အတက်ရောဂါ

လူတစ်ယောက်က အကြိမ်ကြိမ်အခါခါ တက်နေရင် သူ့မှာ အတက်ရောဂါရှိတယ်လို့ ယူဆနိုင်ပါတယ်။ ဘာအကြောင်းရင်းမှ မရှိဘံ တက်နိုင်သလို ဦးနှောက်ထိထားတာ၊ လေဖြတ်ထားတာ၊ အတက်ရောဂါအခံရှိလို့လည်း ဖြစ်နိုင်ပါတယ်။ ဒီအကြောင်းတွေကို ဒီစာမျက်နှာမှာ လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

အတက်ရောဂါ

အတက်ရောဂါ ဆိုတာ

လမ်းမှာ လူတစ်ယောက် တက်သွားရင်ဖြစ်ဖြစ်၊ အမျိုးထဲမှာ အတက်ရောဂါ ရှိတဲ့သူ ရှိနေရင်ဖြစ်ဖြစ် တက်သွားတဲ့အချိန်မှာ ခံရတဲ့သူရော၊ ဘေးကကြည့်တဲ့သူပါ ဘယ်လောက် သက်သောင့်သက်သာ မဖြစ်လိုက်သလဲဆိုတာ ခံစားမိမှာပါ။ တက်တာဟာ ဦးနှောက်ရောဂါတစ်မျိုး ဖြစ်ပြီး အမျိုးအစား အများကြီး ရှိပါတယ်။ တစ်ခုနဲ့ တစ်ခုကလည်း လက္ခဏာလေးတွေ ကွဲပါတယ်။ အင်မတန်မှ နက်နဲတဲ့ ရောဂါဖြစ်ပါတယ်။ အသက်အရွယ်မရွေး တက်နိုင်ပါတယ်။ ဘာကြောင့်တက်ရတာလဲ။ ဦးနှောက်ဆဲလ်လေးတွေက တစ်ခုနဲ့ တစ်ခု ဆက်သွယ်ဖို့ လျှပ်စီးကြောင်းလေးတွေ သုံးရပါတယ်။ ဒီလျှပ်စီးကြောင်းလေးတွေမှာ တစ်ခုခုချို့ယွင်းလာပြီဆိုရင် တက်တယ်ဆိုတာ ဖြစ်လာပါတယ်။ တက်စေတဲ့ အဓိက အကြောင်းရင်းကတော့ အတက်ရောဂါလို့ ခေါ်တဲ့ Epilepsyပါပဲ။ ဒါပေမယ့် တက်တိုင်း အတက်ရောဂါရှိနေတယ်လို့ ပြောလို့မရပါဘူး။ အကြောင်းရင်း မယ်မယ်ရရ မရှိဘဲ ခဏခဏ တက်နေတယ်ဆိုရင်တော့ အတက်ရောဂါလားလို့ စဉ်းစားရမှာပါ။ တခြားအကြောင်းရင်းတွေကတော့ ကလေးတွေမှာ […]

