ကင်ဆာရောဂါများ

ကင်ဆာကို သိရှိနိုင်စေမယ့် နည်းလမ်းတွေက အများကြီးပါ။ လူတစ်ယောက်နဲ့ တစ်ယောက်လည်း မတူနိုင်ပါဘူး။ လူတိုင်း အသက်အရွယ်တိုင်းမှာ ဖြစ်နိုင်ပါတယ်။ ဒါကြောင့် လူတိုင်း ကင်ဆာ ဖြစ်စေနိုင်တဲ့ အရာတွေ၊ ကင်ဆာဖြစ်စေတဲ့ အကြောင်းအရင်းတွေ၊ လက္ခဏာတွေ၊ စစ်ဆေး အဖြေရှာနည်းတွေ၊ ကုထုံးတွေ၊ ကာကွယ်နည်းတွေကို သိထားဖို့ လိုပါမယ်။ အဆိုပါ အကြောင်းအရာတွေအားလုံးကို ဒီကဏ္ဍမှာ ဖတ်ရှု့နိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ကင်ဆာရောဂါများ

HPV vaccine ထိုးပြီး ကာကွယ်လို့ရတဲ့ ကင်ဆာတွေ

ကင်ဆာ ဆိုတာကို ကြားလိုက်ရင် အရင်ဆုံး ခေါင်းထဲရောက်လာတဲ့ အတွေးက ငါတော့ သေရတော့မယ် ထင်တယ်ဆိုတာပါ။ အခုနောက်ပိုင်းမှာ ဆေးပညာတွေ တိုးတက်လာတာကြောင့် အချို့သော ကင်ဆာတွေကို ကုသနိုင်တယ်ဆိုပမယ့် ကင်ဆာ အပါအဝင် ဘယ်ရောဂါမှ မဖြစ်တာတော့ အကောင်းဆုံးပါ။ ဒီတစ်ခေါက်တော့ ကင်ဆာကို ကာကွယ်ပေးမယ့် ကာကွယ်ဆေးတစ်မျိုးဖြစ်တဲ့ HPV Vaccine က ကင်ဆာကို ဘယ်လို ကာကွယ်ပေးသလဲဆိုတဲ့အကြောင်း ပြောပြပေးချင်ပါတယ်။ HPV ဆိုတာ Human papillomavirus (HPV) ဆိုတာက လိင်ကနေတဆင့်ကူးစက်တဲ့ရောဂါ (STD) တစ်မျိုးပါ။ HPV ဗိုင်းရပ်စ်ကူးစက်ခံရမယ်ဆိုရင် အမျိုးသမီးတွေမှာ လိင်အင်္ဂါမှာ ကြွက်နို့ပေါက်တာ သားအိမ်ခေါင်းကင်ဆာဖြစ်တာမျိုးတွေခံစားရနိုင်ပါတယ်။ အမျိုးသားတွေမှာတော့ လိင်တံကင်ဆာဖြစ်နိုင်ပါတယ်။ စအိုနဲ့လည်ချောင်းလိုမျိုး ခန္ဓာကိုယ်အစိတ်အပိုင်းတွေမှာလည်း ကင်ဆာရောဂါတွေခံစားရနိုင်ပါတယ်။ Human papillomavirus (HPV) ဗိုင်းရပ်စ်ကူးစက်ခံရမှုက အမျိုးသမီးတွေမှာ အဖြစ်များပါတယ်။ ဒါကြောင့် […]

ကင်ဆာရောဂါများ ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကင်ဆာရောဂါများ ကို ရှာဖွေမည်။

