ကင်ဆာရောဂါများ

ကင်ဆာကို သိရှိနိုင်စေမယ့် နည်းလမ်းတွေက အများကြီးပါ။ လူတစ်ယောက်နဲ့ တစ်ယောက်လည်း မတူနိုင်ပါဘူး။ လူတိုင်း အသက်အရွယ်တိုင်းမှာ ဖြစ်နိုင်ပါတယ်။ ဒါကြောင့် လူတိုင်း ကင်ဆာ ဖြစ်စေနိုင်တဲ့ အရာတွေ၊ ကင်ဆာဖြစ်စေတဲ့ အကြောင်းအရင်းတွေ၊ လက္ခဏာတွေ၊ စစ်ဆေး အဖြေရှာနည်းတွေ၊ ကုထုံးတွေ၊ ကာကွယ်နည်းတွေကို သိထားဖို့ လိုပါမယ်။ အဆိုပါ အကြောင်းအရာတွေအားလုံးကို ဒီကဏ္ဍမှာ ဖတ်ရှု့နိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ကင်ဆာရောဂါများ

HPV vaccine ထိုးပြီး ကာကွယ်လို့ရတဲ့ ကင်ဆာတွေ

ကင်ဆာ ဆိုတာကို ကြားလိုက်ရင် အရင်ဆုံး ခေါင်းထဲရောက်လာတဲ့ အတွေးက ငါတော့ သေရတော့မယ် ထင်တယ်ဆိုတာပါ။ အခုနောက်ပိုင်းမှာ ဆေးပညာတွေ တိုးတက်လာတာကြောင့် အချို့သော ကင်ဆာတွေကို ကုသနိုင်တယ်ဆိုပမယ့် ကင်ဆာ အပါအဝင် ဘယ်ရောဂါမှ မဖြစ်တာတော့ အကောင်းဆုံးပါ။ ဒီတစ်ခေါက်တော့ ကင်ဆာကို ကာကွယ်ပေးမယ့် ကာကွယ်ဆေးတစ်မျိုးဖြစ်တဲ့ HPV Vaccine က ကင်ဆာကို ဘယ်လို ကာကွယ်ပေးသလဲဆိုတဲ့အကြောင်း ပြောပြပေးချင်ပါတယ်။ HPV ဆိုတာ Human papillomavirus (HPV) ဆိုတာက လိင်ကနေတဆင့်ကူးစက်တဲ့ရောဂါ (STD) တစ်မျိုးပါ။ HPV ဗိုင်းရပ်စ်ကူးစက်ခံရမယ်ဆိုရင် အမျိုးသမီးတွေမှာ လိင်အင်္ဂါမှာ ကြွက်နို့ပေါက်တာ သားအိမ်ခေါင်းကင်ဆာဖြစ်တာမျိုးတွေခံစားရနိုင်ပါတယ်။ အမျိုးသားတွေမှာတော့ လိင်တံကင်ဆာဖြစ်နိုင်ပါတယ်။ စအိုနဲ့လည်ချောင်းလိုမျိုး ခန္ဓာကိုယ်အစိတ်အပိုင်းတွေမှာလည်း ကင်ဆာရောဂါတွေခံစားရနိုင်ပါတယ်။ Human papillomavirus (HPV) ဗိုင်းရပ်စ်ကူးစက်ခံရမှုက အမျိုးသမီးတွေမှာ အဖြစ်များပါတယ်။ ဒါကြောင့် […]

ကင်ဆာရောဂါများ ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကင်ဆာရောဂါများ ကို ရှာဖွေမည်။

