ဦးနှောက်အာရုံကြောကျန်းမာရေး

ဦးနှောက်နဲ့ အာရုံကြောစနစ်မှာ ဦးနှောက်၊ အာရုံကြောမကြီးနဲ့ အာရုံကြောပေါင်း မြောက်မြားစွာပါဝင်ပြီး ခန္ဓာကိုယ်တစ်ခုလုံးကို ထိန်းချုပ်ထားပါတယ်။ အာရုံကြောရောဂါတွေ ဖြစ်တဲ့ အတက်ရောဂါ၊ ဦးနှောက်သွေးကြောဖောင်းတာ၊ ဦးနှောက်အကျိတ်တွေကြောင့် ဒီစနစ်ကြီးထိခိုက်သွားနိုင်ပါတယ်။ ဒီစာမျက်နှာမှာ ဦးနှောက်နဲ့ အာရုံကြောကို ထိခိုက်စေနိုင်တဲ့ ရောဂါတွေ၊ ကုသနည်းတွေနဲ့ ကာကွယ်နည်းတွေကို လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ဦးနှောက်အာရုံကြောကျန်းမာရေး

ရာသီဥတု အေးတာကြောင့်ဖြစ်တဲ့ ခေါင်းတစ်ခြမ်းကိုက်တာကို သက်သာစေဖို့

နွေပူမှ ခေါင်းကိုက်တာ၊ ခေါင်းတစ်ခြမ်း ကိုက်တာ မဟုတ်ပါဘူး။ ရာသီဥတု အရမ်းအေးရင်လည်း ခေါင်းကိုက်တာ ခေါင်းတစ်ခြမ်းကိုက်တာကို ခံစားရနိုင်ပါတယ်။ ဒီတစ်ခေါက်တော့ ရာသီဥတု အေးတာကြောင့်ဖြစ်တဲ့ ခေါင်းတစ်ခြမ်းကိုက်တာကို သက်သာစေဖို့ ဘာတွေ လုပ်ရမလဲဆိုတာကို ပြောပြပေးချင်ပါတယ်။ ရာသီဥတု အေးလာတဲ့အခါ ဆီရိုတိုနင် အပါအဝင် ဦးနှောက်ထဲက chemical တွေက မညီမမျှဖြစ်ပြီး ခေါင်းတစ်ခြမ်း ကိုက်တာကို ဖြစ်စေပါတယ်။ ရာသီဥတု အေးလို့ ခေါင်းတစ်ခြမ်းကိုက်တာက လူတိုင်းမှာ ဖြစ်တာတော့ မဟုတ်ပါဘူး။ ခေါင်းတစ်ခြမ်း ကိုက်တယ်ဆိုတာ ခေါင်းတစ်ခြမ်းကိုက်တယ်ဆိုတာ ခေါင်းထဲက ပြင်းပြင်းထန်ထန် နာကျင်သလိုမျိုး ခံစားရတာပါ။ ခေါင်းတစ်ခြမ်းကိုက်တာက ခေါင်းထဲက နာကျင်တာအပြင် မအီမသာဖြစ်တာ၊ အလင်းကို မခံနိုင်တာ၊ အသံတွေကြောင့် နားဆူတာကို မခံနိုင်တာမျိုး ခံစားရနိုင်ပါတယ်။ အေးတဲ့ရာသီမှာ ခေါင်းတစ်ခြမ်းကိုက်ရတဲ့ အကြောင်းအရင်း ရာသီဥတု ပြောင်းလဲတာ အထူးသဖြင့် ရာသီဥတု အေးလာတဲ့အခါမျိုးမှာ […]

