ကျန်းမာစွာ စားသောက်ခြင်း

အစားအသောက်က ကျန်းမာစေဖို့ ထိန်းသိမ်းပေးသလို ရောဂါတွေကို ကာကွယ်ရာမှာ အကူအညီပေးခြင်းဖြင့် ကျန်းမာစွာနေထိုင်မှုအပေါ်မှာ အများကြီး သက်ရောက်နေပါတယ်။ ကံမကောင်းတာတစ်ခုက ကျန်းမာစွာ စားသောက်ခြင်းနဲ့ပတ်သက်ပြီး ယုံတမ်းစကားတွေ များစွာရှိနေတာပါ။ ဒါကြောင့် ကျန်းမာစွာ စားသောက်ခြင်းနဲ့ ပတ်သက်ပြီး သိထားတဲ့အချက်တွေက မှန်သလား မှားသလားဆိုတာကိုသေချာ သိဖို့ လိုပါမယ်။

ကျန်းမာရေးဗဟုသုတ

ကျန်းမာစွာ စားသောက်ခြင်း

ဓာတ်ဆားရည် အစားထိုး သဘာဝ သောက်စရာများ

ခန္ဓာကိုယ် ကျန်းမာနေစေဖို့အတွက် အာဟာရတွေ ပြည့်ဝမျှတနေဖို့ လိုပါတယ်။ ဒီလို ပြည့်ဝမျှတနေရမယ့် အရာတွေထဲမှာ ဓာတ်ဆားဓာတ်လို့ ခေါ်တဲ့ Electrolytes တွေကလည်း အရေးပါပါတယ်။ ခန္ဓာကိုယ်မှာ ဓာတ်ဆားဓာတ် မျှတနေမှလည်း နေ့စဉ်ဘဝကို ကျန်းမာပျော်ရွှင်စွာ ဖြတ်သန်းနိုင်မှာပါ။ အားကစား လုပ်လို့ ချွေးအရမ်းထွက်ချိန်မှာ ဖြစ်ဖြစ်၊ အပူဒဏ်ကြောင့် ချွေးထွက်များတာ၊ အခြား အခြေအနေ တစ်ရပ်ရပ်ကြောင့် ခန္ဓာကိုယ်မှာ ဓာတ်ဆားဓာတ် နဲ့ ရေဓာတ် ဆုံးရှုံးသွားတဲ့အခါ ပြန်လည်ဖြည့်တင်းဖို့ ဓာတ်ဆားရည်၊ Sport drinks တွေကို သောက်ဖို့ အကြံပြုတတ်ကြပါတယ်။ ဒါပေမယ့် ဓာတ်ဆားရည်ကို မနှစ်သက်ဘူး။ ဓာတ်ဆားရည်အစား အခြား ဓာတ်ဆားဖြည့်ပေးမယ့် သောက်စရာလေးတွေများ မရှိဘူးလားလို့ တွေးနေပြီလား။ ဒါဆိုရင်တော့ ဒီဆောင်းပါးလေးက သင့်အတွက်ပါ။ ဒီဆောင်းပါးလေးထဲမှာ ဓာတ်ဆားရည် အစားထိုး သဘာဝ သောက်စရာများ […]

ကျန်းမာစွာ စားသောက်ခြင်း ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကျန်းမာစွာ စားသောက်ခြင်း ကို ရှာဖွေမည်။

