ကင်ဆာရောဂါများ

ကင်ဆာကို သိရှိနိုင်စေမယ့် နည်းလမ်းတွေက အများကြီးပါ။ လူတစ်ယောက်နဲ့ တစ်ယောက်လည်း မတူနိုင်ပါဘူး။ လူတိုင်း အသက်အရွယ်တိုင်းမှာ ဖြစ်နိုင်ပါတယ်။ ဒါကြောင့် လူတိုင်း ကင်ဆာ ဖြစ်စေနိုင်တဲ့ အရာတွေ၊ ကင်ဆာဖြစ်စေတဲ့ အကြောင်းအရင်းတွေ၊ လက္ခဏာတွေ၊ စစ်ဆေး အဖြေရှာနည်းတွေ၊ ကုထုံးတွေ၊ ကာကွယ်နည်းတွေကို သိထားဖို့ လိုပါမယ်။ အဆိုပါ အကြောင်းအရာတွေအားလုံးကို ဒီကဏ္ဍမှာ ဖတ်ရှု့နိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ကင်ဆာရောဂါများ

HPV vaccine ထိုးပြီး ကာကွယ်လို့ရတဲ့ ကင်ဆာတွေ

ကင်ဆာ ဆိုတာကို ကြားလိုက်ရင် အရင်ဆုံး ခေါင်းထဲရောက်လာတဲ့ အတွေးက ငါတော့ သေရတော့မယ် ထင်တယ်ဆိုတာပါ။ အခုနောက်ပိုင်းမှာ ဆေးပညာတွေ တိုးတက်လာတာကြောင့် အချို့သော ကင်ဆာတွေကို ကုသနိုင်တယ်ဆိုပမယ့် ကင်ဆာ အပါအဝင် ဘယ်ရောဂါမှ မဖြစ်တာတော့ အကောင်းဆုံးပါ။ ဒီတစ်ခေါက်တော့ ကင်ဆာကို ကာကွယ်ပေးမယ့် ကာကွယ်ဆေးတစ်မျိုးဖြစ်တဲ့ HPV Vaccine က ကင်ဆာကို ဘယ်လို ကာကွယ်ပေးသလဲဆိုတဲ့အကြောင်း ပြောပြပေးချင်ပါတယ်။ HPV ဆိုတာ Human papillomavirus (HPV) ဆိုတာက လိင်ကနေတဆင့်ကူးစက်တဲ့ရောဂါ (STD) တစ်မျိုးပါ။ HPV ဗိုင်းရပ်စ်ကူးစက်ခံရမယ်ဆိုရင် အမျိုးသမီးတွေမှာ လိင်အင်္ဂါမှာ ကြွက်နို့ပေါက်တာ သားအိမ်ခေါင်းကင်ဆာဖြစ်တာမျိုးတွေခံစားရနိုင်ပါတယ်။ အမျိုးသားတွေမှာတော့ လိင်တံကင်ဆာဖြစ်နိုင်ပါတယ်။ စအိုနဲ့လည်ချောင်းလိုမျိုး ခန္ဓာကိုယ်အစိတ်အပိုင်းတွေမှာလည်း ကင်ဆာရောဂါတွေခံစားရနိုင်ပါတယ်။ Human papillomavirus (HPV) ဗိုင်းရပ်စ်ကူးစက်ခံရမှုက အမျိုးသမီးတွေမှာ အဖြစ်များပါတယ်။ ဒါကြောင့် […]

ကင်ဆာရောဂါများ ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကင်ဆာရောဂါများ ကို ရှာဖွေမည်။

သားအိမ်ခေါင်းကင်ဆာ

သားအိမ်ခေါင်းကင်ဆာကာကွယ်နည်း

၂၀၁၆ခုနှစ်မှာအမေရိကန်ကင်ဆာအဖွဲ့အစည်းရဲ့ခန့်မှန်းချက်အရသားအိမ်ခေါင်းကင်ဆာဖြစ်နေတဲ့အမျိုးသမီးပေါင်း၁၂၉၉၀ရှိနေပြီး သေဆုံးနိုင်ခြေက၄၁၂၀ရှိနိုင်တယ်လို့ဆိုပါတယ်။ ဒါ့ကြောင့်လည်းလူတွေကသားအိမ်ခေါင်းကင်ဆာကိုဂရုစိုက်လာကြတာသိသာပါတယ်။ အခုပြောပြသွားမှာကသားအိမ်ခေါင်းကင်ဆာကိုကာကွယ်ပေးမယ့်အချက်လေးတွေပါ။ အမေရိကန်ကင်ဆာအဖွဲ့အစည်းရဲ့ပြောကြားချက်အရ အောက်ပါအချက်တွေလိုက်နာတဲ့အမျိုးသမီးတွေကသားအိမ်ခေါင်းကင်ဆာကိုရှိမှန်းစောစောစီးစီးသိရတယ်လို့ဆိုပါတယ်။ ဒီအချက်တွေကိုလိုက်နာပေးခြင်းကကင်ဆာစဖြစ်ဖြစ်ချင်းသိနိုင်တဲ့အတွက်ကြိုတင်ကာကွယ်ပြီးကင်ဆာကိုမဖြစ်လာအောင်လုပ်လို့ရပါတယ်။ အမျိုးသမီးတိုင်းကသားအိမ်ခေါင်းကင်ဆာစစ်ဆေးမှုကိုအသက်၂၁မှာစလုပ်သင့်ပါပြီ။ အသက်၂၁ကနေ၂၉နှစ်ကြားအမျိုးသမီးတွေက၃နှစ်တစ်ကြိမ် Pap test ကိုလုပ်ဆောင်သင့်ပါတယ်။ ဒီအသက်အရွယ်တွေအတွက် HPV test ကိုတော့မလုပ်သင့်ပါဘူး (Pap test တစ်ခုခုအဆင်မပြေလို့နောက်ဆက်တွဲ test အဖြစ်တော့သုံးချင်သုံးပါလိမ့်မယ်) အသက်၃၀အရွယ်ကစပြီးသားအိမ်ခေါင်းကင်ဆာကိုစစ်ဆေးရာမှာ Pap test နဲ့အတူ HPV test ကိုပါ၅နှစ်တစ်ကြိမ်စစ်ဆေးသင့်ပါတယ်။ ဒါကိုအသက်၆၅မတိုင်ခင်ထိလုပ်သင့်ပါတယ်။ တခြားနည်းလမ်းကတော့အသက်၃၀ကနေ၆၅ကြားမှာ Pap test သက်သက်ကို၃နှစ်တစ်ကြိမ်စစ်ဆေးပေးဖို့ပါ။ သားအိမ်ခေါင်းကင်ဆာဖြစ်နိုင်ချေမြင့်တဲ့အမျိုးသမီးတွေကတော့ကိုယ်ခံအားကျနေတဲ့အမျိုးသမီးများ (ဥပမာ - HIV ရှိသူများ၊အင်္ဂါအစားထိုးထားသူများ၊ steroid ကြာရှည်စွာအသုံးပြုသူများ) နဲ့ကိုယ်ဝန်သားဘဝတုန်းက DES နဲ့ထိတွေ့ခဲ့ရသအမျိုးသမီးများဖြစ်ပါတယ်။ သူတို့အနေနဲ့ပိုပြီးတော့တောင်သတိထားစောင့်ကြည့်သင့်ပါတယ်။ သူတို့ကတော့ဆရာဝန်ရဲ့ညွှန်ကြားချက်အတိုင်းလိုက်နာသင့်ပါတယ်။ လွန်ခဲ့တဲ့၁၀နှစ်လုံးလုံးသားအိမ်ခေါင်းကင်ဆာရှိမရှိစစ်ဆေးလာတဲ့အသက်၆၅နှစ်အရွယ်အမျိုးသမီးတွေကတော့လွန်ခဲ့တဲ့အနှစ်၂၀အတွင်းကင်ဆာအနုတွေဖြစ်တဲ့CIN2 , CIN 3 , (CIN က Cervical intraepithelialneoplasiaဖြစ်ပါတယ်) စတဲ့အခြေအနေတွေမကြုံခဲ့ရင်စစ်ဆေးမှုကိုရပ်လိုက်နိုင်ပါပြီ။CIN 2, […]