ရင်သားကင်ဆာ

ကင်ဆာကနေ ရှင်သန်လာသူတွေ ကျန်းမာတဲ့ကိုယ်အလေးချိန်ကို ဘယ်လိုထိန်းသိမ်းကြမလဲ

ရင်သားကင်ဆာ ဖြစ်လာရင် ကင်ဆာကြောင့် သော်လည်းကောင်း၊ ကင်ဆာကုသမှုကြောင့်သော်လည်းကောင်း ကိုယ်အလေးချိန် ပြောင်းလဲနိုင်ပါတယ်။ ကိုယ်အလေးချိန် ထိန်းသိမ်းခြင်းဟာ ကုသမှုရဲ့ ရလဒ်ကို တိုးတက်စေရုံသာမက ကင်ဆာအသက်ရှင်နေထိုင်သူတွေအတွက် နောင်ဖြစ်လာမယ့် ကျန်းမာရေး ပြဿနာတွေကို ကာကွယ်ပေးပါတယ်။ သင့်ကိုယ်အလေးချိန်ကို ကျန်းမာအောင် ထိန်းသိမ်းပါ။ သင်ကတော့ ကျန်းမာတဲ့ ကိုယ်အလေးချိန် ရှိချင်ပါတယ်။ ဒါပေမယ့် သင့်ကိုယ်အလေးချိန်ဟာ ကျန်းမာတယ်၊ မမာဘူးဆိုတာ ဘယ်လိုသိနိုင်မလဲ။ BMI ကို အသုံးပြုပြီး သင့် ကိုယ်အလေးချိန် နံပတ်ကို တွက်ချက်နိုင်ပါတယ်။ သင့်ဆရာဝန်ကို မေးသင့်ပြီး သင် ရှိသင့်တဲ့ ကျန်းမာတဲ့ ကိုယ်အလေးချိန်အကြောင်းကို ဆွေးနွေးသင့်ပါတယ်။   ကိုယ်အလေးချိန် တိုးခြင်း ရင်သားကင်ဆာကြောင့် ကိုယ်အလေးချိန် လျော့တယ်လို့ ထင်ပါလိမ့်မယ်။ အချို့သူတွေမှာတော့ ကိုယ်အလေးချိန် တိုးတတ်ပါတယ်။ ဟော်မုန်း ကုသမှုတွေ၊ ဆေးတွေနဲ့ ကင်ဆာဆေးအချို့ဟာ ကိုယ်အလေးချိန် တိုးစေပါတယ်။ ဒီကုသမှုတွေဟာ […]


ရင်သားကင်ဆာ

ရင်သားကင်ဆာကုသမှုရဲ့ ဘေးထွက်ဆိုးကျိုးတွေကို ဘယ်လိုစီမံကြမလဲ

ရင်သားကင်ဆာ ကုသမှုဟာ ခဏတာ ဆိုးကျိုးတွေနဲ့ ဆက်ဖြစ်တဲ့ ဆိုးကျိုးတွေကိုပါ ဖြစ်စေနိုင်ပါတယ်။ ဆက်ဖြစ်နေတဲ့ ဆိုးကျိုးတွေဟာ သင့်ရင်သားကင်ဆာကို ကုသမှုအပြီးမှာ တိုးတက်မှု မရှိဘူးလို့ အထင်ရောက်စေပါတယ်။ ဆက်ဖြစ်နေတဲ့ ဆိုးကျိုးတွေဟာ ဘာတွေလဲဆိုတာနဲပ ဘယ်လို ကိုင်တွယ်ဖြေရှင်းရမလဲဆိုတာကို ကြည့်ကြရအောင်။ ပင်ပန်းနွမ်းနယ်ခြင်း ပင်ပန်းနွမ်းနယ်ခြင်းဟာ ရင်သားကင်ဆာ ကုသမှုရဲ့ အဖြစ်အများဆုံး ဆိုးကျိုးတစ်ခု ဖြစ်ပါတယ်။ လူနာဟာ တစ်ချိန်လုံး ပင်ပန်းနေတယ်လို့ ခံစားရမှာ ဖြစ်ပါတယ်။ ပင်ပန်းနွမ်းနယ်မှုဟာ လူနာကို ဘာမှမလုပ်ချင်အောင် တားမြစ်ထားပါတယ်။ သူတို့ဟာ အားအင် ကုန်ခမ်းသလို ခံစားရနိုင်ပြီး တစ်ချိန်လုံး အိပ်ချင်နေပါလိမ့်မယ်။ လူနာတွေဟာ တစ်ညလုံးအိပ်ထားမှသာ နောက်နေ့မှာ နေသာမှာ ဖြစ်ပါတယ်။ ဒါ့ပြင် သူတို့ဟာ စကားပြောခြင်းနဲ့ တွေးတောခြင်းတွေမှာ ဒုက္ခရောက်နိုင်ပါတယ်။ ပင်ပန်းနွမ်းနယ်မှုကို တိုက်ဖျက်မယ့် ဆေးမရှိပါဘူး။ လူနာနဲ့ ဆရာဝန်ဟာ ဒီလက္ခဏာတွေကို […]


