိုင်းဆိုင်ရာအရ ဘာပြဿနာမှရှိမနေရင်တောင်မှ အစားအသောက် ပုံစံမမှန်တာကြောင့် ဒီလိုဝေဒနာတွေဖြစ်လာဖို့ တွန်းအားဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် စိတ်ကျန်းမာရေးအတွက် ဆိုးကျိုးဖြစ်စေမယ့် ဘယ်လိုအစားအသောက်မျိုးတွေကို ဂရုစိုက်ဆင်ချင်ပြီး စားသုံးသင့်သလဲဆိုတာကို ပြောပြပေးချင်ပါတယ်။ အသင့်သောက် သစ်သီးဖျော်ရည် - အံ့အားသင့်စရာကောင်းလွန်းလှပါတယ်။ လူကြိုက်များလွန်းလှတဲ့ အသင့်သောက် […]


အာဟာရဆိုင်ရာ အချက်အလက်များ

Probiotics နဲ့ Prebiotics ဘာကွာလဲ........

Probiotics နဲ့ Prebiotics ဆိုတဲ့ စကားလုံးလေး နှစ်လုံးက သိပ်မကွာလှပေမယ့် တူလားဆိုတော့ မတူပါဘူး။ လူတစ်ယောက်ကျန်းမာဖို့ လိုအပ်တဲ့ပုံစံချင်းကတော့ သိပ်မကွာပါဘူး။ သူတို့နှစ်ခုက တစ်ခုနဲ့တစ်ခု ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီဆိုရင် ပိုမှန်မှာပါ။ ဒီတစ်ခေါက်တော့ သူတို့ နှစ်ခုဘာကွာနေလဲဆိုတာကို ပြောပြပေးပါမယ်။ Probiotics နဲ့ Prebiotics ဘာကွာလဲ........ Probiotics နဲ့ Prebiotics နှစ်မျိုးစလုံးက ကျန်းမာရေးအတွက် အရေးကြီးပါတယ်။ ဒါပေမယ့် သူတို့တစ်ခုချင်းစီရဲ့ အခန်းကဏ္ဍကတော့ မတူပါဘူး။ Probiotics (အကျိုးပြုဘက်တီးရီးယား) ဆိုတာက Probiotics ဆိုတာက အစာခြေစနစ် (အထူးသဖြင့် အူမကြီး) ထဲမှာရှင်သန်နေပြီး အစာခြေစနစ် ကျန်းမာစေဖို့လုပ်ဆောင်ပေးပါတယ်။ အစားအစာတွေနဲ့ဖြည့်စွက်စာတွေမှာပါဝင်နေတဲ့ သက်ရှိဘက်တီးရီးယားလေးတွေပါ။ Prebiotics (အကျိုးပြုဘက်တီးရီးယား အာဟာရ) ဆိုတာက လူ့အစာခြေစနစ်က မချေဖျက်နိုင်တဲ့ အမျှင်ဓာတ်တစ်မျိုးပါ။ အစာခြေစနစ်တလျှောက်မှာရှိတဲ့ အကျိုးပြုဘက်တီးရီးယားတွေကိုအကောင်းဆုံး အာဟာရဖြည့်ပေးပါတယ်။ Probiotics နဲ့ Prebiotics ခန္ဓာကိုယ်အတွက် […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Nyi Nyi Kyaw

အာဟာရပညာရှင် • Sakura Hospital

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း