သားအိမ်ခေါင်းကင်ဆာ

သားအိမ်ကင်ဆာဆိုတာ ဘာလဲ

သားအိမ်ကင်ဆာဆိုတာ အမျိုးသမီးတွေရဲ့ သားလောင်းဖွံ့ဖြိုးရာ အင်္ဂါဖြစ်တဲ့ သားအိမ်မှာ ဖြစ်တဲ့ကင်ဆာပါ။ သားအိမ်ကင်ဆာက သာအိမ်ရဲ့မျက်နှာပြင်အနားကွပ် ဆဲလ်တွေမှာဖြစ်တာပါ။ သားအိမ်ထဲမှာဖြစ်တဲ့ နောက်ထပ် uterine sarcoma(သားအိမ်ကြွက်သားကင်ဆာ) ဆိုတဲ့ ကင်ဆာတစ်မျိုးလည်းရှိပါသေးတယ်။ ဒါပေမယ့်သူက သားအိမ်ကင်ဆာလောက် လူသိမများပါဘူး။ သားအိမ်ကင်ဆာကို ပုံပန်းသွင်ပြင်ပြောင်းလဲမှုကြောင့် ရှာဖွေတွေ့ရှိမှာဖြစ်ပြီး သူ့ကြောင့် မိန်းမကို ပုံမှန်မဟုတ်ဘဲသွေးယိုခြင်းဖြစ်လာတတ်ပါတယ်။ အဲဒီအခါမှာ ဆရာဝန်ဆီချက်ချင်းသွားဖို့လိုပါတယ်။ တကယ်လို့ သားအိမ်ကင်ဆာရှိတာစောစောသိခဲ့ရင် သားအိမ်ကိုဖြတ်ထုတ်ခြင်းနည်းဖြင့် ကာကွယ်နိုင်ပါလိမ့်မယ်။   ဖြစ်ရသောအကြောင်းအရင်းများ သားအိမ်ကင်ဆာက သားအိမ်ထဲမှာဖြစ်တတ်တဲ့ ကင်ဆာတွေထဲမှာ လူသိအများဆုံးဖြစ်ပါတယ်။ ဘာကြောင့်ဖြစ်ရလဲဆိုတဲ့ တိတိကျကျအကြောင်းပြချက်တော့မရှိပါဘူး။ အမဟော်မုန်းဓါတ်လွန်ကဲခြင်းက ဒီလိုဖြစ်စေတာဖြစ်နိုင်ပါတယ်။ အမဟော်မုန်းတွေကသားအိမ်မျက်နှာပြင် အနားကွပ်တွေကိုတည်ဆောက်ဖို့အားပေးပါတယ်။ ဒါက သားအိမ်မျက်နှာပြင်သားတွေကို ကြီးထွားမှုလွန်ကဲပြီး ကင်ဆာဖြစ်လာစေနိင်ပါတယ်။ သားအိမ်ကင်ဆာအဖြစ်အများဆုံးက အသက် ၆၀ နဲ့ ၇၀ ကြားမှာပါ။ တချို့အခြေအနေတွေမှာတော့ အသက် ၄၀ မတိုင်ခင်ဖြစ်နိုင်ပါတယ် အောက်ဖော်ပြပါအချက်တွေက မဟော်မုန်းကိုတိုးစေပြီး ကင်ဆာဖြစ်နိုင်ချေကိုမြင့်စေပါတယ်။ • progesterone […]


