ဦးနှောက်အာရုံကြောကျန်းမာရေး

ဦးနှောက်နဲ့ အာရုံကြောစနစ်မှာ ဦးနှောက်၊ အာရုံကြောမကြီးနဲ့ အာရုံကြောပေါင်း မြောက်မြားစွာပါဝင်ပြီး ခန္ဓာကိုယ်တစ်ခုလုံးကို ထိန်းချုပ်ထားပါတယ်။ အာရုံကြောရောဂါတွေ ဖြစ်တဲ့ အတက်ရောဂါ၊ ဦးနှောက်သွေးကြောဖောင်းတာ၊ ဦးနှောက်အကျိတ်တွေကြောင့် ဒီစနစ်ကြီးထိခိုက်သွားနိုင်ပါတယ်။ ဒီစာမျက်နှာမှာ ဦးနှောက်နဲ့ အာရုံကြောကို ထိခိုက်စေနိုင်တဲ့ ရောဂါတွေ၊ ကုသနည်းတွေနဲ့ ကာကွယ်နည်းတွေကို လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ဦးနှောက်အာရုံကြောကျန်းမာရေး

ရာသီဥတု အေးတာကြောင့်ဖြစ်တဲ့ ခေါင်းတစ်ခြမ်းကိုက်တာကို သက်သာစေဖို့

နွေပူမှ ခေါင်းကိုက်တာ၊ ခေါင်းတစ်ခြမ်း ကိုက်တာ မဟုတ်ပါဘူး။ ရာသီဥတု အရမ်းအေးရင်လည်း ခေါင်းကိုက်တာ ခေါင်းတစ်ခြမ်းကိုက်တာကို ခံစားရနိုင်ပါတယ်။ ဒီတစ်ခေါက်တော့ ရာသီဥတု အေးတာကြောင့်ဖြစ်တဲ့ ခေါင်းတစ်ခြမ်းကိုက်တာကို သက်သာစေဖို့ ဘာတွေ လုပ်ရမလဲဆိုတာကို ပြောပြပေးချင်ပါတယ်။ ရာသီဥတု အေးလာတဲ့အခါ ဆီရိုတိုနင် အပါအဝင် ဦးနှောက်ထဲက chemical တွေက မညီမမျှဖြစ်ပြီး ခေါင်းတစ်ခြမ်း ကိုက်တာကို ဖြစ်စေပါတယ်။ ရာသီဥတု အေးလို့ ခေါင်းတစ်ခြမ်းကိုက်တာက လူတိုင်းမှာ ဖြစ်တာတော့ မဟုတ်ပါဘူး။ ခေါင်းတစ်ခြမ်း ကိုက်တယ်ဆိုတာ ခေါင်းတစ်ခြမ်းကိုက်တယ်ဆိုတာ ခေါင်းထဲက ပြင်းပြင်းထန်ထန် နာကျင်သလိုမျိုး ခံစားရတာပါ။ ခေါင်းတစ်ခြမ်းကိုက်တာက ခေါင်းထဲက နာကျင်တာအပြင် မအီမသာဖြစ်တာ၊ အလင်းကို မခံနိုင်တာ၊ အသံတွေကြောင့် နားဆူတာကို မခံနိုင်တာမျိုး ခံစားရနိုင်ပါတယ်။ အေးတဲ့ရာသီမှာ ခေါင်းတစ်ခြမ်းကိုက်ရတဲ့ အကြောင်းအရင်း ရာသီဥတု ပြောင်းလဲတာ အထူးသဖြင့် ရာသီဥတု အေးလာတဲ့အခါမျိုးမှာ […]

