ဆံသားနှင့် ဦးရေပြားကျန်းမာရေး

ဦးရေပြားနဲ့ ဆံသားထိန်းသိမ်းမှုတွေက ဆံသားနဲ့ ပတ်သက်နဲ့ ဆံပင်ကြမ်းတာ၊ ကျွတ်တာတွေကို သက်သာစေသလို ဦးရေပြားနဲ့ ပတ်သက်တဲ့ ရောဂါတွေကိုလည်း ကာကွယ်ရာ ရောက်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ဆံသားနှင့် ဦးရေပြားကျန်းမာရေး

နွေရာသီမှာ ဆံသားလေးတွေ ကျန်းမာစေဖို့

နွေအပူ ပြင်းပြင်းအောက်မှာ လှပတဲ့ ဆံသားလေးကို ပိုင်ဆိုင်ချင်တဲ့ စိတ်ကူး လေဒီလေးတိုင်းမှာ ရှိမယ်ထင်ပါတယ်နော်။ ဆံသားတွေ ဟာလည်း အရေပြားတွေလိုပဲ နေရောင်ပြင်းပြင်းကြောင့် ထိခိုက်ပျက်စီးနိုင်ပါတယ်။ ဒါကြောင့် ဆံသားတွေကိုလည်း အသားအရေတွေကို ထိန်းသိမ်းသလို သေချာလေး ထိန်းသိမ်းဖို့ လိုပါမယ်။ အထူးသဖြင့် နွေရာသီမှာပေါ့။ ဒီတော့ နွေရာသီမှာ ဆံသားလေးတွေ ကျန်းမာသန်စွမ်းနေစေဖို့ ဘယ်လို ထိန်းသိမ်းရမလဲဆိုတာကို အတူတူ ကြည့်လိုက်ရအောင်လား။ နွေရာသီမှာ ဆံသားလေးတွေ ကျန်းမာစေဖို့ ဒီလို ထိန်းသိမ်းပါ။ နွေရာသီမှာ နေရောင်​ကြောင့် အရေပြားကို ထိခိုက်စေနိုင်သလို ဆံသားကိုလည်း ထိခိုက်စေနိုင်ပါတယ်။ နေရောင် ပြင်းပြင်းက ဆံသားတွေရဲ့ သန်စွမ်းမှုနဲ့ ဦးရေပြားရဲ့ ကျန်းမာရေးကိုပါ ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် နွေပူပူမှာ ဆံသားတွေ ကျန်းမာသန်စွမ်းစေဖို့ဆိုရင် အခုလိုလေး ထိန်းသိမ်းပေးပါ။ ဆံသားတွေကို အပူဒဏ်ကနေ ကာကွယ်ပါ။ နွေရာသီမှာ နေရောင်ကြောင့် […]

ဆံသားနှင့် ဦးရေပြားကျန်းမာရေး ကို ရှာဖွေမည်။

ဆံသားနှင့် ဦးရေပြားကျန်းမာရေး

ဆံပင်တွေ ကျွတ်လွန်းလို့ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုနည်းနေပြီလား

