ကျန်းမာစွာ စားသောက်ခြင်း

အစားအသောက်က ကျန်းမာစေဖို့ ထိန်းသိမ်းပေးသလို ရောဂါတွေကို ကာကွယ်ရာမှာ အကူအညီပေးခြင်းဖြင့် ကျန်းမာစွာနေထိုင်မှုအပေါ်မှာ အများကြီး သက်ရောက်နေပါတယ်။ ကံမကောင်းတာတစ်ခုက ကျန်းမာစွာ စားသောက်ခြင်းနဲ့ပတ်သက်ပြီး ယုံတမ်းစကားတွေ များစွာရှိနေတာပါ။ ဒါကြောင့် ကျန်းမာစွာ စားသောက်ခြင်းနဲ့ ပတ်သက်ပြီး သိထားတဲ့အချက်တွေက မှန်သလား မှားသလားဆိုတာကိုသေချာ သိဖို့ လိုပါမယ်။

ကျန်းမာရေးဗဟုသုတ

ကျန်းမာစွာ စားသောက်ခြင်း

ဓာတ်ဆားရည် အစားထိုး သဘာဝ သောက်စရာများ

ခန္ဓာကိုယ် ကျန်းမာနေစေဖို့အတွက် အာဟာရတွေ ပြည့်ဝမျှတနေဖို့ လိုပါတယ်။ ဒီလို ပြည့်ဝမျှတနေရမယ့် အရာတွေထဲမှာ ဓာတ်ဆားဓာတ်လို့ ခေါ်တဲ့ Electrolytes တွေကလည်း အရေးပါပါတယ်။ ခန္ဓာကိုယ်မှာ ဓာတ်ဆားဓာတ် မျှတနေမှလည်း နေ့စဉ်ဘဝကို ကျန်းမာပျော်ရွှင်စွာ ဖြတ်သန်းနိုင်မှာပါ။ အားကစား လုပ်လို့ ချွေးအရမ်းထွက်ချိန်မှာ ဖြစ်ဖြစ်၊ အပူဒဏ်ကြောင့် ချွေးထွက်များတာ၊ အခြား အခြေအနေ တစ်ရပ်ရပ်ကြောင့် ခန္ဓာကိုယ်မှာ ဓာတ်ဆားဓာတ် နဲ့ ရေဓာတ် ဆုံးရှုံးသွားတဲ့အခါ ပြန်လည်ဖြည့်တင်းဖို့ ဓာတ်ဆားရည်၊ Sport drinks တွေကို သောက်ဖို့ အကြံပြုတတ်ကြပါတယ်။ ဒါပေမယ့် ဓာတ်ဆားရည်ကို မနှစ်သက်ဘူး။ ဓာတ်ဆားရည်အစား အခြား ဓာတ်ဆားဖြည့်ပေးမယ့် သောက်စရာလေးတွေများ မရှိဘူးလားလို့ တွေးနေပြီလား။ ဒါဆိုရင်တော့ ဒီဆောင်းပါးလေးက သင့်အတွက်ပါ။ ဒီဆောင်းပါးလေးထဲမှာ ဓာတ်ဆားရည် အစားထိုး သဘာဝ သောက်စရာများ […]

ကျန်းမာစွာ စားသောက်ခြင်း ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကျန်းမာစွာ စားသောက်ခြင်း ကို ရှာဖွေမည်။

