အတက်ရောဂါ

လူတစ်ယောက်က အကြိမ်ကြိမ်အခါခါ တက်နေရင် သူ့မှာ အတက်ရောဂါရှိတယ်လို့ ယူဆနိုင်ပါတယ်။ ဘာအကြောင်းရင်းမှ မရှိဘံ တက်နိုင်သလို ဦးနှောက်ထိထားတာ၊ လေဖြတ်ထားတာ၊ အတက်ရောဂါအခံရှိလို့လည်း ဖြစ်နိုင်ပါတယ်။ ဒီအကြောင်းတွေကို ဒီစာမျက်နှာမှာ လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

အတက်ရောဂါ

အတက်ရောဂါ ဆိုတာ

လမ်းမှာ လူတစ်ယောက် တက်သွားရင်ဖြစ်ဖြစ်၊ အမျိုးထဲမှာ အတက်ရောဂါ ရှိတဲ့သူ ရှိနေရင်ဖြစ်ဖြစ် တက်သွားတဲ့အချိန်မှာ ခံရတဲ့သူရော၊ ဘေးကကြည့်တဲ့သူပါ ဘယ်လောက် သက်သောင့်သက်သာ မဖြစ်လိုက်သလဲဆိုတာ ခံစားမိမှာပါ။ တက်တာဟာ ဦးနှောက်ရောဂါတစ်မျိုး ဖြစ်ပြီး အမျိုးအစား အများကြီး ရှိပါတယ်။ တစ်ခုနဲ့ တစ်ခုကလည်း လက္ခဏာလေးတွေ ကွဲပါတယ်။ အင်မတန်မှ နက်နဲတဲ့ ရောဂါဖြစ်ပါတယ်။ အသက်အရွယ်မရွေး တက်နိုင်ပါတယ်။ ဘာကြောင့်တက်ရတာလဲ။ ဦးနှောက်ဆဲလ်လေးတွေက တစ်ခုနဲ့ တစ်ခု ဆက်သွယ်ဖို့ လျှပ်စီးကြောင်းလေးတွေ သုံးရပါတယ်။ ဒီလျှပ်စီးကြောင်းလေးတွေမှာ တစ်ခုခုချို့ယွင်းလာပြီဆိုရင် တက်တယ်ဆိုတာ ဖြစ်လာပါတယ်။ တက်စေတဲ့ အဓိက အကြောင်းရင်းကတော့ အတက်ရောဂါလို့ ခေါ်တဲ့ Epilepsyပါပဲ။ ဒါပေမယ့် တက်တိုင်း အတက်ရောဂါရှိနေတယ်လို့ ပြောလို့မရပါဘူး။ အကြောင်းရင်း မယ်မယ်ရရ မရှိဘဲ ခဏခဏ တက်နေတယ်ဆိုရင်တော့ အတက်ရောဂါလားလို့ စဉ်းစားရမှာပါ။ တခြားအကြောင်းရင်းတွေကတော့ ကလေးတွေမှာ […]

