ကင်ဆာရောဂါများ

ကင်ဆာကို သိရှိနိုင်စေမယ့် နည်းလမ်းတွေက အများကြီးပါ။ လူတစ်ယောက်နဲ့ တစ်ယောက်လည်း မတူနိုင်ပါဘူး။ လူတိုင်း အသက်အရွယ်တိုင်းမှာ ဖြစ်နိုင်ပါတယ်။ ဒါကြောင့် လူတိုင်း ကင်ဆာ ဖြစ်စေနိုင်တဲ့ အရာတွေ၊ ကင်ဆာဖြစ်စေတဲ့ အကြောင်းအရင်းတွေ၊ လက္ခဏာတွေ၊ စစ်ဆေး အဖြေရှာနည်းတွေ၊ ကုထုံးတွေ၊ ကာကွယ်နည်းတွေကို သိထားဖို့ လိုပါမယ်။ အဆိုပါ အကြောင်းအရာတွေအားလုံးကို ဒီကဏ္ဍမှာ ဖတ်ရှု့နိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ကင်ဆာရောဂါများ

HPV vaccine ထိုးပြီး ကာကွယ်လို့ရတဲ့ ကင်ဆာတွေ

ကင်ဆာ ဆိုတာကို ကြားလိုက်ရင် အရင်ဆုံး ခေါင်းထဲရောက်လာတဲ့ အတွေးက ငါတော့ သေရတော့မယ် ထင်တယ်ဆိုတာပါ။ အခုနောက်ပိုင်းမှာ ဆေးပညာတွေ တိုးတက်လာတာကြောင့် အချို့သော ကင်ဆာတွေကို ကုသနိုင်တယ်ဆိုပမယ့် ကင်ဆာ အပါအဝင် ဘယ်ရောဂါမှ မဖြစ်တာတော့ အကောင်းဆုံးပါ။ ဒီတစ်ခေါက်တော့ ကင်ဆာကို ကာကွယ်ပေးမယ့် ကာကွယ်ဆေးတစ်မျိုးဖြစ်တဲ့ HPV Vaccine က ကင်ဆာကို ဘယ်လို ကာကွယ်ပေးသလဲဆိုတဲ့အကြောင်း ပြောပြပေးချင်ပါတယ်။ HPV ဆိုတာ Human papillomavirus (HPV) ဆိုတာက လိင်ကနေတဆင့်ကူးစက်တဲ့ရောဂါ (STD) တစ်မျိုးပါ။ HPV ဗိုင်းရပ်စ်ကူးစက်ခံရမယ်ဆိုရင် အမျိုးသမီးတွေမှာ လိင်အင်္ဂါမှာ ကြွက်နို့ပေါက်တာ သားအိမ်ခေါင်းကင်ဆာဖြစ်တာမျိုးတွေခံစားရနိုင်ပါတယ်။ အမျိုးသားတွေမှာတော့ လိင်တံကင်ဆာဖြစ်နိုင်ပါတယ်။ စအိုနဲ့လည်ချောင်းလိုမျိုး ခန္ဓာကိုယ်အစိတ်အပိုင်းတွေမှာလည်း ကင်ဆာရောဂါတွေခံစားရနိုင်ပါတယ်။ Human papillomavirus (HPV) ဗိုင်းရပ်စ်ကူးစက်ခံရမှုက အမျိုးသမီးတွေမှာ အဖြစ်များပါတယ်။ ဒါကြောင့် […]

ကင်ဆာရောဂါများ ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကင်ဆာရောဂါများ ကို ရှာဖွေမည်။

