ဆံသားနှင့် ဦးရေပြားကျန်းမာရေး

ဦးရေပြားနဲ့ ဆံသားထိန်းသိမ်းမှုတွေက ဆံသားနဲ့ ပတ်သက်နဲ့ ဆံပင်ကြမ်းတာ၊ ကျွတ်တာတွေကို သက်သာစေသလို ဦးရေပြားနဲ့ ပတ်သက်တဲ့ ရောဂါတွေကိုလည်း ကာကွယ်ရာ ရောက်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ဆံသားနှင့် ဦးရေပြားကျန်းမာရေး

နွေရာသီမှာ ဆံသားလေးတွေ ကျန်းမာစေဖို့

နွေအပူ ပြင်းပြင်းအောက်မှာ လှပတဲ့ ဆံသားလေးကို ပိုင်ဆိုင်ချင်တဲ့ စိတ်ကူး လေဒီလေးတိုင်းမှာ ရှိမယ်ထင်ပါတယ်နော်။ ဆံသားတွေ ဟာလည်း အရေပြားတွေလိုပဲ နေရောင်ပြင်းပြင်းကြောင့် ထိခိုက်ပျက်စီးနိုင်ပါတယ်။ ဒါကြောင့် ဆံသားတွေကိုလည်း အသားအရေတွေကို ထိန်းသိမ်းသလို သေချာလေး ထိန်းသိမ်းဖို့ လိုပါမယ်။ အထူးသဖြင့် နွေရာသီမှာပေါ့။ ဒီတော့ နွေရာသီမှာ ဆံသားလေးတွေ ကျန်းမာသန်စွမ်းနေစေဖို့ ဘယ်လို ထိန်းသိမ်းရမလဲဆိုတာကို အတူတူ ကြည့်လိုက်ရအောင်လား။ နွေရာသီမှာ ဆံသားလေးတွေ ကျန်းမာစေဖို့ ဒီလို ထိန်းသိမ်းပါ။ နွေရာသီမှာ နေရောင်​ကြောင့် အရေပြားကို ထိခိုက်စေနိုင်သလို ဆံသားကိုလည်း ထိခိုက်စေနိုင်ပါတယ်။ နေရောင် ပြင်းပြင်းက ဆံသားတွေရဲ့ သန်စွမ်းမှုနဲ့ ဦးရေပြားရဲ့ ကျန်းမာရေးကိုပါ ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် နွေပူပူမှာ ဆံသားတွေ ကျန်းမာသန်စွမ်းစေဖို့ဆိုရင် အခုလိုလေး ထိန်းသိမ်းပေးပါ။ ဆံသားတွေကို အပူဒဏ်ကနေ ကာကွယ်ပါ။ နွေရာသီမှာ နေရောင်ကြောင့် […]

