ကျန်းမာစွာ စားသောက်ခြင်း

အစားအသောက်က ကျန်းမာစေဖို့ ထိန်းသိမ်းပေးသလို ရောဂါတွေကို ကာကွယ်ရာမှာ အကူအညီပေးခြင်းဖြင့် ကျန်းမာစွာနေထိုင်မှုအပေါ်မှာ အများကြီး သက်ရောက်နေပါတယ်။ ကံမကောင်းတာတစ်ခုက ကျန်းမာစွာ စားသောက်ခြင်းနဲ့ပတ်သက်ပြီး ယုံတမ်းစကားတွေ များစွာရှိနေတာပါ။ ဒါကြောင့် ကျန်းမာစွာ စားသောက်ခြင်းနဲ့ ပတ်သက်ပြီး သိထားတဲ့အချက်တွေက မှန်သလား မှားသလားဆိုတာကိုသေချာ သိဖို့ လိုပါမယ်။

ကျန်းမာရေးဗဟုသုတ

ကျန်းမာစွာ စားသောက်ခြင်း

ဓာတ်ဆားရည် အစားထိုး သဘာဝ သောက်စရာများ

ခန္ဓာကိုယ် ကျန်းမာနေစေဖို့အတွက် အာဟာရတွေ ပြည့်ဝမျှတနေဖို့ လိုပါတယ်။ ဒီလို ပြည့်ဝမျှတနေရမယ့် အရာတွေထဲမှာ ဓာတ်ဆားဓာတ်လို့ ခေါ်တဲ့ Electrolytes တွေကလည်း အရေးပါပါတယ်။ ခန္ဓာကိုယ်မှာ ဓာတ်ဆားဓာတ် မျှတနေမှလည်း နေ့စဉ်ဘဝကို ကျန်းမာပျော်ရွှင်စွာ ဖြတ်သန်းနိုင်မှာပါ။ အားကစား လုပ်လို့ ချွေးအရမ်းထွက်ချိန်မှာ ဖြစ်ဖြစ်၊ အပူဒဏ်ကြောင့် ချွေးထွက်များတာ၊ အခြား အခြေအနေ တစ်ရပ်ရပ်ကြောင့် ခန္ဓာကိုယ်မှာ ဓာတ်ဆားဓာတ် နဲ့ ရေဓာတ် ဆုံးရှုံးသွားတဲ့အခါ ပြန်လည်ဖြည့်တင်းဖို့ ဓာတ်ဆားရည်၊ Sport drinks တွေကို သောက်ဖို့ အကြံပြုတတ်ကြပါတယ်။ ဒါပေမယ့် ဓာတ်ဆားရည်ကို မနှစ်သက်ဘူး။ ဓာတ်ဆားရည်အစား အခြား ဓာတ်ဆားဖြည့်ပေးမယ့် သောက်စရာလေးတွေများ မရှိဘူးလားလို့ တွေးနေပြီလား။ ဒါဆိုရင်တော့ ဒီဆောင်းပါးလေးက သင့်အတွက်ပါ။ ဒီဆောင်းပါးလေးထဲမှာ ဓာတ်ဆားရည် အစားထိုး သဘာဝ သောက်စရာများ […]

ကျန်းမာစွာ စားသောက်ခြင်း ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကျန်းမာစွာ စားသောက်ခြင်း ကို ရှာဖွေမည်။