ရင်သားကင်ဆာ

သွေးကျဆေးများသည် ရင်သားကင်ဆာဖြစ်ပွားနိုင်ခြေကို မြင့်စေပါသလား

The Intermountain Medical Center Heart Institute in Murray, Utah, The United States ရဲ့ နောက်ဆုံးပေါ်သုတေသန အရ အသုံးများတဲ့ သွေးကျဆေးတွေဟာ ရင်သားကင်ဆာဖြစ်နှုန်းကို တိုးမြှင့်စေခြင်း မရှိဘူးလို့ ဆိုပါတယ်။ သွေးတိုးကျဆေးတွေနဲ့ ရင်သားကင်ဆာ အရင်က လေ့လာမှု ၂၀၁၃ မှာ Fred Hutchinson Cancer Research Centre ရဲ့ လေ့လာမှုတစ်ခု ထုတ်ဝေခဲ့ပါတယ်။ သူက ဘာလို ဖေါ်ပြလဲဆိုတော့ သွေးတိုးကျဆေး တစ်မျိုးဖြစ်တဲ့ calcium channel blockers တွေဟာ အချို့ အမျိုးသမီးတွေမှာ ရင်သားကင်ဆာကို ဖြစ်စေတယ်ဆိုတာပဲ ဖြစ်ပါတယ်။ အဲဒီအချိန်မှာ calcium channel blockers ဟာ အမေရိကမှာ လူသိအများဆုံးဆေးတစ်ခု ဖြစ်တာကြောင့် အံ့သြတကြီး […]


ရင်သားကင်ဆာ

ရင်သားကင်ဆာ ရောဂါကို တိုက်ဖျက်ပေးမယ့် အကောင်းဆုံး အစားအသောက် ၇ မျိုး

ရင်သားကင်ဆာနဲ့ ဆက်နွယ်နေတဲ့ ရောဂါဖြစ်နှုန်းများစေတဲ့ အချက်တွေ အများကြီးရှိပါတယ်။ သူတို့ထဲက တစ်ခုကတော့ အဆီနဲ့ ကယ်လိုရီများတဲ့ အစားအသောက်တွေကို စားခြင်းပဲ ဖြစ်ပါတယ်။ ဒီဆောင်းပါးမှာတော့ ရင်သားကင်ဆာ ရောဂါကို တိုက်ဖျက်ပေးမယ့် အကောင်းဆုံး အစားအသောက် ၇ မျိုးအကြောင်း ပြောပြမှာဖြစ်ပါတယ်။ ကျန်းမာစွာ စားသောက်ခြင်းဟာ ရင်သားကင်ဆာ ကုသမှုကို ကူညီပေးရုံသာမက ဖြစ်ပွားမှုကိုလည်း လျှော့ချပေးနိုင်ပါတယ်။ ၁။ Cruciferous ဟင်းသီးဟင်းရွက်များ Cruciferous ဟင်းသီးဟင်းရွက်တွေဟာ Brassica အပင်မျိုးတွေ ဖြစ်ပြီးတော့ ပန်းဂေါ်ဖီစိမ်း၊ ဂေါ်ဖီထုတ်၊ ပန်းဂေါ်ဖီ၊ တရုတ်မုန်လာနဲ့ collard greens တွေ ပါဝင်ပါတယ်။ Cruciferous ဟင်းသီးဟင်းရွက်တွေဟာ carotenoids တွေ၊ ဗီတာမင် C, E, K၊ folate နဲ့ သတ္တုဓါတ်တွေ ကြွယ်ဝစွာ ပါဝင်ပါတယ်။ သူတို့ဟာ […]


ရင်သားကင်ဆာ

ရင်သားကင်ဆာ နှင့် အိပ်စက်ခြင်းဆိုင်ရာပြဿနာ

အိပ်စက်ခြင်းဟာ ကိုယ်ခန္ဓါရော စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးအတွက်ပါ အရေးပါတဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်ပါတယ်။ အိပ်စက်မှုဆိုင်ရာ ပြဿနာတွေနဲ့ ကင်ဆာ ဆက်နွယ်ချက်တွေကို လေ့လာမှု အတော်များများမှာ သက်သေပြခဲ့ပြီးဖြစ်ပါတယ်။ ကင်ဆာရောဂါသည်တွေရဲ့ ၅၀% ဟာ အိပ်စက်မှု ပြဿနာတွေကို ရင်ဆိုင်နေရပါတယ်။ သူတို့ရဲ့ ကျန်းမာရေးအခြေအနေတွေကို မြင့်တက်စေဖို့ ဒီပြဿနာတွေကို ဖြေရှင်းဖို့ လိုအပ်ပါတယ်။ ကင်ဆာ လူနာတွေမှာ ဖြစ်တတ်တဲ့ အိပ်စက်မှု ပြဿနာ အကြောင်းရင်းများ လေ့လာမှု တွေအရ အိပ်စက်မှု ပြဿနာတွေ ဖြစ်စေတဲ့ အကြောင်းရင်းတွေ ရှိတယ်လို့ ဆိုပါတယ်။ အဖြစ်အများဆုံးကတော့ အကျိတ်ကြောင့် ပြောင်းလဲသွားတဲ့ ကိုယ်ခန္ဓါ လုပ်ငန်းဆောင်တာတွေ ကြောင့်ပဲ ဖြစ်ပါတယ်။ ရင်သားကင်ဆာ ခံစားနေရသူ လူနာတွေဟာ ကိုယ်ခန္ဓါပိုင်းဆိုင်ရာ ခံစားမှုတွေ ဖြစ်တဲ့ နာကျင်မှု၊ အသက်ရှူကျပ်ခြင်း၊ ပျို့အန်ခြင်း၊ ချောင်းဆိုးခြင်း၊ […]