သားအိမ်ခေါင်းကင်ဆာ

သားအိမ်ကင်ဆာကို ဘယ်လိုကုသမလဲ

တကယ်လို့သင့်မှာသားအိမ်ကင်ဆာရှိနေပြီဆိုရင်ဆရာဝန်ကကုသမှုနည်းလမ်းတွေကိုသင်နဲ့ဆွေးနွေးပါလိမ့်မယ်။ သင့်ရွေးချယ်မှုတွေနဲ့ပတ်သက်ပြီးသင်သေချာစဉ်းစားဖို့တော့အရေးကြီးပါတယ်။ ကုသမှုတစ်ခုချင်းစီရဲ့ ကောင်းကျိုးနဲ့ဆိုးကျိုးတွေကိုလည်းနှိုင်းယှဉ်ပြီးစဉ်းစားသင့်ပါတယ်။   ခွဲစိတ်ကုသခြင်း သားအိမ်ကင်ဆာဖြစ်နေတဲ့အမျိုးသမီးတွေအတွက်သားအိမ်ထုတ်ခြင်းခွဲစိတ်မှုလုပ်သင့်ပါတယ်။ သူတို့အနေနဲ့သားအိမ်အပါအဝင်သားဥပြွန်တွေမျိုးဥအိမ်တွေပါထုတ်တဲ့ကုသမှုဖြစ်တဲ့ hysterectomy ကိုလုပ်ဆောင်ရပါမယ်။Hysterectomy ကြောင့်သင်အနာဂတ်မှာကလေးမယူနိုင်တော့ပါဘူး။ ဒါ့အပြင်သားဥအိမ်တွေကိုလည်းဖယ်လိုက်တဲ့အတွက်သင်သွေးမဆုံးသေးတဲ့အရွယ်ဆိုရင်လည်း သွေးဆုံးသွားပါလိမ့်မယ်။ ခွဲစိတ်မှုအတွင်းမှာသင့်ဆရာဝန်ကသင့်သားအိမ်မှာကငာ်ပြန့်နေတဲ့နေရာတွေကိုစစ်ဆေးပါမယ်။ စစ်ဆေးမှုအတွက်ဆရာဝန်ကlymph nodes တွေကိုလည်းဖယ်ရှားချင်ဖယ်ရှားရပါလိမ့်မယ်။ ဒါကသင့်ကင်ဆာအဆင့်ကိုသိနိုင်ပါတယ်။   ဓါတ်ကင်ခြင်း ဓါတ်ကင်ခြင်းကစွမ်းအားမြင့်ဓါတ်ရောင်ခြည်တန်းတွေကိုအသုံးပြုပြီးကင်ဆာဆဲလ်တွေကိုသတ်တာပါ။ တချို့အခြေအနေတွေမှာသင့်ဆရာဝန်ကသင်ခွဲစိတ်မှုပြီးနောက် နောက်ထပ်ကင်ဆာထပ်မဖြစ်အောင်ဓါတ်ကင်ခိုင်းပါလိမ့်မယ်။ တချို့အခြေအနေတွေမှာကျတော့ခွဲစိတ်မှုမပြုလုပ်ခင်ဓါတ်ကင်စေပြီးအကြိတ်ကိုကျုံ့သွားအောင်ဖယ်ရှားရလွယ်ကူအောင်လုပ်ပါတယ်။ တကယ်လို့သင်ကခွဲစိတ်မှုလုပ်ဖို့ထိမကျန်းမာဘူးဆိုရင်ဓါတ်ကင်ခြင်းတစ်ခုဘဲလုပ်နိုင်ပါတယ်။ သာအိမ်ကင်ဆာဖြစ်နေတဲ့အမျိုးသမီးတွေမှာဓါတ်ကင်ခြင်းကကင်ဆာကြောင့်ဖြစ်တဲ့နာကျင်မှုတွေကိုလည်းသက်သာစေပါတယ်။   ဓါတ်ကင်ခြင်းမှာနှစ်မျိုးရှိပါတယ်။ သင့်ကိုယ်အပြင်ဘက်မှာစက်နဲ့ဓါတ်ကင်ခြင်း၊ဒီဓါတ်ကင်ခြင်းမှာသင်ကခွဲခန်းသုံးခုတင်ပေါ်လှဲအိပ်နေပြီးဓါတ်ရောင်ခြည်စက်ကသင့်ကိုယ်ကကင်ဆာဖြစ်နေတဲ့နေရာကိုချိန်ပြီးဓါတ်ရောင်ခြည်ပစ်ပါလိမ့်မယ်။ ကိုယ်တွင်းဓါတ်ကင်ခြင်း၊ဒီဓါတ်ကင်ခြင်းမှာ ရေဒီယိုသတိကြွနေတဲ့အရာတွေ၊ဥပမာ - အစေ့သေးသေးလေးတွေ၊ဝိုင်ယာတွေ၊ကိုသင့်မိန်းမကိုယ်ထဲမှာ အချိန်အနည်းငယ်ကြာအောင်ခဏထည့်ထားပါလိမ့်မယ်။   ဟော်မုန်းကုသမှု ဟော်မုန်းကုသမှုမှာသင့်ကိုယ်ထဲက ဟော်မုန်းတွေကိုသက်ရောက်မှုရှိစေဖို့ ဆေးတွေသောက်ရပါတယ်။ သင့်သားအိမ်ကင်ဆာကသားအိမ်အပြင်ထိပြန့်နေပြီဆိုရင်တော့ ဟော်မုန်းကုသမှုကိုရွေးနိုင်ပါတယ်။ ရွေးချယ်စရာတွေကတော့ သင့်သွေးထဲက Progesterone ကိုမြင့်စေတဲ့ဆေးများ။ Progesterone ဟော်မုန်းရဲ့အသွင်တစ်မျိုးဖြစ်တဲ့ Synthetic progestin ကသားအိမ်ကင်ဆာဆဲလ်တွေကြီးထွားမှုရပ်စေပါတယ်။ သင့်သွေးထဲကEstrogen လျှော့ချတဲ့ဆေးများ။ ဟော်မုန်းကုသနည်းဆေးတွေကသင့်သွေးထဲက estrogen ပမာဏကိုလျှော့ချပေးခြင်းဒါမှမဟုတ်သင့်ကိုယ်က estrogen တွေကိုအသုံးပြုရခက်ခဲအောင်လုပ်ခြင်းတို့လုပ်နိုင်ပါတယ်။ ကြီးထွားဖို့ estrogen ကိုမှီခိုရတဲ့ကင်ဆာဆဲလ်တွေကဒီဆေးတွေကြောင့် သေနိုင်ပါတယ်။   ဓါတုကုထုံး Chemotherapy ကကင်ဆာဆဲလ်တွေကိုသတ်ဖို့ဓါတုဆေးတွေကိုသုံးပါတယ်။ သင့်အနေနဲ့ chemotherapy ဆေးတစ်မျိုးရမယ်ဒါမှမဟုတ်နှစ်မျိုးကနေတခြားဆေးတွေအထိပါ ပေါင်းစပ်ပြီးရရှိပါမယ်။ သောက်ဆေးဒါမှမဟုတ်အကြောဆေးအနေနဲ့ပေးပါမယ်။ ဒီနည်းကကင်ဆာပြန်ဖြစ်လာပြီးသားအိမ်အပြင်ဘက်ထိပြန့်နေတဲ့အမျိုးသမီးတွေအတွက်သုံးပါတယ်။ […]