အာဟာရဆိုင်ရာ အချက်အလက်များ

ခရမ်းကြွပ်သီးလေး ကပေးတဲ့ ကျန်းမာရေး

ခရမ်းကြွပ်သီး အတို့အမြှုပ်လေး အနေနဲ့စားစား၊ သင်္ဘောသီးထောင်းလိုမျိုး ချဉ်ချဉ်စပ်စပ် အထောင်းလေးထဲပဲ ထည့်ထည့် စားလိုက်ရင် တခွပ်ခွပ်နဲ့ အရသာရှိတဲ့ ခရမ်းကြွပ်သီးလေးက အရောင်အသွေးတင် လှတာမဟုတ်ပါဘူး။ ကျန်းမာရေးအတွက်လည်း အထောက်အကူပြုပေးပါတယ်။ အိန္ဒိယနိုင်ငံ အပါအဝင် သမပိုင်းဒေသမှာ ပေါက်ရောက်မှုများတဲ့ ခရမ်းကြွပ်သီးလေးတွေက အစိမ်းရောင်၊ အဖြူရောင်နဲ့ ခရမ်းရောင်ဆိုပြီး အရောင် အမျိုးမျိုး ရှိပါတယ်။ ထိုင်းအစားအစာတွေထဲမှာ တွင်တွင်ကျယ်ကျယ် အသုံးပြုကြတဲ့ ခရမ်းကြွပ်သီးလေးက အာဟာရများစွာလည်း ပါဝင်နေပါသတဲ့နော်။ ခရမ်းကြွပ်သီးကပေးတဲ့ အာဟာရ အတို့အမြှုပ်အဖြစ် အစားများတဲ့ ခရမ်းကြွပ်သီးမှာ ကယ်လ်လိုရီ အဆီဓာတ် ကာဗိုဟိုက်ဒရိတ် ကယ်လ်ဆီယမ် Phosphorus သံဓာတ် ပရိုတင်း နီကာဆင် ဗီတာမင် A ဗီတာမင် C တို့ ပါဝင်နေပါတယ်။ ခရမ်းကြွပ်သီးကပေးတဲ့ ကျန်းမာရေး အာဟာရ ကြွယ်ဝတဲ့ ခရမ်းကြွပ်သီးက ကိုယ်အလေးချိန် ထိန်းညှိပေးပြီး သွေးတွင်းသကြားဓာတ်ကို အကောင်းဆုံး ထိန်းချုပ်ပေးသလို […]


အာဟာရဆိုင်ရာ အချက်အလက်များ

ကျောက်ကျောရည် ကြိုက်သူတွေအတွက် သတင်းကောင်း

ညိုတိုတို အရောင်ရှိတဲ့ ကျောက်ကျောလေးကို သံပုရာသီး သကြားတို့နဲ့ ဖျော်ပြီး သောက်ရတဲ့ ကျောက်ကျောရည်ကို ဖျော်ရည်တွေထဲမှာ အကြိုက်ဆုံးပဲ ဆိုရင်တော့ ဒီဆောင်းပါးလေးက သင့်အတွက်ပါ။ ကျောက်ကျောရည်က အမောပြေစေရုံထက် ပိုတယ်ဆိုတာကို ဒီဆောင်းပါးလေးထဲမှာ ဖတ်ကြည့်စေချင်ပါတယ်။ ကျောက်ကျောကို ဘယ်ကနေ လုပ်တာလဲ................. ကျောက်ကျောကို ခါးသက်သက် အရသာလေးရှိတဲ့ Grass Jelly ပင်ရဲ့ အရွက်ကနေ ထုတ်လုပ်တာပါ။ အစိမ်းရောင်ရင့်ရင့် ဒါမှမဟုတ် အနက်ရောင်ရှိပါတယ်။ အပင်က ၁၇ စင်တီမီတာ အမြင့်ရှိပြီး အရွက်က ရှည်မျောမျောလေးပါ။ ပင်စည်မှာ အမွှေးလေးတွေရှိနေတတ်ပါတယ်။ ပင်စည်အောက်နားက အရွက်တွေကို ခူးပြီး အရွက်ကို ကြိတ်ရာကနေ ကျောက်ကျောကို ရရှိတာပါ။ တစ်နှစ်ပတ်လုံး ပေါက်ရောက်တဲ့ အပင်ပါ။ ဘယ်လို အာဟာရဓာတ်တွေ ပါလဲ........... Green Grass Jelly ရွက်မှာ အစာအိမ်နံရံတွေကို ကျန်းမာစေတဲ့  tannins alkaloids […]


