ကင်ဆာရောဂါများ

ကင်ဆာကို သိရှိနိုင်စေမယ့် နည်းလမ်းတွေက အများကြီးပါ။ လူတစ်ယောက်နဲ့ တစ်ယောက်လည်း မတူနိုင်ပါဘူး။ လူတိုင်း အသက်အရွယ်တိုင်းမှာ ဖြစ်နိုင်ပါတယ်။ ဒါကြောင့် လူတိုင်း ကင်ဆာ ဖြစ်စေနိုင်တဲ့ အရာတွေ၊ ကင်ဆာဖြစ်စေတဲ့ အကြောင်းအရင်းတွေ၊ လက္ခဏာတွေ၊ စစ်ဆေး အဖြေရှာနည်းတွေ၊ ကုထုံးတွေ၊ ကာကွယ်နည်းတွေကို သိထားဖို့ လိုပါမယ်။ အဆိုပါ အကြောင်းအရာတွေအားလုံးကို ဒီကဏ္ဍမှာ ဖတ်ရှု့နိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ကင်ဆာရောဂါများ

HPV vaccine ထိုးပြီး ကာကွယ်လို့ရတဲ့ ကင်ဆာတွေ

ကင်ဆာ ဆိုတာကို ကြားလိုက်ရင် အရင်ဆုံး ခေါင်းထဲရောက်လာတဲ့ အတွေးက ငါတော့ သေရတော့မယ် ထင်တယ်ဆိုတာပါ။ အခုနောက်ပိုင်းမှာ ဆေးပညာတွေ တိုးတက်လာတာကြောင့် အချို့သော ကင်ဆာတွေကို ကုသနိုင်တယ်ဆိုပမယ့် ကင်ဆာ အပါအဝင် ဘယ်ရောဂါမှ မဖြစ်တာတော့ အကောင်းဆုံးပါ။ ဒီတစ်ခေါက်တော့ ကင်ဆာကို ကာကွယ်ပေးမယ့် ကာကွယ်ဆေးတစ်မျိုးဖြစ်တဲ့ HPV Vaccine က ကင်ဆာကို ဘယ်လို ကာကွယ်ပေးသလဲဆိုတဲ့အကြောင်း ပြောပြပေးချင်ပါတယ်။ HPV ဆိုတာ Human papillomavirus (HPV) ဆိုတာက လိင်ကနေတဆင့်ကူးစက်တဲ့ရောဂါ (STD) တစ်မျိုးပါ။ HPV ဗိုင်းရပ်စ်ကူးစက်ခံရမယ်ဆိုရင် အမျိုးသမီးတွေမှာ လိင်အင်္ဂါမှာ ကြွက်နို့ပေါက်တာ သားအိမ်ခေါင်းကင်ဆာဖြစ်တာမျိုးတွေခံစားရနိုင်ပါတယ်။ အမျိုးသားတွေမှာတော့ လိင်တံကင်ဆာဖြစ်နိုင်ပါတယ်။ စအိုနဲ့လည်ချောင်းလိုမျိုး ခန္ဓာကိုယ်အစိတ်အပိုင်းတွေမှာလည်း ကင်ဆာရောဂါတွေခံစားရနိုင်ပါတယ်။ Human papillomavirus (HPV) ဗိုင်းရပ်စ်ကူးစက်ခံရမှုက အမျိုးသမီးတွေမှာ အဖြစ်များပါတယ်။ ဒါကြောင့် […]

ကင်ဆာရောဂါများ ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကင်ဆာရောဂါများ ကို ရှာဖွေမည်။