ဆံသားနှင့် ဦးရေပြားကျန်းမာရေး ကို ရှာဖွေမည်။

ဆံသားနှင့် ဦးရေပြားကျန်းမာရေး

ဆံနွယ်လေးတွေ စိတ်ကူးထားတဲ့အတိုင်းဖြစ်လာစေဖို့ ဘာတွေစားမလဲ

သူ့ဆံပင်လေးက နက်မှောင်နေတာပဲ။ ထူထူထဲထဲလေးနော်။ ငါလည်း သူ့လိုလှပတဲ့ ဆံနွယ်လေးတွေ ပိုင်ဆိုင်ချင်လိုက်တာလို့ စိတ်ကူးနေတဲ့ လေဒီလေးတွေ များရှိလား။ ဒါဆိုရင်တော့ စိတ်ကူးထားတဲ့အတိုင်း ဆံသားလေးလှပစေဖို့ ဘာတွေစားပေးရင်ရမလဲဆိုတာကို ဒီဆောင်းပါးလေးထဲမှာ ဖတ်ကြည့်လိုက်ပါ။ ဆံနွယ်လေးတွေ စိတ်ကူးထားတဲ့အတိုင်းဖြစ်လာစေဖို့ ဒါတွေစားပါ ဆံနွယ်လေး နက်မှောင်လှပနေမှုကလည်း သင့်ကို အလှတိုးစေမယ့်အရာတစ်ခုပါ။ ဒီတော့ ဆံနွယ်လေးကို စိတ်ကူးထားတဲ့အတိုင်းလှပနေစေဖို့ဆိုရင် ဆံသားတောက်ပြောင် စေဖို့ ဆံသားတောက်ပြောင်စေဖို့အတွက် omega-3 fatty acids ကြွယ်ဝစွာပါဝင်နေတဲ့ ဆယ်လ်မွန်၊ ဆာဒင်း၊ မက်ကာရယ် တို့လိုမျိုးငါးတွေစားပေးပါ။ ခန္ဓာကိုယ်က ဒီအဆီကိုမထုတ်လုပ်နိုင်တာကြောင့် အစားအစာကနေ အဓိကရယူရမှာပါ။ ဒီအဆီက ရောဂါတွေကနေ ကာကွယ်ပေးသလို ဆံသားကို သန်စွမ်းစေပြီး နက်မှောင် တောက်ပြောင်စေမှာပါ။ ဆံပင်သန် စေဖို့ ဆံပင်သန်ချင်တယ်ဆိုရင်တော့ ဒိန်ချဉ်သောက်တာက အဆင်အပြေဆုံးဖြစ်မှာပါ။ အကြောင်းကတော့ ဒိန်ချဉ်မှာ ပရိုတင်း ပြည့်ဝစွာပါဝင်နေပြီး ဦးရေပြားကို သွေးစီးဆင်းမှုကောင်းအောင် ထောက်ပံ့ပေးနိုင်တာကြောင့် ဆံသားကို […]


ဆံသားနှင့် ဦးရေပြားကျန်းမာရေး

ဗောက်ထတာက ဆံပင်ကျွတ်စေနိုင်လား....

ကုတ်လိုက်တိုင်း ဗောက်တွေကဖွေးဖွေးလှုပ်။ ခေါင်းဖြီးလိုက်တိုင်း ဆံပင်တွေကျွတ်နဲ့ စိတ်ကိုညစ်နေတာပဲ။ ဘာလုပ်လို့လုပ်ရမလဲသိဘူးဆိုတဲ့သူတွေများရှိလား.... ဒါဆိုရင်တော့ ဒီဆောင်းပါးလေးက သင့်အတွက်ပါ။ ဗောက်ဆိုတာ ဗောက်ပြဿနာကို ရင်ဆိုင်နေရတဲ့သူက ကမ္ဘာ့လူဦးရေ ၅၀ ရာခိုင်နှုန်းလောက်က ဗောက်ပြဿနာကိုခံစားနေရပါတယ်။ ဒါကြောင့် ဗောက်ပြဿနာခံစားနေရတာ သင်တစ်ယောက်တည်းလို့ မထင်စေချင်ပါဘူး။ ဗောက်ကဦးရေပြား ပြဿနာတစ်ခုပါ။ ဦးရေပြားခြောက်သွေ့မှုကနေဖြစ်ပေးလာတဲ့ အရေပြားပြဿနာတစ်ခုပေါ့။ ဗောက်က ဘာတွေဖြစ်စေနိုင်လဲ..... ဗောက်ဖြစ်တဲ့အခါ ဦးရေပြားက ယားယံမယ် ခြောက်သွေ့မယ် နီမြန်းရောင်ရမ်းမယ်။ ဗောက်ဖြစ်စေတဲ့အကြောင်းအရင်း ဗောက်ဖြစ်စေနိုင်တဲ့ အကြောင်းအရင်းက တစ်ခုမကရှိနေပါတယ်။ ဦးရေပြားက အဆီပြန်တာ ခေါင်းသေချာမလျှော်တာ မှိုပိုးကူးစက်ခံရတာ အသားအရေခြောက်သွေ့တာ ဆံသားသုံး ပစ္စည်းတွေနဲ့ မတည့်တာ အရေပြားပြဿနာတစ်ခုခု ခံစားနေရတာ အသက်အရွယ်ကြောင့်ဖြစ်တာ အမျိုးသားဖြစ်နေတာ ရောဂါအခံတစ်ခုခုရှိနေတာကြောင့် ဗောက်ထနိုင်ပါတယ်။ ဗောက်က ဆံပင်ကျွတ်စေနိုင်လား....... ဗောက်က ဆံပင်ကျွတ်စေနိုင်လားဆိုတော့ ကျွတ်စေနိုင်ပါတယ်။ အ​ကြောင်းကတော့ ဗောက်ဖြစ်တဲ့အခါ ဦးရေပြားကယားယံတယ်။ ယားယံတာကို သက်သာစေဖို့ လက်သည်းနဲ့ဖြစ်ဖြစ် ဘီးလိုမျိုးအရာတွေနဲ့ဖြစ်ဖြစ် ဦးရေပြားကို ကုတ်ခြစ်မိပါမယ်။ ဒီလိုကုတ်ခြစ်မိတာက […]


