ဆံသားနှင့် ဦးရေပြားကျန်းမာရေး

ဦးရေပြားနဲ့ ဆံသားထိန်းသိမ်းမှုတွေက ဆံသားနဲ့ ပတ်သက်နဲ့ ဆံပင်ကြမ်းတာ၊ ကျွတ်တာတွေကို သက်သာစေသလို ဦးရေပြားနဲ့ ပတ်သက်တဲ့ ရောဂါတွေကိုလည်း ကာကွယ်ရာ ရောက်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ဆံသားနှင့် ဦးရေပြားကျန်းမာရေး

နွေရာသီမှာ ဆံသားလေးတွေ ကျန်းမာစေဖို့

နွေအပူ ပြင်းပြင်းအောက်မှာ လှပတဲ့ ဆံသားလေးကို ပိုင်ဆိုင်ချင်တဲ့ စိတ်ကူး လေဒီလေးတိုင်းမှာ ရှိမယ်ထင်ပါတယ်နော်။ ဆံသားတွေ ဟာလည်း အရေပြားတွေလိုပဲ နေရောင်ပြင်းပြင်းကြောင့် ထိခိုက်ပျက်စီးနိုင်ပါတယ်။ ဒါကြောင့် ဆံသားတွေကိုလည်း အသားအရေတွေကို ထိန်းသိမ်းသလို သေချာလေး ထိန်းသိမ်းဖို့ လိုပါမယ်။ အထူးသဖြင့် နွေရာသီမှာပေါ့။ ဒီတော့ နွေရာသီမှာ ဆံသားလေးတွေ ကျန်းမာသန်စွမ်းနေစေဖို့ ဘယ်လို ထိန်းသိမ်းရမလဲဆိုတာကို အတူတူ ကြည့်လိုက်ရအောင်လား။ နွေရာသီမှာ ဆံသားလေးတွေ ကျန်းမာစေဖို့ ဒီလို ထိန်းသိမ်းပါ။ နွေရာသီမှာ နေရောင်​ကြောင့် အရေပြားကို ထိခိုက်စေနိုင်သလို ဆံသားကိုလည်း ထိခိုက်စေနိုင်ပါတယ်။ နေရောင် ပြင်းပြင်းက ဆံသားတွေရဲ့ သန်စွမ်းမှုနဲ့ ဦးရေပြားရဲ့ ကျန်းမာရေးကိုပါ ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် နွေပူပူမှာ ဆံသားတွေ ကျန်းမာသန်စွမ်းစေဖို့ဆိုရင် အခုလိုလေး ထိန်းသိမ်းပေးပါ။ ဆံသားတွေကို အပူဒဏ်ကနေ ကာကွယ်ပါ။ နွေရာသီမှာ နေရောင်ကြောင့် […]

ဆံသားနှင့် ဦးရေပြားကျန်းမာရေး ကို ရှာဖွေမည်။

ဆံသားနှင့် ဦးရေပြားကျန်းမာရေး

မနေနိုင် မထိုင်နိုင်အောင် ခေါင်းယားရတာ ဘာကြောင့်လဲ ။ ။

ခေါင်းယားတယ်၊ ခေါင်းယားတယ်ဆိုတာ တကယ်ကို ခံစားရခက်ပြီး စိတ်ရှုပ်ရတဲ့ အရာတစ်ခုပါ။ ကုတ်လေ ယားလေနဲ့ ကုတ်လေ ယားလေနဲ့ သံသရာလည်နေတော့တာပါပဲ ။ လူတိုင်းက ခေါင်းယားတယ်ဆိုတာနဲ့ ဗောက်ထတာကိုပဲ ပြေးမြင်တတ်ကြပါတယ်။ တကယ်တော့ ဗောက်ထတာ အပြင် ခေါင်းယားစေတဲ့ အခြား အကြောင်း အရင်းများစွာ ရှိပါတယ်။ ဘာတွေလဲ ။ ။ ဗောက်ထခြင်း ။ ။ ဗောက်ထခြင်းဟာ ဦးရေပြား ယားယံခြင်းကို ဖြစ်စေတဲ့ အဖြစ်အများဆုံး အကြောင်းအရင်းတစ်ခုပါ။ ကုတ်လိုက်ရင်ပဲဖြစ်ဖြစ် ဒီအတိုင်းနေရင် ပဲဖြစ်ဖြစ် ဆံပင် မဲမဲလေးတွေ ပေါ်မှာ ကပ်နေတဲ့ အဖြူဖပ်တွေကြောင့် သင့်ကို နှုတ်ခေါင်းရှုံ့ကြမယ့် သူတွေ အများကြီးပါ။   ဦးရေပြား ခြောက်သွေ့ခြင်း ။ ။ ခြောက်သွေ့နေတဲ့ အရေပြားတစ်ခုဟာ ယားယံခြင်းကို ဖြစ်စေတယ်ဆိုတာ အားလုံးအသိပါ။ ဦးရေပြားဟာလည်း အရေပြားတစ်မျိုးဖြစ်တဲ့အတွက် […]


