ကင်ဆာရောဂါများ

ကင်ဆာကို သိရှိနိုင်စေမယ့် နည်းလမ်းတွေက အများကြီးပါ။ လူတစ်ယောက်နဲ့ တစ်ယောက်လည်း မတူနိုင်ပါဘူး။ လူတိုင်း အသက်အရွယ်တိုင်းမှာ ဖြစ်နိုင်ပါတယ်။ ဒါကြောင့် လူတိုင်း ကင်ဆာ ဖြစ်စေနိုင်တဲ့ အရာတွေ၊ ကင်ဆာဖြစ်စေတဲ့ အကြောင်းအရင်းတွေ၊ လက္ခဏာတွေ၊ စစ်ဆေး အဖြေရှာနည်းတွေ၊ ကုထုံးတွေ၊ ကာကွယ်နည်းတွေကို သိထားဖို့ လိုပါမယ်။ အဆိုပါ အကြောင်းအရာတွေအားလုံးကို ဒီကဏ္ဍမှာ ဖတ်ရှု့နိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ကင်ဆာရောဂါများ

HPV vaccine ထိုးပြီး ကာကွယ်လို့ရတဲ့ ကင်ဆာတွေ

ကင်ဆာ ဆိုတာကို ကြားလိုက်ရင် အရင်ဆုံး ခေါင်းထဲရောက်လာတဲ့ အတွေးက ငါတော့ သေရတော့မယ် ထင်တယ်ဆိုတာပါ။ အခုနောက်ပိုင်းမှာ ဆေးပညာတွေ တိုးတက်လာတာကြောင့် အချို့သော ကင်ဆာတွေကို ကုသနိုင်တယ်ဆိုပမယ့် ကင်ဆာ အပါအဝင် ဘယ်ရောဂါမှ မဖြစ်တာတော့ အကောင်းဆုံးပါ။ ဒီတစ်ခေါက်တော့ ကင်ဆာကို ကာကွယ်ပေးမယ့် ကာကွယ်ဆေးတစ်မျိုးဖြစ်တဲ့ HPV Vaccine က ကင်ဆာကို ဘယ်လို ကာကွယ်ပေးသလဲဆိုတဲ့အကြောင်း ပြောပြပေးချင်ပါတယ်။ HPV ဆိုတာ Human papillomavirus (HPV) ဆိုတာက လိင်ကနေတဆင့်ကူးစက်တဲ့ရောဂါ (STD) တစ်မျိုးပါ။ HPV ဗိုင်းရပ်စ်ကူးစက်ခံရမယ်ဆိုရင် အမျိုးသမီးတွေမှာ လိင်အင်္ဂါမှာ ကြွက်နို့ပေါက်တာ သားအိမ်ခေါင်းကင်ဆာဖြစ်တာမျိုးတွေခံစားရနိုင်ပါတယ်။ အမျိုးသားတွေမှာတော့ လိင်တံကင်ဆာဖြစ်နိုင်ပါတယ်။ စအိုနဲ့လည်ချောင်းလိုမျိုး ခန္ဓာကိုယ်အစိတ်အပိုင်းတွေမှာလည်း ကင်ဆာရောဂါတွေခံစားရနိုင်ပါတယ်။ Human papillomavirus (HPV) ဗိုင်းရပ်စ်ကူးစက်ခံရမှုက အမျိုးသမီးတွေမှာ အဖြစ်များပါတယ်။ ဒါကြောင့် […]

ကင်ဆာရောဂါများ ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကင်ဆာရောဂါများ ကို ရှာဖွေမည်။

