ကျန်းမာစွာ စားသောက်ခြင်း

အစားအသောက်က ကျန်းမာစေဖို့ ထိန်းသိမ်းပေးသလို ရောဂါတွေကို ကာကွယ်ရာမှာ အကူအညီပေးခြင်းဖြင့် ကျန်းမာစွာနေထိုင်မှုအပေါ်မှာ အများကြီး သက်ရောက်နေပါတယ်။ ကံမကောင်းတာတစ်ခုက ကျန်းမာစွာ စားသောက်ခြင်းနဲ့ပတ်သက်ပြီး ယုံတမ်းစကားတွေ များစွာရှိနေတာပါ။ ဒါကြောင့် ကျန်းမာစွာ စားသောက်ခြင်းနဲ့ ပတ်သက်ပြီး သိထားတဲ့အချက်တွေက မှန်သလား မှားသလားဆိုတာကိုသေချာ သိဖို့ လိုပါမယ်။

ကျန်းမာရေးဗဟုသုတ

ကျန်းမာစွာ စားသောက်ခြင်း

ဓာတ်ဆားရည် အစားထိုး သဘာဝ သောက်စရာများ

ခန္ဓာကိုယ် ကျန်းမာနေစေဖို့အတွက် အာဟာရတွေ ပြည့်ဝမျှတနေဖို့ လိုပါတယ်။ ဒီလို ပြည့်ဝမျှတနေရမယ့် အရာတွေထဲမှာ ဓာတ်ဆားဓာတ်လို့ ခေါ်တဲ့ Electrolytes တွေကလည်း အရေးပါပါတယ်။ ခန္ဓာကိုယ်မှာ ဓာတ်ဆားဓာတ် မျှတနေမှလည်း နေ့စဉ်ဘဝကို ကျန်းမာပျော်ရွှင်စွာ ဖြတ်သန်းနိုင်မှာပါ။ အားကစား လုပ်လို့ ချွေးအရမ်းထွက်ချိန်မှာ ဖြစ်ဖြစ်၊ အပူဒဏ်ကြောင့် ချွေးထွက်များတာ၊ အခြား အခြေအနေ တစ်ရပ်ရပ်ကြောင့် ခန္ဓာကိုယ်မှာ ဓာတ်ဆားဓာတ် နဲ့ ရေဓာတ် ဆုံးရှုံးသွားတဲ့အခါ ပြန်လည်ဖြည့်တင်းဖို့ ဓာတ်ဆားရည်၊ Sport drinks တွေကို သောက်ဖို့ အကြံပြုတတ်ကြပါတယ်။ ဒါပေမယ့် ဓာတ်ဆားရည်ကို မနှစ်သက်ဘူး။ ဓာတ်ဆားရည်အစား အခြား ဓာတ်ဆားဖြည့်ပေးမယ့် သောက်စရာလေးတွေများ မရှိဘူးလားလို့ တွေးနေပြီလား။ ဒါဆိုရင်တော့ ဒီဆောင်းပါးလေးက သင့်အတွက်ပါ။ ဒီဆောင်းပါးလေးထဲမှာ ဓာတ်ဆားရည် အစားထိုး သဘာဝ သောက်စရာများ […]

ကျန်းမာစွာ စားသောက်ခြင်း ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကျန်းမာစွာ စားသောက်ခြင်း ကို ရှာဖွေမည်။