ဆံသားနှင့် ဦးရေပြားကျန်းမာရေး

ဆံသားခြောက်တဲ့ ပြဿနာ ဘယ်လိုဖြေရှင်းမလဲ

ဆံသားခြောက် တယ်ဆိုတာ မိန်းကလေးတွေအတွက်တော့ စိတ်ညစ်စရာ ကိစ္စ တစ်ခုပါပဲ။ နေပူထဲ မကြာခဏထွက်တာ၊ ဆေးလိပ်သောက်တာ၊ ခေါင်းမကြာခဏ လျှော်တာကြောင့်ရော၊ ဆံပင်ဖြောင့်၊ ကောက် ခဏခဏ လုပ်နေတဲ့အခါမှာ ဆံသားဟာ ကြမ်းပြီး ခြောက်လာတယ်။ ကျန်းမာရေးပြဿနာ ကြီးကြီးမားမား မရှိပေမဲ့ မိန်းကလေးတွေအတွက်တော့ ကိုယ့်ကိုယ်ကို ယုံကြည်မှုနည်းလာစေတဲ့ ကိစ္စပါပဲ။ ဒါကြောင့် ဆံသားခြောက်လို့ စိတ်ညစ်နေတဲ့ မိန်းကလေးတွေအတွက် အိမ်မှာ အလွယ်တကူ လုပ်ယူပြင်ဆင်လို့ ရမယ့် နည်းလမ်းလေးတွေကို ဝေမျှပေးချင်ပါတယ်။ ၁။ ပျက်စီးနေတဲ့ ဆံသားအစလေးတွေကို ညှပ်ပစ်ပါ။ ဆံသားခြောက် ပြီးပျက်စီးနေပြီဆိုရင် အသစ်ပြန်ပြင်ဆင်ဖို့အတွက် ညှပ်ပစ်လိုက်တာ အကောင်းဆုံးပါပဲ။ ပျက်စီးနေတဲ့ ဆံသားတွေကို ညှပ်လိုက်တဲ့အခါမှာ နဂိုကောင်းမွန်တဲ့ ဆံသားတွေ ပြန်ပေါက်လာစေနိုင်ပါတယ်။ ၂။ ဖြည့်စွက်စာအားဆေးတွေ သောက်ပေးပါ။ တချို့သော အာဟာရဓာတ်တွေဟာ ခန္ဓာကိုယ်ကို အားဖြစ်စေပြီး ပျက်စီးနေတဲ့ ဆံသားကို အကောင်းအတိုင်း […]