ကိုယ်အလေးချိန်လျှော့ချခြင်း

ဝိတ်မတက်ချင်ရင် ကော့တေးလ် ကို ဝေးဝေးရှောင်ဟေ့

ကော့တေးလ် ဆိုတာ အယ်လ်ကိုဟောလေးလည်း မှီဝဲချင်၊ ကျန်းမာရေးလည်း လိုက်စားချင်၊ အထာလည်းကျချင်သူတွေအတွက် ထွက်ပေါက်လို့ဆိုလို့ရပါတယ်။ အယ်ကိုဟောလေး ပမာဏတစ်ခုလောက်ပါဝင်ပေမယ့် အသီးအနှံတွေ၊ ကော်ဖီတွေနဲ့ရောစပ်ဖန်တီးထားတဲ့ အဖျော်ယမကာလေ။ ဒီတော့ အပြင်ပန်းအားဖြင့်ကြည့်ရင်တော့ ကိုယ်အလေးချိန်တက်စေနိုင်လောက်တယ်လို့ ထင်ချင်စရာသိပ်မရှိလှဘူးမဟုတ်လား။ အရောင်အဆင်းလှလှ၊ အထာကျကျလေးမို့ အလှအပကြိုက်တတ်တဲ့ မိန်းကလေးတွေလည်း မှီဝဲတတ်ကြပါသေးတယ်။ တကယ့်လက်တွေ့ အခြေအနေမှာရော ကော့တေးလ်က ကိုယ်အလေးချိန်မြင့်မားတာမျိုးမဖြစ်စေဘူးဆိုတာ သေချာရဲ့လား။ ကမ္ဘာကျော်ကော့တေးလ်တစ်ချို့ကို လေ့လာကြည့်ရအောင်။ ကော့တေးလ် အမျိုးအစားများနဲ့ ကယ်လိုရီပမာဏ Pina Coladas - အုန်းရည်၊ အုန်းနို့အနှစ်တွေနဲ့ဖန်တီးထားတဲ့ ဒီကော့တေးလ်က ဘီယာတစ်ခွက်မှာပါဝင်တဲ့ အရက်ပမာဏထက် ၂ ဆ ပါဝင်နေတာပါ။ ၁၀ အောင်စအလေးချိန်ရှိတဲ့ တစ်ခွက်မှာ ကယ်လိုရီ ၅၅၀ ပါရှိနေပါတယ်။ double-cheeseburger အကြီးကြီးတစ်လုံး စားလိုက်တာနဲ့ အတူတူပါပဲ။ Mai Tai - ဝိုင် ၂ မျိုးနဲ့ရောစပ်ဖန်တီးထားတဲ့ […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

စွမ်းအားဖြည့် အချိုရည်တွေ ကောင်းသလား။ ဆိုးသလား

စွမ်းအားဖြည့်အချိုရည်များဟာ သင့်ကို စွမ်းအင်မြှင့်တင်ပေးပြီး နိုးကြားမှု၊ အာရုံစူးစိုက်မှုရှိအောင် ရည်ရွယ်ထုတ်လုပ်ထားပါတယ်။ အားအင်ကုန်ခမ်းနေချိန်မှာ သောက်သုံးတဲ့အခါ စွမ်းအင်တွေပြည့်ဝသလို ခံစားရတာကြောင့် လူကြိုက်များကြပါတယ်။ သုတေသီအချို့ကတော့ စွမ်းအားဖြည့် အချိုရည်တွေဟာ ရေရှည်မှာ လူသားတို့အတွက် ဘေးဥပဒ်ဖြစ်စေတယ်လို့ သတိပေးကြပါတယ်။ ယခုဆောင်းပါးမှာ ဆက်လက်ဖော်ပြသွားမှာကတော့ စွမ်းအားဖြည့်အချိုရည်တွေဟာ ကောင်းသလား ဆိုးသလား ဆိုတာပါပဲ။ စွမ်းအားဖြည့်အချိုရည်ကို ဘယ်လိုထုတ်လုပ်သလဲ စွမ်းအားဖြည့်အချိုရည်တွေကို စိတ်ရောလူပါ လန်းဆန်းအောင်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ထုတ်လုပ်ထားပါတယ်။ သကြားဓာတ်၊ ဗီတာမင် B အုပ်စု၊ ဗီတာမင် C နဲ့ ကဖိန်းဓာတ်ပါဝင်ပါတယ်။ အထူးသဖြင့် ဦးနှောက်ကို နိုးကြားအောင် လှုံ့ဆော်နိုင်ဖို့ ကဖင်းဓာတ်ကို အဓိကထည့်သွင်းထားပါတယ်။ တံဆိပ်တစ်ခုနဲ့တစ်ခုအလိုက် ပါဝင်နှုန်းတော့ ကွာခြားပါတယ်။ ကဖင်းဓာတ်အပြင် တခြားပါဝင်တဲ့ ပစ္စည်းတွေကတော့ - သကြား။ အချိုရည်မှာ ကယ်လိုရီအဓိကရရှိစေတဲ့ ရင်းမြစ်ဖြစ်ပါတယ်။ - ဗီတာမင် B အုပ်စု။ စားသုံးလိုက်တဲ့ […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