ဆံပင်တွေ တနေ့တခြားပါးလာတာ သတိထားမိကြမှာပေါ့။ စဉ်းစားရတာ၊ ဦးနှောက်ခြောက်ရတာများလို့ ဆံပင်တွေကျွတ်ရတယ်လို့ပြောကြတယ်။ လူတစ်ယောက်မှာ တစ်နေ့ကို ဆံပင် အပင် ၅၀ ကနေ ၁၀၀ ကြားကျွတ်တာက ပုံမှန်ပါပဲ။ ဒါပေမယ့် ကိုယ့်ဆံပင်ကျွတ်တာ အဲဒီထက်ပိုတယ်လို့ထင်တယ်၊ မှန်ထဲကြည့်လိုက်ရင်လည်း အရင်နဲ့မတူတော့တာ သိလာတယ်၊ခေါင်းဖြီးလိုက်တိုင်း စိတ်ညစ်ရတာ တကယ်ပါပဲ။ လူတစ်ယောက်ရဲ့အသွင်အပြင်မှာ ဆံပင်ပုံစံက သိပ်ကိုအဓိကကျပါတယ်။ ဆံပင်ညှပ်ဆိုင်တွေ၊ စင်တာတွေ နဲ့ ဆံသားအလှပညာရှင်တွေ ဘာလို့ ဝင်ငွေတွေကောင်းနေတယ်ထင်ပါသလဲ။ယောကျာ်းလေးဖြစ်ဖြစ် မိန်းကလေးဖြစ်ဖြစ် ကိုယ်နဲ့လိုက်ဖက်တဲ့ ဆံပင်ပုံစံမရှိရင်၊ ဆံပင်ပျက်စီးနေရင်၊ ဆံပင်နည်းလွန်းရင် (ထိပ်ပြောင်လုလု) ဘယ်လောက်ချောနေပါစေ ကြည့်မကောင်းပါဘူး။ ဆံသားအလှအတွက် ညှပ်တယ်၊ ပုံသွင်းတယ်၊ အရောင်ဆိုးတယ် ဆိုတာ မလုပ်ဖူးတဲ့သူမရှိသလောက်ပါပဲ။ လူကြီးတွေတောင် ဆံပင်အနက်ဆိုးကြတာပဲ။လုပ်ငန်းခွင်မှာအောင်မြင်မှုအတွက်ဆိုလည်း ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုကရှိနေမှဖြစ်မှာ၊ အသွင်အပြင် ကြည့်ကောင်းနေဖို့ကလည်း အရေးပါတယ်လေ။ ဆံပင်တွေ ကျွတ်လွန်းလို့ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုနည်းနေပြီလား ဆံပင်ကျွတ်တယ်ဆိုတာ သဘာဝပဲဆိုပေမယ့် ဆံပင်ပါးလာတာက […]


ဆံသားနှင့် ဦးရေပြားကျန်းမာရေး

သင်္ကြန်မှာ ပြိုင်ဘက်ကင်း ဆံကေသာနဲ့ အလန်းစားကဲကြမယ်

ဘာလိုလိုနဲ့ ကျွန်တော်တို့ မြန်မာလူမျိုးတွေရဲ့ ပျော်စရာအကောင်းဆုံး နှစ်သစ်သင်္ကြန်တောင် ရောက်လာတော့မယ်နော်။ ပျော်ဖို့၊ ပါးဖို့၊ အလန်းစားဒီဇိုင်းတွေနဲ့ အပြတ်ကဲဖို့ အဆင်သင့်ဖြစ်နေကြမယ်ထင်ပါတယ်။ ကျောင်းတွေလည်း ပိတ်ပြီဆိုတော့ မပြင်ဆင်ရသေးဘူးဆိုရင်လည်း အခုကတည်းက သင်္ကြန်အတွက် ကြိုပြီးပြင်ဆင်ဖို့ အချိန်မီသေးတယ်နော်။ ရိုးရာအတာသင်္ကြန်ပွဲတော်မှာ ဆံပင်အရောင်စုံ၊ ဒီဇိုင်းစုံနဲ့ ပွဲထုတ်တာတော့ ဟုတ်ပေမဲ့ ကိုယ့်ရဲ့ ဆံသားကျန်းမာရေးနဲ့ အလှအပကိုလည်း မေ့ထားလို့ မဖြစ်ပါဘူး။ ဒီတော့ ခုလို နွေရာသီမှာ ဆံကေသာအလှကို ဘယ်လိုထိန်းသိမ်းမလဲ၊ ဆံသားမပျက်စီးစေဖို့ ဘယ်လိုကာကွယ်မလဲဆိုတဲ့အကြောင်းကို ဒီဆောင်းပါးလေးမှာ ပြောပြပေးမယ်နော်။ ၁။ နေရောင်ခြည်နဲ့ ဆံသား တိုက်ရိုက်မထိစေဖို့ ကာကွယ်ပေးပါ။ နေရောင်ခြည်မှာ အရေပြားအတွက် လိုအပ်တဲ့ ဗီတာမင် ဒီ ဓါတ်ကို ပေးနိုင်တာမှန်ပေမဲ့ ခုလို ပူလွန်းတဲ့ နွေရာသီမှာ အပူဒဏ်ကြောင့် အသားအရေနဲ့ ဦးရေပြားကို ပျက်စီးစေနိုင်ပါတယ်။ ဒါကြောင့် မျက်နှာကို […]