ဆံသားနှင့် ဦးရေပြားကျန်းမာရေး

ဆံပင်ပျက်စီးခြင်း ၇ မျိုးနဲ့ ကာကွယ်ရန် နည်းလမ်းများ ။

ဆံပင်ဆိုတာ လူတွေရဲ့ ဒုတိယမျက်နှာပါ။ ဘယ်လောက်ပဲ အလှပြင်ထားပါစေ ဆံပင်ပုံကျပါမှ ဆွဲဆောင်မှု ရှိတဲ့သူတစ်ယောက်ဖြစ်မှာပါ ။ ဒီလို ဆံပင်လှလှလေးတစ်ခုရဖို့အတွက် ကောက်ကြ၊ဖြောင့်ကြ၊ ဆေးဆိုးကြနဲ့ ဆံပင်ကို ဖျက်စီးနေတဲ့ နည်းလမ်းများစွာရှိပါတယ်။ ဆံပင်ကို ပျက်စီးစေတဲ့ အကြောင်းအရာတွေက ဘာတွေလဲ ။ ဒီလိုပျက်စီးနေတာတွေကို ဘယ်လိုပြန်ပြုပြင်မှာလဲ ။ ။ ၁။ ဆံပင်ပါးခြင်း ။ ။ ဆံပင်ပါးတယ်ဆိုတာကလည်း လူတိုင်း စိတ်ညစ်ကြတဲ့ အရာတွေထဲက တစ်ခုပါ။ ဆံပင်ပါးစေတဲ့ အကြောင်းအရင်းတွေ များစွာရှိပါတယ်။ စိတ်ဖိစီးမှုနဲ့ ဆံပင်အတွက် လိုအပ်တဲ့ အာဟာရတွေမျှတအောင် မစားတာတွေကြောင့် ဆံပင်ပါးနိုင်ပါတယ်။ ဆံပင်ပါးတာကို ကာကွယ်နိုင်တဲ့ နည်းလမ်းတွေကတော့ ဆံပင်ထူလာစေတဲ့ အစားအသောက်တွေဖြစ်တဲ့ သံဓါတ်ြကွယ်ဝတဲ့ အစားအသောက်တွေ၊ နဲ့ ဥ အမျိုးမျိုးကို စားပေးဖို့ လိုပါတယ်။ ဒါ့အပြင် […]


ဆံသားနှင့် ဦးရေပြားကျန်းမာရေး

ကိုယ့်ကိုယ်ကို ဆံပင်အရမ်းကျွတ်နေတယ်လို့ သံသယရှိနေပြီလား

ဆံပင်ကျွတ်တယ်ဆိုတာဟာ လူ့ခန္ဓါကိုယ်ရဲ့ ဇီဝကမ္မ ဖြစ်စဉ်ပြောင်းလဲမှုတွေထဲက တစ်ခုပါပဲ။ အမျိုးသားေရာ၊ အမျိုးသမီးပါမကျန် တစ်နေ့ကို ဆံပင် အပင် ၅၀ ကနေ ၁၀၀ ကြားထိ ပုံမှန်ကျွတ်နိုင်ပါတယ်။ ကျွတ်သွားတဲ့နေရာမှာလည်း ဆံပင်အသစ်တွေက ပြန်လည်အစားထိုးပြီး ပေါက်ပါတယ်။ ရေချိုးတဲ့အချိန်ဖြစ်စေ၊ မနက်အိပ်ရာထတဲ့အချိန်ဖြစ်စေ၊ ကိုယ်က ခေါင်းဖြီးလိုက်တဲ့အချိန်ဖြစ်စေ ဆံပင်တွေ အရမ်းကျွတ်နေတယ်လို့ သံသယရှိလာပြီဆိုရင်တော့ သေချာစစ်ဆေးကြည့်သင့်ပါတယ်။ ဆံပင်ကျွတ်တာဟာ ရံဖန်ရံခါဖြစ်နိုင်သလို ကိုယ့်ရဲ့ ကိုယ်ခန္ဓါထဲမှာ ကြီးမားတဲ့ ပြောင်းလဲမှုရှိလာတဲ့အခါမှာလည်း ဖြစ်နိုင်ပါတယ်။ ကိုယ့်ကိုယ်ကို ဆံပင်အရမ်းကျွတ်နေပြီလို့ သံသယရှိနေတယ်ဆိုရင်တော့ ကိုယ့်ရဲ့ ကျန်းမာရေးအခြေအနေကို ပြန်စစ်ဆေးပြီး အရေပြားဆရာဝန်နဲ့ သေချာကုသမှု ခံယူတာ အကောင်းဆုံးပါပဲ။ ဆံပင်ကျွတ်လာရခြင်း အကြောင်းရင်းတွေက ဘာတွေလဲ။ ၁။ ပုံမှန်အားဖြင့် မျိုးရိုးဗီဇကြောင့် ဆံပင်ကွက်ပြီး ပါးလာတာ၊ ထိပ်ပြောင်တဲ့ လက္ခဏာတွေ အတွေ့များပါတယ်။ အသက်ကြီးလာတာနဲ့အမျှ ဒီလက္ခဏာတွေကို တွေ့ရမှာဖြစ်ပြီး လူငယ်တွေမှာလည်း […]


