ကင်ဆာရောဂါများ

ကင်ဆာကို သိရှိနိုင်စေမယ့် နည်းလမ်းတွေက အများကြီးပါ။ လူတစ်ယောက်နဲ့ တစ်ယောက်လည်း မတူနိုင်ပါဘူး။ လူတိုင်း အသက်အရွယ်တိုင်းမှာ ဖြစ်နိုင်ပါတယ်။ ဒါကြောင့် လူတိုင်း ကင်ဆာ ဖြစ်စေနိုင်တဲ့ အရာတွေ၊ ကင်ဆာဖြစ်စေတဲ့ အကြောင်းအရင်းတွေ၊ လက္ခဏာတွေ၊ စစ်ဆေး အဖြေရှာနည်းတွေ၊ ကုထုံးတွေ၊ ကာကွယ်နည်းတွေကို သိထားဖို့ လိုပါမယ်။ အဆိုပါ အကြောင်းအရာတွေအားလုံးကို ဒီကဏ္ဍမှာ ဖတ်ရှု့နိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ကင်ဆာရောဂါများ

HPV vaccine ထိုးပြီး ကာကွယ်လို့ရတဲ့ ကင်ဆာတွေ

ကင်ဆာ ဆိုတာကို ကြားလိုက်ရင် အရင်ဆုံး ခေါင်းထဲရောက်လာတဲ့ အတွေးက ငါတော့ သေရတော့မယ် ထင်တယ်ဆိုတာပါ။ အခုနောက်ပိုင်းမှာ ဆေးပညာတွေ တိုးတက်လာတာကြောင့် အချို့သော ကင်ဆာတွေကို ကုသနိုင်တယ်ဆိုပမယ့် ကင်ဆာ အပါအဝင် ဘယ်ရောဂါမှ မဖြစ်တာတော့ အကောင်းဆုံးပါ။ ဒီတစ်ခေါက်တော့ ကင်ဆာကို ကာကွယ်ပေးမယ့် ကာကွယ်ဆေးတစ်မျိုးဖြစ်တဲ့ HPV Vaccine က ကင်ဆာကို ဘယ်လို ကာကွယ်ပေးသလဲဆိုတဲ့အကြောင်း ပြောပြပေးချင်ပါတယ်။ HPV ဆိုတာ Human papillomavirus (HPV) ဆိုတာက လိင်ကနေတဆင့်ကူးစက်တဲ့ရောဂါ (STD) တစ်မျိုးပါ။ HPV ဗိုင်းရပ်စ်ကူးစက်ခံရမယ်ဆိုရင် အမျိုးသမီးတွေမှာ လိင်အင်္ဂါမှာ ကြွက်နို့ပေါက်တာ သားအိမ်ခေါင်းကင်ဆာဖြစ်တာမျိုးတွေခံစားရနိုင်ပါတယ်။ အမျိုးသားတွေမှာတော့ လိင်တံကင်ဆာဖြစ်နိုင်ပါတယ်။ စအိုနဲ့လည်ချောင်းလိုမျိုး ခန္ဓာကိုယ်အစိတ်အပိုင်းတွေမှာလည်း ကင်ဆာရောဂါတွေခံစားရနိုင်ပါတယ်။ Human papillomavirus (HPV) ဗိုင်းရပ်စ်ကူးစက်ခံရမှုက အမျိုးသမီးတွေမှာ အဖြစ်များပါတယ်။ ဒါကြောင့် […]

ကင်ဆာရောဂါများ ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကင်ဆာရောဂါများ ကို ရှာဖွေမည်။