သားအိမ်ခေါင်းကင်ဆာ

သားအိမ်ကင်ဆာဖြစ်နေကြောင်း သိသင့်သည့် လက္ခဏာများ

သင့်ရဲ့ကိုယ်မှာ တစ်ခါတစ်လေ ရောဂါတစ်ခုခုရှိနေလောက်တယ်လို့ သင်သံသယဖြစ်ရတဲ့ လက္ခဏာတွေတွေ့ဖူးလား။ ရောဂါလက္ခဏာချင်းတူတဲ့ ရောဂါအများကြီးရှိသလို သားအိမ်ကင်ဆာလိုမျိုး တိကျတဲ့ရောဂါလက္ခဏာရှိတဲ့ ရောဂါတွေလည်းရှိပါတယ်။ အောက်မှာဖော်ပြထားတဲ့ သူ့ရဲ့လက္ခဏာတွေကိုကြည့်ရအောင်။   မိန်းမကိုယ် အချိန်အခါမဟုတ် သွေးဆင်းခြင်းနဲ့ တခြားအရည်များဆင်းခြင်း သားအိမ်ကင်ဆာဖြစ်နေတဲ့ အမျိုးသမီး၉၀ရာခိုင်နှုန်းက ပုံမှန်မဟုတ်ဘဲ သွေးဆင်းကြပါတယ်။ ဥပမာ - သူတို့ရာသီလာချိန်တွေမှာ အပြောင်းအလဲရှိခြင်း၊ သွေးဆုံးပြီးချိန်မှ သွေးဆင်းခြင်း တွေပဲဖြစ်ပါတယ်။ ဒီလက္ခဏာကတော့ ကင်ဆာကြောင့် မဟုတ်လည်း တခြားကျန်းမာရေးအခြေအနေတွေမှာ ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ဒီလိုဖြစ်လာရင်တော့ ဆရာဝန်ဆီသွားတာ အသင့်တော်ဆုံးပါ။ တကယ်လို့ သင်က သွေးဆုံးပြီးသားဖြစ်ပေမယ့် ဒီလိုသွေးဆင်းတာတွေ၊ တခြားအရည်ဆင်းတာတွေရှိရင်တော့ဆရာဝန်ကိုချက်ချင်းသွားပြဖို့တော့လိုပါလိမ့်မယ်။ မိန်းမကိုယ်က သွေးမဟုတ်တဲ့ တခြားအရည်တွေဆင်းခြင်းကလည်း သားအိမ်ကင်ဆာရဲ့အချက်ပြမှုတစ်ခုဖြစ်နိုင်ပါတယ်။ ဆင်းတဲ့အရည်တွေထဲမှာ သွေးကိုမတွေ့ရရင်တောင် ဒါကသားအိမ်ကင်ဆာမဖြစ်နေဘူးလို့ မဆိုနိုင်ပါဘူး။ သားအိမ်ကင်ဆာဖြစ်ပွားမှုတွေရဲ့ ဆယ်ရာခိုင်နှုန်းလောက်က အရည်ဆင်းတဲ့အခါ သွေးမပါတတ်ပါဘူး။ ဒါ့ကြောင့် ဒီလိုမူမမှန်တဲ့အရည်ဆင်းတာတွေ ဖြစ်လာရင် ဆရာဝန်ကိုပြသင့်ပါတယ်။   တင်ပါးဆုံနာကျင်ခြင်း၊ ကိုယ်အလေးချိန်ကျခြင်း သားအိမ်ကင်ဆာရဲ့ […]


သားအိမ်ခေါင်းကင်ဆာ

သားအိမ်ခေါင်းကင်ဆာအကြောင်း သိကောင်းစရာ

ယနေ့ခေတ်မှာသားအိမ်ခေါင်းကင်ဆာကအသက်ဘေးကိုပါရန်ရှာလာတဲ့အတွက်အမျိုးသမီးထုကြီးကစိုးရိမ်လာပါပြီ။ ဒါ့ကြောင့်သားအိမ်ခေါင်းကင်ဆာနဲ့ပတ်သက်တဲ့အချက်တွေကိုသင့်အနေနဲ့သိထားဖို့အရေးကြီးပါတယ်။ အခုပြောပြမှာကသင်သိထားသင့်တဲ့သားအိမ်ခေါင်းကင်ဆာနဲ့ပတ်သက်တဲ့အချက်လေးတွေပါ။ အမေရိကန်ကင်ဆာအဖွဲ့အစည်းရဲ့ရီပို့အရ၂၀၁၆ခုနှစ်မှာသားအိမ်ခေါင်းကင်ဆာဖြစ်သူအရေအတွက်မှာ၁၂၉၉၀ရှိပြီးသားအိမ်ခေါင်းကင်ဆာကြောင့် သေဆုံးသူ၄၁၂၀ရှိကြောင်းတွေ့ရပါတယ်။ သားအိမ်ခေါင်းကင်ဆာကဒုတိယအဖြစ်အများဆုံးကင်ဆာဖြစ်ပါတယ်။ သားအိမ်ခေါင်းကင်ဆာကိုလုံးဝရှောင်ကျဉ်လို့ရပါတယ်။ အမေရိကန် ရဲ့သားအိမ်ခေါင်းကင်ဆာကြောင့်သေဆုံးသူမှတ်တမ်းအရကာကွယ်မှုတွေကြောင့် သေဆုံးနှုန်းလျော့သွားတာတွေ့ရပါတယ်။ သားအိမ်ခေါင်းကင်ဆာကတဖြည်းဖြည်းချင်းကြီးထွားလာတဲ့ကင်ဆာမျိုးဖြစ်ပါတယ်။ သားအိမ်ခေါင်းကင်ဆာစဖြစ်နေချိန်နဲ့သားအိမ်ခေါင်းကင်ဆာဖြစ်လာနိုင်ချေရှိခြင်းကိုစမ်းသပ်မှုတွေပြုလုပ်လို့ရနိုင်ပါပြီ။ စမ်းသပ်မှုတွေကသားအိမ်ခေါင်းအချွဲမြှေးစစ်ခြင်းနဲ့ human papilloma virus test ပဲဖြစ်ပါတယ်။ Human Papilloma Virus (HPV) နဲ့ကူးစက်ခံရခြင်းကသားအိမ်ခေါင်းကင်ဆာကြီးထွားမှုနဲ့ဆက်နွယ်နေပါတယ်။ Human Papilloma Virus ကိုကာကွယ်ဖို့ကာကွယ်ဆေးရှိပါတယ်။ ကျန်းမာတဲ့နေထိုင်မှုပုံစံကိုလိုက်နာခြင်းကသင့်ရဲ့သားအိမ်ခေါင်းကင်ဆာဖြစ်နိုင်နှုန်းကိုလျော့စေပါတယ်။ လိင်ဆက်ဆံသူအရေအတွက်ကန့်သတ်ထားခြင်း ဘေးကင်းတဲ့စိတ်ချရတဲ့လိက်ဆက်ဆံမှုကိုလေ့ကျင့်ခြင်း လေ့ကျင့်ခန်းမှန်မှန်လုပ်ခြင်း ကျန်းမာစွာစားသောက်ခြင်း ဆေးလိပ်ရှောင်ခြင်း   သားအိမ်ခေါင်းကင်ဆာဖြစ်နိုင်ခြေမြင့်စေတဲ့အရာတွေကတော့ ခုခံအားကျဆင်းမှုရောဂါ ခုခံအားကျဆင်းနေခြင်း သင့်မိခင်ကိုယ်ဝန်ဆောင်စဉ်က diethylstilbestrol (DES) နဲ့ထိတွေ့မိခြင်း သားအိမ်ခေါင်းကင်ဆာစစ်ဆေးခြင်းကိုသင့်အသက်၂၁မှာစသင့်ပါတယ်။ သက်ဆိုင်တဲ့ပညာရှင်တွေကသင့်ကိုပြုလုပ်ရမယ့်စစ်ဆေးမှုတွေနဲ့ကူညီမှာဖြစ်ပြီးသင့်တော်တဲ့စစ်ဆေးမှုတွေကိုလည်းရွေးပေးမှာပါ။   အကျဉ်းချုံးပြီးပြောရရင်သင့်အနေနဲ့သားအိမ်ခေါင်းကင်ဆာဖြစ်လာနိုင်ခြေကိုလျှော့ချသင့်ပါတယ်။ ဒါ့အပြင်သင့်မှာသားအိမ်ခေါင်းကင်ဆာရှိမရှိစစ်ဆေးဖို့ကမလုပ်မဖြစ်လုပ်ရမှာဖြစ်ပြီးသင့်အနေနဲ့သင့်ဆရာဝန်ကိုသင်နဲ့သင့်တော်မယ့်သားအိမ်ခေါင်းကင်ဆာစစ်ဆေးမှုလုပ်ပေးဖို့ဆွေးနွေးပါ။ အခုပြောပြသွားတာတွေကသားအိမ်ခေါင်းကင်ဆာနဲ့ပတ်သက်တဲ ယေဘူယျအကျဆုံးအချက်တွေပါ။ အသေးစိတ်ကိုတော့ဆရာဝန်နဲ့ဆွေးနွေးနိုင်ပါတယ်။   Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။