ဆံသားနှင့် ဦးရေပြားကျန်းမာရေး

စပျစ်စေ့ကရတဲ့အဆီ ဆံသားအတွက် ဘယ်လိုအသုံးဝင်သလဲ

စပျစ်စေ့အဆီဟာ သံလွင်ဆီ၊ အုန်းဆီတို့လိုပဲ ဆံကေသာကို  အားဖြည့်ပေးနိုင်ပါတယ်။ ၎င်းကို ဦးရေပြားက စုပ်ယူနိုင်စွမ်းပိုကောင်းပြီး ဗောက်ပျောက်စေပါတယ်။ စပျစ်စေ့အဆီမှာ ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေနဲ့ ကြွယ်ဝပါတယ်။ စပျစ်အစေ့နဲ့အခွံမှာ ဆံသားမခြောက်သွေ့အောင်ထိန်းသိမ်းပေးမယ့် fatty acids နဲ့ ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေ ကြွယ်ဝပါတယ်။ ဆံသားအတွက် သူ့ရဲ့အကျိုးကျေးဇူးတွေက - ၁။ ဆံသားပျော့ပျောင်းစေတယ် အုန်းဆီနဲ့မတူတာက စပျစ်စေ့အဆီဟာ အေးစိမ့်တဲ့ရာသီမှာ ခဲသွားမှာမဟုတ်ဘဲ ၎င်းကို လိမ်းပေးခြင်းအားဖြင့် စေးကပ်မှုမရှိဘဲ ဆံသားကိုအားဖြည့်ပေးမှာဖြစ်ပါတယ်။ ခပ်ကျဲကျဲအဆီဖြစ်တာကြောင့် jojoba oil လို၊ သံလွင်ဆီတို့ထက် ပိုအဆင်ပြေမှာပါ။ ၂။ ဆံပင်ကို သန်စွမ်းစေတယ် စပျစ်စေ့အဆီကို အိန္ဒိယ တိုင်းရင်းဆေးလောကမှာ ဆံပင် ပြန်လည်သန်စွမ်းစေနိုင်တဲ့ဆေးအဖြစ် သိကြပါတယ်။ သူ့မှာဆံသားကို အားဖြည့်ပေးတဲ့ oleic acid, linoleic acid နဲ့ fatty acids တို့ ကြွယ်ဝစွာ ပါဝင်ပါ တယ်။Linoleic […]


ဆံသားနှင့် ဦးရေပြားကျန်းမာရေး

ဒိန်ချဉ်လေးနဲ့ ဆံပင်အမြန်ပေါင်းတင်နည်း မှတ်စု

ဆံပင်ကျွတ်လို့၊ ဆံပင်ပါးနေလို့၊ ဆံပင် ပျက်စီးနေလို့၊ ဆံပင်အဖျားနှစ်ခွ သုံးခွတွေဖြစ်နေလို့ သက်သာစေမယ့် ဆေးစွမ်းကောင်းတွေရှာနေကြတာနေရာတိုင်းမှာတွေ့နေရပါတယ်နော်။ ဒီခေါင်းလျှော်ရည်ကောင်းတယ်ဆို ဝယ်သုံးလိုက်၊ ဟိုဆေးလေးကကောင်းတယ်ဆိုပြီး ဝယ်လိမ်းလိုက်နဲ့နည်းတွေလည်းစုံနေရောပေါ့။ ဒါပေမယ့်အခုပြောပြမယ့်နည်းလေးတွေက အကုန်အကျလည်းသက်သာတယ်၊ဘေးဖြစ်စေမယ့်အရာလည်းတစ်ခုမှမပါဘူး၊ အာနိသင်လည်းထိရောက်တယ်။ လွယ်တာမှလည်း လွယ်လွယ်လွယ်နဲ့တောင်မြည်နေဦးမယ်။ ကိုယ်တွေ စားနေကျ အစားအသောက်တစ်မျိုးဖြစ်တဲ့ ဒိန်ချဉ်ကိုပဲ ပင်တိုင်ထားပြီး ကြိုက်တဲ့နည်းနဲ့ပေါင်းတင်ကြည့်ရုံပဲ။ ဒိန်ချဉ်က အစာခြေစနစ်အတွက်ကောင်းတယ်၊ အာဟာရဓာတ်တွေပါလို့ အသားအရေအတွက်ပါကောင်းတယ်၊ အခုဆံပင်အတွက်ဆိုလည်း အားဖြည့်ပေးမယ့်ဆေးစွမ်းကောင်းတစ်လက်ဖြစ်နေပြန်ပါတယ်။ ဆံပင်အတွက် ဘာတွေကောင်းလဲဆိုတော့ - ဦးရေပြားမှာ မှိုပိုးသန့်စင်စေတဲ့အာနိသင်ကြောင့်ဗောက်ပျောက်စေတယ် ဆံသားကို အစိုဓာတ်ကြာကြာထိန်းပေးနိုင်တယ် ဦးရေပြားကျန်းမာရေးကို အားဖြည့်ပေးပြီး ဆံပင်အမြစ်အိတ်မှာ ပိတ်ဆို့ခြင်းကိုသက်သာစေတယ် (ရလဒ်အနေနဲ့ ဆံပင်ကျွတ်သက်သာစေတယ်) အဆီထွက်ရှိမှုကို ထိန်းညှိပေးပြီး ဦးရေပြားရဲ့ pH အဆင့်ကို ထိန်းပေးတယ် အေးမြစေတဲ့အာနိသင်ရှိလို့ ဦးရေပြားမှာပြဿနာရှိနေရင်တောင် သက်သာစေတယ် ဆံသားအတွက် ဒိန်ချဉ်ကို ဘယ်လိုအသုံးချမလဲ ကဲ ဆံသားကို ကျန်းမာစေဖို့ အားဖြည့်ပေးမယ့် […]