အတက်ရောဂါ ကို ရှာဖွေမည်။

အတက်ရောဂါ

အတက်ရောဂါဟာ ကလေးရဲ့ ဖွံ့ဖြိုးမှုကို ဘယ်လို ထိခိုက်နိုင်သလဲ

ဝက်ရူးပြန်ရောဂါဆိုတာ ဦးနှောက်ပိုင်းဆိုင်ရာ ရောဂါတစ်မျိုးဖြစ်ပြီး ခံစားရတဲ့ ရောဂါလက္ခဏာတွေရဲ့ ပြင်းထန်ပုံ နှင့်အကြိမ်အရေအတွက် အပေါ်မူတည်ပြီး ကလေးတစ်ဦးမှ တစ်ဦးကွာခြားနိုင်ပါတယ်။ သူတို့ရဲ့ အတတ်ပညာဆိုင်ရာ သင်ယူနိုင်စွမ်း၊ အမူအရာနှင့် စိတ်ခံစားမှုဆိုင်ရာ စီမံခန့်ခွဲနိုင်စွမ်း၊ ထိန်းချုပ်နိုင်စွမ်းတို့နှင့် လူမှုဆက်ဆံရေးပိုင်းဆိုင်ရာ မှာလိုက်လျောညီထွေ ဖြစ်နိုင်စွမ်း စတာတွေပေါ် မူတည်တာပဲဖြစ်ပါတယ်။ အတက်ရောဂါကို ဆေးတွေနှင့် ကောင်းမွန်စွာ ထိန်းချုပ် နိုင်ခဲ့မယ်ဆိုရင်တောင် ဒီလိုမျိုးပြဿနာတွေ ရှိလာနိုင်ပါတယ်။ ဒါတွေဟာ ဦးနှောက်ဖွဲ့စည်းမှု ပုံမှန်မဟုတ်ခြင်း သို့မဟုတ် ဦးနှောက်ရဲ့ လုပ်ငန်းဆောင်တာများ ပုံမှန်မလုပ်ဆောင်နိုင်ခြင်း သို့မဟုတ် အတက်ရောဂါ ပျောက်ဆေးများရဲ့ ဘေးထွက်ဆိုးကျိုးများ စတာတွေကြောင့် ဖြစ်ပါတယ်။ ပညာသင်ကြားခြင်းဆိုင်ရာ ရလဒ်များ ဝက်ရူးပြန်ရောဂါ ရှိတဲ့ကလေးတွေရဲ့ ဉာဏ်ရည်ဉာဏ်သွေး လုပ်ဆောင်နိုင်စွမ်းဟာ ပုံမှန်ကလေး များနှင့် နှိုင်းယှဉ်လို့ ရပါတယ်။ သို့သော် သူတို့မှာ သင်ကြားမှုပိုင်းဆိုင်ရာနှင့် ပညာပါရမီ […]


အတက်ရောဂါ

အတက်ရောဂါရှိခြင်းဟာ မျိုးအောင်နိုင်စွမ်းပေါ်မှာဘယ်လိုအကျိုးသက်ရောက်မှု ရှိသလဲ။

အတက်ရောဂါရှိခြင်းဟာ အမျိုးသမီးများနှင့်အမျိုးသားများရဲ့ မျိုးအောင်နိုင်စွမ်းပေါ်မှာ အကျိုးသက်ရောက်မှုရှိတယ်လို့ ယူဆထားကြပါတယ်။ အမှန်မှာတော့ အတက်ရောဂါရှိတဲ့ အမျိုးသမီးတွေဟာ အခြားအမျိုးသမီးတွေထက်စာရင် ကိုယ်ဝန်ရဖို့ အချိန်ပိုကြာနိုင်ပါတယ်။ ဒါ့အပြင်ဝက်ရူးပြန်ရောဂါရှိသော အမျိုးသားများဟာလည်း ရောဂါမရှိသောသူများထက်စာလျှင် မျိုးအောင်မှု မြန်ဆန်ခြင်းမရှိတာ ဖြစ်နိုင်ပါတယ်။ တကယ်လို့ သင်ဟာ ကိုယ်ဝန်ရဖို့ကြိုးစားနေသော်လည်း မရနိုင်သေးတဲ့အခါ သင့်ဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်။ ဆရာဝန်များက သင်ကိုယ်ဝန်မရခြင်းရဲ့အကြောင်းအရင်းကို အဖြေရှာနိုင်ပြီးလိုအပ်ပါက ကုသမှုပြုရန်အကြံပေးနိုင်ပါတယ်။ အတက်ရောဂါဟာ အမျိုးသားများရဲ့မျိုးအောင်နိုင်စွမ်းကို ဘယ်လိုအကျိုးသက်ရောက်မှုရှိသလဲ။ ဝက်ရူးပြန်ရောဂါ ရှိသော အမျိုးသားများ၏ မျိုးပွားခြင်းဆိုင်ရာ လုပ်ငန်းတာဝန်များကို ကောင်းစွာမလုပ်ဆောင်နိုင်ခြင်းဟာ အချိုးမညီစွာပဲ သိသိသာသာမြင့်တက်လျက်ရှိပါတယ်။ ၎င်းဟာ အမျိုးသားများတွင် လိင်အင်္ဂါကောင်းစွာ မတောင့်တင်းနိုင်ခြင်း နှင့်သုတ်ပိုးများတွင် ပုံမှန် မဟုတ်သော လက္ခဏာများတွေ့ရခြင်း စတာတွေကို ဖြစ်ပေါ်စေနိုင်ပြီး မျိုးအောင်နိုင်စွမ်းကို လျော့ကျစေပါတယ်။ အမျိုးသားများရဲ့ မျိုးအောင်နိုင်စွမ်းကို အကျိုးသက်ရောက်နေတဲ့ အရာအချို့ကတော့ • အတက်ရောဂါ ပျောက်ဆေးတွေဟာသင့်ရဲ့ သုတ်ပိုးထုတ်လုပ်မှုပမာဏကို လျော့ကျစေနိုင်ပါတယ်။ […]