အရေပြားကင်ဆာ

အရေပြားကင်ဆာ - နေလောင်ဒဏ်ခံခြင်း

လူအတော်များများက အသားအရောင်ရင့်တာဟာ ကောင်းမွန်တဲ့ ကျန်းမာရေးရဲ့ လက္ခဏာလို့ သတ်မှတ်တတ်ကြပါတယ်။ တကယ်လို့ သင်က နေပူစာ လှုံတာ၊ အသားအရောင်ရင့်တာ သဘောကျတဲ့သူဆိုရင် သင့်မှာ အရေပြားကင်ဆာ ဖြစ်နိုင်ချေ များနိုင်ပါတယ်။ အရေပြားကင်ဆာ အပါအဝင် ကျန်းမာရေး ပြဿနာများကို ရှောင်ရှားဖို့ နေရောင်ခြည်နဲ့ အလွန်အကျွံထိတွေ့မှုရဲ့ ထိခိုက်မှုတွေကို သိထားရပါမယ်။   အရေပြားကင်ဆာဟာ နေပူစာလှုံတာကို အတော်မက်မောတဲ့ လူတွေရှိတဲ့ အနောက်တိုင်းနိုင်ငံတွေမှာ အဖြစ်များဆုံး ကင်ဆာပုံစံလို့ သတ်မှတ်ကြပါတယ်။ အရေပြားကင်ဆာဟာ အကျိတ်တွေရဲ့ ဆဲလ်တွေ အထိန်းအကွပ်မဲ့ ကြီးထွားလာတာကြောင့် ဖြစ်ရတာပါ။ အဲ့ဒါက ကင်ဆာမဟုတ်တာ (Benign) သို့မဟုတ် ကင်ဆာ (Malignant) ဖြစ်နိုင်ပါတယ်။ အရေပြားကင်ဆာကို အဓိကဖြစ်စေတာ နေရဲ့ ခရမ်းလွန်ရောင်ခြည်က အရေပြားအမျှင် (Elastin) ကို ဆိုးဆိုးရွားရွား ပေါက်ပြဲစေတာကြောင့်ပါ။ Elastin […]


အရေပြားကင်ဆာ

အရေပြားကင်ဆာ - သတ္တုဓါတ်ပါတဲ့ မိတ်ကပ်တွေသုံးပြီး နေလောင်ဒဏ်ကို ကာကွယ်နိုင်ခြင်း

ဘယ်ရောဂါကိုမဆို ခံစားရပြီဆိုရင် အတွင်းပိုင်း သက်ရောက်မှုတွေ သာမကပဲ အပြင်ပိုင်း ထိခိုက်မှုတွေပါ ဖြစ်နိုင်ပါတယ်။ အဲ့လိုအဖြစ်မျိုးတွေမှာ အရေပြားကင်ဆာက လူနာတွေရဲ့ အတွင်းရော အပြင်ပါ ထိခိုက်မှု ဖြစ်စေတဲ့ အဓိကရောဂါ ဖြစ်ပါလိမ့်မယ်။ အရေပြားကင်ဆာကို ကာကွယ်ဖို့ နေရောင်ခြည်ကို ကာကွယ်ဖို့ တခြားနည်းလမ်းတွေအပြင် နေလောင်ခံလိမ်းဆေးနဲ့ SPF များများပါတဲ့ အလှကုန်ပစ္စည်းတွေ အသုံးပြုတာက သင့်ကို အရေပြားကင်ဆာ ပြဿနာတွေကနေ ကူညီကာကွယ်ပေးဖို့ အောင်အောင်မြင်မြင် သက်သေပြမှာပါ။ Mineral makeup ဆိုတာ ဘာလဲ။ Makeup ထုတ်လုပ်မှုရဲ့ ရှည်လျားတဲ့ သမိုင်းကြောင်းနဲ့အတူ mineral makeup က သဘာဝ ပါဝင်ပစ္စည်းတွေဖြစ်တဲ့ talc, iron oxide, zinc oxide နဲ့ titanium oxide တို့ ပါဝင်တဲ့ ဖိသိပ် […]


