ကင်ဆာရောဂါများ

ကင်ဆာကို သိရှိနိုင်စေမယ့် နည်းလမ်းတွေက အများကြီးပါ။ လူတစ်ယောက်နဲ့ တစ်ယောက်လည်း မတူနိုင်ပါဘူး။ လူတိုင်း အသက်အရွယ်တိုင်းမှာ ဖြစ်နိုင်ပါတယ်။ ဒါကြောင့် လူတိုင်း ကင်ဆာ ဖြစ်စေနိုင်တဲ့ အရာတွေ၊ ကင်ဆာဖြစ်စေတဲ့ အကြောင်းအရင်းတွေ၊ လက္ခဏာတွေ၊ စစ်ဆေး အဖြေရှာနည်းတွေ၊ ကုထုံးတွေ၊ ကာကွယ်နည်းတွေကို သိထားဖို့ လိုပါမယ်။ အဆိုပါ အကြောင်းအရာတွေအားလုံးကို ဒီကဏ္ဍမှာ ဖတ်ရှု့နိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ကင်ဆာရောဂါများ

HPV vaccine ထိုးပြီး ကာကွယ်လို့ရတဲ့ ကင်ဆာတွေ

ကင်ဆာ ဆိုတာကို ကြားလိုက်ရင် အရင်ဆုံး ခေါင်းထဲရောက်လာတဲ့ အတွေးက ငါတော့ သေရတော့မယ် ထင်တယ်ဆိုတာပါ။ အခုနောက်ပိုင်းမှာ ဆေးပညာတွေ တိုးတက်လာတာကြောင့် အချို့သော ကင်ဆာတွေကို ကုသနိုင်တယ်ဆိုပမယ့် ကင်ဆာ အပါအဝင် ဘယ်ရောဂါမှ မဖြစ်တာတော့ အကောင်းဆုံးပါ။ ဒီတစ်ခေါက်တော့ ကင်ဆာကို ကာကွယ်ပေးမယ့် ကာကွယ်ဆေးတစ်မျိုးဖြစ်တဲ့ HPV Vaccine က ကင်ဆာကို ဘယ်လို ကာကွယ်ပေးသလဲဆိုတဲ့အကြောင်း ပြောပြပေးချင်ပါတယ်။ HPV ဆိုတာ Human papillomavirus (HPV) ဆိုတာက လိင်ကနေတဆင့်ကူးစက်တဲ့ရောဂါ (STD) တစ်မျိုးပါ။ HPV ဗိုင်းရပ်စ်ကူးစက်ခံရမယ်ဆိုရင် အမျိုးသမီးတွေမှာ လိင်အင်္ဂါမှာ ကြွက်နို့ပေါက်တာ သားအိမ်ခေါင်းကင်ဆာဖြစ်တာမျိုးတွေခံစားရနိုင်ပါတယ်။ အမျိုးသားတွေမှာတော့ လိင်တံကင်ဆာဖြစ်နိုင်ပါတယ်။ စအိုနဲ့လည်ချောင်းလိုမျိုး ခန္ဓာကိုယ်အစိတ်အပိုင်းတွေမှာလည်း ကင်ဆာရောဂါတွေခံစားရနိုင်ပါတယ်။ Human papillomavirus (HPV) ဗိုင်းရပ်စ်ကူးစက်ခံရမှုက အမျိုးသမီးတွေမှာ အဖြစ်များပါတယ်။ ဒါကြောင့် […]

ကင်ဆာရောဂါများ ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကင်ဆာရောဂါများ ကို ရှာဖွေမည်။

