ကင်ဆာရောဂါများ

ကင်ဆာကို သိရှိနိုင်စေမယ့် နည်းလမ်းတွေက အများကြီးပါ။ လူတစ်ယောက်နဲ့ တစ်ယောက်လည်း မတူနိုင်ပါဘူး။ လူတိုင်း အသက်အရွယ်တိုင်းမှာ ဖြစ်နိုင်ပါတယ်။ ဒါကြောင့် လူတိုင်း ကင်ဆာ ဖြစ်စေနိုင်တဲ့ အရာတွေ၊ ကင်ဆာဖြစ်စေတဲ့ အကြောင်းအရင်းတွေ၊ လက္ခဏာတွေ၊ စစ်ဆေး အဖြေရှာနည်းတွေ၊ ကုထုံးတွေ၊ ကာကွယ်နည်းတွေကို သိထားဖို့ လိုပါမယ်။ အဆိုပါ အကြောင်းအရာတွေအားလုံးကို ဒီကဏ္ဍမှာ ဖတ်ရှု့နိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ကင်ဆာရောဂါများ

HPV vaccine ထိုးပြီး ကာကွယ်လို့ရတဲ့ ကင်ဆာတွေ

ကင်ဆာ ဆိုတာကို ကြားလိုက်ရင် အရင်ဆုံး ခေါင်းထဲရောက်လာတဲ့ အတွေးက ငါတော့ သေရတော့မယ် ထင်တယ်ဆိုတာပါ။ အခုနောက်ပိုင်းမှာ ဆေးပညာတွေ တိုးတက်လာတာကြောင့် အချို့သော ကင်ဆာတွေကို ကုသနိုင်တယ်ဆိုပမယ့် ကင်ဆာ အပါအဝင် ဘယ်ရောဂါမှ မဖြစ်တာတော့ အကောင်းဆုံးပါ။ ဒီတစ်ခေါက်တော့ ကင်ဆာကို ကာကွယ်ပေးမယ့် ကာကွယ်ဆေးတစ်မျိုးဖြစ်တဲ့ HPV Vaccine က ကင်ဆာကို ဘယ်လို ကာကွယ်ပေးသလဲဆိုတဲ့အကြောင်း ပြောပြပေးချင်ပါတယ်။ HPV ဆိုတာ Human papillomavirus (HPV) ဆိုတာက လိင်ကနေတဆင့်ကူးစက်တဲ့ရောဂါ (STD) တစ်မျိုးပါ။ HPV ဗိုင်းရပ်စ်ကူးစက်ခံရမယ်ဆိုရင် အမျိုးသမီးတွေမှာ လိင်အင်္ဂါမှာ ကြွက်နို့ပေါက်တာ သားအိမ်ခေါင်းကင်ဆာဖြစ်တာမျိုးတွေခံစားရနိုင်ပါတယ်။ အမျိုးသားတွေမှာတော့ လိင်တံကင်ဆာဖြစ်နိုင်ပါတယ်။ စအိုနဲ့လည်ချောင်းလိုမျိုး ခန္ဓာကိုယ်အစိတ်အပိုင်းတွေမှာလည်း ကင်ဆာရောဂါတွေခံစားရနိုင်ပါတယ်။ Human papillomavirus (HPV) ဗိုင်းရပ်စ်ကူးစက်ခံရမှုက အမျိုးသမီးတွေမှာ အဖြစ်များပါတယ်။ ဒါကြောင့် […]

ကင်ဆာရောဂါများ ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကင်ဆာရောဂါများ ကို ရှာဖွေမည်။

