ကျန်းမာစွာ စားသောက်ခြင်း

အစားအသောက်က ကျန်းမာစေဖို့ ထိန်းသိမ်းပေးသလို ရောဂါတွေကို ကာကွယ်ရာမှာ အကူအညီပေးခြင်းဖြင့် ကျန်းမာစွာနေထိုင်မှုအပေါ်မှာ အများကြီး သက်ရောက်နေပါတယ်။ ကံမကောင်းတာတစ်ခုက ကျန်းမာစွာ စားသောက်ခြင်းနဲ့ပတ်သက်ပြီး ယုံတမ်းစကားတွေ များစွာရှိနေတာပါ။ ဒါကြောင့် ကျန်းမာစွာ စားသောက်ခြင်းနဲ့ ပတ်သက်ပြီး သိထားတဲ့အချက်တွေက မှန်သလား မှားသလားဆိုတာကိုသေချာ သိဖို့ လိုပါမယ်။

ကျန်းမာရေးဗဟုသုတ

ကျန်းမာစွာ စားသောက်ခြင်း

ဓာတ်ဆားရည် အစားထိုး သဘာဝ သောက်စရာများ

ခန္ဓာကိုယ် ကျန်းမာနေစေဖို့အတွက် အာဟာရတွေ ပြည့်ဝမျှတနေဖို့ လိုပါတယ်။ ဒီလို ပြည့်ဝမျှတနေရမယ့် အရာတွေထဲမှာ ဓာတ်ဆားဓာတ်လို့ ခေါ်တဲ့ Electrolytes တွေကလည်း အရေးပါပါတယ်။ ခန္ဓာကိုယ်မှာ ဓာတ်ဆားဓာတ် မျှတနေမှလည်း နေ့စဉ်ဘဝကို ကျန်းမာပျော်ရွှင်စွာ ဖြတ်သန်းနိုင်မှာပါ။ အားကစား လုပ်လို့ ချွေးအရမ်းထွက်ချိန်မှာ ဖြစ်ဖြစ်၊ အပူဒဏ်ကြောင့် ချွေးထွက်များတာ၊ အခြား အခြေအနေ တစ်ရပ်ရပ်ကြောင့် ခန္ဓာကိုယ်မှာ ဓာတ်ဆားဓာတ် နဲ့ ရေဓာတ် ဆုံးရှုံးသွားတဲ့အခါ ပြန်လည်ဖြည့်တင်းဖို့ ဓာတ်ဆားရည်၊ Sport drinks တွေကို သောက်ဖို့ အကြံပြုတတ်ကြပါတယ်။ ဒါပေမယ့် ဓာတ်ဆားရည်ကို မနှစ်သက်ဘူး။ ဓာတ်ဆားရည်အစား အခြား ဓာတ်ဆားဖြည့်ပေးမယ့် သောက်စရာလေးတွေများ မရှိဘူးလားလို့ တွေးနေပြီလား။ ဒါဆိုရင်တော့ ဒီဆောင်းပါးလေးက သင့်အတွက်ပါ။ ဒီဆောင်းပါးလေးထဲမှာ ဓာတ်ဆားရည် အစားထိုး သဘာဝ သောက်စရာများ […]

ကျန်းမာစွာ စားသောက်ခြင်း ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကျန်းမာစွာ စားသောက်ခြင်း ကို ရှာဖွေမည်။

အာဟာရဆိုင်ရာ အချက်အလက်များ

စောင်းလျားသီး (Star Fruit) က ကျန်းမာရေးအတွက် ကောင်းသလား.......

