အတက်ရောဂါ

လူတစ်ယောက်က အကြိမ်ကြိမ်အခါခါ တက်နေရင် သူ့မှာ အတက်ရောဂါရှိတယ်လို့ ယူဆနိုင်ပါတယ်။ ဘာအကြောင်းရင်းမှ မရှိဘံ တက်နိုင်သလို ဦးနှောက်ထိထားတာ၊ လေဖြတ်ထားတာ၊ အတက်ရောဂါအခံရှိလို့လည်း ဖြစ်နိုင်ပါတယ်။ ဒီအကြောင်းတွေကို ဒီစာမျက်နှာမှာ လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

အတက်ရောဂါ

အတက်ရောဂါ ဆိုတာ

လမ်းမှာ လူတစ်ယောက် တက်သွားရင်ဖြစ်ဖြစ်၊ အမျိုးထဲမှာ အတက်ရောဂါ ရှိတဲ့သူ ရှိနေရင်ဖြစ်ဖြစ် တက်သွားတဲ့အချိန်မှာ ခံရတဲ့သူရော၊ ဘေးကကြည့်တဲ့သူပါ ဘယ်လောက် သက်သောင့်သက်သာ မဖြစ်လိုက်သလဲဆိုတာ ခံစားမိမှာပါ။ တက်တာဟာ ဦးနှောက်ရောဂါတစ်မျိုး ဖြစ်ပြီး အမျိုးအစား အများကြီး ရှိပါတယ်။ တစ်ခုနဲ့ တစ်ခုကလည်း လက္ခဏာလေးတွေ ကွဲပါတယ်။ အင်မတန်မှ နက်နဲတဲ့ ရောဂါဖြစ်ပါတယ်။ အသက်အရွယ်မရွေး တက်နိုင်ပါတယ်။ ဘာကြောင့်တက်ရတာလဲ။ ဦးနှောက်ဆဲလ်လေးတွေက တစ်ခုနဲ့ တစ်ခု ဆက်သွယ်ဖို့ လျှပ်စီးကြောင်းလေးတွေ သုံးရပါတယ်။ ဒီလျှပ်စီးကြောင်းလေးတွေမှာ တစ်ခုခုချို့ယွင်းလာပြီဆိုရင် တက်တယ်ဆိုတာ ဖြစ်လာပါတယ်။ တက်စေတဲ့ အဓိက အကြောင်းရင်းကတော့ အတက်ရောဂါလို့ ခေါ်တဲ့ Epilepsyပါပဲ။ ဒါပေမယ့် တက်တိုင်း အတက်ရောဂါရှိနေတယ်လို့ ပြောလို့မရပါဘူး။ အကြောင်းရင်း မယ်မယ်ရရ မရှိဘဲ ခဏခဏ တက်နေတယ်ဆိုရင်တော့ အတက်ရောဂါလားလို့ စဉ်းစားရမှာပါ။ တခြားအကြောင်းရင်းတွေကတော့ ကလေးတွေမှာ […]

