ကင်ဆာရောဂါများ

ကင်ဆာကို သိရှိနိုင်စေမယ့် နည်းလမ်းတွေက အများကြီးပါ။ လူတစ်ယောက်နဲ့ တစ်ယောက်လည်း မတူနိုင်ပါဘူး။ လူတိုင်း အသက်အရွယ်တိုင်းမှာ ဖြစ်နိုင်ပါတယ်။ ဒါကြောင့် လူတိုင်း ကင်ဆာ ဖြစ်စေနိုင်တဲ့ အရာတွေ၊ ကင်ဆာဖြစ်စေတဲ့ အကြောင်းအရင်းတွေ၊ လက္ခဏာတွေ၊ စစ်ဆေး အဖြေရှာနည်းတွေ၊ ကုထုံးတွေ၊ ကာကွယ်နည်းတွေကို သိထားဖို့ လိုပါမယ်။ အဆိုပါ အကြောင်းအရာတွေအားလုံးကို ဒီကဏ္ဍမှာ ဖတ်ရှု့နိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ကင်ဆာရောဂါများ

HPV vaccine ထိုးပြီး ကာကွယ်လို့ရတဲ့ ကင်ဆာတွေ

ကင်ဆာ ဆိုတာကို ကြားလိုက်ရင် အရင်ဆုံး ခေါင်းထဲရောက်လာတဲ့ အတွေးက ငါတော့ သေရတော့မယ် ထင်တယ်ဆိုတာပါ။ အခုနောက်ပိုင်းမှာ ဆေးပညာတွေ တိုးတက်လာတာကြောင့် အချို့သော ကင်ဆာတွေကို ကုသနိုင်တယ်ဆိုပမယ့် ကင်ဆာ အပါအဝင် ဘယ်ရောဂါမှ မဖြစ်တာတော့ အကောင်းဆုံးပါ။ ဒီတစ်ခေါက်တော့ ကင်ဆာကို ကာကွယ်ပေးမယ့် ကာကွယ်ဆေးတစ်မျိုးဖြစ်တဲ့ HPV Vaccine က ကင်ဆာကို ဘယ်လို ကာကွယ်ပေးသလဲဆိုတဲ့အကြောင်း ပြောပြပေးချင်ပါတယ်။ HPV ဆိုတာ Human papillomavirus (HPV) ဆိုတာက လိင်ကနေတဆင့်ကူးစက်တဲ့ရောဂါ (STD) တစ်မျိုးပါ။ HPV ဗိုင်းရပ်စ်ကူးစက်ခံရမယ်ဆိုရင် အမျိုးသမီးတွေမှာ လိင်အင်္ဂါမှာ ကြွက်နို့ပေါက်တာ သားအိမ်ခေါင်းကင်ဆာဖြစ်တာမျိုးတွေခံစားရနိုင်ပါတယ်။ အမျိုးသားတွေမှာတော့ လိင်တံကင်ဆာဖြစ်နိုင်ပါတယ်။ စအိုနဲ့လည်ချောင်းလိုမျိုး ခန္ဓာကိုယ်အစိတ်အပိုင်းတွေမှာလည်း ကင်ဆာရောဂါတွေခံစားရနိုင်ပါတယ်။ Human papillomavirus (HPV) ဗိုင်းရပ်စ်ကူးစက်ခံရမှုက အမျိုးသမီးတွေမှာ အဖြစ်များပါတယ်။ ဒါကြောင့် […]

ကင်ဆာရောဂါများ ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကင်ဆာရောဂါများ ကို ရှာဖွေမည်။