အူမကြီးကင်ဆာ

အူမကြီးကင်ဆာသိကောင်းစရာ အချက်အလက်များ

အူမကြီးဆဲလ်တွေမှာ စတင်ဖြစ်ပေါ်တဲ့ ကင်ဆာကို အူမကြီးကင်ဆာလို့ ခေါ်ပါတယ်။ တကယ်တော့ အူမကြီးကို colon နဲ့ rectum (အစာဟောင်းအိမ်) ဆိုပြီး နှစ်ပိုင်းခွဲခြားနိုင်ပါတယ်။ တင်ပါးဆုံပိုင်းမှာရှိတဲ့ အူမကြီးရဲ့နှောင်းပိုင်း ၁၅စင်တီမီတာကို အစာဟောင်းအိမ်လို့ ခေါ်တာဖြစ်ပါတယ်။ ဒီနေရာဟာ အလွန်ကျဉ်းမြောင်းတဲ့အပြင် ကင်ဆာဖြစ်နေတဲ့ အစိတ်အပိုင်းနဲ့ အခြားပုံမှန်အစိတ်အပိုင်းအတွေ နီးနီးကပ်ကပ် တည်ရှိနေတာ ဖြစ်တဲ့အတွက် အနီးအနားက အင်္ဂါအစိတ်အပိုင်းတွေဆီ ကင်ဆာပျံ့နှံ့ဖို့ အလားအလာ အတော်များပါတယ်။ တင်ပါးဆုံအထက်ပိုင်းမှာရှိတဲ့ အူမကြီးအစိတ်အပိုင်းကိုတော့ colon လို့ခေါ်ပါတယ်။ ၎င်းကို omentum ခေါ် အဆီတစ်ရှူအလွှာနဲ့ ဝန်းရံထားပြီး အဆီတစ်ရှူးတွေ ပိုမိုထူထဲစွာပါဝင်တဲ့ mesentery ခေါ် အူအမြေးက ဝမ်းခေါင်းနံရံဆီ တွယ်ဆက်ထားပေးတာ ဖြစ်ပါတယ်။ အူအမြေးထဲမှာ ပြန်ရည်ကျိတ်တွေလည်း ပါဝင်ပါတယ်။ အူမကြီးရဲ့ အနားသတ်ဆဲလ်တွေကနေ ကင်ဆာစတင်ဖြစ်ပွားနိုင်ပြီး အူလမ်းကြောင်းပိတ်ခြင်း၊ ဝမ်းထဲသွေးပါခြင်း စတဲ့လက္ခဏာတွေ […]


သားအိမ်ခေါင်းကင်ဆာ

သားအိမ်ခေါင်းကင်ဆာ အကြောင်း တစေ့တစောင်း

ယနေ့ခေတ်အမျိုးသမီးတွေဟာ အသက်ကိုအန္တရာယ်ပြုနိုင်လောက်တဲ့အထိ ဆိုးရွားပြင်းထန်တဲ့ သားအိမ်ခေါင်းကင်ဆာ အကြောင်း စိတ်ပါဝင်စားလာကြပြီ ဖြစ်ပါတယ်။ အဲဒီသားအိမ်ခေါင်းကင်ဆာနဲ့ ပတ်သက်တဲ့ သိကောင်းစရာအချက်အလက်တွေကို ဒီဆောင်းပါးမှာ ဖော်ပြပေးလိုက်ပါတယ်။ သားအိမ်ခေါင်းကင်ဆာ အကြောင်း တစေ့တစောင်း ၁။ အမေရိကန်ကင်ဆာလူမှုအဖွဲ့အစည်းရဲ့ သတင်းထုတ်ပြန်ချက်အရ ၂၀၁၆ ခုနှစ်မှာ ပျံ့နှံ့နိုင်တဲ့ သားအိမ်ခေါင်းကင်ဆာ ဖြစ်ပွားသူ အမျိုးသမီးပေါင်း ၁၂၉၉၀ ဦး ရှိခဲ့ပြီး ၎င်းတို့အနက် ၄၁၂၀ ဦးဟာ သားအိမ်ခေါင်းကင်ဆာကြောင့်ပဲ သေဆုံးနိုင်ခြေရှိပါတယ်။ ၂။ သားအိမ်ခေါင်းကင်ဆာဟာ ကမ္ဘာတဝှမ်းလုံးမှာ ဒုတိယ ဖြစ်ပွားမှုအများဆုံး ကင်ဆာဖြစ်ပါတယ်။ ၃။ သားအိမ်ခေါင်းကင်ဆာ မဖြစ်ပွားအောင် ကြိုတင်ကာကွယ်နိုင်ပါတယ်။ အမေရိကန်ပြည်ထောင်စုမှာ ကြိုတင်ကာကွယ်ရေး နည်းဗျူဟာတွေကြောင့် သားအိမ်ခေါင်းကင်ဆာဖြစ်ပွားမှုနှုန်း လျော့ကျနေပြီ ဖြစ်ပါတယ်။ ကာကွယ်ဆေးထိုးတာ၊ သားအိမ်ခေါင်းကင်ဆာပုံမှန်စစ်ဆေးတာတွေက အထိရောက်ဆုံး နည်းလမ်း ၂ခုဖြစ်ပါတယ်။ ၄။ ပုံမှန်အားဖြင့် သားအိမ်ခေါင်းကင်ဆာဟာ ဖြည်းဖြည်းချင်း ဖြစ်ပေါ်ကြီးထွားပျံ့ပွားတဲ့ ကင်ဆာတစ်မျိုး ဖြစ်ပါတယ်။ သားအိမ်ခေါင်းအချွဲမြေး စစ်ဆေးခြင်း၊ […]


