ဦးနှောက်အာရုံကြောကျန်းမာရေး

ဦးနှောက်နဲ့ အာရုံကြောစနစ်မှာ ဦးနှောက်၊ အာရုံကြောမကြီးနဲ့ အာရုံကြောပေါင်း မြောက်မြားစွာပါဝင်ပြီး ခန္ဓာကိုယ်တစ်ခုလုံးကို ထိန်းချုပ်ထားပါတယ်။ အာရုံကြောရောဂါတွေ ဖြစ်တဲ့ အတက်ရောဂါ၊ ဦးနှောက်သွေးကြောဖောင်းတာ၊ ဦးနှောက်အကျိတ်တွေကြောင့် ဒီစနစ်ကြီးထိခိုက်သွားနိုင်ပါတယ်။ ဒီစာမျက်နှာမှာ ဦးနှောက်နဲ့ အာရုံကြောကို ထိခိုက်စေနိုင်တဲ့ ရောဂါတွေ၊ ကုသနည်းတွေနဲ့ ကာကွယ်နည်းတွေကို လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ဦးနှောက်အာရုံကြောကျန်းမာရေး

ရာသီဥတု အေးတာကြောင့်ဖြစ်တဲ့ ခေါင်းတစ်ခြမ်းကိုက်တာကို သက်သာစေဖို့

နွေပူမှ ခေါင်းကိုက်တာ၊ ခေါင်းတစ်ခြမ်း ကိုက်တာ မဟုတ်ပါဘူး။ ရာသီဥတု အရမ်းအေးရင်လည်း ခေါင်းကိုက်တာ ခေါင်းတစ်ခြမ်းကိုက်တာကို ခံစားရနိုင်ပါတယ်။ ဒီတစ်ခေါက်တော့ ရာသီဥတု အေးတာကြောင့်ဖြစ်တဲ့ ခေါင်းတစ်ခြမ်းကိုက်တာကို သက်သာစေဖို့ ဘာတွေ လုပ်ရမလဲဆိုတာကို ပြောပြပေးချင်ပါတယ်။ ရာသီဥတု အေးလာတဲ့အခါ ဆီရိုတိုနင် အပါအဝင် ဦးနှောက်ထဲက chemical တွေက မညီမမျှဖြစ်ပြီး ခေါင်းတစ်ခြမ်း ကိုက်တာကို ဖြစ်စေပါတယ်။ ရာသီဥတု အေးလို့ ခေါင်းတစ်ခြမ်းကိုက်တာက လူတိုင်းမှာ ဖြစ်တာတော့ မဟုတ်ပါဘူး။ ခေါင်းတစ်ခြမ်း ကိုက်တယ်ဆိုတာ ခေါင်းတစ်ခြမ်းကိုက်တယ်ဆိုတာ ခေါင်းထဲက ပြင်းပြင်းထန်ထန် နာကျင်သလိုမျိုး ခံစားရတာပါ။ ခေါင်းတစ်ခြမ်းကိုက်တာက ခေါင်းထဲက နာကျင်တာအပြင် မအီမသာဖြစ်တာ၊ အလင်းကို မခံနိုင်တာ၊ အသံတွေကြောင့် နားဆူတာကို မခံနိုင်တာမျိုး ခံစားရနိုင်ပါတယ်။ အေးတဲ့ရာသီမှာ ခေါင်းတစ်ခြမ်းကိုက်ရတဲ့ အကြောင်းအရင်း ရာသီဥတု ပြောင်းလဲတာ အထူးသဖြင့် ရာသီဥတု အေးလာတဲ့အခါမျိုးမှာ […]