အာရှ မျိုးရင်း အပင် တစ်မျိုးဖြစ်တဲ့ စောင်းလျားသီး ဟာ အရွယ်အားဖြင့် ၅ စင်တီမီတာကနေ ၁၈ စင်တီမီတာထိ ရှိပါတယ်။ စောင်းလျားသီးကို အကွင်းလိုက်လေးတွေ လှီးလိုက်မယ်ဆိုရင် အချွန်း (၅) ခုပါတဲ့ ကြယ်လေးလို ဖြစ်သွားပါတယ်။ စောင်းလျားသီးက မမှည့်သေးခင်မှာ အစိမ်းရောင်ရှိပြီး ခပ်တင်းတင်းနဲ့ ချဉ်ဖန်ဖန် အရသာရှိပါတယ်။ မှည့်သွားပြီဆိုရင်တော့ အဝါရောင်သန်းပြီး အရည်ရွှမ်းလာပါတယ်။ စောင်းလျားသီးရဲ့ အရသာက ချဉ်တာရှိသလို ချိုတာလည်း ရှိပါတယ်။ ဒါဆို စားကောင်းတဲ့ စောင်းလျားသီးက ကျန်းမာရေးအတွက် ဘယ်လိုတွေ အထောက်အကူပြုလဲဆိုတာကို ဆောင်းပါးလေးထဲ အတူတူ ဖတ်ကြည့်လိုက်ရအောင်နော်။ စောင်းလျားသီး (Star Fruit) က ကျန်းမာရေးအတွက် ကောင်းသလား....... စောင်းလျားသီးက ကျန်းမာရေးအတွက် ကောင်းသလားဆိုတော့ ကောင်းပါတယ်။ ဘာကြောင့် ဒီလိုပြောရတာလဲဆိုတော့ စောင်းလျားသီးက ဗီတာမင် C ကြွယ်ဝတယ် စောင်းလျားသီးမှာ ကိုယ်ခံအားကို […]


အာဟာရဆိုင်ရာ အချက်အလက်များ

ပီလောပီနံ ကပေးတဲ့ ကျန်းမာရေး အကျိုးကျေးဇူး

ပီလောပီနံ က ပေါင်းစားလို့ကောင်းသလို ပြုတ်စားလည်း အရသာရှိပါတယ်။ ပီလောပီနံပြန်ပေါင်းဆိုရင်လည်း ဆိမ့်ဆိမ့် စေးစေးလေးနဲ့ စားလို့ ကောင်းပါတယ်။ ဒီလို စားကောင်းတဲ့ ပီလောပီနံက ဘယ်လို ကျန်းမာရေး အာနိသင်တွေ ရှိလဲဆိုတာကို ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်စေချင်ပါတယ်။ ပီလောပီနံ ဆိုတာ ပီလောပီနံ ဆိုတာ ကန်စွန်းဥ၊ အာလူးတို့လိုပါပဲ။  အညိုရောင် ရင့်ရင့် အခွံရှိပြီး အဖြူရောင် အတွင်းသားက ခပ်စေးစေးနဲ့ စားလိုက်ရင် ဆိမ့်ပါတယ်။ တောင်အမေရိက နဲ့ အရှေ့မြောက်ဘရာဇီး မျိုးရင်းပင်တစ်မျိုးပါ။ အာရှဒေသ အများစုမှာလည်း ပေါက်ရောက်ပါတယ်။ ပီလောပီနံမှာ ဘာတွေပါ ပီလောပီနံမှာ ပြည့်ဝဆီ ပါဝင်မှု နည်းသလို ကိုလက်စထရော နဲ့ ဆိုဒီယမ် ပါဝင်မှုလည်း နည်းပါတယ်။ အမျှင်ဓာတ် နဲ့ ကာဗိုဟိုက်ဒရိတ် ကြွယ်ဝစွာ ပါဝင်နေသလို အကျိုးပြု ကိုလက်စထရောနဲ့ ပရိုတင်းတို့လည်း […]