ကိုယ်အလေးချိန်လျှော့ချခြင်း

အဆီကို မြန်မြန်နဲ့ မှန်မှန်လေး ကျစေမယ့် အဓိကအချက် (၃) ချက်

အခုခေတ်မှာ ဝိတ်ကျဖို့ဆိုတာ ပျိုမေတိုင်းအတွက် အိပ်မက်ပန်းတိုင်တစ်ခုလို ဖြစ်နေပါပြီ။ ဝရင်မလှဘူး၊ ပိန်မှ လှတယ်ဆိုတဲ့ အယူအဆတွေဆိုတာလည်း ပတ်ဝန်းကျင်မှာ အမြဲ ကြားနေကျဆိုတော့ ကျန်းမာရေးထက် အလှအပကို ပိုဦးစားပေးတဲ့အနေနဲ့ ဝိတ်ချဖို့ကို အပြင်းအထန် လုပ်လာကြတော့တာပါပဲ။ တကယ်တော့ လူတစ်ယောက် ပိန်တယ်၊ ဝတယ်၊ ဝိတ်ကျတယ်၊ မကျဘူးဆိုတာထက် ကျန်းမာရေးအနေနဲ့ ကြည့်မယ်ဆိုရင် ကိုယ့်အသက်အရွယ်၊ အရပ်အမြင့်နဲ့ ကိုက်ညီတဲ့ ကိုယ်အလေးချိန် ရှိနေဖို့သာ အရေးကြီးတာပါ။ ပိန်လွန်းရင်လည်း အဝတ်အစား ဝတ်တဲ့အခါ ကြည့်မကောင်းသလို အာဟာရဓာတ် နည်းပါးတာ၊ ကိုယ်ခံအား နည်းတာ၊ အလွယ်တကူ ဖျားနာ၊ ရောဂါဖြစ်လွယ်နိုင်ပါတယ်။ ဝလွန်းပြန်ရင်လည်း သွေးတိုး၊ ဆီးချို၊ နှလုံးရောဂါတွေ ဖြစ်ဖို့ ရာခိုင်နှုန်း ပိုများပါတယ်။ ဒါ့အပြင် သွေးတွင်း အဆီများခြင်း၊ ကိုယ်လက် လေးလံထိုင်းမှိုင်းခြင်း၊ တစ်ခုခု […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

ရေခဲရေထက် ရေနွေးပိုသောက်ပေးသင့်တဲ့ အကြောင်းရင်း

လူတော်တော်များများက ရေနွေးသောက်တာထက် ရေခဲရေ သောက်ရတာကို ပိုကြိုက်ကြပါတယ်။ အဓိက အကြောင်းရင်းဆိုရင်တော့ အေးကနဲ ဖြစ်သွားတဲ့ ခံစားချက်ရယ်၊ ပင်ပန်းခဲ့သမျှ အေးစိမ့်မှုကြောင့် အမောပြေသလို ခံစားရတာကြောင့်ပါပဲ။ ရေခဲရေမှာလည်း သူ့ဟာနဲ့သူ ကျန်းမာရေးအကျိုးကျေးဇူးတွေ ရှိသလို မဆင်မခြင် သောက်မယ်ဆိုရင်လည်း ပြဿနာတွေ ကြုံလာရနိုင်ပါတယ်။ ခုဆောင်းပါးမှာတော့ ရေခဲရေထက် ရေနွေးပိုသောက်ပေးသင့်တဲ့ အကြောင်းရင်း နဲ့ ရေနွေး သောက်တာကြောင့် ဘယ်လို ကျန်းမာရေး အကျိုးကျေးဇူးတွေ ရှိနိုင်လဲဆိုတာနဲ့ ပတ်သက်ပြီး ပြောပြပေးချင်ပါတယ်။ ရေခဲရေထက် ရေနွေးပိုသောက်ပေးသင့်တဲ့ အကြောင်းရင်း ရေခဲရေထက် ရေနွေးပိုသောက်ပေးသင့်တဲ့ အကြောင်းရင်း တွေကတော့ ၁။ နှာရည်ယို၊ နှာပိတ်တာကို သက်သာစေတယ်။ ဒါဟာ ရှေးယခင်ကတည်းက ရှိနေခဲ့တဲ့ နှာစေးနှာပိတ် အိမ်တွင်းကုထုံးတစ်မျိုးပါ။ ရေနွေးကနေ ရတဲ့ အနွေးဓာတ်ဟာ လည်ချောင်းတစ်လျှောက်ကို ဖြတ်သန်းသွားတဲ့အခါ ဘက်တီးရီးယားပိုးမွှားတွေကို ဖယ်ရှားပေးတယ်။ နီရဲရောင်ရမ်းတာကို ကျစေပြီး […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