ဦးနှောက်အာရုံကြောကျန်းမာရေး ကဏ္ဍများကို ပိုမို သိရှိလိုသည်

ဦးနှောက်အာရုံကြောကျန်းမာရေး ကို ရှာဖွေမည်။

လေဖြတ်ခြင်းနှင့် ဦးနှောက်သွေးကြောဖောင်းခြင်း

သင့်မှာ လေဖြတ်နိုင်တဲ့ ရှေ့ပြေးလက္ခဏာတွေရှိနေသလား

လေမဖြတ်ခင်မှာ လူနာများဟာ တစ်ခုခုဖြစ်တော့မယ်ဆိုတဲ့ ခံစားချက်ရတတ်ကြောင်း ပြောတတ်ကြပါတယ်။ ဒီလိုအာရုံရတာမျိုးကိုရှေ့ပြေးလက္ခဏာလို့ ခေါ်လေ့ရှိပါတယ်။ တစ်ခါတရံမှာ ရှေ့ပြေးလက္ခဏာတွေဟာ လေဖြတ်ခါနီးရက်အနည်းငယ်လောက်မှာ ကြိုပြတတ်ပါတယ်။ ဒီလိုရှေ့ပြေးခံစားရမှုတွေဟာ ယုံကြည်ရပါသလား။ သိပ္ပံနည်းကျပြောရရင်တော့ ဒါဟာလေဖြတ်နိုင်ခြေရှိတဲ့ လက္ခဏာတွေပါပဲ။ လေဖြတ်ခြင်းရဲ့ ရှေ့ပြေးလက္ခဏာတွေဟာ ယုံကြည်စိတ်ချရသလား ရှေ့ပြေးလက္ခဏာဆိုတာ တစ်ခုခုဖြစ်တော့မယ်ဆိုတာ အခိုင်အမာခံစားမိတာမျိုးကို ဆိုလိုပါတယ်။ အများအားဖြင့် ကောင်းတဲ့အရာတွေတော့ မဟုတ်ပါဘူး။ တချို့အခြေအနေတွေမှာ စဖြစ်တာကို သတိပြုမိတတ်ပါတယ်။ ဥပမာလူနာတချို့ဟာ ဦးနှောက်ကို သွေးရောက်နည်းတာကို ခံစားရတတ်ပါတယ်။ လေဖြတ်ခြင်းကနေ သက်သာလာပြီးတဲ့အခါ လူနာတွေဟာ တစ်စုံတစ်ခုမဖြစ်ခင် ကြိုသိနေသလိုမျိုးရှိခဲ့ကြောင်း 'ငါ တစ်ခုခုမကောင်းတာ ဖြစ်တော့မယ်ဆိုတာသိနေတယ်'  'ငါကြောက်နေခဲ့တယ်' စသဖြင့် ပြန်ပြောင်းပြောတတ်ကြပါတယ်။ အဲ့ဒီလက္ခဏာတွေဟာ ကျင်ခြင်း၊ နားမကြားရခြင်း၊ အမြင်အာရုံပုံမှန် မဟုတ်တော့ခြင်း၊ မူးဝေပျို့အန်ခြင်း၊ ခေါင်းကိုက်ခြင်း၊ စိတ်ရှုပ်ထွေးခြင်း၊ စကားမပီခြင်းစသဖြင့် ဖြစ်တတ်ပါတယ်။ လေမဖြတ်မီ ပိုဖြစ်တတ်ပါတယ်။ လေဖြတ်တဲ့လူနာ ၁၆ […]