အခြားကင်ဆာများ

အမျိုးသားတိုင်း သိထားသင့်တဲ့ လိင်တံကင်ဆာ

လိင်တံကင်ဆာ (Penile Cancer) ဆိုတာ အမျိုးသားတွေမှာသာ ဖြစ်နိုင်တဲ့ ရှားပါးကင်ဆာရောဂါထဲက တစ်မျိုးပါ။ လိင်တံထဲမှာ ကင်ဆာဆဲလ်တွေ ဝင်ရောက်လာပြီး ကုသမှုမခံယူဘဲ ပစ်ထားတဲ့အခါ အကျိတ်လိုပုံစံမျိုး ကြီးထွားလာပါတယ်။ အစပိုင်းမှာတော့ လိင်တံမှာ ပုံမှန်မဟုတ်တဲ့ ပြောင်းလဲမှုတွေ တွေ့ရမှာဖြစ်ပြီး တဖြည်းဖြည်းနဲ့ တခြားကိုယ်တွင်းကလီစာတွေ၊ ပြန်ရည်ကြောတွေအထိ ပြန့်နှံ့ကာ အသက်သေဆုံးသည်အထိ ဖြစ်စေနိုင်ပါတယ်။ လိင်တံကင်ဆာရှိနေနိုင်လားဆိုတာ ဘယ်လိုသိနိုင်မလဲ။ အစောပိုင်းကာလမှာ ပြတတ်တဲ့လက္ခဏာတွေကတော့ • လိင်တံရောင်ရမ်းခြင်း • အဖုအဖောင်းများ ဖြစ်နေခြင်း • ပိုးဝင်နေသလို ဖြစ်နေတဲ့ အနာကွက်များ • အလွန်အမင်း ယားယံခြင်း • လိင်တံအတွင်းမှ ပူစပ်ပူလောင်ဖြစ်ခြင်း • ပုံမှန်မဟုတ်တဲ့ အရည်များစိမ့်ထွက်လာခြင်း • လိင်တံရဲ့ အရောင်ပုံမှန်မဟုတ်ခြင်း • လိင်တံအရေပြား ထူပြီးမာလာခြင်း • ပေါင်ခြံတစ်ဝိုက်မှာ ရှိတဲ့ ပြန်ရည်ကြောတွေ ရောင်ရမ်းနေခြင်း စတာတွေပဲဖြစ်ပါတယ်။ ဒီလိုလက္ခဏာတွေကို တွေ့ရတာနဲ့ ဆရာဝန်နဲ့ အမြန်ဆုံးပြသကြည့်ဖို့ အရမ်းအရေးကြီးပါတယ်။ လိင်တံကင်ဆာဆိုရင်လည်း စောစောကုသလို့ရသလို […]


အခြားကင်ဆာများ

ကင်ဆာရောဂါ တွေနဲ့ လေ့ကျင့်ခန်းလုပ်ခြင်း

မင်္ဂလာပါ။ Hello Sayarwon စာမျက်နှာကနေ ကြိုဆိုပါတယ် ။ ဒီတစ်ခေါက်ဆောင်းပါးမှာတော့ ကင်ဆာရောဂါ တွေနဲ့ လေ့ကျင့်ခန်းလုပ်ခြင်း အကြောင်းကို ဖော်ပြပေးမှာပါ ။ ၂၀၁၉ ခုနှစ်အတွင်းမှာ လုပ်ထားတဲ့ ဆေးသုတေသနစစ်တမ်းတစ်ခုအရ လေ့ကျင့်ခန်း ပုံမှန်ပြုလုပ်ခြင်းက တချို့သော ကင်ဆာရောဂါ‌ တွေကို ကာကွယ်ရာမှာ အကျိုးထူးစေပါတယ် ။ ဒါ့အပြင် ကင်ဆာရောဂါဖြစ်နေရင်တောင်မှ ကုသရာမှာ ရလဒ် အကျိုးထူးစေပါတယ်။ အမေရိကန်နိုင်ငံမှာ ပြုလုပ်ထားတဲ့ ဒီစစ်တမ်းအရ လေ့ကျင့်ခန်းလုပ်ခြင်းက ဆီးအိမ်၊ရင်သား၊အူမကြီး၊အစာမြိုပြွန်၊ကျောက်ကပ်၊အစာအိမ်နဲ့ သားအိမ်ကင်ဆာဖြစ်ခြင်းတွေကို ကာကွယ်ပေးနိုင်တယ်လို့ ဆိုထားပါတယ် ။ နောက်ထပ်အနေနဲ့ ရင်သားကင်ဆာ၊အူမကြီးကင်ဆာနဲ့ ဆီးကျိတ်ကင်ဆာ ဝေဒနာသည်တွေကို ကုသရာမှာရော ရလဒ်အရပါ ကောင်းမွန်တာတွေ့ရသလို ကင်ဆာရဲ့ ဘေးထွက်ဆိုးကျိုးပိုနည်းစေတာကိုလည်း တွေ့ရပါတယ် ။ ဘယ်လိုလေ့ကျင့်ခန်း လုပ်ရမလဲ သုတေသီတွေကတော့  ကင်ဆာဝေဒနာသည်တွေအနေနဲ့ အေရိုးဗစ်လိုမျိူ ပေါ့ပါးတဲ့ လေကျင့်ခန်းမျိုးကို တစ်ပတ် […]


