ကင်ဆာရောဂါများ

ကင်ဆာကို သိရှိနိုင်စေမယ့် နည်းလမ်းတွေက အများကြီးပါ။ လူတစ်ယောက်နဲ့ တစ်ယောက်လည်း မတူနိုင်ပါဘူး။ လူတိုင်း အသက်အရွယ်တိုင်းမှာ ဖြစ်နိုင်ပါတယ်။ ဒါကြောင့် လူတိုင်း ကင်ဆာ ဖြစ်စေနိုင်တဲ့ အရာတွေ၊ ကင်ဆာဖြစ်စေတဲ့ အကြောင်းအရင်းတွေ၊ လက္ခဏာတွေ၊ စစ်ဆေး အဖြေရှာနည်းတွေ၊ ကုထုံးတွေ၊ ကာကွယ်နည်းတွေကို သိထားဖို့ လိုပါမယ်။ အဆိုပါ အကြောင်းအရာတွေအားလုံးကို ဒီကဏ္ဍမှာ ဖတ်ရှု့နိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ကင်ဆာရောဂါများ

HPV vaccine ထိုးပြီး ကာကွယ်လို့ရတဲ့ ကင်ဆာတွေ

ကင်ဆာ ဆိုတာကို ကြားလိုက်ရင် အရင်ဆုံး ခေါင်းထဲရောက်လာတဲ့ အတွေးက ငါတော့ သေရတော့မယ် ထင်တယ်ဆိုတာပါ။ အခုနောက်ပိုင်းမှာ ဆေးပညာတွေ တိုးတက်လာတာကြောင့် အချို့သော ကင်ဆာတွေကို ကုသနိုင်တယ်ဆိုပမယ့် ကင်ဆာ အပါအဝင် ဘယ်ရောဂါမှ မဖြစ်တာတော့ အကောင်းဆုံးပါ။ ဒီတစ်ခေါက်တော့ ကင်ဆာကို ကာကွယ်ပေးမယ့် ကာကွယ်ဆေးတစ်မျိုးဖြစ်တဲ့ HPV Vaccine က ကင်ဆာကို ဘယ်လို ကာကွယ်ပေးသလဲဆိုတဲ့အကြောင်း ပြောပြပေးချင်ပါတယ်။ HPV ဆိုတာ Human papillomavirus (HPV) ဆိုတာက လိင်ကနေတဆင့်ကူးစက်တဲ့ရောဂါ (STD) တစ်မျိုးပါ။ HPV ဗိုင်းရပ်စ်ကူးစက်ခံရမယ်ဆိုရင် အမျိုးသမီးတွေမှာ လိင်အင်္ဂါမှာ ကြွက်နို့ပေါက်တာ သားအိမ်ခေါင်းကင်ဆာဖြစ်တာမျိုးတွေခံစားရနိုင်ပါတယ်။ အမျိုးသားတွေမှာတော့ လိင်တံကင်ဆာဖြစ်နိုင်ပါတယ်။ စအိုနဲ့လည်ချောင်းလိုမျိုး ခန္ဓာကိုယ်အစိတ်အပိုင်းတွေမှာလည်း ကင်ဆာရောဂါတွေခံစားရနိုင်ပါတယ်။ Human papillomavirus (HPV) ဗိုင်းရပ်စ်ကူးစက်ခံရမှုက အမျိုးသမီးတွေမှာ အဖြစ်များပါတယ်။ ဒါကြောင့် […]

ကင်ဆာရောဂါများ ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကင်ဆာရောဂါများ ကို ရှာဖွေမည်။