ရင်သားကင်ဆာ

အမျိုးသားတွေရော ဘာကြောင့် ရင်သားကင်ဆာဖြစ်တာလဲ

ရင်သားကင်ဆာလို့ ပြောလိုက်ရင် အမျိုးသမီးတွေမှာအဖြစ်များတဲ့ ကင်ဆာရောဂါတစ်မျိုးဆိုတာကို လူအတော်များများသိကြမှာဖြစ်ပါတယ်။ အမျိုးသားတွေမှာလဲ ရင်သားကင်ဆာဖြစ်နိုင်တယ်ဆိုတာကို အရင်ကတော့ လူသိနည်းခဲ့ကြပါတယ်။ ခုချိန်မှာတော့ အမျိုးသားတွေမှာလည်း ရင်သားကင်ဆာဖြစ်နိုင်တယ်ဆိုတာကို သိတဲ့သူတွေများလာကြပါပြီ။ ဒီလိုသိတဲ့သူတွေကလည်း ရင်သားကင်ဆာဆိုတာ အမျိုးသမီးတွေမှာအဖြစ်များတဲ့ ဝေဒနာတစ်မျိုးမို့ ကိုယ့်မှာဖြစ်မှာကို သိပ်စိုးရိမ်တတ်ကြပါတယ်။ တကယ်တော့ အမျိုးသားတွေမှာဖြစ်တတ်တဲ့ ရင်သားကင်ဆာရောဂါ (Men Breast Cancer) ဟာ အကြမ်းဖျဉ်းအားဖြင့် အသက် ၃၅ အောက် အမျိုးသားတွေမှာ ဖြစ်လေ့ဖြစ်ထ သိပ်မရှိပါဘူး။ အလွန် အဖြစ်နည်းပါတယ်။ အမျိုးသားတစ်ယောက်ရဲ့ ရင်သားကင်ဆာဖြစ်နိုင်ချေဟာ အသက်အရွယ်ကိုလိုက်ပြီး မြင့်တက်လာလေ့ရှိပြီးတော့ များသောအားဖြင့်က အသက် ၆၀ နဲ့ ၇၀ ကြားမှာ အဖြစ်ပါတယ်။ ဘာကြောင့် အမျိုးသားတွေ ရင်သားကင်ဆာဖြစ်ကြတာလဲ လက်ရှိအချိန်အထိ အမျိုးသားတွေမှာ ရင်သားကင်ဆာဖြစ်စေတဲ့ အဓိက အကြောင်းအရင်းကို တိတိကျကျ ရှာဖွေဖော်ထုတ်နိုင်သေးခြင်းမရှိသေးပါဘူး။ ဒါပေမယ့် ဖြစ်စေဖို့ တွန်းအားဖြစ်စေတဲ့ […]


အခြားကင်ဆာများ

သားအိမ်ကင်ဆာ (Endometrial cancer)

သားအိမ်ကင်ဆာ လို့ပြောရင် သားအိမ်ရဲ့ အတွင်းသားကဖြစ်တာလား (endometrium)၊ ကြွက်သားက ဖြစ်တာလား(sarcoma)ဆိုပြီးနှစ်မျိုးရှိပါတယ်။ အဖြစ်များတာက သားအိမ်ရဲ့ အတွင်းသားက​နေဖြစ်တာပါ။ ဒါကြောင့် ဒီဆောင်းပါးမှာ သူ့အကြောင်းကိုပြောပါမယ်။ အမျိုးသမီး၁၀၀မှာ ၃ယောက်လောက်က သားအိမ်ကင်ဆာ ဖြစ်တတ်ပါတယ်။ ဒါပေမယ့် ကောင်းတဲ့အချက်က သူကပွားတာနှေးတဲ့အပြင် စောစောသိလို့ စောစောကုနိုင်ရင် အသက်ရှင်ဖို့အခွင့်အလမ်းပိုများပါတယ်။ သားအိမ်ကင်ဆာ ဖြစ်တဲ့အခါ ဘာလက္ခဏာတွေ ပြမှာလဲ။ တချို့တွေမှာ သားအိမ်ကင်ဆာ က တခြားနေရာကိုပျံ့တော့မှပဲ သိရတာပါ။ ဒါပေမယ့် တော်တော်များများက မိန်းမကိုယ်က သွေးဆင်းတဲ့လက္ခဏာပြတာကြောင့် စောစောသိကြတာများပါတယ်။ လက္ခဏာတွေကတော့ ပုံမမှန် သွေးဆင်းတာ သားအိမ်ကင်ဆာရဲ့ ၁၀ယောက်မှာ ၉ယောက်က ဒီလက္ခဏာပြပါတယ်။ သွေးမဆုံးခင်မှာတော့ ပုံမမှန် ဒါမှမဟုတ် သွေးဆင်းများတာ၊ ရာသီနှစ်ခုကြား ကြားဖောက်လာတာက အဓိကလက္ခဏာပါ။ သွေးဆုံးပြီးတဲ့သူတွေမှာ သွေးပြန်ဆင်းတာက လက္ခဏာပါ။ ဟော်မုန်းကုသမှုခံယူနေတဲ့သူတွေမှာလည်း သွေးဆင်းတတ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် သွေးဆုံးပြီးမှ သွေးပြန်ဆင်းရင် […]