သားအိမ်ခေါင်းကင်ဆာ

သားအိမ်ခေါင်းကင်ဆာစစ်ဆေးခြင်း နှင့် အမေးအများဆုံးမေးခွန်းများ

သားအိမ်ခေါင်းကင်ဆာစစ်ဆေးခြင်း ဆိုတာ အမျိုးသမီးတိုင်းအတွက်  အရေးကြီးပါတယ်။ စစ်ချင်ပါမယ့် သေချာမသိတာကြောင့် မစစ်ဆေးရဘူးဆိုတာ မဖြစ်လေအောင် အမေးများတဲ့ မေးခွန်းတွေကို စုစည်းဖော်ပြပေးလိုက်ပါတယ်။ မေး ၁။ သားအိမ်ခေါင်းကင်ဆာစစ်ဆေးခြင်း ဆိုတာ ဘာလဲ။ သားအိမ်ခေါင်းကင်ဆာ စစ်ဆေးခြင်းဆိုတာ ကင်ဆာအဖြစ်သို့ ပြောင်းလဲနိုင်ခြေရှိတဲ့  သားအိမ်ခေါင်းက ပုံမှန်မဟုတ်တဲ့ ဆဲလ်တွေကို စစ်ဆေးခြင်း (သို့) သားအိမ်ခေါင်းကင်ဆာဖြစ်နိုင်ခြေများသော HPVပိုး အမျိုးအစားများကို စစ်ဆေးခြင်းပဲ ဖြစ်ပါတယ်။ မေး ၂။ သားအိမ်ခေါင်းကင်ဆာကို ဘယ်လိုစစ်တာလဲ။ သားအိမ်ခေါင်းကင်ဆာစစ်ဆေးခြင်းဟာ အင်မတန်မြန်ပြီး ရိုးရှင်းပါတယ်။ အမျိုးသမီးအနေနဲ့ စမ်းသပ်မှုပြုလုပ်မယ့် ခုတင်ပေါ်မှာ လဲလျောင်းရပါမယ်။ မိန်းမကိုယ်ထဲကိုမြင်ရဖို့ ဘဲနှုတ်သီးပုံစံကိရိယာကို အသုံးပြုပါတယ်။ ဒါမှသာ သားအိမ်ခေါင်းကို ရှင်းလင်းစွာမြင်ရမှာဖြစ်ပါတယ်။ သားအိမ်ခေါင်းရှိ ဆဲလ်များကို ထိပ်တွင် အမွှေးပါသော အချောင်းအတံလေးတစ်ခုဖြင့် (သို့မဟုတ်) အခြားသော သင့်လျော်တဲ့ကိရိယာဖြင့် ထုတ်ယူပါတယ်။ ပြီးရင်တော့ သားအိမ်ခေါင်းမှာရှိတဲ့ ပုံမှန်မဟုတ်တဲ့ ဆဲလ်တွေနဲ့ […]