အတက်ရောဂါ ကို ရှာဖွေမည်။

အတက်ရောဂါ

တက်ခြင်းမှကာကွယ်ပေးနိုင်သော ဦးနှောက်လေ့ကျင့်ခန်းများ

တက်တဲ့ကိစ္စတွေကမိနစ်အနည်းငယ်အတွင်းမှာပင် ဖြစ်ပွားနိုင်ပါတယ် ။ ဒါကြောင့် တက်ခြင်းကိုထိန်းချုပ်ရန်နှင့် ကာကွယ်ရန်နည်းလမ်းတွေကို သိထားဖို့လိုပါတယ် ။ ဦးနှောက်ကိုလေ့ကျင့်ပေးခြင်းနဲ့အသက်ရှူလေ့ကျင့်ခန်းတွေဟာ သင့်ကိုတက်ခြင်းမှကာကွယ်ပေးနိုင်ပါတယ် ။ ၁ ။ အသက်ရှူနည်း ။ တက်ခြင်းစပြီးဖြစ်ပွားလျှင် တက်ခြင်းမှာကာကွယ်ရန် အသက်ရှူနည်းဟာ အရေးကြီးပါတယ် ။ လူနာတွေဟာ အသက်ရှူခြင်းကို ထိန်းချုပ်ခြင်းဖြင့် ရောဂါမှသက်သာလာနိုင်ပြီး သဘာဝနည်းအတိုင်း တက်ခြင်းကို ရပ်တန့်နိုင်မှာဖြစ်ပါတယ် ။ သင့်ရဲ့ခန္ဓါကိုယ် သို့ စိတ်ထဲတွင်တစ်ခုခုမှားယွင်းနေသည်သို့မဟုတ်တစ်ခုခုကြောင့်တက်တော့မယ်လို့ခံစားနေရလျှင် လေ့ကျင့်ခန်းတွေကို စလုပ်သင့်ပါပြီ ။ ဖြစ်နိုင်မယ်ဆိုရင် အရင်ဆုံး ထိုင်ဖို့သက်တောင့်သက်သာရှိစေတဲ့နေရာကို အရင်ဆုံးရှာရပါမယ် ။ ထို့နောက်လေကို မှန်မှန်နဲ့ပြင်းပြင်းနှာခေါင်းမှတစ်ဆင့်ရှူသွင်းရပါမယ် ။ သင့်ရဲ့ရင်ဘတ်ကြွက်သားတွေကိုအသုံးပြုပြီး ခပ်မြန်မြန်နဲ့ခပ်ပြင်းပြင်းအသက်ရှူခြင်းအစား ခပ်တိုတိုနဲ့နည်းနည်းခြင်းစီပဲအသက်ရှူခြင်းဟာလည်း အသုံးဝင်ပါတယ် ။ အသက်ရှူသွင်းပြီးတဲ့အခါမှာ အနားယူ၍ တခါအသက်ရှူထုတ်တိုင်း ၃ စက္ကန့် မှ၄ စက္ကန့်အထိရေတွက်ရပါမယ် ။ ဒီလိုလေ့ကျင့်ခန်းလုပ်နေတဲ့အချိန်မှာအသက်ကို မှန်မှန်ပဲရှူနေရပါမယ် ။ အရေးအကြီးဆုံးအချက်ကတော့ အများကြီး […]


အတက်ရောဂါ

သင့်တွင်အတက်ရောဂါရှိပါက ဘယ်လိုတက်တက်ကြွကြွနေထိုင်မလဲ။

ယေဘုယျအားဖြင့်ဆိုရလျှင် လေ့ကျင့်ခန်းလုပ်ခြင်းဟာ လူတိုင်းအတွက်ကောင်းပါတယ် ။ လေ့ကျင့်ခန်းပုံမှန်လုပ်ခြင်းဟာ ကြံ့ခိုင်မှု ၊ စွမ်းအင်များနဲ့ စိတ်ဓါတ်အင်အားများကို တိုးမြှင့်ပေးပြီး စိတ်ဖိစီးမှုများကို သက်သာစေပါတယ် ။ ဒါ့အပြင် အတက်ရောဂါများနဲ့တက်ခြင်းရဲ့ဆိုးကျိုးများမှသက်သာစေပြီး တစ်ကိုယ်လုံးရဲ့ကျန်းမာရေးကိုကောင်းစေပါတယ်။ တက်ခြင်းနှင့် လေ့ကျင့်ခန်းများ ။ လေ့လာမှုတွေအရ အတက်ရောဂါရှိတဲ့သူတွေဟာ လေ့ကျင့်ခန်းလုပ်နေစဉ်မှာတက်တာကို တွေ့ရခဲပါတယ် ။ ဒါ့အပြင် လေ့ကျင့်ခန်းလုပ်တဲ့သူတွေဟာ ဦးနှောက်ထဲရှိ တက်စေတာကို ထိန်းချုပ်နိုင်ကြပါတယ် ။ ဒါဟာ ဘာကြောင့်လဲဆိုတော့ လေ့ကျင့်ခန်းလုပ်နေစဉ်မှာ EEG ပေါ်တွင် ပုံမမှ်ခြင်းများဟာသိသိသာသာလျော့နည်းလာပြီး တက်စေတာကို လျော့နည်းစေပါတယ် ။ ခန္ဓါကိုယ်နှင့် စိတ်ဓါတ်ကြံ့ခိုင်မှုများဟာ တက်ခြင်းကို လျော့နည်းစေပါတယ် ။ လေ့ကျင့်ခန်းပုံမှန်လုပ်ခြင်းဟာသင့်ကိုနေထိုင်ကောင်းစေပြီး တက်ခြင်းကိုထိန်းချုပ်ရာတွင်တိုးတက်လာစေပါတယ် ။ အလားတူပင် တက်ခြင်းရဲ့ဆိုးကျိုးများဖြစ်တဲ့ကြွက်သားများနာကျင်ခြင်း ၊ အိပ်ရေးပျက်ခြင်း ၊ စိတ်ဓါတ်ကျခြင်းနှင့် ပင်ပန်းနွမ်းနယ်မှုများမှလည်း သက်သာစေပါတယ် ။ လေ့ကျင့်ခန်းမလုပ်ခြင်းကြောင့် ဖြစ်တတ်တဲ့ရောဂါတွေဖြစ်တဲ့ နှလုံးနှင့်သွေးလမ်းကြောင်းရောဂါများ ၊ ဆီးချိုသွေးချို နှင့် […]