ဆံသားနှင့် ဦးရေပြားကျန်းမာရေး

ပိုးသားလို နူးညံ့ပျော့ပျောင်းတဲ့ ဆံနွယ်ရစေဖို့ နည်းလမ်း (၃) ချက်

ဆံသားဆိုတာ လူတစ်ယောက်ရဲ့ ဒုတိယမျက်နှာပါပဲ။ ကိုယ့်ရဲ့ ဆံနွယ်ေလးတွေ နူးညံ့ပျော့ပျောင်းနေဖို့ဆိုတာ မိန်းကလေးတိုင်းရဲ့ အိပ်မက်ပါပဲ။ ဒါပေမဲ့ လူဆိုတာကလည်း လှချင်တဲ့ စိတ်ကများနေတော့ ဆံပင်ကို ဟိုနားက ပြုပြင်၊ ဒီနားက ပုံသွင်းလိုက်နဲ့ သေချာ ထိန်းသိမ်းမှု မလုပ်တဲ့အခါမှာ ဆံသားနဲ့ ဦးရေပြားက တဖြည်းဖြည်းနဲ့ ခြောက်လာတော့တာပေါ့။ ဒီလိုမဖြစ်စေဖို့ ကာကွယ်လို့ ရမယ့် နည်းလမ်း (၃)ချက်ကို ပျိုမေတွေအတွက် ပြောပြပေးမယ်နော်။ ၁။ ဆံသားမပျက်စီးစေဖို့ ဂရုစိုက်ပါ။ နေ့တိုင်းခေါင်းလျှော်တာထက် တစ်ရက်ခြား တစ်ခါဖြစ်စေ၊ တစ်ပတ်ကို ၂ကြိမ်လောက်ဖြစ်စေ ခေါင်းလျှော်ေပးရင် ရပါတယ်။ ခေါင်းမကြာခဏ လျှော်တဲ့အခါ ဦးရေပြားက ဆံသားချောမွေ့စေဖို့ ထုတ်ပေးလိုက်တဲ့ သဘာဝအဆီဓါတ်တွေကို ဖယ်ရှားပစ်လိုက်လို့ပါ။ ရေအေးနဲ့ပဲ ခေါင်းလျှော်ပေးပါ။ ရေပူရေနွေးနဲ့ ခေါင်းလျှော်လိုက်တဲ့အခါ ဦးရေပြားကို ခြောက်သွေ့သွားစေပြီး အဆီဓါတ်ကို ပိုမိုခမ်းခြောက်ဖို့ […]