အခြားကင်ဆာများ

အဆီကျိတ်တစ်ခု ထွက်လာပြီဆို ရိုးရိုး အဆီကျိတ်နဲ့ ကင်ဆာ အကျိတ်ဘယ်လိုခွဲကြမလဲ။ ။

ကိုယ်ပေါ်မှာ အဖုအကျိတ်တစ်ခုထွက်လာတယ်၊ အသက်ကလေးကလည်း ၅၀ နားကပ်နေပြီဆို လူတိုင်းကြောက်ပြီး ပြေးမြင်ကြတာ ကင်ဆာရောဂါပါ။ ကင်ဆာအကျိတ်လားပေါ့ ။ နာလည်းမနာဘူးဆို ပိုဆိုးသွားပြီး။ ကင်ဆာဆို မနာဘူးလို့ပြောတာတွေကြားဖူးကြတာကိုး။ တကယ်တော့ အရေပြားပေါ်မှာထွက်လာတဲ့ အလုံးတွေက အများအားဖြင့် အဆီကျိတ်တွေဖြစ်တာများပါတယ်။ အဆီကျိတ်အများစုဟာ ကင်ဆာကျိတ်မဟုတ်ပါဘူး။ ခွဲထုတ်လိုက်ရင်ပျောက်သွားတာများပါတယ်။ ဒါပေမယ့် တစ်ခြားတစ်ဖက်မှာ ကင်ဆာအဆီကျိတ် ဆိုတာလည်းရှိပါတယ်။ ဒါကြောင့် ကိုယ့်ဆီမှာ အဆီကျိတ်တစ်ခုပေါ်လာရင် ကင်ဆာ ဟုတ်၊ မဟုတ် ဘယ်လိုခွဲမလဲ ။ ။ LIPOMA ( ရိုးရိုးအဆီကျိတ်) Lipoma ဆိုတာဘာလဲ။ ။ Lipoma ဆိုတာ ကိုယ်ပေါ်မှာ အရွယ်မရွေးပေါ်လာတတ်တဲ့ အဆီကျိတ်တစ်လုံးဖြစ်ပြီး ကင်ဆာအကျိတ် မဟုတ်ပါ။ ။ ကင်ဆာကိုပြောင်းနိုင်ခြေလည်း မရှိသလောက်နည်းပါတယ်။ ဘယ်သူတွေမှာ ပိုဖြစ်လဲ ။ ။ အသက် ၄၀ ကနေ ၅၀ ရောက်နေတဲ့ အမျိုးသားတွေမှာ […]


အရိုးကင်ဆာ

Osteoid Osteoma

အဓိပ္ပါယ်ဖွင့်ဆိုချက်Osteoid osteoma ဆိုတာဘာလဲ။ Osteoid osteoma ဆိုတာက ကင်ဆာမဟုတ်တဲ့ အကျိတ်ငယ်တွေဖြစ်ပြီး လူတစ်ယောက်ရဲ့အောက်ပိုင်းက အရိုးရှည်တွေမှာ ဖြစ်လေ့ရှိပါတယ်။ လက်ရိုးမှာလည်း ဖြစ်တတ်ပေမယ့် ပေါင်ရိုးကတော့ အဖြစ်အများဆုံးပဲ။ တစ်ခါတစ်လေမှာ ကျောရိုးအောက်ပိုင်းတွေမှာပါ ပေါ်လာတတ်ပါတယ်။ Osteoid osteoma တစ်ခုရဲ့အရွယ်အစားက ၁.၅ စင်တီလောက်ပဲရှိတတ်ပါတယ်။ အကျိတ်ကြောင့် နာကျင်တာတွေဖြစ်တတ်ပေမယ့် ပျံ့တာမျိုးမရှိပါဘူး။ Osteoid osteoma ဖြစ်လာတာနဲ့ သူတို့ပတ်လည်မှာ ဓါတ်ပြုလွယ်တဲ့အရိုးတွေဖြစ်လာပြီး အရိုးအသစ်တွေထွက်လာတာကို osteoid အရိုးလို့ ခေါ်ပါတယ်။ ဒီ Osteoid အရိုးနဲ့ အကျိတ်က အကျိတ်တစ်ခုလုံးရဲ့ အလယ်ဗဟိုဖြစ်ပြီးတော့ ဓါတ်မှန်တွေမှာ ရှင်းရှင်းလင်းလင်းမြင်နိုင်ပါတယ်။ Osteoid osteoma ဟာ ဘယ်လောက်ထိ အဖြစ်များသလဲ။ Osteoid osteoma ကို ကလေးတွေနဲ့ မြီးကောင်ပေါက်တွေမှာ မကြာခဏတွေ့ရပေမယ့် ဘယ်အရွယ်မှာမဆို ဖြစ်နိုင်ပါတယ်။ ကောင်မလေးတွေထက် ကောင်လေးတွေမှာ ပိုအမဖြစ်များပုံရပါတယ်။ […]


