ကင်ဆာရောဂါများ

ကင်ဆာကို သိရှိနိုင်စေမယ့် နည်းလမ်းတွေက အများကြီးပါ။ လူတစ်ယောက်နဲ့ တစ်ယောက်လည်း မတူနိုင်ပါဘူး။ လူတိုင်း အသက်အရွယ်တိုင်းမှာ ဖြစ်နိုင်ပါတယ်။ ဒါကြောင့် လူတိုင်း ကင်ဆာ ဖြစ်စေနိုင်တဲ့ အရာတွေ၊ ကင်ဆာဖြစ်စေတဲ့ အကြောင်းအရင်းတွေ၊ လက္ခဏာတွေ၊ စစ်ဆေး အဖြေရှာနည်းတွေ၊ ကုထုံးတွေ၊ ကာကွယ်နည်းတွေကို သိထားဖို့ လိုပါမယ်။ အဆိုပါ အကြောင်းအရာတွေအားလုံးကို ဒီကဏ္ဍမှာ ဖတ်ရှု့နိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ကင်ဆာရောဂါများ

HPV vaccine ထိုးပြီး ကာကွယ်လို့ရတဲ့ ကင်ဆာတွေ

ကင်ဆာ ဆိုတာကို ကြားလိုက်ရင် အရင်ဆုံး ခေါင်းထဲရောက်လာတဲ့ အတွေးက ငါတော့ သေရတော့မယ် ထင်တယ်ဆိုတာပါ။ အခုနောက်ပိုင်းမှာ ဆေးပညာတွေ တိုးတက်လာတာကြောင့် အချို့သော ကင်ဆာတွေကို ကုသနိုင်တယ်ဆိုပမယ့် ကင်ဆာ အပါအဝင် ဘယ်ရောဂါမှ မဖြစ်တာတော့ အကောင်းဆုံးပါ။ ဒီတစ်ခေါက်တော့ ကင်ဆာကို ကာကွယ်ပေးမယ့် ကာကွယ်ဆေးတစ်မျိုးဖြစ်တဲ့ HPV Vaccine က ကင်ဆာကို ဘယ်လို ကာကွယ်ပေးသလဲဆိုတဲ့အကြောင်း ပြောပြပေးချင်ပါတယ်။ HPV ဆိုတာ Human papillomavirus (HPV) ဆိုတာက လိင်ကနေတဆင့်ကူးစက်တဲ့ရောဂါ (STD) တစ်မျိုးပါ။ HPV ဗိုင်းရပ်စ်ကူးစက်ခံရမယ်ဆိုရင် အမျိုးသမီးတွေမှာ လိင်အင်္ဂါမှာ ကြွက်နို့ပေါက်တာ သားအိမ်ခေါင်းကင်ဆာဖြစ်တာမျိုးတွေခံစားရနိုင်ပါတယ်။ အမျိုးသားတွေမှာတော့ လိင်တံကင်ဆာဖြစ်နိုင်ပါတယ်။ စအိုနဲ့လည်ချောင်းလိုမျိုး ခန္ဓာကိုယ်အစိတ်အပိုင်းတွေမှာလည်း ကင်ဆာရောဂါတွေခံစားရနိုင်ပါတယ်။ Human papillomavirus (HPV) ဗိုင်းရပ်စ်ကူးစက်ခံရမှုက အမျိုးသမီးတွေမှာ အဖြစ်များပါတယ်။ ဒါကြောင့် […]

ကင်ဆာရောဂါများ ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကင်ဆာရောဂါများ ကို ရှာဖွေမည်။