ဆံသားနှင့် ဦးရေပြားကျန်းမာရေး

ကိုယ့် သွေးရည်ကြည် ပြန်အသုံးပြုတဲ့ ကုထုံးနဲ့ ဆံပင်ပြန်ပေါက်စေနိုင်

ဆံပင်ပါး၊ ဆံပင်ကျွတ်နေတဲ့သူတွေ၊ ထိပ်ပြောင်တဲ့သူတွေအတွက်က ဆံပင်ပြန်ပေါက်စေမယ့်၊ ဆံပင်သန်စေမယ့်ဆေးတွေ၊ နည်းလမ်းတွေကိုလိုက်ရှာနေကြမှာပါပဲ။ တချို့ကတော့ သဘာဝဆေးနည်းလေးတွေ၊ ဆံပင်သန်ဆေး ဒါမှမဟုတ် ပေါင်းတင်တာတွေနဲ့ ပြန်အဆင်ပြေလာကြပေမယ့် နည်းအမျိုးမျိုး၊ဆေးအမျိုးမျိုးသုံးကြည့်ပြီး အဆင်မပြေသူတွေလည်းရှိပါတယ်။ အခုတော့ နီးလျက်နဲ့ဝေးနေတဲ့ ကုသဆေးတစ်ခုကို သုတေသနကဖော်ထုတ်ပေးခဲ့ပါတယ်။ မျိုးဗီဇအရကို ဆံပင်ပါးတဲ့သူတွေအတွက်က အသုံးများတဲ့ကုထုံးတွေရှိပေမယ့် ခုတစ်ခါတွေ့ရှိတဲ့ ကုထုံးအသစ်ကတော့ ကာယကံရှင်ရဲ့သွေးကို ပြန်အသုံးပြုမယ့် သွေးရည်ကြည် ကုထုံးပဲ ဖြစ်ပါတယ်။ Platelet-rich plasma (PRP) လို့ခေါ်တဲ့သွေးရည်ကြည်ကုထုံးကို သွားကနေ အရိုးအထိ ကုသမှုအမျိုးစုံမှာ သက်သာပျောက်ကင်းမှုမြန်ဆန်အောင် အသုံးပြုနေတာဖြစ်ပါတယ်။ အစက လူသိများတာက မျက်နှာအလှအပအတွက် အသုံးပြုတာဖြစ်ပြီး ဆံပင်အတွက်ဆို ပိုခေတ်စားလာတော့မှာပါ။ ဒီကုထုံးအတွက်သုတေသနက အစောပိုင်းအဆင့်မှာပဲရှိနေသေးတဲ့အတွက် ဆံကေသာကုထုံးအဖြစ်တရားဝင် အသုံးပြုခွင့်မရသေးပါဘူး။ သွေးရည်ကြည် ကုထုံးက ဘယ်လိုမျိုးလဲ PRP ကုထုံးမှာ ကာယကံရှင်ရဲ့သွေးကိုယူပြီး သွေးရည်ကြည် ထဲက သွေးနီဥဆဲလ်တွေကို ခွဲထုတ်ပါတယ်။ ဆံပင်ပေါက်စေမယ့် growth […]


ဆံသားနှင့် ဦးရေပြားကျန်းမာရေး

အဆီပြန်တဲ့ ဦးရေပြားကြောင့် စိတ်ညစ်နေပြီလား ။ ။

မနေ့ကပဲ ခေါင်းလျှော်ထားတယ်။ ဒီနေ့ကျတော့ ဆံပင်တွေ အဆီပြန်နေပြီး ပုံမကျဖြစ်နေလို့ စိတ်ညစ်ရတဲ့ အခိုက်အတန့် ကျွန်မတို့ မိန်းကလေးတိုင်းမှာ ရှိပါတယ်။ ဆံပင်အရင်းမှာတော့ အဆီတွေပြန် စိုရွဲနေပြီး ဆံပင် အဖျားမှာ ခြောက်သွေ့နေတော့ ဘယ်လိုလုပ် လှတော့မှာလဲနော် ။ ဓာတုပစ္စည်းတွေနဲ့ ထုတ်ထားတဲ့ ပစ္စည်းတွေကိုလည်း မသုံးချင်ဘူး၊ အဆီပြန်နေတဲ့ ဆံပင်တွေကိုလည်း မလိုချင်ဘူး ဆိုရင်အဆီပြန်နေတဲ့ ဆံပင်အတွက် သဘာအတိုင်း သက်သာအောင်လုပ်လို့ရတဲ့ နည်းတွေရှိပါတယ် ။ ။ အဆီပြန်တတ်တဲ့ ဆံကေသာ ပိုင်ရှင်တွေ အတွက် သဘာဝ နည်းလမ်းများ ။ ။ ပန်းသီးရှာလကာရည် - ပန်းသီးရှာလကာရည်မှာပါတဲ့ အက်ဆစ်ဓာတ်က ဦးရေပြား ပေါ်က pH ပမာဏကို ထိန်းညှိပေးလို့ အဆီပြန်တာကို လျှော့ချပေးနိုင်ပါတယ်။ ပန်းသီးရှာလကာရည် ၁ဇွန်းကို ရေတစ်ဖန်ခွက်ထဲရောမွှေပြီး ဦးရေပြားနဲ့ […]