ဦးနှောက်အာရုံကြောကျန်းမာရေး ကဏ္ဍများကို ပိုမို သိရှိလိုသည်

ဦးနှောက်အာရုံကြောကျန်းမာရေး ကို ရှာဖွေမည်။

လေဖြတ်ခြင်းနှင့် ဦးနှောက်သွေးကြောဖောင်းခြင်း

လေဖြတ်ခြင်းပြီးနောက် လက်ပြန်လည် အသုံးပြုနိုင်ရေး လေ့ကျင့်ခြင်း အပိုင်း-၂

လေဖြတ်ပြီးနောက် ပြန်လည်နာလန်ထခြင်းဟာ ကြီးမားတဲ့စိန်ခေါ်မှုတခုဖြစ်ပြီး အားစိုက်ထုတ်မှု အတော်လေး လိုအပ်ပါတယ်။ သင့်ရဲ့ဦးနှောက်ဟာ လေဖြတ်ခြင်းကြောင့် ပျက်စီးသွားတဲ့ ကျွမ်းကျင်မှုတွေကို ပြန်လည်လေ့လာရပါတယ်။ ဒီအခြေအနေမှာ သင့်ရဲ့လက်ကို ပြန်လည်ကျင့်ယူခြင်းဟာ ခြေထောက်နဲ့မတူဘဲ ထူးခြားပါတယ်။   လက်၏ လုပ်ငန်းပိုင်းဆိုင်ရာ လေ့ကျင့်ခန်းများ လက်ကိုသုံးပြီး အလုပ်တွေပြီးအောင် လုပ်နေစေခြင်းဟာ လေဖြတ်ပြီးချိန်မှာ ပြန်ကောင်းလာဖို့ ထိရောက်တဲ့ နည်းလမ်းတခု ဖြစ်ပါတယ်။ လေဖြတ်ပြီး ပြန်လည် သန်စွမ်းရေး ကိစ္စမှာ လက်တွေ့အသုံးပြုပေးခြင်းက အဓိကဖြစ်ပါတယ်။ ဂီတတူရိယာသင်ယူစဉ်မှာ ဂီတနုတ်စ်တွေကို ထပ်တလဲလဲ လေ့ကျင့်ပေးရတဲ့ သဘောလိုပါပဲ။ နောက်ပိုင်းမှာ သုတေသီတွေဟာ ဦးနှောက်ရဲ့ထိန်းချုပ်မှုနဲ့ လှုပ်ရှားခြင်းတွေအတွက် လုပ်ငန်းဆောင်တာတွေ ဘယ်လိုသတ်မှတ်ထားတယ် ဆိုတာ ပိုပြီး နားလည်လာကြပါတယ်။ ဒါကြောင့် လက်မသန်ဖြစ်တာကို သီးသန့်ကုမယ့်အစား လက်ရဲ့ လုပ်ငန်းဆောင်တာ တခုလုံး ကုသတဲ့နည်းတွေဆီ ပြောင်းလဲခဲ့ကြပါတယ်။ Constraint-induced movement therapy (CIMT) […]


