ကင်ဆာရောဂါများ

ကင်ဆာကို သိရှိနိုင်စေမယ့် နည်းလမ်းတွေက အများကြီးပါ။ လူတစ်ယောက်နဲ့ တစ်ယောက်လည်း မတူနိုင်ပါဘူး။ လူတိုင်း အသက်အရွယ်တိုင်းမှာ ဖြစ်နိုင်ပါတယ်။ ဒါကြောင့် လူတိုင်း ကင်ဆာ ဖြစ်စေနိုင်တဲ့ အရာတွေ၊ ကင်ဆာဖြစ်စေတဲ့ အကြောင်းအရင်းတွေ၊ လက္ခဏာတွေ၊ စစ်ဆေး အဖြေရှာနည်းတွေ၊ ကုထုံးတွေ၊ ကာကွယ်နည်းတွေကို သိထားဖို့ လိုပါမယ်။ အဆိုပါ အကြောင်းအရာတွေအားလုံးကို ဒီကဏ္ဍမှာ ဖတ်ရှု့နိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ကင်ဆာရောဂါများ

HPV vaccine ထိုးပြီး ကာကွယ်လို့ရတဲ့ ကင်ဆာတွေ

ကင်ဆာ ဆိုတာကို ကြားလိုက်ရင် အရင်ဆုံး ခေါင်းထဲရောက်လာတဲ့ အတွေးက ငါတော့ သေရတော့မယ် ထင်တယ်ဆိုတာပါ။ အခုနောက်ပိုင်းမှာ ဆေးပညာတွေ တိုးတက်လာတာကြောင့် အချို့သော ကင်ဆာတွေကို ကုသနိုင်တယ်ဆိုပမယ့် ကင်ဆာ အပါအဝင် ဘယ်ရောဂါမှ မဖြစ်တာတော့ အကောင်းဆုံးပါ။ ဒီတစ်ခေါက်တော့ ကင်ဆာကို ကာကွယ်ပေးမယ့် ကာကွယ်ဆေးတစ်မျိုးဖြစ်တဲ့ HPV Vaccine က ကင်ဆာကို ဘယ်လို ကာကွယ်ပေးသလဲဆိုတဲ့အကြောင်း ပြောပြပေးချင်ပါတယ်။ HPV ဆိုတာ Human papillomavirus (HPV) ဆိုတာက လိင်ကနေတဆင့်ကူးစက်တဲ့ရောဂါ (STD) တစ်မျိုးပါ။ HPV ဗိုင်းရပ်စ်ကူးစက်ခံရမယ်ဆိုရင် အမျိုးသမီးတွေမှာ လိင်အင်္ဂါမှာ ကြွက်နို့ပေါက်တာ သားအိမ်ခေါင်းကင်ဆာဖြစ်တာမျိုးတွေခံစားရနိုင်ပါတယ်။ အမျိုးသားတွေမှာတော့ လိင်တံကင်ဆာဖြစ်နိုင်ပါတယ်။ စအိုနဲ့လည်ချောင်းလိုမျိုး ခန္ဓာကိုယ်အစိတ်အပိုင်းတွေမှာလည်း ကင်ဆာရောဂါတွေခံစားရနိုင်ပါတယ်။ Human papillomavirus (HPV) ဗိုင်းရပ်စ်ကူးစက်ခံရမှုက အမျိုးသမီးတွေမှာ အဖြစ်များပါတယ်။ ဒါကြောင့် […]

ကင်ဆာရောဂါများ ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကင်ဆာရောဂါများ ကို ရှာဖွေမည်။

သားအိမ်ခေါင်းကင်ဆာ

Cervical Cancer (သားအိမ်ခေါင်းကင်ဆာ)