အတက်ရောဂါ ကို ရှာဖွေမည်။

အတက်ရောဂါ

သင့်တွင်အတက်ရောဂါရှိပါက ယဉ်မောင်းနှင်ရာတွင်လုံခြုံစိတ်ချရစေရန်

အတက်ရောဂါရှိတဲ့သူတွေအတွက် မောင်းနှင်ရခြင်းသည် ခက်ခဲသောအလုပ်တစ်ခုဖြစ်ပါတယ် ။ တစ်ချို့လူနာများဆိုလျှင် တက်ခြင်းကိုထိန်းချုပ်နိုင်စွမ်းမရှိသည့်အတွက် ယာဉ်များမောင်းနှင်ခြင်းမှတားမြစ်ထားရပါတယ် ။ မောင်းနှင်ရာတွင်စိတ်ချရစေမည့်နည်းလမ်းများကိုလေ့လာခြင်းဖြင့် မောင်းနှင်ရာတွင်တက်ခြင်းမှကာကွယ်နိုင်ပါတယ် ။     တက်ခြင်းနှင့်ယာဉ်များမောင်းနှင်နိုင်စွမ်းရှိခြင်း ။ သင်တက်သောအခါတွင် သင့်ရဲ့မိမိကိုယ်ကိုထိန်းချုပ်နိုင်မှု တွေမရှိတော့ပါဘူး ။ အာရုံခံစားမှုနဲ့သင်ပြုမူတဲ့ပုံစံတွေဟာလည်းပြောင်းလဲသွားပါတယ်။ ဒါမှမဟုတ်သင်ဟာ ရုတ်တရက်သတိမေ့သွားတဲ့အထိဖြစ်နိုင်ပါတယ် ။ ရလာဒ်အနေနဲ့ကတော့ ကားမောင်းနေစဉ်မှာတက်ခြင်းဟာ ကားကိုထိန်းချုပ်နိုင်မှုမရှိတော့ပဲ ယာဉ်တိုက်မှုတွေဖြစ်စေနိုင်ပါတယ် ။ သင်နဲ့အခြားလူများကိုပါ ထိခိုက်နာကျင်စေနိုင်ပါတယ် ။ သင့်ရဲ့ယာဉ်များကိုမောင်းနှင်ရန်စွမ်းရည်ကတော့အောက်ပါအချက်များအပေါ်မှာမူတည်ပါတယ် ။ - တက်စေတဲ့အကြောင်းအရင်း ။ - သင်တက်သော ပုံစံအမျိုးအစား ။ - လိုင်စင်ရပြီးသားကဲသို့သော ဥပဒေများ ။ - သင့်ကိုသတိလက်လွတ်ဖြစ်စေတဲ့တက်ခြင်းမဖြစ်ပဲနေနိုင်သော အချိန်ပမာဏ ။   သင်သိသင့်သော ယဉ်မောင်းရာတွင်အန္တရာယ်ကင်းစေမည့်နည်းများ ။ သင့်မှာအတက်ရောဂါရှိတာကိုသိရတဲ့အခါမှာ သိသင့်သည်များကိုသိထားဖို့လိုအပ်ပါတယ် ။ ဒါကြောင့်သင်ဟာကားမောင်းလိုင်စင်ကိုဖြည့်တဲ့အခါတွင် အတက်ရောဂါရှိကြောင်း တင်ပြဖို့အရေးကြီးပါတယ် ။ ဒီလိုတင်ပြဖို့အတွက် ဆရာဝန်ဆီမှထောက်ခံစာတစ်စောင်လိုအပ်ပါတယ် ။ မထိန်းချုပ်နိုင်တဲ့အတက်ရောဂါရှိတဲ့သူတွေဟာကားမောင်းတဲ့အခါ မတော်တဆဖြစ်ရန် အခွင့်အလမ်းများတာကြောင့် သင်ကားမောင်းနိုင် ၊ မမောင်းနိုင်ကြောင်း ဆရာဝန်ရဲ့အတည်ပြုချက်ရရှိဖို့လိုအပ်ပါတယ် […]