ထူးခြားသည့်စားသောက်မှုပုံစံကွဲများ

Endocrine System (ဟော်မုန်းစနစ်) ကျန်းမာစေဖို့ ဘာတွေ စားရပါ့

ခန္ဓာကိုယ် အနှံ့အပြားမှာရှိတဲ့ ဟော်မုန်းထုတ်ပေးတဲ့ ဂလင်းများစွာနဲ့ ဖွဲ့စည်းထားတဲ့ စနစ်ကို endocrine system လို့ ခေါ်ပါတယ်။ ဒီစနစ်က ဟန်ချက်ညီ လုပ်ဆောင်နိုင်မှာ ခန္ဓာကိုယ်က ဇီဝကမ္မဖြစ်စဉ်ကစလို့ ကြီးထွားမှုဖြစ်စဉ်အဆုံး အကုန်လုံး အဆင်ပြေမှာပါ။ endocrine system က ခန္ဓာကိုယ် မှာရှိတဲ့ လုပ်ဆောင်မှု အားလုံးနဲ့ ဆက်စပ်နေပါတယ်။ ဒါကြောင့် ကျန်းမာနေစေဖို့အတွက် endocrine system ရဲ့ အရေးပါမှုကို လျှော့မတွက်ပါနဲ့။ endocrine system (ဟော်မုန်းစနစ်) ကျန်းမာစေဖို့ ဘာတွေ စားရပါ့ သစ်သီးတွေ၊ ဟင်းသီးဟင်းရွက်တွေ၊ ဆန်၊ ဂျုံ၊ ပြောင်းစတဲ့ ကောက်ပဲသီးနှံတွေ၊ ပရိုတင်းပါတဲ့ အစားအစာတွေက ကျန်းမာရေးကို ထောက်ပံ့ပေးတဲ့ အစားအစာတွေပါ။ ဒါတွေကို သင့်တင့်မျှတအောင်စားသုံးပေးတာက ခန္ဓာကိုယ် ကျန်းမာစေရေးကို ချိန်ညှိပေးတဲ့ endocrine system စနစ်နဲ့ […]


ကိုယ်အလေးချိန်လျှော့ချခြင်း

အင်တိုက်အားတိုက် ဝိတ်ချနေလျက်နဲ့ ဘာလို့ ဝိတ်မကျသေးတာလဲ

“ဝိတ်ချကြမယ်ဟေ့” လို့ ကြွေးကျော်ပြီး အစားတွေလျှော့၊ လေ့ကျင့်ခန်းတွေလုပ်၊ နေ့စဉ်နေ့တိုင်း ဝိတ်တွေချိန်နဲ့ပေါ့။ ဒါပေမယ့် နေ့တိုင်း ပေါင်ချိန်စက်ပေါ်တက်ပြီး ဝိတ်ချိန်တိုင်း ကိုယ်အလေးချိန်က ကျမလာဘူး၊ တစ်ခါတစ်လေ တိုးတောင်တိုးသွားတာမျိုး ကြုံလာရပြီဆိုရင်တော့ ပြဿနာပါပဲ။ ကိုယ်ကြိုးစားပမ်းစား အပင်ပန်းခံလာသမျှတွေ အလဟသဖြစ်ပြီပေါ့။ ဘယ်လိုဖြစ်လို့ ဝိတ်တွေချနေရင်း ဝိတ်မကျတာလဲဆိုတာကို သင်သိဖို့တော့လိုနေပါပြီ။ ကိုယ်အလေးချိန်ကိုလည်းချတယ် ဝိတ်လည်းမကျတာမျိုးလာဖို့ ဖြစ်နိုင်ခြေရှိတဲ့အချက်တွေ အများကြီးရှိပါတယ်။ ဒါပေမယ့် အဓိကကျတဲ့ အချက် ၁၀ ချက်ကို ဖော်ပြပေးသွားပါ့မယ်။ ဒီအချက် ၁၀ ချက်ကတော့ ၁။ ပြည့်ပြည့်ဝဝ မအိပ်လို့ အိပ်ရေးဝအောင် အိပ်တာက သင့်ကျန်းမာရေးကို ထိခိုက်စေမှာပါ။ အမျိုးသမီးတစ်ယောက်ဟာ ကယ်လိုရီ ၃၀၀ လောက်မှီဝဲထားပြီးတော့ အိပ်ချိန်က ၄ နာရီအောက်လျော့နည်းနေမယ်ဆိုရင် နောက်တစ်နေ့မှာ ကိုယ်အလေးချိန် ၂၁ ဂရမ်လောက်တိုးနေပါလိမ့်မယ်။ နောက်ပြီး ညအိပ်ချိန်မှာ တီဗီတွေ၊ ကွန်ပျူတာတွေကို ပိတ်ပြီးမှ […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