ဦးနှောက်အာရုံကြောကျန်းမာရေး ကဏ္ဍများကို ပိုမို သိရှိလိုသည်

ဦးနှောက်အာရုံကြောကျန်းမာရေး ကို ရှာဖွေမည်။

ဦးနှောက်နှင့် အာရုံကြောမကြီး ရောဂါ

Cervical Radiculopathy (လည်ပင်းအာရုံကြောများလုပ်ဆောင်မှုပျက်ယွင်းခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Cervical Radiculopathy (လည်ပင်းအာရုံကြောများလုပ်ဆောင်မှုပျက်ယွင်းခြင်း) ကဘာလဲ။ လည်ပင်းရှိကျောရိုးမကြီးအနားမှာရှိနေတဲ့ အာရုံကြောအမြစ်တစ်ခုခု ဖိမိ၊ ထိခိုက်မှုသွားတဲ့အခါဖြစ်တဲ့ အာရုံကြောလုပ်ဆောင်မှုပျက်ယွင်းခြင်း၊ လျော့ကျခြင်း ဖြစ်တယ်။ ထိခိုက်သွားတဲ့ အာရုံကြောအမြစ်တည်နေရာပေါ်မူတည်ကာ ထိုအာရုံကြောထောက်ပံ့နေတဲ့ လက်၊ လက်မောင်းတို့ကနေရာတွေမှာ နာကျင်ခြင်း၊ ထုံကျဉ်ခြင်း၊ အာရုံမခံစားနိုင်ခြင်း တို့ဖြစ်စေပါတယ်။ Cervical Radiculopathy (လည်ပင်းအာရုံကြောများလုပ်ဆောင်မှုပျက်ယွင်းခြင်း) က ဘယ်လောက်အဖြစ်များသလဲ အမျိုးသားရော၊ အမျိုးသမီးမှာပါဖြစ်နိုင်တယ်။ ဒါပေမယ့် အမျိုးသမီးတွေ၊ အထူးသဖြင့် ၅၀ ကျော်အမျိုးသမီးတွေမှာ ပိုဖြစ်နိုင်ပါတယ်။ အသေးစိတ်အချက်အလက်တွေအတွက် ဆရာဝန်နဲ့ဆွေးနွေးကြည့်ပါ။ လက္ခဏာများCervical Radiculopathy (လည်ပင်းအာရုံကြောများလုပ်ဆောင်မှုပျက်ယွင်းခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ ကနဦးလက္ခဏာတွေကတော့ လက်မောင်း၊ လည်ပင်း၊ ရင်ဘက်၊ ကျောအပေါ်ပိုင်းနဲ့ ပုခုံးတွေမှာ ပျံ့နှံ့လာတဲ့နာကျင်မှုပဲဖြစ်တယ်။ လက်၊ လက်ချောင်းတွေမှာထုံလာ၊ ကျဉ်လာခြင်း၊ ကြွက်သားတွေအားနည်းခြင်းတို့လည်းဖြစ်ပါတယ်။ တခြားလက္ခဏာတွေကတော့ စုပေါင်းလုပ်ဆောင်တဲ့ ဆောင်ရွက်ချက်တွေမှထိခိုက်ခြင်း၊ မရှိခြင်း တု့ိဖြစ်ပြီး လက်မှာအဖြစ်များပါတယ်။ ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ ဖော်ပြပါလက္ခဏာတွေရှိမယ်ဆိုရင်၊ သိလိုသည်များရှိမယ်ဆိုရင် ဆရာဝန်နဲ့တိုင်ပင်သင့်တယ်။ လူတိုင်းခန္ဓါကိုယ်ကတစ်ယောက်နဲ့တစ်ယောက်မတူတာကြောင့် […]


တခြား ဦးနှောက်နှင့် အာရုံကြောရောဂါများ

Brain Abscess (ဦးနှောက်ပြည်တည်နာ)