အတက်ရောဂါ

အတက်ရောဂါရှိသော လူတစ်ယောက်အတွက် ရှောင်ကျဉ်ရမည့် အစားအစာများ

အစားအစာတွေကနေ အတက်ရောဂါကို ဖြစ်စေသလားဆိုတာ လုံလောက်တဲ့သုတေသနမရှိသေးပါဘူး။ ဒါပေမယ့်လည်း သင့်ရဲ့ အတက်ရောဂါကို ပိုဆိုးစေနိုင်ပြီး အန္တရာယ်ဖြစ်စေနိုင်တဲ့ အစားအစာတွေတော့ရှိပါတယ်။ ၁။ ဂလူတန် တကယ်လို့သင့်မှာ အတက်ရောဂါရှိနေမယ်ဆိုရင် ဂလူတန် နဲ့ပတ်သက်ပြီး သတိထားသင့်ပါတယ်။ အချို့တွေအတွက် အစာအိမ်ပြဿနာနဲ့ ဓါတ်မတည့် ပြဿနာတွေပေါ်နိုင်ပါတယ်။ ပြီးတော့ ရောင်ရမ်းမှုတွေလည်းဖြစ်စေနိင်တဲ့ အတွက်, တက်ခြင်းကိုစဖြစ်စေနိုင်ပါတယ်။ Gluten ဂလူတန် မပါတဲ့အစာတွေစားခြင်းက သင့်ရောဂါကို အချိန်တိုနဲ့ ပျောက်စေနိုင်ပါတယ်။ ဒီgluten ကိုအစေ့စံပါတဲ့အစာတွေမှာ တွေ့ရတတ်ပါတယ်။ ဒါ့ပြင် စည်သွပ်ဘူး, ဆော့စ်, အသုပ်, အပင်ထွက် အစားအသောက်တွေနဲ့ ဘီယာမှာတောင် တွေ့နိုင်ပါတယ်။ ၂။ နို့ထွက်ပစ္စည်းများ နို့ထွက်ပစ္စည်းများဟာ ပြဿနာပေးနိုင်တဲ့ အစားအသောက်ထဲမှာပါဝင်ပါတယ်။ ကလေးရော လူကြီးမှာပါ အလာဂျီနဲ့ အတက်ရောဂါကိုဖြစ်စေနိုင်ပါတယ်။ ဒီရောဂါဖြစ်နေပြီဆိုရင် နို့ထွက်ပစ္စည်းတွေကို ရှောင်တာကောင်းပါတယ်။ တကယ်လို့ သင်ကရေခဲမုန့်လို ဒိန်ချဉ်လိုအရာတွေ, အရောင်ချွတ်ပြီးသားသကြားတွေထည့်ထားတဲ့ အစားအသောက်တွေအများကြီးစားမိတယ်ဆိုရင် သင့် အတက်ရောဂါကို […]


အတက်ရောဂါ

မတက်ခင် ဖြစ်လာမယ့် လက္ခဏာတွေကို ဘယ်လိုသတိထားနိုင်သလဲ

အတက်ရောဂါကို မထိန်းချုပ်နိုင်ဘူးဆိုလျှင် ရုတ်တရက် ဆက်ကာဆက်ကာ တက်တတ်ပါတယ်။ မတက်ခင်ဖြစ်တတ်တဲ့ လက္ခဏာတွေကို သိထားခြင်းဖြင့် အန္တရာယ်ရှိတဲ့အရာတွေနဲ့ ဒဏ်ရာအနာတရဖြစ်ခြင်းကနေ ရှောင်နိုင်ပါတယ်။ တက်တာဟာ သင်အိပ်နေချိန်ပဲဖြစ်ဖြစ်၊ နိုးနေချိန်ပဲဖြစ်ဖြစ် ဖြစ်နိုင်ပါတယ်။ ဒါတွေက အတက်ရောဂါ အမျိုးအစားတွေဖြစ်ပြီး လက္ခဏာတွေကတော့ အနည်းငယ်စီ ကွဲပြားနိုင်ပါတယ်။ အတက်ရောဂါက အဓိကအားဖြင့် ၂မျိုးရှိတယ်။ - တစ်နေရာပဲကွက်ပြီး အတက်ရောဂါ - တစ်ကိုယ်လုံးပါတဲ့ အတက်ရောဂါ တစ်နေရာပဲကွက်ပြီး အတက်ရောဂါ တစ်နေရာပဲကွက်ပြီး အတက်ရောဂါ ဖြစ်နေချိန်မှာ သင်ဟာသတိကောင်းနေပါမယ်။ တစ်နေရာပဲကွက်ပြီး အတက်ရောဂါရဲ့ လက္ခဏာတွေထဲမှာ အောက်ပါ အခြေအနေတွေပါဝင်ပါလိမ့်မယ်။ - ဖော်ပြရခက်တဲ့ ထူးဆန်းတဲ့ ခံစားချက် - လူကမြင့်တက်နေသလို ခံစားရခြင်း။ ဒါက ရိုလာကိုစတာစီးနေချိန်မှာ ဗိုက်ထဲမှာဖြစ်တဲ့ ခံစားချက်နဲ့ ဆင်တူပါတယ်။ - အရင်တစ်ခါက ဖြစ်ခဲ့ဖူးသလို ပြန်ခံစားမိခြင်း - ပုံမှန်မဟုတ်တဲ့ အနံ့နဲ့ အရသာကို ခံစားမိနေခြင်း - ခြေ၊ လက်တွေကို ပင်အပ်နှင့်ထိုးသလို […]