အစာအိမ်ကင်ဆာ

အစာအိမ်ကင်ဆာကို ခွဲစိတ်ကုသပြီးနောက် အစားဘယ်လိုပြန်စားကြမလဲ။

အစာအိမ်ကင်ဆာကိုခွဲစိတ်ပြီး ကုသမယ်ဆိုရင် ကင်ဆာအလုံးကိုဖယ်ဖို့အတွက် အစာအိမ်တစ်စိတ်တစ်ပိုင်းကိုဖြတ်ပြီး ကျန်တဲ့အပိုင်းတွေဆက်လိုက်တာဖြစ်ဖြစ်၊ အစာအိမ်တစ်ခုလုံးကို ထုတ်လိုက်တာမျိုးဖြစ်ဖြစ် ကိုယ့်ရောဂါ အခြေအနေပေးမူတည်ပြီး ခွဲစိတ်လိုက်ရတာမျိုးတွေ ရှိပါတယ်။ ဆေးပညာအရဒီလိုမျိုး အစာအိမ်ဖြတ်ပြီး ပြန်ဆက်တဲ့ ကုသမှုကို gastrectomy လို့ခေါ်ပါတယ်။ ဒီလို gastrectomy ကုသမှု ခံယူထားတဲ့ လူနာတစ်ယောက်ဟာ အခြား သာမာန်ခွဲစိတ်မှုလုပ်ထားတဲ့ လူတွေနဲ့ မတူတော့ပါဘူး။ အစာအိမ်ကို ဖြတ်တောက်ပြီး ပြန်ဆက်ထားရတာဖြစ်တဲ့အတွက် စားသောက်မှုအပိုင်းမှာ ပိုဂရုစိုက်ရတော့မှာပဲဖြစ်ပါတယ်။ ဘာတွေစားမလဲဆိုတာရော ဘယ်လိုအချိန်တွေမှာ စားရမလဲဆိုတာတွေရော အသေးစိတ်အကုန်လုံးပေါ့။ ။ ခွဲစိတ်ပြီးနောက်ပိုင်း အစားဘယ်အချိန် ပြန်စားရမလဲ။ ကင်ဆာကိုယ်တိုင် ဝိတ်ကျစေတာရော ကင်ဆာဆေးတွေသွင်းနေရတော့ အစားအသောက်ပျက်ပြီး မစားနိုင်တာတွေရော ပေါင်းပြီးအဲဒီအချိန် ကိုယ်အလေးချိန်ကျနေမှာတော့ အသေအချာပါ။ အစာအိမ်ကိုအသားကျအောင် အနားပေးရမှာ ဖြစ်တာကြောင့် ခွဲစိတ်ပြီးပြီးချင်း ပါးစပ်က အစားတွေပြန်စားလို့မရသေးချိန် ကိုယ်ခန္ဓာအတွက်လိုအပ်တဲ့ အာဟာရတွေကို IV လိုင်းတွေက နေတစ်ဆင့် […]


သားဥအိမ်ကင်ဆာ

မိန်းကလေးတိုင်း သတိမူသင့်တဲ့ သားအိမ်ကင်ဆာလက္ခဏာများ

မိန်းကလေးတွေမှာအဖြစ်များတဲ့ကျန်းမာရေးပြဿနာကတော့သွေးသားနဲ့သက်ဆိုင်တာတွေပါပဲ။ ရာသီစက်ဝန်းနဲ့ပတ်သက်တဲ့ဝေဒနာတွေ၊ ကိုက်ခဲတာတွေကတစ်မျိုး၊ သွေးဆုံးပြန်တော့သွေးဆုံးကိုင်တာ တွေရောပေါ့။ ခြုံကြည့်ရရင် သားအိမ်နဲ့ပတ်သက်တဲ့ရောဂါဝေဒနာတွေက အများဆုံးပါ။ ဖြစ်လေ့ဖြစ်ထရှိတဲ့ပြဿနာတွေနဲ့ရောနေနိုင်တာက အမျိုးသမီးတွေအတွက် အန္တရာယ်ကြီးတဲ့ သားအိမ်ကင်ဆာပါပဲ။ သားအိမ်ခေါင်းကင်ဆာအကြောင်း အသိပညာပေးတာတွေ ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်နေကြချိန်မှာ သားအိမ်ကင်ဆာကိုလည်း မေ့လျော့ထားဖို့မသင့်ပါဘူး။ သားအိမ်ကင်ဆာဟာ အမျိုးသမီးတွေအတွက် လက်နက်ပုန်းတစ်ခုလို တစ်ခါတလေမှာ တခြားကိုယ်တွင်းအင်္ဂါတွေဆီ ပျံ့သွားတဲ့အချိန်ထိကို လက္ခဏာမပြဘဲနေတတ်ပါတယ်။ ဒါပေမယ့် သားအိမ်ကင်ဆာကို များသောအားဖြင့် စဖြစ်ကာစအချိန်မှာ မိန်းမကိုယ်သွေးဆင်းခြင်းလို လက္ခဏာတွေနဲ့ စတင်သိရှိနိုင်ပါတယ်။ အဖြစ်များဆုံး လက္ခဏာတွေကတော့ - ပုံမှန်မဟုတ်တဲ့ သွေးဆင်းခြင်း သို့မဟုတ် မိန်းမကိုယ်ကနေ အရည်၊အချွဲဆင်းခြင်း (သွေးမဆုံးခင်အမျိုးသမီးတွေမှာ ပုံမှန်နဲ့မတူတဲ့ သွေးဆင်းများခြင်း ဒါမှမဟုတ် အကြိမ်ရေခဏခဏ သွေးဆင်းခြင်း၊ သွေးဆုံးပြီးအမျိုးသမီးတွေမှာ သွေးဆင်းခြင်း) ပုံမှန်မဟုတ်တဲ့ အဖြူဆင်းခြင်း (မိန်းမကိုယ်မှ ပန်းရောင်ဖျော့တဲ့အရည်ကျဲကျဲ ဆင်းခြင်းကနေ အနံ့ဆိုးတဲ့ အညိုရောင်ပျစ်ပျစ် ဆင်းခြင်းအထိ အမျိုးမျိုးရှိနိုင်ပါတယ်။) […]