အဓိပ္ပါယ်ဖွင့်ဆိုချက်သားအိမ်ခေါင်းကင်ဆာဆိုတာ ဘာလဲ။ တခြားကင်ဆာတွေနည်းတူ သားအိမ်ခေါင်းကင်ဆာဟာလည်း (သားအိမ်ခေါင်းဆိုတာသားအိမ်ရဲ့ အောက်ဖက်အဝတစ်လျှောက်ကိုဆိုလိုပါတယ်) ဆဲလ်တွေထိန်းမနိုင်သိမ်းမရပွားတာကနေ အစပြုပါတယ်။ ဆဲလ်တွေ ဒီလို အလွန်အကျွံပွားတာကြောင့် အလုံးအကျိတ်ဖြစ်လာပြီး သားအိမ်ခေါင်းကင်ဆာရယ်လို့ ဖြစ်လာရပါတယ်။ သားအိမ်ခေါင်းကင်ဆာဟာ တစ်ကမ္ဘာလုံးမှာရှိတဲ့ အမျိုးသမီးတွေမှာ အဖြစ်အများဆုံး ကင်ဆာတွေထဲကတစ်ခုဖြစ်ပါတယ်။ ဒါပေမယ့် Pap test လို့ခေါ်တဲ့ သားအိမ်ခေါင်းချွဲမြှေးစစ်တာကို သတ်မှတ်ထားတဲ့အချိန်တွေမှာ မှန်မှန်ပြုလုပ်စစ်ဆေးပေးမယ်ဆိုရင် သားအိမ်ခေါင်းကင်ဆာကို စောစီးစွာ ဖော်ထုတ်သိရှိနိုင်မှာပဲ ဖြစ်ပါတယ်။ ဒီလို စောစီးစွာ သိရှိဖော်ထုတ်နိုင်မယ်ဆိုရင် ရောဂါကို ပျောက်ကင်းအောင်ကုသပေးနိုင်ချေ ပိုများလာမှာအမှန်ပဲ ဖြစ်ပါတယ်။ ဒါ့အပြင် သားအိမ်ခေါင်းကင်ဆာ ဖြစ်ပွားနိုင်ချေကို လျှော့ချထိန်းချုပ်ပေးနိုင်တဲ့နည်းလမ်းတွေလည်း ရှိနေတာဖြစ်တဲ့အတွက် သားအိမ်ခေါင်းကင်ဆာ ဖြစ်ပွားနှုန်းဟာ တဖြည်းဖြည်း လျော့နည်းလာပြီ ဖြစ်ပါတယ်။ သားအိမ်ခေါင်းကင်ဆာ ဘယ်လောက်အဖြစ်များသလဲ။ သားအိမ်ခေါင်းကင်ဆာဟာ အရမ်းအဖြစ်များပြီး အမျိုးသမီးတွေမှာ အဖြစ်အများဆုံး ကင်ဆာတွေထဲမှာ တစ်ခုအပါအဝင်ဖြစ်ကာ အသက်အရွယ်မရွေး ဖြစ်ပွားနိုင်ပါတယ်။ ရောဂါဖြစ်ပွားနိုင်တဲ့အချက်အလက်တွေကို လျှော့ချခြင်းအားဖြင့် ရောဂါဖြစ်ပွားမှုကို ထိန်းချုပ်နိုင်ပါတယ်။ […]


ပြန်ရည်ကျိတ်ကင်ဆာ

Non-Hodgkin Lymphoma

အဓိပ္ပါယ်ဖွင့်ဆိုချက် Non-Hodgkin Lymphoma ကဘာလဲ။ Non-Hodgkin lymphoma ဆိုသည်မှာ ပြန်ရည်ကြော စနစ်တွင် ဖြစ်ပွားသော ကင်ဆာဖြစ်သည်။ ထိုကင်ဆာ အမျိုး အစားတွင် အကျိတ်များသည် lymphocyte ( သွေးဖြူဥများ) မှ ဖြစ်ပွားသည်။ ထိုဆဲလ်များကို ပြန်ရည်ဖု (lymph node)၊ ဘေလုံး နှင့် ကိုယ်ခံအားစနစ်၏ အခြားအင်္ဂါများတွင် တွေ့နိုင် သည်။ Non-Hodgkin lymphoma ၏ ဝိသေသလက္ခဏာ များသည် မည်သည့်နေရာတွင်မဆို စတင်နိုင်ပြီး ခန္ဓါကိုယ်ရှိ မည်သည့်အင်္ဂါကိုမဆို ပျံ့နှံ့နိုင်ပါသည်။ Non-Hodgkin lymphoma အမျိုးအစား များစွာရှိပါသည်။ သို့သော် အဖြစ် အများဆုံးမှာ diffuse B-cell lymphoma နှင့် follicular lymphoma တို့ဖြစ်ပါသည်။ Non-Hodgkin Lymphoma က ဘယ်လောက်အဖြစ်များသလဲ။ ကိုယ်ခံအားစနစ် အားနည်းသောလူများသည် […]