ရင်သားကင်ဆာ

ရင်သားကင်ဆာနှင့် ကင်ဆာ ဆေးသွင်းကုသမှု

ကင်ဆာ ဆေးသွင်းကုသနည်းဟာ အစောပိုင်းတွေ့ရတဲ့ ရင်သားကင်ဆာတွေမှာ ခွဲစိတ်ကုသအပြီးကျန်ရှိနေနိုင်တဲ့ ကင်ဆာဆဲလ်တွေကို ဖယ်ရှားဖို့အတွက် အသုံးပြုပါတယ်။ ကင်ဆာ ပြန်လည် ဖြစ်ပွားခြင်းကို လျှော့ချပေးပြီး ရောဂါအဆင့်မြင့်တဲ့ ကင်ဆာတွေမှာ ကင်ဆာဆဲလ်တွေကို တတ်နိုင်သလောက် ဖျက်စီးပေးဖို့ အသုံးပြုပါတယ်။ ကင်ဆာဆေးသွင်းကုသခြင်းကို မခွဲစိတ်ခင်မှာ အကျိတ်ကျုံ့သွားဖို့အတွက်လည်း အသုံးပြုပါတယ်။ ကင်ဆာဆေးသွင်းကုသခြင်းကို အသုံးပြုရမယ့် အခြေအနေများစွာ ရှိပါတယ်။ ခွဲစိတ်ကုသအပြီး (adjuvant chemotherapy) ခွဲစိတ်ကုသခြင်းဟာ မြင်နိုင်တဲ့ ကင်ဆာကို ဖယ်ထုတ်ဖို့ အတွက် အသုံးပြုပြီး ခွဲစိတ်ပြီးနောက်ပိုင်းကုသတဲ့ ကုသနည်းတွေကတော့ ကိုယ်ခန္ဓါအတွင်းမှာ ကျန်းနေနိုင်တဲ့ မျက်စိနဲ့ မမြင်နိုင်တဲ့ (သို့) imaging test တွေနဲ့ မတွေ့နိုင်တဲ့ ကင်ဆာ အကြွင်းအကျန်တွေကို ဖယ်ထုတ်ဖို့ အသုံးပြုပါတယ်။ ဒီဆဲလ်တွေဟာ ကိုယ်ခန္ဓါအတွင်းက အခြားနေရာတွေမှာ ကင်ဆာ ဖြစ်ပွားစေနိုင်ပါတယ်။ ရင်သားကင်ဆာပြန်ဖြစ်နှုန်းကို breast-conserving surgery […]