အတက်ရောဂါ

အတက်ကျဆေးတွေရဲ့ ဓါတ်ပြုမှုတွေကို ဘယ်လိုကာကွယ်မလဲ

ဆေးအချင်းချင်းဓါတ်ပြုခြင်းများဟာ အတက်ရောဂါကုသမှုခံယူနေရတဲ့လူတွေအတွက် အန္တရာယ်ရှိစေနိုင်ပါတယ် ။ အတက်ရောဂါတွင်သောက်သည့်ဆေးများသည် အချို့ဆေးတွေရဲ့အာနိသင်တွေကိုလျော့ကျစေပါတယ် ။ ဒါအပြင် ဆေးအချို့ဟာ အတက်ရောဂါဆေးတွေနဲ့အာနိသင်တူကြပါတယ် ။ ဒါဆိုရင် အခြေအနေဟာ ပိုမိုဆိုးဝါးသွားစေနိုင်ပါတယ် ။ သို့ပေမယ့် ကျွမ်းကျင်သူများကတော့ ဆေးအချင်းချင်းသက်ရောက်မှုများမှုရှောင်ကျဉ်ရန် နည်းများကို ပြောပြထားပါတယ် ။   ၁ ။ သင့်ဆရာဝန်နဲ့မကြာခဏဆက်သွယ်ပါ။ သင်သုံးစွဲနေတဲ့ဆေးတွေအကြောင်းကိုဆရာဝန်ကိုပြောပြဖို့အရေးကြီးပါတယ် ။ ညွှန်ကြားထားတဲ့ဆေးတွေကပဲဆေးအချင်းချင်းသက်ရောက်မှုတွေဖြစ်နိုင်တာမဟုတ်ပါဘူး ။ ညွှန်ကြားခြင်းမရှိတဲ့ဆေးတွေကလည်း ဘေးထွက်ဆိုးကျိုး တွေဖြစ်စေနိုင်ပါတယ် ။ ဆေးမသုံးစွဲခင်မှာ ဆေးအညွှန်းကိုသေချာဖတ်သင့်ပါတယ် ။ အကယ်၍ ဓါတ်မတည့်မှုကို တွေ့ရှိခဲ့လျှင်တော့ ဓါတ်ပြုမှုဟာ အသေးစားလေးပင်ဖြစ်စေကာမူ ဘာမှမလုပ်သေးပဲ ဆရာဝန်ကိုမေးမြန်းရပါမယ် ။ အခြားတစ်ဖက်မှာတော့ ညွှန်ကြားထားတဲ့ရှောင်ရမယ့်ဆေးတွေကိုရှောင်ကျဉ်ပြီးသောက်သုံးရမယ့်ဆေးတွေကိုသောက်သုံးရပါမယ် ။ ဆရာဝန်ကိုမပြောပဲဆေးသုံးစွဲမှုကိုရပ်တန့်ခြင်းမျိုးမလုပ်ရပါဘူး ။   ၂ ။ သင့်ရဲ့ဆေးဝါးများကို ကိုယ်တိုင်ရှာဖွေလေ့လာပါ ။ ဆေးအစားထိုးခြင်း သို့ ဆေးအသစ်သုံးစွဲခြင်းမပြုမီမှာ ဆေးဝါးအကြောင်းကိုသေချာရှာဖွေရန်လိုအပ်ပါတယ် ။ ဆေးတစ်ခုချင်းစီရဲဓါတ်ပြုနိုင်မှုအကြောင်းများ ၊ ဓါတ်ပြုမှုရဲ့ရလာဒ်များကို […]