အခြားကင်ဆာများ

ကင်ဆာကို ဓါတုကုထုံးခံယူဖို့အတွက် ဘာတွေပြင်ဆင်ထားရမလဲ

အခြားကုသမှုတွေလိုပဲ ကင်ဆာဆေးသွင်းကုသခြင်းဟာလည်း မကုသခင်မှာ အစီအစဉ် ပြုလုပ်ဖု့ိလိုအပ်ပါတယ်။ ဒါပေမယ့် ရင်သားကင်ဆာ ဖြစ်လာပြီဆိုရင် ကင်ဆာအကြောင်းကလွဲလို့ အခြားအရာတွေကို စိတ်ဝင်စားတော့မှာ မဟုတ်ပါဘူး။ သင့်ကုသမှု အစီအစဉ်နဲ့ ပတ်သက်ပြီး ဒီဆောင်းပါးက ပြောပြသွားမှာ ဖြစ်ပါတယ်။ ကင်ဆာဆေးသွင်းကုသခြင်းကို ဘာကြောင့် ကြိုတင်စီစဉ်သင့်တာလဲ။ သင့် ကင်ဆာဆေးသွင်းကုသခြင်းဟာ ကင်ဆာအမျိုးအစား၊ ကင်ဆာ တည်နေပုံနဲ့ ယေဘုယျ ကျန်းမာရေးတွေပေါ်မှာ မူတည်ပါတယ်။ ကင်ဆာဆေးသွင်းကုသခြင်းမှာ များသောအားဖြင့် ၄-၈ cycles လောက်ပါဝင်တတ်ပါတယ်။ Cycle ဆိုတာဟာ သင်ကုသမှု ယူရတဲ့ အချိန်ဖြစ်ပြီး တစ်ခုနဲ့ တစ်ခုကြားမှာ နားချိန် ရှိပါတယ်။ ဒါကြောင့် ကင်ဆာဆေးသွင်းကုသခြင်းဟာ အချို့သူတွေမှာ ၄-၆ လအထိ ကြာတတ်ပါတယ်။ Cycle တစ်ခုဟာ ဆေးပမာဏနဲ့ ဆေးအမျိုးအစားတွေပေါ်မူတ်ပြီး နာရီအနည်းငယ်ကနေ ရက်အနည်းငယ်အထိ ကြာမြင့်တတ်တဲ့ ကုသမှုပေါင်းများစွာ ပါဝင်ပါတယ်။ […]