အခြားကင်ဆာများ

သားအိမ်ကင်ဆာ

သားအိမ်ကင်ဆာဆိုတာ ဘာလဲ။ သားအိမ်အတွင်းပိုင်းနံရံမှာ အခြေပြုပြီး ဖြစ်ပွားတဲ့ကင်ဆာကို သားအိမ်ကင်ဆာလို့ ခေါ်ပါတယ်။ ၎င်းဟာ သားအိမ်အတွင်းပိုင်းရဲ့ အနားသတ်ဆဲလ်တွေမှာ စတင်ဖြစ်ပွားတဲ့ ကင်ဆာတစ်မျိုးဖြစ်ပါတယ်။ သားအိမ်ကင်ဆာရှိသူ အမျိုးသမီးတွေဟာ ပုံမမှန်ဘဲသွေးဆင်းတဲ့ လက္ခဏာကြောင့် ထိတ်လန့်ပြီး ဆရာဝန်ဆီ သွားရောက်ပြသ စစ်ဆေးမှုခံယူရာကနေ ကင်ဆာဖြစ်ကြောင်း စောစောသိရှိသွားတာ များပါတယ်။ သားအိမ်ကင်ဆာကြောင့် ဖြစ်လေ့ဖြစ်ထရှိတဲ့ လက္ခဏာတွေကတော့ သွေးဆုံးပြီးမှ သွေးပြန်ဆင်းခြင်း ပုံမှန်မဟုတ်ဘဲ သွေးဆင်းခြင်း မိန်းမကိုယ်မှ ပုံမှန်မဟုတ်သည့် အရည်များဆင်းခြင်း ဆီးစပ်ကိုက်ခြင်း ဘယ်သူမဆို အဆိုပါလက္ခဏာတစ်ခုခု ဖြစ်လာခဲ့ရင် ဆရာဝန်ဆီ အမြန်ဆုံး သွားရောက်ပြသသင့်ပါတယ်။ ဘယ်အရာတွေက သားအိမ်ကင်ဆာ ဖြစ်စေသလဲ။ သားအိမ်ကင်ဆာဖြစ်စေတဲ့ အဓိကအကြောင်းအရင်းကိုတော့ အခုထိ မသိရသေးပါဘူး။ သိပ္ပံပညာရှင်တွေကတော့ သားအိမ်အတွင်းပိုင်းနံရံက ဆဲလ်တွေရဲ့ မျိုးဗီဇဖောက်ပြန်မှုကြောင့်ဖြစ်တယ်လို့ပဲ ရှင်းပြထားပါတယ်။ ပုံမှန်ကျန်းမာတဲ့ဆဲလ်တွေဟာ ဖြစ်ချိန်တန်ဖြစ်၊ သေချိန်တန်သေကြပေမယ့် မျိုးဗီဇဖောက်ပြန်တဲ့ဆဲလ်တွေကတော့ မမျှော်လင့်ထားတဲ့နည်းလမ်းတွေနဲ့ အသစ်ပြန်လည်ဖြစ်ပေါ်ပြီး သေဆုံးရမယ့်အချိန်မှာ မသေဆုံးတဲ့အတွက် တစ်ခုနဲ့တစ်ခုပူးကပ်ပြီး ကင်ဆာအကျိတ်အသွင် ဖြစ်ပေါ်လာလေ့ရှိပါတယ်။ ၎င်းကင်ဆာဆဲလ်တွေဟာ ခန္ဓါကိုယ်ရဲ့ […]