အတက်ရောဂါ

ကီတုံးထုတ်ပေးတဲ့ အစားအစာတွေက တက်ခြင်းအတွက် ဘယ်လိုအကျိုးတွေရရှိစေမှာလဲ

တက်တာကို သက်သာစေမယ့် စားသောက်ခြင်းကို ရှာဖွေနေမယ်ဆိုရင်တော့ ကီတုံးထုတ်ပေးသော အစားအစာတွေကို ထည့်သွင်းစဉ်းစားသင့်ပါတယ်။ တက်တတ်တဲ့လူတွေအတွက် အထူးစီစဉ်ထားတဲ့ စားသောက်ခြင်းပါ။ တက်ခြင်းအတွက်လည်း ကောင်းကျိုးတွေရှိတယ်ဆိုတာလည်း သက်သေပြပြီးထားပါ 1.ကီတုံးထုတ်ပေးသော အစားအစာတွေဆိုတာဘာလဲ။ ကီတုံးထုတ်ပေးသော အစားအစာများ (KD) ဆိုတာ အဆီများများ၊ ကာဗွန်ဟိုက်ဒရိတ်နည်းနည်းနဲ့ အသားဓါတ် ထိန်းထိန်းသိမ်းသိမ်းပါဝင်တဲ့ ဝက်ရူးပြန်ကုသနည်းတစ်ခုပါ။ ဆေးဝါးတိုက်ကျွေခြင်းကဲ့သို့သော အခြားကုသနည်းတွေ အလုပ်မဖြစ်တော့ရင် ရွေးချယ်တဲ့ နည်းလမ်းတစ်ခုလည်း ဖြစ်ပါတယ်။ ကီတုံးထုတ်ပေးသော အစားအစာတွေက ကလေးတွေအတွက်ကုသနည်းဖြစ်ပေမယ့်လည်း လူကြီးတွေမှာ အကျိုးပြုနိုင်ပါတယ်။ ဒါပေမယ့်လည်း ယင်းကုသနည်းက ကျွမ်းကျင်သူတို့ရဲ့ အကူအညီလိုအပ်ပါတယ်။ 2. ထိုကုသနည်းက ဘယ်လို အလုပ်ဖြစ်တာလဲ။ ပုံမှန်အားဖြင့် ကာဗွန်ဟိုက်ဒရိတ်ကရတဲ့ သကြားဓါတ်တွေဟာ ခန္ဓါကိုယ်အတွက် စွမ်းအင်ပါ။ ခန္ဓါကိုယ်က အဆီတွေကို စွမ်းအင်အတွက် အသုံးပြုတဲ့ အခါမှာတော့ သကြားဓါတ်တွေအစား ကီတုံးတွေကို ထုတ်လုပ်လာပါတယ်။ ၂၀၁၅တွင် ပြုလုပ်သော သုသေတနအရ အထက်ပါကုသနည်းကြောင့် […]


အတက်ရောဂါ

အတက်ရောဂါအတွက် ရှေးဦးသူနာပြုနည်းလမ်းများ

တက်တယ်ဆိုတာဟာ အချိန်ကိုက် သင့်တော်တဲ့ ရှေ့ဦးပြုစုမှုမပေးဘူးဆိုရင် တော်တော်လေးကို အသက်အန္တရယ်ရှိပါတယ်။ တက်ခြင်းရဲ့ ရှေးဦးပြုစုနည်းတွေကို သိရှိခြင်းက မဖြစ်သင့်သည်များမဖြစ်လာဖို့အတွက် အရေးပါ ပါတယ်။ ယင်းကိစ္စနဲ့ ပတ်သတ်တဲ့ အချက်အလက်တွေကို အောက်တွင် ဖော်ပြပေးပ့ါမယ်။   တက်ခြင်းအမျိုးမျိုးအတွက် ရှေးဦးကုသနည်းများ တက်ခြင်း အမျိုးအစား များစွာရှိပါတယ်။ အများစုကတော့ မိနစ်အနည်းငယ်သာ ကြာပါတယ်။ အောက်ဖော်ပြသည့် အကြောင်းအရာများကတော့ ဘာကြောင့်ပဲတက်တက် အသုံးပြုနိုင်မယ့် ရှေးဦးပြုစုနည်းတွေပါ။ လည်းပင်း၊ လည်ဂုတ်တစ်ဝိုက်ရှိ အဝတ်များကို ချောင်ချောင်ချိချိ ဖြစ်အောင် လုပ်ပေးပါ။ ယင်းက အသက်ရှုချောင်စေပါလိမ့်မယ်။ မာသော၊ ချွန်ထက်သော ပစ္စည်းများကို လူနာအဝေးတွင်ထားပေးပါ။ လူနာကိုတော့ မရွေ့ဖို့ မမေ့ပါနှင့်။ သတိပြန်မလည်လာမချင်း လူနာနှင့်အတူတူ ရှိနေပေးပါ။ သတိရလာပြီဆိုရင်တော့ သက်တောင့်သက်သာ လုံလုံခြုံခြုံထိုင်နိုင်အောင်လုပ်ပေးရပါမယ်။ လူနာက စကားပြန်ပြောနိုင်လာ၊ တုံပြန်နိုင်လာရင် သူတို့ဘာဖြစ်သွားတယ်ဆိုတာ အေးအေးလူလူ ပြောပြပေးပါ။ […]