ရင်သားကင်ဆာ

ကိုယ်ဝန်ဆောင်နှင့် ရင်သားကင်ဆာ

ကိုယ်ဝန်ဆောင်နေစဉ် ရင်သားကင်ဆာဖြစ်ခြင်းဟာ အလွန်ရှားပါးသော်လည်း ကိုယ်ဝန်ဆောင် အမျိုးသမီး သုံးထောင်မှာ တစ်ယောက် ဖြစ်တတ်ပါတယ်။ ဒီလို အခြေအနေမျိုးမှာ ကိုယ်ဝန်ရှိပြီးသင့်ရင်သားထဲ ကင်ဆာရှိနေတဲ့ အကျိတ်ကို သယ်ဆောင်ထားရတာ အတော်ကို စိတ်ညစ်ညူးဖွယ် ကောင်းပါတယ်။ ဒါကြောင့် မေးခွန်းတစ်ခုက ကိုယ်ဝန်ဆောင်စဉ် (သို့) ကိုယ်ဝန်ဆောင်ပြီးချိန်တွေမှာ ရင်သားကင်ဆာကို ဘယ်လိုကုသပါမလဲ။ ပထမဦးစွာ သိထားသင့်တာကတော့ ကိုယ်ဝန်ဆောင်စဉ် ရင်သားကင်ဆာရှိခြင်းဟာ အလွန်တရာ သတိထားကိုင်တွယ်ရမယ့် အခြေအနေဖြစ်ပြီး အမျိုးသမီးအတွက် လုပ်ဆောင်စရာ အများကြီးရှိပါတယ်။ သူမဟာ ကိုယ်ဝန်ဆောင်စဉ်မှာ ဟော်မုန်းပြောင်းလဲမှုတွေနဲ့ ကြုံတွေ့ရမှာဖြစ်ပြီး ရင်သားကင်ဆာလည်း ရှိနေတာကြောင့် ကလေးကိုပါ မထိခိုက်ရအောင် ကာကွယ်ဖို့လဲ လိုပါတယ်။ ကုသမှုကို မြန်မြန် စနိုင်လေလေ လူနာနဲ့ ကလေးအတွက် အခြေအနေကောင်းလေလေပဲ ဖြစ်ပါတယ်။ ဒါပေမယ့် ခွဲစိတ်ကုသမှု၊ ဓါတ်ရောင်ခြည်ကုသမှု၊ ကင်ဆာဆေးသွင်းကုသမှုနဲ့ ဟော်မုန်းကုသမှု စတဲ့ […]


ရင်သားကင်ဆာ

ရင်သားကင်ဆာခွဲစိတ်မှု ရွေးချယ်စရာနည်းလမ်းများ

ရင်သားကင်ဆာကို များသောအားဖြင့် ခွဲစိတ်ကုသလေ့ရှိပြီး ခွဲစိတ်ကုသနည်းပေါင်းများစွာ ရှိပါတယ်။ အသင့်လျော်ဆုံး ခွဲစိတ်မှုကို ရရှိဖို့ အချက်အလက်တွေ အတော်များများကို ထည့်သွင်း စဉ်းစားသင့်ပါတယ်။ ရင်သားကင်ဆာကို စောစောတွေ့ရှိရင် များသောအားဖြင့် ခွဲစိတ်ကုသကြပါတယ်။ ဘယ်လို ခွဲစိတ်မှုမျိုးကြုံရမလဲဆိုတာတော့ အချက်အလက်တွေ အတော်များများပေါ် မူတည်ပါတယ်။ အဓိက အချက်နှစ်ချက်ကတော့ ကင်ဆာရဲ့ အရွယ်အစားနဲ့ ပြန်ရည်ကျိတ်တွေ၊ အခြားနေရာတွေကို ပြန့်သွားပြီလားဆိုတာပဲ ဖြစ်ပါတယ်။ သင့်ရင်သားအရွယ်အစားနဲ့ ကိုယ်ပိုင်ဆုံးဖြတ်ချက်တွေကိုလည်း ကုသမှု စီစဉ်ခြင်းမှာ ထည့်သွင်း စဉ်းစားသင့်ပါတယ်။ ခွဲစိတ်ကုသမှု နှစ်မျိုး ရှိပါတယ်။ ကင်ဆာ တစ်ရှူးတွေကို ဖယ်ထုတ်မယ့် ခွဲစိတ်မှုနဲ့ ကင်ဆာဟာ ပြန်ရည်ကျိတ်တွေကို ပြန့်သွားပြီလားဆိုတာကို ဆုံးဖြတ်မယ့် ခွဲစိတ်မှု ဆိုပြီး ရှိပါတယ်။ တကယ်လို့ ခွဲစိတ်အထူးကု ဆရာဝန်က သင့်ပြန်ရည်ကျိတ်တွေထဲမှာ ကင်ဆာတွေ့ခဲ့ရင် သူတို့ကိုပါ တစ်ခါတည်း ထုတ်မှာ […]