လေဖြတ်ခြင်းနှင့် ဦးနှောက်သွေးကြောဖောင်းခြင်း

လေဖြတ်ခြင်း၏ စိတ်ပိုင်းဆိုင်ရာ ထိရောက်မှု

လေဖြတ်ခြင်းဟာ သင့်ဘဝရဲ့ အရာအားလုံးကို ရုတ်တရက် ပြင်းထန်စွာ ထိခိုက်သွားစေတဲ့ အကျိုးသက်ရောက်မှု ဖြစ်ပါတယ်။ လေဖြတ်သွားတဲ့ လူအများစုဟာ နောက်ပိုင်းမှာ စိတ်ပိုင်းဆိုင်ရာပြောင်းလဲခြင်းတွေ ဖြစ်တတ်ပါတယ်။ လေဖြတ်ခြင်း အတွေ့အကြုံတွေဟာ ကွာခြားနိုင်ပါတယ်။ ဒါပေမယ့် လူအများ တူညိစွာ ခံစားရတာကတော့ အရင်ကဘဝမျိုး ဆုံးရှုံးသွားပြီဆိုတဲ့ ခံစားမှုမျိုးဖြစ်ပါတယ်။ ဆုံးရှုံးမှုကြီးကြီးမားမား ရင်ဆိုင်ရသူများဟာ စိတ်ပိုင်းဆိုင်ရာ ပြောင်းလဲခြင်း ကြုံရပါတယ်။ ထိတ်လန့်ခြင်း၊ လက်မခံနိုင်ခြင်း၊ ဒေါသထွက်ခြင်း၊ ပူဆွေးခြင်းစတာတွေဟာ ဒီလိုကြီးမားတဲ့ အပြောင်းအလဲတွေကြုံရင် ပုံမှန်ခံစားရမယ့် အရာတွေပဲ ဖြစ်ပါတယ်။ လေဖြတ်ပြီးနောက်မှာ ခံစားရမယ့်စိတ်ပိုင်းဆိုင်ရာ ခံစားမှုတွေကို ကိုင်တွယ်ရင်ဆိုင်ဖို့ အလွန်ခက်ပါတယ်။ သင်ဘယ်လိုခံစားနေရသလဲ၊ ဘယ်လိုဖြေရှင်းရမလဲ ဆိုတာ မသိရင် အဲ့ဒီခံစားချက်တွေနဲ့ပဲ လွှမ်းမိုးသွားပြီး ပြသနာတွေပဲ ကြုံနိုင်ပါတယ်။ လေဖြတ်ပြိးချိန်ကြုံရတဲ့ စိတ်ခံစားမှုတွေဟာ အတိုင်းအတာ အမျိုးမျိုးရှိပါတယ်။ ဒီလိုခံစားရခြင်းဟာ ပုံမှန်ကိစ္စတခုပါ။ ဒါပေမယ့် သူတို့တွေက သင့်ဘဝကို […]


လေဖြတ်ခြင်းနှင့် ဦးနှောက်သွေးကြောဖောင်းခြင်း

ကလေးငယ်များ၊ လူငယ်များ လေဖြတ်ပြီးနောက် စိတ်ပိုင်းဆိုင်ရာ ထိခိုက်ခြင်း

လေဖြတ်ခြင်းကြောင့် ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာပါ ထိခိုက်တတ်ပါတယ်။ လေဖြတ်ပြီးနောက် ပြောင်းလဲခြင်းများဟာ အတန်အသင့်ကနေ ဆိုးရွားတဲ့အဆင့်ထိရှိပါတယ်။ ခဏတာကနေ အတော်ကြာတဲ့ အခြေအနေထိ ရှိတတ်ပါတယ်။ လေဖြတ်ခြင်းကြောင့် ဥိးနှောက်ရဲ့ ဘယ်နေရာထိခိုက်တယ်၊ ဘယ်လောက်ပြင်းထန်တယ် ဆိုတဲ့အပေါ် မူတည်ပါတယ်။ လေဖြတ်ပြီးနောက် ဦးနှောက်မှာရှိတဲ့ အပြုအမူပိုင်းဆိုင်ရာ ထိန်းချုပ်တဲ့ အပိုင်းတွေကို ထိခိုက်မိရင် စိတ်ပိုင်းဆိုင်ရာ ပြောင်းလဲခြင်းတွေ ပေါ်လာတတ်ပါတယ်။ ဒီပြောင်းလဲခြင်းတွေဟာ လေဖြတ်ခြင်းကို သင့်ကိုယ်ခန္ဓါက တုံ့ပြန်လို့ပေါ်ပေါက်လာခြင်း ဖြစ်ပါတယ်။ သင့်မှာစိတ်ပိုင်းဆိုင်ရာပြောင်းလဲမှု ဆိုးရွားလာရင် ပျောက်မသွားရင် ဆရာဝန်နဲ့ ဆွေးနွေးပါ။ ဆေါးနွေးနှစ်သိမ့်သူ၊ စိတ်ကျန်းမာရေးကုသသူ တွေဆီမှာလည်း တိုင်ပင်နိုင်ပါတယ်။ ပြောင်းလဲခြင်းတွေကတော့ အောက်ပါအတိုင်း ဖြစ်နိုင်ပါတယ်။ စိတ်ပူပန်ခြင်း။ အကြောင်းအရင်း မယ်မယ်ရရ မရှိဘဲ စိတ်ပူပင်နေတတ်ပါတယ်။ စိတ်ဓါတ်ကျဆင်းခြင်း။ လေဖြတ်ပြီးနောက် ဝမ်းနည်းတာစိတ်ညစ်တာ ဖြစ်တတ်ပါတယ်။ ဒါပေမယ့် ပိုပြီး ဆိုးရွားစွာ စိတ်ထိခိုက်နေတာမျိုး ဖြစ်လာတတ်ပါတယ်။ တခြားသူတွေကို မှီခိုနေရလို့ စိတ်နိုင်းမကျတာ၊ အကူအညီမဲ့တယ် […]