ကျန်းမာစွာချက်ပြုတ်ခြင်း

စရိတ်သက်သာ အာဟာရပြည့်ပြည့် စားနိုင်ဖို့ ရိက္ခာ စုနည်း

သဘာဝဘေးအန္တရာယ်တွေ ဖြစ်တဲ့ မီးဘေး၊ ရေဘေး၊ မုန်တိုင်း၊ ငလျင်တွေ ဖြစ်အပြီးမှာ ဒါမှမဟုတ် ဖြစ်မယ် သတိထားကြပါလို့ ကြေညာအပြီးမှာ ရိက္ခာ ဝယ်ယူစုဆောင်းကြတာ သဘာဝပါ။ အပြင်ထွက်လို့ အဆင်မပြေဘူး။ လမ်းပန်းဆက်သွယ်ရေးတွေ ပြတ်တောက်သွားနိုင်တဲ့အတွက် စုလည်း စုထားသင့်ပါတယ်။ တတ်နိုင်တဲ့သူက ခြင်းကြီးခြင်းငယ် အသွယ်သွယ်နဲ့ ဝယ်ကြပေမယ့် မတတ်နိုင်တဲ့သူကျ အတော်ဒုက္ခရောက်ပါတယ်။ ဝယ်လိုအား များလာလို့ စျေးပါတက်လာရင် ပိုဆိုးပါတယ်။ ဒီလိုဆိုပြီး ဆန်နဲ့ ဆီပဲ ဝယ်ထားပြီး စားနေလို့လည်း မဖြစ်သေးပါဘူး။ ဒီဘေးအန္တရာယ်တွေက ဘယ်တော့မှ ပြီးမလဲဆိုတာ မသိတဲ့အတွက် ကြာလာရင် အာဟာရချို့တဲ့လာနိုင်ပါတယ်။ ဒါကြောင့် အာဟာရလည်းပြည့် စရိတ်လည်း သက်သာတဲ့ ရိက္ခာဝယ်ယူစုဆောင်းနည်းကို ပြောပြပါ့မယ်။ စရိတ်သက်သာ ရိက္ခာ စုနည်း စျေးစာရင်းလုပ်ပါ။ သဘာဝဘေးအန္တရာယ်အကြောင်း ပြင်ဆင်ဖို့ ပြောတဲ့အခါ လန့်မသွားပါနဲ့။ အိမ်မှာ တကယ်လိုအပ်မယ့် […]


အာဟာရဆိုင်ရာ အချက်အလက်များ

အနီရောင်အသား တွေကို ကျန်းမာရေးအတွက် စားဖို့ သင့်မသင့်

အနီရောင်အသား ဆိုတာ ဝက်သား၊ အမဲသား၊ ဆိတ်သား စတာတွေကို ခေါ်တာပါ။ ဒီအသားတွေက ကြည့်လိုက်ရင် ရဲနေတော့ လွယ်လွယ်ကူကူ အနီရောင် အသားလို့ ခေါ်တာပါ။ ဒီလို နီနေရတာက Myoglobinလို့ ခေါ်တဲ့ သံဓာတ်ပါတဲ့ ပရိုတင်းတစ်မျိုး ပါလို့ပါ။ ကျန်းမာရေး ပညာရှင်တွေက အနီရောင် အသားတွေကို လျှော့စားဖို့ အကြံပေးလေ့ရှိပါတယ်။ ဒါဟာ ဘာကြောင့်များပါလဲ။ အနီရောင်အသား က ကျန်းမာရေးအတွက် မကောင်းဘူးလား။ လေ့လာချက်တွေအရတော့ အနီရောင်အသား စားသုံးမှုနဲ့ နှလုံးရောဂါ၊ အူမကြီးကင်ဆာ၊ အမျိုးအစား ၂ဆီးချိုရောဂါ ဖြစ်နိုင်ခြေမြင့်တက်မှုက ဆက်စပ်နေတယ်လို့ ဆိုပါတယ်။ အထူးသဖြင့် စျေးထဲမှာ ရောင်းတဲ့ လတ်လတ်ဆတ်ဆတ် အနီရောင် အသားတွေထက် တာရှည်ခံအောင် ပြုပြင်ထားတဲ့ အနီရောင် အသားတွေက ပိုပြီး ဖြစ်နိုင်ခြေကို များစေပါတယ်။ နှလုံးရောဂါ တချို့ […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

Copper က ကျန်းမာရေးကို ဘယ်လို အားဖြည့်ပါသလဲ.........

Copper ဆိုတာက ရှင်သန်ရေးအတွက် အရေးပါတဲ့ သတ္တုဓာတ် တစ်မျိုးပါ။ ဒီဓာတ်ကို ခန္ဓာကိုယ်ရဲ့ တစ်ရှူးတွေတိုင်းမှာတွေ့ရပါတယ်။ သွေးနီဥဆဲလ်တွေ ဖြစ်ပေါ်စေဖို့ အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေသလို အာရုံကြောဆဲလ်တွေ ကျန်းမာစေဖို့ရော ကိုယ်ခံအားစနစ်ကိုပါ အကောင်းဆုံး ထောက်ကူပေးနေပါတယ်။ ဒါတင်မကသေးပါဘူး။ ခန္ဓာကိုယ်အတွက် ကော်လာဂျင် ဖြစ်ပေါ်စေဖို့ ထောက်ကူပေးသလို သံဓာတ်စုပ်ယူနိုင်စေဖို့လည်း ထောက်ကူပေးပါတယ်။ အင်အားပြည့်ဝစေဖို့လည်း ထောက်ပံ့ပေးပါတယ်။ ဒီဓာတ်ကို များသောအားဖြင့် အသည်း၊ ဦးနှောက်၊ ကျောက်ကပ် နဲ့ ကြွက်သားတွေမှာ တွေ့ရနိုင်ပါတယ်။ Copper က ကျန်းမာရေးကို ဘယ်လို အားဖြည့်ပါသလဲ......... Copperက ခန္ဓာကိုယ် ကျန်းမာစေဖို့ ထောက်ပံ့ပေးသလို ကျန်းမာနေစေဖို့လည်း ထောက်ကူပေးပါတယ်။ အရောင်ကျစေနိုင်တယ် copperက ကိုယ်တွင်းက ရောင်ရမ်းမှုတွေကို သက်သာစေနိုင်သလို အဆစ်ရောင်တာကိုလည်း သက်သာစေနိုင်ပါတယ်။ ဒါပေမယ့် လုံလောက်တဲ့ ပမာဏ ရရှိဖို့တော့ လိုပါမယ်။ copper […]