ရင်သားကင်ဆာ

ရင်သားကင်ဆာ လက္ခဏာများ

ကင်ဆာဟာ ကမ္ဘာပေါ်မှာ အဖြစ်အများဆုံးရောဂါတစ်ခု ဖြစ်ပါတယ်။ အခြားကင်ဆာတွေနဲ့ ယှဉ်ရင် ရင်သားကင်ဆာဟာ အမျိုးသမီးတွေမှာ အဖြစ်အများဆုံး ကင်ဆာတစ်ခုဖြစ်ပါတယ်။ ရင်သားကင်ဆာရောဂါကို စောစီးစွာတွေ့ရှိမယ်ဆိုရင် ကုသပျောက်ကင်းနိုင်ဖို့က ၉၀ ရာခိုင်နှုန်း ရှိပါတယ်။ ဒါကြောင့် ရင်သားကင်ဆာ လက္ခဏာတွေကို စောစီးစွာတွေ့ရှိနိုင်ဖို့ဟာ အလွန်အရေးကြီးပါတယ်။     ရင်သား (သို့) ရင်ဘတ် နာကျင်ခြင်း ရင်သားနာကျင်ခြင်းဟာ ရင်သားကင်ဆာနဲ့ ဆက်စပ်မှု ရှိနိုင်ပါတယ်။ အချို့လူနာတွေမှာ ပျော့ပြောင်းတဲ့ ဓါတ်လိုက်မှု တစ်ခုလိုမျိုးကို ဘယ်ဘက်ကနေ ဘာဘက်အထိ ဖြတ်သွားသလို ခံစားရနိုင်ပါတယ်။ အသက် ၅၀ အထက် အမျိုးသမီးတွေမှာ နာကျင်မှုရှိရင် ရင်သားကင်ဆာကို စစ်ဆေးသင့်ပါတယ်။ ရင်သားကင်ဆာ နာကျင်မှု ရောဂါလက္ခဏာတွေဟာ သွေးဆုံးပြီးသူတွေမှာ အဖြစ်နည်းတတ်ပါတယ်။ သူဟာ ကင်ဆာဖြစ်စေတဲ့ အကြောင်းရင်းတွေ ကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ရင်သားအကျိတ် ရင်သားကို စက်ဝိုင်းပုံစံ လှည့်လည်ပြီး စမ်းကြည့်မယ်ဆိုရင် အကျိတ်တွေကို မြင်ရနိုင်ပြီး များသောအားဖြင့် […]