အတက်ရောဂါ

သင့်အိမ်သားတွေကို အတက်ရောဂါနဲ့ ရင်းနှီးအောင် ဘယ်လိုလုပ်ပေးရမလဲ

အတက်ရောဂါ အဖြစ်များတဲ့နေရာက သင့်ရဲ့အိမ်ဖြစ်ပါတယ်။ အိမ်မှာ ရေချိုးနေချိန်နှင့် ထမင်းဟင်းချက်ပြုတ်နေချိန် တက်တာဟာ အလွန်အန္တရာယ်များပါတယ်။ အတက်ရောဂါရှိတဲ့လူကို ဝိုင်းဝန်းစောင့်ရှောက်ဖို့ပြီး အိမ်ကအန္တရာယ်ရှိတဲ့ပစ္စည်းတွေ၊ နေရာတွေကိုဖယ်ဖို့က တစ်မိသားစုလုံးအတွက် အရေးကြီးပါတယ်။ သင့်အိမ်ကလူရဲ့ အတက်ရောဂါနဲ့ ရင်းနှီးဖို့ ဘေးကင်းစေဖို့ အတွက် လုပ်နိုင်တဲ့နည်းတွေ အများကြီးရှိပါတယ်။ ၁. ယေဘူယျနည်းများ မှန်နဲ့လုပ်ထားတဲ့ စားပွဲတွေက တက်တဲ့အချိန်မှာ အန္တရယ်ရှိတဲ့အတွက် မသုံးသင့်ပါဘူး။ အဲ့ဒီအစား အစွန်းတွေက ကွေးညွတ်နေတဲ့ သစ်သားစားပွဲ သုံးသင့်ပါတယ်။ အိမ်မှာ ကောဇောကို ပိုသုံးသင့်ပါတယ်။ ကောဇောတွေက ကျောက်ပြားတွေ တခြားမာကြောတဲ့ ကြမ်းခင်းတွေထက် ပိုပြီးစိတ်ချရပါတယ်။ နားနေခန်းနှင့် အိပ်ခန်းမှာ ကောဇောခင်းဖို့ လုပ်သင့်ပါတယ်။ သင်ဟာ ပိုက်ခေါင်းလက်ကိုင်တွေ၊ ချွန်ထက်တဲ့ပစ္စည်းတွေ၊ ချွန်ထက်တဲ့ အစွန်းတွေကို တခုခုနဲ့ အုပ်ထားသင့်ပါတယ်။ သင်တက်တဲ့အချိန်မှာ ဒဏ်ရာရတာကို လျှော့ချပေးနိုင်ပါတယ်။ မှန်တွေအစား မကျိုးပဲ့နိုင်တဲ့အရာတွေနဲ့ […]