အာဟာရဆိုင်ရာ အချက်အလက်များ

ဘီးစပ်ရွက် က အခုလို ဆေးဖက်ဝင်ပါတယ်။

ဘီးစပ်ပင် ဆိုတဲ့ အပင်နာမည်ကို မရင်းနှီးတဲ့သူတွေ ရှိနိုင်ပေမယ့် အတော်များများကတော့ ရင်းနှီးနေပြီးသားတောင် ဖြစ်နိုင်ပါတယ်။ အရင်က မရင်းနှီးခဲ့ရင်တောင် အခုတလောတော့ ဘီးစပ်ရွက် က ကိုဗစ်ကို သက်သာစေတယ်ဆိုပြီး နာမည်ကြီးလာတာကြောင့် ကြားဖူးနားဝတော့ ရှိနေနိုင်ပါတယ်။ ဘီးစပ်ရွက်က ဆေးဖက်ဝင်တယ် ဆိုပေမယ့် ကိုဗစ်ကိုတော့ မသက်သာစေနိုင်သလို ကာလည်း မကာကွယ်နိုင်ပါဘူး။ ဘီးစပ်ရွက်က ဘယ်လို ဆေးဖက်ဝင်လဲဆိုတာကို ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်စေချင်ပါတယ်။ ဘီးစပ်ရွက် ဆိုတာ ဘီးစပ်ရွက်ဆိုတာက အပင်ငယ် တစ်မျိုးပါ။ မြင်နေကျ အခြားအပင်တွေနဲ့ မတူပါဘူး။ အရွက်လေးက ဘဲဥပုံလေး ရှိပြီး အရွက်လေးတွေမှာ မွှေးညှင်းပါးပါးလေးတွေ ပါပါတယ်။ အနားဘေးဘက်လေးတွေမှာ အချွန်းလေးတွေပါနေတတ်ပါတယ်။ နှစ်စဉ် နွေရာသီမှာ အပွင့်လေးတွေ ပွင့်တတ်ပါတယ်။ ပင်လယ်ရေ မျက်နှာပြင် အထက် ၁၀၀၀ ကနေ ၂၈၀၀ လောက်မှာ ပေါက်ရောက်တတ်ပါတယ်။ နေရောင် […]


အာဟာရဆိုင်ရာ အချက်အလက်များ

သာကူ စားတာ ကျန်းမာစေသလား.........

ထန်းလျက် အညိုလေး၊ ကန်စွန်းဥတို့နဲ့ ကျိုထားတဲ့ သာကူလေးကို အုန်းနို့လေး ဆမ်းပြီး စားလိုက်ရတဲ့ ခပ်ဆိမ့်ဆိမ့် အရသာလေးက ထိထိမိမိ ရှိလှပါတယ်။ ဒါတင်လားဆိုတော့ မဟုတ်သေးပါဘူး။ နွားနို့၊ နို့စိမ်း၊ ပြောင်းဖူးစေ့ ဝါဝါလေးထည့်ပြီး ချိုဆိမ့်လေး ကျိုထားတဲ့ သာကူ ကလည်း အရသာ တစ်မျိုးနဲ့ စားကောင်းပါတယ်။ နောက်ထပ် စားနည်း တစ်မျိုးကတော့ သာကူပြင်ပါ။ အုန်းနို့ပြင် တစ်ထပ်၊ သာကူပြင် တစ်ထပ်နဲ့ ဆိမ့်ဆိမ့်မွှေးမွှေး သာကူပြင်ကို အုန်းဆီချက်လေးနဲ့ တွဲဖက်ပြီး ကော်ဖီပူလေး တစ်ခွက်နဲ့ စားရတဲ့ အရသာကလည်း ဘာနဲ့မှ မလဲနိုင်အောင် ကောင်းလှပါတယ်။ ဒါဆို သာကူက စားကောင်းရုံပဲလားဆိုတော့ မဟုတ်ပါဘူးနော်။ သာကူက အခုလိုလည်း ကျန်းမာရေး အကျိုးကျေးဇူးတွေ ပေးပါတယ်။ သာကူ စားတာ ကျန်းမာစေသလား......... ဒီမေးခွန်းကို ဖြေပေးရမယ်ဆိုရင် […]


အာဟာရဆိုင်ရာ အချက်အလက်များ

ဇင့်ဓာတ် ပြည့်ဝစေဖို့ ဘာတွေစားကြမလဲ............