အခြားကင်ဆာများ

နောက်ဆုံးပေါ် ကင်ဆာရောဂါကုထုံးတစ်ခုဖြစ်တဲ့ Proton Beam Therapy

ကင်ဆာရောဂါဆိုတာ အရမ်းကြောက်စရာကောင်းတဲ့ရောဂါတစ်ခုပါ။ ခန္ဓာကိုယ် အစိတ်အပိုင်းအတော်များများမှာ ဖြစ်ပွားနိုင်ပြီး ကုသရတာလည်း အရမ်းခက်ခဲပါတယ်။ ဒါပေမဲ့ ခေတ်မီနည်းပညာတွေအသုံးပြုထားတဲ့အဆင့်မြင့်ကင်ဆာရောဂါကုသနည်းစနစ်တွေလည်း အခုချိန်မှာပေါ်ပေါက်လာနေပါပြီ။ ဒါ့ကြောင့် အခုတစ်ခေါက်တော့ Hello Sayarwon စာဖတ်ပရိတ်သတ်တွေအတွက် Proton Beam Therapy လို့ခေါ်တဲ့ အဆင့်မြင့်ကင်ဆာရောဂါကုထုံးအကြောင်း ပြောပြချင်ပါတယ်။ ကင်ဆာရောဂါကုသမှုတွေထဲမှာ ဓာတ်ကင်ကုသမှုဆိုတာ အတော်များများကြားဖူးပြီးသားဖြစ်မှာပါ။ ကင်ဆာအကျိတ်တွေကို ဓာတ်ရောင်ခြည်တိုက်ရိုက်ပစ်ပြီး ပျက်စီးစေတဲ့ကုသနည်းဖြစ်ပါတယ်။ ကင်ဆာအကျိတ်တွေရော ကင်ဆာမဟုတ်တဲ့အကျိတ်တွေကို ကုသပေးရာမှာပါ ဓာတ်ကင်ကုသမှုအသုံးပြုပါတယ်။ Proton Beam Therapy ဆိုတာကတော့ ပိုပြီးအဆင့်မြင့်တဲ့ဓာတ်ကင်ကုသမှုတစ်ခုလို့ပြောရမှာပါ။ သူ့နာမည်အတိုင်းပဲ Proton Beam Therapy ဟာ ရိုးရိုးဓာတ်ရောင်ခြည်ထက် စွမ်းအားမြင့် ပရိုတွန်ဒြပ်မှုန်တွေကိုသုံးပြီး ကင်ဆာဆဲလ်တွေ၊အကျိတ်တွေကို ဖျက်စီးပစ်ပါတယ်။ ရိုးရိုးဓာတ်ကင်ကုသမှုနည်းတူ Proton Beam Therapy ကိုလည်း ကင်ဆာအကျိတ် ဒါမှမဟုတ် ကင်ဆာမဟုတ်တဲ့အကျိတ်တွေ ကုသဖို့အတွက်အသုံးပြုနိုင်ပါတယ်။ သူ့ချည်းလည်းအသုံးပြုသလို ခွဲစိတ်ကုသတာ၊ […]


အရေပြားကင်ဆာ

မေ့မထားသင့်တဲ့ အရေပြားကင်ဆာ အန္တရာယ်

လူတွေက နေလောင်မှာကြောက်တယ်ဆိုတာထက် အသားမည်းမှာကြောက်တာ များပါတယ်။ အထူးသဖြင့် အသားဖြူသူတွေကပဲ အသားညိုမှာကြောက်ကြပြီး နဂို အသားညိုသူတွေကတော့နေလောင်လည်းဘာမှမထူးဘူးဆိုပြီးပေါ့ပေါ့ဆဆနေကြပါတယ်။ အရေပြားကင်ဆာ  အန္တရာယ်ကိုရော သတိရမိရဲ့လား။ နေလောင်ခြင်းက အသားညိုရုံ၊ အလှအပပိုင်းပြဿနာတစ်ခုတည်းဖြစ်စေတာမဟုတ်ပါဘူး။ သူ့ကြောင့် ဆက်ပြီးဖြစ်လာနိုင်တဲ့ အကျိုးဆက်တွေက ဒီထက်ဆိုးရွားတာတွေရှိနေပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ အရေပြားကင်ဆာဟာ အသားအရောင်မရွေးဖြစ်နိုင်ခြေရှိနေတဲ့အတွက် အသားညိုသူတွေမှာလည်းဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် ကင်ဆာကာကွယ်ချင်တယ်ဆိုရင် ခရမ်းလွန်ရောင်ခြည်နဲ့ထိတွေ့မှုနည်းအောင် တတ်နိုင်သလောက်ကြိုးစားဖို့အရေးကြီးပါတယ်။ အရေပြားမှာ မူမမှန်တဲ့ပြောင်းလဲမှုတွေဖြစ်လာရင် ရောဂါလက္ခဏာတွေကိုစောစောသိမှ ကုသမှုအောင်မြင်နိုင်မယ့် အခွင့်အလမ်းပိုများစေမှာပါ။ အရေပြားကင်ဆာဆိုတာ အရေပြားဆဲလ်တွေရဲ့ပုံမှန်မဟုတ်တဲ့ကြီးထွားမှုတစ်မျိုးဖြစ်ပြီး အများစုကနေလောင်ခြင်းကြောင့်ဖြစ်တတ်ပါတယ်။ အရေပြားဆဲလ်တွေရဲ့မျိုးဗီဇတွေသန္ဓေပြောင်းလဲမှုဖြစ်လာတဲ့အခါ ဆဲလ်တွေအဆမတန်ပွားများလာပြီး ကင်ဆာဆဲလ်တွေအများကြီးဖြစ်လာစေပါတယ်။ အရေပြားကင်ဆာအမျိုးအစားတွေထဲမှာ အဖြစ်များတဲ့ သုံးမျိုးကbasal cell carcinoma နဲ့ squamous cell carcinoma နဲ့ melanoma တို့ဖြစ်ပါတယ်။ အရေပြားကင်ဆာ အန္တရာယ် ဘယ်သူတွေမှာ ပိုစိုးရိမ်ရလဲ အသားဖြူတဲ့သူ -ဘယ်သူမဆို၊ ဘယ်အသားအရောင်မဆို အရေပြားကင်ဆာဖြစ်နိုင်ခြေရှိတယ်ဆိုပေမယ့် အရေပြားမှာရှိတဲ့ရောင်ခြယ်melaninနည်းရင် […]