လေဖြတ်ခြင်းနှင့် ဦးနှောက်သွေးကြောဖောင်းခြင်း

လူလတ်ပိုင်းအရွယ်တွင် အရက်အလွန်အကျွံသောက်ခြင်းကြောင့် လေဖြတ်နိုင်ခြေကို မြင့်စေခြင်း

လေဖြတ်ခြင်းအကြောင်းဂျာနယ်ရဲ့ အဆိုအရ တရက်ကို အရက်၂ခွက်ထက် ပိုသောက်သူများဟာ တဝက်လောက်ပဲ သောက်သူများထက် လေဖြတ်နိုင်ခြေ ၃၄% မြင့်တက်တယ်လို့ သိရပါတယ်။ သက်လတ်ပိုင်း ဆွီဒင်လူမျိုး ၁၁၆၄၄ ဦးအပေါ် ၄၃ နှစ်အကြာ ပြုလုပ်ခဲ့တဲ့ သုတေသနအရ သုတေသီတွေဟာ တရက်ကို ၂ခွက်ထက်ပိုသောက်ခြင်း (အသောက်များခြင်း)နဲ့ တဝက်အောက်လျော့သောက်ခြင်း (အသောက်နည်းခြင်း) တို့ရဲ့ သက်ရောက်ပုံတွေကို လေ့လာနိုင်ခဲ့ပါတယ်။ အဲဒီလေ့လာမှုအရအသောက်များသူများဟာ နည်းသူများထက် လေဖြတ်နိုင်ခြေ ၃၄% ပိုများပါတယ်။ သက်လတ်ပိုင်း (၅၀ - ၆၀) အသောက်များသူများဟာ မျိုးရိုးနဲ့အသက်အရွယ်အရ ခန့်မှန်းထားခြင်းထက် ၅နှစ်ပိုစောပြီး လေဖြတ်နိုင်ခြေ ရှိပါတယ်။ အသောက်များသူများဟာ သက်လတ်ပိုင်းမှာ တခြား ဖြစ်နိုင်ခြေအကြောင်းအရာတွေဖြစ်တဲ့ သွေးတိုးနဲ့ ဆီးချိုလိုပဲ လေဖြတ်နိုင်ခြေကို ပိုပြီးမြင့်မားစေပါတယ်။ အသက် ၇၅ နှစ်ဝန်းကျင်မှာတော့ သွေးတိုးနဲ့ဆီးချိုဟာ လေဖြတ်နိုင်စရာရှိတဲ့ တခုတည်းသောလွှမ်းမိုးတဲ့အရာဖြစ်သွားပါတယ်။ ဒါ့အပြင် အရက်နဲ့ […]