ဦးနှောက်ကင်ဆာကျိတ်များ

Paraganglioma

အဓိပ္ပါယ်ဖွင့်ဆိုချက်Paraganglioma ဆိုတာဘာလဲ။ Paraganglioma ဆိုတာ ရောဂါအခြေအနေတစ်ခုဖြစ်ပြီးခန္ဓါကိုယ်ရဲ့ ဘေးဘက်အာရုံကြောစနစ်မှာဖြစ်တဲ့ အကြိတ်ပုံစံတစ်မျိုးဖြစ်ပါတယ်။ Peripheral nervous system ဘေးဘက်အာရုံကြောစနစ်ကို sympathetic and parasympathetic ဆိုပြီးခွဲထားပါတယ်။ peripheral nervous system ရဲ့ လုပ်ငန်းဆောင်တာကတော့ ခန္ဓါကိုယ်ရဲ့ လုပ်ငန်းစဉ်မျိုးစုံကို ထိန်းချုပ်ခြင်းဖြစ်တဲ့ နှလုံးခုန်နှုန်း၊သွေးဖိအား၊ ဆီးသွားခြင်းဆိုင်ရာနှင့် အူလမ်းကြောင်းဆိုင်ရာများအားလုံးတို့ပါဝင်ပါတယ်။ Peripheral nervous system မှာဖြစ်တဲ့ paraganglioma ကြောင့် ခန္ဓါကိုယ်ရဲ့လုပ်ငန်းဆောင်တာများဖြစ်တဲ့ သွေးဖိအား၊ ဆီးသွားခြင်းဆိုင်ရာ၊ နှလုံးခုန်နှုန်း အစရှိသည်တို့ဟာပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ paraganglioma ဟာ Peripheral nervous systemရဲ့ မည်သည့်နေရာမှာမဆိုဖြစ်နိုင်ပေမယ့် အဓိကတော့သူတို့ကို ဗိုက်ထဲမှာတွေ့ရတတ်ပြီးAdrenal glands နဲ့ဆက်စပ်နေတဲ့အကြိတ်များဖြစ်တဲ့ Phaeochromocytomaလို့ခေါ်တဲ့ ရောဂါအနေနဲ့ တွေ့ရပါတယ်။ Paraganglioma ဟာဘယ်လောက်ထိ အဖြစ်များသလဲ။ အခြားသောအချက်အလက်များကို သိနိုင်ဖို့ သင့်ဆရာဝန်နဲ့တိုင်ပင်ဆွေးနွေးပါ။ ရောဂါလက္ခဏာများParaganglioma ရဲ့ရောဂါလက္ခဏာတွေက ဘာတွေလဲ။ Paraganglioma […]