ဇင့်ဓာတ် ဆိုတာ ကျန်းမာစေဖို့ မရှိမဖြစ် လိုအပ်တဲ့ သတ္တုဓာတ်ပါ။ ဇင့်က ခန္ဓာကိုယ်အတွက် အရေးပါတဲ့ လုပ်ငန်းစဉ်တွေအတွက် အဓိက ဇာတ်လိုက် တစ်ဦးပေါ့။ အာဟာရဓာတ်တွေကို စုပ်ယူနိုင်စေဖို့ စွမ်းဆောင်ပေးသလို ကိုယ်ခံအားစနစ် ကောင်းမွန်စေပြီး ခန္ဓာကိုယ်က တစ်သျှူးတွေ ဖြစ်ပေါ်စေဖို့နဲ့ ကြီးထွားစေဖို့ ထောက်ပံ့ပေးပါတယ်။ ခန္ဓာကိုယ်က ဇင့်ဓာတ်ကို မထိန်းသိမ်းနိုင်ပါဘူး။ ဒါကြောင့် ခန္ဓာကိုယ် ကျန်းမာဖို့အတွက် လိုအပ်တဲ့ ဇင့်ဓာတ်ပြည့်ဝစေဖို့ဆိုရင် နေ့စဉ် စားသုံးမှုမှာ တစ်နေ့တာ ဇင့် လိုအပ်ချက် ပြည့်ဝအောင် ပါဝင်နေဖို့ လိုအပ်ပါတယ်။ တစ်နေ့တာ ဇင့်ဓာတ် လိုအပ်ချက် ပမာဏ အသက်အရွယ်၊ အမျိုးသား၊ အမျိုးသမီး ကွဲပြားမှုကို လိုက်ပြီး တစ်နေ့တာ ဇင့်လိုအပ်ချက်က ကွာခြားနိုင်ပါတယ်။ အမျိုးသား တစ်ဦး အနေနဲ့ တစ်နေ့တာမှာ ဇင့် ၁၁ မီလီဂရမ်၊ […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

အရက်ကို တစ်စက်မှ သောက်လို့မဖြစ်တဲ့ အခိုက်အတန့်များ

အရက်ကို သောက်တာ မကောင်းဘူး ကျန်းမာရေးထိခိုက်တယ်လို့ ဘယ်လောက်ပြောပြော ကြိုက်နှစ်သက်သူပမာဏကတော့ လျော့ကျမသွားပါဘူး။ သောက်သုံးနေကြဆဲပါ။ အကြောင်းပြချက်အမျိုးမျိုးကြောင့် အရက်သောက်သုံးနေကြပေမယ့် တစ်ချို့သော အခိုက်အတန့်တွေမှာတော့ အရက်ကို လုံးဝရှောင်ကျဉ် ဖို့ လိုအပ်တာကို သိထားသင့်ပါတယ်။ ဒီကနေ့ခေတ်မှာ အရက်သေစာ မှီဝဲတာဟာ တားမြစ်ရခက်ခဲတဲ့ ကိစ္စရပ်တစ်ခုပါ။ ပျော်လို့၊ စိတ်ညစ်လို့၊ လူမှုရေးကြောင့်၊ အလုပ်ကိစ္စကြောင့် စသဖြင့် အမျိုးမျိုးသော အကြောင်းပြချက်တွေနဲ့ လူတွေက အရက်သောက်သုံးနေကြတာပါ။ အရက်သောက်သုံးမှုကြောင့် တစ်နှစ်ကိုလူ ၃ သန်းလောက် သေဆုံးနေပေမယ့် အရက်သေစာမှီဝဲမှုကတော့ လျော့ကျမသွားပါဘူး။ ဒီလိုအခြေအနေမျိုးမှာ အရက်သေစာသောက်သုံးမှုကြောင့် ထိခိုက်လာနိုင်တဲ့ အခြေအနေကို လျှော့ချဖို့အတွက် တချို့သောအခိုက်အတန့်တွေမှာ အရက်သောက်သုံးမှုကို ရှောင်ကျဉ်ဖို့ လိုအပ်တယ်လို့ ပညာရှင်တွေက သတိပေးလာကြပါတယ်။ ဘယ်လို အခြေအနေတွေမှာ အရက် သောက်သုံးမှုကို ရှောင်ကျဉ်ရမလဲ။   အောက်ပါ အခြေအနေတွေမှာ အရက်ကို လုံးဝရှောင်ကျဉ် ပါ […]