ဦးခေါင်းနှင့်လည်ပင်းဆိုင်ရာကင်ဆာများ

ကိုယ့်မှာ ခံတွင်းကင်ဆာရှိနေတဲ့ဆေးစစ်ချက်ထွက်လာရင် ဘာတွေပြင်ဆင်မလဲ

ဘယ်ရောဂါမဆို ကြိုတင်ကာကွယ်နိုင်ရင်တော့ အကောင်းဆုံးပဲပေါ့။ အထူးသဖြင့် ကင်ဆာဆိုတာဟာ လူပေါင်းများစွာရဲ့ အသက်အိုးအိမ်ကို ခြွေခဲ့တဲ့ ကြောက်စရာကောင်းတဲ့ရောဂါအမျိုးအစားဖြစ်တာကြောင့် မတော်တဆ ကိုယ့်မှာသာ ကင်ဆာရှိနေတယ်ဆိုတဲ့ ဆေးစစ်ချက်အဖြေထွက်လာခဲ့ရင် ဘာဆက်လုပ်မလဲဆိုတာ ကြိုပြီး သိနားလည်ထားဖို့၊ အကောင်းဆုံးတွေကို မျှော်လင့်ပြီး အဆိုးဆုံးတွေကို ဘယ်လိုရင်ဆိုင်ကြမလဲဆိုတာ ပြင်ဆင်ထားဖို့ လိုအပ်ပါတယ်။ ဒီနေ့ဆောင်းပါးမှာတော့ ခံတွင်းကင်ဆာဆိုတဲ့ ရလဒ်နောက်မှာ ဘာတွေပြင်ဆင်ထားသင့်လဲဆိုတာနဲ့ ပတ်သက်ပြီး အကြံပေးချင်ပါတယ်။ ၁။ ရောဂါအကြောင်းကို လေ့လာပါ။ ကိုယ့်မှာရောဂါတစ်ခုရှိနေပြီဆိုရင် ဒီရောဂါနဲ့ပတ်သက်ပြီး ဘယ်လိုတွေ ပျံ့နှံ့နိုင်လဲ၊ ဘာတွေထိခိုက်နိုင်လဲ၊ ဘယ်လိုကုသမှုမျိုးတွေ ရှိလဲ၊ နောက်ဆက်တွဲဆိုးကျိုးတွေအကြောင်း လေ့လာထားဖို့ လိုပါတယ်။ ခံတွင်းကင်ဆာဆိုတာ စောစောသိပြီး ကုသမှုခံယူရင် ပျောက်ကင်းဖို့လွယ်ကူတဲ့ ကင်ဆာအမျိုးအစားထဲမှာ ပါဝင်တာကြောင့် သိပ်ပြီးမစိုးရိမ်ပါနဲ့။ ၂။ ကိုယ့်ရောဂါက ဘယ်အဆင့်ရောက်နေပြီလဲဆိုတာ သေချာမေးပါ။ ကိုယ်ဖြစ်နေတဲ့ ခံတွင်းကင်ဆာက အခုမှ ကင်ဆာဆဲလ်တွေ စပြီးပွားကာစအခြေအနေလား၊ တခြားကိုယ်တွင်းအစိတ်အပိုင်းတွေကိုရော ပျံ့နှံ့နေပြီလား၊ […]