ဆံသားနှင့် ဦးရေပြားကျန်းမာရေး

ဆံပင် ဖြောင့်တဲ့အခါ

ဆံပင် ဖြောင့်တဲ့အခါ အမျိုးသမီးတစ်ယောက်ရဲ့ ဆံကေသာ အလှ ဟာ နဂိုကောင်းတာကြောင့်ဆိုတာထက် ဆံပင် ကို သူဘယ်လိုစောင့်ရှောက်ပေးသလဲ ဆိုတာနဲ့ ပိုသက်ဆိုင်ပါတယ်။ ဆံပင်ဆိုတာ ဘာအရေးကြီးလို့လဲ ဆိုသူတွေကိုပြောချင်တာက ဆံပင်ဟာ လူတစ်ယောက်အတွက်တော့ ဒုတိယ မျက်နှာပါပဲ။ ဆံကေသာ အလှ လို့ဆိုတဲ့နေရာမှာ ဆံသားရဲ့ ကျန်းမာသန်စွမ်းလှပမှု အပြင် ဆံပင်ပုံစံကိုလည်း ထည့်စဉ်းစားကြရပါတယ်။ ကမ္ဘာအနှံ့က တချို့သောအမျိုးသမီးတွေက လှပသန်စွမ်းပြီး နူးညံ့တဲ့ ဆံပင် အပြင် သူတို့နဲ့ လိုက်ဖက်မယ်ထင်တဲ့  ရှည်ပြီးဖြောင့်တဲ့ ဆံပင်ရဖို့ စိတ်ကူးယဉ်ကြပါတယ်။ ဘာကြောင့် ဆံပင်အဖြောင့်ကို ကြိုက်တာလဲ ကြည့်ကြည့်ရအောင်။ အမျိုးသမီးတွေက ဆံပင်ပုံစံအမျိုးမျိုးနဲ့ မွေးဖွားလာကြတာပါ။ အကောက်၊ လှိုင်းတွန့်၊ အရှည်၊ အတို အစုံပေါ့။ ဒါပေမဲ့ တချို့အမျိုးသမီးတွေရဲ့အဆိုအရ ဆံပင်အဖြောင့်ထက် ကောင်းတာ မရှိဘူးတဲ့။ ဒီကမ္ဘာပေါ်မှာ ကိုယ်လိုချင်တဲ့ ဆံပင်အဖြောင့်ကို […]