အဓိပ္ပါယ်ဖွင့်ဆိုချက်Brain Abscess (ဦးနှောက်ပြည်တည်နာ) ကဘာလဲ။ ဦးနှောက်ပြည်တည်နာဆိုတာ ဦးနှောက်ရောဂါပိုးဝင်ခြင်းတစ်မျိုးကြောင့်ဖြစ်ပြီး သာမန်ကျန်းမာနေသူတွေမှာပါဖြစ်နိုင်ပါတယ်။ ကိုယ်ခံအားနည်းသူတွေမှာ မှိုကြောင့် ဦးနှောက်ပြည်တည်နာ ရနိုင်ချေများတတ်တယ်။ ပြည်များနဲ့ ဆဲလ်အသေများစုခြင်းဟာ ဦးနှောက်ကိုရောင်ရမ်းစေတယ်။ မှို၊ ဗိုင်းရပ်စ်၊ ဘတ်တီးရီးယားတွေဟာ သင့်ခေါင်းမှဒဏ်ရာ ဒါမှမဟုတ် ခန္ဓါကိုယ်တစ်နေရာရာက ရောဂါပိုးဝင်ခြင်းတစ်ခုခုကနေ ဦးနှောက်ကိုရောက်ရှိပြီး ဦးနှောက်မှာပြည်တည်နာဖြစ်လာတယ်။ ပုံမှန်အားဖြင့်တော့ လူ့ဦးနှောက်ဆိုတာ ပြည့်စုံတဲ့အကာအကွယ်ကြောင့် ရောဂါပိုးဝင်ခဲပါတယ်။ ထိုအကာအကွယ်တွေမှာ ဦးနှောက်နဲ့သွေးကြားအရံအတား(blood-brain barrier) လို့ခေါ်တဲ့ သွေးတွင်းမှ အညစ်အကြေးတွေ ဦးနှောက်ဆီမရောက်အောင်တားပေးတဲ့ အမြှေးပါးထူထူတစ်ခုပါတယ်။ ဒါပေမယ့် တချို့အခါတွေမှာ ပိုးမွှားတွေဟာ အကာအကွယ်ကိုကျော်ပြီး ဦးနှောက်ဆီရောက်ကာ ဦးနှောက်ကိုတိုက်ခိုက်နိုင်တယ်။ Brain Abscess (ဦးနှောက်ပြည်တည်နာ) က ဘယ်လောက်အဖြစ်များသလဲ အသေးစိတ်အချက်အလက်အတွက် ဆရာဝန်ကိုမေးမြန်းနိုင်ပါတယ်။ လက္ခဏာများBrain Abscess (ဦးနှောက်ပြည်တည်နာ) ရဲ့လက္ခဏာတွေကဘာတွေလဲ တေ့ွရလေ့ရှိတဲ့လက္ခဏာတွေကတော့ – စိတ်ပိုင်းဆိုင်ရာအခြေအနေပြောင်းလဲမှု၊ စိတ်ရှုပ်ထွေးလာခြင်း၊ စိတ်ဆတ်လွယ်လာခြင်း၊ စကားပြောနည်းလာခြင်း ထိတွေ့အာရုံသိမှုနည်းလာခြင်း ကြွက်သားများလုပ်ဆောင်မှုအားနည်းသောကြောင့် လှုပ်ရှားမှုနည်းခြင်း အမြင်အာရုံပြောင်းလဲခြင်း အကျင့်စရိုက်၊ အပြုအမူပြောင်းလဲခြင်း အန်ခြင်း ဖျားခြင်း ချမ်းတုန်ခြင်း ကလေးငယ်တွေမှာလက္ခဏာတော်တော်များများဆင်တူပါတယ်။ ဒါပေမယ့် သင့်ကလေးမှာ တခြားလက္ခဏာတွေလည်း […]


လေဖြတ်ခြင်းနှင့် ဦးနှောက်သွေးကြောဖောင်းခြင်း

Brain Aneurysm (ဦးနှောက်သွေးကြောဖောင်းခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Brain Aneurysm (ဦးနှောက်သွေးကြောဖောင်းခြင်း) ကဘာလဲ။ Brain aneurysm တနည်း cerebral aneurysm ဆိုတာ ဦးနှောက်ကိုထောက်ပံ့နေတဲ့ သွေးကြောနံရံ၏ လျော့လျဲသွားသောနေရာတစ်နေရာမှ ဖောင်းလာခြင်းဖြစ်တယ်။ ဦးနှောက်သွေးကြောဖောင်းခြင်းဟာ များသောအားဖြင့် လက္ခဏာမပြတာကြောင့် သတိမထားမိဘဲ ရှိတတ်တယ်။ တချို့ရှားပါးသောအခြေအနေတွေမှာတော့ ထိုဖောင်းလာသောနေရာမှ ပေါက်ထွက်သွားကာ သွေးများဦးခေါင်းခွံထဲဝင်သွားပြီး လေဖြတ်တတ်ပါတယ်။ ထိုဖောင်းနေသောသွေးကြောနေရာ ပေါက်သွားတဲ့အခါ Arachnoid လို့ခေါ်တဲ့ဦးနှောက်အမြှေးပါးလွှာတစ်မျိုးအောက်မှာသွေးယိုခြင်း ဖြစ်လာတယ်(subarachnoid hemorrhage)။ သွေးယိုခြင်းပေါ်မူတည်ကာ ဦးနှောက်ပျက်စီးမှု သို့ သေဆုံးခြင်းတို့ဖြစ်နိုင်တယ်။ အဖြစ်အများဆုံးသွေးကြောကတော့ ဦးနှောက်အောက်ဖက်ပိုင်းမှာရှိတဲ့ circle of Willis လို့ခေါ်တဲ့သွေးကြောကွန်ယက်ဖြစ်တယ်။ Brain Aneurysm (ဦးနှောက်သွေးကြောဖောင်းခြင်း) က ဘယ်လောက်အဖြစ်များသလဲ တကယ်တော့ လူထုတစ်ခုလုံးရဲ့ ၁.၅ မှ ၅ ရာခိုင်နှုန်းလောက်မှာ ဦးနှောက်သွေးကြောဖောင်းနေနိုင်တယ်။ ရောဂါဖြစ်စေနိုင်တဲ့အချက်တွေကိုလျှော့ချခြင်းဖြင့် အခြေအနေကိုထိန်းသိမ်းနိုင်ပါလိမ့်မယ်။ လက္ခဏာများBrain Aneurysm (ဦးနှောက်သွေးကြောဖောင်းခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ ဦးနှောက်သွေးကြောဖောင်းခြင်းရဲ့လက္ခဏာတွေကတော့- များသောအားဖြင့်လက္ခဏာမပြတတ်ဘဲ တခြားမဆိုင်သော အခြေအနေတစ်ခုခုအတွက် စစ်ဆေးရင်းနဲ့သာ တွေ့ကောင်းတွေ့ရတတ်ပါတယ်။ […]