အရေပြားကင်ဆာ

အရေပြားကင်ဆာကာကွယ်ခြင်းနှင့်ပြုစုစောင့်ရှောက်ခြင်း

လေ့လာထားချက်တစ်ခုအရ အချိန်တစ်နာရီတိုင်း လူတစ်ယောက်ဟာ အရေပြားကင်ဆာနဲ့ အသက်ဆုံးရှုံးနေရပါတယ်။ ဒီအန္တရာယ်များတဲ့ ရောဂါဟာ စောစီးစွာ သိရှိမယ်ဆိုရင် ကုသလို့ ပျောက်ကင်းနိုင်ပေမယ့် လူတော်တော်များများက နောက်ကျတဲ့အခြေအနေမှ အဲ့ရောဂါရှိမှန်း သိကြပါတယ်။ ကံကောင်းတာက ရိုးရှင်းထိရောက်တဲ့ နည်းလမ်းတွေကို လိုက်နာပြီး သင့်အရေပြားကို ကင်ဆာဖြစ်စေနိုင်တဲ့ အချက်တွေကနေ ကာကွယ်ဖို့ အရာတော်တော်များများ လုပ်ဆောင်နိုင်ပါပြီ။ အရေပြားကင်ဆာဆိုတာ ထူးဆန်းတဲ့ အကြောင်းအရာ မဟုတ်တော့ပေမယ့် လူတော်တော်များများက ဘယ်လို ကာကွယ်ရမလဲဆိုတာကို မသိကြပါဘူး။ ဒါပေမယ့် ဒီရောဂါက မျိုးရိုးလိုက်တာကနေ ပြင်ပသက်ရောက်မှုအထိ အချက်အလက် အများကြီးရဲ့ ရလဒ်တစ်ခု ဖြစ်နိုင်ပါတယ်။ အဖြစ်များစေတဲ့ အချက်တစ်ခုကတော့ ခရမ်းလွန်ရောင်ခြည် သင့်မှုပါပဲ။ ခရမ်းလွန်ရောင်ခြည်ဟာ ဗီတာမင်ဒီ ကြွယ်ဝပေမယ့် တချိန်တည်းမှာပဲ အရေပြားအတွက် မမြင်နိုင်တဲ့ လူသတ်သမားလည်း ဖြစ်နေပါတယ်။ လူတစ်ယောက်က ခရမ်းလွန်ရောင်ခြည် အောက်မှာ အချိန်အတော်ကြာ […]


သားဥအိမ်ကင်ဆာ

သားဥအိမ်ကင်ဆာကို သက်သာစေမည့် အစားအသောက်များ

သင့်တွင် သားဥအိမ် ကင်ဆာရှိပါက အစားအသောက် ကို ပိုဂရုစိုက် စားသောက်ဖို့ လိုအပ်ပါတယ်။ သင့်ခန္ဓါကိုယ်က ကျန်းမာကြံ့ခိုင်ဖို့ အားအင်တွေ လိုအပ်ပါတယ်။ ထို့ကြောင့် အစားအသောက် နှင့် ပက်သက်သော နည်းလမ်းများကို ဖေါ်ပြထားပေးပါတယ်။ အစားအစာများကို အရသာရှိပါစေ သားဥအိမ်ကင်ဆာ ကုဆေးသွင်းကုသခြင်းက သင့်ရဲ့ လျှာပေါ်က အရာသာခံအဖုလေးများကို ထိခိုက်စေပါတယ်။ အစားအစာများကို သန့်ရှင်း လတ်ဆတ်အောင် အရသာရှိအောင် ချက်ပြုတ်စားသောက်သင့်ပါတယ်။ ကုသမှု ခံယူစဉ် အသားနှင့် ရေကို စားသုံးလိုစိတ်မရှိခြင်း ဖြစ်တတ်ပါတယ်။ အသားမစားလိုပါက အသားဓါတ်ပါသော ဥ၊ နို့၊ ပဲ နှင့် ငါးများကို စားသုံးနိုင်ပါတယ်။ ရေအစား အားဖြည့် အချိုရည်၊ သို့မဟုတ် ရေထဲ သံပုရာသီး အနည်းငယ်ညှစ်ပြီးသောက်ခြင်းများ ပြုလုပ်နိုင်ပါတယ်။ ကာဗိုဟိုက်ဒရိတ် အစာများ မစားသင့်ပါ။ သားဥအိမ်ကင်ဆာရှိသူများသည် ကာဗိုဟိုက်ဒရိတ် စားသုံးခြင်းကို […]


