ကင်ဆာရောဂါများ

ကင်ဆာကို သိရှိနိုင်စေမယ့် နည်းလမ်းတွေက အများကြီးပါ။ လူတစ်ယောက်နဲ့ တစ်ယောက်လည်း မတူနိုင်ပါဘူး။ လူတိုင်း အသက်အရွယ်တိုင်းမှာ ဖြစ်နိုင်ပါတယ်။ ဒါကြောင့် လူတိုင်း ကင်ဆာ ဖြစ်စေနိုင်တဲ့ အရာတွေ၊ ကင်ဆာဖြစ်စေတဲ့ အကြောင်းအရင်းတွေ၊ လက္ခဏာတွေ၊ စစ်ဆေး အဖြေရှာနည်းတွေ၊ ကုထုံးတွေ၊ ကာကွယ်နည်းတွေကို သိထားဖို့ လိုပါမယ်။ အဆိုပါ အကြောင်းအရာတွေအားလုံးကို ဒီကဏ္ဍမှာ ဖတ်ရှု့နိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ကင်ဆာရောဂါများ

HPV vaccine ထိုးပြီး ကာကွယ်လို့ရတဲ့ ကင်ဆာတွေ

ကင်ဆာ ဆိုတာကို ကြားလိုက်ရင် အရင်ဆုံး ခေါင်းထဲရောက်လာတဲ့ အတွေးက ငါတော့ သေရတော့မယ် ထင်တယ်ဆိုတာပါ။ အခုနောက်ပိုင်းမှာ ဆေးပညာတွေ တိုးတက်လာတာကြောင့် အချို့သော ကင်ဆာတွေကို ကုသနိုင်တယ်ဆိုပမယ့် ကင်ဆာ အပါအဝင် ဘယ်ရောဂါမှ မဖြစ်တာတော့ အကောင်းဆုံးပါ။ ဒီတစ်ခေါက်တော့ ကင်ဆာကို ကာကွယ်ပေးမယ့် ကာကွယ်ဆေးတစ်မျိုးဖြစ်တဲ့ HPV Vaccine က ကင်ဆာကို ဘယ်လို ကာကွယ်ပေးသလဲဆိုတဲ့အကြောင်း ပြောပြပေးချင်ပါတယ်။ HPV ဆိုတာ Human papillomavirus (HPV) ဆိုတာက လိင်ကနေတဆင့်ကူးစက်တဲ့ရောဂါ (STD) တစ်မျိုးပါ။ HPV ဗိုင်းရပ်စ်ကူးစက်ခံရမယ်ဆိုရင် အမျိုးသမီးတွေမှာ လိင်အင်္ဂါမှာ ကြွက်နို့ပေါက်တာ သားအိမ်ခေါင်းကင်ဆာဖြစ်တာမျိုးတွေခံစားရနိုင်ပါတယ်။ အမျိုးသားတွေမှာတော့ လိင်တံကင်ဆာဖြစ်နိုင်ပါတယ်။ စအိုနဲ့လည်ချောင်းလိုမျိုး ခန္ဓာကိုယ်အစိတ်အပိုင်းတွေမှာလည်း ကင်ဆာရောဂါတွေခံစားရနိုင်ပါတယ်။ Human papillomavirus (HPV) ဗိုင်းရပ်စ်ကူးစက်ခံရမှုက အမျိုးသမီးတွေမှာ အဖြစ်များပါတယ်။ ဒါကြောင့် […]

ကင်ဆာရောဂါများ ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကင်ဆာရောဂါများ ကို ရှာဖွေမည်။