အခြားကင်ဆာများ

ကင်ဆာကို ဓါတ်ရောင်ခြည်ကုထုံးခံယူဖိုအတွက် ဘာတွေပြင်ဆင်ထားရမလဲ

ရင်သားကင်ဆာ ကုသမှု မပြုလုပ်ခင် ကုသမှုတွေကို ကျွမ်းကျင်တဲ့ ဆရာဝန်တွေက စီစဉ်ပေးမှာ ဖြစ်ပါတယ်။ ရင်သားကင်ဆာ လူနာတွေဟာ လုပ်ငန်းစဉ်ကို သိထားသင့်ပြီး သင့်ကျန်းမာရေး အဖွဲ့က ဘယ်လိုလုပ်မလဲဆိုတာကိုလည်း နားလည်ထားသင့်ပါတယ်။ ဒါဟာ ရလဒ်ကို ကောင်းမွန်စေဖို့ ကုသမှုတွေနဲ့ပတ်သက်ပြီး စိတ်တက်ကြွနေဖို့ကို ကူညီပေးပါတယ်။ ဓါတ်ရောင်ခြည် ကုသမှုနဲ့ ပတ်သက်ပြီး သင်ဘာလုပ်နိုင်လဲဆိုတာ ကြည့်ဖို့ လိုပါတယ်။ ဓါတ်ရောင်ခြည်ကုသမှုအကြောင်း ဓါတ်ရောင်ခြည်ကုသမှု စီစဉ်ခြင်းကို သင့်ကုသမှု လုပ်ငန်းစဉ်တွေအတွက် သင့်ဆရာဝန်က ဖန်တီးပေးမှာဖြစ်ပါတယ်။ ဘယ်လောက်ဓါတ်ရောင်ခြည်လိုအပ်လဲဆိုတာနဲ့ ဘယ်ကိုပေးရမလဲဆိုတာ ဖေါ်ပြပါတယ်။ ဓါတ်ရောင်ခြည် ကုသမှုဟာ ကင်ဆာဆဲလ်တွေကို သတ်နိုင်တဲ့ ထိရောက်တဲ့ ပစ်မှတ်ထားကုသမှု တစ်ခုဖြစ်ပါတယ်။ ဓါတ်ရောင်ခြည် ကုသမှုအစီအစဉ်ဟာ ကင်ဆာဆဲလ်တွေကို သင့်လျော်တဲ့ ဓါတ်ရောင်ခြည်ပမာဏ ထိတွေ့စေပြီး အခြားပုံမှန်ကျန်းမာတဲ့ ဆဲလ်တွေကို ဓါတ်ရောင်ခြည် ထိတွေ့မှု နည်းနိုင်သမျှ နည်းအောင် ရည်ရွယ်ပါတယ်။ […]


ရင်သားကင်ဆာ

ကိုယ်ဝန်ဆောင် နဲ့ ရင်သားကင်ဆာ စစ်ဆေးမှုနည်းလမ်းများ

သင်ကိုယ်ဝန်ရှိတဲ့ အခါမှာ ရင်သားပြောင်းလဲမှုတွေ ဖြစ်ပေါ်လာနိုင်ပါတယ်။ ရင်သားဟာ နှစ်ဆလောက်ကြီးလာပြီး မာလာကာ လေးလံလာနိုင်ပါတယ်။ ဒီပြောင်းလဲမှုတွေဟာ ရင်သားကင်ဆာကို တွေ့ရှိဖို့ ခက်ခဲစေပါတယ်။ သင့်ကလေးကို ထိခိုက်မှာ စိုးတာကြောင့် စစ်ဆေးမှုတွေ မပြုလုပ်ခြင်းဟာလည်း ရောဂါစောစော တွေ့ရှိမှုကိုလည်း ကန့်သတ်ထားပါတယ်။ ကိုယ်ဝန်ရှိစဉ် အဖြစ်များတဲ့ ရင်သားကင်ဆာ လက္ခဏာများ ရင်သားမှာ ရှိတဲ့ အကျိတ်အများစုဟာ ကင်ဆာ မဟုတ်ပေမယ့်လည်း ကိုယ်ဝန်ရှိစဉ်မှာ ဖြစ်လာတဲ့ ရင်သားကင်ဆာကတော့ အကျိတ်အနေနဲ့ ဖြစ်ပေါ်ပါတယ်။ သင့်ဆရာဝန်ကို သင့်ရဲ့ သံသယ ဖြစ်ဖွယ်အကျိတ်အကြောင်းကိုပြောပြသင့်ပါတယ်။ ဆရာဝန်ဟာ သေချာနားထောင်ပြီး ရင်သားကင်ဆာ ဟုတ်မဟုတ် စစ်ဆေးမှုတွေ ပြုလုပ်မှာ ဖြစ်ပါတယ်။ သင်ကလေးမွေးပြီး (သို့) ကလေးနို့တိုက်တာ ရပ်တဲ့အထိ မစောင့်သင့်ပါဘူး။ စောစီးစွာတွေ့ရှိခြင်းဟာ ရင်သားကင်ဆာကို ပိုမို ထိရောက်စွာ ကုသဖို့ အခွင့်အလမ်း ပိုပေးနိုင်ပါတယ်။ ကလေးကို […]