သားဥအိမ်ကင်ဆာ

သားဥအိမ်ကင်ဆာအတွက် ရှောင်သင့်သော အစားအသောက်များ

သင့်တော်သော အစားအသောက်ပုံစံ က သားဥအိမ်ကင်ဆာဝေဒနာရှင် တစ်ဦးအတွက် အလွန်အရေးကြီးပါတယ်။ ကင်ဆာဖြစ်ပါက စားသုံးရမည့် အစားအစာများ အပြင် ရှောင်ကြဉ်ရမည့် အစားအစာများ အကြောင်း စဉ်းစားကြည့်မိဘူးပါလား။ သားဥအိမ်ကင်ဆာဖြစ်ပါက သင့်ရဲ့ နေ့စဉ် အစားအသောက် စာရင်းမှ ထုတ်ပစ်ရမည့် အစားအစာများကို အောက်တွင် ဖေါ်ပြထားပါတယ်။ အရက် ကင်ဆာဆေးသွင်းခြင်းက ကင်ဆာရောဂါမှာ ပြုလုပ်ရမည့် ကုသနည်းတစ်ခုဖြစ်ပြီး အသည်းသည် ခန္ဓါကိုယ်အတွင်းရှိ အဆိပ်အတောက်များကို ချေဖျက်ရပါတယ်။ ကင်ဆာဆေးသွင်းခြင်းရဲ့ ဘေးထွက်ဆိုးကျိုးများကို လျော့နည်းအောင် လည်း အသည်းကလုပ်ဆောင်ပေးသဖြင့် အသည်းကို ညှာတာရပါမယ်။ အရက်သည် အသည်းပေါ် ဖိအားဖြစ်စေပြီး လုပ်ငန်းများကို နှောက်ယှက်ပါတယ်။ အရက်ကြောင့် ပျို့ခြင်း၊ အူလမ်းကြောင်းဝေဒနာများ ပိုဆိုးနိုင်ပါတယ်။ ကင်ဆာဆေးများ နှင့်လည်း ဓါတ်ပြု ခြင်းများ ဖြစ်နိုင်ပါတယ်။ ထို့ကြောင့် သားဥအိမ်ကင်ဆာဖြစ်ပါက အရက်ကို လုံးဝရှောင်သင့်ပါတယ်။   အနီရောင် […]


သားဥအိမ်ကင်ဆာ

သားဥအိမ်ကင်ဆာအတွက် ကလေးရနိုင်မည့်နည်းလမ်းများ

သားဥအိမ်ကင်ဆာနှင့် ကုသမှုများ က သင့်ရဲ့ ကလေးရနိုင်စွမ်းကို ထိခိုက်စေပါတယ်။ သို့သော် သားဥအိမ်ကင်ဆာဖြစ်သော အချို့ အမျိုးသမီးများသည် ကလေးရနိုင်ချေ ရှိသော်လည်း အချို့မှာတော့ ထိုသို့မဟုတ်တော့ပေ။ သားဥအိမ်ကင်ဆာအတွက် ကုသမှု ခံယူနေစဉ် ကလေးယူနိုင်စွမ်းကို ထိန်းသိမ်းလိုခြင်းဟာ ရှုတ်ထွေးပါတယ်။ ထို့ကြောင့် တတ်ကျွမ်းသူများ နှင့် တိုင်ပင် ဆွေးနွေးသင့်ပါတယယ်။ သားဥအိမ်ကင်ဆာက သင့်ရဲ့ ကလေးရနိုင်စွမ်းကို မည်သို့ထိခိုက်ပါလဲ။ သင်ဟာ အောက်ပါ ကုသနည်းများဖြင့် ကုသခံရပါက ကိုယ်ဝန်မဆောင်နိုင်ဘဲ ၊ကလေးမရနိုင်တော့ဘဲ ဖြစ်သွား နိုင်ပါတယ်။ -သားဥအိမ်နှစ်ဖက်လုံးကို ခွဲစိပ်ရာတွင် ဖယ်လိုက်ရခြင်း -ကင်ဆာအကြောဆေးများက သားဥအိမ်ရဲ့ လုပ်ငန်းဆောင်တာများကို နှောက်ယှက်ခြင်း -ဓါတ်ရောင်ခြည်များကြောင့် သားဥအိမ်မှ သားဥများ မထုတ်လုပ်ပေးနိုင်ခြင်း သားဥအိမ် တစ်ဖက်တည်းရှိတော့သော အမျိုးသမီးများက ကိုယ်ဝန်ဆောင်နိုင်ပါသေးတယ်။ နှစ်ဖက်လုံးမရှိတော့ပါက မျိုးမအောင်နိုင်တော့ပါ။ သို့သောာ် အောက်ပါနည်းလမ်းများ သုံး၍ ကိုယ်ဝန်ဆောင်နိုင်ပါတယ်။ သင့်ရဲ့ မျိုးမအောင်ခြင်းကို ကုသဖို့နည်းလမ်းများကို နားလည်ခြင်း -သားဥ […]