အခြားကင်ဆာများ

အစာရေမျိုပြွန် မှာ ကင်ဆာကျိတ်ဖြစ်လာတဲ့အခါ

အစာရေမျိုပြွန် ဆိုတာ ပိုက်ခေါင်းလေးနဲ့ တူပါတယ်။ ပါးစပ်နဲ့ အစာအိမ်ကို ဆက်ထားပေးတဲ့ ပိုက်ခေါင်းလေးပေါ့။ ပါးစပ်က စားသမျှက ဒီပြွန်လေးကို ဖြတ်ပြီး အစာအိမ်ထဲကို ရောက်သွားတာပါ။ ရှည်လွန်းလို့ အပိုင်းသုံးပိုင်းတောင် ခွဲထားရတဲ့ ဒီအစာရေမျိုပြွန်လေးဟာ လူတွေ စားသောက်သမျှ အစားအစာတွေရဲ့ ဒဏ်ကို ခံရတာပါ။ တစ်ကိုယ်လုံးနီးပါး ဖြစ်နိုင်တဲ့ ကင်ဆာက ဒီအစာရေမျိုပြွန်လေးကိုလည်း အလွတ်မပေးရှာပါဘူး။ အစာရေမျိုပြွန်တလျှောက် ဘယ်နေရာမှာ မဆို ကင်ဆာဆဲလ်တွေပွားပြီး အလုံးအကျိတ်ဖြစ်နိုင်ပါတယ်။ ဖြစ်တဲ့နေရာကို လိုက်ပြီးတော့လည်း လက္ခဏာလေးတွေ နည်းနည်းကွဲပြားခြားနားတာရှိပါတယ်။ ဒါကြောင့် အောက်ကလက္ခဏာလေးတွေ ပေါ်လာရင် နည်းနည်းတော့ သတိထားစေချင်ပါတယ်။ အစာရေမျိုပြွန် ကင်ဆာရဲ့ လက္ခဏာတွေ ကင်ဆာတွေရဲ့ ထုံးစံအတိုင်း ရောဂါနုစဉ်ဆို ဘာလက္ခဏာမှ မပြပါဘူး။ ပုံမှန်လူလိုပဲ သွားလာနေနိုင်ကြပါတယ်။ နောက်ပိုင်းရောဂါရင့်မှသာ လက္ခဏာ ပြလာတာပါ။ အစာရေမျိုပြွန်မှာ သုံးပိုင်းရှိတော့ အကျိတ်ရှိတဲ့ […]


အူမကြီးကင်ဆာ

Black Panther ကို အသက်ဆုံးရှုံးစေခဲ့တဲ့ အူမကြီးကင်ဆာ ကို ဘယ်လိုကာကွယ်မလဲ

Black Panther ရုပ်ရှင်ဇာတ်ကားထဲက အဓိက သရုပ်ဆောင်မင်းသား ချက်ဒ်ဝစ် ဘို့စ်မန်ဟာ အူမကြီးကင်ဆာ ရောဂါကြောင့် အသက် ၄၃ နှစ်မှာပဲ ကွယ်လွန်သွားခဲ့ပြီဖြစ်ပါတယ်။ သူသေဆုံးကြောင်း ကြေညာချက်ကို ဘို့စ်မန်ရဲ့ ပြောရေးဆိုခွင့်ရှိသူ နစ်ကီ ဖီယိုရာဗန်တီက အတည်ပြုလိုက်ပါပြီ။ ၂၀၁၆ ခုနှစ်ကတည်းက အဆင့် ၃ အူမကြီးကင်ဆာဝေဒနာကို ခံစားနေခဲ့ရတဲ့ ချက်ဒ်ဝစ်ဟာ ဒီရောဂါကို တွန်းလှန်ရင်း MCU ရုပ်ရှင်တွေနဲ့ တခြားထိပ်တန်းရုပ်ရှင်တွေကို လက်ခံရိုက်ကူးသွားခဲ့သူပါ။ ချက်ဒ်ဝစ်ကို အသက်ဆုံးရှုံးစေခဲ့တဲ့ အူမကြီးကင်ဆာဝေဒနာဟာ အဖြစ်များတဲ့ ကင်ဆာအမျိုးအစားတစ်မျိုးဖြစ်ပါတယ်။ ကမ္ဘာပေါ်မှာ နှစ်စဉ်နှစ်တိုင်း အူမကြီးကင်ဆာဝေဒနာသည် ၂ သန်းတိုးပွားနေပြီး သေဆုံးသူ ၁ သန်းဝန်းကျင်ရှိပါတယ်။ အဖြစ်များတဲ့ ကင်ဆာဝေဒနာတွေထဲက တစ်ခုပါ။ အူမကြီးကင်ဆာဆိုတာ ဘာလဲ အူမကြီးမှာ Colon နဲ့ Rectum ဆိုပြီး နှစ်ပိုင်းရှိပါတယ်။ တင်ပါးဆုံအထက်ပိုင်းမှာရှိတဲ့ အစိတ်အပိုင်းကို […]