လေဖြတ်ခြင်းနှင့် ဦးနှောက်သွေးကြောဖောင်းခြင်း

လေဖြတ်ခြင်းနဲ့ ပတ်သက်ပြီး လူတိုင်း ဘာသိထားဖို့လိုလဲ

လေဖြတ်ခြင်းဟာ ဦးနှောက်ကိုသွားတဲ့ သွေးစီးဆင်းမှုဟာ သွေးခဲပိတ်လို့ ရပ်တန့်သွားရင် ဖြစ်တတ်ပါတယ်။ အသက်အန္တရာယ်ထိခိုက်နိုင်တဲ့ အခြေအနေဖြစ်လို့ လေဖြတ်ခြင်းအကြောင်းကို နားလည်ထားဖို့ အရေးကြီးပါတယ်။ လေဖြတ်ခြင်းနဲ့ ပတ်သက်ပြီး ဘာတွေသိထားသင့်လဲ ဆက်ပြီးကြည့်ရအောင်။   ၁။ ဘာလို့လေဖြတ်သလဲ လေဖြတ်ခြင်း ၂မျိုးရှိပါတယ်။ သွေးကြောပိတ်၍ လေဖြတ်ခြင်းကတော့ ဦးနှောက်ကိုသွားတဲ့ သွေးကြောဟာ သွေးခဲနဲ့ပိတ်သွားရင် ဖြစ်တတ်ပါတယ်။ နောက်တမျိုးကိုတော့ သွေးယိုခြင်းကြောင့် လေဖြတ်ခြင်းလို့ခေါ်ပြီး ဦးနှောက်ထဲက သွေးကြောပေါက်ပြီး သွေးယိုတဲ့အခါ ဦးနှောက်ဆဲလ်တွေ ရောင်လာရင် ဖြစ်တတ်ပါတယ်။   ၂။ လေဖြတ်ခြင်းက သင့်ကို ဘာဖြစ်စေလဲ လေဖြတ်ခြင်းဟာ ဆိုးရွားတဲ့ ပြသနာပါ။ လေဖြတ်ခြင်းကို စောစီးစွာမကုရင် ဦးနှောက်ဟာ အမြဲတမ်း ပျက်စီးသွားနိုင်ပြီး မသန်မစွမ်းဖြစ်တာ၊ စကားပြောခက်တာ၊ နားလည်ဖို့ခက်တာ စတာတွေအပြင် စိတ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုတွေ ဖြစ်သွားနိုင်ပါတယ်။   ၃။ လက္ခဏာတွေက ဘာတွေလဲ လေဖြတ်ခြင်းရဲ့ ဖြစ်နိုင်ခြေ လက္ခဏာတွေကတော့ စကားပြောခက်ခဲခြင်း၊ မပီသခြင်းနဲ့ […]


လေဖြတ်ခြင်းနှင့် ဦးနှောက်သွေးကြောဖောင်းခြင်း

သွေးကြောပေါက်၍ လေဖြတ်ခြင်းအကြောင်း

သွေးကြောပေါက် လေဖြတ်ခြင်းဆိုတာ ဦးနှောက်ထဲက သွေးကြောပေါက်သွားလို့ လေဖြတ်ခြင်း ဖြစ်ပါတယ်။ သွေးထွက်လာတဲ့အခါ ဦးနှောက်ဟာ ရောင်လာပြီး ဦးနှောက်ဆဲလ်တွေကို ပျက်စီးစေပါတယ်။ လေဖြတ်ခြင်းရဲ့ ၁၃%ခန့်ဟာ သွေးကြောပေါက်လို့ လေဖြတ်ရခြင်း ဖြစ်ပါတယ်။ ဘယ်အရာတွေက သွေးကြောပေါက် လေဖြတ်ခြင်း ဖြစ်စေသလဲ အဓိကဖြစ်စေတဲ့ အရာများကတော့ ဦးနှောက်ဒဏ်ရာရခြင်း သွေးတိုးခြင်း သွေးကြောဖောင်းလာခြင်း ပုံမှန်မဟုတ်သော သွေးကြောများ သွေးရောဂါများ (hemophillia၊ sickle cell anemia စသည်) အသည်းအလုပ်မလုပ်ခြင်း ဦးနှောက်ကင်ဆာ စတာတွေပဲ ဖြစ်ပါတယ်။ လက္ခဏာတွေက ဘာတွေလဲ စကားပြောခက်ခဲခြင်း၊ မပီသခြင်းနဲ့ တခြားသူတွေ ဘာပြောနေတယ်ဆိုတာ နားလည်ဖို့ ခက်ခဲခြင်း ကိုယ်ခန္ဓာ တစ်ဖက်ဖက်တွင် ခြေလက်အားနည်းခြင်း မျက်လုံးတစ်ဖက်တွင်ဖြစ်စေ နှစ်ဖက်စလုံးဖြစ်စေ အမြင်ဝါးခြင်း၊ ပုံရိပ်နှစ်ထပ်မြင်ခြင်း ပြင်းထန်စွာခေါင်းကိုက်ခြင်း အန်ခြင်း မူးဝေခြင်း ကောင်းကောင်းမရပ်နိုင်ခြင်း လမ်းလျှောက်ရခက်ခြင်း စတာတွေ […]