ဦးခေါင်းနှင့်လည်ပင်းဆိုင်ရာကင်ဆာများ

ခံတွင်းကင်ဆာအကြောင်း တစေ့တစောင်း

ပါးစပ်၊ လျှာ၊ နှုတ်ခမ်း သို့မဟုတ် လည်ချောင်းအတွင်း တစ်သျှူးကနေ ကင်ဆာဆဲလ်တွေ ပွားများလာပြီး ခံတွင်းကင်ဆာကို ဖြစ်စေပါတယ်။ များသောအားဖြင့် အသက် ၄၀ နောက်ပိုင်း လူလတ်ပိုင်းအရွယ်တွေမှာ အဖြစ်များပြီး လည်ပင်းမှာရှိတဲ့ ပြန်ရည်ကြောအထိကို ကင်ဆာဆဲလ်တွေ ပျံ့နှံ့လာတဲ့အချိန်မှသာ ကိုယ့်မှာ ခံတွင်းကင်ဆာရှိတယ်ဆိုတာကို သတိထားမိတတ်ကြပါတယ်။ ခံတွင်းကင်ဆာသည် စောစီးစွာ သိပြီး ကုသမှုခံယူမယ်ဆိုရင် အသက်ရှင်နိုင်ခြေပိုများနိုင်ပါတယ်။ ခံတွင်းကင်ဆာ အမျိုးအစားဘယ်နှစ်မျိုးရှိလဲ။ • နှုတ်ခမ်းကင်ဆာ • လျှာကင်ဆာ • ပါးစောင်ကင်ဆာ • သွားဖုံးကင်ဆာ • လျှာအောက်မှာဖြစ်တတ်တဲ့ ခံတွင်းကင်ဆာ • အာခေါင်ကင်ဆာဆိုပြီး အမျိုးမျိုး ရှိပါတယ်။ ဘယ်လိုလူတွေမှာ ခံတွင်းကင်ဆာဖြစ်နိုင်ခြေ ပိုများလဲ။ ဆေးလိပ်၊ ကွမ်း၊ ဆေးရွက်ကြီး သုံးစွဲသူတွေ၊ အရက်အလွန်အကျွံသောက်သူတွေမှာ တခြားသူတွေထက်ပိုပြီး ခံတွင်းကင်ဆာဖြစ်နိုင်ခြေ ပိုပြီးများနိုင်ပါတယ်။ တခြားဖြစ်နိုင်ခြေများစေတဲ့ အကြောင်းရင်းတွေကတော့ • လိင်အင်္ဂါကြွက်နို့ကို ဖြစ်စေတဲ့ HPV ဗိုင်းရပ်စ်ပိုး ကူးစက်ခံရခြင်း • နေရောင်ခြည်ဒဏ်နဲ့ […]


အခြားကင်ဆာများ

အမျိုးသမီးတွေမှာအဖြစ်များတဲ့ ကင်ဆာတွေနဲ့ အမာရွတ်မကျန်ခွဲစိတ်ကုထုံး

ကျန်းမာခြင်းဆိုတဲ့ လာဘ်တစ်ပါးကို ပိုင်ဆိုင်ထားချင်ကြတာ ယောက်ျားလေး၊ မိန်းကလေး အရွယ်မရွေးပါပဲ။ ဒါပေမယ့် မဖြစ်မနေရင်ဆိုင်လာရတဲ့ ကျန်းမာရေးပြဿနာတွေနဲ့ ရောဂါတွေကို ငြင်းဆန်လို့မှမရတာလေ။ အခုနောက်ပိုင်းမှာဆိုရင် ကင်ဆာဆိုတဲ့စကားလုံးက လူတွေနဲ့သိပ်မစိမ်းတော့သလို အဖြစ်များလာတဲ့ ကင်ဆာအမျိုးအစားလည်း တိုးလာပါတယ်။ ကံကောင်းတာတစ်ခုက ခေတ်မီဆေးပညာကုထုံးတွေနဲ့ ကုသရေးဝန်ဆောင်မှုကောင်းတဲ့ဆေးရုံ၊ဆေးခန်းတွေပေါ်ထွက်လာတာကြောင့် ပြန်လည်ကျန်းမာလာပြီး သက်တမ်းစေ့နေထိုင်သွားနိုင်သူတွေတောင်ရှိပါတယ်။ ဒါဆို ကင်ဆာလို့တွေးလိုက်တာနဲ့ လေဒီတို့အတွေးမှာ ဘယ်ကင်ဆာအမျိုးအစားကိုအရင်ပြေးမြင်မိမလဲ။ ရင်သားကင်ဆာနဲ့ သားအိမ်နဲ့ပတ်သက်တဲ့ကင်ဆာတွေပါပဲ။ နောက်ထပ်ရော ဘာတွေရှိဦးမလဲ ဆက်ကြည့်ရအောင်... မိန်းကလေးတွေမှာအဖြစ်များကြတဲ့ ကင်ဆာတွေက - ရင်သားကင်ဆာ မိန်းကလေးတွေအားလုံးဟာ ရင်သားကင်ဆာနဲ့ပတ်သက်တဲ့ ဗဟုသုတလေးတွေ သိထားသင့်တယ်၊ လေ့လာထားသင့်တယ်။ ကိုယ့်ရင်သားမှာ တစ်ခုခုထူးခြားတာ၊ အရင်နဲ့မတူတာ သတိထားမိရင်၊ ခံစားမိရင် အမြန်ဆုံးစမ်းသပ်စစ်ဆေးမှုခံယူဖို့လိုပါတယ်။ မိသားစုမျိုးရိုး၊ မျိုးဗီဇသန္ဓေပြောင်းခြင်း ဒါမှမဟုတ် တခြားအကြောင်းရင်းခံတွေကြောင့် အမျိုးသမီးတွေမှာ ရင်သားကင်ဆာအန္တရာယ်ပိုများနေနိုင်ပါတယ်။ သားအိမ်ကင်ဆာ ပျိုဖော်ဝင်ချိန်စောတာ၊ သွေးဆုံးနောက်ကျတာ၊ ကလေးမရနိုင်ခဲ့တာ စတဲ့အကြောင်းရင်းခံတွေကြောင့် သားအိမ်ကင်ဆာဖြစ်နိုင်တဲ့အန္တရာယ်ပိုများနိုင်ပါတယ်။ မိသားစုထဲမှာ သားအိမ်နဲ့ပတ်သက်တဲ့ကင်ဆာဖြစ်ဖူးသူရှိတဲ့ အမျိုးသမီးတွေ၊ […]