ရင်သားကင်ဆာ

ရင်သားကင်ဆာအတွက် မသိမဖြစ်အချက်များ

မိန်းကလေးတွေမှာ အဖြစ်များတဲ့ကင်ဆာတွေထဲ ရှေ့ဆုံးက ဦးဆောင်နေတာက ရင်သားကင်ဆာဖြစ်ပါတယ်။ ရင်သားကင်ဆာဟာ ရင်သားမှာရှိတဲ့ဆဲလ်တွေမှာဖြစ်ပွားတဲ့ ကင်ဆာပါ။ ရင်သားကင်ဆာက အမျိုးသား‌တွေမှာပါဖြစ်နိုင်တယ်ဆိုပေမယ့် အမျိုးသမီးတွေမှာပိုအဖြစ်များတာဖြစ်ပါတယ်။ ရင်သားကင်ဆာ အမျိုးအစားများ ရင်သားကင်ဆာနှစ်မျိုးရှိပါတယ်။ ပထမတစ်မျိုးက Ductal carcinoma လို့ခေါ်တဲ့ နို့ရည်ပြွန်‌တွေမှာ စတင်ဖြစ်ပွားတဲ့ ရင်သားကင်ဆာဖြစ်ပြီးအတွေ့ရများတဲ့ကင်ဆာမျိုးလည်း ဖြစ်ပါတယ်။ နောက်တစ်မျိုးကတော့ Lobular carcinoma လို့ခေါ်ပြီး ရင်သားတစ်ရှူးတွေမှာ စတင်ဖြစ်ပွားတဲ့ ကင်ဆာမျိုး ဖြစ်ပါတယ်။ ပြန့်ပွားတတ်တဲ့ ရင်သားကင်ဆာဆိုတာ ကင်ဆာလ်ဆဲလ်တွေက အနီးကကိုယ်တွင်းအင်္ဂါတွေဆီ ကူးစက်သွားကာ ခန္ဓာကိုယ်ရဲ့တခြားအင်္ဂါအစိတ်အပိုင်းတွေအထိ ပြန့်သွားတဲ့ ကင်ဆာမျိုးကိုခေါ်တာ ဖြစ်ပါတယ်။ မပြန့်ပွားတတ်တဲ့ ရင်သားကင်ဆာ ဆိုတာကတော့ ကင်ဆာဆဲလ်များက ရင်သားတစ်ရှူးတွေမှာ ဖြစ်ပွားပြီး တခြားအင်္ဂါအစိတ်အပိုင်းတွေဆီ မကူးစက်တတ်တဲ့ကင်ဆာမျိုး ဖြစ်ပါတယ်။ ဒါပေမယ့် ဒီဆဲလ်တွေက နောက်ပိုင်းမှာ ပြန့်ပွားတတ်တဲ့ ရင်သားကင်ဆာ အဖြစ်ပြောင်းလဲသွားနိုင်ပါတယ်။ ရောဂါလက္ခဏာများ ရင်သားကင်ဆာဖြစ်နိုင်တဲ့ လက္ခဏာတွေက - ရင်သားမှာ အကျိတ်တွေ့တာ ရင်သားရဲ့ အရွယ်အစား သို့မဟုတ် […]