အခြားကင်ဆာများ

အစာရေမျိုပြွန် ကင်ဆာ

အစာရေမျိုဆိုတာ ပိုက်လုံးနဲ့တူပါတယ်။ ပါးစပ်နဲ့ အစာအိမ်ကို ဆက်ထားပြီး အစာတွေကို သယ်ပို့ပေးပါတယ်။ အစာရေမျိုပြွန်တစ်လျှောက် ဘယ်နေရာမှာဖြစ်ဖြစ် ကင်ဆာဖြစ်နိုင်ပါတယ်။ အစာရေမျိုပြွန် ကင်ဆာ က ကမ္ဘာ့အဖြစ်အများဆုံးကင်ဆာတွေထဲမှာ နံပါတ်၆ချိတ်ပါတယ်။ အမျိုးသားတွေမှာပိုဖြစ်ပါတယ်။ ဘယ်သူတွေမှာဖြစ်မှာလဲ။ အစာရေမျိုပြွန် မှာရှိတဲ့ဆဲလ်တွေကို ခဏခဏဆွမိလို့ ဆဲလ်တွေ ခဏခဏပျက်စီးရင်ပိုဖြစ်ပါတယ်။ ဥပမာ GERDလို့ခေါ်တဲ့ စားချဉ်ရည်ပြန်တဲ့ရောဂါ စားချဉ်ရည်ခဏခဏပြန်တက်လို့ ဆဲလ်တွေပျက်စီးတာ (Barrett’s esophagus) ဆေးလိပ်အပါအဝင် ဆေးတံ၊ ဆေးပေါ့လိပ်သောက်တာ၊ဆေးရွက်ကြီးငုံတာ အဝလွန်တာ အရက်သောက်တာ သည်းခြေရည်ပြန်တက်တာ Achalasia (အစာရေမျိုပြွန်ကျဉ်းလို့ အစာ‌‌‌တွေ အစာအိမ်ထဲမရောက်တဲ့ရောဂါ) အလွန်ပူတဲ့အရည်တွေကို အရသာခံသောက်တာ အသီးအရွက်အစားနည်းတာ ရင်ဘတ်အပေါ်ပိုင်းကို ခဏခဏဓာတ်ရောင်ခြည်သင့်တာ ဘာလက္ခဏာတွေပြမှာလဲ။ အစောပိုင်းမှာဘာမှဖြစ်မှာမဟုတ်ပါဘူး။ နည်းနည်းကြာလာရင်တော့ အစာမျိုရခက်ပါမယ်။ စစချင်းတော့ အစာလည်ပင်းမှာကပ်နေတယ်လို့ ပြောပါမယ်။ အစာစားရင်သီးပါမယ်။ နောက်ပိုင်း အစာမာတွေကို မျိုရခက်ပါမယ်။ ဒီထက်ပိုဆိုးလာရင် အစာပျော့၊ အစာပျော့ကနေ ရေတောင် ကောင်းကောင်းမျိုနိုင်မှာမဟုတ်ပါဘူး။ […]


