ကျန်းမာစွာ စားသောက်ခြင်း

အစားအသောက်က ကျန်းမာစေဖို့ ထိန်းသိမ်းပေးသလို ရောဂါတွေကို ကာကွယ်ရာမှာ အကူအညီပေးခြင်းဖြင့် ကျန်းမာစွာနေထိုင်မှုအပေါ်မှာ အများကြီး သက်ရောက်နေပါတယ်။ ကံမကောင်းတာတစ်ခုက ကျန်းမာစွာ စားသောက်ခြင်းနဲ့ပတ်သက်ပြီး ယုံတမ်းစကားတွေ များစွာရှိနေတာပါ။ ဒါကြောင့် ကျန်းမာစွာ စားသောက်ခြင်းနဲ့ ပတ်သက်ပြီး သိထားတဲ့အချက်တွေက မှန်သလား မှားသလားဆိုတာကိုသေချာ သိဖို့ လိုပါမယ်။

ကျန်းမာရေးဗဟုသုတ

ကျန်းမာစွာ စားသောက်ခြင်း

ဓာတ်ဆားရည် အစားထိုး သဘာဝ သောက်စရာများ

ခန္ဓာကိုယ် ကျန်းမာနေစေဖို့အတွက် အာဟာရတွေ ပြည့်ဝမျှတနေဖို့ လိုပါတယ်။ ဒီလို ပြည့်ဝမျှတနေရမယ့် အရာတွေထဲမှာ ဓာတ်ဆားဓာတ်လို့ ခေါ်တဲ့ Electrolytes တွေကလည်း အရေးပါပါတယ်။ ခန္ဓာကိုယ်မှာ ဓာတ်ဆားဓာတ် မျှတနေမှလည်း နေ့စဉ်ဘဝကို ကျန်းမာပျော်ရွှင်စွာ ဖြတ်သန်းနိုင်မှာပါ။ အားကစား လုပ်လို့ ချွေးအရမ်းထွက်ချိန်မှာ ဖြစ်ဖြစ်၊ အပူဒဏ်ကြောင့် ချွေးထွက်များတာ၊ အခြား အခြေအနေ တစ်ရပ်ရပ်ကြောင့် ခန္ဓာကိုယ်မှာ ဓာတ်ဆားဓာတ် နဲ့ ရေဓာတ် ဆုံးရှုံးသွားတဲ့အခါ ပြန်လည်ဖြည့်တင်းဖို့ ဓာတ်ဆားရည်၊ Sport drinks တွေကို သောက်ဖို့ အကြံပြုတတ်ကြပါတယ်။ ဒါပေမယ့် ဓာတ်ဆားရည်ကို မနှစ်သက်ဘူး။ ဓာတ်ဆားရည်အစား အခြား ဓာတ်ဆားဖြည့်ပေးမယ့် သောက်စရာလေးတွေများ မရှိဘူးလားလို့ တွေးနေပြီလား။ ဒါဆိုရင်တော့ ဒီဆောင်းပါးလေးက သင့်အတွက်ပါ။ ဒီဆောင်းပါးလေးထဲမှာ ဓာတ်ဆားရည် အစားထိုး သဘာဝ သောက်စရာများ […]

ကျန်းမာစွာ စားသောက်ခြင်း ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကျန်းမာစွာ စားသောက်ခြင်း ကို ရှာဖွေမည်။