သားအိမ်ခေါင်းကင်ဆာ

သားအိမ်ခေါင်းကင်ဆာနှင့် အခြားကုသနိုင်သော နည်းလမ်းများ

သင့်ရဲ့သားအိမ်ခေါင်းကင်ဆာကိုကုသဖို့သင့်အခြေအနေအပေါ်မူတည်ပြီးရွေးချယ်မှုအများကြီးရှိပါတယ်။ ဆေးသောက်တာအပြင်သင့်ဆရာဝန်ကပုံမှန်မဟုတ်တဲ့ဆဲလ်တွေကိုဖယ်ရှားခြင်း၊ခွဲစိတ်ခြင်း၊ဓါတ်ကင်ခြင်းအပြင် ဆေးဝါးမျိုးစုံနဲ့လည်းကုသစေမှာပါ။ ဒီကုသမှုတွေမခံယူခင်ဒီကုသမှုတွေအကြောင်းသင်နားလည်ထားဖို့လိုပါတယ်။ မူမမှန်တဲ့ဆဲလ်တွေကိုဖယ်ရှားခြင်း သင့်မှာအခုသားအိမ်ခေါင်းကင်ဆာမရှိပေမယ့်သင့် ခန္ဓါကိုယ်ကအနာဂတ်မှာကင်ဆာဖြစ်လာနိုင်တဲ့ပြောင်းလဲမှုတွေပြလာခဲ့ရင်ကုသမှုမျိုးစုံရှိပါတယ်။ ပထမဆုံးတစ်ခုက Large loop excision of the transformation zone (LLETZ) လို့ခေါ်တဲ့ကုသမှုပါ။ ဒီကုသမှုထဲမှာလျှပ်စစ်စီးနေတဲ့ဝိုင်ယာကြိုးကိုမူမမှန်တဲ့ဆဲလ်တွေကိုသတ်ဖို့အသုံးပြုပါတယ်။ ဒုတိယတစ်ခုကcone biopsy လို့ခေါ်တဲ့ကုသမှုပါ။ ဒီကုသမှုကတော့မူမမှန်တဲ့ဆဲလ်တွေရှိတဲ့နေရာတစ်ဝိုက်ကိုခွဲစိတ်မှုအသုံးပြုပြီးဖယ်ထုတ်တာပါ။ တတိယတစ်ခုကလေဆာကုသနည်းပါ။ မူမမှန်တဲ့ဆဲလ်တွေကို လေဆာနဲ့ပစ်ပါတယ်။   ခွဲစိတ်ကုသခြင်း တစ်ခါတစ်လေလူနာတွေကကင်ဆာကိုကုသဖို့ခွဲစိတ်မှုကိုရွေးကြပါတယ်။ ဆရာဝန်ကသင့်သားအိမ်ခေါင်းကင်ဆာတည်နေရာ၊အဆင့်နဲ့သင်နောက်ထပ်ကလေးယူချင်လားမယူချင်လားအပေါ်မူတည်ပြီးခွဲစိတ်မှုအမျိုးအစားကိုဆုံးဖြတ်ပေးပါမယ်။ သားအိမ်ခေါင်းကင်ဆာအတွက်အဓိကခွဲစိတ်မှုသုံးခုရှိပါတယ်။Radical trachelectomy , hysterectomy နဲ့ pelvic exenterationတို့ဘြဲဖစ်ပါတယ်။   Radical trachelectomy ဒီခွဲစိတ်မှုကသားအိမ်ခေါင်းကင်ဆာရှိတာစောစောသိတဲ့အခါပြုလုပ်ပါတယ်။ ဒါကကလေးထပ်လိုချင်သေးတဲ့အမျိုူသမီးတွေမှာပြုလုပ်တာများပါတယ်။ ဒီခွဲစိတ်မှုက hysterectomy နဲ့pelvic exenterationတို့လိုမျိုးသားအိမ်ကိုထိခိုက်တာခြင်ူမလုပ်တဲ့အတွက်သင်ကလေးထပ်ယူနိုင်ပါသေးတယ်။   Hysterectomy ဒီခွဲစိတ်မှုကသားအိမ်ခေါင်းကင်ဆာအစောပိုင်းအဆင့်တွေမှာလုပ်တာများပါတယ်။ ဒီကုသမှုထဲမှာဓါတ်ရောင်ခြည်ကုသမှုကိုလည်း နောက်ထပ်ကင်ဆာထပ်မဖြစ်အောင်ကာကွယ်ဖို့ထည့်သွင်းထားပါတယ်။ အချိန်တိုရှုပ်ထွေးမှုတွေမှာတော့ဒီခွဲစိတ်မှုကသင့်ကို ရောဂါပိုးဝင်ခြင်း၊ သွေးခဲခြင်းနဲ့မတော်တဆသားအိမ်အူမကြီးနဲ့ဆီးအိမ်ထိခိုက်မခြင်းတို့ဖြစ်လာနိုင်ချေရှိပါတယ်။ နာတာရှည်ရှုပ်ထွေးမှုတွေကရှားပေမယ့်တစ်ခါတစ်လေသင့်ကိုမသက်မသာဖြစ်စေပါမယ်။ သင့်မိန်းမကိုယ်ကတိုသွားခြင်း၊ပိုခြောက်သွားခြင်း၊ဖြစ်စေနိုင်ပြီးဒါတွေကလိင်ဆက်ဆံတဲ့အခါသင့်ကိုနာကျဉ်စေပါတယ်။ ဒါ့အပြင်ဆီးမထိန်းနိုင်ခြင်း၊လက်မောင်းနဲ့ခြေထောက်များရောင်ခြင်း၊စတာတွေဖြစ်နိုင်ပါတယ်။ သင့်သားအိမ်ကိုဖယ်ထုတ်လိုက်ရတဲ့အတွက်သင်ကလေးထပ်ယူလို့မရတော့ပါဘူး။   Pelvic exentertion ဒီခွဲစိတ်မှုကသားအိမ်ခေါင်းကင်ဆာပြန်ဖြစ်တာ၊တင်ပါးဆုံမှာကင်ဆာပြန်ဖြစ်ပြီးဘယ်ကိုမှမပြန့်သေးတဲ့အခါမျိုးသုံးပါတယ်။ သင့်မိန်းမကိုယ်ကိုတော့တခြားကိုယ်အစိတ်အပိုင်းကအရေပြားနဲ့တစ်ရှူးတွေကိုအသုံးပြုပြီးပြန်တည်ဆောက်လို့ရပါတယ်။ ဒါကသင့်အနေနဲ့လိင်ဆက်ဆံခွင့်ပြန်ရမှာပါ။ ဒါပေမယ့်ပုံမှန်ပြန်ဖြစ်ဖို့တော့လတွေချည်ပြီးစောင့်ရပါမယ်။   ဓါတ်ရောင်ခြည်ကုသမှု ဒီနည်းလမ်းကအင်အားပြင်းတဲ့ဓါတ်ရောင်ခြည်တွေကိုအသုံးပြုပြီးဒါမှမဟုတ်မိန်းမကိုယ်ထဲကို ရေဒီယိုသတ္တိကြွအရာတစ်ခုထည့်ပြီးကင်ဆာဆဲလ်တွေကိုသတ်တာပါ။ ဓါတ်ရောင်ခြည်ကုသမှုကိုသူ့သက်သက်ချည်းဘဲလုပ်သလိုခွဲစိတ်မှုတွေနဲ့လည်းကင်ဆာအစောပိုင်းအဆင့်ဆိုရင်တွဲလုပ်ပါတယ်။ ပိုပြင်းထန်တဲ့အဆင့်မှာဆိုရင် သွေးထွက်ခြင်းနဲ့နာကျင်မှုကိုထိန်းချုပ်ဖို့အတွက်ဆေးဝါးတွေနဲ့လည်းတွဲလုပ်ပါတယ်။ ဓါတ်ရောင်ခြည်ကုသမှုတွေကိုစက်မှတစ်ဆင့်စွမ်းအားမြင့်ဓါတ်ရောင်ခြည်တန်းတွေသင့်တင်ပါးဆုံဆီကိုထိုးပြီးကင်ဆာဲလ်တွေကိုသတ်နိုင်ပါတယ်။ ဒါကအပြင်ဘက်ကုသမှုပါ။ ဒါမှမဟုတ်အတွင်းဘက်ကုသမှုလည်းရှိပါတယ်။ […]