Mindful eating ဖြစ်အောင် ဘယ်လိုစားကြမလဲ။

ပြီးခဲ့တဲ့ ဆောင်းပါးမှာ Mindful eating က ကျန်းမာရေးအတွက် ဘယ်လိုအကျိုးပြုလဲဆိုတာ ပြောပြပြီးပါပြီ။ ဒီမှာ ပြန်ဖတ်နိုင်ပါတယ်။ ခုဆက်ပြောမှာကတော့ Mindful eating ဖြစ်အောင် ဘယ်လိုစားကြမလဲဆိုတာကိုပါ။ ဒီလို စားနိုင်ဖို့အတွက် အောက်ကနည်းလမ်းတွေကို လိုက်နာကြည့်ကြပါ။ Mindful eating စားတော့မယ်ဆိုရင် ဖြည်းဖြည်းချင်းစပါ။ စစချင်းမှာတော့ အနပ်တိုင်း အနပ်တိုင်း၊ snackတိုင်း snackတိုင်းကို သတိလေးထားပြီး စားနိုင်ဖို့ မဖြစ်သေးပါဘူး။ ဒါကြောင့် အရင်ဆုံး တစ်နပ်က စပါ။ အေအေးဆေးဆေးစားနိုင်မယ့် တစ်နပ်ပေါ့။ မနက်စာလည်း ဖြစ်ချင်ဖြစ်မယ်၊ ညစာလည်း ဖြစ်ချင် ဖြစ်နိုင်ပါတယ်။ ပတ်ဝန်းကျင်ကို ပြင်ဆင်ပါ။ အရင်ဆုံး တိတ်ဆိတ်ငြိမ်သက်တဲ့ ပတ်ဝန်းကျင်မှာ စားနိုင်ရင် ပိုကောင်းပါတယ်။ တစ်ယောက်တည်း စစားကြည့်ပါ။ ကျင့်သားရသွားရင်တော့ အများနဲ့ စားလည်း အဆင်ပြေပါတယ်။ စာဖတ်ရင်း၊ ဖုန်းသုံးရင်း၊ တီဗွီကြည့်ရင်း မစားပါနဲ့။ အာရုံများတတ်လို့ပါ။ နောက်ပြီး […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