သားဥအိမ်ကင်ဆာ

သားဥအိမ်ကင်ဆာကို မပြန့်အောင် ဘယ်လိုကာကွယ်မလဲ

သားဥအိမ်ကင်ဆာသည် အန ္တရာယ်အများဆုံးကင်ဆာထဲက တစ်ခုအပါအဝင် ဖြစ်ပါတယ်။ သို့သော် စောစီးစွာ သိပါက အသက်ရှင်နေနိုင်ချေ ၉၅% လောက်မြင့်မားပါတယ်။ သည်ကင်ဆာရဲ့ လက္ခဏာများကို စောစီးစွာ သိဖို့နှင့် မည်သို့ကာကွယ်ရမည်တို့ကို အောက်တွင် ဖေါ်ပြထားပါတယ်။ သားဥအိမ်ကင်ဆာကို တိတ်တဆိတ် လူသတ်သမား လို့ခေါ်ကြပါတယ်။ သားဥအိမ်ကင်ဆာရဲ့ လက္ခဏာတွေက သာမန် ရောဂါအသေးစား လက္ခဏာများနဲ့ ဆင်တူပါတယ်။ ထို့ကြောင့် သတိမထားမိဘဲ ကင်ဆာအဆင့်မြင့်ပြီး အခြားနေရာများကို ပျံ့နှံ့ သွားမှ သိကြပါတယ်။ ထိုလက္ခဏာများကတော့ -ဗိုက်လေပွခြင်း၊ ရောင်ရမ်းခြင်း -အစာစားပြီး လျင်မြန်စွာ ဗိုက်ပြည့်ခြင်း(နည်းနည်းသာ စားသော်လည်း) -ကိုယ်အလေးချိန်ကျခြင်း၊ တက်ခြင်း -ခါးနာခြင်း -ဝမ်းသွားခြင်းများ ပုံမမှန်ခြင်း၊ ဝမ်းချုပ်ခြင်း သို့မဟုတ် ဝမ်းလျှောခြင်း -ဆီးမကြာခဏ သွားလိုခြင်း -အကြောင်းပြချက်မရှိဘဲ မိန်းမကိုယ်မှ သွေးဆင်းခြင်း -အလွန်အမင်း ပင်ပန်းနွမ်းနယ်ခြင်း အထက်ပါ လက္ခဏာများ ရှိလျှင် သေချာပေါက် သားဥအိမ်ကင်ဆာဖြစ်သည် မဟုတ်ပါ။ အသေးစိတ် သိရှိလိုပါက ဆရာဝန်နဲ့ […]