အာဟာရဆိုင်ရာ အချက်အလက်များ

ကြက်ဥ အမျိုးအစားနဲ့ အာဟာရဓာတ်များ

ကြက်မက ဥတာခြင်း အတူတူ ကြက်ဥ တွေမှာ အရောင်တွေ ကွဲနေတာကို သတိထားမိမှာပါ။ တချို့မှာ အခွံက အညိုရင့်ရင့်၊ အညိုဖျော့၊ အဖြူ၊ တောကြက်ဥ၊ စက်ဥ စသဖြင့် အမျိုးမျိုး ရှိပါတယ်။ ဒါလိုတွေ ကွာနေတဲ့အခါကျတော့ ကြက်ဥမှာ ပါတဲ့ အာဟာရတွေကရော ကွာနေလားဆိုပြီး မေးစရာ ရှိပါတယ်။ ကြက်ဥ အမျိုးအစားများ ဥအညို ဥခွံညိညိုကြီးတွေ ရှိတဲ့ ကြက်ဥတွေကို မြင်ဖူးကြမှာပါ။ ဒါက တခြားကြက်ဥတွေလိုပါပဲ။ အရသာ၊ အာဟာရ၊ ဥခွံအထူ၊ ချက်ပြုတ်တဲ့ပုံစံ အကုန်တူတူပါပဲ။ ဒီလို အခွံအရောင်တွေ မတူရတာက ကြက်မကြောင့်ပါတဲ့။ ဒါကြောင့် တချို့က အညိုဖျော့၊ တချို့က အညိုရင့် ဖြစ်နေတာပါ။ အိုမီဂါ သရီး ကြွယ်ဝတဲ့ ကြက်ဥ ဒီလို ကြက်ဥတွေ ရဖို့ဆို ကြက်မတွေကို […]


အာဟာရဆိုင်ရာ အချက်အလက်များ

ဂျူးဖူးလေး ကပေးတဲ့ ကျန်းမာရေး

အပင်လေးက ကြည့်ရတာ လှသလို အသည်းအမြစ်လေးနဲ့ ကြော်စားစား၊ ဝက်အသည်းနဲ့ ကြော်စားစား၊ ပုစွန်၊ ကင်းမွန်စတာတွေနဲ့ တွဲကြော်ကြော် စားလို့ ကောင်းတဲ့ ဂျူးဖူးလေး ကို ကြိုက်ကြလား....... ဒါဆိုရင်တော့ ဒီဆောင်းပါးလေးက သင့်အတွက်ပါ။ အကြောင်းကတော့ ဆောင်းပါးလေးထဲမှာ ဂျုးဖူးလေး စားရင်း ရမယ့် ကျန်းမာရေး အကျိုးကျေးဇူးလေးတွေကို ပြထားလို့ပါပဲ။ ဂျူးဖူး ဆိုတာ ဂျူးဖူးက ကြက်သွန် မျိုးရင်း တစ်မျိုးပါ။ ထိပ်ဖျားမှာ အဖူးလေးတွေ၊ အပွင့်လေးတွေ ပါဝင်နေပြီး အရိုးတံ စိမ်းစိမ်း ရှည်ရှည်လေးပါ။ အရင်းနားလေးမှာတော့ ဖြူပါတယ်။ လှီးဖြတ်တဲ့အခါ မွှန်တယ်လို့ ခံစားရနိုင်ပါတယ်။ အရသာကတော့ အတော်လေး ချိုပါတယ်။ ကြော်စားလို့ ရသလို ချဉ်ရည် ချက်စားလို့လည်းရပြီး စွပ်ပြုတ်တွေ ဖက်ထုပ်တွေထဲမှာလည်း ထည့်စား ကြလေ့ရှိပါတယ်။ တရုတ်ရိုးရာ ဟင်းတွေမှာ အများအပြား တွေ့ရနိုင်ပါတယ်။ ဂျူးဖူး […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

သွေးမပျစ်စေဖို့ ဘာတွေ စားရမလဲ.........