အတက်ရောဂါ

တက်ခြင်းကို သက်သာစေဖို့ စားသောက်နည်းများ

အစားအစာအမျိုးမျိုးမှ သင့်တင့်မျှတတဲ့ အာဟာရ ရရှိခြင်းက အချို့လူများအတွက် တက်နိုင်ခြေကို လျော့ချပေးတယ်လို ယုံကြည်ရပါတယ်။ သင်က တက်တတ်တဲ့ လူဆိုရင်တော့ အစားအစားတွေကို ချင့်ချိန်စားဖို့ လိုအပ်ပါတယ်။   သင့်တင့်မျှတစွာ စားသောက်ခြင်းရဲ့ အကျိုးကျေးဇူးတွေက ဘာတွေလဲ။ သင့်တင့်မျှတစွာ စားသောက်ခြင်းက သင့်ရဲ့ အရေးကြီးတဲ့ အာဟာရဓါတ်တွေနဲ့ စွမ်းအင်လိုအပ်ချက်တွေကို မျှမျှတတရှိအောင် ထိန်းသိမ်းပေးထားနိုင်ပါတယ်။ အိပ်ချိန်၊အိပ်ပုံမှန်အောင်နဲ့ တက်ကြွနေအောင်၊ ကျန်းမာသန်စွမ်းနေအောင် လုပ်ပေးတယ်ဆိုတာလဲ သက်သေပြပြီးပါပြီ။ သင့်တင့်မျှတစွာ စားသောက်ခြင်းဆိုတာဟာ သင့်အလုံးစုံကျန်းမာခြင်းအတွက် အလွန့်အလွန် အရေးကြီးပါတယ်။ အိပ်စက်ခြင်းကို အကျိုးပြုသဖြင့် အိပ်ရေးမဝတာကြောင့်ဖြစ်တတ်တဲ့ တက်နိုင်ခြေကို လျော့ချပေးနိုင်ပါတယ်။ သင့်တင့်မျှတစွာ စားသောက်မယ်ဆိုရင် သင်ပိုပြီး အကောင်းမြင်လာရုံသာမက၊ အာရုံလည်းစိုက်နိုင်လာပါလိမ့်မယ်။ ဒါ့အပြင် သင့်ဘဝကို ကောင်းမွန်စွာ ဖြတ်သန်းနိုင်ပြီး တက်ခြင်းကိုလည်း ရင်ဆိုင်နိုင်လာပါလိမ့်မယ်။   ၁။ သင့်တင့်မျှတစွာ စားသောက်ခြင်း ဆိုတာဘာလဲ။ သင့်တင့်မျှတစွာ စားသောက်ခြင်းဆိုတာ ကာဘွန်ဟိုက်ဒရိတ်၊ အဆီဓါတ်၊ […]