ကင်ဆာရောဂါများ

ကင်ဆာ (Cancer) ရောဂါအကြောင်း သင်သိသင့်သမျှ

ကင်ဆာ ကုသရခက်တဲ့ရောဂါတစ်မျိုးပေါ့။ အခုနောက်ပိုင်း ကင်ဆာဖြစ်တဲ့သူတွေတော်တော်လေးများလာတာ ကမ္ဘာ့နိုင်ငံတိုင်းမှာပါ။ ကင်ဆာရောဂါအမျိုးအစားပေါင်းက ၂၀၀လောက်ရှိမယ်လို့ ခန့်မှန်းထားကြပေမယ့် အတိအကျကိုတော့ မပြောနိုင်ကြသေးပါဘူး။ ကင်ဆာရောဂါအမျိုးအစားတွေ ကွာခြားသလိုရောဂါလက္ခဏာတွေကလည်း မတူနိုင်ပါဘူး။ ကုသမှုပုံစံချင်းလည်း ကွာခြားနိုင်ပါသေးတယ်။ ကင်ဆာဆိုတာ ကင်ဆာဆိုတာက ပုံမှန်မဟုတ်တဲ့ ဆဲလ်ကြီးထွားမှုကိုဆိုလိုတာပါ။ ဆဲလ်တွေကြီးထွားလာမှုက အကျိတ်တွေအဖြစ်ပြောင်းလဲသွားပြီး ခန္ဓါကိုယ်မှာ ထိခိုက်မှုတွေဖြစ်လာနိုင်ပါတယ်။ ရင်သားကင်ဆာ၊ အရေပြားကင်ဆာ၊ အဆုတ်ကင်ဆာ၊ အူမကြီးကင်ဆာ၊ ဆီးကျိတ်ကင်ဆာ နဲ့lymphoma (လင်ဖိုးမားဟုခေါ်သောသွေးကင်ဆာ)တွေအပါအဝင် ကင်ဆာရောဂါအမျိုးအစားတော်တော်များများကိုဖြစ်စေနိုင်ပါတယ်။ ကင်ဆာကို ခွဲစိတ်ကုသတဲ့နည်းလမ်းနဲ့ကုသလို့ရသလို ဓါတ်ကင်တဲ့ကုထုံး ဓါတုကုထုံးတွေနဲ့လည်း ကုသလို့ရပါတယ်။ ကင်ဆာဖြစ်တဲ့အခါ ဒီလိုလက္ခဏာတွေခံစားရနိုင်ပါတယ် ဒီလိုလက္ခဏာတွေရှိနေပြီဆိုရင် ကင်ဆာရောဂါဖြစ်နေနိုင်တာကြောင့် ချက်ချင်း စစ်ဆေးကုသမှုခံယူဖို့ပြောပါရစေ။ ဝမ်းသွားတဲ့အလေ့အထ၊ ဆီးသွားတဲ့အလေ့အထတွေပြောင်းလဲလာတာ လည်ချောင်းနာတာကတော်တော်ကြာတဲ့အထိ မသက်သာဘဲဖြစ်နေတာ ပုံမှန်မဟုတ်ဘဲသွေးဆင်းတာမျိုးဖြစ်တာ ရင်သားနဲ့ အမျိုးသားအင်္ဂါတွေမှာ အကျိတ်ဖြစ်လာတာ အစာမျိုချရခက်နေတာ၊ အမြဲလိုလို အစာမကြေသလိုမျိုးဖြစ်လာတာ ခန္ဓါကိုယ်မှာဖြစ်နေတဲ့ ကြွက်နို့တွေ၊ မှဲ့တွေက အရွယ်အစား၊ အရောင် နဲ့ […]