သတိလေးနဲ့ စားတတ်ပါစေ။

သတိဆိုတာ ပိုတယ်မရှိဘူးလို့ ပြောကြတယ်ဟုတ်။ ဘာပဲဖြစ်ဖြစ် သွားသတိ လာသတိ စားသတိလေးနဲ့ဆို ကောင်းတာပေါ့။ ခုဒီဆောင်းပါးမှာ ဝိတ်လည်းကျစေမယ်၊ ဆီးချိုသမားတွေလည်း အစားအသောက်ကို ဆင်ခြင်တတ်မယ်၊ ခုခေတ်စားနေတဲ့ stress eatingကိုလည်း သက်သာစေမယ့် နည်းလမ်းလေး တစ်ခုကို ပြောပြပေးမယ်ဆို ဘယ်လိုလဲ။ ဟုတ်တယ်။ နည်းလမ်းလေး တစ်ခုပါပဲ။ သင့်ကို ကျန်းမာရေးနဲ့ ညီညွတ်အောင် စားနိုင်ဖို့ သင်ပေးမယ့် နည်းလမ်းလေး တစ်ခုပါ။ Mindful eating ဆိုတာ ဘာလဲ။ Mindful eating ဆိုတာကို သိတဲ့လူလည်း သိကြမှာပါ။ သတိလေးကပ်ပြီး စားသောက်တဲ့ နည်းလမ်းတစ်ခုပါ။ ဗုဒ္ဓအယူဝါဒက ဆင်းသက်လာတယ်ဆိုပေမယ့် လူမျိုးဘာသာ မရွေးလုပ်နိုင်တဲ့ စိတ်လေ့ကျင့်ခန်းလေး တစ်ခုပါပဲ။ အနောက်နိုင်ငံတွေမှာတော့ တော်တော်ခေတ်စားနေပါပြီ။ သူက အစာစားတဲ့အခါ စားတဲ့ကိစ္စမှာပဲ အာရုံစိုက်ပါတယ်။ ဘာတွေစားနေလဲ၊ အရသာတွေ၊ အရောင်အဆင်းတွေက ဘာတွေလဲ။ ဒါတွေကို […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

လူပြောအများဆုံး အစားအသောက် ယုံတမ်း (၃)သွယ်

ကျွန်တော်တို့တွေ ကြားဖူးကြတဲ့ အစားအသောက် ပါးစပ်ပြော ပုံပြင်တွေ အများကြီး ရှိပါတယ်။ လတ်တလော နာမည်အကြီးဆုံးဆိုရင်တော့ COVID-19 ပျောက်ကင်းဖို့ တမာရွက်စားပေးရတယ်။ ဆီးကျောက်ကြေဖို့ သံမနိုင်ကျောက်မနိုင်ကို အားကိုးလို့ရတယ်ဆိုတာမျိုးတွေပေါ့။ ဒီလိုပဲ တခြားသော အမှန်မဟုတ်ဘဲ လူတွေ မှားယွင်းလက်ခံထားတဲ့ ယုံတမ်းတွေ အများကြီး ရှိပါသေးတယ်။ အဲဒီထဲကမှ လူပြောအများဆုံး အချက်တွေကတော့… ၁။ အဆီဓာတ်တွေ အများကြီးပါဝင်တဲ့ စားစရာတွေက ကျန်းမာရေးအတွက် မကောင်းဘူး။ အမှန်။   ။ ခုချိန်ထိ လူတော်တော်များများ လက်ခံနေကြသေးတဲ့ ယုံကြည်မှုအလွဲတစ်ခုပါ။ လူအများစုက အဆီများတဲ့ စားစရာတွေကို ရှောင်ပြီး အဆီနည်းတာတွေကိုပဲ စားမယ်ဆိုရင် သူတို့ရဲ့ ကျန်းမာရေး ပိုကောင်းသွားမယ်ဆိုတဲ့ အထင်နဲ့ အဆီဓာတ်များတာတွေ ရှောင်ကြဉ်နေကြပါတယ်။ တကယ်တမ်းမှာတော့ နို့ထွက်ပစ္စည်းတွေမှာပါတဲ့ အဆီဓာတ်တွေဟာ အထွေထွေ ကျန်းမာရေးအတွက် မရှိမဖြစ် လိုအပ်ပါတယ်။ အဆီလျှော့ထားတဲ့ […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