ရင်သားကင်ဆာ

ရင်သားကင်ဆာ မဖြစ်စေဖို့ အမူအကျင့်လေးတွေဂရုစိုက်ကြမယ်

မိန်းကလေးတွေအတွက် အကြောက်ရဆုံးရောဂါတွေထဲမှာ ရင်သားကင်ဆာ က ထိပ်ဆုံးကပါဝင်နေတာ သိကြပြီးဖြစ်မှာပါ။ ဟိုးအရင်က ကင်ဆာဆိုတာ လူတစ်ရာမှာနှစ်ယောက်လောက်ပဲဖြစ်တာတွေ့ရတဲ့အထိ ကြားရခဲတဲ့ဝေါဟာရပါနော်။ ခုများတော့ ကိုယ်သိကျွမ်းတဲ့လူတွေထဲ အကောင်းကြီးကနေ ကင်ဆာတဲ့ ဆိုပြီး ရုတ်တရက်သိလိုက်ရတာတွေ အများကြီးကိုတွေ့နေရပါတယ်။ ကင်ဆာဖြစ်ပွားမှုမှာ နိုင်ငံတကာကိုမီလာခဲ့တဲ့အဖြစ်ပါပဲ။ ရင်သားကင်ဆာဆိုတာ မျိုးဗီဇကြောင့်ဖြစ်ရတာကလွဲလို့ ကြိုတင်ကာကွယ်လို့ရတဲ့ရောဂါဖြစ်ပါတယ်။ ကိုယ့်မိသားစုမှာ မျိုးရိုးရှိတယ်ဆိုရင်တောင် အပြုအမူ၊ နေထိုင်မှုပုံစံတွေကိုဂရုစိုက်ပြီး ဖြစ်နိုင်ခြေကိုလျှော့ချနိုင်ပါတယ်။ ခက်ခဲတဲ့အရာမဟုတ်ပါဘူးနော်၊ နေ့စဉ်လုပ်နေကျအမူအကျင့်တွေနဲ့သက်ဆိုင်ပါတယ်။ အရင်ဆုံး - အစားအသောက်ကို ဟန်ချက်ညှိပါ အစားအသောက်ကြောင့် ဒီရောဂါကိုဘယ်လိုသက်ရောက်မှုရှိနေလဲဆိုတာကို သုတေသနပညာရှင်တွေက လေ့လာနေဆဲဖြစ်ပေမယ့် အစားအသောက်ကိုချင့်ချိန်ဆင်ခြင်မယ်ဆို ဖြစ်နိုင်ခြေနည်းစေမှာတော့အမှန်ပါပဲ။ အသီးအရွက်၊ သစ်သီးတွေ၊ ပဲနဲ့ ပြောင်းနှံတွေကို အဓိကထားစားသုံးဖို့လိုပါတယ်။ အသား သို့မဟုတ် ငါးလည်း ထိုက်သင့်သလောက်ပါရမယ်ဆိုပေမယ့် အသီးအရွက်တွေ၊ သစ်သီးတွေနဲ့ တစ်နေ့တာကို ဝန်းရံဖို့လိုပါတယ်။ ပြင်ပအစားအစာတွေ၊ အသင့်အမြန်စားတွေကိုတတ်နိုင်သလောက်လျှော့ပါ။ အယ်လ်ကိုဟော သတိပြုပါ လေ့လာမှုတွေအရ ဝိုင်၊ ဘီယာ ဒါမှမဟုတ် […]