အခြားကင်ဆာများ

သားဥပြွန်ကင်ဆာ

သားဥပြွန်ကင်ဆာဆိုတာ ဘာလဲ။ သားအိမ်နဲ့သားဥအိမ်ကြား ဆက်ထားတဲ့ပြွန်ကို သားဥပြွန်လို့ ခေါ်ပါတယ်။ ခန္ဓါကိုယ်မှာရှိတဲ့ သားဥပြွန်နှစ်ချောင်းအနက် တစ်ချောင်းမှာ ပုံမမှန်ဆဲလ်ကြီးထွားမှု ဖြစ်ပေါ်တဲ့အခါ သားဥပြွန်ကင်ဆာ ဖြစ်လာရပါတယ်။ ၎င်းဟာ ဖြစ်လေ့ဖြစ်ထနည်းတဲ့ ကင်ဆာရောဂါတစ်ခုဖြစ်ပြီး ကင်ဆာဆဲလ်တွေဟာ သားဥပြွန်မှာ စတင်ဖြစ်ပေါ်တာထက်စာရင် ခန္ဓါကိုယ်ရဲ့ အခြားတစ်နေရာကနေ သားဥပြွန်ဆီ ပျံ့ပွားလာကြတာများပါတယ်။ အမျိုးသမီးတွေမှာ အသက်အရွယ်မရွေး ဖြစ်ပွားနိုင်ပေမယ့် အသက် ၅၀နဲ့ ၆၀ကြား အရွယ်တွေမှာ အများဆုံးတွေ့ရတတ်ပါတယ်။   သားဥပြွန်ကင်ဆာဖြစ်စေတဲ့ အကြောင်းအရင်းတွေက ဘာတွေလဲ။ သားဥပြွန်ကင်ဆာဟာ ရှားပါးတဲ့ရောဂါတစ်ခု ဖြစ်တဲ့အလျောက် ဒီရောဂါဖြစ်ပွားစေတဲ့ အကြောင်းအရင်းတွေနဲ့ပတ်သက်ပြီး အထောက်အထားပြနိုင်မှု မရှိသလောက် နည်းနေပါသေးတယ်။ သိပ္ပံပညာရှင်တွေကတော့ ဒီရောဂါဟာ မျိုးဗီဇနဲ့ဆက်စပ်မှုရှိပြီး BRCA 1 သို့မဟုတ် BRCA 2 မျိုးဗီဇဖောက်ပြန်တဲ့ အမျိုးသမီးတွေမှာ သားဥပြွန်ကင်ဆာ၊ ရင်သားကင်ဆာနဲ့ သားဥအိမ်ကင်ဆာ ဖြစ်ပွားနိုင်ချေ ပိုများတယ်လို့ ယံကြည်ကြပါတယ်။ […]