အူမကြီးကင်ဆာ

Colostomy ဖောက်ထားတဲ့သူတိုင်း ဒါတွေ သိထားသင့်တယ်နော်။

အူမကြီးကင်ဆာဖြစ်နေတဲ့သူတိုင်း Colostomy ( အူအပေါက်ဖောက်) တဲ့ကုသခြင်းကို သိကြမှာပါ ။ အူမကြီး ကင်ဆာနောက်ဆုံးအဆင့်ရောက်နေပြီဆိုရင် စအိုပေါက်ကိုပိတ်၊ ဗိုက်မှာ အပေါက်လေးဖောက်ပြီး အိတ်လေးနဲ့ အူကို အပြင်ထုတ်ထားတဲ့ colostomy ကုသနည်းဟာ အူမကြီးကင်ဆာနောက်ဆုံး အဆင့်သမားတွေအတွက် တကယ်ကို အရေးပါတဲ့ကုသနည်းပါ။ ဒီတော့ အူမကြီးကင်ဆာလည်းဖြစ်နေတယ် colostomy လည်းဖောက်ရမယ်ဆိုရင် ဒီအချက်တွေသိထားသင့်ပါတယ်။ ( ၁ ) ခွဲစိတ်မှု နောက်ဆုံးအဆင့်ရောက်နေတဲ့ အူမကြီးကင်ဆာဆိုရင် အချိန်သိပ်မဆွဲတော့ဘဲ ခွဲစိတ်မှု ချက်ချင်းလုပ်တာများပါတယ်။ ခွဲစိတ်မှုမလုပ်ခင် အူသန့်ရှင်းအောင် ဆရာဝန်တွေက ဆောင်ရွက်ပေးမှာဖြစ်ပြီး ခွဲစိတ်ပြီးနောက်ပိုင်း အနာသက်သာအောင်လည်း ဆေးတွေသောက်ရမှာဖြစ်ပါတယ်။ ခွဲစိတ်ပြီးနောက်ပိုင်း ရက်အနည်းငယ်လောက် အနားယူရမှာဖြစ်ပြီး နောက်ပိုင်းမှာ လမ်းကို ဖြည်းဖြည်းချင်းပြန်ထလျှောက်ပေးရမှာဖြစ်ပါတယ်။ ( ၂ ) Colostomy ဆိုတာဘာလဲ။ ဘယ်လိုအလုပ်လုပ်တာလဲ ။ အသုံးများတဲ့ Colostomy ကတော့ 2-pouch system […]


ရင်သားကင်ဆာ

ရင်သားကင်ဆာ မဖြစ်အောင် ကာကွယ်ဖို့ ဘာတွေဆောင်လို့ ဘာတွေရှောင်ကြမလဲ

ရင်သားကင်ဆာ က အခုနောက်ပိုင်းအမျိုးသမီးတော်တော်များများမှာ ခံစားလာရတဲ့ဝေဒနာတစ်ခုပါ။ ရင်သားကင်ဆာကို ဖြစ်စေတဲ့ အချက်က တစ်ခုမကရှိနေနိုင်တာကြောင့် သတိထားဆင်ခြင်ရမယ့် အချက်တွေကလည်းတော်တော်လေးများပါတယ်။ရောဂါတော်တော်များများက မဖြစ်ခင်မှာ ကြိုတင်ကာကွယ် တာအကောင်းဆုံးဖြစ်တာကြောင့် ရင်သားကင်ဆာကိုလည်း ကာကွယ်ကြဖို့ လေဒီလေးတွေကို သတိပေးချင်ပါတယ်။ ရင်သားကင်ဆာ ဖြစ်နိုင်ခြေအပေါ် လွှမ်းမိုးနေတဲ့ အချက်တွေက ဘာတွေဖြစ်မလဲ........ ရင်သားကင်ဆာကို ဖြစ်စေနိုင်တဲ့ အချက်က တစ်ချက်မက ရှိနေနိုင်ပါတယ်။ အသက်အရွယ် မျိုးရိုရှိတာ အမျိုးသား၊အမျိုးသမီးဖြစ်တည်မှု နေထိုင်စားသေက်မှုပုံစံတွေ ကိုယ်လက်လှုပ်ရှားမှုနည်းတာ ရှိသင့်တဲ့ ကိုယ်အလေးချိန်ထက်များနေတာ ဆေးလိပ်သောက်တာ အရက်သောက်သုံးတာဆိုပြီး အမျိုးမျိုးရှိနေနိုင်ပါတယ်။ ဒီအျက်တွေထဲမှာမှနေ့စဉ် စားသေက်နေထိုင်မှုက ရင်သားကင်ဆာ ခံစားရနိုင်ခြေအပေါ် သက်ရောက်မှုက ၃၀ ရာခိုင်နှုန်းကနေ ၄၀ ရာခိုင်နှုန်းအထိရှိနေတယ်၊လို့လေ့လာမှုတွေအရသိရှိရပါတယ်။ ရင်သားကင်ဆာ ကာကွယ်ဖို့ လိုက်နာသင့်တဲ့စားသောက်မှုပုံစံ ရင်သားကင်ဆာက မတူညီတဲ့နေရာတွေကနေဖြစ်လာနိုင်ပါတယ်။ ဒီပြဿနာကို အကောင်းဆုံးဖြေရှင်းဖို့ကနေထိုင်စားသောက်မှုကိုဂရုစိုက်တာပါပဲ။ ကျန်းမာတဲ့စားသေက်နေထိုင်မှုက ရင်သားကင်ဆာကို ကာကွယ်ဖို့ရော ကုသဖို့အတွက်ပါ ထိရောက်မှုရှိပါတယ်။ ရင်သားကင်ဆာ မဖြစ်အောင် […]