ရင်သားကင်ဆာ

ရင်သားကင်ဆာ - မိမိကိုယ်ကို စမ်းသပ်နည်းနှင့် ဓါတ်ခွဲစမ်းသပ်နည်းများ

ရင်သားကင်ဆာဟာ အမျိုးသမီးတွေကြားမှာ အဖြစ်အများဆုံး ကင်ဆာတစ်ခုဖြစ်ပြီး အမျိုးသမီး ၂၅ ရာခိုင်နှုန်း ကနေ ၃၅ ရာခိုင်နှုန်း အထိ ခံစားနေရပါတယ်။ ရင်သားကင်ဆာဟာ အစောပိုင်းအဆင့်တွေမှာ စောစီးစွာ တွေ့ရှိရင် ကုသပျောက်ကင်းနိုင်ပါတယ်။ ဒါကြောင့် ရင်သားတွေကို ပုံမှန် စမ်းသပ်စစ်ဆေးခြင်းဟာ ပုံမှန်မဟုတ်တဲ့ လက္ခဏာတွေကို စောစောသိရှိနိုင်ပါတယ်။ အမျိုးသမီးတွေ စမ်းသပ်နည်းဟာ အတော်ရိုးစင်းပါတယ်။ ကိုယ်တိုင် စမ်းသပ်ခြင်း လဲလျောင်းနေစဉ် ပက်လက်လှဲပြီး ညာပုခုံးရဲ့အောက်မှာ ခေါင်းအုံးတစ်ခုကို ထားလိုက်ပါ။ ဘယ်ဘက်လက်မှာ လက်သုံးချောင်းနဲ့ အနည်းငယ်ဖိပြီး စက်ဝိုင်းပုံသဏ္ဍန် အပေါ်ကနေ အောက်ကို စမ်းသပ်ပါ။ ရင်ညွန့်ရိုးရဲ့ အပေါ်ပိုင်းနဲ့ အောက်ပိုင်း၊ ချိုင်းကြားတွေမှာ ရင်သားပြောင်းလဲမှုတွေကို အာရုံခံပါ။ ဘယ်ဘက်ရင်သားစမ်းသပ်ဖို့အတွက် ညာဘက်လက်ကို အသုံးပြုပါ။ မှန်ကို အသုံးပြုပါ။ လက်ကို ခေါင်းနောက် (သို့) ဘေးမှာ ထားပါ။ ရင်သားနှစ်ဖက်လုံးမှာ ပုံမမှန်မှုတွေ၊ အရည်ထွက်မှုတွေ၊ […]


ရင်သားကင်ဆာ

ရင်သားကင်ဆာစစ်ဆေးမှုများ- ဆန်ကာတင်စစ်ဆေးနည်းများ

ရင်သားကင်ဆာဟာ အဖြစ်များတဲ့ ရောဂါတစ်ခုဖြစ်ပြီး အမျိုးသမီးတွေအတွက် အန္တရာယ်ရှိပါတယ်။။ ၂၅ရာခိုင်နှုန်း ကနေ ၃၅ ရာခိုင်နှုန်း အထိ အမျိုးသမီးတွေဟာ ရောဂါခံစားနေရပါတယ်။ ရင်သားကင်ဆာဟာ အစောပိုင်းအဆင့်တွေမှာ အကောင်းဆုံးကုသနိုင်ပြီး စောစီးစွာ တွေ့ရှိရင် အမြစ်ပြတ်အောင် ကုသနိုင်ပါတယ်။ ရောဂါကို စောစီးစွာ တွေ့ရှိစေဖို့ ကိုယ်တိုင် စမ်းသပ်တဲ့နည်းလမ်းအပြင် အခြားနည်းတွေ အများကြီးလည်း ရှိပါသေးတယ်။ ကုသမှုကို ပိုမိုလွယ်ကူစေဖို့ ရင်သားကင်ဆာ ကြိုတင်စစ်ဆေးမှုကိုလည်း ပြုလုပ်နိုင်ပါတယ်။ မမ်မိုဂရမ် (Mammography) သူဟာ စစ်ဆေးမှုတွေရဲ့ ပထမအဆင့်ဖြစ်ပါတယ်။ ဒီနည်းဟာ mammograms တွေ ပါဝင်ပါတယ်။ သေးငယ်တဲ့ calcification points တွေကို ရှာဖွေဖို့ X-ray အနည်းငယ်ကို အသုံးပြုခြင်းဖြစ်ပါတယ်။ Mammography ဟာ ရင်သားကင်ဆာ ထိန်းချုပ်မှုမှာ အလွန်အရေးကြီးပါတယ်။ လေ့လာမှု အတော်များများက Mammography […]