ကျန်းမာဖို့အတွက် စားပေးသင့်တဲ့ မနက်စာများ

အိပ်ရာကနေ နိုးနိုးချင်း မနက်ခင်းမှာ စပြီး မှီဝဲစားသောက်တဲ့ မနက်စာဆိုတာ တစ်နေကုန် အင်အားပြည့်ဖြိုးပြီး လန်းဆန်းတက်ကြွနေစေဖို့အတွက် အဓိက အကျဆုံး အရာပါ။ မနက်စာကို စနစ်တကျ မမှီဝဲဘူးဆိုရင် တစ်နေ့လုံး အဆင်ပြေနေမှာမဟုတ်သလို ကျန်းမာရေးကိုလည်း ထိခိုက်စေမှာပါ။ အဝလွန်သူတွေရဲ့ အဓိက ပြဿနာတွေထဲမှာလည်း မနက်ခင်းပိုင်းမှာ မနက်စာကို စနစ်တကျ မစားသောက်တာက တစ်ချက်အပါအဝင်ပါပဲ။ လူတိုင်း မနက်ခင်းစာကို ကောင်းမွန်ပြီး အာဟာရပြည့်ဝစွာ မှီဝဲစားသောက်ဖို့ လိုအပ်ပါတယ်။ ဒီလိုမှီဝဲစားသောက်မယ်ဆိုရင် ဗိုက်ဝရုံတင်မကပါဘူး။ ကျန်းမာစေဖို့ကိုလည်း အထောက်အကူဖြစ်စေမှာပါ။ မနက်ခင်းတိုင်းမှာ ကြုံသလိုမှီဝဲစားသောက်နေတာမျိုးထက် ကျန်းမာရေးကို အထောက်အကူဖြစ်စေမယ့် အစားအစာမျိုးတွေကို ရွေးချယ်စားသောက်မယ်ဆိုရင် ပိုပြီး အဆင်ပြေမှာပါ။ ဘယ်လိုအစားအစာမျိုးတွေက မနက်ခင်းမှာ မှီဝဲပေးဖို့ ပိုပြီးသင့်လျော်လဲဆိုတာကို ဖော်ပြပေးချင်ပါတယ်။ ဥအမျိုးမျိုး မနက်ခင်းစာတွေမှာ ဥတစ်မျိုးမျိုးတော့ ပါဝင်နေသင့်ပါတယ်။ ထမင်းကြော်လေးကို ကြက်ဥကြော်လေးနဲ့စားတာမျိုးပေါ့။ ဥတွေဟာ ဗိုက်ပြည့်စေတဲ့အကျိုးကျေးဇူးပြင် ကယ်လိုရီပါဝင်မှုလည်းနည်းတာမို့ ကျန်းမာရေးအတွက် အလွန်အထောက်အကူဖြစ်စေပါတယ်။ […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