အခြားကင်ဆာများ

Uterine Cancer (သားအိမ်ကင်ဆာ)

အဓိပ္ပါယ်ဖွင့်ဆိုချက်Uterine Cancer (သားအိမ်ကင်ဆာ) ကဘာလဲ။ သားအိမ်ကင်ဆာဆိုသည်မှာ သားအိမ်၏ အတွင်းနံရံ တွင်ဖြစ်ပွားသော ကင်ဆာ အမျိုးအစားတစ်ခု ဖြစ်သည်။ ထို အတွင်းနံရံသည် သားအိမ်နှင့် သားအိမ်ခေါင်း အတွင်းရှိ အပေါ်ယံအလွှာ ဖြစ်သည်။ သားအိမ်သည် ဆီးအိမ်နှင့် အူမကြီး အနှောင်းပိုင်းကြားတွင်ရှိသည်။ သားအိမ်ခေါင်းနှင့် သားအိမ်ဟူ၍ ပါဝင်သည်။ သားအိမ်ခေါင်းသည် မွေးလမ်း ကြောင်းနှင့် ဆက်စပ်နေပြီး သားအိမ်ကိုယ်ထည်သည် သား ဥပြွန်နှင့် ဆက်ထားပါသည်။ ကင်ဆာသည် သားအိမ် တစ်ရှူးအလွှာများတွင် ဖြစ်ပွားနိုင်သည်။ ကင်ဆာသည် သားအိမ်၏ တွယ်ဆက်မှု ကြွက်သားများတွင် ဖြစ်ပွား ပါသည်။ Uterine Cancer (သားအိမ်ကင်ဆာ) က ဘယ်လောက်အဖြစ်များသလဲ။ လက်ရှိတွင် သားအိမ်ကင်ဆာ ဖြစ်ပွားမှု အရေအတွက် သည်မြင့်တက်နေပါသည်။ သားအိမ်ကင်ဆာအများစုသည် သွေးဆုံးပြီး အမျိုးသမီးများတွင် အဖြစ်များပါသည်။ သိပ္ပံ ပညာရှင်များက အဝလွန်သောသူများသည်လည်း […]