သားဥအိမ်ကင်ဆာ

သားဥအိမ်ကင်ဆာ

သားဥအိမ်ကင်ဆာဆိုတာ ဘာလဲ သားဥအိမ်တွေမှာ အခြေပြုပြီး ဖြစ်ပွားတဲ့ကင်ဆာကို သားဥအိမ်ကင်ဆာလို့ ခေါ်ပါတယ်။ များသောအားဖြင့် ဆီးစပ်နဲ့ဝမ်းဗိုက်ဆီ ကင်ဆာဆဲလ်တွေပျံ့နှံ့ပြီး ကုသရခက်ခဲတဲ့၊ အသက်အန္တရာယ်ရှိတဲ့ အခြေအနေရောက်ကာမှ ဒီရောဂါရှိကြောင်း သိကြတာဖြစ်ပါတယ်။   သားဥအိမ်ကင်ဆာရှိမရှိ ဘယ်လိုသိနိုင်မလဲ သားဥအိမ်ကင်ဆာဟာ အစောပိုင်းအဆင့်တွေမှာ ရောဂါလက္ခဏာပြလေ့မရှိသလို ပြခဲ့ရင်လည်း ဝမ်းချုပ်ခြင်းကဲ့သို့ စိုးရိမ်စရာမကောင်းတဲ့ အခြေအနေတွေသာ ဖြစ်နေတတ်ပါတယ်။ ဒီရောဂါကြောင့် ဖြစ်လေ့ဖြစ်ထအများဆုံး လက္ခဏာတွေကတော့ ဝမ်းဗိုက်လေပွခြင်း ဝမ်းဖောဝမ်းရောင်ဖြစ်ခြင်း အစာနည်းနည်းစားရုံဖြင့် ဗိုက်ဝခြင်း ကိုယ်အလေးချိန်ကျဆင်းခြင်း ဆီးစပ်နာကျင်ကိုက်ခဲခြင်း ဝမ်းမမှန်ခြင်း ဆီးခဏခဏသွားခြင်း အကယ်၍ သင့်မှာ အထက်ပါလက္ခဏာတစ်ခုခု ဖြစ်လာခဲ့ရင်၊ အထူးသဖြင့် သင့်မိသားစုဝင်တွေထဲ သားဥအိမ်ကင်ဆာနဲ့ ရင်သားကင်ဆာဖြစ်ဖူးတဲ့ ရာဇဝင်ရှိခဲ့မယ်ဆိုရင် ဆရာဝန်ဆီ သွားရောက်ပြသသင့်ပါတယ်။   သားဥအိမ်ကင်ဆာဟုတ်မဟုတ် ဘယ်လိုစစ်ဆေးအတည်ပြုနိုင်မလဲ သားဥအိမ်ကင်ဆာဟုတ်မဟုတ် ရောဂါရှာဖွေအတည်ပြုဖို့ ခန္ဒါကိုယ်အောက်ပိုင်း စမ်းသပ်စစ်ဆေးခြင်း၊ ပုံရိပ်ဖော်စစ်ဆေးခြင်း၊ သွေးနဲ့ အသားစစစ်ဆေးခြင်းများ ပြုလုပ်ရဖို့ ရှိပါတယ်။   သားဥအိမ်ကင်ဆာကို ဘယ်လိုနည်းလမ်းတွေနဲ့ ကုသနိုင်သလဲ သားဥအိမ်ကင်ဆာအဆင့်ပေါ်မူတည်ပြီး ကုသမှုနည်းလမ်း […]