အသည်းကင်ဆာ

သွားနဲ့ခံတွင်းဂရုပြုတာက အသည်းကင်ဆာ ကာကွယ်ရာရောက်တယ်

တစ်နေ့နှစ်ကြိမ်သွားတိုက်ဖြစ်ရဲ့လား။ မတိုက်ဖြစ်ဘူးဆိုရင်တော့ ဒီနေ့ကစပြီး သွားကို မနက်တစ်ကြိမ်၊ ညတစ်ကြိမ်တိုက်တတ်တဲ့ အလေ့အကျင့်ကိုမွေးမြူလိုက်ပါနော်။ သွားနဲ့ခံတွင်း သန့်ရှင်းမှုက သင်ထင်မထားလောက်အောင်ကို တာသွားတာပါ။ ဘာကြောင့်ဒီလိုပြောရတာလဲဆိုတာကို ဒီဆောင်းပါးလေးထဲမှာ ဆက်ကြည့်လိုက်ရအောင်လား......... သွားနဲ့ခံတွင်းကျန်းမာရေးကို ဂရုစိုက်ပါလို့ပြောရတဲ့ အကြောင်းအရင်း သွားနဲ့ခံတွင်းကျန်းမာရေးကိုဂရုစိုက်မှုက ခန္ဓါကိုယ်ကို ကျန်းမာနေစေဖို့ အများကြီးအထောက်အကူပြုပေးနိုင်ပါတယ်။ခံတွင်းက ခန္ဓါကိုယ်ရဲ့ ဝင်ပေါက်ပါ။ ခံတွင်းကျန်းမာရေးကိုသာသေချာဂရုမစိုက်ဘူးဆိုရင် ခန္ဓါကိုယ်တစ်ခုလုံးအတွက်ကောင်းကျိုးမရှိဘဲဆိုးကျိုးတွေပဲဖြစ်လာမှာပါ။ သွားတွေကိုက်မယ်၊ သွားဖုံးကနေသွေးထွက်မယ်၊ခံတွင်းနံ့ဆိုးမယ်။ ဒါတွေက ခံတွင်းကျန်းမာရေးဂရုစိုက်မှုအားနည်းနေတယ်ဆိုတဲ့ လက္ခဏာတွေပါ။ ခံတွင်းကျန်းမာရေးအားနည်းတဲ့အခါ ခံတွင်းထဲမှာ ဘက်တီးရီးယားတွေ အလွယ်တကူပေါက်ဖွားလာပြီးသွေးကြောတွေထဲကို ရောက်ရှိသွားမှုကနေတဆင့် ကိုယ်တွင်းမှာရောဂါတွေခံစားရနိုင်ပါတယ်။ ဒါကြောင့်ခန္ဓါကိုယ်ကျန်းမာစေဖို့ သွားနဲ့ခံတွင်းကိုသေချာလေးဂရုစိုက်ဖို့လိုပါမယ်။ သွားနဲ့ခံတွင်းကျန်းမာရေးကိုဂရုမစိုက်တာကြောင့် ဘာတွေဖြစ်လာနိုင်လဲ.............. သွားနဲ့ခံတွင်းကျန်းမာရေးကို ဂရုမစိုက်တာကြောင့်ဒါတွေဖြစ်လာနိုင်ပါတယ်။ သွားကိုက်သွားနာဖြစ်မယ် ခံတွင်းအနံ့ဆိုးမယ် အာသီးရောင်မယ် လည်ချောင်းနာမယ် သွားဖုံးရောဂါခံစားရမယ် နှလုံးရောဂါ ဆီးချို မှတ်ဉာဏ်ချို့ယွင်းတာ အဝလွန်တာ လေဖြတ်တာနဲ့ ကင်ဆာရောဂါတွေခံစားရနိုင်ပါတယ်။ အသည်းကင်ဆာမဖြစ်ချင်ရင် ခံတွင်းကျန်းမာရေးဂရုစိုက်ပါ ယူကေမှာပြုလုပ်ခဲ့တဲ့လေ့လာမှုအရ ခံတွင်းကျန်းမာရေးအားနည်းသူတွေက သွားဖုံး တွေရောင်တာ၊ သွားဆုံးရှုံးတာတွေအပြင် အသည်းကင်ဆြာဖစ်နိုင်ခြေက […]