လေဖြတ်ခြင်းနှင့် ဦးနှောက်သွေးကြောဖောင်းခြင်း

ရောဂါပိုးဝင်ရောက်ခြင်းက လေဖြတ်နိုင်ခြေကိုမြင့်စေသလား

ဆီးချိုရှိသူတွေဟာ လေဖြတ်ခြင်းကို ပိုမိုကြုံတွေ့နိုင်ပါတယ်။ သူတို့မှာ လေဖြတ်နိုင်ခြေ အန္တရာယ်နဲ့ တခြားကျန်းမာရေးပြသနာတွေ ရှိနေလို့ ဖြစ်ပါတယ်။ လေဖြတ်နိုင်တဲ့ ဖြစ်နိုင်ခြေ အကြောင်းအရာတွေများလေ လေဖြတ်နိုင်ခြေ ရှိလေဆိုတာ သတိပြုရပါမယ်။ လေဖြတ်နိုင်ခြေများစေတဲ့ အကြောင်းတွေကို လေ့လာကြည့်ရအောင်။   ဘယ်အရာတွေက လေဖြတ်နိုင်ခြေရှိသလဲ အမျိုးသားလေဖြတ်ခြင်းဆိုင်ရာအဖွဲ့အစည်းရဲ့ အဆိုအရ နှလုံးခါခြင်းဟာ လေဖြတ်နိုင်ခြေ ၅ဆပိုများပါတယ်။ နှလုံးသွေးလွှတ်ကြော၊ နှလုံးအလုပ်မလုပ်ခြင်း၊ နှလုံးကြီးခြင်းနဲ့ တခြားနှလုံးရောဂါတွေဟာ သင့်ကို လေဖြတ်နိုင်ခြေ ပိုများလာစေပါတယ်။ ကိုလက်စထရောများခြင်းဟာ နှလုံးရောဂါကိုရော နှလုံးသွေးကြောကျဉ်းခြင်းကိုပါ ပိုများစေပါတယ်။ ကိုလက်စထရောမြင့်ခြင်းဟာ သွေးလွှတ်ကြောတွေထဲမှာ အနည်တွေထိုင်လာစေပြီး ဦးနှောက်ကိုသွားတဲ့ သွေးကြောတွေကို ပိတ်ဆို့စေပါတယ်။ ဆီးချိုရောဂါသည်တွေဟာ လေဖြတ်ခြင်းကို ပိုမိုကြုံတွေ့နိုင်ပါတယ်။ သူတို့မှာ လေဖြတ်နိုင်ခြေ အန္တရာယ်နဲ့ တခြားကျန်းမာရေးပြသနာတွေ ဥပမာ သွေးတိုးခြင်း၊ ကိုလက်စထရောများခြင်းနဲ့ နှလုံးရောဂါ စတာမျိုးတွေ ရှိနေလို့ ဖြစ်ပါတယ်။ ကိုယ်အလေးချိန်ပိုနေပြီး လှုပ်ရှားမှုနည်းတာဟာ သွေးတိုးခြင်း၊ […]


လေဖြတ်ခြင်းနှင့် ဦးနှောက်သွေးကြောဖောင်းခြင်း

သွေးကြောကျဉ်းခြင်းဟာ လေဖြတ်ခြင်းကို ဖြစ်ပွားစေတဲ့ အကြောင်းအရင်းတစ်ခုပါ

လေဖြတ်ခြင်း နဲ့ တကျော့ပြန်လေဖြတ်ခြင်းကို လွှမ်းမိုးနေတဲ့အချက်တွေ အများကြီးရှိပါတယ်။ ဖြစ်နိုင်ခြေအကြောင်းခြင်းရာတွေ သင့်မှာရှိလေ၊ သင်ဟာ လေဖြတ်နိုင်ခြေ အခွင့်အရေးများလေ ဖြစ်ပါတယ်။ လေဖြတ်ခြင်း ဖြစ်ပွားနိုင်ခြေကို သင်ကိုယ်တိုင် မထိန်းချုပ်နိုင်တာတွေ ရှိပါတယ်။ အဲဒီအရာတွေကတော့- အသက်။ အသက်ကြီးလာလေ လေဖြတ်နိုင်ခြေ များလေဖြစ်ပါတယ်။ ကျား/မ ကွဲပြားမှု။ အမျိုးသားတွေမှာ ပိုဖြစ်တတ်ပါတယ်။ မိသားစု ရောဂါရာဇဝင် စတာတွေ ဖြစ်ပါတယ်။   သွေးကြောကျဉ်းခြင်းဆိုတာ ဘာလဲ သွေးလွှတ်ကြောဆိုတာ နှလုံးက သွေးတွေကို ခန္ဓါကိုယ်အနှံ့ကို ပို့ဆောင်ပေးတဲ့ သွေးကြောတွေ ဖြစ်ပါတယ်။ သူတို့ အတွင်းပိုင်းကို endothelium လို့ခေါ်တဲ့ ဆဲလ်အလွှာတမျိုးနဲ့ ဖုံးအုပ်ထားပါတယ်။ အဲဒီအလွှာဟာ သွေးစီးဆင်းမှုကောင်းဖို့အတွက် သွေးလွှတ်ကြောတွေရဲ့ အတွင်းနံရံတောင့်တင်းအောင်၊ ချောမွေ့အောင် ထိန်းသိမ်းပေးပါတယ်။ ဒီအလွှာ ပျက်စီးတာနဲ့အတူ သွေးကြောကျဉ်းခြင်း ဖြစ်ပေါ်ပါတယ်။ သွေးတိုးခြင်း၊ ဆေးလိပ်သောက်ခြင်း၊ ကိုလက်စထရောများခြင်း စတာတွေကြောင့် […]