အသည်းကင်ဆာ

အသည်းကင်ဆာ-ဆေးလိပ်ဖြတ်ရန်အကြံပြုချက်များ

လေ့လာချက်များအရ အသည်းကင်ဆာဖြစ်သူ ၁၂၅ယောက်တိုင်းတွင် ထက်ဝက်နီးပါးသည် aဆးလိပ်သောက်ခြင်းနှင့် ဆက်စပ်လျက်ရှိကြောင်းတွေ့ရသည်။ ဆိုလိုသည်မှာ aဆးလိပ်သောက်ခြင်းသည် အသည်းကင်ဆာဖြစ်ပွားမှု အလားအလာကများစွာ မြင့်တက်စေသည်။ ဤအချက်ကို လက်ခံရန် လွယ်ကူသော်လည်း ဆေးလိပ်ဖြတ်ရန်မှာ မလွယ်လှပါ။ ထိုအတွက် စိတ်ပူရန်မလိုပါ။ အောက်ပါ အကြံပြုချက်များကိုလိုက်နာခြင်းဖြင့် ဆေးလိပ်ဖြတ်နိုင်ပါသည်။ အကြောင်းပြချက်ရှာပါ ရှေးဦးစွာဆေးလိပ်ဖြတ်ရန်ခိုင်လုံသော ကိုယ်ပိုင်အကြောင်းပြချက်တစ်ခု ချရေးပါ။ ဆေးလိပ်ဖြတ်ချင်သည့် အကြောင်းရင်းများကို စာရင်းတစ်ခုလုပ်ပြီး ဆေးလိပ်သောက်ချင်လာပါက ထိုစာရင်းကိုပြန်ဖတ်ပါ။ အဘယ့်ကြောင့် ဆေးလိပ်ဖြတ်ချင်သည်ကို ပြန်သတိရပါ။ မိသားစုကို ကာကွယ်ဖို့/ကိုယ်ချစ်ရတဲ့သူတွေ ဆေးလိပ်ငွေ့မရှုမိဖို့/ကိုယ့်ကလေးငယ်တွေ အတုယူမမှားမိစေဖို့/အဆုတ်ကင်ဆာနှင့် နှလုံးရောဂါဖြစ်ပွားမှုအလားအလာနည်းဖို့/ငယ်ရွယ်သန်မာဖို့ စသဖြင့်အကြောင်းပြချက်လေးတွေ ချရေးထားလိုက်ပါ။ ထိုလက်တွေ့ကျတဲ့ အကြောင်းပြချက်လေးတွေဟာ ဆေးလိပ်ပြတ်ဖို့ များစွာကူညီပေးနိုင်ပါလိမ့်မည်။ အရည်ပြောင်းသောက်ပါ အရက်သောက်ခြင်းဖြင့် ဆေးလိပ်ဖြတ်ရန်ပိုမိုခက်ခဲစေလိမ့်မည်။ Cokeကဲ့သို့ ဂတ်စ်ပါသော အချိုရည်များကလည်းေ ဆးလိပ်ဖြတ်ဖို့ခက်ခဲစေသည်။ လက်ဖက်ရည်နှင့် ကော်ဖီတို့ကလည်း ဆေးလိပ်အရသာကို ပိုကောင်းစေသည်။ ၎င်းတို့ကိုသောက်မည့်အစား ရေနှင့်သစ်သီးဖျော်ရည်များကို သောက်ခြင်းဖြင့် ကျန်းမာရေးကို […]


အသည်းကင်ဆာ

ကလေးဘဝတွင် အသည်းကင်ဆာ ကုသမှုအပြီးနောက်အသည်းနှင့် သည်းခြေပြွန်၏ နောက်ဆက်တွဲ အကျိုးသက်ရောက်မှုများ

ကုသမှုအပြီး နှစ်များစွာအကြာတွင် သင်၏ကလေးသည် ကင်ဆာကုသမှု၏ နောက်ဆက်တွဲ သက်ရောက်မှုများကို ခံစားရနိုင်သည်။ သင့်ကလေး၏ ကိုယ်တွင်းအင်္ဂါများ၊ တစ်ရှူးများနှင့် အရိုးများကို အန္တရာယ်ဖြစ်စေနိုင်ပြီးဆိုးရွားသောကျန်းမာရေး ပြဿနာများ ဖြစ်နိုင်သည်။ ကလေးဘဝတွင် ကင်ဆာကုသခဲ့ပြီးနောက် အသည်းနှင့် သည်းခြေပြွန်တွင် နောက်ဆက်တွဲ သက်ရောက်မှုများ ဖြစ်ပွားလေ့ရှိသည်။ နောက်ဆက်တွဲ သက်ရောက်မှုများသည် ကင်ဆာကုသမှု ကြောင့်သာလျှင် မဟုတ်ပါ။ အခြား ခန္ဓါကိုယ် အစိတ်အပိုင်းများကိုကုသမှုမှလည်း ဖြစ်နိုင်သည်။ ကလေးတစ်ဦးချင်းစီတွင် မတူညီသောကင်ဆာကုသမှု ရှိသောကြောင့် နောက် ဆက်တွဲ သက်ရောက်မှုများသည်လည်းကွဲပြားနိုင်သည်။ ကလေးကို အန္တရာယ်သက်ရောက်စေသောအရာများမှာ- • ကုသမှုခံယူစဉ် ကလေး၏ အသက်အရွယ် • ကင်ဆာမဖြစ်ခင်ကကလေး၏ အလုံးစုံကျန်းမာရေး • ကလေး၏ မျိုးရိုးဗီဇဖွဲ့စည်းမှု (အချို့ ကျန်းမာရေး ပြဿနာများသည် မျိုးရိုးလိုက်သည်) အချို့ ကုသမှုအမျိုးအစားများသည် နောက်ဆက်တွဲ သက်ရောက်မှု ဖြစ်နိုင်ချေ ပိုမြင့်သည်။ ဥပမာ- ခွဲစိတ်ကုသမှု၊ […]