အခြားကင်ဆာများ

ကင်ဆာရောဂါကိုကာကွယ်နိုင်မယ့် ရိုးစင်းတဲ့နည်းလမ်းများ

တစ်နေ့ထက်တစ်နေ့ ကင်ဆာ ဖြစ်တဲ့နှုန်းတွေတိုးလာနေပါတယ်။ သဘာဝပတ်ဝန်းကျင်အနေအထား၊နေ့စဉ်စားသုံးနေတဲ့ အစားအစာတွေနဲ့ အမျိုးမျိုးသောအကြောင်းအရင်းတွေကြောင့် ကင်ဆာရောဂါတွေဖြစ်ပွားနေရတာပါ။ပြဿနာရှိရင် အဖြေရှိစမြဲပါ။ ဒီတော့ ကင်ဆာရောဂါကိုလည်း ကာကွယ်နိုင်မယ့် နည်းလမ်းရှိတာပေါ့။နေ့စဉ်နေထိုင်စားသောက်မှုပုံစံတွေကိုပြောင်းလဲမှုကနေတဆင့် ကင်ဆာရောဂါကို ကာကွယ်ပေးနိုင်ပါသတဲ့။ ကာကွယ်ခြင်းက ကုသခြင်းထက် ပိုကောင်းတယ်ဆိုတဲ့စကားအတိုင်း ကင်ဆာရောဂါမဖြစ်အောင် ကြိုတင်ကာကွယ်ရအောင်ပါ။ ဒီတော့ ကင်ဆာရောဂါကိုကာကွယ်နိုင်မယ့် ရိုးစင်းတဲ့နည်းလမ်းများ က ဘာတွေ ဖြစ်မလဲ အတူတူ ကြည့်လိုက်ရအောင်လား။ ကင်ဆာ ဆိုတာ ကင်ဆာ ဆိုတာက ခန္ဓာကိုယ်က ဆဲလ်တွေထိန်းချုပ်လို့မရအောင်ကြီးထွားလာပြီး အကျိတ်တွေအဖြစ်နဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းအနှံ့ကိုပြန်ပွားသွားတဲ့ရောဂါတစ်မျိုးပါ။ ကင်ဆာအမျိုးအစားပေါင်း ၂၀၀လောက်ရှိတယ်လို့ ခန့်မှန်းရပေမယ့် အတိအကျတော့ မပြောနိုင်သေးပါဘူး။ ကင်ဆာရောဂါတွေထဲမှာမှ အရေပြားကင်ဆာ၊ ရင်သားကင်ဆာ၊ အသည်းကင်ဆာ၊သားအိမ်ခေါင်းကင်ဆာတွေက အဖြစ်များပါတယ်။ ကင်ဆာကာကွယ်ပေးနိုင်မယ့် ရိုးစင်းတဲ့နည်းလမ်းများ ကင်ဆာရောဂါကိုကာကွယ်နိုင်မယ့် ရိုးစင်းတဲ့နည်းလမ်းများ ကတော့ ဒီအချက်လေးတွေပါပဲ။ ဆေးလိပ်ဖြတ်ပါ -ဆေးလိပ်၊ဆေးရွက်ကြီးကနေထုတ်ထားတဲ့ အရာတွေကိုရှောင်ရှားပေးပါ။ဆေးလိပ်သောက်သုံးမှုကြောင့် အဆုတ်ကင်ဆာ၊ ခံတွင်းကင်ဆာ၊ လည်ချောင်းကင်ဆာ၊ ဆီးအိတ်ကင်ဆာ၊ ကျောက်ကပ်ကင်ဆာနဲ့ […]


ရင်သားကင်ဆာ

ရင်သားကင်ဆာ ကာကွယ်ရန် နည်းလမ်း(၈)သွယ်

ရင်သားကင်ဆာ ကာကွယ်ရန် နည်းလမ်းများ ရင်သားကင်ဆာ။နာမည်နဲ့တင် အမျိုးသမီးထုကြီးအတွက် အကြီးအကျယ်ခြောက်လှန့်နိုင်သော စကားလုံးတစ်စု။သို့သော် ယနေ့ခေတ်တွင် အဆိုပါကြောက်လန့်စရာကောင်းသော ရောဂါဆိုးကြီးကို တန်ပြန်တိုက်ထုတ်နိုင်သော သတင်းကောင်းများလည်း ရှိလာပြီဖြစ်သည်။ပိုမိုကောင်းမွန်လာသော ကုသမှုများနှင့် ကြိုတင်ကာကွယ်နိုင်သောနည်းလမ်းများလည်း တွေ့ရှိနေပြီဖြစ်၏။ယခုဖော်ပြမည့် အချက်(၈)ချက်သည် ရိုးရှင်းပြီး ရင်သားကင်ဆာကိုလည်း ထိရောက်စွာ ကာကွယ်နိုင်သော နည်းလမ်းများဖြစ်ပေသည်။ ရင်သားကင်ဆာ ကာကွယ်ရန် နည်းလမ်း(၈)သွယ် ၁။ ကိုယ်အလေးချိန် ပုံမှန်ထိန်းသိမ်းပါ ကျန်းမာသည့် ခန္ဓာကိုယ်တစ်ခု ပိုင်ဆိုင်ရန်အတွက် ကိုယ်အလေးချိန်ပုံမှန်ရှိနေရန် အထူးလိုအပ်ပေသည်။အဝလွန်ခြင်းသည် ခန္ဓာကိုယ်အတွက် ရင်သားကင်ဆာအပါအဝင် ကင်ဆာရောဂါများ အများအပြားဖြစ်ပွားလာနိုင်ချေရှိသည့်အတွက် အဝမလွန်ရန် ပုံမှန် ရှိသင့်ရှိထိုက်သော ကိုယ်ခန္ဓာအလေးချိန်ကို ထိန်းညှိထားရမည်ဖြစ်သည်။ အထူးသဖြင့် အမျိုးသမီးများအနေနှင့် သွေးဆုံးပြီးချိန်တွင် ခန္ဓာကိုယ်အလေးချိန်တက်မလာစေရန် အထူးဂရုစိုက်သင့်ပေသည်။ ၂။လေ့ကျင့်ခန်းလုပ်ပါ လေ့ကျင့်ခန်းလုပ်ခြင်း၊အားကစားလိုက်စားခြင်းတို့သည် ကျန်းမာသောခန္ဓာကိုယ်တစ်ခုပိုင်ဆိုင်ရန်အတွက် အဓိကသော့ချက်ဖြစ်လေသည်။ ကိုယ်လက်လှုပ်ရှားမှုကို နေ့စဉ် အနည်းဆုံးနာရီဝက်မျှ ပြုလုပ်လေ့ရှိသော အမျိုးသမီးများအနေနှင့် ရင်သားကင်ဆာဖြစ်ပွားနိုင်နှုန်းကို လျော့ကျစေ၏။ ၃။ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံများ စားသုံးပါ။အရက်သေစာ ရှောင်ပါ။ ကျန်းမာရေးကောင်းမွန်ရန်အတွက် […]