အစွန်အဖျား အာရုံကြောစနစ် ရောဂါများ

အာရုံကြောထိခိုက်နာကျင်ခြင်း

သင့်အာရုံကြောစနစ်ဟာ အသက်ရှူတာကို ထိန်းချုပ်ခြင်းကစလို့ ကြွက်သားတွေကို ထိန်းချုပ်ပေးပြီး အပူအအေး အာရုံခံစားမှုအထိ ကိုယ်ခန္ဓါက ပြုလုပ်သမျှ အရာအားလုံးပါဝင်ပါတယ်။ ကိုယ်ခန္ဓါမှာ အာရုံကြော သုံးမျိုးပါဝင်ဖွဲ့စည်းထားပါတယ်။ ၁။ Autonomic nerves - ဒီအာရုံကြောတွေဟာ ကိုယ်ခန္ဓါက ထိန်းချုပ်လို့မရတဲ့ (သို့) တစ်စိတ်တစ်ပိုင်းသာ ထိန်းချုပ်လို့ရတဲ့ လှုပ်ရှားမှုတွေကို ထိန်းချုပ်ပါတယ်။ နှလုံးခုန်နှုန်း၊ သွေးဖိအား၊ အစာခြေခြင်းနဲ့ အပူချိန် ထိန်းညှိပေးခြင်းတို့ ပါဝင်ပါတယ်။ ၂။ Motor nerves - ဒီအာရုံကြောတွေကတော့ ဦးနှောက်နဲ့ ကျောရိုးမက သတင်းအချက်အလက်တွေကို ကြွက်သားတွေဆီကို သယ်ပို့ပေးပြီး လှုပ်ရှားမှုတွေကို ထိန်းချုပ်ပေးပါတယ်။ ၃။ Sensory nerves - ဒီအာရုံကြောအမျိုးအစားဟာ အရေပြားနဲ့ ကြွက်သားတွေက သတင်းအချက်အလက်တွေကို ဦးနှောက်နဲ့ ကျောရိုးမကို သက်ပို့ပေးပါတယ်။ ဒီသတင်းအချက်အလက်တွေက တစ်ဆင့် နာကျင်မှုနဲ့ အခြားခံစားမှုတွေကို […]


ခေါင်းကိုက်ခြင်းနှင့် ခေါင်းတစ်ခြမ်းကိုက်ရောဂါ

ခေါင်းတစ်ခြမ်းကိုက်ရောဂါအကြောင်း

အဓိပ္ပါယ်ဖွင့်ဆိုချက်ခေါင်းတစ်ခြမ်းကိုက်ခြင်းဆိုတာ ဘာလဲ။ ခေါင်းတစ်ခြမ်းကိုက်ခြင်းဆိုတာဟာ အာရုံခံ သတိပေးတဲ့ လက္ခဏာတွေဖြစ်တဲ့ ပြိုးပြိုးပြက်ပြက် အလင်းရောင်၊ ခြေလက်ထုံကျဉ်ခြင်း၊ ပျို့အန်ခြင်းနဲ့ အလင်းနဲ့ အသံကို အာရုံခံမှုတိုးများခြင်း စသော အချက်များအလျင်ကြိုဖြစ်ပြီး (သို့) အတူတွဲ ဖြစ်သော ခေါင်းကိုက်မှုတစ်ခု ဖြစ်ပါတယ်။ နာကျင်မှုဟာ ပြင်းထန်ပြီးတော့ နာရီများစွာ (သို့) ရက်ပေါင်းများစွာ ကြာမြင့်တတ်ပါတယ်။ ခေါင်းတစ်ခြမ်းကိုက်ခြင်းဟာ သွေးကြောဖေါင်းပွမှုနဲ့ ဒီသွေးကြောတွေကို ရစ်ပတ်ထားတဲ့ အာရုံကြောမျှင်တွေကနေ ဓါတုပစ္စည်း ထုတ်လုပ်မှုတို့ကြောင့် ပေါင်းစပ်ဖြစ်ပေါ်ပါတယ်။ ခေါင်းကိုက်နေစဉ်မှာ သွေးကြောဟာ ကြီးမားလာပါတယ်။ ဒါဟာ ရောင်ရမ်းခြင်းနဲ့ နာကျင်ခြင်းကို ဖြစ်စေတဲ့ ဓါတု ပစ္စည်းတစ်မျိုးကို ထုတ်လုပ်ပေးပြီးတော့ သွေးကြော ကြီးလာခြင်းကို ထပ်မံဖြစ်စေပါတယ်။ ခေါင်းတစ်ခြမ်းကိုက်ခြင်းဟာ sympathetic အာရုံကြောစနစ်ကိုတုံ့ပြန်ခြင်းကိုဖြစ်စေကာ ပျို့အန်ခြင်း၊ ဝမ်းလျှောခြင်းတို့ဖြစ်စေပါတယ်။ ဒီလိုတုန့်ပြန်မှုဟာ အစာအိမ်ကနေ အူသိမ်ထဲကို အစာစွန့်ထုတ်ခြင်းကို ကြာမြင့်စေပြီး သွေးလည်ပတ်မှုကို […]