ရင်သားကင်ဆာ

ရင်သားကင်ဆာရှိသူတွေမှာ ဓါတ်စာတွေဘယ်လိုရွေးချယ်ကြမလဲ

ရင်သားကင်ဆာ ဖြစ်လာရင် အာဟာရဖြည့်စွက်စာတွေကို သင့်အစားအစာတွေထဲကို ထည့်သွင်းသင့်ပါတယ်။ ဗီတာမင်၊ herbs, antioxidants, extracts တွေဟာ ကိုယ်ခံအားစနစ်ကို အားကောင်းစေတာမို့ သင်ဟာ ပိုမိုအားရှိလာပြီး ရောဂါကုသမှုဆိုးကျိုးတွေကို သက်သာလာစေမှာ ဖြစ်ပါတယ်။ ဒါကြောင့် သင့်အတွက် မှန်ကန်တဲ့ နည်းလမ်းတွေကို ရွေးချယ်ဖို့ လိုပါတယ်။ Antioxidants ဗီတာမင် အေ၊ စီ၊ အီးနဲ့ selenium တွေဟာ Antioxidants တွေ ဖြစ်ပြီး သူတို့ဟာ ကင်ဆာဆေးသွင်းကုသခြင်းနဲ့ ဓါတ်ရောင်ခြည်နဲ့ ကုသခြင်းကြောင့် ဖြစ်လာတဲ့ ဆဲလ်ပျက်စီးမှုကို သက်သာစေပါတယ်။ ဒါ့ပြင် ဗီတာမင် စီနဲ့ အီးဟာ ပင်ပန်းနွမ်းနယ်မှုကို လျော့ကျစေပါတယ်။ Antioxidants တွေကို အများအပြားသုံးစွဲခြင်းဟာ ကင်ဆာရောဂါအတွက်အကျိုးရှိသော်လည်း အချို့နေရာတွေမှာ ကင်ဆာဖြစ်နှုန်းကို ပိုမို မြင့်တက်စေပါတယ်။ ဒီ Antioxidants တွေကို အသီးအရွက်တွေ အတော်များများ […]