အခြားကင်ဆာများ

ပျောက်ကင်းနိုင်ခြေအများဆုံး ကင်ဆာများ

အရင်တုန်းကတော့ ကင်ဆာလို့ပြောလိုက်တာနဲ့ ကျိန်းသေပေါက် သေရတော့မယ့် ရောဂါကြီးတစ်ခုအဖြစ် ယူဆကြပါတယ်။ ဒီဖက်ခေတ်မှာတော့ ဆေးသိပ္ပံအဆင့်အတန်း မြင့်မားလာတာရော၊ကင်ဆာအမျိုးမျိုးရဲ့ သဘောသဘာဝ အဖုံဖုံကြောင့်ရော ကုသလို့ ပျောက်ကင်းနိုင်၊သက်တမ်းစေ့နေသွားနိုင်တဲ့ အနေအထားတွေ ရှိနေပါပြီ။ တချို့ဆရာဝန်တွေကတော့ ကုသလို့ပျောက်ကင်းတယ်ဆိုတဲ့ စာလုံးကို သိပ်မသုံးချင်ကြပါဘူး။ ဘာလို့လဲဆိုတော့ ကင်ဆာရောဂါဟာ အချိန်အတော်ကြာ ပျောက်နေပြီးမှ တစ်ခါ ပြန်ဖြစ်လာနိုင်လို့ပါ။ ဒါပေမယ့် ဒီဆောင်းပါးလေးမှာတော့ ပျောက်ကင်းနိုင်ခြေ အများဆုံး ကင်ဆာတွေအကြောင်း မျှဝေပေးသွားပါမယ်။   (၁) ဆီးကျိတ်ကင်ဆာ   ကင်ဆာရောဂါရှိမှန်းသိပြီး ငါးနှစ်အတွင်း အသက်ရှင်နိုင်ခြေ: ၉၉ ရာခိုင်နှုန်းခန့်   ဆီးကျိတ်ကင်ဆာအများစုဟာ ကြီးထွားနှုန်း အင်မတန်နှေးကွေးပြီး လုံးဝကြီးမလာတော့တဲ့ ကင်ဆာကျိတ်တွေလည်း ရှိပါတယ်။ အချို့ ကင်ဆာကျိတ်တွေဆိုရင် အထူးတလည် ကုသမှုခံယူဖို့တောင် မလိုတတ်ပေမယ့် ခန္ဓါကိုယ်ရဲ့ အခြားနေရာတွေကို ပျံ့နှံ့နေပြီဆိုရင်တော့ ကုသရခက်သွားတတ်ပါတယ်။ ဒါပေမယ့် မပူပါနဲ့၊အဲ့ဒီလို အနေအထားမရောက်ခင်မှာပဲ သင့်မှာ ဆီးကျိတ်ကင်ဆာရှိနေကြောင်း […]


အသည်းကင်ဆာ

အသည်းကင်ဆာ ရှိသူတွေ စားပေးသင့်တဲ့ အစားအသောက်များ

ကင်ဆာရောဂါ တော်တော်ကိုကြောက်စရာကောင်းတဲ့ရောဂါတစ်မျိုးပါ။ ကုသပျောက်ကင်းဖို့လည်းခက်ခဲပါတယ်။ ကင်ဆာရောဂါခံစားရတဲ့အခါ အာဟာရြပည့်ဝမျှတအောင်စားသုံးဖို့ကတော်တော်လေးအရေးပါပါတယ်။ ကိုယ်တွင်း အင်္ဂါတွေမှာ ကင်ဆာရောဂါခံစားရနိုင်သလိုပြင်ပအင်္ဂါအစိတ်အပိုင်းတွေမှာလည်း ကင်ဆာရောဂါခံစားရနိုင်ပါတယ်။ အခုနောက်ပိုင်း အဖြစ်များလာတဲ့ကင်ဆာရောဂါ တစ်ခုရှိပါတယ်။ ဒါကတော့ အသည်းကင်ဆာ ပါ။အခုတစ်ခေါက်တော့ အသည်းကင်ဆာဖြစ်လာခဲ့ရင် ဘယ်လိုအစားအစာတွေကို စားသုံးပေးရမလဲဆိုတာပြောပြပေးပါရစေ။ အသည်းကင်ဆာခံစားရတဲ့အခါ အသည်းကင်ဆာ ရောဂါခံစားရတဲ့အခါ အခုလိုလက္ခဏာမျိုးတွေဖြစ်လာနိုင်ပါတယ်။ ကိုယ်အလေးချိန်တွေကျလာမယ် ဗိုက်ထဲကအောင့်မယ် အော့အန်မယ် မအီမသာဖြစ်မယ် အစာစားချင်စိတ်မရှိဖြစ်မယ် အရေပြားနဲ့မျက်လုံးအဖြူသားတွေ ဝါလာတာမျိုးဖြစ်မယ်။ အသည်းကင်ဆာဝေဒနာကို အစားအသောက်တွေဂရုစိုက် စားသုံးရုံနဲ့ပျောက်ကင်းအောင် မကုသနိုင်ပေမယ့် အချို့သောအစားအစာတွေက အသည်းကင်ဆာကို သက်သာစေနိုင်ပါတယ်။ အသည်းကင်ဆာရှိသူတွေအနေနဲ့ အစားအစာတွေကို စားသုံးတဲ့အခါ သာမန်လူတွေထက် ပိုဂရုစိုက်ဖို့လိုပါမယ်။ ဒါကြောင့် အသည်းကင်ဆာရှိသူတွေအနေနဲ့ပြုပြင်ထားတဲ့ အသင့်စား အစားအစာတွေကို လုံးဝမစားသုံးသင့်ပါဘူး။ သဘာဝအတိုင်းစိုက်ပျိုးထားတဲ့ လတ်ဆတ်တဲ့ အသီးအနှံတွေနဲ့ပြုပြင်ထားတာမဟုတ်တဲ့ အစားအသောက်တွေက အသင့်တော်ဆုံးဖြစ်မှာပါ။ အသည်းကင်ဆာ ရှိသူတွေ စားပေးသင့်တဲ့ အစားအသောက်များ အသည်းကင်ဆာ ရှိသူတွေ အတွက် အသင့်တော်ဆုံးဖြစ်မယ့် အစားအသောက်တွေက ကော်ဖီ မနက်ခင်းမှာဖြစ်ဖြစ်နေ့ခင်းနေ့လည်မှာဖြစ်ဖြစ် […]