သွေးကင်ဆာ

သွေးကင်ဆာအကြောင်း သင်ဘယ်လောက်သိလဲ။

ကိုရီးယားကားတွေကြည့်လို့ မင်းသား ဒါမှမဟုတ် မင်းသမီး တစ်ယောက်ယောက်ကများ နှာခေါင်းသွေးလျှံနေပြီဆိုရင် "ဟယ် သူတော့ သွေးကင်ဆာ ဖြစ်နေပြီ။ သေတော့မှာပဲ။"ဆိုပြီး ပြောတတ်ကြပါတယ်။ ဆိုတော့ သွေးကင်ဆာ ဖြစ်ရင် ခန္ဓာကိုယ်ကနေ သွေးယိုတတ်တာကိုတော့ သိကြပါတယ်။ ဒါ့ပြင် ဘာဖြစ်နိုင်သေးလဲ။ သွေးကင်ဆာဖြစ်တိုင်း ရုပ်ရှင်ထဲကလိုသေရမှာလား ဆက်ကြည့်ရအောင်။ သွေးကင်ဆာဆိုတာဘာလဲ။ သွေးကင်ဆာဆိုတာ ခန္ဓာကိုယ်ရဲ့ သွေးဆဲလ်တွေထုတ်ပေးတဲ့ ရိုးတွင်းခြင်ဆီနဲ့ ပြန်ရည်စနစ်မှာရှိတဲ့ဆဲလ်တွေ ပွားပြီးကင်ဆာဖြစ်တာပါ။ များသောအားဖြင့်တော့ သွေးဖြူဥဆဲလ်တွေ ပွားတာများပါတယ်။ ပုံမှန်မဟုတ်တဲ့ ဆဲလ်တွေပွားတာကြောင့် ဆဲလ်တွေသာများလာတယ်။ အလုပ်ကတော့ မလုပ်နိုင်ပါဘူး။ အမျိုးအစားတွေလည်း အများကြီးရှိပါတယ်။ တချို့က​ ကလေးတွေမှာအဖြစ်များပါတယ်။ တချို့က လူကြီးတွေမှာ ပိုဖြစ်ပါတယ်။ သွေးကင်ဆာဘယ်နှစ်မျိုးရှိလဲ။ ပွားတဲ့နှုန်းပေါ်မူတည်ပြီး Acute leukemia Chronic leukemia ပါဝင်တဲ့ သွေးဖြူဥပေါ်မူတည်ပြီး Lymphoid leukemia Myelogenous leukemia နှစ်မျိုးပေါင်းလိုက်တဲ့အခါ Acute lymphocytic leukemia […]


အဆုတ်ကင်ဆာ

လူတိုင်းသိသင့်တဲ့ အဆုတ်ကင်ဆာ အန္တရာယ်

အဆုတ်ကင်ဆာ ဆိုတာ အမေရိကန်အပါအဝင် ကမ္ဘာ့နိုင်ငံအတော်များများမှာ ထိပ်ဆုံးမှာရှိနေပါတယ်။ အမျိုးသားရော အမျိုးသမီးမှာပါ ဖြစ်ပါတယ်။ အဆုတ်ကင်ဆာဖြစ်နှုန်းက ဆီးကျိတ်ကင်ဆာ (အမျိုးသမီးတွေမှာတွေမှာဆိုရင် ရင်သားကင်ဆာ)၊ အူမကြီးကင်ဆာ၊ ပန်ကရိယကင်ဆာ၊ အသည်းကင်ဆာ(အမျိုးသမီးတွေမှာဆိုရင် သားဥအိမ်ကင်ဆာ)စတာတွေ ပေါင်းထားတာထက်တောင်များပါသေးတယ်။ ဒီနေ့ခေတ်မှာ ဆေးလိပ်တွေ အသောက်များလာတာကတစ်ကြောင်း၊ လေထုညစ်ညမ်းလာတာကတစ်ကြောင်း အဆုတ်ကင်ဆာဖြစ်ဖို့ အခွင့်အလမ်းပိုများလာပါပြီ။ ဒါကြောင့် အဆုတ်ကင်ဆာနဲ့ ပတ်သတ်ပြီး သိထားသင့်တာတွေကို ‌ပြောပြပေးသွားပါမယ်။ အဆုတ်ကင်ဆာ ဘာကြောင့်ဖြစ်တာလဲ။ ဆေးလိပ်သောက်တိုင်း အဆုတ်ကင်ဆာ မဖြစ်သလို အဆုတ်ကင်ဆာဖြစ်တိုင်းလည်း ဆေးလိပ်သောက်တာကြောင့် မဟုတ်ပါဘူး။ ဒါပေမယ့် အဆုတ်ကင်ဆာရဲ့ ၉၀ရာခိုင်နှုန်းက ဆေးလိပ်သောက်လို့ပါ။ တခြားအကြောင်းအရင်းတွေလည်းရှိပါတယ်။ တစ်ခါတစ်လေ အကြောင်းရင်း ရှာမရတာတွေလည်း ရှိနိုင်ပါတယ်။ ဆေးလိပ်သောက်ခြင်း ဆေးလိပ်မှာကင်ဆာဖြစ်စေတဲ့ဓာတ်ပေါင်းစုံပါဝင်ပါတယ်။ ဒါတွေက အဆုတ်မှာရှိတဲ့ ဆဲလ်တွေကိုပျက်စီးစေပါတယ်။ ခန္ဓာကိုယ်က စစချင်းတော့ ပြန်ပြင်နိုင်ပါသေးတယ်။ ဒါပေမယ့်ကြာလာတဲ့အခါ ပြန်မပြင်နိုင်တော့ဘဲ အဆုတ်ကင်ဆာအဖြစ်ကို ပြောင်းသွားပါတယ်။ သောက်တဲ့ […]