သားအိမ်ခေါင်းကင်ဆာ

သားအိမ်ကင်ဆာတစ်ဖန်ပြန်ဖြစ်ခြင်း နှင့်ပတ်သက်ပြီး ဘာတွေသိသင့်သလဲ

သားအိမ်ခေါင်းကင်ဆာကုသပြီးသွားတဲ့အမျိုးသမီးတွေရဲ့၃၀ရာခိုင်နှုန်းကသားအိမ်ခေါင်းကင်ဆာပြန်ဖြစ်တတ်ပါတယ်။ ပုံမှန်အားဖြင့်ကုသပြီး၂ နှစ်အတွင်းပြန်ဖြစ်ပါတယ်။ ဒါကြောင့်သင်ကအခုသားအိမ်ခေါင်းကင်ဆာကုသမှုပြီးသွားလို့အနားယူနေတဲ့သူဆိုရင်သားအိမ်ခေါင်းကင်ဆာပြန်ဖြစ်ခြင်းကိုသိထားဖို့နောက်မကျပါဘူး။   Recurrence (ပြန်ဖြစ်ခြင်း) ဆိုတာဘာလဲ ? သင့်သားအိမ်ခေါင်းကင်ဆာကကုသပျောက်ကင်းပြီးမှထပ်ဖြစ်တာကို Recurrence လို့ခေါ်ပါတယ်။ ဒီလိုပြန်ဖြစ်တဲ့ကင်ဆာကတစ်နေရာတည်းမှာဖြစ်နိုင်ပါတယ်။ ဒါမှမဟုတ်ပထမစဖြစ်ခဲ့တဲ့ နေရာတစ်ဝိုက်မှာဖြစ်နိုင်ပါတယ်။ Regional recurrence လို့ခေါ်တဲ့ နေရာဟောင်းနားမှာပြန်ဖြစ်ခြင်း၊Distant recurrence လို့ခေါ်တဲ့ သွေးကြောကတစ်ဆင့်အဆုတ်တွေအရိုးတွေဆီကိုကင်ဆာပြန့်သွားခြင်းတွေဖြစ်နိုင်ပါတယ်။   သင့်သားအိမ်ခေါင်းကင်ဆာပြန်ဖြစ်နေမှန်းသင်ဘယ်လိုသိမလဲ ? သင်ကသင့်ရဲ့ကိုယ်မှာတစ်ခုခုမှားယွင်းနေလားဆိုတာသိနိုင်မယ့်တစ်ဦးတည်းသောသူပါ။ ကင်ဆာကုသပြီးလို့ ရောဂါလက္ခဏာတချို့ပြတာပုံမှန်ဆိုပေမယ့်အဲဒီလက္ခဏာတွေသုံးပတ်ထက်ကြာနေရင်တော့ပြသနာရှိလာနိုင်ပါတယ်။ သင့်အခြေအနေကိုသေချာသိစေဖို့ကင်ဆာပြန်ဖြစ်ရင်ဘာလက္ခဏာတွေပေါ်လဲသင်သိထားသင့်ပါတယ်။ သားအိမ်ခေါင်းကင်ဆာပြန်ဖြစ်တဲ့အမျိုးသမီးတွေမှာမိန်းမကိုယ်သွေးယိုခြင်း၊ သွေးဆင်းခြင်း၊တင်ပါးဆုံတစ်ဝိုက်ရင်ဘတ် ကျောနဲ့ ခြေထောက်တို့နာခြင်း၊တင်ပါးနဲ့ပေါင်နာခြင်း၊ ခြေတစ်ဖက်ရောင်ခြင်း၊အအေးမိဖျားနာခြင်းနဲ့မသက်ဆိုင်ဘဲနာတာရှည်ချောင်းဆိုးခြင်း၊ရုတ်တရက်ရှင်းမပြနိုင်စရာကိုယ်အလေးချိန်ကျခြင်းတို့ဖြစ်တတ်ပါတယ်။ တကယ်တော့သားအိမ်ခေါင်းကင်ဆာကမိန်းမကိုယ်၊တင်ပါးဆုံ၊ lymph nodes၊အဆုတ်ဒါမှမဟုတ်အသည်းမှာထပ်ဖြစ်နိုင်ပါတယ်။   ကင်ဆာပြန်ဖြစ်စေနိုင်သောအရာများ ခွဲစိတ်မှုပြီးမှပြန်ဖြစ်ခြင်း Hysterectomy ခွဲစိတ်မှုကသားအိမ်ခေါင်းကင်ဆာကိုကုသဖို့ကောင်းတဲ့နည်းပါ။ ဒါပေမယ့်ကင်ဆာဆဲလ်တွေကိုဖြတ်ထုတ်ရာမှာတစ်ရှူးထောင့်လေးတွေမှာကင်ဆာဆဲလ်လေးတွေကျန်နေနိုင်ပါတယ်။ ဒါကြောင့်အဲဒီဆဲလ်တွေကကြီးထွားလာပြီးပြသနာဖြစ်လာနိုင်ပါတယ်။   ဓါတ်ကင်ပြီးမှပြန်ဖြစ်ခြင်း   တချို့အခြေအနေတွေမှာသင့်အနေနဲ့သက်ရောက်တဲ့နေရာတွေကိုကုသဖို့ဓါတ်ကင်ခြင်းနည်းရွေးလိုက်ပေမယ့်ပြန်ဖြစ်လာနိုင်ပါတယ်။ ဒါကဓါတ်ရောင်ခြည်ကိုခံနိုင်လောက်တဲ့ထိသန်မာတဲ့ကင်ဆာဆဲလ်ကြောင့်ဒါမှမဟုတ်တင်ပါးဆုံအပြင်ဘက်ဓါတ်ရောင်ခြည်မသက်ရောက်နိုင်တဲ့ နေရာကိုပြန့်ပြီးနေခြင်းစတဲ့အခြေအနေတွေမှာပြန်ဖြစ်ပါတယ်။ ကံမကောင်းစွာနဲ့ဘဲတင်ပါးဆုံအပြင်ဘက်ကကင်ဆာသက်ရောက်တဲ့ သေးငယ်တဲ့နေရာတွေကိုစမ်းသပ်စစ်ဆေးမှုတွေနဲ့မသိနိုင်ပါဘူး။   တင်ပါးဆုံအပြင်ဘက်မှာပြန်ဖြစ်ခြင်း သားအိမ်ခေါင်းကင်ဆာကနီးစပ်ရာအင်္ဂါတွေအရိုးတွေကိုပြန့်သွားတာနဲ့ကုသမှုကအားလျော့လာပါပြီ။ ကင်ဆာဖြစ်နိုင်တဲ့ဆဲလ်တွေပြန့်ခြင်းကသားအိမ်ခေါင်းကင်ဆာပြန်ဖြစ်နိုင်ပါတယ်။ ဒါကိုကုသဖို့နည်းမရှိသေးပါဘူး။ လူနာအနေနဲ့သူတို့ကြာကြာအသက်ရှင်နိုင်ဖို့နဲ့ ရောဂါလက္ခဏာတွေသက်သာစေဖို့ဥပမာနာကျင်မှုနဲ့သွေးထွက်မှုအတွက်ဓါတုဆေးဝါးတွေသုံးနိုင်ပါတယ်။ သက်ရောက်တဲ့နေရာတွေကိုဓါတ်ကင်ခြင်းကိုလည်း ရွေးနိုင်ပါတယ်။   Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။