ရင်သားကင်ဆာ

အဝမလွန်စေနဲ့...ရင်သားကင်ဆာ ဖြစ်စေနိုင်တယ်နော်

လေဒီတို့ရေ။ ဝလို့လှတာ မှန်ပေမယ့် ဝတဲ့နောက်ကွယ်မှာ ချစ်စရာကောင်းတာတစ်ခုတည်းရှိနေတာမဟုတ်ပါဘူးနော်။ ဝနေခြင်းရဲ့နောက်ကွယ်မှာ ရောဂါအန္တရာယ်တွေပေါင်းစုံရှိနေပါတယ်။ လူကိုဒုက္ခပေးနိုင်တဲ့ အဖြစ်များဆုံးအန္တရာယ်ကြီးတွေဖြစ်တဲ့ သွေးတိုး၊ ဆီးချို၊ နှလုံးရောဂါတွေဆို ဝတဲ့သူတွေမှာ ဖြစ်နိုင်ခြေပိုများပါတယ်။ ဒီတစ်ခါလည်း အဖြစ်များတဲ့ ရင်သားကင်ဆာနဲ့ပတ်သက်ပြီး သတိပေးဖို့ ရည်ရွယ်ထားတာမို့ ဆက်ပြီးဖတ်ကြည့်ပေးပါဦး။ ရင်သားကင်ဆာဖြစ်စေနိုင်တဲ့အန္တရာယ်တွေတချို့က အစားအသောက်နဲ့ ကိုယ်လက်လှုပ်ရှားမှုတို့လို ကိုယ့်ရဲ့အမူအကျင့်တွေနဲ့ သက်ဆိုင်ပါတယ်။ လှုပ်ရှားမှုနည်းတယ်လား ပုံမှန်လှုပ်ရှားမှုမရှိတဲ့သူတွေ၊ အထိုင်များတဲ့သူတွေမှာ ရင်သားကင်ဆာအန္တရာယ်ရှိနိုင်တယ်လို့ သုတေသနအထောက်အထားတွေက ဖော်ပြထားပါတယ်။ ဆက်နွှယ်မှုကိုအတိအကျအဖြေမထုတ်နိုင်ပေမယ့် ကိုယ်အလေးချိန်၊ ရောင်ရမ်းမှုတွေ၊ ဟော်မုန်းနဲ့ ခွန်အားထိန်းညှိမှုတွေရဲ့သက်ရောက်မှုတွေကြောင့်ဖြစ်နိုင်ပါတယ်။The American Cancer Society ရဲ့အကြံပြုချက်အရ တစ်ပတ်ကို အတော်အသင့်ကိုယ်လက်လှုပ်ရှားမှုလေ့ကျင့်ခန်း မိနစ် ၁၅၀ နဲ့ အားစိုက်ရတဲ့လေ့ကျင့်ခန်း ၇၅ မိနစ်လောက် လုပ်သင့်ပါတယ်။ မလှုပ်ရင် ဝလာမယ်၊ ဝလာလို့ လေးလံပြီး ပိုမလှုပ်ဖြစ်တော့ဘူး။ ဒါနဲ့ပဲသံသရာလည်ရင်း ရောဂါတွေတိုးလာနိုင်ပါတယ်။ ဝနေပြီဆိုရင် နည်းနည်းလေးပြည့်လာတာနဲ့ ဝတယ်ဆိုတာမတူပါဘူးနော်။ တော်ကြာ ငါများဝနေပြီလားဆိုပြီး […]