အတက်ရောဂါ

သင့်ရဲ့ အတက်ရောဂါအတွက် ကုသမှုဆိုင်ရာနည်းလမ်းများကို နားလည်ခြင်း

အတက်ရောဂါဆိုတာဦးနှောက်ရဲ့အာရုံကြောဆဲလ်တွေ လှုပ်ရှားမှုပုံမှန်မဟုတ်တဲ့အတွက်ကြောင့်ဖြစ်လာတဲ့ အာရုံကြောဆိုင်ရာ ရောဂါတစ်မျိုးဖြစ်ပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (WHO)ရဲ့တင်ပြချက်များအရ ကမ္ဘာပေါ်မှာ အတက်ရောဂါခံစားနေရတဲ့ လူနာပေါင်းဟာ အကြမ်းဖျင်းအားဖြင့် ၅၀ မီလီယံရှိတယ်လို့ ခန့်မှန်းထားပါတယ်။ အတက်ရောဂါအတွက်ကုသမှု ခံယူခြင်းဟာ ဖြစ်ပွားရတဲ့အကြောင်းအရင်းပေါ် မူတည်ပါတယ်။ ဒီရောဂါ ဖြစ်ရခြင်းရဲ့အကြောင်းအရင်းကို ကုသခြင်းအားဖြင့် နောက်ထပ် အတက်ရောဂါ ဖြစ်မလာအောင် ကာကွယ်နိုင်ပါတယ်။ အတက်ရောဂါကို ၎င်း ဖြစ်ရတဲ့ အကြောင်းအရင်းပေါ် မူတည်ပြီး အလွယ်တကူပဲ ကုသနိုင်ပါတယ်။ ပုံမှန်ကုသမယ်ဆိုရင် ၎င်းရဲ့ ရောဂါလက္ခဏာတွေဟာ ရပ်တန့်ယုတ်လျော့သွားမှာ ဖြစ်ပါတယ်။ ဝက်ရူးပြန်ရောဂါ ကြောင့် ဖြစ်တဲ့ အတက်ရောဂါကို ကုသရာမှာ အောက်ပါတို့ ပါဝင်ပါတယ်။ • ဆေးသောက်ခြင်း • ဦးနှောက်ရဲ့ ပုံမှန်မဟုတ်တဲ့ အစိတ်အပိုင်းများကို မှန်ကန်သွားအောင် ခွဲစိတ်ခြင်း၊ • အာရုံကြောဆိုင်ရာ လှုံ့ဆော်မှု ပြုလုပ်ခြင်း။ • ketogenic dietဟု ခေါ်သော အထူးအစားအသောက်များ […]


အတက်ရောဂါ

Myoclonic seizure အမျိုးအစား အတက်ရောဂါအကြောင်း သင်သိထားသင့်သော အရာများ။

ဝက်ရူးပြန်ရောဂါဟာ မကြာခဏ တက်ခြင်းနှင့် ပတ်သက်ဆက်နွယ်နေတဲ့ ရောဂါအမျိုးအစားအုပ်စုတစ်ခုဖြစ်ပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (WHO)ရဲ့ တင်ပြချက်များအရ ကမ္ဘာပေါ်မှာ အတက်ရောဂါခံစားနေရတဲ့ လူနာပေါင်းဟာ အကြမ်းဖျင်းအားဖြင့် ၅၀မီလီယံရှိတယ်လို့ ခန့်မှန်းထားပါတယ်။ ဝက်ရူးပြန်ရောဂါနှင့် အတက်ရောဂါမှာ အမျိုးအစားများစွာရှိပါတယ်။ သူတို့ထဲက တစ်ခုကတော့ Myoclonic seizure လို့ခေါ်ပါတယ်။ အောက်ဖော်ပြပါအချက်အလက်များက Myoclonic seizure အကြောင်းဖော်ပြပေးထား တာဖြစ်ပါတယ်။ Myoclonic seizure ဆိုတာဘာလဲ Myoclonic seizure ဆိုတာ ကြွက်သားတစ်ခု ဒါမှမဟုတ် ကြွက်သားတစ်စုရဲ့ ခဏတာရုတ်တရက် သွေးလန့်ပြီး ကြွက်သားများ ကျုံ့ညှစ်ခြင်းကို ခေါ်ပါတယ်။ ဒီလိုအခြေအနေမှာ ကြွက်သားများဟာ နေရာကွက်ကြား ကျုံ့ညှစ်ကြပြီး ခန္ဓါကိုယ် နှစ်ဖက်စလုံးမှာ များသောအားဖြင့် ဖြစ်တတ်ပါတယ်။ လူနာတွေဟာ တစ်ခါတစ်လေမှာ ခဏတာ ဓါတ်လိုက်သကဲ့သို့ ကြွက်သားများ ကျုံ့ညှစ်ခြင်းပုံစံ ကို ဖော်ပြပါတယ်။ […]