ရင်သားကင်ဆာ

ရင်သားကင်ဆာနှင့် ထိခိုက်မှုအနည်းဆုံး အသားစယူစစ်ဆေးခြင်း

ရင်သားကင်ဆာအတွက် ရောဂါရှာဖွေမှု အဆုံးသတ်အဖြစ် အသားစယူစစ်ဆေးနိုင်ပါတယ်။ အဲဒီအတွက် ခွဲစိတ်ခြင်းဟာအမြဲမလိုပါဘူး။ အသားစစစ်ဆေးရာမှာထိခိုက်မှုအနည်းဆုံးနည်းလမ်းကိုအသုံးပြုနိုင်သလားဆိုတာ ဆရာဝန်နဲ့ တိုင်ပင်နိုင်ပါတယ်။ ထိခိုင်မှုအနည်းဆုံးအသားစယူစစ်ဆေးခြင်းဟာခွဲစိတ်ကုသခြင်းမဟုတ်ပါဘူး။ ရင်သားခွဲစိတ်ခြင်းထက် ပိုသာလွန်တဲ့ အချက်တွေကတော့ အနာရွတ်အသေးဆုံးဖြစ်စေခြင်း နာကျင်မှုသက်သာခြင်း ခွဲစိတ်ပြီးနောက် ရောဂါပိုးဝင်ရောက်မှု မခံစားနိုင်ခြင်း အချိန်ကြာကြာမယူရခြင်းစတာတွေဖြစ်ပါတယ်။   အသားစယူခြင်းအမျိုးမျိုးရှိပါတယ်။ ၁။ အပ်သေးသေးဖြင့်စုပ်ယူခြင်း ထိခိုက်မှုအနည်းဆုံးနည်းလမ်းဖြစ်ပါတယ်။ ဆရာဝန်ဟာ ရောဂါဖြစ်တဲ့နေရာကိုပိုးသန့်စင်ထားတဲ့အပ်နဲ့ ထိုးသွင်းပြီးကင်ဆာဖြစ်နေတဲ့ အသားစကိုထုတ်ယူပါလိမ့်မယ်။ ၂။ ကိုးရ်အပ်ဖြင့်အသားစယူခြင်း ပထမအမျိုးအစားနဲ့ သဘောတရားတူပါတယ်။ အပ်အမျိုးအစားပိုကြီးလာတာပဲကွာပါတယ်။ ၃။ လေစုပ်ခွက်အကူဖြင့် အသားစယူခြင်း ဒီနည်းလမ်းမှာအပ်ကနေတဆင့် အရည်နဲ့ ဆဲလ်တွေ ပိုပြီးထွက်လာအောင် စုပ်ယူတဲ့ကိရိယာကိုသုံးပါတယ်။ ဒီနည်းဟာအသားစနမူနာရဖို့ အပ်ကိုအကြိမ်ကြိမ် ထိုးသွင်းနေရမှုကိုလျှော့ချပေးပါတယ်။ ၄။ ရုပ်လုံးပေါ်နည်းဖြင့် အသားစယူခြင်း ဒီနည်းလမ်းမှာပုံရိပ်ကိုကြည့်ခြင်းအားဖြင့် ဆရာဝန်ဟာ အပ်ကိုလိုချင်တဲ့နေရာထိုးသွင်းနိုင်အောင် နေရာအတိအကျ သိစေနိုင်ပါတယ်။ ပုံရိပ်ဖော်ဖို့အတွက် ultrasound ဒါမှမဟုတ် MRIကိုအသုံးပြုပါတယ်။ Ultrasound ဟာရင်သားထဲကပုံရိပ်ကိုမှတ်တမ်းတင်နိုင်အောင် အသံလှိုင်းတွေကိုအသုံးချပါတယ်။ ဒီနည်းနဲ့စစ်ဆေးရာမှာစမ်းသပ်ခုတင်ပေါ် လှဲနေရပါမယ်။ စစ်ဆေးမယ့် နေရာကိုအဆီရည်တမျိုးနဲ့ သုတ်လိမ်းပါလိမ့်မယ်။ ပြီးတဲ့နောက် စမ်းသပ်ကိရိယာတခုနဲ့ […]