ကိုယ်အလေးချိန်လျှော့ချခြင်း

Stay Home ကာလမှာ ထပ်ပြီးဝိတ်တက်လာမှာ စိုးရိမ်နေရပြီလား

Covid-19 ကြောင့် အမြဲတမ်း အပြင်သွားနေကျ၊ သူငယ်ချင်းမိတ်ဆွေတွေနဲ့ စားသောက်နေကျ၊ Gym သွားပြီး လေ့ကျင့်ခန်းလုပ်နေကျလူတွေ အိမ်မှာပဲ အကျယ်ချုပ်ကျသလို ဖြစ်သွားတဲ့ခံစားချက်ကြီးက တော်တော်ကို အဆင်မပြေတာပါ။ ဒီလိုမျိုး တစ်နေရာတည်းမှာပဲ ငြိမ်ငြိမ်လေး နေနေရတဲ့အခါ နောက်ထပ်သတိထားသင်တဲ့အချက်ကတော့ ကိုယ်အလေးချိန် တက်လာတာပါပဲ။ ဘာကြောင့် ကိုဗစ်ကာလမှာ လူတွေ ကိုယ်အလေးချိန်တက်လာတာလဲ။ လူဆိုတာ စိတ်ညစ်ရင် အစားပိုစားတတ်တဲ့အမျိုးပါ။ အထူးသဖြင့် ဘယ်မှလည်း မသွားရဘဲ အိမ်ထဲမှာပဲ အောင်းပြီး၊ ဘာလုပ်လို့လုပ်ရမှန်းလည်း မသိ၊ ရည်ရွယ်ချက်ပျောက်သွားတဲ့ အချိန်တွေမှာဆိုရင် ပိုပြီးတောင် အစားသောင်းကျန်းတတ်ပါတယ်။ ဒီအခါ ဘာတွေစားတတ်လဲဆိုတော့ အာဟာရလည်းမဖြစ်၊ ကယ်လိုရီတွေကို ပိုတက်စေတဲ့ အစာတွေကို အလွန်အကျွံစားလိုက်မိတော့တာပါပဲ။ အဓိက ကိုယ်အလေးချိန်တက်လာရတဲ့ အကြောင်းရင်းတွေထဲမှာ အချို၊ အဆီလွန်ကဲတဲ့ အစားအစာများကို ပိုမိုစားသုံးလာခြင်း အိမ်မှာ ကိုယ်တိုင်မချက်တော့ဘဲ အပြင်ကနေ အစားအစာများကို […]


အာဟာရဆိုင်ရာ အချက်အလက်များ

ဆံသား ကျန်းမာစေဖို့ဆိုတာထက် ပိုအသုံးဝင်တဲ့ အုန်းဆီစစ်စစ်

အုန်းဆီလို့ ပြောလိုက်ရင် ဆံပင် လူးဖို့လား။ ဆံသား ကျန်းမာစေတဲ့ အာနိသင် ရှိတယ်ဟုတ် သိသားပဲလို့ ပြောမလို့လား........ မဟုတ်ပါဘူး...... ဒါဆို အသားအရေအတွက် ဟုတ်..... လို့ ထပ်တော့ မမေးနဲ့နော်။ ဒါလည်း မမှန်သေးဘူး။ အခုပြောပြမှာက အုန်းဆီ စစ်စစ်ရဲ့ ကျန်းမာရေးအတွက် အသုံးဝင်မှုပါ။ အုန်းဆီကို စားစရာလို့ မြင်ခဲပေမယ့် စားကြည့်ရင် ကျန်းမာရေးအတွက် အကျိုးများသတဲ့နော်။ သိချင်သွားပြီလား........ ဆောင်းပါးလေးထဲ ဖတ်ကြည့်လိုက်လေ။  အုန်းဆီ စစ်စစ်ရဲ့ ကျန်းမာရေးအတွက် အသုံးဝင်မှု အုန်းဆီက ဆံသား နဲ့ အသားအရေ လှပမှုအတွက် သုံးလို့ရသလို ဟင်းချက်ဆီနေရာမှာ အုန်းဆီကို သုံးပေးမယ်ဆိုရင် အခုလို ကျန်းမာရေး အကျိုးကျေးဇူးတွေ ရနိုင်ပါတယ်။ အရေးကြီးတာကတော့ အရောအနှော လုံးဝမပါတဲ့ သဘာဝအုန်းဆီစစ်စစ်ဖြစ်ဖို့လိုပါတယ်။ စိတ်ဖိစီးမှု ပြေလျော့စေတယ် အုန်းဆီမှာ ဓာတ်တိုးဆန့်ကျင်ပစ္စည်း ပါဝင်တာကြောင့် စိတ်ဖိစီးမှုကို […]