အခြားကင်ဆာများ

နှလုံးကင်ဆာဆိုတာ ရှိလား။ မရှိဘူးလား။

သြော်...ကင်ဆာ...ကင်ဆာ။ ကင်ဆာဆိုတဲ့အရာက ကိုယ့်မှာရှိသမျှ အစိတ်အပိုင်းတွေအားလုံးမှာ ဖြစ်နိုင်တဲ့အရာ။ စဉ်းစားကြည့်လေ...အပေါ်ဆုံးကနေ စကြည့်ကြည့်မယ်ဆိုရင် ဦးနှောက်ကင်ဆာ၊ ခံတွင်းကင်ဆာ၊ အဆုတ်ကင်ဆာ၊ လည်ချောင်းကင်ဆာ၊ ရင်သားကင်ဆာ၊ အသည်းကင်ဆာ၊ အစာအိမ်ကင်ဆာ၊ အူမကြီးကင်ဆာ၊ ကျောက်ကပ်ကင်ဆာ ၊ ပန်ကရိယကင်ဆာ၊ သားအိမ်ခေါင်းကင်ဆာ၊ ဆီးကျိတ်ကင်ဆာ ၊ စအိုကင်ဆာ၊ အရေပြားကင်ဆာ။အို.. အစုံပါပဲ.. နာမည်ကြီးကင်ဆာတွေ။ အရေးကြီးတဲ့ ဘယ်အစိတ်အပိုင်းမဆို ကင်ဆာမဖြစ်တာမရှိ။ ပြောထားတဲ့ ကင်ဆာတွေအားလုံးကလည်း သူတို့ ကင်ဆာ အသိုင်းအဝိုင်းမှာ နာမည်ကြီးတွေ။ မသိသူသိပ်မရှိ။ ကိုယ်ခန္ဓါမှာရှိတဲ့ အရာအားလုံး ကင်ဆာဖြစ်နိုင်တယ်ဆိုတော့ တစ်ချက်စဉ်းစားကြည့်။ နှလုံးကင်ဆာဆိုတာရှိလား။ ကြားဖူးလား။ သိပ်မကြားဖူးတော့ မရှိဘူးလို့ ထင်ချင်စရာပဲ။ နှလုံးကင်ဆာဆိုတာ လောကကြီးမှာရှိလား မရှိလားကြည့်ရအောင်။ ကင်ဆာတော်တော်များများကြားဖူးပေမယ့် နှလုံးကင်ဆာဆိုတာရှိရဲ့လား။ နှလုံးကင်ဆာဆိုတာရှိပါတယ်။ ရှိတော့ရှိတယ် ရှားတယ်ပေါ့။ ဖြစ်ရင်လည်း တစ်ခါထဲ အသေပဲ။ အဲလိုပြောလိုက်လို့ လန့်သွားကြဦးမယ်။ […]