တခြား ဦးနှောက်နှင့် အာရုံကြောရောဂါများ

ဦးနှောက် ထိခိုက်ခံထားရသူတွေကို ဘယ်လိုကူညီမလဲ

လက္ခဏာများနှင့် ကူညီနိုင်မှုတစ်ခါတစ်ရံ အမြင့်မှ ပြုတ်ကျတာတို့ မတော်တဆမှုတို့ကြောင့် ခေါင်းကိုထိခိုက်မိတဲ့ အခါမှာ ဦးနှောက်ဒဏ်ရာ ရတတ်ပါတယ်။ ဦးခေါင်းနဲ့ မျက်နှာတို့မှာ ထိခိုက်ဒဏ်ရာတွေ ရှိသော်လည်း ဦးနှောက်ထိခိုက်မိတဲ့ လက္ခဏာတွေ ကိုတော့ မတွေ့ ရပါဘူး။ ဦးနှောက်ကို ထိခိုက်လားကြည့်ပါ။ ဦးနှောက်ထိခိုက်ပြီဆိုရင်တော့ အောက်ပါ နေရာတွေမှာ အပြောင်းအလဲတွေ တွေ့ နိုင်ပါတယ်။ တွေးတောကြံဆခြင်းနှင့် မှတ်မိနိုင်ခြင်း • ရှင်းရှင်းလင်းလင်းမတွေးနိုင်ခြင်း • နှေးကွေးခြင်း • အာရုံမစိုက်နိုင်ခြင်း • အသစ်အသစ်တွေကို မမှတ်သားနိုင်တော့ခြင်း ရုပ်ပိုင်းဆိုင်ရာများ • မူးဝေပျို့အန်ခြင်း • ခေါင်းကိုက်ခြင်း • အမြင်များေဝဝါးနေခြင်း • ခေါင်းမူးခြင်း • ကျယ်လောင်တာနှင့် အမြင်စူးခြင်းများ မခံနိုင်ခြင်း • ကိုယ်ဟန်ချက်ကို မထိန်းနိုင်ခြင်း • အင်းအားကုန်ခန်းနေသည်ဟု ခံစားနေရခြင်း စိတ်ခံစားမှုအခြေအနေများ • အလွယ်တကူ စိတ်ဆိုး စိတ်ပျက်လွယ်ခြင်း • ဝမ်းနည်းတတ်ခြင်း • စိတ်လှုပ်ရှားတတ်ခြင်း • ပိုပြီးခံစားလွယ်နေခြင်း အိပ်စက်မှု • နဂိုထက် ပိုမို အိပ်စက်ခြင်း • နဂိုထက် အအိပ်အနေ နည်းခြင်း • အိပ်ပျော်ရ ခက်ခဲခြင်း သူတို့ […]