အသည်းကင်ဆာ

အသည်းကင်ဆာ နဲ့ပတ်သတ်ပြီးသိသင့်သမျှ

အသည်းကင်ဆာ နဲ့ပတ်သတ်ပြီး လူတော်တော်များများကြားဖူးကြတာက အရက်သောက်ရင် အသည်းခြောက်တယ်။ အသည်းကင်ဆာဖြစ်တတ်တယ်။ ဒါလည်းမှန်ပါတယ်။ တကယ်တော့ အသည်းကင်ဆာလို့‌‌ပြောလိုက်ရင် အမျိုးအစား အများကြီးရှိပါတယ်။ အသည်းဆဲလ်က ဖြစ်တာလား။ သည်းခြေပြွန်ကဖြစ်တာလား။ သွေးကြောကဖြစ်တာလား။ ကလေးတွေရဲ့ အသည်းဆဲလ်နုနုလေးတွေမှာဖြစ်တာလား။ အသည်းကစဖြစ်တာလား။ တခြားကင်ဆာကနေ ပျံ့လာတာလား စသဖြင့်ပေါ့။ ခုပြောမှာက အသည်းဆဲလ်ကဖြစ်တဲ့ ကင်ဆာကို ‌‌ပြောပြပေးမှာပါ။ အသည်းဆဲလ်ကဖြစ်တဲ့ အသည်းကင်ဆာ (Hepatocelluar carcinoma) ဒီအသည်းကင်ဆာက မြန်မာနိုင်ငံမှာအဖြစ်များတဲ့ ကင်ဆာတွေထဲက တစ်ခုပါ။ လူလတ်ပိုင်းတွေမှာအဖြစ်များပါတယ်။ အရင်က အမျိုးသားတွေမှာပဲ အတွေ့ရများပါတယ်။ အခုတော့ အမျိုးသမီးတွေမှာပါ အတွေ့ရများနေပါပြီ။ ဘာကြောင့်ဖြစ်ရတာလဲ။ စာလိုပြောရရင် အသည်းဆဲလ်မှာရှိတဲ့ ဒီအန်အေမျိုးဗီဇပြောင်းပြီး အဆမတန် ပွားလို့ ကင်ဆာကြိတ်ဖြစ်ရတာပါ။ ကင်ဆာဖြစ်တဲ့အကြောင်းအရင်းကို တစ်ခါတစ်လေ သိပေမယ့် တစ်ခါတစ်လေ ရှာမတွေ့ပါဘူး။ အောက်က အချက်တွေရှိရင်တော့ ကင်ဆာဖြစ်နိုင်ချေများပါတယ်။ နာတာရှည် အသည်းရောင်အသားဝါဘီပိုး၊ စီပိုး အသည်းရောင် အသားဝါပိုးရှိတာကို […]