တခြား ဦးနှောက်နှင့် အာရုံကြောရောဂါများ

Brain AVM (arteriovenous malformation) (ဦးနှောက်သွေးလွှတ်ကြောနှင့်သွေးပြန်ကြော မှားယွင်းဆက်သွယ်မ)

အဓိပ္ပါယ်ဖွင့်ဆိုချက်Brain AVM (arteriovenous malformation) (ဦးနှောက်သွေးလွှတ်ကြောနှင့်သွေးပြန်ကြော မှားယွင်းဆက်သွယ်မ) ကဘာလဲ။ AVM ဆိုတာ ဦးနှောက်ကိုထောက်ပံ့ပေးနေတဲ့ သွေးလွှတ်ကြောနဲ့ သွေးပြန်ကြောတို့ ပုံမှန်မဟုတ်စွာ ဆက်သွယ်နေခြင်းဖြစ်တယ်။ သွေးလွှတ်ကြောတွေဟာ အောက်စီဂျင်ကြွယ်ဝတဲ့ သွေးတွေကို ဦးနှောက်ဆီထောက်ပံ့ဖို့ဖြစ်ပြီး သွေးပြန်ကြောတွေကတော့ အောက်စီဂျင်မရှိတော့တဲ့ သွေးတွေကို အဆုတ်နဲ့ နှလုံးဆီကို ပို့ပေးဖို့ဖြစ်တယ်။ ဒါကြောင့် AVM ဖြစ်ပေါ်လာပါက ထိုအသက်သွေးကြောဖြစ်စဉ်ကို အနှောင့်အယှက်ပေးပါတယ်။ Brain AVM (arteriovenous malformation) (ဦးနှောက်သွေးလွှတ်ကြောနှင့်သွေးပြန်ကြော မှားယွင်းဆက်သွယ်မ) က ဘယ်လောက်အဖြစ်များသလဲ အလွန်ရှားပါးပြီး ပျမ်းမျှလူဦးရေရဲ့ ၁ ရာခိုင်နှုန်းလောက်မှာသာ ဖြစ်ပေါ်လေ့ရှိတယ်။ အသေးစိတ်အတွက် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်နိုင်ပါတယ်။ လက္ခဏာများBrain AVM (arteriovenous malformation) (ဦးနှောက်သွေးလွှတ်ကြောနှင့်သွေးပြန်ကြော မှားယွင်းဆက်သွယ်မ) ရဲ့လက္ခဏာတွေကဘာတွေလဲ ထိုသွေးလွှတ်ကြောနဲ့ သွေးပြန်ကြော ပုံမှန်မဟုတ်ဆက်သွယ်နေရာမှ ပေါက်ပြီးသွေးမယိုမချင်း လက္ခဏာပြခဲပါတယ်။ ထိုကဲ့သို့အခြေအနေတွေရဲ့ တဝက်လောက်မှာ သွေးယိုခြင်းက ပထမဆုံးလက္ခဏာဖြစ်တယ်။ ဒါပေမယ့် […]


ဦးနှောက်နှင့် အာရုံကြောမကြီး ရောဂါ

Angelman Syndrome (အိန်ဂျယ်မန်းရောဂါလက္ခဏာစု)