ဆံသားနှင့် ဦးရေပြားကျန်းမာရေး

ဆံပင်အရမ်းကျွတ်နေပြီလား။ မကျွတ်အောင် ဘယ်လိုကာကွယ်မလဲ

ဆံပင်ကျွတ်တာဟာ ပုံမှန်ဖြစ်ရိုးဖြစ်စဉ် ကိစ္စဆိုပေမယ့် ပမာဏများများကျွတ်နေပြီဆိုရင်တော့ စိုးရိမ်စရာဖြစ်လာပါပြီ။ သဘာဝကြောင့် အသက်ကြီးလာတဲ့အခါမှာ ထိပ်ပြောင်တာမျိုးမဟုတ်ပဲ ငယ်ငယ်ရွယ်ရွယ်နဲ့ ဆံပင်ကျွတ်ပြီး ထိပ်ပြောင်လာတာဆိုရင် ကိုယ့်ကိုယ်ကို ယုံကြည်မှုနည်းလာမယ်၊ တခြားသူတွေက လှောင်ပြောင်ကြတဲ့အခါမှာ ကိုယ့်အနေနဲ့ စိတ်ပိုင်းဆိုင်ရာ ထိခိုက်လာနိုင်တယ်၊ တခြားကျန်းမာရေးပြဿနာတွေ ရှိနေမလားဆိုပြီးလည်း စိတ်ထဲ အမြဲစိုးရိမ်ပူပန်နေရမှာပါ။ ဘာကြောင့် ဆံပင်တအားကျွတ်လာတာလဲ။ စိတ်ဖိစီးမှုများတဲ့အခါမှာ ဖြစ်တတ်ပြီး ဆံပင်ကျွတ်တာ မျိုးရိုးလိုက်တဲ့ သူတွေမှာလည်း ဖြစ်နိုင်ပါတယ်။ အမျိုးအစား (၁) ဆီးချိုရောဂါ၊ နာတာရှည်အဆစ်ရောင် ရောဂါ အစရှိတဲ့ ကိုယ်ခံအားစနစ်ကို ဆန့်ကျင်တိုက်ခိုက်နေတဲ့ ရောဂါရှိသူတွေမှာ အဖြစ်များပါတယ်။ Alopecia areata လို့ ခေါ်တဲ့ အမွှေးအမျှင်တွေ အကွက်လိုက်ကျွတ်ကျတဲ့ ရောဂါ ရှိနေတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ လူအများစုမှာ ဦးရေပြားကနေ ဆံပင်တွေကျွတ်လာတယ်။ တချို့လူတွေဆိုရင် မျက်ခုံးမွေးတွေ၊ မျက်တောင်တွေအပြင် ခန္ဓါကိုယ်အနှံ့က တခြားအမွေးအမျှင်တွေ ကျွတ်လာပါတယ်။ […]