အတက်ရောဂါ

အတက်ရောဂါကို သက်သာစေမယ့် အစားအသောက်များ

အတက်ရောဂါဟာ ကမ္ဘာပေါ်မှာ အဖြစ်များတဲ့ရောဂါတစ်မျိုး ဖြစ်ပါတယ်။ အတက်ရောဂါက မျက်တောင်တဖြတ်ဖြတ်ခတ်ခြင်း လို အသေးစားအခြေအနေမှ လုံးဝတက်တဲ့ဆိုးရွားတဲ့ အခြေအနေအထိ ဖြစ်နိုင်ပါတယ်။ ဆရာဝန်က အတက်ရောဂါကို ထိန်းချုပ်ဖို့အတွက် တချို့လူနာတွေကို ketogenic (အော်ဂန်းနစ်ဒြပ်ပေါင်း)ပါတဲ့ အစားအသောက်တွေကို စားဖို့ ညွှန်းဆိုကြပါတယ်။   ၁. ketogenic (အော်ဂန်းနစ်ဒြပ်ပေါင်း)ပါတဲ့ အစားအသောက်တွေဆိုတာ ဘာတွေလဲ။ ketogenic (အော်ဂန်းနစ်ဒြပ်ပေါင်း)ပါတဲ့ အစားအသောက်ဆိုတာ များသောအားဖြင့် အဆီများပြီး ကာဗွန်ဟိုက်ဒြိတ်နည်းတဲ့ အစားအသောက်တွေ ဖြစ်ပါတယ်။ ဒါဟာ ကာဗွန်ဟိုက်ဒြိတ်တွေကို စွမ်းအင်တွေအဖြစ်သုံးပြီး အဆီတွေကို လောင်ကျွမ်းဖို့အတွက် အစားထိုးတာကို လျော့ကျစေနိုင်တယ်။ ketone (အော်ဂန်းနစ်ဒြပ်ပေါင်း)ကို အစားအသောက်များမှ တစ်ဆင့် ကိုယ်တွင်းမှာ ထုတ်လုပ်ပေးပြီး အတက်ရောဂါကို ထိန်းချုပ်စေနိုင်ပြီး အတက်ရောဂါဖြစ်စေတဲ့ အရာတွေကို တားဆီးပေးတယ်။ ဒါ့ကြောင့် ဆရာဝန်နှင့် သေသေချာချာ ဆွေးနွေးပြီး ရက်ချိန်းမှန်မှန်ပြဖို့တော့ လိုပါတယ်။   ၂. ဘယ်လိုလူတွေအတွက် အကူအညီဖြစ်မလဲ။ အတက်ကျဆေးတွေနဲ့ […]


အတက်ရောဂါ

တက်တတ်သောသူတို့အတွက် ဘဝနေထိုင်နည်းများ

သင့်ရဲ့နေထိုင်မှုကို ပြုပြင်ပြောင်းလဲပြီး အတက်ရောဂါ ဝက်ရူးပြန်တာကို ထိန်းချုပ်ခြင်းက စိန်ခေါ်မှုတစ်ရပ်ဖြစ်နိုင်ပါတယ်။ အောက်ပါအချက်တွေနဲ့ သင့်ရောဂါကို ကူညီနိုင်ပါလိမ့်မယ်   ၁။ ဝက်ရူးပြန်ခြင်း တက်ခြင်းနဲ့ပတ်သက်ပြီး မှတ်စု လုပ်ထားပါ။ သင့်ရဲ့ ဝက်ရူးပြန်ခြင်း တက်ခြင်းနဲ့ပတ်သက်ပြီး မှတ်စု လုပ်ထားပါ်တာဟာ အရေးကြီးပါတယ်။ဥပမာ ဘယ်ချိန်မှာဖြစ်တာ ဘယ်လိုဖြစ်တာ ဖြစ်ရင်ဘယ်လိုရပ်ဖို့လုပ်သလဲ ။ မဖြစ်ခင် ဘယ်လိုထူးထူးဆန်းဆန်း ခံစားရသလဲ သင့်ရဲ့ ဒီရောဂါနဲ့ပတ်သက်ပြီး ဆရာဝန်ကို နားလည်စေနိုမယ့် အချက်တွေ သင်ဒီရောဂါပျောက်ဖို့ သောက်နေတဲ့ဆေးဆိုးကျိုးတွေ လက္ခဏာတွေ အာနိသင်တွေ အချိန်တွေ ဖြစ်ပွားချိန်မှာ ရုပ်ပိုင်းနဲ့စိတ်ပိုင်း ထူးခြားခံစားရမှုတွေ စတာတွေဖြစ်ပါတယ်။ ၂။ ဆရာဝန်နှင့် အချိန်မှန် ပြသခြင်း သင်ဆရာဝန်နဲ့ မမကြာမကြာ သွူားရောက်ပြသပြီးတော့ : သင့်ရဲ့ ဝက်ရူးပြန်ခြင်း တက်ခြင်းနဲ့ပတ်သက်တဲ့ မှတ်စုကို ပြသပါ သင့်ရောဂါအခြေအနေတိုးတက်ဖို့ ထိုသူတွေနဲ့ ပူးပေါင်းလုပ်ဆောင်ပါ။ သင့်ရောဂါကို […]