ငါးကြီးဆီဟာ ကိုယ်အလေးချိန်ကို ကျစေသလား

ငါးကြီးဆီကို တစ်နေ့ တစ်လုံး ပုံမှန်သောက်ပေးရင် ကိုယ်အလေးချိန်ကို ကျစေတယ်ဆိုတာနဲ့ ပတ်သက်ပြီး သိပ္ပံပညာရှင်တွေ လေ့လာဆန်းစစ်နေကြဆဲပါပဲ။ ယခုအထိ တိုက်ရိုက် ကိုယ်အလေးချိန်ကျစေတယ်လို့တော့ ခိုင်မာတဲ့ သက်သေအထောက်အထားမျိုး မတွေ့ရသေးတဲ့တိုင်အောင် သွယ်ဝိုက်သော နည်းနဲ့ ကိုယ်အလေးချိန်ကို ကျစေနိုင်တယ်ဆိုတာတော့ တွေ့ရပါတယ်။ ငါးကြီးဆီ ဆိုတာ ဘာလဲ။ ငါးကြီးဆီကို Omega-3 fatty acid လို့လည်း လူသိများပြီး လူတွေရဲ့ ဦးနှောက်ဉာဏ်ရည်နဲ့ အမြင်အာရုံကို ထက်မြက်စေဖို့နဲ့ အာရုံကြောစနစ် ကောင်းမွန်စေဖို့ အဓိက ကူညီပေးပါတယ်။ တချို့သော အစေ့အဆန်တွေနဲ့ အဆီများတဲ့ ငါးတွေကနေ ငါးကြီးဆီ ရနိုင်သလို ဖြည့်စွက်အားဆေးအနေနဲ့ ထုတ်ထားတာလည်း ဈေးကွက်ထဲမှာ အလွယ်တကူ ရှာဖွေလို့ ရပါတယ်။ ဆေးတောင့် အကြီးကိုမှ အဝါဖျော့ရောင်ရှိပါတယ်။ ငါးကြီးဆီကို အုပ်စု ၂ စုခွဲရမယ်ဆိုရင် ၁။ Essential Omega-3 […]


ထူးခြားသည့်စားသောက်မှုပုံစံကွဲများ

ကီတို Diet လုပ်နေစဉ် အတွေ့များတဲ့ လက္ခဏာများ

ကီတို Diet ဆိုတာ ကိုယ်အလေးချိန် ကျစေဖို့နဲ့ ခန္ဓာကိုယ်တွင်း ကျန်းမာရေးကောင်းစေဖို့ ရည်ရွယ်ပြီး လုပ်တဲ့ Diet တစ်မျိုးပါ။ အထူးသဖြင့် လူငယ် အမျိုးသမီးတွေ ကီတို Diet လုပ်တာ ပိုများပါတယ်။ ကာဗိုဟိုက်ဒြိတ်ကို နည်းနိုင်သမျှ နည်းအောင် စားသုံးပြီး ကျန်းမာရေး အကျိုးပြု အဆီဓာတ်နဲ့ အသားဓာတ်ကိုသာ အဓိက စားသုံးပေးရပါတယ်။ ပုံမှန် အစာစားလိုက်တဲ့အခါ ကျွန်တော်တို့ လူ့ခန္ဓာကိုယ်သည် ကစီဓာတ်လို့ ခေါ်တဲ့ ကာဗိုဟိုက်ဒြိတ်ကို အရင်ဖြိုခွဲပေးရပါတယ်။ ပြီးတော့မှ အဆီဓာတ်နဲ့ ကယ်လိုရီတွေကို ဖြိုခွဲပါတယ်။ ကီတို Diet စတင်တဲ့အခါမှာ ကစီဓာတ် စားသုံးမှုနည်းသွားတဲ့အတွက် ကိုယ်ခန္ဓာက အဆီတွေကို တိုက်ရိုက်ဖြိုခွဲဖို့ ပိုလွယ်ကူသွားပါတယ်။ အဆီတွေကို ကီတုန်း (Ketone) အဖြစ်နဲ့ ဖြိုခွဲပြီးနောက် အသည်းထဲမှာ သိုလှောင်ကာ ဦးနှောက်အတွက် […]