အာဟာရဆိုင်ရာ အချက်အလက်များ

မုယော ရဲ့ကျန်းမာရေး အာနိသင်

မုယော (malt) လို့ ပြောလိုက်ရင် အရင်ဆုံး ပြေးမြင်တာ ဘာလဲ....... malted milk လား....... မုယော အားဖြည့်အချိုရည်တွေလား...... ဘီယာလား.... liquor လား........ ဒါတွေကို မုယောကနေ ထုတ်လုပ်တာပါ။ ဒါတွေ အပြင် မုယောကို သုံးထားတဲ့ ကွတ်ကီးတွေတောင် ရှိပါတယ်။ ဒီပစ္စည်းတွေက ထုတ်လုပ်ပုံတွေ ကွာခြားသွားပေမယ့် မုယောကိုပဲ အသုံးပြုထားတာပါ။ ဒီတစ်ခေါက်တော့ ဒီလောက် အမျိုးအမည် များစွာ ထုတ်လုပ်ရာမှာ အသုံးပြုတဲ့ မုယော က ကျန်းမာရေးကို ဘယ်လို ထောက်ကူပေးလဲ ဆိုတာ ပြောပြပေးသွားပါမယ်။ မုယော (Malt) ဆိုတာ မုယောဆိုတာ ဆန်၊ ဂျုံတို့လိုမျိုး ကောက်နှံတစ်ခုပါပဲ။ မုယောကို ခူးဆွတ်ပြီးတဲ့အခါ ကောက်နှံတွေကို အရင်ဆုံး ရေစိမ်ရပါတယ်။ အပင်ပေါက်လာစေဖို့ပါ။ ပြီးရင်တော့ လေပူနဲ့ အခြောက်ခံပြီး အပင်မပေါက်အေင်လုပ်ရပါတယ်။ ဒီလုပ်ဆောင်မှုကြောင့် […]


အာဟာရဆိုင်ရာ အချက်အလက်များ

အာပူရွက် ရဲ့ကျန်းမာရေး အာနိသင်

ပူပူစပ်စပ် အရသာကိုမှ ခံတွင်းတွေ့သူတွေ ရှိလား... ဒါဆိုရင်တော့ အခုပြောပြမယ့် အရွက်ကလေးက စာဖတ်သူတို့နဲ့ ရင်းနှီးပြီးသား ဖြစ်မှာပါ။ ဒါကတော့ ပူစပ်စပ် ဟင်းလျာတိုင်းမှာ ထည့်ချက်လေ့ ရှိတဲ့ အာပူရွက် ပါ။ အာပူရွက် ကို ရှေးယခင်ကာလတွေကတည်းက သဘာဝ ဆေးဖက်ဝင် အပင်တစ်မျိုးအဖြစ် အသုံးပြုခဲ့ကြတာပါ။ အာပူရွက်ကို ခန္ဓာကိုယ် နွေးထွေးစေဖို့ အသုံးပြုကြသလို အဆစ်ရောင်တာ၊ ခါးနာတာတွေ သက်သာစေဖို့လည်း အသုံးပြုကြပါတယ်။ အာပူရွက် ဆိုတာ အာပူရွက်ကို Urtica dioica လို့ ခေါ်ပြီး လက်တင်စကားလုံး uro ကနေ ဆင်းသက်လာတာပါ။ ပူနွေးခြင်းလို့ အဓိပ္ပါယ်ရပါတယ်။ အကြောင်းကတော့ အာပူရွက်က ထိရင်၊ စားမိရင် ခေတ္တခဏလောက် ပူနွေးစေတဲ့ ခံစားမှုကို ရရှိလို့ပါပဲ။ အာပူရွက်မှာ အမွေးပါးလေးတွေ ပါပြီး ထိမိရင် ယားယံသလို ခံစားရနိုင်ပါတယ်။ အရေပြားမှာ […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