ပန်ကရိယကင်ဆာ(မုန့်ချိုအိတ်ကင်ဆာ)

သင့်ကိုယ်ထဲက အသံတိတ်လူသတ်သမား

အဲလ်ပဲတီထွင်တဲ့ စတိဗ်ဂျော့ဘ်ကို သိကြတယ်ဟုတ်။ သူဆုံးသွားခဲ့တာ ပန်ကရိယကင်ဆာကြောင့်ပါ။ ပန်ကရိယကင်ဆာကို ကင်ဆာထဲမှာ အသံတိတ်လူသတ်သမားလို့ ပြောကြပါတယ်။ ကင်ဆာဆိုတဲ့အမျိုးက တော်ရုံ လက္ခဏာမပြတဲ့အမျိုးဆိုတာ သိကြပြီးသားပါ။ဒါပေမယ့် ဒီပန်ကရိယကင်ဆာကပိုဆိုးပါတယ်။ သူက နေတဲ့နေရာက ဝမ်းဗိုက်ရဲ့ ဟိုးအနောက်မှာ ရှိနေတဲ့အတွက် တော်ရုံအကျိတ်ဖြစ်ရင်လည်း မသိနိုင်ပါဘူး။ ဒါကြောင့် သူ့ကို ကင်ဆာတွေထဲမှာ ပိုကြောက်ကြတာပါ။ အသံတိတ်နဲ့ကိုယ်ထဲမှာ တဖြည်းဖြည်းကြီးလာပြီး တွေ့တဲ့အချိန်ကျတော့ အဆင့်က တော်တော်လေးကို မြင့်နေပါပြီ။ ဒါကြောင့် အတတ်နိုင်ဆုံး စောစောသိနိုင်ဖို့ အောက်ကလက္ခဏာတွေကို လေ့လာထားသင့်ပါတယ်။ ပန်ကရိယာကင်ဆာရဲ့ လက္ခဏာတွေက ဘာလဲ။ ဒီမှာလည်း ပြောစရာရှိတာက ပန်ကရိယကင်ဆာက နုသေးတယ်ဆို လက္ခဏာ မပြပါဘူး။ အောက်က လက္ခဏာတွေ ပြနေပြီဆိုတော့ ရောဂါက နည်းနည်းတော့ ရင့်နေပါပြီ။ ဗိုက်အောင့်တာက ခါးထိပါပြန့်သွားတယ်။ အစားအသောက်ပျက်တယ်။ အကြောင်းအရင်းမရှိဘဲ ကိုယ်အလေးချိန်ကျလာတယ်။ အသားတွေဝါ၊ မျက်လုံးတွေ ဝါလာတယ်။ […]