ဆံသားနှင့် ဦးရေပြားကျန်းမာရေး

မုတ်သုံရာသီမှာ ဆံပင်လေးတွေ ပုံကျလှပစေချင်တယ်ဆိုရင်

မိုးတွေရွာရင် ပျော်စရာကောင်းတယ်နော်။ မိုးရာသီက စိုက်ပျိုးရေးကို အားထားရတဲ့ မြန်မာနိုင်ငံအတွက် အရေးပါတဲ့ ရာသီတစ်ခုပေါ့။ မုတ်သုံစဝင်ရင် အရင်ဆုံးခံစားမိတာတစ်ခုက နွေရာသီတလျှောက် ပူပြင်းခဲ့သမျှ အပူဒဏ် သိသိသာသာ လျော့ကျသွားတာပါ။ မိုးရာသီက အနုပညာသမားတွေအတွက်တော့ တွေးလို့ကောင်း၊ ဆွေးလို့ကောင်းတဲ့အချိန်ပေါ့။ စိတ်ကူးယဉ်ဆန်တဲ့ လေဒီတို့အတွက်လည်း ပျော်စရာကောင်းတဲ့ အခိုက်အတန့်ပါ။ ဒါပေမယ့် တိုးတက်လာမှုနဲ့အတူ ကပ်ပါလာတဲ့ လေထုညစ်ညမ်းမှုတွေကြောင့် မိုးရေတွေရဲ့ သန့်စင်မှု ကလည်း အားနည်းသွားခဲ့ပါပြီ။ ဒါကြောင့် မိုးရာသီမှာ စိတ်ကူးယဉ်ဆန်ဆန်နဲ့ မိုးရေထဲ ထီးမဆောင်း ဘာမဆောင်းနဲ့ လျှောက်မသွားဖို့ ပြောပါရစေ။ မိုးရေထဲမှာပါလာတဲ့ ဓာတ်အချို့က ဆံသားတွေကို ထိခိုက်ပျက်စီးစေနိုင်တာကြောင့်ပါ။ခေါင်းကို မိုးရေစိုရင် ချက်ချင်းဖြစ်လာနိုင်မယ့် အကျိုးဆက်က ဆံပင်ကျွတ်တာပါ။ မိုးရေတွေ ဦးရေပြားကို ထိတွေ့တဲ့အခါ ဦးရေပြားကိုခြောက်သွေ့မှုဖြစ်စေပြီး ဆံပင်ကျွတ်တာကို ပိုဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် အခုလိုမျိုး မိုးတွေရွာနေတဲ့ […]