အရေပြားကင်ဆာ

အရေပြားကင်ဆာ

အရေပြားကင်ဆာဆိုတာ ဘာလဲ အရေပြားဆဲလ်များ ပုံမှန်မဟုတ်ဘဲ ကြီးထွားပွားများခြင်းဟာ အရေပြားကင်ဆာရဲ့ ဝိသေသလက္ခဏာတစ်ခု ဖြစ်ပါတယ်။ နေရောင်ခြည်နဲ့ မကြာခဏထိတွေ့ရတဲ့ အရေပြားနေရာတွေမှာ ကင်ဆာဖြစ်နိုင်ချေပိုများလေ့ရှိပေမယ့် နေရောင်ခြည်နဲ့မထိတွေ့ရတဲ့ နေရာတွေမှာလည်း အရေပြားကင်ဆာ ဖြစ်နိုင်ပါတယ်။   အရေပြားကင်ဆာရှိမရှိ ဘယ်လိုသိနိုင်မလဲ အရေပြားကင်ဆာအမျိုးအစား ၃မျိုးရှိတဲ့အလျောက် ရောဂါလက္ခဏာတွေလည်း တစ်မျိုးနဲ့တစ်မျိုး ကွဲပြားနိုင်ပါတယ်။ Basal cell carcinoma - မျက်နှာ၊ လည်ပင်း စတဲ့ နေရောင်ခြည်နဲ့ ကြာရှည်ထိတွေ့ရတဲ့ နေရာတွေမှာ အများဆုံးဖြစ်လေ့ရှိပြီး အသားရောင် သို့မဟုတ် အညိုရောင်အမာရွတ်သဏ္ဍာန် ပြောင်လက်လက် အဖုအထစ်များအသွင် တွေ့မြင်ရမှာဖြစ်ပါတယ်။ Squamous cell carcinoma - ဒီကင်ဆာအမျိုးအစားဟာလည်း နေရောင်ခြည်နဲ့ ထိတွေ့ဖန်များတဲ့နေရာတွေမှာ ဖြစ်တတ်တဲ့ အရေပြားကင်ဆာတစ်မျိုး ဖြစ်ပေမယ့် အသားအရောင်ရင့်သူတွေမှာတော့ နေရောင်ခြည်နဲ့ ထိတွေ့မှုနည်းတဲ့နေရာတွေမှာ ပိုဖြစ်တတ်ပါတယ်။ အနီရောင်အဖုမာမာနဲ့ မျက်နှာပြင်မှာ ဗြုတ်ထနေတဲ့ အနာကွက်သဏ္ဍာန် တွေ့မြင်နိုင်ပါတယ်။ Melanoma ခေါ် […]


ရင်သားကင်ဆာ

ရင်သားကင်ဆာခွဲစိတ်ပြီး လေ့ကျင့်ခန်းနှင့် အစာအာဟာရ

ရင်သားကင်ဆာခွဲစိပ်အပြီးတွင် ကျန်းမာရေးကို ဆက်လက် ပြီးသေချာစွာ ဂရုစိုက်နေထိုင်စားသောက်ဖို့ အရေးကြီးပါတယ်။ သည်ဆောင်းပါးက ပြန်လည်း ကျန်းမာဖို့ အထောက်အကူပြုမယ့် လေ့ကျင့်ခန်း အချို့နဲ့ သင့်တော်သော အစားအသောက်များကို ဖေါ်ပြသွားပါမယ်။   လေ့ကျင့်ခန်းများ ရင်သားကင်ဆာခွဲစိပ်အပြီးတွင် လက်မောင်းနှင့် ပုခုံးတို့ ပုံမှန်လှုပ်ရှားမှု ပြန်လုပ်နိုင်စေရန် မှန်ကန်တဲ့ လေ့ကျင့်ခန်းများ ပြုလုပ်သင့်ပါတယ်။ လေ့ကျင့်ခန်းများက ခွဲစိပ်ခြင်းရဲ့ ဘေးထွက်ဆိုးကျိုးများဖြစ်တဲ့ ပုခုံးတစ်ဝိုက်တောင့်တင်း၍ လှုပ်ရှားရခက်ခြင်း ၊ အမာရွတ်ဖြစ်ခြင်းများကို သက်သာစေပါတယ်။ ဆရာဝန်များက သင်နှင့် သင့်တော်သော လေ့ကျင့်ခန်း အမျိုးအစားကို ရွေးချယ်ပေးနိုင်ပါတယ်။ -ခွဲပြီး ပထမနှစ်ပါတ်တွင် ပုခုံးအထက် လက်ကို မြှောက်ခြင်း ၊ သကြားတစ်အိတ်ထက်လေးသော အလေးချိန်ရှိ ပစ္စည်းများမခြင်း ကို ရှောင်ကြဉ်ပါ။ ခွဲထားသောဘက်မှ လက်မောင်းကို အသုံးပြု၍ တွန်းခြင်း၊ ဆွဲခြင်းများ မပြုလုပ်ပါနဲ့။ ခွဲစိပ်ပြီး ရင်သားကင်ဆာရောဂါသည်များပြုလုပ်ရန် ဆရာဝန်များခွင့်ပြုထားသော လေ့ကျင့်ခန်းအချို့ရှိပါတယ်။ […]