အတက်ရောဂါ

အတက်ရောဂါဖြစ်ရခြင်း၏ အကြောင်းရင်းများ

ဝက်ရူးပြန်ရောဂါဆိုတာ အသက်အရွယ်မရွေး ဖြစ်ပွားနိုင်တဲ့ နာတာရှည် ဦးနှောက် ရောဂါတစ်မျိုး ဖြစ်ပါတယ်။ ၎င်းရောဂါဟာ ဦးနှောက်နှင့် အာရုံကြောဆိုင်ရာ ရောဂါတွေဖြစ်တဲ့ ခေါင်းတစ်ခြမ်းကိုက်ခြင်း၊ လေဖြတ်ခြင်းနှင့် သူငယ်ပြန်ရောဂါတို့ပြီးရင် အဖြစ်များဆုံး နံပါတ် ၄ နေရာမှာ ရှိပါတယ်။ အောက်ဖော်ပြပါတို့ဟာ အတက်ရောဂါ ဖြစ်ရခြင်းရဲ့ အကြောင်းအရင်းများကို ပိုမိုသိရှိစေရန် ရေးထားတဲ့ သတင်းအချို့ ဖြစ်ပါတယ်။ ၎င်းရောဂါကို ဖြစ်စေနိုင်တဲ့ အကြောင်းအရင်းများစွာရှိပါတယ်။ သာမန်ဖျားနာခြင်းမှအစ ဦးနှောက် ထိခိုက်ခြင်းတို့အပါအဝင် ဦးနှောက် ဖွံ့ဖြိုးမှုပုံမှန်မဟုတ်ခြင်းစတဲ့ အာရုံကြောစနစ်များရဲ့ လှုပ်ရှား တက်ကြွမှုကို ပုံမှန်မဖြစ်အောင် နှောင့်ယှက်နေတဲ့ ဘယ်အရာမဆို အတက်ရောဂါကို ဖြစ်စေနိုင်ပါတယ်။ မျိုးရိုးဗီဇဆိုင်ရာ ပုံမမှန်မှုများ မျိုးရိုးဗီဇ ပုံမမှန်ဖြစ်ခြင်းဟာလည်း ဝက်ရူးပြန်ရောဂါကို ဖြစ်စေနိုင်တဲ့ အရေးကြီးဆုံး အချက်များထဲမှာ ပါဝင်ပါတယ်။ အချို့သော အခြေအနေတွေမှာဆိုရင် မိဘမျိုးရိုးမှာ ဝက်ရူးပြန်ရောဂါ မရှိလျှင်တောင်မှ […]