အာဟာရဆိုင်ရာ အချက်အလက်များ

ငရုတ်ပွ နဲ့ ကျန်းမာရေး

အစိမ်းကြော်လေးပဲ ကြော်ကြော်၊ အသားလေးနဲ့ပဲ နှပ်နှပ်၊ အနံ့မွှေးပြီး စားလို့ ကောင်းတဲ့ ငရုတ်ပွကို ကြိုက်သူလေးတွေ ရှိလား။ ဒါဆိုရင်တော့ ငရုတ်ပွ စားရင်း ဘယ်လို အကျိုးကျေးဇူးလေးတွေ ရနိုင်လဲဆိုတာကို ဒီ ဆောင်းပါးလေး ထဲကနေ ဖတ်ကြည့်လိုက်ပါ။ ငရုတ်ပွမှာပါတဲ့ အာဟာရဓာတ် အနီရောင်၊ အစိမ်းရောင်။ အဝါရောင်ဆိုပြီး အရောင်အသွေး စုံစုံလင်လင်နဲ့ အနံ့မွှေးပြီး အသား အိအိလေးနဲ့ စားကောင်းတဲ့ ငရုတ်ပွမှာ ကယ်လ်လိုရီ ရေဓာတ် ပရိုတင်း ကာဗိုဟိုက်ဒရိတ် သကြားဓာတ် အမျှင်ဓာတ် အဆီဓာတ်တို့ ပါဝင်နေပါတယ်။ ဗီတာမင် နဲ့ သတ္တုဓာတ်တွေ အနေနဲ့ကတော့ ကိုယ်ခံအားကို အားဖြည့်ပေးတဲ့ ဗီတာမင် C သွေးနီဥဆဲလ်တွေကို ဖြစ်ပေါ်စေတဲ့ ဗီတာမင် B6 အရိုးတွေ သန်မာစေပြီး သွေးခဲစေဖို့ အားဖြည့်ပေးတဲ့ ဗီတာမင် K1 […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

ဗီတာမင် PP ကြွယ်ဝတဲ့ အစားအစာတွေက ဘာတွေလဲ။

ဗီတာမင် B3၊ Niacin ရယ်လို့ လူတိုင်း သိထားတဲ့ ဗီတာမင်ရဲ့ နောက်ထပ် နာမည်တစ်ခုက ဗီတာမင် PP ပါ။ ခန္ဓာကိုယ်အတွက် ဇီဝကမ္မဖြစ်စဉ်တွေ ကောင်းမွန်စေဖို့ လုပ်ဆောင်ပေးသလို ဓာတ်တိုးဆန့်ကျင်ပစ္စည်း အနေနဲ့ ခန္ဓာကိုယ်ကို ဓာတ်တိုးပစ္စည်းတွေ အန္တရာယ်ကနေ ကာကွယ်ပေးနေတာပါ။ ခန္ဓာကိုယ်အတွက် မရှိမဖြစ် လိုအပ်တဲ့ အာဟာရတစ်ခု ဖြစ်ပြီး ခန္ဓာကိုယ်က မထုတ်လုပ်နိုင်တာကြောင့် အစားအစာကနေတဆင့် မှီဝဲ ဖြည့်တင်းဖို့ လိုပါမယ်။ ဒီတော့ ကျန်းမာရေးအတွက် မရှိမဖြစ် လိုအပ်တဲ့ ဗီတာမင် PP ပြည့်ဝစေဖို့ ဘာတွေ စားရမလဲဆိုတာကို ဆောင်းပါးလေးထဲမှာ ဖော်ပြပေးသွားပါမယ်။ ဗီတာမင် PP ပြည့်ဝစေဖို့ ဘာတွေ စားရပါ့ ခန္ဓာကိုယ်အတွက် မရှိမဖြစ် လိုအပ်တဲ့ ဗီတာမင် PP ပြည့်ဝစေဖို့အတွက် ဆိုရင်တော့ အသည်း အသည်းက niacin ကြွယ်ဝတဲ့ […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