ရင်သားကင်ဆာ

ရင်သားကင်ဆာအတွက် ထိရောက်တဲ့လေ့ကျင့်ခန်းတွေက ဘာတွေလဲ

ရင်သားကင်ဆာ အတည်ပြုခြင်းခံရပြီးပါက လူအများစုသည် ခံစားချက်များ၊ စိတ်ဖိစီးမှုများ ခံစားရစေပါတယ်။ ထိုသို့ဖြစ်လာပါက ရောဂါကိုရေရှည် တိုက်ခိုက်နိုင်ရန် မိမိကိုယ်မိမိ စိတ်ရော၊ ကိုယ်ပါ တည်ငြိမ်အောင် လုပ်ယူဖို့ အရေးကြီးပါတယ်။ ထိုသို့ တည်ငြိမ်စေသော လေ့ကျင့်ခန်းများပြုလုပ်နိုင်ရန် အတွင်းစိတ်အေးချမ်းမှု လိုအပ်ပါတယ်။ သွေးပူ တည်ငြိမ်လေ့ကျင့်ခန်း၊ တရားထိုင်ခြင်း၊ အသက်ပြင်းပြင်းရှူသွင်းထုတ်ခြင်း များပဲဖြစ်ပါတယ်။ ပထမခြေလှမ်း- နှစ်မိနစ်ကြာ တည်ငြိမ်အောင်လုပ်ခြင်း ရှေးဦးစွာ သင့်ခန္ဓာကိုယ်ကို ပြေလျော့စေပြီး အတွေးအာရုံနဲ့ အသက်ရှူခြင်းကို အာရုံစိုက်ထားပါ။ အသက်ကို ဖြေးဖြေးနဲ့ မှန်မှန် ရှူသွင်း၊ရှူထုတ်ပါ။ တင်းကြပ်မှုများခံစားရပါက ဦးခေါင်းကို စက်ဝိုင်းပုံစံ တစ်ကြိမ်၊နှစ်ကြိမ်ခန့် လှည့်လှုပ်ရှားခြင်းဖြင့် ပြေလျော့အောင်လုပ်ပါ။ နာကျင်ပါက ချက်ချင်းရပ်ပါ။ ထို့နောက် ပုခုံးကို ရှေ့တိုး၊နောက်ဆုတ် စက်ဝိုင်းပုံစံ လှည့်ပါ။ တည်ငြိမ်သွားသည်အထိ အသက်ကို ဖြေးဖြေးနဲ့ မှန်မှန်ရှူပါ။ ဒုတိယခြေလှမ်း-စိတ်ကို တည်ငြိမ်အောင်လုပ်ခြင်း ဒုတိယအနေနဲ့ ကောင်းသောအတွေးကို တွေးခြင်းဖြင့် […]