အစာအိမ်ကင်ဆာ

ဒီလက္ခဏာတွေ ရှိနေရင် အစာအိမ်ကင်ဆာ ကို သတိထားပါ။

အစာအိမ်ကင်ဆာ ဆိုတာ အသိနောက်ကျတဲ့ ကင်ဆာတွေထဲက တစ်ခုပါ။ ဒါကြောင့် သိပြီဆိုရင် အဆင့် ၃၊ ၄လောက်နဲ့ တခြားနေရာတွေကို ပြန့်နှင့်ပြီး ဖြစ်ပါတယ်။ အဖြစ်အများဆုံးကင်ဆာထဲမှာလည်း ပါပါတယ်။ အစာအိမ်ဆိုတာ အက်စစ်တွေနဲ့ ပြည့်နေပေမယ့် အထဲကို ဝင်လာသမျှ အစားအစာတွေကို အကောင်းအဆိုး မရွေး ချေဖျက်ပေးရတာလည်း သူပါပဲ။ အထူးသဖြင့် မြန်မာနိုင်ငံမှာရှိတဲ့ အစားအသောက်တွေတော်တော်များများမှာ ဆိုးဆေးတွေ၊ တာရှည်ခံအောင် လုပ်တဲ့ ဓာတုပစ္စည်းတွေ ပါဝင်တာကြောင့် အစာအိမ်က ပိုပြီး ဒဏ်ခံရပါတယ်။ အစာအိမ်က အကြီးကြီးဖြစ်သလို သူ့ရဲ့ ဘယ်အစိတ်အပိုင်းမှာမဆို ကင်ဆာ ဖြစ်နိုင်ပါတယ်။ ဥပမာ အစာရေမျိုပြွန်နဲ့ ဆက်တဲ့နေရာမှာ ဖြစ်မလား။ ကိုယ်ထည်မှာ ဖြစ်မလား၊ ထိပ်ပိုင်းမှာ ဖြစ်မလား၊ အူနဲ့ ဆက်တဲ့ နေရာနားမှာ ဖြစ်မလား ဖြစ်နိုင်ပါတယ်။ ကင်ဆာ အမျိုးအစားကလည်း အလုံးအကျိတ်လား၊ […]


အသည်းကင်ဆာ

အသည်းကင်ဆာ ဖြစ်မလာချင်ဘူး ဆိုရင်

ဘယ်သူတော့ အသည်းကင်ဆာ ဖြစ်နေပြီတဲ့၊ ဘယ်သူတော့ အသည်းခြောက်နေပြီတဲ့ ကိုယ့်အနီးပတ်ဝန်းကျင်မှာ မကြာခဏ ကြားနေရမှာပါ။ အဲဒီလို ရောဂါတွေ့တဲ့ အချိန်မှာ ကင်ဆာအဆင့်က အတော်မြင့်နေတာမျိုး အဖြစ်များပါတယ်။ အသည်းရောဂါ တွေဆိုတာလည်း အစပိုင်းမှာ သတိမထားမိလောက်တဲ့ လက္ခဏာတွေ ပြတတ်တာမို့ သတိမထားမိဘဲ ရောဂါရင့်မှ သိကြရပါတယ်။ ဒါ့ကြောင့် မဖြစ်ခင်တည်းက ကြိုတင်ကာကွယ်ဖို့ အရေးကြီးပါတယ်နော်။ အသည်းကင်ဆာ ဖြစ်မလာချင်ဘူး ဆိုရင်ပေါ့။ အသည်းကင်ဆာ ကာကွယ်ကြမယ် အသည်းကင်ဆာဟာ အဖြစ်များဆုံး ကင်ဆာတွေထဲ ရှေ့ဆုံးက ပါဝင်နေတာမို့ သတိထားကာကွယ်သင့်ပါတယ်။ ဒီလိုကာကွယ်ဖို့ အတွက် အသည်းကျန်းမာရေးကို သတိတရ ဂရုစိုက်စေချင်ပါတယ်။ အသည်းကျန်းမာဖို့အတွက် နေ့စဉ်ဘဝမှာ သိထားသင့်တဲ့ အရေးကြီးအချက်လေးတွေက - ကျန်းမာတဲ့ ကိုယ်အလေးချိန်ကို ထိန်းပါ အဝလွန်နေရင် ဒါမှမဟုတ် ကိုယ်အလေးချိန်က များနေရင် အသည်းအဆီဖုံးလာနိုင်တယ်။ အဲဒီကနေ အရက်ကြောင့် မဟုတ်တဲ့ […]