အခြားကင်ဆာများ

ဓါတုကုထုံးလုပ်နေချိန်မှာ အရေပြားနဲ့လက်သည်းပြောင်းလဲမှုတွေကို ဘယ်လိုရင်ဆိုင်မလဲ

ရင်သားကင်ဆာ ဆေးသွင်းကုသခြင်းဟာ မလိုလားအပ်တဲ့ ဆိုးကျိုးတွေဖြစ်တဲ့ ဆံပင်ကျွတ်ခြင်း၊ အရေပြားခြောက်သွေ့ခြင်းနဲ့ လက်သည်းခြေသည်း အက်ခြင်းတွေ ကို ဖြစ်စေနိုင်ပါတယ်။ ရင်သားကင်ဆာ လူနာတွေမှာ ဆံပင်တဖြည်းဖြည်း ကျွတ်သွားတာကို ကြည့်ခြင်းဟာ ကြောက်မက်ဖွယ်ရာဖြစ်ပါတယ်။ ဒါကြောင့် ရှောင်လွှဲလို့မရနိုင်တဲ့ ဆိုးကျိုးတွေကို ကာကွယ်ဖို့ နည်းလမ်းအမှန်ကို သိရှိဖို့ လိုပါတယ်။ ကင်ဆာဆေးသွင်းကုသစဉ် အရေပြားထိန်းသိမ်းမှု ကင်ဆာဆေးသွင်းကုသခြင်းဟာ လူနာရဲ့ အရေပြားကို ခြောက်သွေ့ယားယံစေပါတယ်။ ကုသမှုယူစဉ် လက္ခဏာတွေ ဖြစ်ပေါ်လာတာကို စောင့်နေမယ့်အစား မစခင် တစ်ပါတ်လောက်ကြိုပြီး ပြဿနာတွေကို သက်သာစေသင့်ပါတယ်။ အရေပြား ခြောက်သွေ့ခြင်းဟာ အလှအပဆိုင်ရာ ပြဿနာ တစ်ခု ဖြစ်သော်လည်း သူဟာ အလွန်ပြင်းထန်နိုင်ပြီး ရောဂါပိုးလည်း ဝင်စေနိုင်ပါတယ်။ အောက်ပါအချက်တွေကတော့ ကုသစဉ် အရေပြား ပြဿနာတွေကို ကာကွယ်နိုင်ဖို့ ဖြစ်ပါတယ်။ • ကြာရှည်စွာ ရေပူနဲ့ ရေချိုးခြင်းကို ရှောင်ကျဉ်ပါ။ • […]


ရင်သားကင်ဆာ

ရင်သားကင်ဆာကုသပြီးနောက် ကျန်းမာစွာစားသောက်ရန်အစီအစဉ်

သင့်ကျန်းမာရေး အခြေအနေတွေဟာ ဘယ်လိုပဲ ဖြစ်နေပါစေ အစာစားဖို့ဟာ အမြဲအရေးကြီးပါတယ်။ ရင်သားကင်ဆာ ရှိနေပြီးပြီဆိုရင် ကျန်းမာစွာ စားသောက်ခြင်းဟာ သင့်ကို အားအင် ပြည့်စေခြင်း၊ နေကောင်းစေခြင်းနဲ့ ပုံမှန်ဘဝကို ပိုမို မြန်ဆန်စွာ ပြန်ရောက်နိုင်ခြင်းတွေအတွက် ကူညီပေးပါတယ်။ ဒီ ဆောင်းပါးမှာတော့ စားသောက်မှုပုံစံအကြောင်းကို ဖေါ်ပြသွားမှာ ဖြစ်ပါတယ်။ ကျန်းမာစွာ စားသောက်ဖို့ အသုံးပြုနိုင်တဲ့ နည်းလမ်းများ ကောင်းကောင်းတော့ စားချင်ပါရဲ့၊ တစ်ခါတလေမှာ သင်ဟာ ပင်ပန်းလွန်းတာမျိုး (သို့) ကျန်းမာတဲ့ အစာတွေကို ပြင်ဆင်ဖို့ အချိန်ကြာလွန်းတာမျိုး (သို့) ကိုယ်တိုင်ဟင်း မချက်နိုင်တာမျိုးတွေ ဖြစ်နိုင်ပါတယ်။ ကျန်းမာတဲ့ အစားအသောက်တွေဟာ အသီးအရွက်တွေ ပါဝင်ပြီး လူအချို့အတွက်ကတော့ အသီးအရွက်တွေဟာ စားချင်စဖွယ် ဖြစ်မနေပါဘူး။ အသင့်စား အစားအသောက်တွေဟာ ပိုမို လွယ်ကူပြီး စားလို့ ပိုကောင်းနေပါတယ်။ ကြက်ကြော်၊ […]