အဓိပ္ပါယ်ဖွင့်ဆိုချက်Angelman Syndrome (အိန်ဂျယ်မန်းရောဂါလက္ခဏာစု) ကဘာလဲ။ အိန်ဂျယ်မန်းရောဂါလက္ခဏာစုဆိုတာ အာရုံကြောစနစ်ကို ထိခိုက်စေတဲ့ မျိုးရိုးဗီဇ ပြသနာဖြစ်ပြီး ဆိုးရွားတဲ့ ရုပ်ပိုင်းဆိုင်ရာ၊ ဉာဏ်ရည်ဉာဏ်သွေးဆိုင်ရာ မစွမ်းမသန်ခြင်းကို ဖြစ်စေပါတယ်။   ဒီရောဂါရှိသူများဟာ မကြာခဏ ပြုံးရယ်နေတတ်ပြီး စိတ်လှုပ်ရှားလွယ်တဲ့ သဘာဝရှိပါတယ်။ ဖွံ့ဖြိုးမှုနောက်ကျပြီး အသက် ၆လနဲ့တနှစ်ကြားမှာ ရောဂါလက္ခဏာတွေ စတင်ပြတတ်ပါတယ်။ အသက် ၂နှစ် ၃နှစ်အကြား အတက်ရောဂါ ဖြစ်တတ်ပါတယ်။   ဒီရောဂါရှိသူများဟာ ပျောက်ကင်းအောင် မကုနိုင်ပေမယ့် ပုံမှန်သက်တမ်းအတိုင်း နေနိုင်ပါတယ်။ ကုသမှုဟာ ဆေးဝါးကုသရေးနဲ့ ဖွံ့ဖြိုးရေးဆိုင်ရာ ကိစ္စများပဲ ဖြစ်ပါတယ်။ Angelman Syndrome (အိန်ဂျယ်မန်းရောဂါလက္ခဏာစု) က ဘယ်လောက်အဖြစ်များသလဲ အဖြစ်များပါတယ်။ ကလေးတွေမှာ ပိုဖြစ်တာများပါတယ်။ ဒါပေမယ့် ဖြစ်နိုင်ခြေအန္တရာယ်တွေကို လျှော့ချနိုင်ပါတယ်။ ပိုသိရအောင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လက္ခဏာများAngelman Syndrome (အိန်ဂျယ်မန်းရောဂါလက္ခဏာစု) ရဲ့လက္ခဏာတွေကဘာတွေလဲ တွေ့ရများတဲ့ လက္ခဏာတွေက အောက်ပါအတိုင်း ဖြစ်ပါတယ်။ ရောဂါရှိသူကလေးများဟာ ပုံမှန်အတိုင်း မွေးဖွားလာပေမယ့် ပထမတလအရွယ်မှာပဲ […]


ဦးနှောက်နှင့် အာရုံကြောမကြီး ရောဂါ

Aphasia (ဦးနှောက်ထိခိုက်မှုကြောင့် စကားမပြောနိုင်ခြင်း)

ဦးနှောက်ထိခိုက်မှုကြောင့် စကားမပြောနိုင်ခြင်းဆိုတာ ဆက်သွယ်ပြောဆိုနိုင်စွမ်း ပျောက်ဆုံးသွားတာပါပဲ။ စကားပြောနိုင်စွမ်း၊ စာရေးနိုင်စွမ်း၊ ဘာသာစကား နားလည်နိုင်စွမ်း (အရေးအဖတ်) စတာတွေကို ထိခိုက်စေပါတယ်။ လေဖြတ်ခြင်း၊ ဦးခေါင်းဒဏ်ရာရခြင်း စတာတွေကြောင့် ဖြစ်တတ်ပါတယ်။ တဖြည်းဖြည်းကြီးလာတဲ့ ဦးနှောက်အကျိတ်နဲ့ ဆိုးရွားလာတဲ့ ထိခိုက်မှုတွေကြောင့်လည်း ဖြစ်တတ်ပါတယ်။ ထိခိုက်မှု အခြေအနေကတော့ ဦးနှောက်ရဲ့ ဘယ်နေရာမှာ ဘယ်လိုထိခိုက်တယ်ဆိုတာရယ်၊ ဘယ်အရာတွေက ထိခိုက်စေတယ်ဆိုတာအပေါ် မူတည်ပါတယ်။ အကြောင်းအရင်းကို သိပြီးချိန်မှာ အဓိကကုသမှုကတော့ စကားနဲ့ ဘာသာရပ်ကုထုံးပဲ ဖြစ်ပါတယ်။ ဒီရောဂါဖြစ်ထားသူဟာ ဘာသာစကားစွမ်းရည်နဲ့ တဦးကိုတဦး ဘယ်လိုဆက်သွယ်ရမယ်ဆိုတာ ပြန်လည်သင်ယူရပါတယ်။ ဒီဖြစ်စဉ်မှာ မိသားစုဝင်တွေကပါ ပါဝင်ကူညီရပါတယ်။ အဓိပ္ပါယ်ဖွင့်ဆိုချက်Aphasia (ဦးနှောက်ထိခိုက်မှုကြောင့် စကားမပြောနိုင်ခြင်း) ကဘာလဲ။ ဦးနှောက်ထိခိုက်မှုကြောင့် စကားမပြောနိုင်ခြင်းဆိုတာ ဆက်သွယ်ပြောဆိုနိုင်စွမ်း ပျောက်ဆုံးသွားတာပါပဲ။ စကားပြောနိုင်စွမ်း၊ စာရေးနိုင်စွမ်း၊ ဘာသာစကား နားလည်နိုင်စွမ်း (အရေးအဖတ်) စတာတွေကို ထိခိုက်စေပါတယ်။ လေဖြတ်ခြင်း၊ ဦးခေါင်းဒဏ်ရာရခြင်း စတာတွေကြောင့် ဖြစ်တတ်ပါတယ်။ […]