Bubble Tea သောက်ခြင်းနှင့် ကျန်းမာရေး

Bubble Tea ကို အိမ်နီးချင်းနိုင်ငံတွေမှာ ဆယ်စုနှစ်များစွာ စွဲစွဲလန်းလန်း သောက်သုံးခဲ့ပြီးနောက် ဒီခေတ်ရေစီးကြောင်းက ကျွန်တော်တို့ မြန်မာနိုင်ငံဆီကိုပါ ရောက်လာခဲ့ပါပြီ။ Bubble Tea နဲ့ ပတ်သက်ပြီး ကြိုက်တဲ့သူတွေကလည်း ကြိုက်သလို ကျန်းမာရေးအရ မကောင်းဘူး၊ ကောင်းတယ်ဆိုပြီး အငြင်းပွားတဲ့သူတွေလည်း များလာတယ်။ ဒီဆောင်းပါးမှာတော့ Bubble Tea က ကျန်းမာရေးအပေါ် ဘယ်လို သက်ရောက်မှုရှိစေနိုင်လဲ ဆိုတာနဲ့ ပတ်သက်ပြီး ပြောပြပေးချင်ပါတယ်။ Bubble Tea အကြောင်း ပုံမှန်အားဖြင့်တော့ Bubble Tea ကို အမျိုးအစားခွဲရင် လက်ဖက်ရည်နဲ့ ပုလဲဆိုပြီး ယေဘုယျအားဖြင့် ထွက်လာပါတယ်။ လက်ဖက်ရည်ကတော့ မြန်မာလက်ဖက်ရည်မျိုးမဟုတ်ဘဲ တခြားသော လက်ဖက်ခြောက်တွေကို စစ်ပြီး အချိုကဲထားတဲ့ နွားနို့၊ ခရင်မ်၊ ချိစ်တွေနဲ့ ရောမွှေထားပါတယ်။ ဒီအတိုင်း လက်ဖက်ရည်သီးသန့်မျိုး ရောင်းတာလည်း […]


ထူးခြားသည့်စားသောက်မှုပုံစံကွဲများ

ကင်ဆာရှိရင် သကြားဖြတ်ရမှာလား။

ခဏခဏ ကြားနေကြမေးခွန်းပါပဲ။ ကင်ဆာရှိနေလို့ အချိုစားလို့မရတော့ဘူး။ ကင်ဆာဆဲလ်တွေ ပိုပွားလာမှာဆိုးလို့ စသဖြင့်ပေါ့။ ဒါဟာ တကယ်လား။ ကင်ဆာရှိရင် အချိုမစားရတော့ဘူးတဲ့လား။ ဆက်ကြည့်ရအောင်။ အချိုဆိုတာ ဒီနေရာမှာ အချိုလို့ပြောလိုက်ရင် သကြားဓာတ်ကို ရည်ညွှန်းတာပါ။ သကြားဓာတ်က အိမ်သုံးသကြားမှာလည်း ပါသလို အသီးအနှံတွေ၊ ထမင်းတွေမှာလည်း ပါပါတယ်။ အသီးအနှံတွေမှာပါတဲ့ fructoseဆိုတာလည်း သကြားဓာတ်ပါပဲ။ ထမင်းမှာပါတဲ့ ကာဘိုဟိုက်ဒရိတ် ကစီဓာတ်ဆိုတာလည်း ဂလူးကို့စ်လို့ခေါ်တဲ့ သကြားဓာတ်ပါပဲ။ ဒီလို သိကြပြီးတဲ့နောက်မှာ အချိုရှောင်ရမယ်လည်းဆိုရော ဒါတွေကိုပါ ရှောင်တော့တာပါပဲ။ ဒီလို ရှောင်ရမယ်ဆိုတဲ့ ကိစ္စ ဘယ်ကစ ကင်ဆာဆဲလ်တွေကို ရှာဖွေတဲ့နေရာမှာ PET scan (Positron Emission Tonography) ဆိုတာကို သုံးပါတယ်။ ဒီစက်ရဲ့ အလုပ်လုပ်ပုံက radioactive ပစ္စည်း တစ်မျိူးကို ကိုယ်ထဲကို ထည့်လိုက်မယ်။ ပြီးမှ နောက်ကနေ လိုက်traceကြည့်တာပါ။ […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