အရေပြားကင်ဆာ

မှဲ့ကင်ဆာ ကို ကာကွယ်မယ်ဆိုရင်

မှဲ့က ဘယ်နားမှာ ရှိနေရင် စီးပွားတက်တယ်တို့ လူချစ်လူခင်များတယ်တို့ ဆိုပြီး ဖတ်ဖူးကြတယ်မလား။ မှဲ့ကနေ ကင်ဆာ ဖြစ်နိုင်တယ်ဆိုတာရော သိကြပါသလား။ ဒါကို ဆေးပညာအရ Melanoma လို့ ခေါ်ပါတယ်။ မှဲ့ကင်ဆာ က အရေပြားကင်ဆာ အမျိုးအစားထဲမှာ ပါပါတယ်။ ဒါပေမယ့် အရေပြားမှာ ဖြစ်တဲ့အတွက် စောစောသိရင် စောစောကုလို့ရပါတယ်။ ဒါကြောင့် မှဲ့ကင်ဆာရဲ့ လက္ခဏာတွေ၊ ကာကွယ်နိုင်မယ့်နည်းလမ်းတွေကို သိထားဖို့ လိုပါတယ်။ မှဲ့ကင်ဆာရဲ့ လက္ခဏာတွေ မှဲ့ကင်ဆာက နေရောင်နဲ့ အတွေ့များတဲ့ မျက်နှာ၊ လက်မောင်း၊ ခြေထောက်နဲ့ ကျောတွေမှာ အတွေ့ရများပါတယ်။ ရှားရှားပါးပါး နေရာင် မထိတဲ့ ခြေဖဝါး၊ လက်ဖဝါးနဲ့ လက်သည်းကြားမှာ ဖြစ်တာလည်း ရှိပါတယ်။ ဒါမျိုးကတော့ အသားညိုတဲ့ သူတွေမှာ ပိုအဖြစ်များပါတယ်။ မှဲ့ကင်ဆာရဲ့ အစောဆုံးလက္ခဏာက နဂိုရှိပြီးသားမှဲ့ ပုံစံပြောင်းလာတာ […]


ဆီးကျိတ်ကင်ဆာ

ဝိတ်တက်လေ ဆီးကျိတ်ကင်ဆာဖြစ်နိုင်ခြေများလေတဲ့နော်

ကိုယ်အလေးချိန် မြင့်မားလာပြီဆိုရင် ကျန်းမာရေးဆိုင်ရာ ပြဿနာတွေ နောက်တက်ဆွဲအနေနဲ့ စိတ်ပူရ စိုးရိမ်ရလာပါပြီ။ အဝလွန်နေသူတွေဟာ နှလုံး၊ သွေးတိုး၊ ဆီးချိုနဲ့ ကင်ဆာရောဂါတစ်ချို့ စွဲကပ်နိုင်တယ်လို့ ဆေးပညာရှင်တွေက ဆိုထားကြပါတယ်။ ဒီလို အဝလွန်မှုကြောင့် ဖြစ်လာနိုင်တဲ့ ရောဂါဝေဒနာတွေထဲမှာ ဆီးကျိတ်ကင်ဆာ (Prostate Cancer) ဟာလည်း တစ်ခုအပါအဝင် ဖြစ်လာပါတယ်။ ဆေးသိပ္ပံပညာရှင်တွေ နောက်ဆုံးလေ့လာထားတဲ့ လေ့လာချက်တွေအရ ဆိုရင် ကိုယ်အလေးချိန်မြင့်မားမှုနဲ့ ဆီးကျိတ်ကင်ဆာတို့ဟာ တိုက်ရိုက်ပတ်သက်နေတယ်လို့ ခိုင်ခိုင်မာမာ ဆိုထားပါတယ်။ လူပေါင်း ၈၃၁၀၀၀ ကို လေ့လာထားတဲ့ သုတေသန ၁၅ ခုရဲ့ ရလဒ်တွေအရ အဝလွန်ခြင်းဟာ ဆီးကျိတ်ကင်ဆာဖြစ်စေနိုင်လောက်တဲ့ အန္တရာယ်တစ်မျိုး ဖြစ်တယ်လို့ ဆိုထားပါတယ်။ ဒီလေ့လာချက်တွေမှာပါဝင်ခဲ့သူတွေထဲက ၅၂၀၀၀ လောက်ဟာ ဆီးကျိတ်ကင်ဆာ ဝေဒနာ ခံစားနေရပြီး အများစုဟာလည်း ရောဂါဖြစ်လာနိုင်တဲ့ လက္ခဏာတွေ ပြသနေကြတယ်လို့ ဆိုပါတယ်။ BMI (body […]