အဆုတ်ကင်ဆာ

ဆေးလိပ်တစ်ခုတည်းကပဲ အဆုတ်ကင်ဆာကို ဖြစ်စေတာလား။ ဆေးလိပ်မသောက်ဘဲနဲ့ရော အဆုတ်ကင်ဆာဖြစ်နိုင်လား။

ဆေးလိပ်တစ်ခုတည်းကပဲ အဆုတ်ကင်ဆာကို ဖြစ်စေတာလား။ ဆေးလိပ်မသောက်ဘဲနဲ့ရော အဆုတ်ကင်ဆာဖြစ်နိုင်လား။ ဆေးလိပ်က အဆုတ်ကင်ဆာ ဖြစ်ပွားမှုကို မြင့်တက်စေတယ်ဆိုတာ အားလုံးသိပြီးဖြစ်မှာပါ။ ဆေးလိပ်က အဆုတ်ကင်ဆာဖြစ်ပွားမှုကို ၉၀ ရာခိုင်နှုန်းဖြစ်စေတတ်တယ်ဆိုပေမယ့် အဆုတ်ကင်ဆာဖြစ်သူတိုင်းက ဆေးလိပ် သောက်တတ်တဲ့သူတွေ မဟုတ်ကြပါဘူး။ ဆေးလိပ်ကြောင့် မဟုတ်ဘဲ အဆုတ်ကင်ဆာဖြစ်စေတဲ့ အခြားအကြောင်းအရင်းတွေ အများကြီးရှိပါသေးတယ်။ ။ ခုနောက်ပိုင်းမှာ ဆေးလိပ်သောက်တဲ့သူတွေအပြင် ဆေးလိပ်မသောက်တဲ့အခြားသူတွေမှာပါ အဆုတ်ကင်ဆာဖြစ်ပွားမှုနှုန်း မြင့်တက်လာပါတယ်။ အဆုတ်ကင်ဆာဖြစ်တဲ့လူ ၂၀ ရာခိုင်နှုန်းလောက်က ဆေးလိပ်မသောက်တဲ့သူတွေပါ။ ဆေးလိပ်တစ်ခုတည်းကပဲ အဆုတ်ကင်ဆာကို ဖြစ်စေတာလား။ ဆေးလိပ်မသောက်ဘဲနဲ့ရော အဆုတ်ကင်ဆာဖြစ်နိုင်လား။ ဆေးလိပ်တစ်ခုတည်းကပဲ အဆုတ်ကင်ဆာကို ဖြစ်စေတာလား။ ဆေးလိပ်မသောက်ဘဲနဲ့ရော အဆုတ်ကင်ဆာဖြစ်နိုင်လား။ ဆိုတာကို အတူတူ ကြည့်လိုက်ကြရအောင်လား။ အဆုတ်ကင်ဆာ ၃ မျိုးရှိပါတယ် Squamous cell lung cancers- ဆေးလိပ်သောက်သူတွေမှာ အတွေ့ရများတဲ့ အဆုတ်ကင်ဆာ Adenocarcinomas - ဆေးလိပ်မသောက်သူတွေမှာ […]