အာဟာရဆိုင်ရာ အချက်အလက်များ

ရွှေဖရုံသီးစေ့ စားခြင်းဖြင့် ရနိုင်သော အကျိုးကျေးဇူးများ

ရွှေဖရုံသီးစေ့ဟာ အရွယ်အစားအရသာ သေးငယ်ပေမယ့် အာဟာရဓာတ်တွေ များစွာပါဝင်တဲ့ စားစရာတစ်မျိုး ဖြစ်ပါတယ်။ အနည်းငယ်စားရုံမျှနဲ့တင် ကျန်းမာရေးအတွက် အကျိုးပြုတဲ့ အဆီဓာတ်၊ မဂ္ဂနီဆီယမ်နဲ့ ဇင့်ဓာတ်တွေ ရရှိနိုင်ပါတယ်။ ယခုဆက်လက်ဖော်ပြမယ့် အကြောင်းအရာတွေကတော့ သိပ္ပံနည်းကျ တွေ့ရှိထားတဲ့ ရွှေဖရုံသီးစေ့ရဲ့ အကျိုးကျေးဇူးတွေပဲ ဖြစ်ပါတယ်။ ၁။ အာဟာရဓာတ်များစွာ ပါဝင်ခြင်း ရွှေဖရုံသီးစေ့ဟာ အရွယ်အစားသေးငယ်လှပေမယ့် ပါဝင်တဲ့ အာဟာရဓာတ်တွေကတော့ အတော်များပါတယ်။ ရွှေဖရုံသီးစေ့ တစ်အောင်စ (၂၈ ဂရမ်) မှာပါဝင်တဲ့ အာဟာရဓာတ်တွေကတော့ - ကယ်လိုရီ။ ၁၅၁ - ကာဘိုဟိုက်ဒရိတ်။ ၅ ဂရမ် - ပရိုတိန်း။ ၇ ဂရမ် - အဆီဓာတ်။ ၁၃ ဂရမ် - ဗီတာမင် K။ တစ်နေ့တာလိုအပ်ချက်၏ ၁၈ ရာခိုင်နှုန်း - ဖော့စဖရပ်စ်။ တစ်နေ့တာလိုအပ်ချက်၏ ၃၃ ရာခိုင်နှုန်း - မန်ဂနိစ်။ တစ်နေ့တာလိုအပ်ချက်၏ […]