သားအိမ်ခေါင်းကင်ဆာ

သားအိမ်ခေါင်းကင်ဆာနှင့် ပတ်သက်သော မေးခွန်းလေးများ

သားအိမ်ခေါင်းကင်ဆာ၊ သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေး နဲ့ပတ်သက်ပြီး အမေးများတဲ့ မေးခွန်းလေးတွေကို ‌‌ဝေမျှပေးလိုက်ပါတယ်။ သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးကို အိမ်ထောင်သည် အမျိုးသမီးတွေထိုးလို့ရပါသလား။ သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေးက အမျိုးသမီးတိုင်းနဲ့ သင့်တော်ပါတယ်။ ဒါပေမယ့် အိမ်ထောင်ကျပြီးသွားပြီဆိုရင်တော့ သားအိမ်ခေါင်းကင်ဆာစစ်ဆေးတဲ့နည်းက ပိုထိရောက်မှု ရှိမှာပါ။ အကယ်၍ အပျိုဖော်အရွယ် သမီးရှိရင်တော့ သူ့ကို ဉီးစားပေးလိုက်တာက ပိုသင့်တော်ပါတယ်။ ကာကွယ်ဆေးဆိုသည့်အတိုင်း လိင်ဆက်ဆံမှု မရှိခင် ထိုးတာက ပိုမို ထိရောက်နိုင်ပါတယ်။ သားအိမ်ခေါင်းကင်ဆာ စစ်ဆေးတဲ့နည်းကရော အမျိုးသမီးတိုင်းစစ်လို့ရပါသလား။ သားအိမ်ခေါင်းကင်ဆာကာကွယ်နည်းဆိုတာ ကင်ဆာ မဖြစ်ခင် အကြို စစ်ဆေးခြင်း ဖြစ်ပါတယ်။ ကာကွယ်ဆေးထိုးပြီးလည်း စိတ်ချထားလို့ မရပါဘူး။ အိမ်ထောင် ကျပြီးတဲ့ အမျိုးသမီးများ တစ်သက်တာလျှင် အနည်းဆုံးတစ်ကြိမ် စစ်ဆေးမှုခံယူသင့်ပါတယ်။ ဘယ်စစ်ဆေးနည်းက အကောင်းဆုံးပါလဲ။ စစ်ဆေးနည်းအမျိုးမျိုးရှိရာ တစ်ခုနဲ့ တစ်ခု အားသာချက် အားနည်းချက် မတူပါဘူး။ မစစ်ခင် နီးစပ်ရာ ဆရာ၀န် နဲ့ တိုင်ပင်ဆွေးနွေးခြင်းကအကောင်းဆုံးပါ။ သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေးက […]


သားအိမ်ခေါင်းကင်ဆာ

ညီမငယ်တို့ သိထားသင့်တဲ့ သားအိမ်ခေါင်းကင်ဆာ ကာကွယ်မှု

သားအိမ်ခေါင်းကင်ဆာ အကြောင်း ညီမငယ်တို့ ကြားဖူးကြမှာပေါ့။ မိန်းကလေးတွေအတွက် သိပ်ကို အဖြစ်များပြီး အန္တရာယ်များတဲ့ ဒီရောဂါကို ကြိုတင် ကာကွယ်လို့ ရတယ်ဆိုတာရော သိထားပြီးပြီလား။ ဒီအကြောင်းကို ပြောပြချင်လို့ Cervarix ကာကွယ်ဆေးကို ဥပမာပေး ရှင်းပြသွားပါမယ်နော်။ Cervarix Cervarix ဆိုတာ သားအိမ်ခေါင်းကင်ဆာ ဖြစ်စေနိုင်တဲ့ Human papillomavirus (HPV) ဗိုင်းရပ်စ်အမျိုးအစားတွေ ဖြစ်တဲ့ HPV 16 နဲ့ HPV 18 တို့ကို ကာကွယ်ပေးနိုင်တဲ့ ကာကွယ်ဆေးတစ်မျိုး ဖြစ်ပါတယ်။Cervarix ကာကွယ်ဆေးကို အသက် ၉နှစ်ကနေ ၂၅ နှစ်အတွင်း မိန်းကလေးတွေမှာ ထိုးပေးနိုင်ပါတယ်။ HPV ကူးစက်ခံရတာက အဖြစ်များကြပါတယ်။ ဒီဗိုင်းရပ်စ်ဟာ လိင်ဆက်ဆံမှုက တဆင့် ကူးစက်နိုင်တဲ့ရောဂါပိုး ဖြစ်ပါတယ်။ ဒါပေမယ့် ကူးစက်ခံရတဲ့အမျိုးသမီးတိုင်းမှာ သားအိမ်ခေါင်းကင်ဆာ မဖြစ်နိုင်ပါဘူး။ သားအိမ်ခေါင်းကင်ဆာ ဖြစ်စေနိုင်တဲ့ […]