အတက်ရောဂါ

Atonic seizure အမျိုးအစား အတက်ရောဂါအကြောင်း သင်သိထားသင့်သော အရာများ။

Atonic seizure ဆိုတာ"drop attacks" သို့ "drop seizures" လို့ခေါ်တဲ့ ရုတ်တရက်ပြုတ်ကျပြီး တက်တဲ့ အတက်ရောဂါအမျိုးအစားကို ခေါ်ပါတယ်။ ဒီလိုတက်တဲ့အခါမှာ အထူးသဖြင့် လက်မောင်းနှင့် ခြေထောက် မှာရှိတဲ့ ကြွက်သားတွေရဲ့ တင်းအားဟာ ရုတ်တရက် အားလုံး ဆုံးရှုံးသွားပြီး လဲကျသွားတဲ့ရလဒ်ကို ဖြစ်စေပါတယ်။ Atonic seizure ဆိုတာဘာလဲ Atonic seizure အမျိုးအစားအတက်ရောဂါမှာ ကြွက်သားတွေဟာ ရုတ်တရက် စွမ်းအားတွေ၊ စွမ်းအင်တွေမရှိတော့ပဲ ယုတ်လျော့သွားပါတယ်။ ဒါ့အပြင် မျက်ခွံတွေဟာလည်း လေးကျလာနိုင်ပါတယ်။ ဦးခေါင်းဟာလည်း ရှေ့ကိုငိုက်ကျ သွားပြီး လူနာဟာ များသောအားဖြင့် မြေပြင်ပေါ်သို့ လဲကျသွားလေ့ရှိပါတယ်။ ဒီရောဂါဟာ များသောအားဖြင့် ကလေးငယ်စဉ်မှာ ဖြစ်လေ့ရှိပြီး Lennox Gastaut syndrome ရောဂါနှင့် လက္ခဏာချင်း ဆင်တူပါတယ်။ Atonic […]


အတက်ရောဂါ

Simple partial seizure အမျိုးအစား အတက်ရောဂါများအကြောင်းသင်သိထားသင့်သော အရာများ။

ဝက်ရူးပြန်ရောဂါဟာ မကြာခဏ တက်ခြင်းနှင့် ပတ်သက်ဆက်နွယ်နေတဲ့ ရောဂါအမျိုးအစားအုပ်စုတစ်ခုဖြစ်ပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (WHO)ရဲ့ တင်ပြချက်များအရ ကမ္ဘာပေါ်မှာ အတက်ရောဂါခံစားနေရတဲ့ လူနာပေါင်းဟာ အကြမ်းဖျင်းအားဖြင့် ၅၀မီလီယံရှိတယ်လို့ ခန့်မှန်းထားပါတယ်။ ဝက်ရူးပြန်ရောဂါနှင့် အတက်ရောဂါမှာ အမျိုးအစားများစွာရှိပါတယ်။ သူတို့ထဲကအုပ်စု တစ်ခုကတော့ simple partial seizure အမျိုးအစား အတက်ရောဂါအုပ်စု ဖြစ်ပါတယ်။ ခံစားရတဲ့ ရောဂါလက္ခဏာတွေရဲ့ သဘာဝတွေပေါ် မူတည်ပြီး အမျိုးအစား၄မျိုး ထပ်မံခွဲခြား နိုင်ပါတယ်။ simple partial seizure ရောဂါဆိုတာ ဘာလဲ Simple partial seizure ဟုခေါ်သောအတက်ရောဂါ အမျိုးအစားကို လူနာရဲ့တွေ့ကြုံခံစားရတဲ့ ရောဂါလက္ခဏာ အမျိုးအစားပေါ် မူတည်ပြီး အမျိုးအစားများ ခွဲခြားနိုင်ပါတယ်။ ကြွက်သားပိုင်းဆိုင်ရာလှုပ်ရှားမှုများနှင့် ဆိုင်သော တက်ခြင်း ဒီအတက် ရောဂါအမျိုးအစားမှာ ကြွက်သားများ ဆတ်ခနဲ ကျုံ့ခြင်း၊ ဆန့်ခြင်းနှင့် ကြွက်သားများ တောင့်တင်းခြင်းကဲ့သို့ […]