အူမကြီးကင်ဆာ

အူမကြီးကင်ဆာကို ကာကွယ်ဖို့အတွက် သိထားသင့်တဲ့ အကောင်းဆုံးနဲ့ အဆိုးဆုံးအစားအသောက်များ ။ ။

ကင်ဆာဖြစ်စေတဲ့ အကြောင်းအရင်းတွေ အများကြီးရှိတာကို သိကြမှာပါ။ ကိုယ့်ရဲ့နေထိုင်စားသောက်မှုပုံစံမမှန်တာတွေ၊ မျိုးရိုးဗီဇ ပတ်ဝန်းကျင် စတာတွေ အားလုံးက ကင်ဆာဖြစ်စေတဲ့အကြောင်းအရင်းတွေ ထဲက အချက်တွေပါ။ ကင်ဆာကို ကာကွယ်ချင်ရင် မျိုးရိုးနဲ့ပတ်ဝန်းကျင်ကို ပြင်လို့မရပေမယ့် စားသောက်နေထိုင်မှု ပုံစံကိုတော့ ပြင်လို့ရတယ်လေ။ ဒီအထဲမှာမှ ကိုယ့်စားသောက်နေထိုင်တဲ့ ပုံစံနဲ့ အဆက်အစပ်ဆုံး ကင်ဆာကို ပြောပါဆိုရင် အူမကြီးကင်ဆာလို့ပြောရမှာပါ။ အူမကြီးကပဲ ကိုယ်စားသောက်လိုက်တဲ့အစားအစာတွေကို စုပ်ယူတာမဟုတ်လား။ ဒီတော့ ကြောက်စရာကောင်းလှတဲ့ အူမကြီးကင်ဆာကို ကာကွယ်ချင်ရင် သိထားသင့်တဲ့ အကောင်းဆုံးနဲ့ အဆိုးဆုံး အစားအသောက်လေးတွေ အကြောင်းပြောပြပေးမှာပါ။ အူမကြီးကင်ဆာကို ကာကွယ်ဖို့အတွက် စားပေးသင့်တဲ့ အစားအသောက်များ ။ နို့နဲ့နို့ထွက်ပစ္စည်းများ ။ ။ လေ့လာချက်တွေအရ ကယ်လ်ဆီယမ်ဓာတ်ကြွယ်ဝတဲ့ နို့နဲ့နို့ထွက်ပစ္စည်းတွေက အူမကြီးထဲမှာ အသားလုံးတွေကြီးထွားခြင်းကို လျော့နည်းစေတယ်လို့ဆိုပါတယ်။ ကယ်လ်ဆီယမ်ဓာတ်ကြွယ်ဝတဲ့ ဖြည့်စွက်အားဆေးတွေ သောက်ပေးလို့လည်း ရပါတယ်။ ဗီတာမင်D ပါတဲ့ […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း