ရင်သားကင်ဆာ

ရင်သားကင်ဆာ ကုသမှုနည်းလမ်းခွဲများ - Complementary နဲ့alternative နည်းလမ်းများ

CAM လို့ခေါ်တဲ့ ရင်သားကင်ဆာအတွက် Complementary and Alternative treatments တွေဟာ လူနာတွေအတွက် အကျိုးကျေးဇူးတွေကို အတိုင်းအတာ တစ်ခုအထိ ဖြစ်စေမှာဖြစ်ပါတယ်။ အချို့လေ့လာမှုတွေက သူဟာ ဓါတ်ရောင်ခြည်နဲ့ ကင်ဆာဆေးသွင်းကုသခြင်းရဲ့ ဘေးထွက်ဆိုးကျိုးတွေကို လျှော့ချပေးပြီး လူနာတွေကို စိတ်ရောကိုယ်ပါ ကျန်းမာစေတယ်လို့ ဆိုပါတယ်။ Complementary and Alternative treatments ရဲ့ အဓိပ္ပါယ် ဖွင့်ဆိုချက် ပုံမှန်ကုသမှုတွေဖြစ်တဲ့ ဆေးသွင်းကုသခြင်း၊ ဟော်မုန်းကုသခြင်း၊ ဓါတ်ရောင်ခြည်ဖြင့် ကုသခြင်း၊ ခွဲစိတ်ကုသခြင်းတို့အပြင် Complementary and Alternative treatments တွေဟာ လူနာရဲ့ ကုသမှုမှာ အရေးပါလာကြပါတယ်။ Complementary ဆိုတာဟာ ပုံမှန်ကုသမှုတွေနဲ့ အတူအသုံးပြုရတဲ့ နည်းဖြစ်ပြီး ဒီကုသမှုရဲ့ အစွမ်းထက်မှု (သို့) လုံခြုံမှုကို ထောက်ခံတဲ့ သက်သေတော့ မရှိသေးပါဘူး။ Alternative […]


ကင်ဆာရောဂါများ

ရင်သားကင်ဆာဖြစ်ပွားနိုင်ခြေကို လျှော့ချပေးသော ဆေး - Tamoxifen (တာမော်စီဖန်)

National Breast Cancer Foundation အရ ရင်သားကင်ဆာဟာ ကမ္ဘာပေါ်က အမျိုးသမီးတွေမှာ အဖြစ်အများဆုံးရောဂါဖြစ်ပြီး သေနှုန်း ဒုတိယအများဆုံး ရောဂါလည်း ဖြစ်ပါတယ်။ ရင်သားကင်ဆာဆိုတာဘာလဲ။ ရင်သားကင်ဆာဟာ ရင်သားမှာ ရှိတဲ့ဆဲလ်တွေ ပုံမှန် မဟုတ်ပဲ ပွားလာတာကြောင့် ဖြစ်တဲ့ရောဂါဖြစ်ပါတယ်။ တကယ်တော့ ၈၅-၉၀%သော ရင်သားကင်ဆာတွေဟာ အသက်ကြီးရင့်လာမှုကြောင့် ဖြစ်လာတဲ့ မျိုးရိုးဗီဇဆိုင်ရာ ပုံမှန်မဟုတ်မှုတွေကြောင့် ဖြစ်တာဖြစ်ပါတယ်။ ၅-၁၀% သော ရင်သားကင်ဆာလူနာတွေဟာ မိသားစုက ဆက်ခံရရှိတဲ့ ပုံမှန်မဟုတ်တဲ့ မျိုးရီုးဗီဇကြောင့် ဖြစ်ပါတယ်။ ရင်သားကင်ဆာဟာ ရင်သားရဲ့ အစိတ်အပိုင်းတွေက စတင်ဖြစ်ပေါ်ပြီး နို့သီးခေါင်းကို နို့သယ်ယူ ပို့ဆောင်ပေးတဲ့ နို့ပြွန်တွေမှာ အကျိတ်ဖြစ်ပေါ်တာ အများဆုံးဖြစ်ပါတယ်။ ဒီအကျိတ်ဟာ ကင်ဆာဖြစ်နိုင်ပြီး မကုသရင် အခြားကိုယ်ခန္ဓါ အစိတ်အပိုင်းတွေကို ပြန့်သွားနိုင်ပါတယ်။ ဒီအခြေအနေဟာ ကိုယ်ခန္ဓါကို ထိခိုက်ရုံတင်မက အခြားနေ့စဉ်လုပ်ငန်းဆောင်တာတွေနဲ့ […]


ရင်သားကင်ဆာ

အီစထရိုဂျင်တုံ့ပြန် receptor များ ရှိသော ရင်သားကင်ဆာ (ER ရင်သားကင်ဆာ)