အခြားကင်ဆာများ

အချိန်အကန့်အသတ်နဲ့ အစာစားတာက ကင်ဆာဖြစ်နိုင်ခြေကို ကာကွယ်ပေးနိုင်

အစားအစာက လူနဲ့တည့်ပါတယ်။ ဒါကြောင့်ဆိုပြီး အစားအစာကို အချိန်တိုင်းစားနေဖို့ကမဖြစ်ပြန်ပါဘူး။ အစားအစာဆိုတာက အချိန်အခါနဲ့ကိုက်ညီအောင်စားတတ်မှလည်း အာဟာရလည်းဖြစ်ပြီး ခန္ဓါကိုယ်ကို ထိခိုက်မှုမဖြစ်စေမှာပါ။ အစားတသွတ်သွတ်စားနေခြင်းက ကျန်းမာရေးကိုရော အလှအပကိုပါ ထိခိုက်စနိုင်တာပါနော်။ အမြဲလိုလိုအစားတွေစားနေမယ်ဆိုရင် အရင်ဆုံးဖြစ်လာမှာက ကိုယ်အလေးချိန်တက်လာမယ်။ ဒီကနေတဆင့် ထပ်စားမယ်ဆိုရင် အဝလွန်လာမယ်။ အဝလွန်တာကနောက်ဆက်တွဲ ကျန်းမာရေးပြဿနာတွေဖြစ်လာနိုင်ပါတယ်နော်။အဝလွန်တာက ကင်ဆြာဖစ်နိုင်ခြေကိုတိုးစေနိုင်တာကြောင့် ကယ်လ်လိုရီစားသုံးမှုကိုလျှော့ချပြီး ကင်ဆာကာကွယ်ကြဖို့ ဆရာဝန်တွေက အကြံပြုထားတာမျိုးတွေရှိပါတယ်။ မကြာသေးခင်ကလေ့လာမှုတွေအတွင်း သိရှိခဲ့ရတာတစ်ခုက အချိန်အကန့်အသတ်အတိအကျနဲ့ အစား စားသောက်တာနဲ့ ကယ်လ်လိုရီတတ်နိုင်သမျှလျှော့စားတာက ကင်ဆာဖြစ်နိုင်ခြေကိုလျော့ကျစေတယ်ဆိုတဲ့ အချက်ပါ။ အစားအစာတွေကို အချိန်အတိအကျနဲ့မစားဘဲ တစ်ချိန်လုံးစားနေမယ်၊ အဆီနဲ့ကယ်လ်လိုရီများတဲ့အစားအစာတွေကို စားသုံးနေမယ်ဆိုရင် အဝလွန်လာပြီးနောက်ဆက်တွဲအနေနဲ့ ကင်ဆာရောဂါကိုခံစားလာရနိုင်ပါတယ်။ အဝလွန်တာက ကင်ဆာဖြစ်နိုင်ခြေကို တိုးစေနိုင်တယ်၊လို့ မကြာသေးခင်ကလုပ်ခဲ့တဲ့လေ့လာမှုတွေအရသိရပါတယ်။ အမျိုးသမီးတွေမှာဆိုရင် အဝလွန်တာက ရင်သားကင်ဆာဖြစ်နိုင်ခြေကို တိုးစေနိုင်ပါတယ်။ အစားအစာကို အချိန်အကန့်အသတ်နဲ့စားမယ် လူတစ်ယောက်အနေနဲ့ အမြဲကျန်းမာနေစေဖို့ဆိုရင် တစ်နေ့တာမှာ အစားအသောက်ကို အချိန်အတိုင်းအတာတစ်ခုသတ်မှတ်လို့ […]