ဘာဂါက ဘာကြောင့် ကျန်းမာရေးနဲ့ မညီရတာလဲ

ဆလတ်ရွက် - ကျန်းမာရေးနဲ့ ညီတယ်။ ပေါင်မုန့် - ကျန်းမာရေးနဲ့ ညီတယ်။ အမဲသား - လူကို သွေးအားကောင်းစေတယ်။ ကျန်းမာစေတယ်။ ခရမ်းချဉ်သီး၊ သခွားသီး - ကျန်းမာရေးနဲ့ ညီတယ်။ ဒါတွေ အားလုံးပေါင်းထားတဲ့ ဘာဂါကျမှ ဘာလို့ ကျန်းမာရေးနဲ့ မညီဘူး ပြောရတာလဲ။ အဖြေက ဒီလိုပါ။ ၁။ ကယ်လ်လိုရီ အဲဒီအပေါ်က ကျန်းမာရေးနဲ့ ညီတဲ့အရာတွေရယ်၊ ချိစ်တွေရယ်၊ မရောနိစ်ရယ်နဲ့ ပေါင်းလိုက်တဲ့အခါမှာ ကယ်လိုရီက ၁၀၀၀ ကျော်သွားပါတယ်။ အဓိပ္ပာယ်က လူတစ်ယောက် ပျမ်းမျှတစ်နေ့စာ လိုအပ်တဲ့ ကယ်လ်လိုရီ တစ်ဝက်လောက်က ဘာဂါတစ်လုံးမှာ ပါဝင်နေတာပါ။ ဒီတစ်လုံးနဲ့ ဝလားဆိုတော့လည်း မဝဘူးမဟုတ်လား။ ဘေးနားမှာ အာလူးကြော်လေး ပါဦးမှ။ အချိုရည်လေး ထည့်ဦးမှ ဆိုတော့ တွက်ကြည့်ပေါ့။ ၂။ ဆိုဒီယမ် ဘာဂါမှာ ဆိုဒီယမ်တွေ […]


ထူးခြားသည့်စားသောက်မှုပုံစံကွဲများ

အလုပ်ခွင်မှာ မအိပ်ချင်အောင် ကော်ဖီသောက်ကြတဲ့အခါ

နေ့စဉ်နဲ့အမျှမှာ မပါမဖြစ်ကတော့ ကော်ဖီနဲ့ လက်ဖက်ရည်ပါပဲ။ နံနက်ခင်းလေးတစ်ခုကို ကော်ဖီခါးခါးလေးတစ်ခွက်နဲ့ ဖြတ်ကျော်ချင်ကြတယ်မဟုတ်လား။ နိုးထလာတာနဲ့ ကော်ဖီလေးတစ်ခွက်များ သောက်လိုက်ရရင် တစ်နေကုန်လန်းဆန်းတက်ကြွနေတယ်လို့ ခံစားဖူးကြမှာပါ။ ဒါဟာ ကော်ဖီ တစ်ခွက်မှာပါဝင်တဲ့ ကဖင်းဓာတ်ကြောင့်ပါပဲ။ ကဖင်း (Caffeine)ဟာ ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မ ဖြစ်စဉ်တွေကို လျင်လျင်မြန်မြန်ဖြစ်စေဖို့ စွမ်းအင်တွေပေးစွမ်းနိုင်တာကြောင့် ခန္ဓာကိုယ်ရော စိတ်အစဉ်ပါ ပေါ့ပါးနေရခြင်းပါ။ လေ့လာချက်များရဲ့ပြောဆိုချက်အရ ကော်ဖီကို ပမာဏအသင့်အတင့်သာ သောက်သုံးပါက ခန္ဓာကိုယ်အတွက် သင့်တော်လုံခြုံပါတယ်။ သို့သော်လည်း တန်ဆေးလွန်ဘေးဆိုတဲ့စကားအတိုင်း တစ်ခွက်ပြီးတစ်ခွက် မရပ်မနားတမ်း စွဲစွဲလမ်းလမ်းဖြစ်သွားပြီဆိုရင်တော့ ဘေးဥပါဒ်ဖြစ်စေဖို့ရန် ဦးတည်သွားမှာပါ။ တစ်ဦးနဲ့တစ်ဦးတော့ မတူပါဘူး။ တချို့ကတော့ ပမာဏအနည်းငယ်သောက်ရုံနဲ့ ဘေးထွက် ဆိုးကျိုးတွေခံစားရနိုင်ပြီး ပမာဏ အနည်းငယ်သောက်ရုံနဲ့ ဘာဥပါဒ်မှ မဖြစ်တဲ့သူတွေလည်း ရှိနိုင်ပါတယ်။ ဥပမာအားဖြင့် မိမိပတ်ဝန်းကျင်မှာ ကော်ဖီသောက်ပြီး ညအိပ်မပျော်တဲ့ သူတွေလည်း ရှိနိုင်သလို၊ အချို့သောသူတွေဟာတော့ ကော်ဖီသောက်ခြင်းကြောင့် ညအိပ်စက် ခြင်းမှာ […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