ခေါင်းကိုက်နေရင် ဘာတွေ သောက်မလဲ။

ခေါင်းကိုက် လိုက်တာ။ ဘာမှကို အာရုံစိုက် မရဘူးဆိုပြီး စိတ်ညစ်နေပြီလား......... ဒါဆိုရင်တော့ စိတ်ညစ်မနေပါနဲ့တော့။ အခုပြောပြမယ့် သောက်စရာလေးတွေကို သောက်ပြီး ခေါင်းကိုက်တာကို ခပ်ဝေးဝေး မောင်းထုတ်လိုက်ကြစို့လား........... ခေါင်းကိုက် သက်သာစေဖို့ ဘာတွေ သောက်မလဲ......... ခေါင်းကိုက်နေတာကြောင့် စိတ်လက်ပင်ပန်းတာမျိုး မဖြစ်စေဖို့ ရေသောက်ပါ။ ခေါင်းကိုက်ခြင်း အများစုက ရေဓာတ် လျော့နည်းတာကြောင့်ပါ။ ဒါကြောင့် ခေါင်းကိုက်လာရင် အရင်ဆုံး ရေ တစ်ခွက် သောက်ပါ။ ရေသောက်တာက ဦးနှောက်ဆီ သွေးနဲ့ အောက်ဆီဂျင် စီးဆင်းရောက်ရှိမှု ကောင်းစေပြီး ခေါင်းကိုက်တာကို သက်သာစေမှာပါ။ ရေသောက်တယ်ဆိုတဲ့နေရာမှာ ရိုးရိုးရေ နဲ့ ရေနွေးနွေးလေးကိုပဲ သောက်ပေးပါ။ ရေခဲရေက အခန့်မသင့်ရင် ခေါင်းကိုက်တာကို ပိုဆိုးစေနိုင်ပါတယ်။ အယ်လ်မွန်နို့။ အယ်လ်မွန်နို့မှာ မဂ္ဂနီဆီယမ် နဲ့ ခေါင်းကိုက်တာကို သက်သာစေမယ့် အခြားသော သတ္တုဓာတ်တွေ ပါဝင်နေပါတယ်။ အယ်လ်မွန်နို့ တစ်ခွက် သောက်တာက အကိုက်အခဲပျောက်ဆေး […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

အရေပြား ယားယံတာ သက်သာစေဖို့ ဘာတွေ စားရမလဲ။

အရေပြား ယားတာက တော်တော်လေး ခံရခက်တဲ့ ကိစ္စပါ။ အရေပြားက ယားတယ်။ ဆေးလည်း မသောက်ချင်ဘူး။ ဆေးလည်း မလူးချင်ဘူးဆိုရင်တော့ အရေပြားယားတာ သက်သာစေဖို့ ဘာတွေစားရမလဲဆိုတာကို ဒီဆောင်းပါးလေးကနေတဆင့် ပြောပြပေးမယ်နော်။ အရေပြား ဘာကြောင့် ယား။ အရေပြားကို ယားယံစေနိုင်တဲ့ အကြောင်းအရင်းက တစ်ခုမက ရှိပါတယ်။ ဓာတ်မတည့်တာ ပိုးကောင် ကိုက်ခံရတာ ခြင်ကိုက်ခံရတာ အစားအသောက်ကြောင့် အရေပြား ယားယံတာ ကျောက်ကပ်ရောဂါ သွေးချိုဆီးချို မှိုပိုး ဝင်တာ  အရေပြားရောဂါ အမျိုးမျိုးကြောင့် အရေပြား ယားယံနိုင်ပါတယ်။ အရေပြား ယားယံတာကို သက်သာစေဖို့ ဒါတွေစားပေးပါ။ အရေပြား ယားယံရင် လူတော်တော်များများက အယား သက်သာအောင်ဆိုပြီး ကုတ်ကြပါတယ်။ တကယ်ကတော့ ဒါက နည်းလမ်းကောင်း မဟုတ်ပါဘူး။ ကုတ်တာဖဲ့တာက အရေပြား ယားယံတာကို ပိုဆိုးစေနိုင်ပါတယ်။ အရေပြား ယားယံတာကို သက်စေနိုင်တဲ့ […]


အာဟာရဆိုင်ရာ အချက်အလက်များ

ဖန်ခါးသီး ရဲ့ ဆေးဖက်ဝင်မှု အဖုံဖုံ

ဖန်ခါးသီး နာမည်အတိုင်း ဖန်လည်းဖန်တယ် ခါးလည်းခါးပါတယ်။ ဒါပေမယ့် အနံကတော့ မွှေးပါတယ်။ တကြွပ်ကြွပ် ဝါးစားလို့ရတဲ့ ဖန်ခါးသီးကို အတို့အမြှုပ် အဖြစ် စားကြသလို ကြက်သွန်ဖြူ ဆား မီးဖုတ်လေးနဲ့ ထောင်းပြီးတော့လည်း စားလေ့ရှိကြပါတယ်။ အခြားနည်းတွေနဲ့လည်း ဆေးဖြစ်ဝါးဖြစ် စားကြပါတယ်။ ဒီလို ဖန်ခါးခါးနဲ့ အနံ့မွှေးတဲ့ တို့စရာ ဖန်ခါးသီးလေးက ဘယ်လို ဆေးဖက်ဝင်လဲဆိုတာကို ဒီ ဆောင်းပါးလေးထဲမှာ ပြောပြပေးမှာမို့ ဖတ်ကြည့်စေချင်ပါတယ်။ ဖန်ခါးသီး ဆိုတာ ဖန်ခါးသီးဆိုတာက ဖန်ခါးပင်ရဲ့ အသီးပါ။ နွေပူပူမှာ အရိပ်ရစေလောက်တဲ့အထိ ကြီးတဲ့ ဖန်ခါးပင်ရဲ့ အသီးလေးတွေပါ။ အခိုင်လိုက် သီးတတ်ပြီး အသီးလေးက ခပ်ရှည်ရှည်လေးပါ။ အသားမာပြီး အလယ်မှာ အစေ့ တစ်စေ့ပဲ ပါပါတယ်။ အစိမ်းရင့်ရောင် ရှိပြီး တစ်ခါတလေမှာ အဝါဖျော့ဖျော့ ဒါမှမဟုတ် ပန်းရောင်လေးလိုလို အနီရောင်ဖျော့ဖျော့လေးလိုလို […]