အတက်ရောဂါ

အတက်ရောဂါဖြစ်စေတဲ့ အကြောင်းအရင်းများကို နားလည်ခြင်း

ဝက်ရူးပြန်ရောဂါဟာ မကြာခဏ တက်ခြင်းနှင့် ပတ်သက်ဆက်နွယ်နေတဲ့ ရောဂါအမျိုးအစားအုပ်စုတစ်ခုဖြစ်ပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (WHO)ရဲ့ တင်ပြချက်များအရ ကမ္ဘာပေါ်မှာ အတက်ရောဂါခံစားနေရတဲ့ လူနာပေါင်းဟာ အကြမ်းဖျင်းအားဖြင့် ၅၀မီလီယံရှိတယ်လို့ ခန့်မှန်းထားပါတယ်။ ဝက်ရူးပြန်ရောဂါနှင့် အတက်ရောဂါမှာ အမျိုးအစားများစွာရှိပါတယ်။ အိပ်စက်ခြင်းဆိုင်ရာ ပြဿနာများ၊ အလွန်အမင်း ပင်ပန်းခြင်း၊ နှစ်နှစ်ခြိုက်ခြိုက် မအိပ်ခြင်း၊ လုံလောက်သော အိပ်စက်မှု မရရှိခြင်း အတက်ရောဂါဟာ အိပ်စက်မှုပိုင်း ဆိုင်ရာအခြေအနေများနှင့် အရမ်းပတ်သက် ဆက်နွယ်ပါတယ်။ အိပ်စက်ခြင်းဟာ အတက်ရောဂါကို နည်းလမ်းများစွာနှင့် အကျိုးသက်ရောက်လျက်ရှိပါတယ်။ ပုံမှန်အိပ်ခြင်း၊နိုးခြင်း စက်ဝန်းတစ်ခုမှာ ဦးနှောက်ရဲ့ လျှပ်စီးနဲ့ ဟော်မုန်းပိုင်းဆိုင်ရာမှာ အပြောင်းအလဲတွေ ဖြစ်ပေါ်နေပါတယ်။ ဒီလိုပြောင်းလဲမှုတွေက အခြားလူများထက်စာလျှင် အတက်ရောဂါရှိသူတွေမှာ အိပ်စက်နေချိန်၌ ပိုဖြစ်ကြတာကို တွေ့နိုင်ပါတယ်။ လုံလောက်တဲ့ အိပ်စက်မှုမရှိခြင်းဟာလည်း ဒီလို ဖျားနာမှုကို ဖြစ်စေနိုင်ပါတယ်။ အချို့သော လူတွေဟာ သူတို့ရဲ့ဘဝမှာ ပထမဦးဆုံး […]