ကော်လာဂျင်နဲ့ မေးခွန်းများစွာ

ကော်လာဂျင်နဲ့ မေးခွန်းများစွာ ကော်လာဂျင်ဆိုတဲ့ စကားလုံးက ဒီဘက်ခေတ်မှာ ကြားရများတဲ့ စကားလုံး တစ်လုံးဖြစ်လို့ လူတိုင်းနဲ့ သိပ်မစိမ်းတော့ပါဘူး။ ကော်လာဂျင်က ကျန်းမာရေးအတွက် အကျိုးကျေးဇူးတွေ များပေမယ့်  ကော်လာဂျင်ကို အသားအရေအတွက် အဓိက သောက်ကြပါတယ်။ ဒီလို အသားအရေ ကျန်းမာလှပစေဖို့ သောက်တဲ့အခါ ကော်လာဂျင်ကို မနက် သောက်တာ ကောင်းတယ်။ ည အိပ်ရာ မဝင်ခင် သောက်တာ အထိရောက်ဆုံး ဆိုပြီး အမျိုးမျိုး ပြောဆိုကြတာတွေ ရှိပါတယ်။ ဒီ မက်ဆေ့ချ်တွေကြောင့် ကော်လာဂျင်ကို ဘယ်လို သောက်ရမလဲ ဆိုပြီး ခေါင်းခြောက်နေကြပြီလား။ ဒါဆိုရင်တော့ ဒီဆောင်းပါးလေးမှာ  ကော်လာဂျင် သောက်တာနဲ့ ပတ်သက်လို့ သိချင်နေမယ့် အကြောင်းလေးတွေကို ပြောပြပေးသွားပါမယ်။ ကော်လာဂျင် ဆိုတာ ကော်လာဂျင် ဆိုတာက အရွယ်တင်နုပျိုစေပြီး လှပနေစေတဲ့ ပရိုတင်းတစ်မျိုးပေါ့။ အလှအပအတွက် အားဖြည့်ပေးနေတဲ့ ဇာတ်ကောင်လေးဆိုလည်း […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

ကြောက်စိတ်တွေ များနေတယ် ဆိုရင် ဒါတွေ မစားပါနဲ့။

ကြောက်စိတ်တွေ များနေတယ် ဆိုရင် ဒါတွေ မစားပါနဲ့။ စိတ်ထဲမှာ အသံ နည်းနည်းကျယ်လေး ကြားရင်တောင် ထိတ်လန့်တာမျိုး၊ နှလုံး ခုန်တွေ မြန်လာပြီး ရင်တုန်တာမျိုး၊ အာရုံစူးစိုက်ရခက်တာမျိုးတွေ ခံစားနေရပြီလား။ ကိုယ့်အရိပ် ကိုယ်မြင်တာကိုတောင် ထိတ်ခနဲလန့်နေပြီဆိုရင် စိတ်ထဲမှာ ပုံမှန်ထက် ကြောက်စိတ် ပိုများနေဲ့ အခြေအနေပါ။ ဒီအခြေအနေကို သက်သာအောင် အစားအစာတွေနဲ့ ဖြေဖျောက်လို့ ရသလို အချို့သော အစားအစာတွေက ဒီအခြေအနေကို ပိုဆိုးသွားစေနိုင်ပါတယ်။ ဒါကြောင့် ဒီလို စိုးထိတ်မှုတွေ များနေတဲ့အခြေအနေမှာ ကြောက်စိတ်တွေ ပိုဆိုး မသွားစေဖို့ ဘယ်လို အစားအစာတွေကို မစားသင့်ဘူးလဲဆိုတာကို ဆောင်းပါးလေးထဲမှာ ပြောပြပေးသွားပါမယ်။ ကြောက်ရွံ့မှုကို ခံစားနေရတာလား....... တစ်ခါတလေမှာ ငါက မကြောက်တတ်ပါဘူးလို့ တွင်တွင် ရေရွတ်နေပေမယ့် စိတ်ထဲမှာ ကြောက်ရွံ့မှုကို ခံစားနေရနိုင်ပါတယ်။ ဒီလို လက္ခဏာတွေ ခံစားနေရပြီဆိုရင်တော့ ကြောက်စိတ်ဝင်နေတာပါ။ […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Nyi Nyi Kyaw

အာဟာရပညာရှင် • Sakura Hospital

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း