ဆံသားနှင့် ဦးရေပြားကျန်းမာရေး

ဆံသား နဲ့ မာလကာရွက်

ဆံသား နဲ့ မာလကာရွက် မာလကာရွက်က ဆံသားအတွက် တော်တော်လေးသင့်တော်တဲ့ သဘာဝ ပစ္စည်းတစ်ခုပေါ့။ မာလကာရွက်ကို ရေနွေးထဲထည့်ပြီးသောက်သုံးပေးလို့ရသလို မာလကာရွက်ပြုတ်ရည်ကို ဆံသားနဲ့ ဦးရေပြားကျန်းမာစေဖို့အတွက်လည်း အသုံးပြုလို့ရပါတယ်။ မာလကာရွက်ကို ဆံသားနဲ့ဦးရေပြားအတွက်တင်မဟုတ်ဘဲ ဝမ်းလျှောတာ၊ ချောင်းဆိုးတာနဲ့ သွားဖုံးရောဂါ၊ နားဝေဒနာတွေအတွက် အသုံးပြုလို့ရပါတယ်။ မာလကာရွက်ကို ဗောက်သက်သာစေဖို့ သုံးလို့ရသလို အရွယ်မတိုင်ခင် ဆံပင်ဖြူတာမျိုး မဖြစ်စေဖို့အတွက်လည်းအသုံးပြုလို့ရပါတယ်။ (၁) မာလကာရွက်က ဆံပင်ကျွတ် သက်သာစေနိုင်တယ် ဆံပင်တွေကျွတ်ပြီး ဆံပင်ပါးလာလို့ စိတ်ညစ်နေတာလား လေဒီ။ ဓာတ်တိုးဆန့်ကျင်အာနိသင်ကြွယ်ဝစွာပါဝင်တဲ့ မာလကာရွက်က Oxidative stress တွေကြောင့် ဆံပင်ကျွတ်တာကို သက်သာစေပါလိမ့်မယ်။ သုတေသနတွေအရ မာလကာရွက်မှာ ရောင်ရမ်းမှုကို သက်သာစေနိုင်တဲ့ ဖလေဗာနွိုက် ပါဝင်ပြီး ဆံသားမွေးညှင်းအိတ်လေးတွေကို ကျန်းမာစေပြီး ဆံပင်တွေကို ပေါက်စေပါတယ်။ မာလကာရွက်ကို စားသုံးပေးမယ်ဆိုရင် ကင်ဆာကြောင့် ဓာတ်ရောင်ခြည်ကုထုံးခံယူနေရတာကြောင့် ဆံပင်ကျွတ် တာတွေကို လျော့ပါးသက်သာစေနိုင်ပါတယ်။ ဘယ်လိုသုံးရမှာလဲ […]


ဆံသားနှင့် ဦးရေပြားကျန်းမာရေး

ဆံသားပြန်ကျန်းမာစေမယ် လို့ဆိုကြတဲ့ Hair Rebonding

ဆံပင်ပုံစံပြောင်းကြမယ်ဟေ့ဆိုတာနဲ့ မတ်မတ်တို့ရဲ့ဆံပင်ကို အရင်က ဟိုခေတ်ကဆို ကောက်ကောက်ကွေးကွေးလေး၊ နောက်တော့ ဖြောင့်စင်းစင်းလေး၊ နောက်ပိုင်းမှာ အောက်နားကောက်တဲ့ အလိပ်လိပ်လေးနဲ့ စုံလို့ပါပဲ။ ဒါတွေအကုန်လုံးကို တစ်ချက်တည်း ရိုက်ချလိုက်နိုင်တဲ့ နည်းကတော့ hair rebonding ပါပဲ။ Hair Rebonding ဆိုတာ ကောက်လိုက်၊ ဖြောင့်လိုက်၊ ဆေးဆိုးလိုက်နဲ့ အမျိုးစုံပြင်ဆင်ထားခဲ့ဖူးတဲ့ ဆံသားတွေဟာ တဖြည်းဖြည်းနဲ့ အဖျားတွေ နှစ်ခွကွဲလာမယ်၊ ခြောက်သွေ့လာမယ်၊ အရောင်အဆင်းပျက်လာမယ်၊ ဖြီးမရဖြည်မရ ရှုပ်ထွေးလာမယ်၊ ပြတ်ထွက်လာမယ်၊ ဆံပင်ကျွတ်မယ် စတဲ့ ပျက်စီးမှုပေါင်းစုံ ကြုံလာရနိုင်ပါတယ်။ ဒီလိုအချိန်မှာ ဆံသားပြဿနာတွေကို အမြန်ဆုံးဖြေရှင်းပေးနိုင်တဲ့နည်းအဖြစ် hair rebonding treatment ဆိုတာ ပေါ်ထွက်လာခဲ့ပါတယ်။ hair rebondingလုပ်ရင် ဆံသားကို ဖြောင့်စင်းပြီး အိသွားစေတယ်၊ အရောင်တောက်ပစေတယ်၊ လေတိုက်ရင်တောင်ဆံပင်မရှုပ်စေတဲ့အထိ ထိန်းသိမ်းရလွယ်စေမယ်။ ဒါ့ကြောင့် ဆံပင်က ကောက်နေလား၊ ဆံသားခြောက်ပြီး […]