ဦးနှောက်ကင်ဆာကျိတ်များ

ဦးနှောက်မှာ အကျိတ်တည်တာနဲ့ ပက်သက်လို့ အမေးများတဲ့ မေးခွန်းတွေ ။ ။

ဦးနှောက်မှာ ကင်ဆာကျိတ်တည်တယ် ဆိုတဲ့အကြောင်းကို ကြားဖူးကြမှာပါ။ အာရုံကြော တွေ ဦးနှောက်ဆဲလ်တွေ အများကြီးနဲ့ဖွဲ့စည်းထားပြီး အလုပ်များလှတဲ့ ဦးနှောက်မှာ ကင်ဆာကျိတ်ရှိနေတယ်ဆိုတာ အင်မတန်မှ ဆိုးရွားတဲ့ ကိစ္စတစ်ခုပါ။ ဒီကနေ့မှာတော့ ဦးနှောက်မှာ ကင်ဆာကျိတ် တည်တဲ့အကြောင်းနဲ့ ပက်သက်ပြီး အမေးများတဲ့ မေးခွန်းတွေ အကြောင်း ပြန်ဖြေပေးသွားမှာပဲ ဖြစ်ပါတယ် ။ ။ Q - Brain Tumor လို့လူသိများကြတဲ့ ဦးနှောက်ကင်ဆာ အကျိတ်တည်တယ်ဆိုတာ ဘာလဲ ။ ။ Brain Tumor ဆိုတာ ဦးနှောက်ဆဲလ်တွေ ပုံမှန် မဟုတ်ဘဲ ပွားလာတာမျိုးပါ။ ဦးနှောက်မှာ တည်တတ်တဲ့ ကင်ဆာကျိတ် ၂မျိုးရှိပါတယ်။ gliomas လို့ခေါ်တဲ့ ဦးနှောက်ဆဲလ်တွေဖြစ်လာတဲ့ primary ပင်မဆဲလ်ကင်ဆာနဲ့ အခြားကိုယ်တွင်းကဖြစ်နေတဲ့ကင်ဆာဆဲလ်ဆီ ပျံ့လာတဲ့ secondary ကင်ဆာဆိုပြီး ၂ […]


ကင်ဆာရောဂါများ

ကင်ဆာရောဂါနဲ့ ပက်သက်ပြီး ကိုယ်သိထားတွေက မှန်နေလား၊ မှားနေလား ။ ။

ကင်ဆာနဲ့ပက်သက်တဲ့အယူအဆ အမှားများ ။ ။ ကင်ဆာ ဆိုတဲ့ စကားလုံးကို စိမ်းတဲ့သူရှိမယ်မထင်ပါဘူး။ ကင်ဆာဆိုတာ ကုသလို့ အရှင်းမပျောက်တဲ့ လူ့အသက်တွေကြွေအောင် ချွေနေတဲ့ ကြောက်စရာ ကောင်းလှတဲ့ ရောဂါတစ်ခုလို့ အကြမ်းဖျင်း လောက်သာသိထားကြပါတယ်။ ကင်ဆာကို လူတိုင်းကြားဖူးသလို သူနဲ့ ပက်သက်ပြီးတော့ အမှတ်မှားနေတဲ့ တစ်ချို့အရာတွေလည်းရှိနေပါတယ်။ ဒီဆောင်းပါးလေးထဲမှာတော့ ကင်ဆာနဲ့ပက်သက်တဲ့ တစ်ချို့လွဲနေတဲ့ အယူလေးတွေ အကြောင်းရှင်းပြချင်ပါတယ်။ ။ ကင်ဆာက ကူးစက်ရောဂါ တစ်ခုပါ ။ ။ ကင်ဆာကို အရပ်ခေါ် အနေနဲ့ မြစ်ပွားနာလို့ ခေါ်ကြပါတယ်။ နာမည်အတိုင်း ပွားတတ်တယ်ဆိုပေမယ့် လူတစ်ယောက်ကနေ နောက်တစ်ယောက်ဆီကို မဟုတ်ပါဘူး။ ကိုယ်တွင်းကလီစာတွေ အချင်းချင်းဆီကို ကင်ဆာဆဲလ် တွေ ပျံ့တတ်တာကို ပြောတာပါ။ မိသားစုမျိုးရိုးထဲမှာ ကင်ဆာရှိပြီဆိုတာနဲ့ ကိုယ်က ကျိန်းသေကင်ဆာဖြစ်တော့မှာပဲ။ ဘာမှ မတတ်နိုင်ဘူး။ ကင်ဆာတိုင်းက မျိုးရိုးလိုက်တတ်တာ မဟုတ်ပါဘူး။ […]