တခြား ဦးနှောက်နှင့် အာရုံကြောရောဂါများ

ADHDဖြစ်နေသော အရွယ်ရောက်ပြီးလူတွေအတွက် နေ့စဉ်ဘဝနေထိုင်နည်းများ

ADHD (Attention deficit hyperactivity disorder ) ဖြစ်နေတဲ့လူတွေဟာ အချိန်ကို စီမံခန့်ခွဲခြင်း၊ စုစုစည်းစည်းလုပ်ခြင်း၊ ဘဝရည်မှန်းချက်ချမှတ်ခြင်း၊ အလုပ်တစ်ခုခုကို လုပ်ကိုင်ခြင်းတွေနဲ့ အခြားအခြားသောအရာတွေမှာ အခက်အခဲတွေ ရှိတတ်ကြပါတယ်။ အဲဒါဆိုရင် သူတို့တွေဟာ ရိုးရှင်းလွယ်ကူတဲ့ဘဝတစ်ခု ပိုင်ဆိုင်နိုင်အောင် ဘာတွေလုပ်နိုင်ကြမလဲ။ ဆုံးဖြတ်ချက်တစ်ခုခုကို သတ်မှတ်ချိန်တစ်ခုခုအတွင်းမှာ ချနိုင်အောင် လုပ်ပါ။ ADHD ရှိတဲလူတွေဟာ ရိုးရှင်းလှပြီး အခြားလူတွေ မိနစ်အတွင်းမှာ ချနိုင်မယ့် ဆုံးဖြတ်ချက်တွေကို တစ်နေကုန် စဉ်းစားဆုံးဖြတ်နေတတ်ကြပါတယ်။ အချိန်ကုန်သက်သာပြီးမြန်ဆန်စေဖို့အတွက် အချိန်သက်မှတ်ချက်တစ်ခု ဒါမှမဟုတ် ခန့်မှန်းခြေတစ်ခု ထားထားပေးပါ။ ဥပမာအားဖြင့် ADHD ရှိတဲ့သူတစ်ယောက်ဟာ သူ့ကလေးတွေတက်ရမယ့်ကျောင်းကို ရွေးတော့မယ်ဆိုရင် ကန့်သက်ရက်တစ်ခုထားပြီး အဲဒီရက်မတိုင်ခင် အကောင်းဆုံးကျောင်းကို ရွေးချယ်ရပါမယ်။ နောက်ထပ်မတူတဲ့ ဥပမာ တစ်ခုကတော့ ဖိနပ်ဝယ်တော့မယ်ဆိုရင် ဈေးကြီးတာကို ပယ်ပြီး ဈေးချိုတာကို ဝယ်လိုက်ပါ။ အဓိကဖြစ်ချင်တာကတော့ ဆုံးဖြတ်ချက်တွေ ချတဲ့အခါမှာ […]


တခြား ဦးနှောက်နှင့် အာရုံကြောရောဂါများ

အာရုံစူးစိုက်မှုကို ပျက်ပြားစေသည့်အရာများ

လူတိုင်းလူတိုင်းဟာ သူတို့အလုပ်တွေပြီးစီးနိုင်ဖို့ အာရုံစူးစိုက်မှုလိုပါတယ်။ ဒါပေမယ့် တစ်ခါတစ်လေမှာ ကျွန်တော်တို့တွေကိစ္စတစ်ခုခုကြောင့် စူးစိုက်မှုပျက်ပြားတတ်တယ်။ ဒါကြောင့် ဒီလိုအာရုံလွဲတာတွေ မဖြစ်ရအောင် အာရုံစူးစိုက်မှုပျက်ပြားစေတဲ့ အချက်လေးတွေသိထားသင့်ပါတယ်။ အလုပ်များများ တစ်ခါတည်းလုပ်ခြင်း အတော်များများတွေးကြတာက အလုပ်များများ တစ်ခါတည်းလုပ်ခြင်းဟာ အချိန်ကုန်သက်သာစေတယ် ဆိုတာပါပဲ။ တကယ်တော့ မမှန်ပါဘူး။ အလုပ်တစ်ခုကနေတစ်ခုကိုအာရုံပြောင်းနေရတာကအချိန်ပိုကုန်စေပါတယ်။ အလုပ်တွေကအာရုံစူးစိုက်မှု သိပ်မလိုရင် ဒါမှမဟုတ် အရမ်းအလောတကြီးဖြစ်နေမှသာအလုပ်များများ တစ်ခါတည်းလုပ်သင့်တယ်။ ဖုန်းနဲ့ အီလက်ထရောနစ်ပစ္စည်းများ ဖုန်းနဲ့ စကားပြောရင်အချိန်တော်တော်ကုန်ပါတယ်။ ချက်ချင်းဖုန်းသံမြည်လာတာကလဲကိုယ်စိတ်အာရုံကိုပျက်စေတတ်တယ်။ ဒါ့အပြင် လူမှုဆက်သွယ်ရေးတွေဖြစ်တဲ့ facebookနဲ့ twitter တို့ကသင့်ကို လိုင်းပေါ်မှာကြာကြာရှိစေနိုင်ပြီးလိုင်းသုံးတာ chatting ထိုင်တာအတွက် အချိန်တော်တော်ပုပ်သွားစေနိုင်တယ်။ မပြီးသေးတဲ့ အလုပ်တွေကိုစိတ်ပူပန်နေခြင်း မပြီးသေးတဲ့ အလုပ်တွေကိုစိတ်ပူပန်နေတာကလက်ရှိအလုပ်ပေါ်အာရုံစူးစိုက်မှုလျော့စေတယ်။ နည်းလမ်းတစ်ခုကတော့ မပြီးသေးတဲ့ အလုပ်တွေကိုစာရွက်တစ်ခုပေါ်ချရေးတာပါ။ အံ့သြစရာကောင်းတာကဒါဟာသင့်ကိုကောင်းကောင်းနားရစေတယ်။ ဗိုက်ဆာခြင်း ဗိုက်ဆာပြီး အားပြတ်နေတာဟာ အာရုံစူးစိုက်မှုပျက်စေတတ်တယ်။ ဒါကြောင့် သင့်တစ်နေ့တာကိုဗိုက်ဟောင်းလောင်းနဲ့ မစတင်ပါနဲ့။ တူညီတာတစ်ချက်ကလဲသင်ပင်ပန်းနေရင် အာရုံလွတ်နိုင်တယ်။ အကြောင်းရင်းကတော့ သင်အိပ်ရေးမဝလို့ပါ။ အကောင်းဆုံးနည်းကတော့ ညဘက်၈နာရီပြည့်အောင်အိပ်ပါ။ အလုပ်လုပ်ဖို့ပင်ပန်းနေရင်လည်း […]