အခြားကင်ဆာများ

ကင်ဆာရောဂါ ကာကွယ်နိုင်မယ့် နည်းလမ်းကောင်းများ

ကင်ဆာရောဂါ ဆိုတာ အသိနောက်ကျတာများပါတယ်။ အသိနောက်ကျရင် ကုသရခက်လို့ စောစောသိအောင်ကြိုးစားကြပါလို့ ပြောပါတယ်။ ဒီ့ထက်ပိုကောင်းတာက ကာကွယ်တာပါ။ ကာကွယ်ခြင်းက ကုသခြင်းထက်ပိုကောင်းပါတယ်။ ကင်ဆာရောဂါကာကွယ် လို့ရလားလို့မေးစရာရှိပါတယ်။ တချို့သောကင်ဆာတွေက ကိုယ့်ရဲ့နေထိုင်စားသောက်ပုံကို ပြောင်းလဲလိုက်တာနဲ့ အတိုင်းအတာတစ်ခုအထိ ကာကွယ်နိုင်ပါတယ်။ ဒီဟာတွေလိုက်လုပ်လို့ ကင်ဆာလုံးဝမဖြစ်တာတော့မဟုတ်ပါဘူး။ အတိုင်းအတာတစ်ခုအထိ ဖြစ်နိုင်ချေလျော့ကျသွားမှာတော့ သေချာပါတယ်။ ဒါကြောင့် ဒီလွယ်ကူတဲ့ နည်းလမ်းတွေကို လိုက်လုပ်ကြည့်ရအောင်။ ကင်ဆာရောဂါ ကာကွယ်နိုင်ဖို့ (၁) ဆေးလိပ်ဖြတ်ပါ။ ဆေးလိပ်အပါအဝင် ဆေးရွက်ကြီးအုပ်စုက ကင်ဆာရောဂါ ပေါင်းများစွာကို ဖြစ်စေပါတယ်။ ဆေးလိပ်က အဆုတ်ကင်ဆာ၊ ခံတွင်းကင်ဆာ၊ လည်ချောင်းကင်ဆာ၊ အသံအိုးကင်ဆာ၊ ပန်ကရိယကင်ဆာ၊ ဆီးအိမ်ကင်ဆာ၊ သားအိမ်ခေါင်းကင်ဆာနဲ့ ကျောက်ကပ်ကင်ဆာကို ဖြစ်စေပါတယ်။ ဆေးရွက်ကြီးဝါးတာ၊ ကွမ်းစားတာကတော့ ပါးစောင်ကင်ဆာနဲ့ ပန်ကရိယကင်ဆာကို ဖြစ်စေပါတယ်။ ဆေးလိပ်ကို ကိုယ်တိုင်သောက်တာအပြင် သူများသောက်တာကို ရှူမိရင်လည်း အလားတူပဲ ဖြစ်နိုင်ပါတယ်။ ဒါကြောင့် ကင်ဆာရောဂါကာကွယ်ဖို့ […]