ရင်သားကင်ဆာ

ရင်သားကင်ဆာကုထုံးများ နှင့် ကိုယ်အလေးချိန်ပြောင်းလဲမှု

ရင်သားကင်ဆာဟာ အထူးသဖြင့် အမျိုးသမီးတွေကြားမှာ အလွန် အန္တရာယ်ရှိတဲ့ ရောဂါတစ်ခုဖြစ်ပါတယ်။ ရင်သားကင်ဆာ ကုသမှုမှာ ဘေးထွက်ဆိုးကျိုးတွေဖြစ်တဲ့ ပင်ပန်းနွမ်းနယ်ခြင်း၊ စိတ်ဖိစီးခြင်းတွေဖြစ်တတ်တာကြောင့် ဆေးကုသတဲ့အခါ ကိုယ်အလေးချိန် အပြောင်းအလဲတွေလဲ ဖြစ်တတ်ပါတယ်။ ကိုယ်အလေးချိန် တက်လာခြင်း လေ့လာမှုအချို့ကကင်ဆာဆေးသွင်း ကုသပြီးတဲ့ ရင်သားကင်ဆာ လူနာအချို့ဟာ ဝလာတတ်ပြီး ကုသမှု ပြီးသွားတဲ့အချိန်အထိ ဝလာခြင်းဟာ ကျန်ရှိတတ်ပါတယ်။ သူတို့ဟာ နည်းအမျိုးမျိုးနဲ့ ဝလာခြင်း ဖြစ်ပါတယ်။ ကြွက်သားဆုံးရှုံးပြီး အဆီများလာတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ပုံမှန်လူတွေ ပိန်အောင်လုပ်တဲ့ နည်းတွေဟာ သူတို့အတွက် အကျိုးမရှိပါဘူး။ ဝလာခြင်းရဲ့ အကြောင်းရင်းနောက်တစ်ချက်ကတော့ ကော်တီကို စတီးရွိုက် (corticosteroid ) သုံးလို့ အစာစားချင်စိတ်များလာလို့ပဲဖြစ်ပါတယ်။ Corticosteroids ဟာ အဆီတက်စေတဲ့ ဟော်မုန်းဖြစ်ပါတယ်။ Corticosteroids သောက်နေတဲ့ အမျိုးသမီးတွေဟာလည်း ဝလာနိုင်ပြီး ရက်သတ္တပတ်ပေါင်းများစွာ ဆက်တိုက် အသုံးပြုပြီးမှ […]


ရင်သားကင်ဆာ

ရင်သားကင်ဆာ ကုသမှု နောက်ဆက်တွဲ ဆိုးကျိုးများ

ရင်သားကင်ဆာဟာ အထူးသဖြင့် အမျိုးသမီးတွေအတွက် ပြင်းထန်တဲ့ ရောဂါတစ်ခုဖြစ်ပါတယ်။ ဆေးပညာတိုးတက်လာတဲ့ အလျောက် ကင်ဆာကုသနည်းတွေလည်း အများအပြား ရှိလာကြပါတယ်။ ဒါပေမယ့် ဆေးကုသနည်းတွေမှာ မလိုလားအပ်တဲ့ ဆိုးကျိုးတွေ ရှိနိုင်ပါတယ်။ ဘေးထွက်ဆိုးကျိုးတွေနဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေဟာ ကုသမှုတွေအလိုက် ကွာခြားမှုတွေ ရှိပါတယ်။ ကင်ဆာဆေးသွင်းကုသခြင်း အဖြစ်များတဲ့ ဘေးထွက်ဆိုးကျိုးတွေကတော့ သွေးနီဥနည်းခြင်း၊ ပင်ပန်းလွယ်ခြင်း၊ အလွယ်တကူ အညိုအမဲစွဲခြင်း၊ ရောဂါပိုးဝင်ခြင်း၊ ပျို့ခြင်း၊ ဆံပင်ကျွတ်ခြင်း တို့ပဲ ဖြစ်ပါတယ်။ ကင်ဆာဆေးသွင်းကုသခြင်းဟာ နှလုံးကို ထိခိုက်စေပြီး သွေးကင်ဆာလို ကင်ဆာဖြစ်ပွားခြင်းကို မြှင့်တင်ပေးပါတယ်။ သူဟာ မျိုးဥအိမ်တွေကို ထိခိုက်စေပြီး ဟော်မုန်းထုတ်လုပ်မှုကို ရပ်တန့်စေတာကြောင့် မိန်းမကိုယ်ခြောက်သွေ့ခြင်း၊ ဖိန်းတိန်းရှိန်းတိန်း ဖြစ်ခြင်း တွေကို ခံစားရနိုင်ပါတယ်။ ရာသီရပ်သွားခြင်း၊ မမှန်ခြင်းတွေ ဖြစ်နိုင်ပြီး ကိုယ်ဝန်ရရှိမှုကို တားမြစ်စေပါတယ်။ ဒီလို လက္ခဏာရှိတဲ့ အမျိုးသမီးတွေဟာ […]