အရေပြားကင်ဆာ

အရေပြားကင်ဆာကို ဘယ်လိုကာကွယ်မလဲ

အရေပြားကင်ဆာ အများစုဟာ ကြိုတင်ကာကွယ်နိုင်ပါတယ်။ အောက်ဖေါ်ပြပါ အချက်တွေကတော့ အရေပြားကင်ဆာကနေ ဘယ်လိုကာကွယ်မလဲဆိုတဲ့ ဖေါ်ပြချက်တွေပဲ ဖြစ်ပါတယ်။ နေ့လည်ခင်းမှာ နေအပူဒဏ်ကို ရှောင်ကျဉ်ခြင်း လေ့လာမှုတွေအရ နေအပူချိန်ဟာ ၁၀နာရီကနေ ၄ နာရီအတွင်းမှာ အဆိုးဆုံးဖြစ်တယ်လို့ ဆိုပါတယ်။ ဒါကြောင့် အပြင်ထွက်မယ်ဆိုရင် နေရောင်ခြည် အပြင်းထန်ဆုံးဖြစ်ချိန်မှာ ထိတွေ့မှု ရှောင်ကျဉ်နိုင်ဖို့အတွက် ဆောင်းရာသီ ဖြစ်ရင်တောင် (သို့) မိုးအုံ့နေရင်တောင် အခြားအချိန်တွေကို ရွေးသင့်ပါတယ်။ UVrays တွေကို အရေပြားက တစ်နှစ်ပတ်လုံး စုပ်ယူနေတာ ဖြစ်ပါတယ်။ မိုးတိမ်တွေဟာ UVB rays အများစုကိုသာ တားမြစ်နိုင်ပြီးတော့ UVA rays တွေကို တားမြစ်နိုင်ခြင်း မရှိပါဘူး။ ဒါကြောင့် နေအပူဆုံးအချိန်မှာ နေလောင်ခြင်းနဲ့ နေကြောင့် အသားရောင်ညိုခြင်းတွေဟာ အရေပြားကိုပျက်စီးစေပြီး အရေပြားကင်ဆာ ဖြစ်ပွားနှုန်းကို မြင့်တက်စေပါတယ်။ အချိန်အကြာကြီး […]


ရင်သားကင်ဆာ

ကိုယ်ဝန်ရှိနေချိန်မှာ ရင်သားကင်ဆာကို ဘယ်လိုရင်ဆိုင်ဖြေရှင်းမလဲ

ရင်သားကင်ဆာဟာ အမျိုးသမီးတွေကြားမှာ အဖြစ်များတဲ့ ကင်ဆာရောဂါတစ်ခုဖြစ်ပေမယ့် ကိုယ်ဝန်ရှိစဉ် ဖြစ်ပွားခြင်းကတော့ ရှားပါးပါတယ်။ ဒါပေမယ့် မကြာသေးမီက နှစ်တွေမှာ ဒီလိုကိစ္စတွေကို ပိုမိုတွေ့လာရပါတယ်။ တကယ်လို့ ကိုယ်ဝန်ရှိနေချိန်မှာ ရင်သားကင်ဆာ ရှိမယ်ဆိုရင် ကုသမှုဟာ ရှုပ်ထွေးပေမယ့် ကုလို့ မရဘူးလို့ မဆိုလိုပါဘူး။ ဒီရောဂါကို ဘယ်လိုရင်ဆိုင်မလဲဆိုတာ ကြည့်ကြရအောင်။ ကိုယ်ဝန်ရှိနေချိန်မှာ ရင်သားကင်ဆာကို ဘယ်လိုရင်ဆိုင်ဖြေရှင်းမလဲ ကိုယ်ဝန်ရှိနေချိန်မှာ ရင်သားကင်ဆာကို ဘယ်လိုရင်ဆိုင်ဖြေရှင်းမလဲ ဆိုတော့ ကိုယ်ဝန်ရှိစဉ်မှာ ရင်သားကင်ဆာ ကုသမှု ကိုယ်ဝန်ရှိစဉ်မှာ ရင်သားကင်ဆာ ကုသမှုက သင့်ကိုယ်ခန္ဓာအတွင်းမှာ ကလေးတစ်ယောက် ရှိနေတာကြောင့် သာမန်အမျိုးသမီးထက် ပိုရှုပ်ထွေးနိုင်ပါတယ်။ ကုသမှုရဲ့ ရည်ရွယ်ချက်ကတော့ ရောဂါကုသဖို့နဲ့ အသက်ရှည်စေဖို့၊ တကယ်လို့ ကုလို့မရနိုင်တော့ရင် ထိန်းချုပ်ဖို့နဲ့ ကလေးကို ကာကွယ်ဖို့တွေ ပါဝင်ပါတယ်။ ကုသမှုက ကလေးကြီးထွားမှုကို သက်ရောက်မှု ရှိတာကြောင့် ကုသမှုအဆင့်တွေကို သေချာစီစဉ်သင့်ပါတယ်။ ကိုယ်ဝန်ကို ဆက်လက်ထားခြင်း ကိုယ်ဝန်ရှိနေချိန်မှာ ရင်သားကင်ဆာရှိနေရင် […]