အာဟာရဆိုင်ရာ အချက်အလက်များ

မာလကာသီးနဲ့ မာလကာရွက်တို့မှာ ဘာအာနိသင်တွေ ရှိသလဲ

မာလကာသီးဟာ အပူပိုင်းသီးနှံတစ်မျိုးဖြစ်ပြီး အမေရိကအလယ်ပိုင်းမှာ စတင်ပေါက်ရောက်ခဲ့ပါတယ်။ မာလကာသီးမှာ ဗီတာမင် C၊ ပိုတက်ဆီယမ်၊ အမျှင်ဓာတ်နဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ပါဝင်ပါတယ်။ ဒေသတချို့မှာ မာလကာရွက်ကို အခြောက်ခံပြီး ရေနွေးအနေနဲ့ ဆေးဖြစ်ဝါးဖြစ် သောက်သုံးကြပါတယ်။ ယခုဆက်လက်ဖော်ပြမှကြတော့ မာလကာသီးနဲ့ မာလကာရွက်ကနေ ဘယ်လိုအကျိုးကျေးဇူးတွေ ရနိုင်သလဲ ဆိုတာပါပဲ။ ၁။ သွေးတွင်းသကြားဓာတ်ကို ကျစေခြင်း မာလကာရွက်မှာ သွေးတွင်းသကြားဓာတ်ကို ကျဆင်းစေတဲ့ အာနိသင်ရှိပါတယ်။ သုတေသနတစ်ခုမှာ ဖော်ပြထားချက်အရ အစာစားပြီး မာလကာရွက်ခြောက်ကို ရေနွေးနဲ့ပုံမှန်သောက်ပေးခြင်းဟာ သွေးတွင်းသကြားဓာတ် တက်မလာအောင် ထိန်းထားနိုင်တယ်လို့ ဆိုပါတယ်။ အခြားသုတေသနတစ်ခုရဲ့ အဆိုအရ မာလကာရွက်ခြောက် ရေနွေးကို သောက်သုံးပေးတဲ့ အမျိုးအစား ၂ ဆီးချိုဝေဒနာသည်တွေဟာ သွေးတွင်းသကြားဓာတ်ကို ၁၀ ရာခိုင်နှုန်းကျော်ကျော် လျှော့ချပေးနိုင်တယ်လို့ ဆိုပါတယ်။ ၂။ နှလုံးကျန်းမာရေးကောင်းမွန်စေခြင်း သုတေသီတွေရဲ့ အဆိုအရ မာလကာသီးနဲ့ မာလကာရွက်မှာပါဝင်တဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းများနဲ့ ဗီတာမင်များဟာ […]


အာဟာရဆိုင်ရာ အချက်အလက်များ

သင်္ဘောသီးစားခြင်း၏ အကျိုးကျေးဇူးများ

သင်္ဘောသီးစားခြင်း၏ အကျိုးကျေးဇူးများ သင်္ဘောသီး ဟာ မြန်မာနိုင်ငံအပါအဝင် အပူပိုင်းဒေသမှာ ပေါက်ရောက်တဲ့ အသီးအနှံဖြစ်ပြီး အာဟာရဓာတ်များစွာ ပါဝင်ပါတယ်။ ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ ကြွယ်ဝပြီး ရောင်ရမ်းမှုကို ကျဆင်းစေခြင်း၊ ရောဂါများကို နှိမ်နင်းနိုင်ခြင်း၊ အရွယ်တင်နုပျိုနိုင်ခြင်း စတဲ့အကျိုးကျေးဇူးတွေ ရရှိစေနိုင်ပါတယ်။ ယခုဆက်လက်ဖော်ပြမှာကတော့ သင်္ဘောသီးစားခြင်း၏ အကျိုးကျေးဇူးများ ပဲ ဖြစ်ပါတယ်။ သင်္ဘောသီးမှာ ပါဝင်တဲ့ အာဟာရဓာတ်များ သင်္ဘောသီး ဟာ အနံ့အရသာနဲ့ပြည့်စုံတဲ့အပြင် အာဟာရဓာတ်ကြွယ်ဝတဲ့ အစားအစာပဲ ဖြစ်ပါတယ်။ သင်္ဘောသီး ၁၅၂ ဂရမ်မှာ ပါဝင်တဲ့ အာဟာရဓာတ်တွေကတော့ - ကယ်လိုရီ။ ၅၉ - ကာဘိုဟိုက်ဒရိတ်။ ၁၅ ဂရမ် - အမျှင်ဓာတ်။ ၃ ဂရမ် - ပရိုတိန်း။ ၁ ဂရမ် - ဗီတာမင် C။ တစ်နေ့တာလိုအပ်ချက်၏ ၁၅၇ ရာခိုင်နှုန်း - ဗီတာမင် A။ တစ်နေ့တာလိုအပ်ချက်၏ ၃၃ ရာခိုင်နှုန်း - […]