သွေးတွေ လည်ပတ်စီးဆင်းနေဖို့က ခန္ဓာကိုယ်အတွက် အရေးပါတဲ့ လုပ်ဆောင်မှုတွေထဲက တစ်ခုပါ။ သွေးက ပုံမှန်အတိုင်း လည်ပတ်စီးဆင်းတာမျိုး မရှိဘဲ သွေးပျစ်မယ် ဆိုရင် လေဖြန်းတာ၊ လေဖြတ်တာနဲ့ ရုတ်တရက် နှလုံးရပ်တာမျိုးတွေ ခံစားရနိုင်ပါတယ်။ ဒါကြောင့် သွေးမပျစ်စေဖို့ အတွက် သေချာလေး ဂရုစိုက်ဖို့ လိုပါမယ်။ သွေးလည်ပတ်မှု ကောင်းတာက နှလုံး ကျန်းမာစေဖို့ ကာကွယ်ရာ ရောက်ပါတယ်။ သွေးက တအားကျဲနေရင်လည်း သွေးမတိတ်တာ သွေးထွက်လွန်တာမျိုး ဖြစ်နိုင်ပေမယ့် သွေးခဲသွေးပျစ်တာကလည်း ခန္ဓာကိုယ်ရဲ့ လုပ်ငန်းဆောင်တာတွေကို ထိခိုက်စေနိုင်ပါတယ်။ ဒီတော့ ပြင်းထန်တဲ့ ကျန်းမာရေး ပြဿနာတွေ မဖြစ်စေဖို့အတွက် သွေးမပျစ်အောင် ဘယ်လို စားသုံးရမလဲဆိုတာကို ပြောပြပေးသွားပါမယ်။ သွေးမပျစ်စေဖို့ ဘာတွေ စားရမလဲ......... သွေးပျစ်တာကြောင့် ပြင်းထန်တဲ့ ကျန်းမာရေး ပြဿနာတွေ မဖြစ်စေဖို့ဆိုရင် ဒါလေးတွေ စားသုံးပေးဖို့ လိုပါမယ်။ ချင်း […]


အာဟာရဆိုင်ရာ အချက်အလက်များ

ရေညှိညို စားရင်းရမယ့် ကျန်းမာရေး

ရေညှိ ဟင်းချို ချက်သောက်လို့ရသလို ခေါက်ဆွဲပြုတ်ထဲ ထည့်စားကြတဲ့ ရေညှိညို က ပင်လယ်ရေညှိ အမျိုးအစား တစ်မျိုးပါပဲ။ ပင်လယ်ငါးတွေရဲ့ အဓိက စားစရာတစ်မျိုးပေါ့။ အာဟာရဓာတ်တွေ ကြွယ်ဝသလို ကျန်းမာရေးအတွက်လည်း တော်တော်လေး အထောက်အကူပြုပေးနိုင်ပါတယ်။ ရေညှိညိုက ကျန်းမာရေးအတွက် ဘယ်လို ထောက်ကူပေးလဲဆိုတာ ကြည့်လိုက်ရအောင်နော်။ ရေညှိညို ကပေးတဲ့ အာဟာရ ရေညှိညိုက စားလိုက်ရင် အိအိလေးနဲ့ စားကောင်းသလို အခုလို အာဟာရဓာတ်တွေလည်း ပါဝင်နေပါတယ်။ ဗီတာမင် K ဗီတာမင် A ဗီတာမင် B12 ကယ်လ်ဆီယမ် သံဓာတ် မဂ္ဂနီဆီယမ် တို့ပါဝင်ပါတယ်။ ရေညှိညိုက သွေးမခဲအောင် ကာကွယ်ပေးသလို အရိုးတွေ သန်မာစေဖို့ အားဖြည့်ပေးပါတယ်။ အမြင်အာရုံကို အားဖြည့်ပေးသလို ကိုယ်ခံအား ကောင်းစေဖို့လည်း ထောက်ကူပေး ပါသေးတယ်။ တစ်ချိန်တည်းမှာ နှလုံး၊ အဆုတ်၊ […]