အတက်ရောဂါ

ကလေးများတွင် အဖျားကြီး၍ တက်ခြင်းဆိုတာ ဘာလဲ

ဝက်ရူးပြန်ရောဂါဟာ မကြာခဏ တက်ခြင်းနှင့် ပတ်သက်ဆက်နွယ်နေတဲ့ ရောဂါအမျိုးအစားအုပ်စုတစ်ခုဖြစ်ပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (WHO)ရဲ့ တင်ပြချက်များအရ ကမ္ဘာပေါ်မှာ အတက်ရောဂါခံစားနေရတဲ့ လူနာပေါင်းဟာ အကြမ်းဖျင်းအားဖြင့် ၅၀မီလီယံရှိတယ်လို့ ခန့်မှန်းထားပါတယ်။ ဝက်ရူးပြန်ရောဂါနှင့် အတက်ရောဂါမှာ အမျိုးအစားများစွာရှိပါတယ်။ သူတို့ထဲက တစ်ခုကတော့ febrile seizures လို့ခေါ်ပါတယ်။ febrile seizures ဆိုတာဘာလဲ။ Febrile seizure ဆိုတဲ့ အတက်ရောဂါအမျိုးအစားဟာ ကလေးငယ်တွေမှာ အဖျားအလွန်ကြီးတဲ့အခါ တက်တာကို ခေါ်ပါတယ်။ ဒီလိုတက်လာတဲ့အခါမှာ မိဘတွေနဲ့ အခြားဂရုစိုက်သူတွေဟာ အလွန်အမင်း စိုးရိမ်ထိတ်လန့်သွားနိုင်ပါတယ်။ Febrile seizure အတက်ရောဂါဟာ ဘယ်သူတွေမှာ ဖြစ်နိုင်သလဲ။ အသက်၁ နှစ်မပြည့်ခင်မှာ ပထမဆုံးအကြိမ် ဖျားပြီးတက်ကြတဲ့ ကလေးအားလုံးထဲကမှ တစ်ဝက်ဟာဆိုရင် အနည်းဆုံး တစ်ကြိမ်ထက်ပိုပြီး တက်လေ့ရှိပါတယ်။ အသက် ၁နှစ်ထက်ကြီးပြီး ပထမဆုံးအတက်ရောဂါ စဖြစ်ကြတဲ့ ကလေး လေးယောက်မှာ တစ်ယောက်ဟာ […]


အတက်ရောဂါ

အတက်ရောဂါရှိသော အမျိုးသမီးများ ကိုယ်ဝန်ဆောင်စဉ် အန္တရာယ်ကင်းအောင်လုပ်ဆောင်သင့်သည်များ

ဝက်ရူးပြန်ရောဂါဟာ မကြာခဏတက်ခြင်းနှင့် ပတ်သက်ဆက်နွယ်နေတဲ့ ရောဂါအမျိုးအစားအုပ်စုတစ်ခုဖြစ်ပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (WHO)ရဲ့ တင်ပြချက်များအရ ကမ္ဘာပေါ်မှာ အတက်ရောဂါခံစားနေရတဲ့ လူနာပေါင်းဟာ အကြမ်းဖျင်းအားဖြင့် ၅၀မီလီယံရှိတယ်လို့ ခန့်မှန်းထားပါတယ်။ ကိုယ်ဝန်ရှိခြင်း နဲ့ ဝက်ရူးပြန်ရောဂါ ရှိခြင်း နှစ်ခုပေါင်းလိုက်တဲ့အခါ အန္တရာယ်အလွန်များတယ်လို့ ထင်ရပါတယ်။ သို့သော် သင့်ရဲ့ပြုမူနေထိုင်ပုံ တွေကို ကြည့်ပြီး ကံတရားက အလေးသာသွားမှာပါ။ အောက်ဖော်ပြပါ အချက်အလက်များက ကိုယ်ဝန်ဆောင်စဉ် တက်ခြင်းအကြောင်း ဖော်ပြပေးထား တာဖြစ်ပါတယ်။   အတက်ရောဂါရှိတဲ့ မိခင်ဟာ ကိုယ်ဝန်ဆောင်စဉ်မှာ အတက်ရောဂါရဲ့ အချို့သော နောက်ဆက်တွဲ ဆိုးကျိုးများ ခံစားရနိုင်ပါတယ်။ ကိုယ်ဝန်ဆောင်စဉ်မှာ ဝက်ရူးပြန်ရောဂါရှိခြင်းဟာ မိခင်ကို ဘယ်ရောဂါနှင့်မှ မတူတဲ့ သောကအချို့ ပေးနိုင်ပါတယ်။ သို့သော်လည်း ဝက်ရူးပြန်ရောဂါရှိသော အမျိုးသမီးအများစုဟာ ကျန်းမာရေး ကောင်းမွန်တဲ့ ကလေးတွေကို မွေးလေ့ရှိကြပါတယ်။ ကိုယ်ဝန်ဆောင်စဉ်မှာ […]

ad iconကြော်ငြာ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း