အခြားကင်ဆာများ

“ကင်ဆာ”ဆိုတာနဲ့ မကြာခင်သေရတော့မှာလား။

“ကင်ဆာ” လူပေါင်းများစွာတို့ရဲ့ အသက်ကို ခြိမ်းခြောက်နေတဲ့ အရာ၊ ကင်ဆာဖြစ်နေပြီဆိုတာနဲ့ ခေါင်းထဲမှာပေါ်လာတာ “ငါသေရတော့မယ်” ဆိုတဲ့ အတွေး။ အဲ့အတွေးပေါ်တာနဲ့ လက်တွေ့ဘဝမှာ ကြောက်ရွံ့မှု၊ တုန်လှုပ်မှု၊ အားငယ်မှု ၊ စိတ်ဓါတ်ကျမှု ၊ မပျော်ရွှင်မှုတွေ ဖြစ်လာပြီး စိတ်ထောင်းကိုယ်ကြေဖြစ်ရပါတော့တယ်။ ဒါပေမယ့် ခုလိုတိုးတက်လာတဲ့ ခေတ်ကြီးမှာ အချိန်မီသာသိရင် ကုလို့ပျောက်တဲ့ ကင်ဆာတွေလည်းရှိပါတယ်။ ဆေးပညာတိုးတက်လာပြီဖြစ်တဲ့အတွက် ခြိမ်းခြောက်နေတဲ့ ကင်ဆာကို ကုသဖို့နည်းလမ်းတွေလည်း မျိုးစုံရှိနေပြီ။ ကင်ဆာသုတေသီများရဲ့ပြောကြားချက်အရ ကင်ဆာဖြစ်လို့ကုသပြီး နောက် ၅နှစ်အထိ ကင်ဆာဆဲလ်တွေ မတွေ့ရတော့ဘူးဆိုရင် အဲ့ဒီကင်ဆာက ကုသလို့ပျောက်သွားပြီလို့ ဆိုနိုင်ပါတယ်။ ဒါကြောင့် ကင်ဆာဆဲလ်တွေလည်း မပျံ့ဘူး၊ စောစောလည်းသိလို့ကုသမယ်ဆိုရင် အသက်ရှည်ရှည်နေထိုင်ခွင့် ပိုများနိုင်တဲ့ကင်ဆာ (၅)မျိုးကို ပြောပြပေးမယ်နော်။ မျှော်လင့်ချက်ရောင်ခြည်လေးတွေပေါ့။ (၁) […]