Estrogen ကို တုန့်ပြန်တဲ့ ဆဲလ်တွေ ပွားလာစေတဲ့ receptors တွေ ရှိတဲ့ကင်ဆာကို ER breast Cancer လို့ ခေါ်ပါတယ်။ ကင်ဆာအမျိုးအစားတွေနဲ့ ဘယ်ကို ကုသနိုင်လဲဆိုတာ လေ့လာကြည့်ကြရအောင်။ အခုမှ ရင်သားကင်ဆာဖြစ်သူတွေဟာ ရင်သားကင်ဆာဟာ တစ်မျိုးတည်းမဟုတ်ပဲ အမျိုးအစား အများကြီးရှိတယ်ဆိုတာ သိရင် အံ့သြကြမှာပါ။ မတူညီတဲ့ ရင်သားကင်ဆာ အမျိုးအစားတွေအကြောင်းကို လေ့လာသင်ယူခြင်းဟာ ကုသမှုအမျိုးအစားတွေ၊ ကုသမှု တိုးတက်ခြင်းတွေကို နားလည်ဖို့ ကူညီပေးနိုင်ပါတယ်။ ရင်သားကင်ဆာ အမျိုးအစား တစ်မျိုးစီဟာ အခြားအမျိုးအစားတွေနဲ့ မတူညီပဲ တစ်ပုံစံစီ ပြုမူကြတာကြောင့် ကုသမှု အမျိုးမျိုးကို လိုအပ်ပါတယ်။ အကျိတ်ကို ကိုယ်ခန္ဓါက ဖယ်ရှားပြီး အသားစ ယူပြီးတဲ့အခါမှာ ရောဂါရှာဖွေတဲ့ ဆရာဝန်တွေဟာ ကင်ဆာ အမျိုးအစားတွေကို စစ်ဆေးပေးမှာ ဖြစ်ပါတယ်။ ဒီအချက်အလက်တွေကို Pathology […]


ရင်သားကင်ဆာ

ရင်သားကင်ဆာခွဲစိတ်ကုသပြီးနောက် ပြန်လည်ကောင်းမွန်ဖို့အတွက် လေ့ကျင့်ခန်း နှင့်အာဟာရ

ရင်သားကင်ဆာ ခွဲစိတ်မှု အပြီးမှာ လူနာတွေဟာ သူတို့ကျန်းမာရေးကို ဂရုစိုက်ဖို့ အရေးကြီးပါတယ်။ ဒီဆောင်းပါးမှာတော့ ပြန်ကောင်းလာဖို့ ကူညီပေးတဲ့ လေ့ကျင့်ခန်းတွေနဲ့ အစားအသောက်တွေကို ဖေါ်ပြပေးမှာ ဖြစ်ပါတယ်။ လေ့ကျင့်ခန်း ရင်သားကင်ဆာခွဲစိတ်မှု ယူထားတဲ့ လူနာတွေဟာ သူတို့လက်မောင်းနဲ့ ပုခုံတွေကို ပုံမှန် ပြန်ဖြစ်စေဖို့ လေ့ကျင့်ခန်း လုပ်သင့်ပါတယ်။ လေ့ကျင့်ခန်း လုပ်ခြင်းဟာ ပုခုံးမှာ မာနေခြင်း (သို့) တင်းကျပ်နေခြင်းကို လျော့ကျစေပါတယ်။ သင့်ဆရာဝန်က သင့်အတွက် အကောင်းဆုံးနည်းကို ရွေးချယ်စေမှာ ဖြစ်ပါတယ်။ • ခွဲစိတ်ပြီး ပထမ နှစ်ပတ်အတွင်း - လက်ကို ပုခုံးအထက်ကျော်ပြီး မြှောက်ခြင်း နဲ့ သကြားအိတ် တစ်အိတ်ထက် ပိုလေးတဲ့ အရာတွေကို မခြင်းကနေ ရှောင်ကျဉ်သင့်ပါတယ်။ ခွဲထားတဲ့ဘက်နဲ့ အရာဝတ္ထုတွေကို တွန်းခြင်း၊ ဆွဲခြင်းတွေ မပြုလုပ်သင့်ပါဘူး။ ခွဲစိတ်ပြီးရင် ရင်သားကင်ဆာ လူနာတွေ […]