ဆီးကျိတ်ကင်ဆာ

အမျိုးသားတွေမှာ အဖြစ်များတဲ့ ဆီးကျိတ်ကင်ဆာ

ဆီးကျိတ်ကင်ဆာ အကြောင်းကို မပြောခင် ဆီးကျိတ်အကြောင်းအရင်ပြောပြပါမယ်။ ဆီးကျိတ် ဆိုတာ အမျိုးသားတွေမှာပဲရှိတာပါ။ ဆီးအိမ်အောက်မှာရှိပြီး ဆီးပြွန်ကို ပတ်ထားပါတယ်။ သစ်ချသီးပုံစံရှိပါတယ်။ သုတ်ရည်ကိုထုတ်ပေးပါတယ်။ အမေရိကန်မှာရှိတဲ့စစ်တမ်းတွေအရ ဆီးကျိတ်ကင်ဆာ ဟာ အမျိုးသားတွေမှာ ဒုတိယအဖြစ်အများဆုံးကင်ဆာပါ။ အသက်၆၀ကျော်အမျိုးသားတွေမှာ ၁၄ယောက် ၁ယောက်ဒါကြောင့် သတိထားရပါမယ်။ ဘာလက္ခဏာတွေခံစားရမလဲ။ ကြိုသိနိုင်မလား။ ကုလို့ရမလားစတဲ့အချက်တွေကို သိထားရပါမယ်။ ဘာလက္ခဏာတွေခံစားရမှာလဲ။ ဆီးကျိတ်ကင်ဆာက ကနဦးအဆင့်ဆိုရင် ဘာလက္ခဏာမှမပြတတ်ပါဘူး။ နည်းနည်းရင့်လာမှသာ လက္ခဏာပြတတ်ပါတယ်။ ပြတဲ့လက္ခဏာကလည်း ရိုးရိုးသာမန်ဆီးကျိတ်ကြီးတာနဲ့တူပါတယ်။ ဒါကြောင့် ဒီလက္ခဏာတွေခံစားနေရရင် ဆရာဝန်နဲ့ပြဖို့လိုပါတယ်။ ဆီးသွားရခက်တာ ဆီးကျန်ပြီး ခဏခဏသွားချင်တာ ဆီးထဲမှာသွေးပါတာ ဆီးသွားအားပျော့တာ သုတ်ရည်ထဲမှာသွေးပါတာ ဆီးအိမ်နေရာမှာ နေလို့မကောင်းတာ ခါးအောက်ပိုင်း၊ တင်ပါးနဲ့ ပေါင်တွေနာတာ အရိုးနာတာ လိင်တံမထောင်မတ်နိုင်တာ သုတ်လွှတ်ရင်နာတာ အစားအသောက်ပျက်တာ၊ ကိုယ်အလေးချိန်ကျတာ စတဲ့လက္ခဏာတွေကို သတိထားပါ။ ဘာလို့ဖြစ်ရတာလဲ။ ဆီးကျိတ်ကင်ဆာဖြစ်ရတဲ့အကြောင်းအရင်းကို သေသေချာချာမသိရသေးပါဘူး။ မျိုးရိုးဗီဇ၊ ပတ်ဝန်းကျင်က […]


ရင်သားကင်ဆာ

ရင်သားကင်ဆာ တူတူစစ်ဆေးကြမယ်။

ရင်သားကင်ဆာ က သားအိမ်ခေါင်းကင်ဆာလိုမျိုး ကာကွယ်ဆေးထိုးပြီး ကာကွယ်လို့မရပါဘူး။ ဒါပေမယ့် စောစောသိအောင်တော့ စစ်ဆေးလို့ရပါတယ်။ အရွယ်ရောက်ပြီးသားအမျိုးသမီးတွေက တစ်လတစ်ခါလောက် ကိုယ့်ရင်သားကို စစ်ဆေးသင့်ပါတယ်။ ၄၀ရာခိုင်နှုန်းသော ရင်သားကင်ဆာတွေက အမျိုးသမီးတွေ ကိုယ့်ဟာကိုယ်စစ်ဆေးရာက သိလာတာပါ။ ဒါကြောင့် ပုံမှန်စစ်ဆေးဖို့ လိုပါတယ်။ ရင်သားဓာတ်မှန်ကရောလို့ မေးစရာရှိပါတယ်။ ရင်သားဓာတ်မှန်က အလုံးအကျိတ်ကိုမစမ်းမိခင်မှာဘဲ ကင်ဆာကို ရှာဖွေနိုင်ကြောင့် ပိုကောင်းပါတယ်။ ဒါပေမယ့် ရင်သားဓာတ်မှန်ကို မရိုက်ဖြစ်တဲ့သူတွေအတွက် ရင်သားကို ကိုယ်တိုင်ပုံမှန်စစ်ဆေးတာက မိမိရင်သားရဲ့ အနေအထားကိုပိုပြီးသိစေပါတယ်။ တစ်ခုခုပြောင်းလဲတာကို အချိန်မီသိနိုင်ပါတယ်။ ဘယ်လိုစစ်ဆေးကြမလဲ။ အဆင့်(၃)ဆင့်ရှိပါတယ်။ မှန်ရှေ့မှာစမ်းနည်း ခါးအထက်ပိုင်းမှာ ဘာမှမဝတ်ဘဲ ကိုယ်လုံးပေါ်မှန်ရှေ့ရပ်ပါ။ အလင်းရောင်ကောင်းကောင်းရပါစေ။ ရင်ဘတ်ကိုကြည့်ပါ။ နှစ်ဖက်ဆိုဒ်မတူလို့ လန့်မသွားပါနဲ့။ အမျိုးသမီးတွေတော်တော်များများက ဒီလိုပါပဲ။ လက်နှစ်ဖက်ကို ဘေးချပြီး ဆိုဒ်၊ ပုံစံ၊ အနေအထား၊ အပေါ်ယံအရေပြားကို ကြည့်ပါ။ အရေပြားချိုင့်တာ၊ လိမ္မော်ခွံလိုဖြစ်နေတာ၊ အနာဖြစ်တာ၊ […]