အခြားကင်ဆာများ

ကင်ဆာရောဂါတွေရဲ့ ရှေ့ပြေးလက္ခဏာ (၁၄)ချက်

ကင်ဆာရောဂါတွေရဲ့ ရှေ့ပြေးလက္ခဏာ (၁၄ )ချက် မြစ်ပွားနာလို့လည်း လူသိများတဲ့ ကင်ဆာရောဂါဟာ လူအားလုံးရဲ့ အိပ်မက်ဆိုးပါ။ ဒီဖက်ခေတ် ဆေးပညာအံ့မခန်းတိုးတက်လာပါတယ်ဆိုတာတောင် ကင်ဆာရောဂါဟာ ဖစ်ပြီဟေ့ဆိုရင် ပျောက်ကင်းအောင်ကုသဖို့ ခဲယဉ်းလှတဲ့ ရောဂါဖြစ်တာမို့ ကင်ဆာရောဂါတွေရဲ့ ရှေ့ပြေးလက္ခဏာတွေကို သိရှိထားဖို့ အရေးတကြီးလိုအပ်ပါတယ်။ ဒါမှသာ စာစောသိ၊စောစောကုနိုင်မှာပါ။ ဒီလိုဆိုရင်အပ်နဲ့ထွင်းရမယ့်နေရာမှာ ပုဆိန်နဲ့ပေါက်လိုက်ရတဲ့အဖြစ်မျိုးတွေ လျော့နည်းသွားပါလိမ့်မယ်။ ဒီဆောင်းပါးလေးမှာတော့ ကင်ဆာရောဂါတွေရဲ့ ရှေ့ပြေးလက္ခဏာလေးတွေကို မျှဝေပေးသွားမှာ ဖစ်ပါတယ်။ (၁) အရေပြားပြောင်းလဲမှုများ သင့်အရေပြားမှာ အစက်သစ်လေးတခု ပါ်လာတာ ဒါမှမဟုတ် နဂိုရှိပြီးသား အစက်အပြောက်တွေရဲ့အရွယ်အစား၊ပုံစံ၊အရောင် စတဲ့အချက်တွေပြောင်းလဲလာတာဟာ အရေပြားကင်ဆာရဲ့လက္ခဏာဖြစ်နိုင်ပါတယ်။ ဒါကြောင့် သင့်ခန္ဓါကိုယ်မှာ ထူးထူးခြားခြားအမှတ်တွေ၊အစက်အပြောက်တွေပေါ်လာရင် ဆရာဝန်နဲ့ အမြန်ဆုံးပြသသင့်ပါတယ်။ ဆရာဝန်အနေနဲ့သင့်အရေပြားကို သေချာစွာကြည့်ရှုစစ်ဆေးမှာဖြစ်တဲ့အပြင် အသားစယူစစ်ဆေးခြင်း(ဘိုင်အိုဆီ)ကိုလည်း ပုလုပ်မှာ ဖစ်ပါတယ်။ ဒါမှသာ ကင်ဆာဆဲလ်တွေ ရှိမရှိ သိနိုင်မှာပါ။ (၂) ကာလတာရှည် ချောင်းတောက်လျှောက်ဆိုးနေခြင်း ဒီလိုမျိုး ချောင်းဆိုးနေပေမယ့် သင်ဟာ ဆးလိပ်သောက်တတ်သူ မဟုတ်ဘူးဆိုရင်တော့စိတ်မပူပါနဲ့။ […]