အခြားကင်ဆာများ

ဝှေးစေ့ကင်ဆာအကြောင်း တစေ့တစောင်း

ကင်ဆာဆိုလည်း အရမ်းမလန့်သွားလိုက်ပါနဲ့ ကိုယ့်လူတို့ရေ။ စောစောသိပြီး ကုသမှုခံယူမယ်ဆိုရင် အမြစ်ပြတ်ပျောက်ကင်းဖို့ လွယ်ကူတဲ့ ရောဂါဖြစ်ပါတယ်။ ဒီဆောင်းပါးမှာတော့ ကိုယ့်လူတို့ ကျန်းမာရေးအသိမနှေးရလေအောင် ဝှေးစေ့ကင်ဆာအကြောင်း တင်ပြပေးလိုက်ပါတယ်။ ဝှေးစေ့ကင်ဆာဆိုတာ ဘာလဲ။ ဝှေးစေ့တစ်လုံး သို့မဟုတ် နှစ်ဖက်လုံးမှာ အစပြုတဲ့ ကင်ဆာရောဂါဖြစ်ပါတယ်။ ဝှေးစေ့သည် အမျိုးသားလိင်တံအောက် ကပ္ပာယ်အိတ်အတွင်းမှာ တည်ရှိနေပြီး အောက်ကို တွဲကျနေတတ်ပါတယ်။ အဓိကတာဝန်ကတော့ ကျန်းမာတဲ့သုက်ပိုးတွေကို ထုတ်လွှတ်ပေးဖို့၊ မျိုးအောင်စေဖို့နဲ့ ကျားဟော်မုန်းတွေ ထုတ်လွှတ်ပေးဖို့ပဲ ဖြစ်ပါတယ်။ ဝှေးစေ့အတွင်းမှာရှိတဲ့ သုက်ပိုးထုတ်လွှတ်ပေးတဲ့ ဆဲလ်တွေ (Germ Cells) မှာ အကျိတ်ဖြစ်ပေါ်ရာကနေ ကင်ဆာအမြစ်တွယ်လာပါတယ်။ ဝှေးစေ့ဆဲလ်အတွင်း ကင်ဆာဖြစ်စေတဲ့ အကျိတ်တွေကတော့ ၁။ Seminomas - ဖြည်းဖြည်းချင်း အမြစ်ပွားလာပြီး ဝှေးစေ့ကနေ ပြန်ရည်ကြောထိ ပျံ့သွားနိုင်ပါတယ်။ ၂။ Nonseminomas - ပိုပြီး အဖြစ်များတဲ့ ကင်ဆာ အမျိုးအစား ဖြစ်ပြီး […]


ဦးခေါင်းနှင့်လည်ပင်းဆိုင်ရာကင်ဆာများ

လျှာကင်ဆာအကြောင်း တစေ့တစောင်း

ကင်ဆာဆိုတာက ခန္ဓာကိုယ်ရဲ့ နေရာတော်တော်များများမှာ ဖြစ်နိုင်တဲ့ရောဂါတစ်ခုပေါ့။ ကုသပျောက်ကင်းဖို့ခက်သလို အသက်အန္တရာယ်လည်းစိုးရိမ်ရနိုင်ပါတယ်။ ဒီလိုပါပဲ ခံတွင်းမှာလည်း ကင်ဆာဖြစ်နိုင်ပါတယ်။ ဒီတစ်ခေါက်တော့ ခံတွင်းထဲမှာဖြစ်တဲ့ ကင်ဆာတွေထဲကတစ်ခုဖြစ်တဲ့ လျှာကင်ဆာအကြောင်းပြောပြပေးချင်ပါတယ်။ လျှာကင်ဆာက တကယ်ရောရှိလို့လားလို့တွေးနေတယ်ဆိုရင် ဒီဆောင်းပါးလေးကသေသေချာချာရှင်းပြပေးနိုင်မှာပါ။ လျှာကင်ဆာ တကယ်ရှိလား........ လျှာကင်ဆာဆိုတာက ခံတွင်းမှာဖြစ်တတ်တဲ့ ကင်ဆာတစ်မျိုးပေါ့။ ဆဲလ်တွေက ထိန်းချုပ်လို့မရတဲ့ အခြေအနေတစ်ခုအထိ ကွဲထွက်ရာကနေ အကျိတ်တွေဖြစ်လာတတ်တဲ့ ကင်ဆာတစ်မျိုးပါ။ ဒီကင်ဆာက လျှာအရှေ့ပိုင်း၊ လျှာအဖျားမှာဖြစ်တတ်သလို လျှာအနောက်ပိုင်း (လည်ချောင်းနဲ့ဆက်နေတဲ့နေရာ) မှာလည်းဖြစ်နိုင်ပါတယ်။ လျှာအရှေ့ပိုင်းမှာ ကင်ဆာဖြစ်တဲ့အခါ စကားပြောရခက်ခဲပြီး လျှာအနောက်ပိုင်းမှာ လျှာကင်ဆာဖြစ်မယ်ဆိုရင် အစားအစာမျိုချရခက်ခဲနိုင်ပါတယ်။ လျှာကင်ဆာကဖြစ်ခါစမှာ သတိပြုမိခဲကြပြီး လည်ချောင်းထဲက ပြန်ရည်ကျိတ်တွေဆီ ကင်ဆာဆဲလ်တွေ ကူးစက်လာချိန်မှ ကင်ဆာခံစားနေရပြီဆိုတာကို သိတတ်ကြပါတယ်။ လျှာကင်ဆာက လူကြီးတွေမှာပဲဖြစ်တာလား.... လျှာကင်ဆာက ကလေးတွေမှာဖြစ်ခဲပြီး အရွယ်ရောက်ပြီးသူတွေမှာ အဖြစ်များပါတယ်။ လျှာကင်ဆာကဖြစ်ခဲတဲ့ ကင်ဆာတွေထဲက တစ်ခုပေါ့။ လျှာကင်ဆာဖြစ်ရင် ဘယ်လိုတွေခံစားရမလဲ....... လျှာကင်ဆာဖြစ်တဲ့အခါ အခုလို လက္ခဏာတွေခံစားရနိုင်ပါတယ်။ […]