ဆံသားနှင့် ဦးရေပြားကျန်းမာရေး

ကျန်းမာလှပတဲ့ ဆံကေသာပိုင်ဆိုင်လိုသူများအတွက်

အား...... ဆံပင်တွေကျွတ်ပြန်ပြီ။ စိတ်ညစ်လိုက်တာ။ ဆံပင်လေးတွေလှတာမြင်ရင်လိုက်ငေးမိနေပေမယ့် ကိုယ်တိုင်ကျ ဆံပင်ပါးလို့ ဆံသားမကျန်းလို့ဆိုပြီး စိတ်ညစ်နေလား၊လေဒီ...."ယောက်ျားတို့ဘုန်း လက်ရုံး၊ မိန်းမတို့ဘုန်း ဆံထုံး" ဆိုတဲ့အတိုင်း လှပပြီး နက်မှောင်တောက်ပြောင်တဲ့ ဆံသားပိုင်ရှင်လေဒီလေးြဖစ်ချင်နေတာဆိုရင်တော့ ဒီဆောင်းပါးလေးက သင့်အတွက်ပါလို့ပြောပါရစေ။ ကျန်းမာတောက်ပြောင်တဲ့ဆံသားလေးတွေပိုင်ဆိုင်ဖို့ အစားအသောက်လေးတွေစားသုံးပေးလို့ရပါတယ်။နေ့စဉ်စားသုံးတဲ့အစားအသောက်တွေကို အာဟာရမျှတအောင်စားသုံးပေးမယ်ဆိုရင် ခန္ဓါကိုယ်ကျန်းမာပြီးတောက်ပြောင်ကျန်းမာတဲ့ ဆံသားတွေကို ပိုင်ဆိုင်နိုင်မှာပါ။ ဆံသားကျန်းမာစေဖို့ စားပေးသင့်တဲ့ အစားအစာတွေက ဘာတွေများလဲ ဆံပင်ကျွတ်ခြင်းကင်းဝေးပြီး သန်စွမ်းတောက်ပြောင်တဲ့ ပိတုန်းရောင်ဆံကေသာပိုင်ဆိုင်ချင်တယ်ဆိုရင်တော့ အခုပြောပြမယ့် အစားအစာလေးတွေကို ပုံမှန်စားသုံးပေးပါ။ သရက်သီး - သရက်သီးက အရသာတင်ရှိတာမဟုတ်ပါဘူး။ သရက်သီးမှာပါတဲ့ ဆီလီကာ(Silica)၊ ဗီတာမင် A၊ ဗီတာမင် B6၊ ဗီတာမင် C နဲ့ ဖောလိတ်တို့က ဆံသားတွေသန်စွမ်းအောင်အားဖြည့်ပေးသလို ဆံပင်ပိုသန်လာအောင်လည်း အားဖြည့်ပေးပါသတဲ့။ တစ်နေ့ကို သရက်သီး နှစ်စိတ်လောက်တော့စားပေးပါ။ ပဲပိစပ် - သံဓါတ်၊အိုမီဂါ-3၊ ဗီတာမင် B2၊ မဂ္ဂနီဆီယမ်တို့က ခန္ဓါကိုယ်တွင်းကဟော်မုန်းတွေကို […]


ဆံသားနှင့် ဦးရေပြားကျန်းမာရေး

သင်္ကြန်ရေပက်ခံပြီးနောက် ပျက်စီးသွားတဲ့ဆံသားကို ဘယ်လိုထိန်းသိမ်းမလဲ

သင်္ကြန်ချိန်ခါ ရေဆော့ကစားကြတဲ့ လေးရက်တာ ကာလလေးမှာတော့ လူတိုင်းက ခေါင်းကနေ ရေလောင်းချင်ကြတာချည်းပါပဲ။ ဒါက ဆံပင်တိုတဲ့ ကောင်လေးတွေအတွက်တော့ ပြဿနာ အေးပေမယ့် ဆံပင်ကို တယုတယလုပ်ထားတဲ့ မိန်းကလေးတွေအတွက်တော့ ရေစိုစိုမှာ ဆံသားတွေ ပျက်စီးတာက ပြဿနာ တစ်ရပ်သဖွယ်ပါပဲ။ သင်္ကြန်မှာ ပက်တဲ့ရေတွေက မသန့်တာလည်း ဖြစ်နိုင်တာမို့ ဆံသားပျက်စီးဖို့က ပိုလွယ်ကူပါတယ်။ သင်္ကြန်ရေတွေစိုလိုက်၊ ခြောက်သွားလိုက်နဲ့ ဖြစ်မှာမို့ ဆံသားလေးတွေ ကြမ်းသွားတာမျိုး၊ ခြောက်သွေ့ပြီး ကပ်စီးစီးဖြစ်နေတာမျိုး ဖြစ်နိုင်ပါတယ်။ ဒီအတွက် နည်းလမ်းကောင်းလေးကြိုတင် ပြင်ဆင်ထားဖို့ လိုပါတယ်။ ကာကွယ်နည်း မိန်းကလေးတို့ရေ သင်္ကြန်မှာ ရေအများကြီး ဆော့ချင်တယ်၊ ဆံပင်တော့ အရမ်းပျက်စီးသွားတာမျိုး မဖြစ်ချင်ဘူးဆိုရင်တော့ ရေပက်ခံထွက်တဲ့အခါ ခေါင်းစွပ်ပါတဲ့ အပေါ်ထပ်အင်္ကျီ၊ ဦးထုပ်လေးတွေ ဝတ်ဆင်ပါ။ ဖက်ရှင်လေးကျချင်တယ်ဆိုရင်တော့ ပဝါလေးတွေကို ခေါင်းမှာ စည်းတာမျိုး လုပ်ပါ။ ဒါက […]

ad iconကြော်ငြာ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း