အာဟာရဆိုင်ရာ အချက်အလက်များ

တောင်ကြီးပဲလှော် စားရင်း ရမယ့် ကျန်းမာရေး ကောင်းကျိုးများ

တောင်ကြီးပဲလို့ ခေါ်ကြတဲ့ ပဲအဝိုင်းကြီးကြီးက စားလို့ကောင်းသလို အာဟာရလည်း ကြွယ်ဝပါတယ်။ တောင်ကြီးပဲလှော် ကြွပ်ကြွပ်လေးကို ကြက်သွန်ဖြူနဲ့ တွဲစားတာက တော်တော်လေး စားကောင်းတာပါ။ ဒီလို စားလို့ကောင်းတဲ့ တောင်ကြီးပဲလှော်မှာ ကိုယ်ဝန်ဆောင်မေမေတွေကို ကျန်းမာစေနိုင်တဲ့ ဖောလိတ် ကြွယ်ဝစွာ ပါဝင်နေပါတယ်။ တောင်ကြီးပဲလှော်မှာပါတဲ့ L-dopaက စိတ်ဓာတ် မကျအောင် ကာကွယ်ပေးသလို ပါကင်ဆန် နဲ့ အခြား စိတ်ကျန်းမာရေး ပြဿနာတွေ မဖြစ်စေဖို့ ကာကွယ်ပေးနိုင်ပါတယ်။ တောင်ကြီးပဲလှော်မှာပါတဲ့ အမျှင်ဓာတ်က အစာခြေစနစ်ကို ကျန်းမာစေနိုင်သလို ဇီဝကမ္မဖြစ်စဉ်ကို ကောင်းမွန်စေပြီး ဝိတ်ကျစေဖို့ ထောက်ကူပေးပါတယ်။ တောင်ကြီးပဲလှော်က ဘယ်လို ကျန်းမာရေး အကျိုးကျေးဇူးတွေ ပေးလဲဆိုတာကို ဖတ်ကြည့်လိုက်ရအောင်နော်။ တောင်ကြီးပဲလှော် မှာပါတဲ့ အာဟာရ အစ္စရေး မျိုးရင်ပင် တစ်မျိုးဖြစ်တဲ့ တောင်ကြီးပဲလှော်က ချိုချိုဆိမ့်ဆိမ့်လေးပါ။ အာဟာရ ပြည့်ဝသလို စားရတာလည်း အတော်လေး အရသာရှိပါတယ်။ […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

G6PD ရှိရင် ဘာတွေရှောင်ရမလဲ........

G6PD အင်ဇိုင်း ချို့တဲ့တဲ့ ပြဿနာက မျိုးဗီဇဆိုင်ရာ ရောဂါတစ်မျိုးပါ။ အာရှ၊ အာဖရိက နဲ့ မြေထဲပင်လယ်ဒေသတွေက အမျိုးသားတွေမှာ အဖြစ်များပါတယ်။ အကြောင်းကတော့ ခန္ဓာကိုယ်က  သွေးနီဥဆဲလ်တွေကို ကျန်းမာစေဖို့ ထောက်ပံ့ပေးတဲ့ glucose-6-phosphate dehydrogenase (G6PD)အင်ဇိုင်းကို လုံလောက်အောင် မထုတ်လုပ်နိုင်တာပါ။ G6PDအင်ဇိုင်း ချို့တဲ့တဲ့ ပြဿနာကို ခံစားနေရသူ အများစုက ကျန်းမာကြပါတယ်။ တစ်ခါတရံမှ ဖျားနာတာ၊ ဆေးဝါးအချို့နဲ့ အစားအသောက်အချို့ကြောင့် သွေးနီဥဆဲလ်တွေ ပြိုကွဲပြီး သွေးအားနည်းတာကို ခံစားရတာပါ။ ဒီအခြေအနေကို သွေးနီဥဆဲလ်များ အလျင်အမြန် ပြိုကွဲခြင်းကြောင့် ဖြစ်တဲ့ သွေးအားနည်းရောဂါ တစ်မျိုး haemolytic anaemia လို့ ခေါ်ပါတယ်။ ဒီတစ်ခေါက်တော့ G6PDခံစားနေရသူတွေအနေနဲ့ ဘယ်လိုအစားအစာတွေကို မစားသင့်ဘူးလဲ၊ ဘာတွေနဲ့ ခပ်ဝေးဝေးနေဖို့ လိုမလဲဆိုတာကို ပြောပြပေးလိုပါတယ်။ G6PD ရှိရင် ဘာတွေရှောင်ရမလဲ........ G6PDအင်ဇိုင်း ချို့တဲ့တဲ့ […]


ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Nyi Nyi Kyaw

အာဟာရပညာရှင် • Sakura Hospital

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း