ရင်သားကင်ဆာ

ရင်သားကင်ဆာနဲ့ပတ်သက်တဲ့ အယူအဆမှား ၉ ချက်

ရင်သားကင်ဆာဟာ အမျိုးသမီးတွေမှာအဖြစ်များတဲ့ ကင်ဆာတစ်ခုအဖြစ် လူသိများကြပေမယ့် သူနဲ့ပတ်သက်တဲ့ ကျန်းမာရေးဗဟုသုတက ပြည့်စုံချင်မှ ပြည့်စုံပါလိမ့်မယ်။ ရင်သားမှာ အကျိတ်တွေ့မှ ရင်သားကင်ဆာကိုတွေးမိတတ်ကြသလို တစ်ယောက်ပြော၊ နှစ်ယောက်ပြော စကားတွေနဲ့ပဲ သိထားကြတာများပါတယ်။ ဗဟုသုတရှိထားကြတဲ့ကျန်းမာရေးလိုက်စားသူတွေတောင်မှ တစ်ခါတလေ ထင်မှတ်မှားနေတဲ့ အသိတွေရှိနေနိုင်ပါတယ်။ ဒါ့ကြောင့် ရင်သားကင်ဆာနဲ့ပတ်သက်တဲ့ ကိုယ်သိထားတာတွေက မှားနေသလား မှန်နေသလားဆိုတာ တစ်ချက်လောက် ဆန်းစစ်ကြည့်လိုက်ပါဦး။ ရင်သားကင်ဆာနဲ့ပတ်သက်တဲ့ အယူအဆမှား ၉ ချက် (၁) အမျိုးသမီးတွေမှာပဲ ရင်သားကင်ဆာဖြစ်တယ် မဟုတ်ပါဘူး။ အမျိုးသားတွေမှာလည်း ရင်သားတစ်ရှူးတွေရှိပါတယ်။ အမျိုးသမီးတွေရဲ့ ရင်သားတစ်ရှူးတွေလိုပဲ အမျိုးသားတွေရဲ့ရင်သားအတွင်းက ဆဲလ်တွေကနေ ကင်ဆာဆဲလ်အဖြစ်ပြောင်းလဲလာနိုင်ပါတယ်။ အမျိုးသမီးတွေနဲ့ယှဉ်ရင် ဖြစ်နိင်ခြေ အရမ်းနည်းတယ်၊ဖြစ်ခဲတယ်ဆိုပေမယ့် အမျိုးသားတွေမှာလည်း ရင်သားကင်ဆာဖြစ်နိုင်ပါတယ်။ (၂) ရင်သားမှာ အကျိတ်ဖြစ်လာတာမှ ရင်သားကင်ဆာလက္ခဏာလို့ထင်တယ် ရင်သားကင်ဆာဖြစ်ရင် ရင်သားအကျိတ်ရှိလာတတ်တာ မှန်ပါတယ်။ ဒါပေမယ့် အမြဲတော့ ဒီလက္ခဏာပဲ ပြမှာ မဟုတ်ပါဘူး။ ပြောင်းလဲလာတဲ့တခြားလက္ခဏာတွေရှိနိုင်သလို အကျိတ်က […]


ရင်သားကင်ဆာ

ရင်သားကင်ဆာနဲ့ပတ်သက်ပြီး သိကောင်းစရာ အချက်များစုစည်းမှု

ရင်သားကင်ဆာဟာ အမျိုးသမီးတွေမှာ အဖြစ်အများဆုံး ကင်ဆာရောဂါ တစ်မျိုး ဖြစ်ပြီး အဆုတ်ကင်ဆာပြီးရင် ဒုတိယ သေဆုံးမှု အများဆုံးကို ဖြစ်စေတဲ့ ကင်ဆာ တစ်မျိုးလည်းဖြစ်ပါတယ်။ သို့ပေမဲ့ နောက်ပိုင်း ဆေးပညာတိုးတက်လာမှုကြောင့် ရင်သားကင်ဆာမှ ပျောက်ကင်းပြီး အသက်ရှင်နှုန်း သိသိသာသာတိုးတက်လာခဲ့ပါတယ်။ ရင်သားကင်ဆာဖြစ်ရင် အမျိုးသမီးတွေရဲ့ သေဆုံးနိုင်ခြေဟာ ၃၇ ယောက်မှာ ၁ ယောက် (၂.၇ ရာခိုင်နှုန်း)ရှိပါတယ်။ ၂၀၁၇ ခုနှစ်တုန်းက အမေရိကန်နိုင်ငံမှာ ရင်သားကင်ဆာ ဖြစ်နေတဲ့ အမျိုးသမီး ၂၅၂၇၁၀ ယောက်က လာရောက်ကုသမှု ခံယူခဲ့ကြပြီး ဒီအထဲကမှ အမျိုးသမီး ၄၀၆၁၀ ဟာ သေဆုံးနိုင်ခြေ ရှိပါတယ်။ အမျိုးသားတွေမှာလည်း ရင်သားကင်ဆာ ဖြစ်နိုင်တယ်ဆိုပေမဲ့ အမျိုးသမီးတွေလောက်တော့ အတွေ့ရမများပါဘူး။ အမျိုးသားတွေမှာ ဖြစ်တဲ့ ရင်သားကင်ဆာဆိုတာ အမျိုးသမီးတွေ ဖြစ်ပွားနှုန်းနဲ့ နှိုင်းယှဉ်ရင်တော့ တော်တော်လေးကို […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း