အခြားကင်ဆာများ

အရက် နဲ့ ကင်ဆာ ဆက်နွှယ်နေသလား

အရက် ကြောင့် အသည်း ခြောက်လိမ့်မယ်၊ အသည်းကင်ဆာ ဖြစ်လိမ့်မယ် ဆိုတာတော့ သိထားကြပြီး ဖြစ်မှာပါ။ ဒါပေမယ့် ကိုယ်တွေ သတိမထားမိတဲ့ တခြားကင်ဆာအမျိုးအစားတွေကရော အရက်နဲ့ ဆက်နွှယ်နေမှာကို မစိုးရိမ်မိကြဘူးလား။ ဘီယာဆိုင်၊ စားသောက်ဆိုင်၊ ဘားထိုင်တာတွေမှာ တွေ့ဆုံပွဲတွေလုပ်ကြတာအပြင် အခုဆို အကင်ဆိုင်၊ ဟော့ပေါ့ဆိုင်တွေမှာပါ အယ်လ်ကိုဟောက အမြဲလိုလို ပါနေတတ်ကြပြီလေ။ လူငယ်၊ လူလတ်တို့အတွက် ခေတ်ရေစီးကြောင်းအရကို အချိုရည်တစ်ခွက်လို ပေါ့ပေါ့ပါးပါးသောက်လို့ရတဲ့ အစဉ်အလာ ဖြစ်လာခဲ့ပြီပဲ။ ဒါပေမယ့် အရက်ရဲ့ ကြောက်စရာ ဆိုးကျိုး တွေရယ်၊ ပမာဏ နည်းနည်းလေးပဲ သောက်သုံးမိရင်တောင် အဆိပ်အတောက် ဖြစ်စေနိုင်တာရယ်၊ နောက်ဆုံး ကင်ဆာရောဂါတွေ အထိပါ ဖြစ်လာနိုင်တယ်ဆိုတာကို သိထားဖို့တော့ သင့်ပါတယ်။ အရက်ကြောင့် ဖြစ်စေနိုင်တဲ့ ကင်ဆာ (၆) မျိုး အယ်လ်ကိုဟော ခေါ် အရက်တွေကြောင့် - (၁) ခံတွင်းကင်ဆာ (၂) […]


အခြားကင်ဆာများ

ကင်ဆာ ဆိုတိုင်း သေရမှာလား။ အထိရောက်ဆုံး ကုထုံးတွေ ရှိနေပါပြီ။

ကင်ဆာ ဖြစ်နေပြီ လို့ပြောလိုက်တာနဲ့ စိတ်ထဲ ဂိတ်ဆုံးတွေးမိတတ်ကြတာ အနည်းနဲ့ အများ ပါပဲ။ သေမိန့်ကျလိုက်သလိုလို၊ မျှော်လင့်ချက်မရှိတော့ဘူး၊ ကုလို့မရတော့ဘူး လို့ တွေးထင်ပြီး စိတ်ဓာတ်ကျ မသွားပါနဲ့။ ကင်ဆာနဲ့ ပတ်သက်တဲ့ အထူးကုသမှုတွေ ရှိနေပါပြီ။ ကင်ဆာတိုင်းက သေစေနိုင်လား ကင်ဆာရောဂါတိုင်းက သေစေနိုင်မှာ မဟုတ်ပါဘူး။ ကုသလို့ ရနိုင်ပါတယ်။ ရောဂါကို စောစောတွေ့ရှိလေ ရောဂါသက်သာပြီး သက်တမ်းစေ့နေရနိုင်ခြေ ပိုများလေ ဖြစ်ပါတယ်။ ကင်ဆာရှိ၊ မရှိ အစောပိုင်းအဆင့်မှာ စစ်ဆေးတွေ့ရှိခဲ့ရင် ရွေးချယ်စရာ ကုသမှုတွေ ပိုများပါတယ်။ ဥပမာ ရင်သားကင်ဆာ၊ အသည်းကင်ဆာ၊ သိုင်းရွိုက်ကင်ဆာ စတာတွေမှာ သူများတန်းတူ သက်တမ်းစေ့ နေနိုင်စေမယ့် ကင်ဆာအထူးကုသမှုတွေ ရှိနေပါပြီ။ ဒီနေ့ခေတ်မှာ နည်းပညာ အဆင့်မြင့်လာတာမို့ ကုသနည်းတွေကလည်း ပိုကောင်းလာတာပေါ့။ အဖြစ်များတဲ့ အမျိုးမျိုးသော ကင်ဆာရောဂါတွေအတွက် ဒီလို ရွေးချယ်စရာ […]