တခြား ဦးနှောက်နှင့် အာရုံကြောရောဂါများ

Airsickness (လေယာဉ်မူးခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Airsickness (လေယာဉ်မူးခြင်း) ကဘာလဲ။ လူးလွန့်နေတဲ့လှေပေါ်မှာ နိမ့်လိုက်မြင့်လိုက်ဖြစ်နေတဲ့ လှေပေါ်မှာဝမ်းဗိုက်မအီမသာ ဖြစ်တဲ့အခါ ယာဉ်မူးခြင်းဖြစ်ကြောင်း သိနိုင်ပါတယ်။ လေယဉ်မူးခြင်းဆိုတာကတော့ လေယာဉ်မောင်းသူတွေနဲ့ ခရီးသည်တွေမှာ ခံစားရတဲ့ ပြသနာဖြစ်ပါတယ်။ လေကြောင်းခရီးသွားတဲ့အခါ ဖြစ်ပေါ်ပါတယ်။ ပျံသန်းမှုစတင်လေ့ကျင့်ခါစမှာ ကိုယ်ခန္ဓါကနေ ရွေ့လျားနေတဲ့အရာတွေနဲ့ လိုက်ပါချိန်ညှိဖို့ ကြိုးစားရင်း မူးဝေခြင်းဖြစ်တတ်ပါတယ်။ လူအများစုဟာလည်း ပထမအကြိမ်လေယဉ်စီးတဲ့အခါ ဖြစ်တတ်ပါတယ်။ ဖြေရှင်းနည်းတွေတော့ ရှိပါတယ်။ Airsickness (လေယာဉ်မူးခြင်း) က ဘယ်လောက်အဖြစ်များသလဲ အဖြစ်များပါတယ်။ အမျိုးသားတွေထက် အမျိုးသမီးတွေမှာ ပိုဖြစ်တတ်ပါတယ်။ အသက်အရွယ်မရွေးဖြစ်တတ်ပါတယ်။ ဒါပေမယ့် ဖြစ်နိုင်ခြေအန္တရာယ်တွေကို လျှော့ချနိုင်ပါတယ်။ ပိုသိရအောင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။   လက္ခဏာများAirsickness (လေယာဉ်မူးခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ အောက်ပါအချက်တွေကတော့ အတွေ့များတဲ့ လက္ခဏာတွေ ဖြစ်ပါတယ်။ ပျို့ချင်အန်ချင်ဖြစ်ခြင်း ပျို့အန်ခြင်း နွမ်းနယ်ခြင်း အေးခြင်း ချွေးထွက်ခြင်း သွားရည်ပိုထွက်လာခြင်း အန်ခြင်း သမ်းဝေခြင်း ခေါင်းကိုက်ခြင်း မူးခြင်း ပိုဆိုးရွားတဲ့အခြေအနေမှာ ပတ်ဝန်းကျင် အမှန်ကို မသိခြင်း၊ ပုံမှန်အတိုင်း မလုပ်ဆောင်နိုင်ခြင်း အထက်ပါဖော်ပြချက်တွေမှာ မပါသေးတဲ့ လက္ခဏာတွေလည်း ရှိနေနိုင်ပါသေးတယ်။ လက္ခဏာ တခုခုနဲ့ ပတ်သက်လို့ စိုးရိမ်မှုရှိရင် ဆရာဝန်နဲ့ တိုင်ပင်ပါ။ ဘယ်အချိန်မှာ […]


တခြား ဦးနှောက်နှင့် အာရုံကြောရောဂါများ

Allan-Herndon-Dudley Syndrome (အလန်ဟန်ဒန်ဒတ်လေ ရောဂါလက္ခဏာစု)