ဆံသားနှင့် ဦးရေပြားကျန်းမာရေး

ကျားဟော်မုန်း နှင့် အမျိုးသားများ ထိပ်ပြောင်ခြင်း ဆက်စပ်မှုရှိလား

ကျားဟော်မုန်း (testosterone) ဆိုတာ အမျိုးသားတွေရဲ့ ဝှေးစေ့ကနေ အဓိက ထုတ်လုပ်တဲ့ ဟော်မုန်းတစ်မျိုးဖြစ်ပြီး အမျိုးသမီးတွေမှာလည်း တွေ့ရတတ်ပါတယ်။ လိင်ပိုင်းစွမ်းဆောင်ရည်ကိုသာမက ကိုယ်တွင်းအင်္ဂါတွေ ကောင်းစွာ အလုပ်လုပ်နိုင်စေဖို့နဲ့ ကြွက်သားတွေ ဖွံ့ဖြိုးကြီးထွားဖို့အတွက် တာဝန်ကို ယူထားပါတယ်။ ကျားဟော်မုန်း နည်းခြင်း၊ များခြင်းဟာ မျိုးရိုးဗီဇနဲ့ သာမက ကိုယ့်ရဲ့ နေပုံထိုင်ပုံ၊ အစားအစာ အာဟာရနဲ့လည်း သက်ဆိုင်မှု ရှိပါတယ်။ ဒါဆိုရင် ထိပ်ပြောင်ခြင်းနဲ့ ကျားဟော်မုန်း ဘယ်လိုသက်ဆိုင်မှု ရှိသလဲ။ ဘာလို့ ကျားဟော်မုန်းများတဲ့ အမျိုးသားတွေမှာ မြန်မြန်ထိပ်ပြောင်နိုင်လဲဆိုပြီး လူတွေ ထင်နေကြတာလဲ။ ဒီအကြောင်းအရာနဲ့ ပတ်သက်ပြီး ဖြေရှင်းပေးချင်ပါတယ်။ ထိပ်ပြောင်ခြင်း ဆိုသည်မှာ အမျိုးသားတွေရဲ့ နဖူး ဘေး နှစ်ဖက်မှာ စတင်နောက်ပြန်ကျပြီး ဆံပင်ပေါက်နှေးတာ၊ ဆံသားပါးလာတာ၊ ဆံပင်ကျွတ်မြန်တာ စတင်ဖြစ်လာပါတယ်။ ဆံပင်ပါးလာတဲ့ ဘေးနှစ်ဖက်ကနေ တဖြည်းဖြည်း သွားစုမိတဲ့အခါ "U" […]


ဆံသားနှင့် ဦးရေပြားကျန်းမာရေး

ဆယ်ကျော်သက်ကောင်လေးတွေ ဆံပင်ကျွတ်ရခြင်း တရားခံ

အသက်ကြီးတဲ့ အမျိုးသားတွေမှာ ထိပ်ပြောင်တာ အတွေ့များပေမယ့် ဆယ်ကျော်သက်ေကာင်လေးတွေမှာ ဆံပင်မကြာခဏ ကျွတ်တဲ့ ပြဿနာတွေ ကြုံလာတတ်ပါတယ်။ အဓိကတရားခံကတော့ ဆံပင်ဆေးဆိုးတာ၊ ဆံပင်ဖြောင့်တာ၊ ကောက်တာ၊ ဆံပင်ပုံသွင်းတဲ့ ပစ္စည်းတွေ အသုံးများတာအပြင် တခြားသော နေထိုင်မှုပုံစံ၊ အလေ့အကျင့်တွေကြောင့် ဆံပင်မကြာခဏ ကျွတ်နိုင်ပါတယ်။ ကံကောင်းစွာနဲ့ပဲ ထိပ်ပြောင်ခြင်းမဟုတ်တဲ့ ဆံပင်ကျွတ်တဲ့ ပြဿနာကို အလွယ်တကူကုသလို့ ရသလို ကိုယ့်ရဲ့ နေပုံထိုင်ပုံကို ပြုပြင်ပြောင်းလဲလိုက်ရင်လည်း ဆံပင်တွေ ပုံမှန်အတိုင်း ပြန်ပေါက်လာနိုင်ပါတယ်။ ဒီလိုအကြောင်းရင်းတွေကြောင့် မဟုတ်ပဲ တခြား ငုပ်နေတဲ့ ရောဂါအခံတွေ၊ သောက်နေရတဲ့ ဆေးဝါးတွေကြောင့်လည်း ဆံပင်ကျွတ်နိုင်ပါတယ်။ ပုံမှန်အတိုင်း ဆံပင်ကျွတ်ခြင်း ဆံပင်ကျွတ်တယ်ဆိုတာ ပုံမှန် ကိုယ်ခန္ဓါရဲ့ ဇီဝကမ္မ ပြောင်းလဲမှု ဖြစ်စဉ်တွေထဲက တစ်ခုပါပဲ။ ပုံမှန်အားဖြင့် ဆံပင်ေတွဟာ တစ်လကို တစ်စင်တီမီတာခန့် ရှည်တတ်ပြီး ၂နှစ်မှ ၃နှစ်ထိ ရှည်လျားနိုင်ပါတယ်။ […]