ရင်သားကင်ဆာ

ဒုတိယအကြိမ်ရင်သားကင်ဆာဖြစ်ခြင်း နှင့် စိတ်ခံစားမှု

အချို့သူတွေက secondary ရင်သားကင်ဆာဟာ ဒုတိယအကြိမ် အပြစ်ပေးခံရခြင်းလို့ ယူဆကြပါတယ်။ သူတို့ဟာ ရင်သားကင်ဆာကို တစ်ခါခံစားဖူးကြသူတွေ ဖြစ်ပြီး ကုသမှုတွေရဲ့ ဘေးထွက်ဆိုးကျိုးတွေကိုလည်း ခံရပြီး ဖြစ်ပါတယ်။ အခုတော့ ဒီအရာတွေကို နောက်တစ်ကြိမ် ပြန်လည်ခံစားရမှာ ဖြစ်ပါတယ်။ ဒါကြောင့် ဆိုးရွားတဲ့ အတွေးတွေ ဖြစ်လာခြင်းဟာ ပုံမှန်သာဖြစ်ပါတယ်။ ဘယ်လို ခံစားမှုတွေ ဖြစ်လာသလဲဆိုတာ ကြည့်လိုက်ကြရအောင်။ ဘယ်လိုခံစားရမလဲ ဒုတိယအကြိမ် ရင်သားကင်ဆာ ဖြစ်လာပြီဆိုရင် ပထမအကြိမ် ကျော်လွှားနိုင်ပြီလို့ ယူဆခဲ့တဲ့ ရင်သားကင်ဆာခံစားရတုံးက စိတ်ပိုင်းဆိုင်ရာ ခံစားမှုတွေကို ပြန်လည် ရရှိမှာ ဖြစ်ပါတယ်။ ကြောက်ရွံ့ခြင်း၊ စိတ်ပူခြင်း၊ စိတ်တိုခြင်းနဲ့ စိတ်ဓါတ်ကျခြင်းတွေ ခံစားရနိုင်ပါတယ်။ ကုသမှုတွေဟာ အကျိုးမှရှိရဲ့လားဆိုတဲ့ အတွေးတွေဟာလည်း ပိုမို ကြီးမားလာမှာ ဖြစ်ပါတယ်။ ဆရာဝန်တွေ၊ အခြားကျန်းမာရေး ဝန်ထမ်းတွေနဲ့ မိမိကိုယ်ကိုယ် စိတ်တိုလာမှုတွေကို ခံစားရမှာ […]


ရင်သားကင်ဆာ

ရင်သားကင်ဆာ - ဆရာဝန်များ နဲ့ အထူးကုသမားတော်များ

ရင်သားကင်ဆာဟာ ရှုပ်ထွေးတဲ့ ရောဂါတစ်ခု ဖြစ်ပါတယ်။ သူ့ကို ကုသဖို့အတွက် ဆရာဝန်တစ်ယောက်ထက်မက လိုအပ်တတ်ပါတယ်။ သင့်အတွက် အတွေ့အကြုံရှိတဲ့ ဆရာဝန်တစ်ဦးလိုအပ်ပြီး သူက ပိုမိုကျွမ်းကျင်တဲ့ ဆရာဝန်တွေဆီကို ညွှန်းပေးပါလိမ့်မယ်။ အထူးကုဆရာဝန်တွေဟာလည်း ဆရာဝန်တွေ ဖြစ်ပြီး သူတို့ ကျွမ်းကျင်ရာ အပိုင်းတစ်ခုဆီကို အဓိက ထားပြီး ကုသကြသူတွေ ဖြစ်ပါတယ်။ လေ့ကျင့်မှုတွေရယူပြီး သူတို့ဟာ လက်မှတ်ရ အထူးကု ဆရာဝန်ဖြစ်လာအောင် စာမေးပွဲတွေ ဖြေရတာ ဖြစ်ပါတယ်။ လက်မှတ်၊ လေ့ကျင့်မှုတွေနဲ့ အတွေ့အကြုံတွေ ပြည့်ဝတဲ့ ဆရာဝန်ကို ရှာဖွေသင့်ပါတယ်။ သင့်ကို ဆေးကုသပေးမယ့်အဖွဲ့မှာ အောက်ပါ ဆရာဝန် အမျိုးအစားတွေ ပါဝင်နိုင်ပါတယ်။ ၁။ ကင်ဆာ ဆေး အထူးကုဆရာဝန် ကင်ဆာ အထူးကု ဆရာဝန်တွေဖြစ်ပြီး သူတို့ဟာ ကင်ဆာဆဲလ်တွေ ဘယ်လိုဖြစ်ပွားလာသလဲ ဆိုတာနဲ့ ဘယ်ဆေးတွေနဲ့ ကုရမလဲဆိုတာတွေကို ကျွမ်းကျင်စွာ […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း