ထူးခြားသည့်စားသောက်မှုပုံစံကွဲများ

Endocrine System (ဟော်မုန်းစနစ်) ကျန်းမာစေဖို့ စားသောက်နေထိုင်မှုပုံစံ

ခန္ဓာကိုယ် အနှံ့က ဟော်မုန်းထုတ်ပေးတဲ့ ဂလင်းတွေကို ပေါင်းစုထားတဲ့ စနစ်ကို endocrine system (ဟော်မုန်းစနစ်) ရယ်လို့ ခေါ်တယ်။ ဒီ စနစ်ထဲမှာပါတဲ့ ဂလင်းတွေက ဟော်မုန်းတွေကို မပိုမလိုထုတ်ပေးမှ ခန္ဓာကိုယ်က ဖြစ်စဉ်တွေ အားလုံးက ပုံမှန် လည်ပတ်တာပါ။ တစ်ခုခုက ပုံမှန် အလုပ်မလုပ်ဘူးဆိုတာနဲ့ ကိုယ်တွင်း ဇီဝကမ္မဖြစ်စဉ်၊ ကြီးထွားမှုဖြစ်စဉ်တွေ ကမောက်ကမဖြစ်ပြီး ခန္ဓာကိုယ်မှာ နာတာရှည်ရောဂါ တစ်မျိုးဖြစ်တဲ့ အမျိုးအစား(၂) ဆီးချိုရောဂါတင်မက တခြားရောဂါမျိုးစုံ ဖြစ်ပေါ်လာနိုင်ပါတယ်။ ဒီတော့ ခန္ဓာကိုယ်ကျန်းမာဖို့ အရေးပါတဲ့ endocrine system (ဟော်မုန်းစနစ်) ကျန်းမာစေဖို့ ဘယ်လိုစားသောက် နေထိုင်ရမလဲဆိုတာကို ဒီဆောင်းပါးလေးထဲမှာ ဖတ်ကြည့်စေချင်ပါတယ်။ Endocrine System (ဟော်မုန်းစနစ်) ကျန်းမာစေဖို့ စားသောက်နေထိုင်မှုပုံစံ ခန္ဓာကိုယ်မှာ သွေးပေါင်ချိန်၊ နှလုံးခုန်နှုန်းနဲ့ အရိုး ကျန်းမာရေးကစလို့  ညဘက်မှာ နှစ်ခြိုက်စွာ အိပ်ပျော်စေဖို့အထိ […]