အတက်ရောဂါ

အတက်ရောဂါ အတွက် အရေးကြီး ကာကွယ်ကုသမှုများ

အတက်ရောဂါဆိုတာ ဦးနှောက်ရဲ့ ပုံမှန်လုပ်ဆောင်မှု ပျက်စီးတဲ့အခါ ဖြစ်တတ်တဲ့ ဦးနှောက်မူမမှန် လက္ခဏာရပ်ဖြစ်ပါတယ်။ ဒီရောဂါဟာ လူတစ်ယောက်ကို လဲကျစေ, ကတုန်ကယင်ဖြစ်စေပြီး လက်ရှိဘာဖြစ်နေလဲဆိုတာ မသိနိုင်လောက်အောင် အာရုံကို ပျက်ယွင်းစေပါတယ်။ အောက်ပါတွေကတော့ အတက်ရောဂါ အတွက် အရေးကြီး ကာကွယ်ကုသမှုများ ဖြစ်ပါတယါ။ ၁။ အတက်ရောဂါကိုဘယ်လို တားဆီးနိုင်သလဲ? အောက်ပါ နည်းလမ်းများအားဖြင့်တားဆီးနိုင်ပါတယ်။ - ကိုယ်ဝန်နှင့်ကလေးမွေးဖွားချိန်မှာ တက်ခြင်း ဖြစ်ပေါ်စေနိုင်ပါတယ်။ ဒါကြောင့် သင်နှင့်ကလေး ကျန်းကျန်းမာမာ ဖြစ်စေဖို့ကိုယ်ဝန်ဆောင်စောင့်ရှောက်မှုလမ်းညွှန်ချက်တွေ အတိုင်းလိုက်နာရန်အရေးကြီးပါတယ်။ - ဦးနှောက်ဒဏ်ရာဟာ အတက်ရောဂါအဖြစ် အများဆုံးအကြောင်းဖြစ်ပါတယ်။ အားကစားလုပ်နေစဉ် သို့မဟုတ် ကားမောင်းနေစဉ်ဦးနှောက်ဒဏ်ရာရခြင်းကို တားဆီးဖို့အတွက် ခမောက်သို့မဟုတ်လုံခြုံပစ္စည်းကိရိယာများဝတ်ဆင်ပါ။ သွေးတိုးခြင်းနှင့် ကူးစက်ရောဂါတွေကလည်း အတက်ရောဂါဖြစ်ဖို့ ဦးနှောက်အပေါ်သက်ရောက်မှုရှိနိုင်ပါတယ်။ ထိုကဲ့သို့သောပုံမမှန်မှုတွေက်ု သေချာအောင်ကုသပါ။ - အတက်ရောဂါဟာ လေဖြတ်ခြင်းနှင့်နှလုံးရောဂါ၏ဘေးထွက်ဆိုးကျိုး ဖြစ်နိုင်ပါတယ်။ ရောဂါကို ကာကွယ်တားဆီးဖို့တတ်နိုင်သမျှလေဖြတ်ခြင်းနှင့်နှလုံးရောဂါ၏အခွင့်အလမ်းတွေကိုလျှော့ချဖို့ကြိုးစားပါ။ - ကာကွယ်ဆေးထိုးခြင်းဖြင့်လည်း ဒီရောဂါကို တားဆီးနိုင်ပါတယ် -သင်ရဲ့ လက်ကိုဆေးကြောခြင်းနှင့်အစားအစာသန့်ရှင်းအောင် ပြင်ဆင်ထားရန်လိုပါတယ်။ ၂။ အတက်ရောဂါကို […]

ad iconကြော်ငြာ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း