အသည်းကင်ဆာ

အသောက်ဝါသနာ ကြောင့် ချို့ယွင်းလာမယ့် ကျန်းမာရေး

“ အရက် ကို ကြိုက်လို့သောက်တဲ့သူ၊ စိတ်ပျော်တတ်လို့ သောက်တဲ့သူ၊ သောက်ပစ်လိုက်မယ် အရက်များများ” တဲ့။ အမယ် သီချင်းကတော့ အဟုတ်ပဲနော်။ အရင်ခေတ်က ဇာတ်ကားတွေထဲ ဆိုတတ်ကြတဲ့ သီချင်းစာသားဟောင်းလေးပါ။ ပုလင်းလေးကိုင်ပြီး ရမ်းခါ လမ်းလျှောက်ကြတဲ့ အာလေးလျှာလေးသံတွေ ခေတ်ကနေ ခုတော့ ဘီယာဆိုင်တွေ၊ ဘားတွေ မှာ စမတ်ကျကျ မူးတတ်နေကြပြီကော။ အဖော်ကောင်းလို့ သောက်တာပါ ဘော်ဒါတွေ ဆုံလို့၊ သူတို့အတင်းခေါ်လို့၊ ပျော်ပွဲခံဖို့၊ စိတ်ပင်ပန်းလို့ စတဲ့ အကြောင်းကြောင်းတွေ ကြောင့် စုပြီး သောက်ကြ၊ ပျော်ရွှင်ကြတဲ့ အပန်းဖြေနည်းလမ်းတစ်ခု ဖြစ်လာတာလေ။ ဒါပေမယ့် တစ်ခါတလေ stress ဖြေရာကနေ အမြဲလိုလို ပုံမှန်သောက်ဖြစ်လာတဲ့အခါ လူ့ခန္ဓာကိုယ်က ဒီတိုင်း ကျန်နေမယ် ထင်နေပါသလား… ရေရှည်ဖြစ်ဖြစ်၊ ရေတိုဖြစ်ဖြစ် အရက်၊ ဘီယာတွေကြောင့် ခန္ဓာကိုယ်မှာ ဖြစ်လာမယ့် ဆိုးကျိုးတွေကို […]