ရင်သားကင်ဆာ

ရင်သားကင်ဆာကုသမှုခံယူနေစဉ်အတွင်း စားသောက်ချင်စိတ်ပျောက်ခြင်းကို ဘယ်လိုဖြေရှင်းမလဲ

ရင်သားကင်ဆာ ကုသမှု အတွင်းမှာ အစာစားချင်စိတ်ဟာ ပြောင်းလဲမှု ရှိနိုင်ပါတယ်။ သင့်အစာစားချိန်စိတ်သာမက အစာစားတဲ့ပုံစံတွေဟာ ပြောင်းလဲလာမှာပါ။ ကုသမှုဟာ အစာစားချင်စိတ်ကို ဘယ်လို ရိုက်ခတ်ပြီး ဒီပြဿနာတွေကို ဘယ်လို ဖြေရှင်းမလဲဆိုတာ လေ့လာကြည့်ကြရအောင်။ ရင်သားကင်ဆာ ကုသစဉ်မှာ ဘာလို့ အစာစားချင်စိတ် ပြောင်းလဲမှုတွေ ဖြစ်လာတာလဲ။ ရင်သားကင်ဆာ ကုသမှုဟာ အစာစားချင်စိတ်ကို အကျိုးသက်ရောက်မှု ရှိနိုင်ပါတယ်။ သင်ဟာ ပုံမှန်အတိုင်း အစာစားရတာ ကြိုက်နှစ်သက်တာမျိုးလည်း ဖြစ်နိုင်ပါတယ်။ ကုသမှု မတိုင်ခင်ကထက် ပိုစားနေတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ လုံးဝ မစားချင်တော့တာမျိုးလည်း ဖြစ်နိုင်ပါတယ်။ အရသားခံတဲ့ အာရုံနဲ့ အနံ့ခံ အာရုံတွေမှာ ပြောင်းလဲမှုတွေ ရှိနေတာမျိုးလည်း ဖြစ်နိုင်ပါတယ်။   သင့်အစာစားချင်စိတ်ကို ပြောင်းလဲနိုင်တဲ့ ကုသမှုတွေကတော့ • ခွဲစိတ်ကုသမှု - ခွဲစိတ်ကုသပြီးရင် ပင်ပန်းတာကြောင့် ဘာမှကို စားချင်စိတ် ရှိမှာ မဟုတ်တော့ပါဘူး • […]