ရင်သားကင်ဆာ

ရင်သားအကျိတ် (သို့) ရင်သားနာကျင်ခြင်းက ရင်သားကင်ဆာလား

ရင်သားမှာ စူးရှနာကျင်ခြင်းဟာ ကြောက်စရာကောင်းပါတယ်။ ဒါဟာ သင့်မှာများ ပြင်းထန်တဲ့ ရောဂါတစ်ခုခု ဖြစ်နေလားဆိုတာကို စဉ်းစားမိစေမှာပါ။ ရင်သားအကျိတ်ဟာ အမျိုးသမီးတွေနဲ့ အမျိုးသားတွေ မှာတောင် ဆရာဝန်ဆီသွားပြဖို့ လှုံ့ဆော်ပေးတဲ့ အရာဖြစ်ပါတယ်။ ရင်သားကင်ဆာ အစပိုင်းအဆင့်တွေမှာ ရောဂါလက္ခဏာ မပြတတ်ပေမယ့် အချိန်မီ တွေ့ရှိခြင်းဟာ ရင်သားကင်ဆာရဲ့ အသက်ရှင်နေနိုင်စွမ်းကို ပြောင်းလဲပေးနိုင်ပါတယ်။ အောက်ဖေါ်ပြပါ အချက်တွေကတော့ ရောဂါလက္ခဏာတွေနဲ့ ရင်သားကင်ဆာ အမျိုးအစားတွေအကြောင်းပဲ ဖြစ်ပါတယ်။ နာကျင်မှုရဲ့ အကြောင်းရင်းများ လူတွေဟာ နာကျင်မှုခံစားရပြီဆိုရင် တစ်ခုခုတော့ မှားနေပြီလို့ ထင်ကြသလိုပဲ အမျိုးသမီးတွေဟာ သူတို့ရဲ့ ရင်သားမှာ နာကျင်မှု ခံစားရမယ်ဆိုရင် ဒါကို အဆိုးဆုံး (ရင်သားကင်ဆာ)လို့ ထင်တတ်ကြပါတယ်။ ဒါပေမယ့် ရင်သားနာကျင်မှုဟာ ရင်သားကင်ဆာရဲ့ ပထမဆုံးသတိထားမိလောက်တဲ့ လက္ခဏာပဲ ဖြစ်ပါတယ်။ အခြားအချက်တွေ အတော်များများကလည်း နာကျင်မှုကို ဖြစ်စေပါသေးတယ်။ ရင်သားနာကျင်မှုကို mastalgia လို့ […]


ရင်သားကင်ဆာ

ရင်သား တစ်စိတ်တစ်ပိုင်းကို ခွဲစိတ်ဖြတ်ထုတ်ခြင်း (Breast conserving surgery)

Breast conservation surgery ကို lumpectomy, partial mastectomy, quadrantectomy, or segmental mastectomy ဆိုပြီး ခေါ်ကြပါတယ်။ Breast conservation surgery ဟာ ရင်သားကင်ဆာ လူနာတွေအတွက် ကုသနည်း တစ်မျိုးဖြစ်ပါတယ်။ သူဟာ ရင်သားရဲ့ ကင်ဆာဖြစ်နေတဲ့ အစိတ်အပိုင်းကို ဖြတ်ထုတ်တာ ဖြစ်ပါတယ်။ ဖြတ်ထုတ်တဲ့ တစ်ရှူးပမာဏဟာ အကျိတ်တည်နေရာနဲ့ အရွယ်အစားနဲ့ အခြားအချက်အလက်တွေပေါ်မှာလည်း မူတည်ပါသေးတယ်။ ခွဲစိတ်မှုမပြုခင် ဆရာဝန်နဲ့ ရင်သားရဲ့ ဘယ်လောက်ကို ဖြတ်ထုတ်မှာလဲ၊ ဘယ်လို အမာရွတ်မျိုး ကျန်ခဲ့မှာလဲ အစရှိတဲ့ အသေးစိတ်အချက်အလက်တွေကို မေးမြန်းသင့်ပါတယ်။ ဘာလို့လဲဆိုတော့ အကျိတ်ပတ်လည်က ပုံမှန် ကောင်းတဲ့ တစ်ရှူးအချို့ကိုပါ ဖြတ်ထုတ်မှာမို့ပဲ ဖြစ်ပါတယ်။ Breast conservation surgery ကို ဘယ်သူတွေ […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း