အာဟာရဆိုင်ရာ အချက်အလက်များ

ဘိုင်အိုတင် (Biotin) အကြောင်း သိသင့်သမျှ

ဘိုင်အိုတင် (biotin) ဟာ ဗီတာမင် B အုပ်စုဝင် အာဟာရဓာတ်မျိုးဖြစ်ပြီး အစားအစာများကနေ စွမ်းအင်ကို ထုတ်ယူသုံးစွဲရာမှာ အထောက်အကူပြုပါတယ်။ ဘိုင်အိုတင်ကို ဗီတာမင် H လို့လည်း ခေါ်ဝေါ်ပါတယ်။ ဘိုင်အိုတင်ဟာ အရေပြား၊ ဆံပင်၊ မျက်လုံး၊ အသည်းနဲ့ အာရုံကြောအဖွဲ့အစည်းတွေကို အထောက်အကူပြုပါတယ်။ အထူးသဖြင့် ကိုယ်ဝန်ဆောင်ကာလမှာ သန္ဓေသားလောင်း ဖွံ့ဖြိုးကြီးထွားရေးအတွက် ဘိုင်အိုတင်ကို မဖြစ်မနေလိုအပ်ပါတယ်။ များသောအားဖြင့် ဘိုင်အိုတင်ကို အစားအစာကနေ ရရှိပါတယ်။ ဒါပေမယ့် သွေးတွင်းသကြားဓာတ်ကို ထိန်းသိမ်းဖို့၊ ဆံပင်များ နက်မှောင်သန်စွမ်းစေဖို့၊ အသားအရေနဲ့ လက်သည်းခြေသည်းများ လှပဖို့၊ ကိုယ်ဝန်ဆောင်မိခင်နဲ့ ကလေးများ ကျန်းမာဖို့ ဘိုင်အိုတင်ကို ပိုမိုလိုအပ်တယ်လို့ ဆိုကြပါတယ်။ လိုအပ်သောပမာဏ ဆယ်ကျော်သက်တွေနဲ့ အရွယ်ရောက်ပြီးသူတွေအတွက် တစ်နေ့တာ ဘိုင်အိုတင်လိုအပ်ချက်ကတော့ ၃၀ ကနေ ၁၀၀ မိုက်ခခရိုဂရမ်ဖြစ်ပါတယ်။ ဘိုင်အိုတင်ဟာ ရေမှာပျော်ဝင်နိုင်တာကြောင့် […]


အာဟာရဆိုင်ရာ အချက်အလက်များ

ပရိုတင်းရဲ့ လုပ်ငန်းတာဝန်များ

ပရိုတင်းဆိုတဲ့ အခြေခံအာဟာရကိုတော့ လူတိုင်းကြားဖူးပါလိမ့်မယ်။ မြန်မာလို အသားဓာတ်လို့လည်း ခေါ်ပါတယ်။ ပရိုတင်းဆိုတဲ့ စကားလုံးကတော့ ဂရိစကား proteos ကနေ ဆင်းသက်လာပြီး အဓိကပထမ လို့ အဓိပ္ပာယ်ရပါတယ်။ ပရိုတင်းကို အမိုင်နိုအက်ဆစ်များစွာ ချိတ်ဆက်ပြီး ဖွဲ့စည်းထားပါတယ်။ ပရိုတင်းကို ပုတီးတစ်ကုံးလို မြင်ယောင်ကြည့်ရင် အမိုင်နိုအက်ဆစ်များဟာ ပုတီးလုံးလေးတွေပါပဲ။ ပရိုတင်းရဲ့ လုပ်ငန်းတာဝန်တွေဟာလည်း များပြားလှပါတယ်။ ယခုဖော်ပြပေးမှာကတော့ ကိုယ်ခန္ဓာအတွက် အရေးကြီးတဲ့ ပရိုတင်းရဲ့ လုပ်ငန်းတာဝန်အချို့ ဖြစ်ပါတယ်။ ကြီးထွားဖွံ့ဖြိုးခြင်း သင့်ကိုယ်ခန္ဓာကို မွေးစကနေ ယနေ့ထိ ကြွက်သားတစ်ရှူးများနဲ့ ကြီးထွားလာအောင် ပရိုတင်းက တည်ဆောက်ပေးပါတယ်။ ဒါ့အပြင် ဖွံ့ဖြိုးကြီးထွားပြီးတဲ့ ကိုယ်ခန္ဓာကိုလည်း ဆက်လက်တောင့်တင်းအောင် ထိန်းသိမ်းပေးပါတယ်။ ပုံမှန်အားဖြင့် တစ်ရှူးတွေကို တည်ဆောက်နိုင်ဖို့ ပရိုတင်းများကို တသမတ်တည်းဖြိုခွဲပေမယ့် နေထိုင်မကောင်းချိန်၊ မိခင်နို့တိုက်ချိန် စတဲ့ ပိုမိုလိုအပ်ချိန်တွေမှာ ပရိုတင်းများကို ပိုပြီး ဖြိုခွဲအသုံးချပါတယ်။ ဇီဝဓာတ်ပြုမှုများဖြစ်ပေါ်စေခြင်း ကိုယ်ခန္ဓာထဲမှာ ဇီဝဖြစ်စဉ်တွေကိုဖြစ်ပေါ်စေတဲ့ အင်ဇိုင်းများဟာလည်း […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Nyi Nyi Kyaw

အာဟာရပညာရှင် • Sakura Hospital

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း