အာဟာရဆိုင်ရာ အချက်အလက်များ

ကြက်မောက်သီး၏ ကျန်းမာရေးအကျိုးပြုပုံ

ကြက်မောက်သီးရဲ့ ရုက္ခဗေဒနာမည်ကတော့ Nephelium lappaceum ဖြစ်ပြီး အပူပိုင်းဒေသတွေမှာ အဓိကပေါက်ရောက်ပါတယ်။ အရှေ့တောင်အာရှမှာ စတင်တွေ့ရှိခဲ့ပါတယ်။ မလေးရှားနဲ့ အင်ဒိုနီးရှားမှာ အကြီးအကျယ်စိုက်ပျိုးပါတယ်။ ကြက်မောက်သီးဟာ အာဟာရကြွယ်ဝပြီး ကျန်းမာရေးကို အကျိုးပြုနိုင်တဲ့ အသီးအနှံဖြစ်ပါတယ်။ ယခုဆက်လက်ဖော်ပြမှာကတော့ ကြက်မောက်သီးရဲ့ ကျန်းမာရေး အကျိုးပြုပုံ ဖြစ်ပါတယ်။ အာဟာရဓာတ်ကြွယ်ဝခြင်း ကြက်မောက်သီးမှာ ဗီတာမင်၊ သတ္တုဓာတ်နဲ့ တခြားအကျိုးပြုဓာတ်တွေ ပါဝင်ပါတယ်။ ကြက်မောက်သီး ၁၀၀ ဂရမ်မှာ အမျှင်ဓာတ် ၂ ဂရမ်ထိ ပါဝင်ပါတယ်။ ဗီတာမင် C ကြွယ်ဝတာမို့ အစာကတဆင့် ရရှိတဲ့ သံဓာတ်ကို ပိုမိုစုပ်ယူနိုင်အောင် အထောက်အကူပြုပါတယ်။ ကိုယ်ခံစွမ်းအားလည်း မြှင့်တင်ပေးပြီး ရောဂါဘယများကို ကာကွယ်ပေးနိုင်ပါတယ်။ ဗီတာမင် C ဟာ ဓာတ်တိုးဆန့်ကျင်ပစ္စည်းအနေနဲ့လည်း ဆောင်ရွက်ပေးပါတယ်။ ကြက်မောက်သီး ၅ လုံးခန့်စားသုံးရင် ဗီတာမင် C တစ်နေ့တာလိုအပ်ချက်ရဲ့ ၅၀ […]


အာဟာရဆိုင်ရာ အချက်အလက်များ

ထောပတ်သီးစားခြင်းဟာ ကျန်းမာရေးနဲ့ညီညွတ်ရဲ့လား

ထောပတ်သီးကို ကမ္ဘာတလွှားမှာ နည်းမျိုးစုံနဲ့ စားသုံးကြပါတယ်။ ထောပတ်ပင်ဟာ မက္ကဆီကိုတောင်ပိုင်းမှာ အဓိကပေါက်ရောက်တဲ့ အပင်ဖြစ်ပါတယ်။ ပီရူးနိုင်ငံမှာလည်း ပြီးခဲ့တဲ့နှစ်ပေါင်း ရှစ်ထောင်လောက်ကတည်းက စိုက်ပျိုးခဲ့တယ်လို့ မှတ်တမ်းများအရ သိရပါတယ်။ မြန်မာပြည်မှာလည်း ဖျော်ရည်အနေနဲ့ နို့ဆီ၊ သကြားတွေနဲ့ရောပြီး စားသုံးကြပါတယ်။ ထောပတ်သီးမှာ ကယ်လိုရီနဲ့ အဆီဓာတ်များပါတယ်။ ဒါကြောင့် လူတချို့ကတော့ ထောပတ်သီးကို ရှောင်ကြပါတယ်။ ထောပတ်သီးဟာ အဆီဓာတ်များလို့ ကျန်းမာရေးအတွက် ကောင်းရဲ့လားဆိုတာလည်း စဉ်းစားစရာ ဖြစ်လာပါတယ်။ ယခုဆောင်းပါးမှာ ဆက်လက်ဖော်ပြမှာကတော့ ထောပတ်သီးနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေပဲ ဖြစ်ပါတယ်။ ထောပတ်သီးမှာ ဘာတွေပါဝင်သလဲ ထောပတ်သီးမှာ ဖိုင်တိုစတီရောနဲ့ ကရိုတီးနိုက်လို့ခေါ်တဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းအမျိုးအစားတွေလည်း ပါဝင်ပါတယ်။ ထောပတ်သီးမှာ ပါဝင်တဲ့ ဗီတာမင်နဲ့ သတ္တုဓာတ်တွေကတော့ • ဗီတာမင် A • ဗီတာမင် K • ဗီတာမင် C • ဗီတာမင် E • သံဓာတ် • […]