အစာစားပြီးချိန်မှာ ရေသောက်သင့်သလား

တချို့ကပြောကြတယ်။ အစာစားပြီးချိန်မှာ ရေသောက်ရင် အစာမကြေဖြစ်တတ်တယ်။ မသောက်ကောင်းဘူးတဲ့။ တချို့ကြတော့လည်းဆိုကြပြန်တယ်။ အစာစားပြီးရေသောက်ရမယ်တဲ့။ ဒါမှ အဆိပ်အတောက်ကင်းမှာ ကျန်းမာမှာတဲ့။ ဘယ်ဟာက အမှန်လဲ။ ဘာကို ယုံကြည်ကြမလဲ။ အစာစားပြီးတဲ့အခါ အစာစားပြီးပြီးချင်း ရေသောက်တာက သင့်ရဲ့ အစာချေဖျက်မှုလုပ်ငန်းစဉ်ကို အနှောင့်အယှက်ပြုတယ်ဆိုတဲ့ ယူဆချက်က မှန်ကန်ရဲ့လား။ ဒါကို သိနားလည်ဖို့ဆိုရင် အစောခြေဖျက်မှုလုပ်ငန်းစဉ်ကို အရင်သိထားဖို့ လိုအပ်ပါတယ်။ ပုံမှန်အားဖြင့် အစာခြေဖျက်မှုလုပ်ငန်းစဉ်ဟာ ရိုးရှင်းပါတယ်။ ပါးစပ်က ဝါးပြီးတဲ့နောက် မျိုချလိုက်တဲ့ အစားအစာတွေကို အစာလမ်းကြောင်းကနေတဆင့် အစာအိမ်ထဲကိုပို့ပါတယ်။ တံတွေးမှာပါဝင်တဲ့ saliva enzymes တွေက ဒီလိုလျောလျောလျူလျူဝင်သွားဖို့ ကူညီပေးပါတယ်။ အစာအိမ်ထဲကို အစာတွေရောက်သွားပြီဆိုရင် Acidic Gastric အရည်တွေက အစာတွေကိုရောမွှေပစ်ပါတယ်။ ဒီတော့ Chyme လို့ခေါ်တဲ့ပစ်နှစ်နေတဲ့အရည်တွေဖြစ်ကုန်တာပေါ့။ Chyme တွေဟာ ပန်ကရိယထဲက digestive enzymes တွေနဲ့ အသည်းထဲက bile acid ပေါင်းစပ်သွားပါတယ်။ […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