အခြားကင်ဆာများ

သင့်ကို ကင်ဆာဖြစ်အောင် တွန်းပို့ပေးနေတဲ့ အနီးဆုံးရန်သူများ ။ ။

ကင်ဆာရောဂါဆိုတာ ကမ္ဘာပေါ်မှာရှိတဲ့ လူသန်းပေါင်းများစွာကို ခြောက်လှန့်နေတဲ့ရောဂါဆိုးကြီးတစ်ခုပါ။ ကိုယ့်ပတ်ဝန်းကျင်အခြေအနေ၊ ကိုယ်ရဲ့ နေထိုင်စားသောက်မှု ပုံစံ နဲ့ မိဘမျိုးရိုးတွေ ပေါ်မူတည်းပြီး ကင်ဆာရောဂါဆိုတာ ဖြစ်ဖို့ အင်မတန်မှ လွယ်ပြီး ကုသလို့ အရှင်း မပျောက်ကင်းနိုင်တဲ့ ရောဂါတစ်ခုပါ။ ဒီ ရောဂါဆိုးကြီး ဖြစ်ပြီးမှထက် မဖြစ်ခင်က ကြိုတင်ကာကွယ်တာ အကောင်းဆုံးပါ။ ကိုယ်နေ့စဉ်စားနေတဲ့ အစားအသောက်တွေက ကင်ဆာရောဂါဖြစ်စေတဲ့ ထိပ်ဆုံး အကြောင်းအရာတွေထဲ ပါဝင်နေတာကြောင့် ကင်ဆာ မဖြစ်ချင်ဘူးဆိုရင် ဘယ်အစားအသောက်တွေက ကင်ဆာရောဂါ ဖြစ်စေတာလဲဆိုတာ သိထားဖို့တော့ လိုလိမ့်မယ်နော်။ ။ ကင်ဆာဖြစ်စေတဲ့ သင့်ဘေးနားက အစားအစားတွေ။ ။ ဆိုဒါ - ကင်ဆာဖြစ်ခြင်းကို အားပေးတဲ့ သကြားတွေ အများကြီးပါရုံမက လိမ္မော်ရောင်နဲ့ အညိုရောင်ကြားက အရောင်ရအောင်ဆိုးထားတဲ့ ဆိုးဆေးတွေ ကြောင့် ဆိုဒါမှာ ကင်ဆာဖြစ်စေတဲ့ chemical […]