လေဖြတ်ခြင်းနှင့် ဦးနှောက်သွေးကြောဖောင်းခြင်း

သွေးကြောပိတ်လေဖြတ်ခြင်းအကြောင်း

အမေရိကန်နှလုံးအဖွဲ့အစည်းရဲ့ အဆိုအရ နှစ်စဉ်နှစ်တိုင်း လူ ၈သိန်းနီးပါးဟာ လေဖြတ်ခြင်းဒဏ် ခံစားရပြီး လေးပုံသုံးပုံခန့်ဟာ ပထမဆုံးအကြိမ် ဖြစ်ပွားတာတာလို့ သိရပါတယ်။ သွေးကြောပိတ်လို့ဖြစ်တဲ့ လေဖြတ်ခြင်းကတော့ အားလုံးရဲ့ ၈၅%ခန့် ရှိပါတယ်။ ဦးနှောက်ကိုသွားတဲ့ သွေးကြောအတွင်း သွေးခဲကြောင့် ပိတ်ဆို့တာဖြစ်ပြီး ဦးနှောက်ဟာ သွေးရရှိတာ နည်းသွားပါတယ်။ သန်းပေါင်းများစွာသော လူသားတို့ဟာ ဒီလေဖြတ်ခြင်း အမျိုးအစားကို အကြောင်းအမျိုးမျိုးကြောင့် ခံစားရပါတယ်။ သွေးကြောပိတ်လေဖြတ်ခြင်း ၂မျိုး ရှိပါတယ်။ ၁။ သွေးခဲပိတ်၍ လေဖြတ်ခြင်း သွေးခဲဟာ ဦးနှောက်ပြင်ပ အထူးသဖြင့် နှလုံးထဲမှာ ဖြစ်ပေါ်ပြီး သွေးစီးကြောင်းနဲ့အတူ ဦးနှောက်ထဲ ရောက်လာပါတယ်။ ဥိးနှောက်ဟာ လူတယောက်ရဲ့ တနေ့တာစွမ်းအင်ရဲ့ ၂၀%ကို အသုံးပြုပါတယ်။ ဒါကြောင့် အလွန်သေးငယ်တဲ့ သွေးကြောကလေးတွေဟာ ဦးနှောက်ထဲမှာ ရှိပါတယ်။ သွေးခဲဟာ ဦးနှောက်ထဲ ရောက်သွားတဲ့အခါ သေးငယ်တဲ့ သွေးကြောလေးတွေကို ပိတ်သွားစေပြီး […]