Allan-Herndon-Dudley Syndrome (အလန်ဟန်ဒန်ဒတ်လေ ရောဂါလက္ခဏာစု)က ဘာလဲ။ အလန်ဟန်ဒန်ဒတ်လေ ရောဂါလက္ခဏာစုဆိုတာ ရှားပါးတဲ့ ဦးနှောက်ပိုင်းရောဂါဖြစ်ပြီး ဉာဏ်ရည်ချို့တဲ့မှု၊ လှုပ်ရှားသွားလာမှုတွေမှာ ပြသနာရှိနေတဲ့ အခြေအနေ ဖြစ်ပါတယ်။ ဒီပြသနာဟာ ယောက်ျားလေးတွေမှာပဲ ဖြစ်ပွားပြီး မမွေးခင်ကပဲ ဖွံ့ဖြိုးကြီးထွားမှုကို နှောင့်နှေးစေပြီး စတင်ဖြစ်ပွားပါတယ်။ ရောဂါရှိသူ ယောက်ျားလေးတွေဟာ စကားကောင်းကောင်း မပြောနိုင်ခြင်း၊ လူအများနဲ့ ဆက်သွယ်ပြောဆိုရန် ခက်ခဲခြင်း စတာတွေ ဖြစ်တတ်ပါတယ်။ ဒီရောဂါရှိတဲ့ ကလေးအများစုဟာ ကြွက်သားအားနည်းခြင်း၊ ကြွက်သားများ ဖွံ့ဖြိုးမှုနောက်ကျခြင်း စတာတွေ ဖြစ်တတ်ပါတယ်။ အသက်ကြီးလာရင် အဆစ်အမြစ်တွေ ပုံစံပျက်ပြီး အချို့အဆစ်တွေမှာ လှုပ်ရှားရခက်လာစေပါတယ်။ ပုံမှန် မဟုတ်ဘဲ ကြွက်သားတောင့်တင်းခြင်း၊ ကြွက်သားအားနည်းခြင်း၊ လက်နဲ့ခြေထောက်တွေ အလိုလို လှုပ်ရှားနေတတ်ခြင်း စတာတွေဟာ လှုပ်ရှားသွားလားမှုကို အကန့်အသတ်ဖြစ်စေပါတယ်။ ရလာဒ်အနေနဲ့ ဒီရောဂါရှိသူများဟာ မိမိဖာသာ သွားလာခြင်း မလုပ်နိုင်တော့ဘဲ […]


ခေါင်းကိုက်ခြင်းနှင့် ခေါင်းတစ်ခြမ်းကိုက်ရောဂါ

Chronic Headache (နာတာရှည်ခေါင်းကိုက်ခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Chronic Headache (နာတာရှည်ခေါင်းကိုက်ခြင်း) ကဘာလဲ။ လူတိုင်းမှာတော့ ခေါင်းကိုက်ဝေဒနာ ရှိကြတာချည်းပါပဲ။ ဒါပေမဲ့ ရက်ပေါင်းများစွာ ကြာတဲ့ထိ မပျောက်သေးရင် ဒါမှမဟုတ် နေ့စဉ်ခေါင်းကိုက်ခြင်းကို ကာလကြာရှည်ခံစားနေရရင်တော့ ပုံမှန်မဟုတ်တော့ပါဘူး။ နေ့စဉ်ခေါင်းကိုက်တာက ကာလကြာရှည်ခံစားခဲ့ရမယ်ဆိုရင် ဒီသဘာဝကပဲ အခြားသောခေါင်းကိုက်ခြင်းတွေထက် ပိုဆိုးစေပါလိမ့်မယ်။ အစပိုင်းကုသမှုတွေလုပ်ပြီး ဆက်လက်ကုသမှုခံယူ၊ အချိန်ယူပြီး ထိန်းချုပ်ကာမှ နာကျင်မှုတွေကို လျော့ပါးစေပြီး ခေါင်းကိုက်လည်း သက်သာစေနိုင်မှာပါ။ Chronic Headache (နာတာရှည်ခေါင်းကိုက်ခြင်း) က ဘယ်လောက်အဖြစ်များသလဲ ဒီရောဂါဟာ အလွန်အဖြစ်များပါတယ်။ အမျိုးသားတွေထက် အမျိုးသမီးတွေမှာ ပိုအဖြစ်များပါတယ်။ အသက်အရွယ်မရွေးဖြစ်နိုင်ပါတယ်။ ရောဂါဖြစ်ပွားနိုင်တဲ့အချက်အလက်တွေကို လျှော့ချခြင်းအားဖြင့် စီမံနိုင်ပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ လက္ခဏာများChronic Headache (နာတာရှည်ခေါင်းကိုက်ခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ အဓိပ္ပါယ်ဖွင့်ဆိုခဲ့တဲ့အတိုင်းဆိုတော့ ကာလရှည်နေ့စဉ်ခေါင်းကိုက်ခြင်းဟာ ၁၅ရက် သို့မဟုတ် ၁လနဲ့ အထက် ကစလို့ အနည်းဆုံး ၃လလောက်ထိကြာနိုင်ပါတယ်။ အခြေခံအဆင့် နာတာရှည်ခေါင်းကိုက်ခြင်းဟာ […]