အခြားကင်ဆာများ

ကင်ဆာ ဖြစ်စေနိုင်သော အစားအစာများ

မီးဖိုချောင်ရှိ ဟင်းသီးဟင်းရွက်နှင့် သစ်သီးတွေကနေ အကောင်းဆုံးကျန်းမာရေးကို ရရှိနိုင်ကြောင်း သင်သိကောင်းသိပါလိမ့်မယ်။အလားတူပဲ မီးဖိုချောင်ရှိ အစားအစာတချိူ့ကလည်း ကင်ဆာ ရောဂါများစွာရဲ့ အဓိကအကြောင်းရင်းဖြစ်လာနိုင်တာကိုကော သိကြပါသလား။ တကယ်တော့ ကင်ဆာရောဂါရဲ့ ၇၀ ရာခိုင်နှုန်းအထိကို အစားအသောက်ကနေ ကာကွယ်နိုင်တယ်။ ကျန်တဲ့ ၃၀% က သင်မထိန်းချုပ်နိုင်တဲ့ မျိုးရိုးဗီဇနဲ့ သဘာဝပတ်ဝန်းကျင်အကြောင်းတွေကြောင့် ဖြစ်ပါတယ်။ ဒီဆောင်းပါးလေးမှာတော့ ကင်ဆာရောဂါဖြစ်စေနိုင်သည့် အလားအလာကို မြင့်တက်စေနိုင်တဲ့ အစားအစာများအကြောင်းကို ဖော်ပြပေးလိုက်ပါတယ်။ ကင်ဆာ ဖြစ်စေနိုင်သော အစားအစာများ (၁) စည်သွပ်ဘူး စည်သွပ်ဘူးတွင် ပါဝင်သော အစားအစာများသည် ဆားနှင့် သကြားများ မြင့်မားစွာ ပါဝင်သည်မှာ မှန်သော်လည်း ကင်ဆာဖြစ်စေသည့်အကြောင်းရင်းကတော့ စည်သွပ်ဘူးတွေမှာ အသုံးပြုတဲ့ ဘူးခွံတွေကြောင့်ပဲ ဖြစ်ပါတယ်။ ဘူးခွံတွေမှာ ကင်ဆာဖြစ်စေတယ်လို့ လူသိများတဲ့ အန္တရာယ်ရှိသော BPA ဓာတုပစ္စည်းများ ပါဝင်နေပါတယ်။ အထူးသဖြင့် ခရမ်းချဉ်သီးကဲ့သို့သော သဘာဝအက်ဆစ်ဖြစ်သောအရာများအပြင် ဘူးထဲသို့ […]