ဆီးကျိတ်ကင်ဆာ

တက်စတိုစထရုန်းဟာ ဆီးကျိတ်ကင်ဆာကို ဖြစ်စေသလား

အမျိုးသားများ တက်စတိုစထရုန်းဟော်မုန်း အစားထိုးကုသခြင်းဟာ ဆီးကျိတ်ကင်ဆာဖြစ်နိုင်ခြေကို မြင့်တက်စေတယ်လို့ ဆိုကြပါတယ်။ တက်စတိုစထရုန်းဟာ ကျားဟော်မုန်းဖြစ်ပြီး ဝှေးစေ့ကနေ ထုတ်လုပ်ပါတယ်။ အမျိုးသမီးတွေဆီမှာလည်း တက်စတိုစထရုန်းထုတ်လုပ်တာ ရှိပါတယ်။ ဒါပေမယ့် ပမာဏ နည်းပါးပါတယ်။ တက်စတိုစထရုန်းဟာ အမျိုးသားတွေအတွက် အောက်ပါကိစ္စရပ်တွေမှာ အသုံးဝင်ပါတယ်။ - သုက်ပိုးထုတ်လုပ်ပေးခြင်း - ကြွက်သားများနှင့်အရိုး၏ ထုထည်တောင့်တင်းစေခြင်း - မျက်နှာနှင့် ကိုယ်ခန္ဓာအမွေးအမျှင်များ ပေါက်လာစေခြင်း - လိင်စိတ်လှုံ့ဆော်ပေးခြင်း - သွေးနီဆဲလ်များထုတ်လုပ်ပေးခြင်း တက်စတိုစထရုန်းဆေးပေးကုသခြင်းဟာ အဆိုပါဟော်မုန်းနည်းပါးနေတဲ့ အမျိုးသားများအတွက်တော့ လိင်မှုစွမ်းရည်ကို တိုးမြှင့်ပေးပြီး ဘဝရဲ့အရည်အသွေးကို မြှင့်တင်ပေးခြင်းတမျိုးပါပဲ။ ဒါပေမယ့် နောက်ပိုင်းမှာ တက်စတိုစထရုန်းဟာ ဆီးကျိတ်ကင်ဆာကို ဖြစ်ပေါ်နိုင်ခြေရှိတယ်လို့ ယူဆလာကြပါတယ်။ တက်စတိုစထရုန်းနဲ့ ဆီးကျိတ်ကင်ဆာကြားက ဆက်နွယ်မှုကို ၁၉၄၀ ဝန်းကျင်လောက်ကတည်းက တွေ့ရှိခဲ့ကြပါတယ်။ တက်စတိုစထရုန်းဟော်မုန်း လျော့နည်းသွားတဲ့အခါ ဆီးကျိတ်ကင်ဆာ ကြီးထွားမှုလျော့နည်းသွားတတ်ကြောင်း တွေ့ခဲ့ကြပါတယ်။ ဒါ့အပြင် တက်စတိုစထရုန်း ဟော်မုန်းပေးပြီး ကုသမှုတွေမှာလည်း ဆီးကျိတ်ကင်ဆာ ကြီးလာတတ်ကြောင်း တွေ့ရှိခဲ့ကြပါတယ်။ ဒါပေမယ့် မကြာသေးမီက […]


အခြားကင်ဆာများ

အချိုများများစားရင် ကင်ဆာဖြစ်မှာလား

အချိုအရသာကို လူတိုင်းနီးပါး နှစ်ခြိုက်သဘောကျတတ်ကြပါတယ်။ သကြားဟာ အချိုဓာတ်ရရှိစေတဲ့ အဓိက အရင်းအမြစ်တစ်မျိုးပါ။ ပုံမှန်အားဖြင့် သကြားဓာတ်ရစေတဲ့ သဘာဝ အစားအစာတွေရှိပါတယ်။ အသီးအနှံတွေကနေရတဲ့ fructose၊ ဟင်းသီးဟင်းရွက်ကနေရတဲ့ glucose၊ နို့ထွက်ပစ္စည်းတွေကနေရတဲ့ lactose နဲ့ ပေါင်မုန့်တို့၊ ဆန်တို့၊ ပါစတာတို့ကနေရတဲ့ ကာဗိုဟိုက်ဒရိတ် စတာတွေပေါ့။ ချိုမြိန်တဲ့ အရသာရရှိဖို့အတွက် သကြားကို အသုံးချပြီး အစားအစာအမျိုးမျိုး ဖန်တီး ပြုလုပ်ကြတယ်မဟုတ်လား။ ဒီလို အစားအစာတွေ ဖန်တီးပြုလုပ်ကြရာမှာ သဘာဝသကြားပဲဖြစ်ဖြစ်၊ ဓာတုဗေဒနည်းနဲ့ ဖန်တီးထားတဲ့ ဆေးသကြားပဲဖြစ်ဖြစ် အမျိုးမျိုးအထွေထွေသော သကြားတွေကို အသုံးချကြလေ့ရှိပါတယ်။ တစ်နှစ်တစ်နှစ်ကို တစ်ကမ္ဘာလုံးကလူတွေရဲ့ သကြားစားသုံးမှု ပမာဏဟာ မက်ထရစ်တန်ချိန် သန်း ၂၀၀ နီးပါးအထိ ရှိပါတယ်။ ဒီလို လူသုံးများ လူကြိုက်များလှတဲ့ သကြားဟာ လူ့ကျန်းမာရေးကို ဆိုးကျိုးတွေပေးနိုင်တယ်ဆိုတဲ့ သတိပေးချက်မျိုးတွေကို ကျန်းမာရေးဆိုင်ရာ ဆွေးနွေးပြောဆိုမှုတွေမှာ […]