ရင်သားကင်ဆာ

ရင်သားကင်ဆာ အတွက် အဝတ်အစား - ဘရာစီယာ၊ လည်စည်း၊ အသုံးအဆောင် နှင့် တခြားအရာများ

ရင်သားကင်ဆာဟာ အကောင်းဆုံး ကျန်းမာရေး စောင့်ရှောက်မှု ရရှိရင်တောင်မှ စိန်ခေါ်မှုတစ်ခုအဖြစ် ရပ်တည်နေပါသေးတယ်။ ဘာကြောင့်လဲဆိုတော့ ကုသမှုတွေက အထူးသဖြင့် သင့်အသွင်အပြင်ကို အပြင်းအထန် ပြောင်းလဲစေတာကြောင့် ဖြစ်ပါတယ်။ ကံကောင်းတာက ကင်ဆာရောဂါကို တွန်းလှန်နိုင်သူတွေအတွက် ရည်ရွယ်ပြီး ဒီဇိုင်းထုတ်ထားတဲ့ ဘရာ၊ လည်စည်း၊ ဆံပင်တု စတဲ့ အသုံးအဆောင်တွေ ရရှိနိုင်ပါပြီ။ ယခုအခါ ဘရာစီယာတွေကို ရင်သားဖြတ်ထုတ်ထားသူတွေအတွက် ကွဲပြားခြားနားတဲ့ ပုံစံ၊ အရောင်အသွေး၊ အရွယ်အစားအမျိုးမျိုးနဲ့ ရရှိနိုင်ပါပြီ။ နာမည်ပေးကြည့်လို့ရပါတယ်။ သူတို့က ပုံမှန် ဘရာစီယာတွေနဲ့ အနည်းငယ် ကွဲပြားပါတယ်။ ဘာကြောင့်လဲဆိုတော့ ရင်သားအတုထည့်သွင်းဖို့ အိတ်လေးတွေ ပါလို့ပါပဲ။ သင်လိုချင်တဲ့ သင်နဲ့သင့်တော်မယ့် ဘရာစီယာကို မှာယူနိုင်ပါပြီ။ ဘရာစီယာတစ်စုံလုံး မလိုဘူးဆိုရင် ကပ်ထားနိုင်တဲ့ နို့သီးခေါင်းနဲ့ အဖုံးအကာတွေကိုတောင်မှ ရရှိနိုင်ပါပြီ။ တကယ်လို့ သင်က ရင်သားပြန်လည်တည်ဆောက်မှု […]


အခြားကင်ဆာများ

ကင်ဆာရောဂါနှင့် ဗီတာမင်အားဆေးများ

ကင်ဆာရောဂါနှင့် ဗီတာမင်အားဆေးများ ဗီတာမင်ဖြည့်စွက်အားဆေးတွေကို ရောဂါကာကွယ်ဖို့၊ ရောဂါကုသဖို့၊ အသက်ရှည်ကျန်းမာဖို့ စတဲ့ အကြောင်းရင်းအမျိုးမျိုးကြောင့် သောက်သုံးကြပါတယ်။ တချို့ကတော့ ကင်ဆာမဖြစ်အောင် ကာကွယ်ဖို့ရည်ရွယ်ချက်နဲ့ သောက်တာတွေလည်းရှိတယ်။ ကင်ဆာဝေဒနာရှင်တွေကလည်း ကိုယ်ခံအားစနစ်ပိုကောင်းလာအောင်၊ ကုသမှုနောက်ပိုင်း ကင်ဆာရောဂါပြန်ပေါ်လာတာကို ကာကွယ်နိုင်အောင်နဲ့ ကင်ဆာရှိကြောင်းသိရပြီးနောက်ပိုင်း သက်တမ်းပိုရှည်စေဖို့၊ ဓါတုဆေးဝါးနဲ့ဓါတ်ကင်ခြင်းကုထုံးတွေရဲ့ ဘေးထွက်ဆိုးကျိုးတွေ လျော့ပါးသက်သာစေဖို့ဆိုပြီး ဗီတာမင်ဆေးတွေကို အားကိုးကြပါတယ်။ ကင်ဆာဝေဒနာရှင်တစ်ဦးရဲ့ကိုယ်ခံအားစနစ် အနေအထားဟာ သာမန်လူတစ်ယောက်နဲ့ယှဉ်ရင် ပိုအားနည်းပါတယ်။ ခွဲစိတ်ကုသမှုနောက်ပိုင်းမှာ တစ်ရှူးတွေထိခိုက်မှုကြောင့် အီလက်ထရိုလိုက် နဲ့ သတ္တုဓါတ်ချို့တဲ့မှုကို ခံစားရနိုင်ပါတယ်။ လူနာတွေဟာ ခွဲစိတ်ကုသမှုနောက်ပိုင်းမှာ ပုံမှန်အတိုင်း အစားမစားနိုင်တဲ့အတွက် ဖြည့်စွက်အာဟာရတွေနဲ့ အားဖြည့်ပေးဖို့လိုပါတယ်။ ခံတွင်းပျက်နေတဲ့ လူနာတွေဟာ ဖြည့်စွက်အာဟာရတွေတင်ပေးနေတဲ့အခါမှာတောင် ပျို့အန်မှုနဲ့ ခန္ဓါကိုယ်က စုပ်ယူမှုအားနည်းတာတွေကြောင့် တခြားနည်းလမ်းနဲ့ ကိုယ်ခံအားစနစ်ကိုမြှင့်တင်ဖို့ လိုအပ်လာပါတယ်။ ဒါ့ကြောင့် လူနာတွေရဲ့အခြေအနေကို ပြန်ထိန်းညှိနိုင်ဖို့၊ ခွဲစိတ်မှုနောက်ပိုင်း ဓါတ်ကင်ခြင်းနဲ့ဆေးဝါးကုထုံးရဲ့ဒဏ်ကိုခံနိုင်ရည်ရှိဖို့အတွက် ဆရာဝန်တွေက ဗီတာမင်အားဆေးတွေ […]