အခြားကင်ဆာများ

ကင်ဆာဝေဒနာဆိုးကို ကျော်လွှားပြီးသည့်နောက်

ကင်ဆာဟာ ကုသရခက်ခဲပြီး ဆိုးရွားတဲ့ဝေဒနာတစ်မျိုးအဖြစ် မှတ်ယူခြင်းခံရလေ့ရှိပါတယ်။ ကင်ဆာအမျိုးအစားတစ်ချို့ဟာ ပျောက်ကင်းအောင်ကုသရခက်ခဲနေဆဲပါ။ ဒါပေမယ့် တစ်ချို့သော ကင်ဆာအမျိုးအစားတွေကိုတော့ စောလျှင်စွာ သိရှိမယ်ဆိုရင် ပျောက်ကင်းအောင် ကုသလို့ရနေပါပြီ။ ရင်သားကင်ဆာ၊ ဆီးကျိတ်ကင်ဆာ၊ ဝှေးစေ့ကင်ဆာ၊ သိုင်းရွိုက်ကင်ဆာ၊ အရေပြားကင်ဆာနဲ့ သားအိမ်ခေါင်းကင်ဆာတို့လို အမျိုးအစားတွေပေ့ါ။ ကင်ဆာဟာ ကြောက်စရာဝေဒနာတစ်မျိုးလို့ မှတ်ယူထားကြတာကြောင့် ကင်ဆာရောဂါကို ကျော်လွှားနိုင်ခဲ့ကြသူတွေဟာ ကုထုံးတွေ ပြီးစီးချိန်မှာ နာလန်ထူလာစေဖို့ အပြင်းအထန်ကြိုးပမ်းကြလေ့ရှိပါတယ်။ တကယ်တမ်းမှာတော့ ကနဦးနာလန်ထစေဖို့ ချမှတ်ပေးထားတဲ့ အစီအမံတွေ (Initial Recovery) ကို ကျော်လွန်ပြီး လုပ်ဆောင်တာမျိုးမလုပ်မိဖို့ လိုအပ်ပါတယ်။ Initial Recovery လုပ်ဆောင်ချက်တွေဟာ ရေရှည်ကျန်းမာရေးအတွက် အထူးအရေးပါတဲ့ လုပ်ဆောင်ချက်တွေဖြစ်ပြီးတော့ ကင်ဆာအလွန် ပျော်ရွှင်ကျန်းမာဖွယ် ဘဝအတွက် ကနဦးခြေလှမ်းတွေလို့လည်း ဆိုနိုင်တာပေါ့။ နာလန်ပြန်ထကာစမှာ ဘာကြောင့် လေ့ကျင့်ခန်းလုပ်ပေးသင့်တာလဲ ကင်ဆာဝေနာကနေ ပြန်လည်သက်သာလာသူတွေကို မှန်ကန်သင့်လျော်စွာ ပြုမူနေထိုင်ဖို့၊ စားသောက်မှီဝဲဖို့ ဆရာဝန်တွေက ညွှန်ကြားလေ့ရှိပါတယ်။ လေ့ကျင့်ခန်းလုပ်တာ၊ […]


အခြားကင်ဆာများ

အသက်ရှင်နှုန်းများတဲ့ ကင်ဆာရောဂါ များ

ကင်ဆာရောဂါ ဆိုတာ ဘယ်သူမှ မကြားချင်တဲ့ ဆေးစစ်ချက် အဖြေပါပဲ။ ကင်ဆာလို့များ ကြားလိုက်တာနဲ့ သေမိန့်ကျထားတဲ့ လူတစ်ယောက်လိုပါပဲ။ လူရော စိတ်ရော ချုံးချုံးကျ သွားပြီး 'အိမ်ပဲပြန်ပါတော့မယ် ဆရာမရယ်၊ လှူစရာရှိတာလေးတွေ လှူပြီး ကိုယ့်နောက်ပါအောင်ပဲ လုပ်ပါတော့မယ်'လို့ ပြောပြီး ပြန်သွားကြတဲ့သူတွေ တစ်ပုံကြီးပါ။ နောက်တစ်ခုက ကင်ဆာကုထုံးတွေကို လက်မခံချင်တာပါ။ သောက်ဆေးတွေ၊ ဆေးသွင်းတာတွေ၊ ရောင်ခြည်ပြတာတွေကြောင့် ဆံပင်တွေကျွတ်တာ၊ အစားအသောက်ပျက်တာကို မခံချင်လို့ မကုကြတာတွေလည်း ရှိပါတယ်။ ဒါပေမယ့် ခုခေတ်မှာက ဆေးဝါးတွေက အရင်ကထက် ပိုတိုးတက်လာပြီး ကုသနည်းတွေလည်း ပိုစုံလာပါပြီ။ လူနာကို ဆေးရဲ့ ဘေးထွက်ဆိုးကျိုးနည်းနည်းနဲ့ ကုနိုင်အောင် တီထွင်လာကြပါပြီ။ ကင်ဆာကိုလည်း ဒီထက်ပိုသက်သာအောင် ကုလာနိုင်ကြပါပြီ။ ဒါကတော့ ဝမ်းသာစရာ သတင်းကောင်းပါပဲ။ အရင်ကထက်စာရင်လည်း ကင်ဆာကို ပိုပြီး သက်သာအောင် […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း