ခရီးသွားရင်းလမ်းမှာစားဖို့ လွယ်ကူရိုးရှင်းတဲ့ မုန့်ဘူး​လေးပြင်ဆင်ကြမယ်

ဒီဆောင်းပါးလေးက ခရီးသွားရတာ ကြိုက်တဲ့သူတွေအတွက် အဆင်ပြေမယ်လို့ မျှော်လင့်မိပါတယ်။ ပြည်ပမဟုတ်တဲ့ ပြည်တွင်းခရီးစဉ်တွေဆိုရင် ကိုယ်ပိုင်ကားနဲ့ သွားရင်သွား၊ မဟုတ်ရင်လည်း Express ကားတွေ၊ အဝေးပြေးကားတွေနဲ့ပဲ သွားရတာမလား။ ခရီးသိပ်မဝေးရင်တော့ အကြောင်းမဟုတ်ပေမဲ့ အချိန်အတော်ကြာ ကားစီးရမယ့် ခရီးစဉ်တွေဆိုရင် ကားပေါ်မှာ ဗိုက်အရမ်းဆာလာတဲ့ ကိစ္စက ခရီးသွားဖူးသူ တော်တော်များများ ကြုံရတတ်တဲ့ ပြဿနာတစ်ခုပါ။ ဒါဆိုရင် တော်တော်များများကတော့ မုန့်ဆောင်သွားရင် ရတာပေါ့လို့ ပြန်ပြောပါလိမ့်မယ်။ ဒါပေမယ့် မုန့်သယ်သွားသူတွေရဲ့ ၉၅ ရာခိုင်နှုန်းက ကျန်းမာရေးနဲ့ မညီညွတ်တဲ့ မုန့်တွေပဲ သယ်သွားတတ်ကြပါတယ်။ အထူးသဖြင့် အာလူးကြော်၊ ဆီကြော်မုန့်ထုပ်၊ ကွတ်ကီး၊ သကြားလုံး၊ အအေးဘူး စတာမျိုးတွေပေါ့။ ဒါဆို ဒါမျိုးတွေမစားဘဲ ကျန်းမာရေးနဲ့ ညီညွတ်မယ့် မုန့်ပဲသရေစာဘူးလေး ကိုယ့်အိမ်ကနေ ကိုယ်တိုင်လုပ်သွားရင်ရော ပိုမကောင်းဘူးလား။ အချိန်မကုန်၊ လူလည်းမပင်ပန်း၊ […]