ရင်သားကင်ဆာ

ရင်သားကင်ဆာ ကုသမှုနည်းလမ်းများ

ရင်သားကင်ဆာဟာ ကြောက်စရာကောင်းပေမယ့် ဒါဟာ နောက်ဆုံးတော့ မဟုတ်ပါဘူး။ ရင်သားကင်ဆာ ရောဂါ ဝေဒနာရှင်တွေအတွက် ကုသနည်းတွေ အများမပြား ရှိပါတယ်။ ရောဂါ ရရှိမှုဟာ တစ်ယောက်နဲ့ တစ်ယောက် မတူကြတာမို့ ဘယ်လို ကုသမှုက အသင့်တော်ဆုံးလဲ ဆိုတာ သိထားရအောင် ကုသမှု အကုန်လုံးကို နားလည်ထားခြင်းကတော့ အကောင်းဆုံးပဲ ဖြစ်ပါတယ်။ ခွဲစိတ်ကုသခြင်း သူဟာ အသုံးအများဆုံး ကုသနည်းတစ်ခုဖြစ်ပြီး ခွဲစိတ်ကုသနည်းနှစ်မျိုးရှိပါတယ်။ ရင်သားတစ်ခုလုံး ဖြတ်ထုတ် ကုသခြင်းနဲ့ နောက်တစ်ခုကတော့ ကင်ဆာဖြစ်စေတဲ့ ဆဲလ်တွေ တစ်ရှူးတွေကိုသာ ဖယ်ထုတ်တဲ့ နည်းဖြစ်ပါတယ်။ နောက်နည်းတစ်ခုကို breast-conserving ခွဲစိတ်မှုလို့လည်း ခေါ်ပါတယ်။ များသောအားဖြင့် လူနာတွေဟာ ကင်ဆာပြန်ဖြစ်ခြင်းကို ကာကွယ်ဖို့ ဓါတ်ရောင်ခြည်နဲ့ ကုသခြင်းကို လိုအပ်တတ်ပါတယ်။ ဓါတ်ရောင်ခြည်နဲ့ ကုသခြင်း သူဟာ ဒုတိယ အတွေ့ရအများဆုံး ကုသမှု ဖြစ်ပြီး စွမ်းအင်မြင့်မားတဲ့ […]