တခြား ဦးနှောက်နှင့် အာရုံကြောရောဂါများ

ခရီးသွားခြင်းနှင့် ခေါင်းမူးဝေခြင်း

အချို့သောသူတွေဟာ Vertigo တစ်နည်းအားဖြင့် ကားမူးခြင်း လို့ခေါ်တဲ့ မူးဝေခြင်းတွေကြောင့် ခရီးသွားဖို့အတွက် တွန့်ဆုတ်နေတတ်ပါတယ်။ မူးဝေခြင်းဟာ ခရီးထွက်ခြင်းရဲ့အရသာကို အပြည့်အဝခံစားရခြင်းရဲ့ အတားအဆီးတစ်ခုလို ဖြစ်နေပါတယ်။ ဒါကြောင့် ယခုဖော်ပြပါ စာတမ်းဟာ မူးဝေခြင်းနှင့်ပတ်သက်တဲ့ အကြောင်း အရာအချက်အလက် အပြည့်အစုံနှင့် သာယာဖြောင့်ဖြူးတဲ့ခရီးလမ်းကို သွားနိုင်ဖို့ ဘယ်လိုကြိုတင်ပြင်ဆင်သင့် ကြောင်း တွေကိုဖော်ပြပေးမှာဖြစ်ပါတယ်။ Vertigo (မူးဝေခြင်း) ဆိုတာဘာလဲ။ Vertigo ဆိုတဲ့အသုံးအနှုန်းဟာ လက်တင်ဘာသာစကားကနေ ဆင်းသက်လာပြီး 'to turn'(လည်ခြင်း) လို့အဓိပ္ပါယ်ရပါတယ်။ မူးဝေခြင်းကိုခံစားရပြီဆိုရင် လူတွေဟာ သူတို့ကိုယ်တိုင် ဒါမှမဟုတ် သူ့ပတ်ဝန်းကျင်တစ်ခုလုံး ချာချာလည်နေတယ်လို့ ပြောတတ်ကြပါတယ်။ ဒီဝေဒနာဟာ နားအတွင်းပိုင်း ပြသာနာကြောင့် ဖြစ်ရတာပါ။   မူးဝေခြင်း (Vertigo) အမျိုးအစားများ • Diziness - ဒီအမျိုးအစားဟာ တုန်ရီခြင်း၊ နောက်ကျိကျိဖြစ်ခြင်း၊ ဟန်ချက်မညီခြင်းတို့က ိုခံစားရတတ်ပါတယ်။ ချာချာလည်နေတာကိုလုံးဝမခံစားရပါ။ • Beign […]