ဆံသားနှင့် ဦးရေပြားကျန်းမာရေး

ဆံပင်မခြောက်ခင် အိပ်ရာမဝင်ပါနဲ့

ညဘက် ခေါင်းမလျှော်နဲ့နော်။ ရေစိုကြီးနဲ့ အိပ်ရင် ဖျားမယ်လို့ မေမေတို့ ဖွားဖွားတို့ဆီက ဆူတာ ခံရဖူးတာ။ ဆံပင်စိုကြီးနဲ့ အိပ်လို့ ဖျားတယ်ဆိုတာကတော့ မဟုတ်ပါဘူး။ ဒါပေမယ့် ဆံပင်ရေစိုနေရင် အိပ်ရာမဝင်သင့်တာကတော့အမှန်ပါပဲ။ခေါင်းလျှော်ပြီးရင် အိပ်ချင်တာကလည်း အမှန်ပဲနော်။ ဒါပေမယ့် ဆံပင်ခြောက်မှပဲ အိပ်ပါလို့ ပြောပါရစေနော်။ ဘာကြောင့် ဆံပင်မခြောက်ခင် အိပ်ရာမဝင်ပါနဲ့ လို့ပြောရတာလဲဆိုတာကိုပြောပြပေးပါရစေနော်။ ဆံပင်မခြောက်ခင် အိပ်ရာမဝင်ပါနဲ့ ဆံပင်ရေစိုနေရင် မအိပ်သင့်ပါဘူး။ အိပ်ချင်ရင်တောင်မှာ Dryer သုံးပြီးဆံပင်ကို အခြောက်ခံပြီးမှာ အိပ်ရာဝင်သင့်ပါတယ်။ ဆံပင်အခြောက်မခံဘဲ အိပ်ရာဝင်တဲ့အခါ ဒါလေးတွေ ဖြစ်နိုင်ပါတယ်။ ဝက်ခြံတွေ ဖြစ်စေနိုင်တယ် ခေါင်းက စိုနေတဲ့ ခေါင်းအုံးစွပ်နဲ့ ထိတွေ့မိပြီး ဘက်တီးရီးယားတွေ ပေါက်ဖွားမှု ကနေတဆင့် မျက်နှာမှာ ဝက်ခြံတွေ ဖြစ်စေနိုင်ပါတယ်။ ခေါင်းလျှော်ပြီးတဲ့အခါတိုင်း ဆံပင်ကို ရေခြောက်အောင် သုတ်တာအပြင် ခေါင်းအုံးစွပ်ကိုပါ လဲဖို့ မမေ့ပါနဲ့။ ဘက်တီးရီးယားတွေပေါက်ဖွားနိုင်တယ် ခေါင်းအုံးစွပ်မှာ ဘက်တီးရီးယားတွေ […]