လေဖြတ်ခြင်းနှင့် ဦးနှောက်သွေးကြောဖောင်းခြင်း

လေဖြတ်ခြင်းအကြောင်း သိသင့်သည်များ

နှစ်တိုင်းမှာ လူဦးရေ ၈သိန်းခန့်ဟာ လေဖြတ်ခြင်းကို ခံစားနေရပြီး စက္ကန့်၄၀မှာ တယောက်နှုန်း ဖြစ်ပွားနေကြပါတယ်။ နှလုံးရောဂါ၊ ကင်ဆာရောဂါ၊ နာတာရှည်အသက်ရှူလမ်းကြောင်းရောဂါနဲ့မတော်တဆထိခိုက်ခြင်းတို့ဟာ ပိုပြီးသေဆုံးမှု များပါတယ်။ လေဖြတ်ခြင်းဟာ ဦးနှောက်ကိုသွားတဲ့ သွေးကြောတွေမှာ ပြသနာဖြစ်ခြင်းပါပဲ။ သွေးကြောပိတ်ခြင်းကြောင့် ဖြစ်စေ၊ သွေးကြောပေါက်ခြင်းကြောင့်ဖြစ်စေ ဦးနှောက်ဆဲလ်တွေကို သေစေနိုင်ပါတယ်။ လေဖြတ်ခြင်းဟာ အရေးပေါ်အခြေအနေဖြစ်ပြီး ကုသမှု အမြန်ဆုံးခံယူဖို့ လိုပါတယ်။ လေဖြတ်ခြင်းဟာ ဦးနှောက်ကိုသွားတဲ့ သွေးကြော ရပ်တန့်သွားတာ၊ လျော့ကျသွားတာကြောင့် ဖြစ်ပါတယ်။ ဒီလိုဖြစ်တဲ့အခါ ဦးနှောက်ကလိုအပ်တဲ့ အောက်ဆီဂျင်နဲ့ အာဟာရဓါတ်တွေ မရတော့ဘဲ ဆဲလ်တွေကို သေသွားစေပါတယ်။ လေဖြတ်ခြင်းဟာ အဓိကအားဖြင့် ၃မျိုး ရှိပါတယ်။ သွေးကြောပိတ်လေဖြတ်ခြင်း၊ သွေးကြောပေါက် လေဖြတ်ခြင်းနဲ့ ယာယီလေဖြတ်ခြင်းတို့ ဖြစ်ပါတယ်။ ဒီဆောင်းပါးမှာ သွေးကြောပိတ် လေဖြတ်ခြင်းနဲ့ သွေးကြောပေါက်လေဖြတ်ခြင်းကို အဓိကထား ပြောသွားပါမယ်။ အမေရိကန်မှာ လေဖြတ်ပြီးသေဆုံးသူများရဲ့ […]


လေဖြတ်ခြင်းနှင့် ဦးနှောက်သွေးကြောဖောင်းခြင်း

ဦးနှောက်သွေးကြောဖောင်းခြင်း ကနေ လေဖြတ်နိုင်ပုံကို လေ့လာကြည့်ရအောင်

ဦးနှောက်သွေးကြောဖောင်းခြင်း (Cerebral aneurysm) ဆိုတာ ဘာလဲ သွေးကြောဖောင်းခြင်းဆိုတာ သွေးကြောရဲ့ အားနည်းတဲ့နေရာကနေ ဖောင်းထွက်လာခြင်း ဖြစ်ပါတယ်။ သွေးကြောဟာ ပူဖောင်းလို ဖောင်းလာတယ်လို့ ဥပမာပေးကြပါတယ်။ ဦးနှောက်ရဲ့နက်ရှိုင်းတဲ့နေရာတွေမှာရှိတဲ့ အဓိကသွေးကြောတွေမှာ ဖြစ်တတ်ပါတယ်။ ခွဲစိတ်နေစဉ် သွေးကြောင်ဖောင်းတာကို လိုက်ရှာတဲ့အခါ ဦးနှောက်အသားတွေကို ဂရုတစိုက် ဖယ်ရှားကြည့်ရပါတယ်။ ဦးနှောက်သွေးကြောဖောင်းတာတွေဟာ ဦးနှောက်ရဲ့ အရှေ့ပိုင်းနဲ့ အနောက်ပိုင်း သွေးလည်ပတ်တဲ့ နေရာတွေမှာ ဖြစ်တတ်ပါတယ်။   ဘယ်လောက်အဖြစ်များလဲ လူဦးရေရဲ့ ၁.၅ ကနေ ၅ရာခိုင်နှုန်း ခန့်ထိဟာ ဦးနှောက်သွေးကြောဖောင်းခြင်း ဖြစ်နိုင်ခြေ ရှိပါတယ်။ အမေရိကန်ရဲ့ လူဦးရေ ၃ သန်းမှ ၅ သန်း အထိဟာ ဦးနှောက်သွေးကြောဖောင်းခြင်း ဖြစ်တတ်ပါတယ်။ ဒါပေမယ့် အများစုဟာ လက္ခဏာ မပြပါဘူး။ ဖြစ်ပွားသူတွေရဲ့ ဝ.၅ ကနေ ၃ ရာခိုင်နှုန်း ခန့်ဟာ […]