အခြားကင်ဆာများ

ကင်ဆာကိုတွန်းလှန်မယ့် ကုသနည်းများ

ကင်ဆာလို့ဆိုလိုက်တာနဲ့ ကြောက်စရာရောဂါဆိုးကြီးကို ပြေးမြင်မိကြမှာပါ။ ဟိုးအရင်ခေတ်တွေတုန်းကတော့ ကင်ဆာဖြစ်ပြီဆိုရင် သေမိန့်ကျသလိုပါပဲ။ ကုသနည်းတွေ အခုချိန်လောက် မတိုးတက်မထွန်းကားသေးတဲ့ အတွက်ကင်ဆာရောဂါကြောင့် သေဆုံးသူများပြားခဲ့ပါတယ်။ ဒါပေမဲ့ အခုခေတ်မှာမတူတော့ပါဘူး။သုတေသန လုပ်ငန်းတွေကျေးဇူးကြောင့် ကင်ဆာရောဂါကုသနည်းမျိုးစုံပေါ်ပေါက်နေပါပြီ။ ဒါ့ကြောင့်ဒီတစ်ခေါက်တော့ ကင်ဆာရောဂါကုထုံးအမျိုးမျိုးအကြောင်း ပြောပြပေးချင်ပါတယ်။ ကင်ဆာဆေးသွင်းခြင်း မြန်မာနိုင်ငံအပါအဝင် နိုင်ငံအတော်များများမှာ အသုံးပြုနေတဲ့ ကင်ဆာကုထုံးဖြစ်ပါတယ်။ ကင်ဆာဆဲလ်တွေ မပွားလာအောင်လည်းတားနိုင်သလို လုံးဝနှိမ်နင်းပစ်နိုင်စွမ်းရှိတဲ့ အဆင်မြင့်ဆေးဝါးတွေဖြစ်ပြီး သောက်ဆေး၊ အကြောထဲသွင်းဆေး၊ လိမ်းဆေး စတဲ့ပုံစံမျိုးစုံရှိပါတယ်။ ကြောက်စရာကောင်းတဲ့ ကင်ဆာဆဲလ်ကိုတောင်သတ်ပစ်နိုင်အောင်စွမ်းမှတော့ ဆေးအရှိန်ဘယ်လောက် ပြင်းမယ်ဆိုတာ အထူးပြောစရာလိုမယ်မထင်ပါဘူး။ ဒါ့ကြောင့် ကင်ဆာဆေးသွင်းကုသရင် ဘေးထွက်ဆိုးကျိုးအနေနဲ့ ခန္ဓာကိုယ်က ကျန်းမာတဲ့ဆဲလ်တချို့ပါ ထိခိုက်သွားတတ်ပါတယ်။ ခွဲစိတ်ကုသခြင်းများ ဒီနည်းက ကင်ဆာရောဂါတိုင်းအတွက်တော့ မသင့်တော်ဘူးပေါ့၊ ဘယ်လိုကင်ဆာမှာသုံးလဲဆိုတော့ ခန္ဓာကိုယ်က နေရာတစ်ခုတည်းမှာ ကွက်ဖြစ်နေပြီး နေရာအနှံ့အပြားကိုပျံ့နှံ့မနေတဲ့ ကင်ဆာရောဂါတွေ ကုသရင်ပိုအဆင်ပြေပါတယ်။ (ဒါ့ကြောင့် သွေးကင်ဆာလို ကင်ဆာမျိုးကိုတော့ကုသနိုင်မှာ မဟုတ်ပါဘူး)။ ခွဲစိတ်ကုသမှုဖြစ်တဲ့အတွက် အရေပြားကတစ်ဆင့် […]


အခြားကင်ဆာများ

ရုတ်တရက် ဝိတ်ကျသွားတာဘာကြောင့်လဲ? ကင်ဆာကြောင့်လား?