အတက်ရောဂါ

မဖျားဘဲ တက်ခြင်း

၁။ မဖျားဘဲတက်ခြင်း ဆိုတာဘာလဲ မဖျားဘဲ တက်တဲ့အခြေအနေဟာ ကလေးတွေရဲ့ ဝ.၄ ရာခိုင်နှုန်းမှာ ဖြစ်တတ်ပါတယ်။ မကြာခဏ ဖြစ်နေရင်တော့ ကလေးမှာ အတက်ရောဂါ ရှိနေပြီလို့ ပြောနိုင်ပါတယ်။ အကြောင်းရင်းတွေအများကြီးရှိတဲ့အထဲက တွေ့ရများတဲ့ အခြေအနေတစ်ခုကတော့ ဦးနှောက်ထဲမှာ သေးငယ်တဲ့ အမာရွတ်လေးတစ်ခု ဖြစ်သွားပြီး ဦးနှောက်ကို လှုံ့ဆော်နေတာကြောင့် ဖြစ်ပါတယ်။ အဲဒီလို မကြာခဏ တက်နေရင်တော့ အတက်ကျဆေးတွေနဲ့ ထိန်းဖို့ လိုပါလိမ့်မယ်။ ရောဂါလက္ခဏာတွေက ဘာတွေလဲ တက်နေတဲ့အချိန်မှာ ကလေးဟာ သတိလစ်မယ်၊ လဲကျသွားမယ်၊ မျက်လုံးတွေက ကြောင်နေမယ်၊ ဒါမှမဟုတ် မျက်ဖြူလန်နေမယ်။ ခန္ဓါကိုယ်က တောင့်တင်းနေပြီး လက်တွေ ခြေထောက်တွေက ဆန့်နေမယ်။ အများအားဖြင့်တော့ ၅မိနစ်အောက်သာ ကြာမြင့်တတ်ပါတယ်။ ဘာလုပ်သင့်သလဲ သင့်ကလေးကို ကြမ်းပြင် သို့မဟုတ် ညီညာတဲ့နေရာမှာ ချလိုက်ပါ။ အန္တရာယ်များတဲ့ နေရာမှာ ရောက်နေမှ သူ့ကို နေရာရွှေ့ပါ။ […]


အတက်ရောဂါ

Febrile Seizure (အဖျားကြီးပြီးတက်ခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Febrile Seizure (အဖျားကြီးပြီးတက်ခြင်း) ကဘာလဲ။ ကလေးတစ်ယောက်ဟာ နေမကောင်းတဲ့အချိန်တွင် ကိုယ်အပူချိန်များပြီး ‘တက်’ တတ်ပါတယ်။ ဒီလို ‘တက်’ တာဟာ မိဘတွေနဲ့ ကလေးကိုပြုစုစောင့်ရှောက်တဲ့သူတွေကို သတိထားမိစေနိုင်တယ်။ Febrile Seizure (အဖျားကြီးပြီးတက်ခြင်း) က ဘယ်လောက်အဖြစ်များသလဲ အသက် ၁နှစ်မတိုင်မီမှာ အနည်းဆုံးတစ်ကြိမ် အဖျားကြီးပြီးတက်ဖူးတဲ့ ကလေးတွေမှာ ပိုအဖြစ်များတယ်။ တချို့ကလေးတွေမှာ တစ်ခါမက တက်ဖူးကြတယ်။ အသက် ၁နှစ်နှင့်အထက် ကလေး ၄ယောက်အနက် ၁ယောက်မှာ ပထမဆုံးအကြိမ် အဖျားကြီးပြီးတက်တတ်တာကိုလည်း တွေ့ရတယ်။   လက္ခဏာများFebrile Seizure (အဖျားကြီးပြီးတက်ခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ အကယ်၍ ကလေးရဲ့ မိဘ၊ ညီအစ်ကို မောင်နှမနှင့် ဆွေမျိုးနီးစပ်တွေမှာ အဖျားကြီးပြီးတက်ခဲ့ဖူးသူရှိလျှင် ကလေးမှာ ပိုဖြစ်နိုင်ခြေများတယ်။ အဖျားကြီးပြီးတက်တာဟာ တစ်ခါတစ်လေ ရုတ်တရတ်ဖြစ်ပေါ်တတ်တယ်။ ကျန်းမာတယ်လို့ထင်ရတဲ့ကလေးတွေမှာ အတက်ရောဂါအရင်ဖြစ်ပြီးမှ မိသားစုက ကလေးနေမကောင်းတာကို သတိထားမိတတ်ကြတယ်။   အကြောင်းရင်းများFebrile Seizure (အဖျားကြီးပြီးတက်ခြင်း) […]

ad iconကြော်ငြာ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း