အခြားကင်ဆာများ

ကင်ဆာ ဖြစ်နိုင်ခြေကို လျှော့ချဖို့အတွက် နေ့တိုင်းစားပေးသင့်တဲ့ အစားအစာအချို့

ရောဂါဆိုတာမျိုးက မဖြစ်ခင်က ကာကွယ်တာအကောင်းဆုံးပါ။ရောဂါကို ကာကွယ်ဖို့ အစားအသောက်တွေနဲ့ကာကွယ်လို့ရသလိုနေထိုင်မှုပုံစံပြောင်းလဲမှုကနေလည်း ကင်ဆာကို ကာကွယ်လို့ရပါတယ်။ ကင်ဆာကို ကာကွယ်မှုက အပြည့်အဝကာကွယ်ပေးနိုင်တယ်လို့ မဆိုသာပေမယ့် ကာကွယ်ထားတာကတော့ ပိုကောင်းမှာပါ။ ဒီတော့ ကင်ဆာကာကွယ်ဖို့ဘာတွေစားကြမလဲ ဆက်ကြည့်လိုက်ရအောင်လား.......... ကင်ဆာ ဖြစ်နိုင်ခြေကို လျှော့ချဖို့အတွက် ဘာတွေစားရမလဲ.................. ကင်ဆာ ဖြစ်နိုင်ခြေကို လျှော့ချဖို့နေ့စဉ်စားသုံးတဲ့ အစားအစာတွေထဲမှာဒီအစားအစာတွေကို ထည့်စားပေးသင့်ပါတယ်။ ပန်းသီး ပန်းသီးမှာ ကင်ဆာကို ကာကွယ်ပေးနိုင်တဲ့ အာနိသင်တွေရှိနေပါတယ်။ ဒါ့အပြင် ပန်းသီးစားသုံးပေးမှုက နာကျင်ရောင်ရမ်းမှု၊ နှလုံးသွေးကြောဆိုင်ရာရောဂါတွေနဲ့ ကူးစက်ရောဂါတွေ မခံစားရအောင် ကာကွယ်ပေးနိုင်မှာပါ။ ပန်းသီးမှာပါတဲ့ polyphenolsဒြပ်ပေါင်းက ကင်ဆာ မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ ပန်းသီးစားသုံးပေးမှုက ရင်သားကင်ဆာကို အထိရောက်ဆုံးကာကွယ်ရာရောက်မှာပါ။ ဘယ်ရီသီး ဘယ်ရီသီးမှာ ဗီတာမင်၊သတ္တုဓါတ်တွေနဲ့အမျှင်ဓါတ်တွေအပြင် ဓါတ်တိုးဆန့်ကျင်အာနိသင်တွေကြွယ်ဝစွာပါဝင်နေတာကြောင့် ခန္ဓါကိုယ်ကို ကျန်းမာစေပြီး ကင်ဆာ မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ ဘယ်ရီသီးတွေက အူမကြီးကင်ဆာ၊ ရင်သားကင်ဆာ၊ အဆုတ်ကင်ဆာ၊ အရေပြားကင်ဆာ၊ အစာရေမျိုကင်ဆာတွေကို ကာကွယ်ပေးနိုင်ပါတယ်။ ပန်းဂေါ်ဖီ ပန်းဂေါ်ဖီအပြင် […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း