ရင်သားကင်ဆာ

ရင်သားကင်ဆာ ကုသမှုမှာ ဆေးယဉ်ပါးမှုကို ဘယ်လိုဖြေရှင်းမလဲ

ရင်သားကင်ဆာ ကုသမှုမှာ ဆေးယဉ်ပါးမှုဟာ အဖြစ်များရုံတင်မကပဲ မျှော်လင့်ထားရမယ့် အရာတစ်ခု ဖြစ်ပါတယ်။ ရင်သားကင်ဆာဟာ ရိုးရာအတိုင်း ဆေးကုသမှုတွေကို ယဉ်ပါးမှု ဖြစ်ပေါ်နိုင်ပါတယ်။ ဒီအချိန်မှာ ဆရာဝန်က ရင်သားကင်ဆာ ဆက်လက်ကုသနိုင်ဖို့အတွက် အခြားနည်းတွေ ရှာဖွေ ပေးမှာ ဖြစ်ပါတယ်။ ကင်ဆာရောဂါ ကုသမှုမှာ ဆေးယဉ်ပါးခြင်း ရင်သားကင်ဆာ ဖြစ်နေပြီဆိုရင် ကုသမှုတွေ ယူရမှာဖြစ်ပါတယ်။ ဒါပေမယ့် ကုသမှုတိုင်းမှာတော့ ပြဿနာတွေ ရှိပြီး အချို့လူနာတွေအတွက် အကျိုးမရှိတာမျိုးတွေ ဖြစ်နိုင်ပါတယ်။ ဒါကို ဆေးယဉ်ပါးတယ်လို့ ခေါ်ပါတယ်။ ဆေးယဉ်ပါးမှုဟာ ရင်သားကင်ဆာ ကုသမှုမှာ စိန်ခေါ်နေတဲ့ အခက်အခဲ တစ်ရပ်လည်း ဖြစ်ပါတယ်။ ဆေးယဉ်ပါးမှု ဖြစ်ခဲ့ရင် ကင်ဆာဆဲလ်တွေဟာ ကင်ဆာကို ကုသဖို့အတွက် အသုံးပြုတဲ့ ဆေးဒဏ်ကို ခံနိုင်ရည် ရှိကြပြီး ဆက်လက်ပွားကာ ကိုယ်ခန္ဓါအတွင်းမှာ အကျိတ်တွေ ဖြစ်လာပါတယ်။ ဆေးယဉ်ပါးမှုဟာ […]


အခြားကင်ဆာများ

ကင်ဆာမှရှင်သန်လာသူတွေ အသားဓါတ်ဘယ်လိုတိုးတက်အောင်လုပ်မလဲ

ရင်သားကင်ဆာ ခွဲစိတ်မှု၊ ကင်ဆာဆေးသွင်းကုသခြင်းနဲ့ ဓါတ်ရောင်ခြည်ကုသမှုတွေအပြီးမှာ သင့်ကိုယ်ခန္ဓါဟာ ပျက်စီးသွားတဲ့တစ်ရှူးတွေကို ပြန်ကောင်းအောင် လုပ်ဖို့နဲ့ ကိုယ်ခံအားစနစ်ကို တိုးတက်စေဖို့ ပရိုတင်းဓါတ်ကို လိုအပ်ပါတယ်။ အရိုးဆုံးနည်းတစ်ခုကတော့ သင့်အစားအသောက်တွေထဲကို ပရိုတင်းပိုမို ထည့်သွင်းခြင်းပဲဖြစ်ပါတယ်။ ဒါကြောင့် ပရိုတင်း ဘယ်လိုပိုများအောင်စားသောက်ရမလဲဆိုတာ တွေးနေရင် ဒီဆောင်းပါးက ပရိုတင်းဓါတ်ပိုမိုရရှိဖို့ စားသောက်သင့်တဲ့ အစားအသောက်တွေကို ဖေါ်ပြသွားမှာဖြစ်ပါတယ်။ ချိစ် ချိစ်တွေကို အသားညှပ်ပေါင်မုန့်၊ ပေါင်မုန့်၊ ကြက်ဥ၊ hot dogs၊ ဟမ်ဘာဂါ၊ အသီးအရွက်၊ အသား၊ ငါး၊ မုန့်တွေနဲ့အတူ စားသုံးနိုင်ပါတယ်။ ချိစ်ကို အမျှင်ဖြစ်အောင် ခြစ်ပြီး စွပ်ပြုတ်၊ ဆော့၊ ခေါက်ဆွဲနဲ့ အာလူးထောင်းတွေထဲကိုလည်း ထည့်သွင်းစားနိုင်ပါတယ်။ Cottage cheese ကို spaghetti (သို့) ခေါက်ဆွဲထဲကို ထည့်သွင်းတာပဲဖြစ်ဖြစ် သင်ကြိုက်သလို စားသောက်နိုင်ပါတယ်။ နွားနို့ တစ်နေကုန် ရေအစား နွားနို့ကို သောက်သုံးနိုင်ပါတယ်။ […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း