တခါတလေမှာ ဘာမှန်းမသိတဲ့ အကြောင်းအရင်းတွေကြောင့် ရုတ်တရက် ကိုယ်အလေးချိန် သိသိသာသာကျဆင်းသွားတတ်ပါတယ်။ ကိုယ်တိုင် ဝိတ်ချနေချိန်မဟုတ်ပဲ ဒီလိုရုတ်တရက် ကိုယ်အလေးချိန်လျော့နည်းလာတာဟာ ကျန်းမာရေးရှုထောင့်ကနေကြည့်ရင် သိပ်ပြီး ကောင်းမွန်တဲ့ လက္ခဏာမျိုးမဟုတ်ပါဘူး။ များသောအားဖြင့် ဒီလို ရုတ်တရက် ကိုယ်အလေးချိန် အကြီးအကျယ်လျော့ကျသွားတာမျိုးကို ကင်ဆာရောဂါလက္ခဏာ ရှေ့ပြေးလက္ခဏာအဖြစ် မှတ်ယူထားကြတာများပါတယ်။ ဒါပေမယ့် ဒီလို မထင်မှတ်ပဲ ကိုယ်အလေးချိန် လျော့ကျတာမျိုးက အကြောင်းအရင်း အမျိုးမျိုးကြောင့်ဖြစ်နိုင်ပြီးတော့ ရုပ်ပိုင်း၊ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးပြဿနာတွေကြောင့် အဓိကဖြစ်တတ်ပါတယ်။ ကိုယ်အလေးချိန်လျှော့ချမှု အစီအစဉ် တစ်စုံတစ်ရာမရှိပဲ ၆ လ အတွင်း ခန္တာကိုယ်ရဲ့ အလေးချိန် ၅% လောက်ကျဆင်းသွားတယ်ဆိုရင် ဒါဟာ ကျန်းမာရေးဆိုင်ရာ ပြဿနာတစ်စုံတစ်ရာ ရင်ဆိုင်နေရတာကြောင့်လို့ ကျွမ်းကျင်သူတွေက သတ်မှတ်ထားပါတယ်။ ကင်ဆာဟာ လူကို ရုတ်တရက် ကိုယ်အလေးချိန် သိသိသာသာကျဆင်းသွားစေနိုင်အောင် ပြင်းထန်တဲ့ ဝေဒနာဖြစ်ပေမယ့် အဓိကအားဖြင့်တော့ ပန်ကရိယကင်ဆာ၊ […]


အခြားကင်ဆာများ

ကင်ဆာ ကာကွယ်ဆေး များ

ကင်ဆာဆိုတာ ကာကွယ်ဆေး ရှိလို့လား။ ကင်ဆာ မဖြစ်အောင် ဘယ်လို နေထိုင်စားသောက်ပါလို့ ပြောကြပေမယ့် ကာကွယ်ဆေးထိုးပါ လို့ပြောတာကိုတော့ သိပ်မကြားဖူးဘူးလို့ ပြောကြမှာပါ။ ဒါပေမယ့် တကယ်ပါ။ တချို့သော ကင်ဆာတွေကို ကာကွယ်ဖို့ အတွက်က ကာကွယ်ဆေး ရှိနေပါတယ်။ ၁၀၀ရာခိုင်နှုန်း မဟုတ်ပေမယ့် ထိုးထားရင် ဖြစ်နိုင်ချေ တော်တော် နည်းသွားပါတယ်။ ဒီထဲမှာ သိထားသင့်တဲ့ ကာကွယ်ဆေးတွေက သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးနဲ့ အသည်းရောင် အသားဝါ ဘီပိုး ကာကွယ်ဆေးပါ။ ဘယ်လိုကာကွယ်လဲ ဆိုတာ ဆက်ကြည့်ရအောင်။ သားအိမ်ခေါင်း ကင်ဆာ ကာကွယ်ဆေး ဒါမပြောခင် သားအိမ်ခေါင်း ကင်ဆာ အကြောင်း နည်းနည်း ပြောပြပါ့မယ်။ သားအိမ်ခေါင်း ကင်ဆာ ဘာကြောင့် ဖြစ်တာလဲ။ သားအိမ်ခေါင်း ကင်ဆာဆိုတာက HPV လို့ခေါ်တဲ့ ဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်တာပါ။ လိင်ဆက်ဆံတဲ့ သူတိုင်း […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း