ဆယ်ကျော်သက်တို့ ကျန်းမာစေဖို့ မွေးမြူသင့်တဲ့ အလေ့အထ အချို့

ကျန်းမာပျော်ရွှင်တဲ့ ဘဝကို ပိုင်ဆိုင်ချင်သလား။ ဒါဆို ငယ်ရွယ်စဉ်ကတည်းက ကျန်းမာရေးကို စောင့်ရှောက်ပါ။ ဆယ်ကျော်သက်မှာ ကျန်းမာစွာ နေထိုင်ခြင်းက ကျန်းမာပျော်ရွှင်စွာ အသက်ကြီးနိုင်စေဖို့ အကောင်းဆုံး ထောက်ပံ့ပေးနိုင်မှာပါ။ ဒီတော့ ကျန်းမာတဲ့ ဘဝကို ပိုင်ဆိုင်နိုင်စေဖို့ ဆယ်ကျော်သက် အရွယ်မှာ မွေးမြူသင့်တဲ့ အလေ့အထကောင်းတွေက ဘာတွေဖြစ်မလဲဆိုတာကို ကြည့်လိုက်ရအောင်လား။ ဆယ်ကျော်သက်တို့ ကျန်းမာစေဖို့ မွေးမြူသင့်တဲ့ အလေ့အထ အချို့ ကျန်းမာစေဖို့ ဆယ်ကျော်သက်မှာ အခုလို အလေ့အထတွေ မွေးမြူပေးပါ။ အိပ်ရေးဝအောင် အိပ်ပါ အိပ်ရေးဝအောင် အိပ်တာက စိတ်ရောကိုယ်ပါ ကျန်းမာစေဖို့ အကောင်းဆုံး အားဖြည့်ပေးပါတယ်။ ဆယ်ကျော်သက်အရွယ်မှာ ကျန်းမာစေဖို့ တစ်ညကို ၈ နာရီခွဲကနေ ၉ နာရီအထိ အိပ်ပေးဖို့ လိုပါမယ်။ အိပ်စက်နေစဉ်အတွင်းမှာ ကြီးထွားမှုဟော်မုန်းတွေက အကောင်းဆုံး အနေအထားကို ရောက်ရှိတာပါ။ ပြည့်ဝတဲ့ အိပ်စက်မှု ရှိမှ ကလေးက အကောင်းဆုံး […]


ကျန်းမာစွာချက်ပြုတ်ခြင်း

ဆား ဆိုတိုင်း သွေးတိုးစေတာ မဟုတ်ပါ။

အငန် လျှော့စား သွေးတိုးမယ်နော် ဆိုတဲ့ စကားကို အမြဲလိုလို ကြားခဲ့တော့ ငန်တယ်ဆိုတဲ့ ဆားကို အဆိုးထင်ပြီပေါ့။  သွေးတိုးစေတဲ့ အငန်ဓာတ်ဆိုတာ ဆား တစ်ခုတည်း မဟုတ်ပါဘူး။ ငံပြာရည်၊ ငါးပိ၊ ငါးခြောက်။ ငါးပိရည်ကျို စတာတွေကည်း သွေးတိုးစေပါတယ်။ ဒါတွေအပြင် အချိုမှုန့်၊ အသင့်စား အစားအစားတွေကလည်း သွေးတိုးစေတာပါ။ ဒီတော့ သွေးတိုးတာက ဆားတစ်ခုတည်းကြောင့်လို့ မတွေးစေချင်ပါဘူး။ ဆားကြောင့် သွေးတိုးစေတာက ဆားကို အဆမတန် စားသုံးလို့ပါ။ ကျန်းမာနေစေဖို့ဆိုရင် ဆားကို ထိုက်သင့်သလောက် စားသုံးဖို့ လိုပါမယ်။ ဆား ကပေးတဲ့ ကျန်းမာရေး ဆားကို အတန်အသင့် စားသုံးပေးတာက ရေဓာတ် ပြည့်ဝစေဖို့ အထောက်အပံ့ ပေးတယ် ရေဓာတ် ပြည့်ဝနေစေဖို့ ခန္ဓာကိုယ်က ဆိုဒီယမ်(ဆား)နဲ့ ပိုတက်ဆီယမ်တို့ကို လိုအပ်ပါတယ်။ ဆားမရှိရင် ရေဓာတ်ပြည့်ဝဖို့ မဖြစ်နိုင်သလို […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Nyi Nyi Kyaw

အာဟာရပညာရှင် • Sakura Hospital

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း