သားအိမ်ခေါင်းကင်ဆာ

သားအိမ်ခေါင်းကင်ဆာ ဘာကြောင့်ဖြစ်တာ

သားအိမ်ခေါင်းကင်ဆာဆိုတာ အမျိုးသမီးတွေမှာ အတွေ့ရများတဲ့ ရောဂါတစ်ခုပါ။ ဒီဆောင်းပါးမှာ ဘာကြောင့်ဖြစ်တာလဲ၊ ဘယ်လိုကာကွယ်ကြမလဲဆိုတာတွေကို ပြောပြပေးသွားပါမယ်။ လက္ခဏာများ ဘာကြောင့်ဖြစ်တာလဲဆိုတာ မပြောခင် သားအိမ်ခေါင်းကင်ဆာရဲ့ လက္ခဏာတွေကို အရင်ပြောပြပေးပါ့မယ်။ သားအိမ်ခေါင်းကင်ဆာက ကနဦးအဆင့်မှာဆိုရင် ရောဂါလက္ခဏာမပြတတ်ပါဘူး။ ဒါကြောင့် တော်တော်များများက မသိကြတာပါ။ အောက်က လက္ခဏာတွေပြပြီဆိုရင်တော့ ကင်ဆာအဆင့်မြင့်နေပါပြီ။ -အတူနေပြီး သွေးဆင်းတာ၊ ရာသီနှစ်ခုကြားဖောက်ပြီး သွေးဆင်းတာ၊ သွေးဆုံးပြီးမှ သွေးပြန်ဆင်းတာ -မိန်းမကိုယ်ကနေ အဖြူဆင်းတာ သွေးစတွေပါလာတာ၊ များတာ၊ အနံ့ဆိုးတာ -ဆီးစပ်ကိုက်တာ၊ အတူနေစဉ် မိန်းမကိုယ်နာတာ စတာတွေပဲ ဖြစ်ပါတယ်။ ဒီလို လက္ခဏာတွေဖြစ်တယ်။ ကိုယ့်ဟာကိုယ်လည်း ဘာဖြစ်မှန်း မသေချာဘူးဆိုရင် ဆရာဝန်နဲ့ ပြသင့်ပါတယ်။ ဖြစ်ရတဲ့အကြောင်းရင်း သားအိမ်ခေါင်းကင်ဆာက ဘာလို့ဖြစ်ရတာလဲဆိုတာ အတိအကျမသိကြပါဘူး။ HPVဗိုင်းရပ်စ်ကြောင့်လို့ ပြောပေမယ့် ဒီဗိုင်းရပ်စ်ရှိတိုင်း သားအိမ်ခေါင်းကင်ဆာ မဖြစ်ပါဘူး။ ပြောချင်တာက HPVဗိုင်းရပ်စ်အပြင် တခြားသော အကြောင်းအရာတွေကပါ သားအိမ်ခေါင်းကင်ဆာဖြစ်ဖို့ ဝိုင်းပြီးအားပေးနေကြတာပါ။ အဲဒါတွေကတော့ -လိင်ဆက်ဆံဖော်များတာ : သင့်မှာများတာပဲဖြစ်ဖြစ်၊ သင့်ဆက်ဆံဖော်မှာများတာပဲဖြစ်ဖြစ် […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း