အာဟာရဆိုင်ရာ အချက်အလက်များ

Apple Cider Vinegar ကိုနေ့စဉ်သောက်ခြင်းဖြင့် ရရှိနိုင်မယ့်အကျိူးကျေးဇူးများ

အစာလည်းဆေး ဆေးလည်းအစာဆိုသလို ကျွန်မတို့အိမ်က မီးဖိုချောင်မှာရှိတဲ့ အစားအစာနဲ့ ဟင်းချက်ပစ္စည်းတွေကလည်း ကျန်းမာရေးကောင်းကျိူးတွေ များစွာကို ပေးစွမ်းနိုင်ပါတယ်။ ယနေ့ခေတ်မှာ ဆိုရင်လည်း ပန်းသီးရှာလကာရည်အဖြစ်သိကြတဲ့ Apple Cider Vinegar ကို အလှအပနဲ့ ကျန်းမာရေးဆိုင်ရာ ကိစ္စရပ်တွေအတွက် အသုံးပြုလာကြပါတယ်။ ဒီဆောင်းပါးလေးမှာတော့ ACVကနေ ရရှိနိုင်တဲ့ ကျန်းမာရေးကောင်းကျိူးတွေကို ဖော်ပြပေးလိုက်ပါတယ်။ Apple Cider Vinegar ကိုနေ့စဉ်သောက်ခြင်းဖြင့် ရရှိနိုင်မယ့်အကျိူးကျေးဇူးများ (၁) အစာစားလိုစိတ် နည်းပါးစေတယ် ကိုယ်အလေးချိန်ချလိုသူတွေအနေနဲ့ ACV သောက်သုံးသင့်တယ်ဆိုတာကို ကြားဖူးကြမှာပါ။ ပညာရှင်များရဲ့ ရှင်းလင်းချက်အရ ACVဟာ အချိန်ကြာမြင့်စွာ ဗိုက်ပြည့်နေစေပြီး အစာစားလိုစိတ်ကိုလည်း နည်းပါးစေလို့ ကိုယ်အလေးချိန်ကို ကျဆင်းစေတယ်လို့ ဆိုပါတယ်။ (၂) အချိုစားချင်စိတ် နည်းပါးစေတယ် ဗိုက်ပြည့်နေစေတဲ့အပြင် သင့်ရဲ့အချိုကြိုက်မှုကိုလည်း သက်သာစေနိုင်ပါသေးတယ်။ ACVတစ်ဇွန်းမှာ ၃ကယ်လိုရီသာ ပါဝင်ပြီး ဗီတာမင်နဲ့ သတ္တုဓာတ်တွေများစွာ ပါဝင်နေပါတယ်။ (၃) အစာချေစနစ်ကို […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Nyi Nyi Kyaw

အာဟာရပညာရှင် • Sakura Hospital

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း