တခြား ဦးနှောက်နှင့် အာရုံကြောရောဂါများ

Brain Hemorrhage (ဦးနှောက်တွင်းသွေးယိုခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Brain Hemorrhage (ဦးနှောက်တွင်းသွေးယိုခြင်း) ကဘာလဲ။ ဦးနှောက်တွင်းသွေးယိုခြင်းဟာ ဦးနှောက်တစ်သျှူးများထဲသို့ သွေးကြောပေါက်ကာ သွေးများရုတ်တရတ်စီးဝင်ခြင်းဖြစ်ပြီး ဦးနှောက်ကိုထိခိုက်စေပါတယ်။ ထိခိုက်မှုကြောင့် ထွက်လာတဲ့သွေးတွေက ဦးနှောက်တစ်သျှူးတွေကို သွားရောက်ထိခိုက်စေပြီးရောင်ရမ်းခြင်းများဖြစ်စေနိုင်ပါတယ်။ ဒါကိုဦးနှောက်ဖောရောင်ခြင်းလို့ခေါ်လေ့ရှိတယ်။ သွေးတွေစုသွားတဲ့အခါ သွေးလုံးကြီးတစ်ခုဖြစ်လာကာ ဘေးပတ်ဝန်းကျင်မှတစ်သျူးများကိုဖိပြီး ဆဲလ်များကိုသေစေနိုင်ပါတယ်။ သွေးယိုခြင်းကဦးနှောက်ထဲမှာဖြစ်နိုင်တယ်၊ ဦးနှောက်နဲ့အမြှေးပါးကြား၊ အမြှေးပါးနှစ်လွှာကြား၊ ဒါမှမဟုတ် ဦးနှောက်အမြှေးပါးနဲ့ ဦးခေါင်းခွံကြားမှာဖြစ်နိုင်ပါတယ်။ ဦးနှောက်သွေးယိုခြင်းဟာ ချက်ခြင်းကုသမှုလိုအပ်သော အရေးပေါ်အခြေအနေတစ်ခုဖြစ်ပြီး အများစုမှာ ထာဝရချို့ယွင်းမှု အနည်းနဲ့အများဖြစ်သွားနိုင်ပါတယ်။ တချို့လူတွေမှာတော့ လုံးဝပြန်ကောင်းနိုင်ပါတယ်။ ဖြစ်နိုင်ချေရှိတဲ့ နောက်ဆက်တွဲပြဿနာတွေကတော့ လေဖြတ်ခြင်း၊ ဦးနှောက်လုပ်ငန်းဆောင်တာများချို့ယွင်းခြင်း၊ ဆေးကုသမှုများ၏ ဘေးထွက်ဆိုးကျိုးကိုခံစားရခြင်းတို့ဖြစ်နိုင်ပါတယ်။ သေနိုင်ပြီး ချက်ခြင်းကုသမှုပေးနေရင်းနဲ့တောင်မှ တိမ်းပါးသွားတာမျိုးရှိနိုင်ပါတယ်။ Brain Hemorrhage (ဦးနှောက်တွင်းသွေးယိုခြင်း) က ဘယ်လောက်အဖြစ်များသလဲ အလွန်ကိုအဖြစ်များပြီး အရွယ်မရွေးဖြစ်နိုင်တယ်။ အမျိုးသားတွေမှာပိုဖြစ်လေ့ရှိပြီး သွေးယိုစေတဲ့အခြေအနေတွေကိုရှောင်ခြင်းဖြင့် ဖြစ်ရပ်ကိုထိန်းသိမ်းနိုင်ပါတယ်။ အသေးစိတ်အချက်အတွက် ဆရာဝန်နဲ့တိုင်ပင်ပါ။ လက္ခဏာများBrain Hemorrhage (ဦးနှောက်တွင်းသွေးယိုခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ အဖြစ်များတဲ့လက္ခဏာတွေကတော့ – ရုတ်တရတ်ပြင်းထန်စွာခေါင်းကိုက်ခြင်း လက်၊ ခြေထောက်တို့တွင်အားလျော့သွားခြင်း ပျို့ခြင်း၊ အန်ခြင်း နိုးကြားမှုမရှိခြင်း၊ နုန်းခွေခြင်း စကားပြောရခက်ခဲခြင်း၊ […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း