ဆီးကျိတ်ကင်ဆာ

ဆီးကျိတ်ကင်ဆာဟာ ပျောက်ကင်းအောင်ကုသနိုင်သလား

ဆီးကျိတ်ကင်ဆာဟာ အဖြစ်များပေမယ့် စောစီးစွာ စစ်ဆေးဖော်ထုတ်ကုသခြင်းအားဖြင့် မလိုလားအပ်တဲ့ အဖြစ်ဆိုးတွေကနေ ရှောင်ကျဉ်နိုင်မှာ ဖြစ်ပါတယ်။ ဆီးကျိတ်ကင်ဆာဟာ ကမ္ဘာအနှံ့မှာ ခေါင်းထောင်ထလာတဲ့ ရောဂါတစ်မျိုးဖြစ်ပြီး အထူးသဖြင့် အနောက်နိုင်ငံတွေမှာ ပိုအဖြစ်များပါတယ်။"အမေရိက၊ဥရောပနဲ့ ဩစတေးလျတိုက်တွေမှာဆိုရင် ဆီးကျိတ်ကင်ဆာဟာ အမျိုးသားတွေမှာ အဖြစ်အများဆုံး ကင်ဆာဖြစ်ပြီး စင်ကာပူနိုင်ငံမှာဆိုရင်တော့ အဆင့်သုံးချိတ်တယ်"လို့ Mount Elizabeth Novena ဆေးရုံမှ ဆီးလမ်းကြောင်းအထူးကုဆရာဝန် Dr Gerald Tan က ဆိုပါတယ်။ "ဆီးကျိတ်ကင်ဆာဟာ သူဌေးရောဂါလို့လည်း ကျယ်ကျယ်ပြန့်ပြန့် ယူဆထားကြလေရဲ့" လို့ Dr Tan က ဆိုပါသေးတယ်။ ဘာလို့လဲဆိုတော့ ဥရောပအစားအစာတွေမှာ အဓိက ပါဝင်တဲ့ အနီရောင်အသားတွေ၊နို့ထွက်ပစ္စည်းတွေ နဲ့ gluten အမည်ရှိ ဓါတ်ပစ္စည်းတွေဟာ ဒီရောဂါကို ဖြစ်စေတဲ့ အဓိကလက်သည်တွေမို့ပါပဲ။ အထက်ပါ အစားအစာတွေဟာ အနောက်တိုင်း စားသောက်မှုပုံစံမှာ […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း