အခြားကင်ဆာများ

လူအများ ဂရုမပြုမိသော ကင်ဆာလက္ခဏာများ

ကင်ဆာရောဂါသည် သေစေနိုင်သော အဖြစ်အများဆုံး ရောဂါတစ်မျိုး ဖြစ်သည်။ ကင်ဆာရောဂါ လက္ခဏာများ များစွာ ရှိသည်။ လူများသည် ၎င်းတို့ကို လျော့တွက်သောကြောင့် နောက်ကျမှ သတိထားမိကြသည်။ ဤဆောင်ပါးတွင် လူအများစု ဂရုမပြုမိသော ကင်ဆာလက္ခဏာများ အကြောင်းကို ဖော်ပြ သွားပါမည်။ ဆက်တိုက် ချောင်းဆိုးခြင်း၊ အသံအက်ကွဲခြင်း ချောင်းဆိုးခြင်း အများစုသည် ကိစ္စမရှိသော်လည်း ဆက်တိုက် ချောင်းဆိုးခြင်း သို့မဟုတ် ချောင်းဆိုးသွေးပါခြင်း ဖြစ်ပါက အန္တရာယ်ရှိနိုင်သည်။ အဆုတ်တွင် ပြဿနာရှိသော ကြောင့် ဖြစ်နိုင်သည်။ အဆိုးရွားဆုံး ဖြစ်နိုင်ချေမှာ အဆုတ် ကင်ဆာ ဖြစ်သည်။ ထို့ကြောင့် ဆက်တိုက် ချောင်းဆိုးခြင်း၊ အသံအက်ကွဲခြင်း ဖြစ်ပါက CT scan သို့မဟုတ် ရင်ဘတ် ဓာတ်မှန်ရိုက်ရန် ဆေးရုံသို့သွားပါ။ ဝမ်းသွားမှု ပုံမှန်မဟုတ်ခြင်း ဝမ်းတွင် အရောင် သို့မဟုတ် ပုံစံ […]


အရေပြားကင်ဆာ

အသားအရောင်ရင့်သူတွေမှာ ဖြစ်တဲ့ အရေပြားကင်ဆာ

အိန္ဒိယ ဥရောပအနွယ်ဝင်တွေနဲ့ နှိုင်းယှဉ်ရင် နက်မှောင်တဲ့ အသားအရောင်ရှိသူတွေမှာ အသားအရည်နဲ့ မျက်လုံးအရောင်တွေကို ပေးစွမ်းပြီး ကာကွယ်ပေးတဲ့ melanin လို့ခေါ်တဲ့ အတော်အရေးပါတဲ့ ရောင်ခြယ်ဓါတ် အများအပြား ရှိတတ်ကြပါတယ်။ အဲ့ဒါရဲ့ကျေးဇူးနဲ့ အသားအရောင် ရင့်တဲ့သူတွေမှာ မရင့်တဲ့ သူတွေအောက် အရေပြားကင်ဆာ ဖြစ်နိုင်ချေ နည်းပါးပါတယ်။ ဒါပေမယ့် နည်းပါးတယ်ဆိုတာ လုံးဝမဖြစ်တော့ဘူးလို့ မဆိုလိုပါဘူး။ လေ့လာဆန်းစစ်ချက်အရ အသားအရောင်ရင့်တဲ့သူတွေမှာ အရေပြားကင်ဆာ မဖြစ်နိုင်ဘူးဆိုတဲ့ အယူအဆအမှား ရှိတတ်ကြပါတယ်။ တကယ်တော့ အသားရောင် ဖျော့တဲ့သူတွေမှာ ကင်ဆာဖြစ်စေတဲ့ဓါတ်ကို ကာကွယ်ပေးတဲ့ melanin ပါဝင်မှု နည်းပါးပါတယ်။ အရေပြားကင်ဆာဟာ အသားရောင်ရင့်တဲ့သူတွေမှာ သေစေနိုင်တဲ့အထိ ပိုပြီး အန္တရာယ်ရှိပါတယ်။ လူတိုင်းလိုပဲ အသားရောင်ရင့်တဲ့သူတွေလည်း အရေပြားကင်ဆာ ဖြစ်စေတဲ့ ယေဘုယျအဖြစ်ဆုံးအချက်ဖြစ်တဲ့ နေလောင်တာ ဖြစ်စေနိုင်ပါတယ်။ ခရမ်းလွန်ရောင်ခြည်အပြင် မျိုးရိုးရှိတာ သို့မဟုတ် […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း