ဆံသားနှင့် ဦးရေပြားကျန်းမာရေး

အိမ်မှာအလွယ်တကူလုပ်လို့ရတဲ့ ဆံပင်ပေါက်စေမယ့် ကုထုံးတွေ

ဆံသားဆိုတာ လူတစ်ယောက်ရဲ့ ဒုတိယမျက်နှာဆိုလည်း မမှားပါဘူး။ တချို့တွေ ဆံပင်ပါးလို့၊ ဆံပင်တွေ အရမ်းကျွတ်လို့ စိတ်တွေ ညစ်ကြတယ်။ ကိုယ်က သူများတွေနဲ့ ယှဉ်လိုက်ရင် ဆံပင်ပေါက်တာနှေးတယ်၊ ဆံပင်မသန်ဘူး၊ ဆံပင်အုံမထူဘူး။ ဆံပင်ပါးတဲ့ ပြဿနာဟာ ကျား၊ မ မရွေး ဖြစ်နိုင်ပေမယ့် အသက်ကြီးတဲ့ သူတွေမှာ ပိုပြီး အဖြစ်များတတ်ပါတယ်။ ဘာအကြောင်းရင်းကြောင့်ပဲ ဖြစ်စေ အိမ်မှာ အလွယ်တကူ လုပ်လို့ရတဲ့ ဆံပင်ပေါက်မြန်စေတဲ့ နည်းလမ်းတွေကို ဝေမျှပေးချင်ပါတယ်။ ၁။ ရှားစောင်းလက်ပပ် ရှားစောင်းလက်ပပ်က ရတဲ့ ဂျယ်လ်အနှစ်ကို ဗောက်ပြဿနာတွေ ဖြေရှင်းတဲ့နေရာမှာ အသုံးပြုကြသလို ဆံပင်ကျွတ်လွန်းတဲ့သူတွေ ဆံပင်အမြန်ပြန်ပေါက်စေဖို့လည်း အသုံးပြုနိုင်ပါတယ်။ ရှားစောင်းလက်ပပ်ရဲ့ အဆီအနှစ်ဟာ ဦးရေပြားကို အေးမြစေပြီး ဗောက်တွေကို ဖယ်ရှားပေးတယ်။ ယားယံတာကိုလည်း သက်သာစေပြီး ဦးရေပြားခြောက်တာကို သက်သာစေတယ်။ ဆံသားမွှေးညှင်းပေါက်ထဲမှာ ပိတ်မိနေတဲ့ အဆီတွေ၊ ဖုန်မှုန့်နဲ့ […]


ဆံသားနှင့် ဦးရေပြားကျန်းမာရေး

ဆံပင်အရှည်နှေးလို့ စိတ်ညစ်နေရင် ဒါလေးဖတ်ကြည့်နော်။ ။

ဆံပင် တစ်ခါ ညှပ်ပြီးရင် နောင်တတွေ ဗရပွနဲ့ မညှပ်လိုက်မိရင်ကောင်းသား။ အရင်တုန်းက ဆံပင် အရှည်လေးကို ပြန်လိုချင်လိုက်တာဆိုပြီး ဆံပင်ညှပ်ပြီးနောက်ပိုင်း ၁ လလောက်အထိ နေ့တိုင်း အဲဒီ အကြောင်းတွေ ချည်းပဲ ခေါင်းထဲမှာရှိနေတတ်တာ တို့ မိန်းကလေးတိုင်းပါ ။ ခုဆောင်းပါးလေးထဲမှာ ညှပ်လိုက်လို့ တိုသွားတဲ့ ဆံပင်တွေကြောင့် သောက ရောက်နေတဲ့ ပျိုမေတို့အတွက် ဆံပင် အရှည်မြန်စေဖို့ လိုအပ်တဲ့ ဗီတာမင် တွေ အကြောင်း ပြောပြပေးတော့မှာပဲ ဖြစ်ပါတယ် ။ ။ ဆံပင်အရှည်မြန်စေဖို့ လိုအပ်တဲ့ ဗီတာမင် နဲ့ သတ္တုဓါတ်များ ။ ။ ဗီတာမင် A - ကိုယ်ခန္ဓါက ဆဲလ်တွေအားလုံး ကြီးထွားဖို့အတွက် ဗီတာမင် A ရှိနေဖို့လိုအပ်ပါတယ်။ ဗီတာမင် A ရဲ့ […]

ad iconကြော်ငြာ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း