ထူးခြားသည့်စားသောက်မှုပုံစံကွဲများ

ချင်းများဖြင့် သင့်ရဲ့မနက်ခင်းလေး လှပနေပါစေ

“ချင်း” ဆိုတာ ဆေးဖက်ဝင် အိမ်သုံးဆေးဝါးတစ်ခုမှန်း ကျန်းမာရေးလိုက်စားသူ အများစုက သိထားကြမယ်ထင်ပါတယ်။ တကယ်လည်း ဟုတ်ပါတယ်။ မြန်မာအိမ်တိုင်းလိုလိုမှာ ချင်းကို ဟင်းချက်ရာမှာလည်း သုံးသလို အအေးမိတုပ်ကွေး၊ ဖျားနာ၊ နှာစေးနှာပိတ်၊ ခေါင်းကိုက်တာ စတဲ့ ပြဿနာတွေအတွက်လည်း သုံးနိုင်ပါတယ်။ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ အများအပြား ပါဝင်လို့ အသက်ရှည်ကျန်းမာစေပြီး အိုမင်းရင့်ရော်မှုကို ဟန့်တားပေးနိုင်တယ်။ ဗီတာမင်ဓာတ်တွေလည်း အစုံအလင် ပါဝင်လို့ သင့်ရဲ့ မနက်ခင်းလေးမှာ ချင်းကို နည်းနည်းစီ စားပေးခြင်းဖြင့် တစ်နေ့တာလုံး လန်းဆန်းတက်ကြွစေပြီး အားအင်ပြည့်ဝနေစေမှာပါ။ ဒါဆို မနက်စာမှာ ချင်းကို ဘယ်လိုစားသုံးပေးမလဲ။ ပုံမှန် မြန်မာဟင်းလျာတွေ ချက်တဲ့အခါ အမွှေးရနံ့အဖြစ် ချင်းကို ထည့်တတ်ကြပါတယ်။ ခုပြောပြမှာကတော့ မနက်စာပုံစံဖြစ်တဲ့အတွက် အဆီများပြီး လေးပင်တဲ့ အရသာရှိတဲ့ ချက်ပြုတ်နည်းတွေထက် လွယ်ကူရိုးရှင်းပြီး အချိန်မကုန်တဲ့ နည်းလမ်းတွေဖြစ်လို့ နေ့တိုင်း […]


အာဟာရဆိုင်ရာ အချက်အလက်များ

သံပုရာသီးစိမ်ရည်ရဲ့ ကျန်းမာရေးအကျိုးပြုပုံ

ဒီတစ်ခေါက်မှာတော့ အလှအပကိုရော ကျန်းမာရေးပါ အလေးထားသူတွေအတွက် သင့်လျော်မယ့် သံပုရာသီးစိမ်ရည်အကြောင်းကို ပြောပြပေးချင်ပါတယ်။ ရုပ်ရှင်တွေ၊ ကြော်ငြာတွေထဲမှာတော့ မင်းသမီးက မနက်နိုးလာရင် သံပုရာသီးစိမ်ထားတဲ့ ရေကို သောက်ပြီး အရမ်းလန်းဆန်းသွားတယ်ဆိုတဲ့ ရိုက်ချက်လေးတွေတော့ တွေ့ဖူးတယ်ဟုတ်။ တကယ်တမ်းမှာလည်း သံပုရာသီးစိမ်ရည်က စိတ်ကို လန်းဆန်းစေရုံသာမက အသားအရေအတွက်ရော၊ ခန္ဓာကိုယ်အတွက်ပါ အကျိုးကျေးဇူး များစွာရှိစေနိုင်ပါတယ်။ သံပုရာသီးစိမ်ရည်က ဘာအကျိုးကျေးဇူးတွေ ပေးနိုင်လဲ။ ၁။ ခန္ဓာကိုယ်အတွက် ရေဓာတ်ဖြည့်ပေးတယ်။ တကယ်တော့ သံပုရာသီးစိမ်ထားလို့ အရသာနဲ့ အနံ့ အနည်းငယ်ပြောင်းသွားတာရယ်၊ ကောင်းကျိုးတွေ ရတာရယ်ကို ဖယ်လိုက်ရင် ဒါဟာ ရေသက်သက်ပါပဲ။ ဒီတော့ ခန္ဓာကိုယ်ရဲ့ ကုန်ဆုံးသွားတဲ့ ရေဓာတ်ကို ဖြည့်တင်းပေးမှာ အသေအချာပဲပေါ့။ ၂။ ဗီတာမင်စီ ကြွယ်ဝတယ်။ သစ်သီးကို ရေမှာ စိမ်ရတဲ့ ကောင်းကျိုးတွေထဲက တစ်ခုကို ပြောပါဆိုရင် သစ်သီးထဲမှာ ရှိနေတဲ့ ဗီတာမင်နဲ့ အာဟာရဓာတ်တွေပါ ရေထဲကို […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Nyi Nyi Kyaw

အာဟာရပညာရှင် • Sakura Hospital

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း