သားအိမ်ခေါင်းကင်ဆာ

သားအိမ်ခေါင်း အချွဲမြှေးစစ်ဆေးခြင်း

သားအိမ်ခေါင်းအချွဲမြှေးစစ်ဆေးခြင်း (Pap Test) ဆိုတာဘာလဲ။ ဘာ့ကြောင့်စစ်ဆေးမှုခံယူဖို့လိုအပ်တာ လဲဆိုတာနဲ့ ဘယ်သူတွေကခံယူဖို့လိုအပ်တာလဲဆို တာကို အောက်ပါဆောင်းပါးကဖော်ပြပေးပါလိမ့်မယ်။     သားအိမ်ခေါင်းအချွဲမြှေးစစ်ဆေးခြင်း လို့လည်းခေါ်တဲ့သည်စစ်ဆေး နည်းဟာ သင့်မှာသားအိမ်ခေါင်းကင်ဆာရှိမရှိကို စစ်ဆေးပေးတဲ့နည်းလမ်းတစ်ခုဖြစ်ပါတယ်။ တိတိကျကျဆိုရရင် ဒီနည်းက သားအိမ်ဝဖြစ်တဲ့ သားအိမ်ခေါင်းမှာ ကင်ဆာဆဲလ်ဖြစ်ပေါ်နေတာ ဒါမှမဟုတ် ကင်ဆာဖြစ်နိုင်တဲ့အန္တရာယ်ရှိနေတာကို ရှာဖွေစစ်ဆေးပေးနိုင်ပါတယ်။ သားအိမ်ခေါင်းအချွဲမြှေးစစ်ဆေးခြင်း လုပ်နေစဉ်အတွင်း ဆရာဝန်တွေက သားအိမ်ခေါင်းမှာ ရှိတဲ့ဆဲလ်တွေကို ညင်သာစွာခြစ်ထုတ်ယူပြီး ပုံမှန်မဟုတ်တဲ့ကြီးထွားမှုရှိမရှိစစ်ဆေးမှာဖြစ်ပါတယ်။   သားအိမ်ခေါင်းအချွဲမြှေးစစ်ဆေးခြင်း ပြုလုပ်ရတဲ့အကြောင်းရင်းများ အမျိုးသမီး၊အမျိုးသားလိင်ဆက်ဆံမှုကနေ HPV (Human Papillomavirus)ဗိုင်းရပ်စ် ကူးစက်ခံရနိုင်တာ ကြောင့် သားအိမ်ခေါင်းအချွဲမြှေးစစ်ဆေးခြင်း စစ်ဆေးမှုခံယူဖို့က အရမ်း အရေးကြီးပါတယ်။ လိင်မှုကိစ္စရှိနိုင်တဲ့ အမျိုးသမီး အားလုံးဟာ HPV ပိုးရှိနေနိုင်တဲ့အန္တရာယ်ရှိတာ ကြောင့် အနည်းဆုံး သုံးနှစ်တစ်ကြိမ်လောက်တော့ သားအိမ်ခေါင်းအချွဲမြှေးစစ်ဆေးခြင်း စစ်ဆေးမှုခံယူသင့်ပါတယ်။ သားအိမ်ခေါင်းအချွဲမြှေးစစ်ဆေးခြင်း က လိင်ကတဆင့်ကူးစက်တတ်တဲ့တခြား ရောဂါတွေကိုတော့ မစစ်ဆေးပေးနိုင်ပါဘူး။ တစ်ခါတရံ မှာတော့ ဒီနည်းက တခြားကင်ဆာတွေဖြစ်စေနိုင်တဲ့ ဆဲလ်ကြီးထွားမှုကို […]


ဦးခေါင်းနှင့်လည်ပင်းဆိုင်ရာကင်ဆာများ

Throat Cancer (လည်ချောင်းကင်ဆာ)

အဓိပ္ပါယ်ဖွင့်ဆိုချက်Throat Cancer (လည်ချောင်းကင်ဆာ) ကဘာလဲ။ အသံအိုး၊ အသံကြိုးအစရှိတဲ့ လည်ပင်းမှာရှိတဲ့ အစိတ်အပိုင်းများမှာဖြစ်တဲ့ ကင်ဆာတွေကို လည်ချောင်းကင်ဆာလို့ သတ်မှတ်ပါတယ်။ လည်ချောင်းကင်ဆာကို အပိုင်းနှစ်ပိုင်း ခွဲထားပါတယ်။ နှာခေါင်း၊ ခံတွင်းအနောက်မှာဖြစ်တဲ့ ကင်ဆာ (Pharynx) နဲ့ လည်မျို၊ အသံအိုး၊ အသံကြိုးများ ပါဝင်သော အသက်ရှူလမ်းကြောင်း အထက်ပိုင်းမှာ ဖြစ်တဲ့ကင်ဆာ (larynx) ရယ်လို့ဖြစ်ပါတယ်။ Throat Cancer (လည်ချောင်းကင်ဆာ) က ဘယ်လောက်အဖြစ်များသလဲ လည်ချောင်းကင်ဆာဟာ အခြားသောကင်ဆာတွေလောက် အဖြစ်မများပေမဲ့လည်း အတွေ့ရများတတ်ပါတယ်။ အမျိုးသားတွေမှာ ပိုတွေ့ရတတ်ပါတယ်။ အရွယ်ရောက်ပြီးသူ ၁.၁ ရာခိုင်နှုန်းမှာ နှာခေါင်းနှင့် ခံတွင်းအနောက်မှာဖြစ်တဲ့ Pharynx ကင်ဆာနဲ့ အမျိုးသား၊ အမျိုးသမီး ဝ.၄ ရာခိုင်နှုန်း မှာ လည်မျို၊ အသံအိုး၊ အသံကြိုးများပါဝင်သော အသက်ရှူလမ်းကြောင်း အထက်ပိုင်းမှာဖြစ်တဲ့ကင်ဆာ Larynx ကင်ဆာဖြစ်နေကြောင်း […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း