သားအိမ်ခေါင်းကင်ဆာ

ပျိုမေတို့ မေးရမှာ ရှက်နေတတ်တဲ့ မမျိုးပွား အဂါၤ အကြောင်း တစေ့တစောင်း ။ ။

မမျိုးပွားအဂါၤဆိုတာ အင်မတန်မှ အလုပ်များတဲ့ စနစ်ကြီးတစ်ခုပါ။ ကိုယ့်ဆီမှာ ရှိနေတဲ့ မမျိုးပွားအဂါၤမှာဘာတွေပါလဲ၊ သူတို့က ဘာတွေလုပ်ပေးလဲဆိုတာကို လေဒီတို့ သိလည်းသိချင်တယ် မေးရမှာလည်းရှက်နေတတ်ကြပါတယ်။ ဒါတွေကို ခုပြောပြပေးတော့မှာဖြစ်လို့ တိုးတိုးတိတ်တိတ် တစ်ယောက်တည်းဖတ်ကြည့်ကြနော်။ ။ အပြင်ပိုင်းနဲ့ အတွင်းပိုင်းဆိုပြီး ၂ ပိုင်းပါတဲ့ မျိုးပွားအဂါၤ ။ ။ မမျိုးပွားအဂါၤမှာအတွင်းပိုင်းနဲ့ အပြင်ပိုင်းဆိုပြီး ၂ ပိုင်းရှိပါတယ်။ အပြင်ပိုင်းက ဘာတွေလဲ။ အတွင်းပိုင်းက ဘာတွေလဲဆက်ကြည့်ရအောင်။ အပြင်ပိုင်း မမျိုးပွားအဂါၤ။ ။ Labia majora (မအဂါၤ အပြင် နှုတ်ခမ်းသား) ။ ။ အပြင်မှာရှိတဲ့ တစ်ခြား မျိုးပွားအဂါၤတွေကို ဖုံးအုပ်ထားပေးပြီး ကာကွယ်ပေးထားပါတယ်။ အပြင်ပိုင်း နှုတ်ခမ်းသားဟာ ထူနေတတ်ပြီး အဆီဂလင်းတွေ၊ ချွေးဂလင်းတွေနဲ့ သူ့ကို ဖွဲ့စည်းထားပါတယ်။ အရွယ်ရောက်လာတဲ့အခါမှာ အပြင်ပိုင်း မအဂါၤနှုတ်ခမ်းသားကို အမွေးတွေက […]


အခြားကင်ဆာများ

မွေးလမ်းကြောင်းကင်ဆာ

မွေးလမ်းကြောင်းကင်ဆာ ဆိုတာ ဘာလဲ မွေးလမ်းကြောင်းကင်ဆာ ဆိုတာ သင့်ရဲ့ပြင်ပ လိင်အင်္ဂါ (မိန်းမကိုယ်) နဲ့ သားအိမ်ကို ဆက်ထားပေးတဲ့ မွေးလမ်းကြောင်းမှာ ဖြစ်တဲ့ကင်ဆာကို ဆိုလိုတာပါ။ အများအားဖြင့် မွေးလမ်းကြောင်းမျက်နှာပြင်က ဆဲလ်တွေမှာ ဖြစ်တတ်ပါတယ်။ တခြားနေရာတွေမှာ ဖြစ်တဲ့ ကင်ဆာတွေက မွေးလမ်းကြောင်းဆီ ပျံ့နှံ့လာတာက များပြီး ဒီနေရာမှာစဖြစ်တဲ့ ကင်ဆာပုံစံကတော့ တအားရှားပါတယ်။ ကင်ဆာရှိနေတယ်လို့ စောစောစီးစီးသိရင် ကုသရလွယ်ကူပြီး မွေးလမ်းကြောင်းပြင်ပကိုပါ ပျံ့နှံ့ပြီးမှဆိုရင်တော့ ကုရခက်တတ်ပါတယ်။ ဘယ်လောက်အဖြစ်များလဲ အသက်အရွယ်ကြီးလာတာနဲ့အမျှ ဖြစ်နိုင်ခြေလည်း ပိုများလာပါတယ်။ အများအားဖြင့် အသက် ၆၀ ကျော် အရွယ်တွေမှာ တွေ့ရတတ်တယ်။ ဒါပေမယ့်လည်း ဖြစ်နိုင်ခြေပိုများစေတဲ့အချက်တွေကို လျှော့ချခြင်းအားဖြင့် ကာကွယ်နိုင်ပါတယ်။ ဒီအတွက် သင့်ဆရာဝန်နဲ့ အသေးစိတ် တိုင်ပင်နိုင်ပါတယ်။ မွေးလမ်းကြောင်းကင်ဆာ ရဲ့ရောဂါလက္ခဏာများ ကင်ဆာအစပိုင်းမှာ ဘယ်လိုလက္ခဏာမျိုးမှ မပြတတ်ပါတယ်။ ဒါပေမယ့် အချိန်ကြာလာတာနဲ့အမျှ ဒီလိုလက္ခဏာတွေ ပြလာတတ်ပါတယ်။ ပုံမှန်မဟုတ်ဘဲ သွေးဆင်းခြင်း […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း