တခြား ဦးနှောက်နှင့် အာရုံကြောရောဂါများ

ဦးနှောက်ဓါတ်စာများ

ဦးနှောက်ဓါတ်စာများ အလုပ်ခွင် (သို့မဟုတ်) စာလေ့လာရာတွင် အာရုံစူးစိုက်ရန် ခက်ခဲခြင်းမျိုးသင်ကြုံဖူးပါသလား။ ကြုံဖူးလျှင် ဤဆောင်းပါးကိုဖတ်ရန် လိုပေလိမ့်မည်။ ကျန်းမာခြင်းနှင့်မှတ်ဉာဏ်အတွက် ကျွန်ုပ်တု့ိအစားစားကြသော်လည်းအာရုံစူးစိုက်ရခက်ခြင်းသည် အစားအစာများထဲတွင် အာဟာရနည်းခြင်းကိုဖော်ပြနေသည်။ အောက်ပါအစားအစာများသည် သင့်ကိုအာရုံစူးစိုက်ရာ၌ကူညီပေးသဖြင့် ဦးနှောက်ဓါတ်စာများဟုခေါ်ဆိုနိုင်ပါသည်။ (၁)ထောပတ်သီး ထောပတ်သီးတွင်အဆီဓါတ်များပြားစွာပါဝင်သဖြင့် အချို့ကစားသုံးလေ့မရှိပါ။ သို့သော်လည်း ပါဝင်သောအဆီများမှာ ကျန်းမာရေးအတွက်အထောက်အကူပြုသောအဆီများဖြစ်ပါသည်။ ထိုအဆီများသည် သင့်အရေပြားရှိအမျှင်ဓါတ်ထုတ်လုပ်မှုကိုကူညီပေးသဖြင့် အရေပြားချောမွေ့တင်းရင်းခြင်း ၊ နုပျိုခြင်း ၊ လက်သည်းနှင့် ဆံပင်များကျန်းမာခြင်းတို့ဖြစ်စေပါသည်။ ထို့ပြင် သွေးတွင်းသကြားဓါတ်ကိုလည်းထိန်းထားပေးနိုင်စွမ်းရှိသည်။ ပါဝင်သော အခြားအာဟာရများဖြစ်သည့် ဗီတာမင်ကေ ၊ ဖောလစ်အက်ဆစ်တို့ကဦးနှောက်တွင်သွေးခဲခြင်းကိုကာကွယ်ပေးသည့်အတွက် လေဖြတ်ခြင်းကိုကာကွယ်ပေးပါသည်။ ထို့ပြင် မှတ်ဉာဏ်စွမ်းရည်နှင့် အာရုံစူးစိုက်ရာတွင်လည်းကူညီပေးသည်။ (၂)ဘလူးဘယ်ရီသီး အရသာရှိသောဘလူးဘယ်ရီသီးတွင် ဓါတ်တိုးဆန့်ကျင်ပစ္စည်းများ ၊ ဗီတာမင်စီ ၊ ဗီတာမင်ကေ ၊ အမျှင်ဓါတ်နှင့် ဂယ်လစ်အက်ဆစ်တို့အပြည့်ပါဝင်သည်။ ထိုအာဟာရဓါတ်များကဦးနှောက်စွမ်းဆောင်ရည်လျော့ကျခြင်းနှင့် အရွယ်မတိုင်မီအိုမင်းခြင်းကိုကာကွယ်ပေးသည်။ စိတ်ဖိစီးမှုကိုလျှော့ချပေးပြီးအာရုံစူးစိုက်မှုကိုမြင့်မားစေသည်။ ဘလူးဘယ်ရီသီးများကိုဒီတိုင်းစား၍ရသကဲ့သို့ ဖျော်ရည်လုပ်သောက်ခြင်း ၊ ဒိန်ချဉ်နှင့်ရော၍သုံးစွဲခြင်းလည်းပြုနိုင်ပါသည်။ (၃)အစိမ်းရောင်ရှိသောဟင်းသီးဟင်းရွက်များ လေ့လာမှုတစ်ခုအရအစိမ်းရောင်ဟင်းသီးဟင်းရွက်များသည် စိတ်အာရုံစူးစိုက်မှုကောင်းစေရန်ကူညီပေးသည်။ သွေး၏လုပ်ငန်းဆောင်တာများနှင့် […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း