ခေါင်းကိုက်ခြင်းနှင့် ခေါင်းတစ်ခြမ်းကိုက်ရောဂါ

ဦးနှောက်သွေးကြော ပုံပျက်ခြင်းဟာ ခေါင်းကိုက်ရခြင်းရဲ့ အကြောင်းရင်းတစ်ခုပါ

ဦးနှောက်သွေးကြောပုံပျက်ခြင်း ပုံမှန်အားဖြင့် သွေးလွှတ်ကြောများဟာ နှလုံးက အောက်ဆီဂျင်ပါတဲ့သွေးကို ဦးနှောက်ဆီသယ်လာပြီး သွေးပြန်ကြောတွေကတော့ အောက်ဆီဂျင်နည်းတဲ့ သွေးကို ဦးနှောက်ကနေ နှလုံးဆီ ပြန်ပို့ပေးပါတယ်။ သွေးလွှတ်ကြောသွေးပြန်ကြော ပုံစံပျက်ခြင်း (AVM) ဖြစ်ပွားရင်တော့ ဦးနှောက်ထဲမှာ၊ ဒါမှမဟုတ် ဦးနှောက်မျက်နှာပြင်ပေါ်မှာ သွေးကြောတွေ ရောထွေးကုန်ပြီး သွေးလွှတ်ကြောထဲက သွေးတွေဟာ လမ်းကြောင်းပြောင်းပြီး သွေးပြန်ကြောထဲ တိုက်ရိုက်ရောက်သွားပါတယ်။ ဦးနှောက်မှာ သွေးလွှတ်ကြောနဲ့သွေးပြန်ကြော ပုံပျက်ခြင်းဟာ လူဦးရေ ၁ % ထက်လျော့နည်းပြီး ဖြစ်ပွားပါတယ်။ လူ ၂၀၀ ကနေ ၅၀၀ လောက်မှာ တဦးခန့်ဖြစ်ပွားတယ်လို့ ခန့်မှန်းထားကြပါတယ်။ အမျိုးသမီးတွေထက် အမျိုးသားတွေမှာ ပိုအဖြစ်များပါတယ်။ ဦးနှောက်သွေးကြောပုံစံပျက်ခြင်း (AVM) ဟာ မွေးရာပါလည်း ဖြစ်တတ်ပါတယ်။ ဒါပေမယ့် မျီုးရိုးတော့ မလိုက်တတ်ပါဘူး။   ဦးနှောက်သွေးကြောပုံစံပျက်ခြင်း လက္ခဏာတွေက ဘာတွေလဲ ရောဂါလက္ခဏာတွေဟာ ပုံပျက်ခြင်းဖြစ်ပေါ်တဲ့ နေရာပေါ်မူတည်ပြီး ပြောင်းလဲတတ်ပါတယ်။ ဦးနှောက်သွေးကြောပုံပျက်ခြင်းဖြစ်သူများရဲ့ […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း