ရင်သားကင်ဆာ

ရင်သားကင်ဆာအဆင့်ပေါ်မူတည်၍ ကုသမှုနည်းလမ်းများ

ရင်သားကင်ဆာ အဆင့်ဟာ ကုသမှုကို ဆုံးဖြတ်ပေးနိုင်ပါတယ်။ ပုံမှန်အားဖြင့်တော့ ရင်သားကင်ဆာ အဆင့်များလေလေ ကုသမှုပိုမို လိုအပ်လေလေပဲဖြစ်ပါတယ်။ အောက်ဖေါ်ပြပါ အချက်တွေကတော့ ရင်သားကင်ဆာ အဆင့်တွေနဲ့ သူတို့ရဲ့ ကုသမှုတွေပဲဖြစ်ပါတယ်။ အဆင့် ၁ - ရင်သားကင်ဆာ စစဖြစ်ချင်းအဆင့် အကျိတ်ဟာ သေးငယ်ပြီး အခြားပြန်ရည်ကျိတ်လိုနေရာမျိုးကို ပြန့်သွားခြင်းမရှိသေးပါဘူး။ ရင်သားတစ်ခုလုံးဖြတ်ထုတ်ခြင်းဖြစ်စေ၊ ရင်သားပြန်လည် တည်ဆောက်တဲ့ ခွဲစိတ်မှုဖြစ်စေ လုပ်နိုင်ပါတယ်။ ရင်သားပြန်လည် တည်ဆောက်တဲ့ ခွဲစိတ်မှု ဆိုရင် ခွဲစိတ်ပြီးရင်တော့ ကင်ဆာပြန်ဖြစ်ခြင်းကနေ ကာကွယ်ဖို့အတွက် ဓါတ်ရောင်ခြည်နဲ့ ကုသမှုကို လိုအပ်နိုင်ပါတယ်။ ရင်သားဖြတ်ထုတ်ခွဲစိတ်ခြင်းကတော့ ဓါတ်ရောင်ခြည် မလိုအပ်ပါဘူး။ ဒါပေမယ့် နောက်ပိုင်းမှာ ဓါတ်ရောင်ခြည် လိုအပ်မှုရှိမရှိဆိုတာဟာ ကင်ဆာအမျိုးအစားပေါ် မူတည်ပါတယ်။ ဆေးသွင်းကုသခြင်း (သို့) ဟော်မုန်းကုသခြင်းတွေကိုလည်း ထပ်မံထည့်သွင်းနိုင်ပါတယ်။ ဒါဟာ ကင်ဆာမှာ ဟော်မုန်း လက်ခံဆဲလ် receptor […]


ရင်သားကင်ဆာ

ရင်သား အစားထိုး ပြန်လည်တည်ဆောက်ခြင်း

ရင်သားတစ်ခုလုံး ထုတ်လိုက်ရတဲ့ ခွဲစိတ်မှုဟာ သင့်ကောက်ကြောင်းတွေနဲ့ ကိုယ်ခန္ဓါရဲ့ အဆုံးသတ်မဟုတ်ပါဘူး။ ရင်သားဖြတ်ထုတ်တဲ့ ခွဲစိတ်မှုနောက်မှာ အမြဲတမ်း ရင်သားအစားထိုး ထည့်နိုင်ပါတယ်။ ရင်သားကင်ဆာကို ကုသဖို့ ရင်သားတစ်ခုလုံး ထုတ်လိုက်ရတဲ့ ခွဲစိတ်မှုကို Mastectomy လို့ ခေါ်ပါတယ်။ Mastectomy လုပ်ပြီးသွားတာနဲ့ ဖယ်ထုတ်လိုက်ရတဲ့ ရင်သားကို ပြန်လည်အစားထိုးနိုင်ပါတယ်။ လူနာဟာ ခွဲစိတ်မှုအပြီး ဓါတ်ရောင်ခြည်နဲ့ ကုသဖို့မလိုအပ်ဘူးဆိုရင် သူမဟာ ချက်ချင်း ရင်သားပြန်လည် တည်ဆောက်နိုင်တဲ့ ခွဲစိတ်မှုကို ရွေးနိုင်ပါတယ်။ ခွဲစိတ်ဆရာဝန်ဟာ ရင်သားဖြတ်ထုတ်ပြီးတာနဲ့ တစ်ချိန်ထဲမှာ ပြန်လည်တည်ဆောက်တဲ့ ခွဲစိတ်မှုကို စတင်နိုင်ပါတယ်။ ခွဲစိတ်ဆရာဝန်ဟာ ရင်သားတစ်ခုလုံး ကို ခွဲစိတ်ထုတ်မှု အပြီး ရင်သားပြန်လည်တည်ဆောက်နိုင်ဖို့အတွက် အရေပြား ချန်ထားတဲ့ နည်းနဲ့ ပြုလုပ်မှာ ဖြစ်ပါတယ်။ တကယ်လို့ လူနာဟာ ဓါတ်ရောင်ခြည်ကုသမှုနဲ့ အခြားကုသမှုတွေ လိုအပ်တယ်ဆိုရင် ကုသမှုတွေ အကုန်ပြီးသွားပြီး […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း