ဆံသားနှင့် ဦးရေပြားကျန်းမာရေး

Rebonding လုပ်ထားတဲ့ ဆံသားအတွက် ဒီအချက်တွေမလုပ်မိဖို့ သတိထားပါ

ဆံကေသာအလှဟာ ပျိုမေတိုင်းအတွက် အရေးပါလှပါတယ်။ ဆံပင်ပုံစံလေးပြောင်းလိုက်တာနဲ့ တအားဆွဲဆောင်မှုရှိသွားတာမျိုး၊ ဆံပင်တွေ ကပိုကရိုနဲ့လှတဲ့သူတွေရှိပေမယ့် တချို့မှာတော့ ဆံပင်မသပ်ရပ်လို့ အလှတွေမြုပ်သွားတာမျိုး။ ဒီလိုအရေးပါတဲ့ ဆံကေသာရဲ့ ကျန်းမာရေးအတွက် သေချာဂရုစိုက်သင့်တာ လက်ခံတယ်မလား။ ဆံသားပြဿနာအမျိုးမျိုးကို အမြန်ဆုံးဖြေရှင်းပေးနိုင်တဲ့နည်းအဖြစ် hair rebonding treatment ဆိုတာ ပေါ်ထွက်လာခဲ့ပါတယ်။ hair rebonding လုပ်ရင် ဆံသားကို ဖြောင့်စင်းပြီး အိသွားစေတယ်၊ အရောင်တောက်ပစေတယ်၊ လေတိုက်ရင်တောင်ဆံပင်မရှုပ်စေတဲ့အထိ ထိန်းသိမ်းရလွယ်စေမယ်။ ဒါ့ကြောင့် ဆံပင်က ကောက်နေလား၊ ဆံသားခြောက်ပြီး ပွနေလား၊ ရှုပ်ထွေးနေလား ဘာလာလာ ဖြေရှင်းပေးနိုင်ပါလိမ့်မယ်။ အရေးကြီးတာက rebonding လုပ်ပြီးတဲ့အခါ - ၃ ရက်အတွင်း ခေါင်းမလျှော်ပါနဲ့။ ဒါ အရေးကြီးဆုံးအချက်ပါ။ rebonding လုပ်ထားတဲ့ ဆံပင်ကို ပုံသွင်းထားတာမပျက်စေဖို့  ၃ ရက်အတွင်း ရေမထိအောင် သတိထားရပါမယ်။ ဆံပင်မစည်းပါနဲ့။ ဆံပင်စည်းတာ၊ ကလစ်တွေနဲ့ညှပ်တာ၊ ထုံးတာတွေ မလုပ်ပါနဲ့။ […]


ဆံသားနှင့် ဦးရေပြားကျန်းမာရေး

ဆောင်းရာသီ နဲ့ ဗောက်ပြဿနာ

ဆောင်းရာသီကအေးမြပြီးနေရထိုင်ရအဆင်ပြေပေမယ့်ဆောင်းရာသီမှာ အရေပြား၊ဆံသားနဲ့ ဦးရေပြားတွေကိုတော့ ဂရုစိုက်ရပါမယ်။ဆောင်းရာသီမှာ အသားအရေခြောက်သွေ့တာဖြစ်နိုင်သလို၊ ဆံသားခြောက်သွေ့ကြမ်းတမ်းတာနဲ့ ဦးရေပြားမှာဗောက်ဖြစ်တာတွေ ခံစားရနိုင်ပါတယ်။ ဗောက်ဆိုတာ ဗောက်ဆိုတာက ဦးရေပြားမှာ အဖြူရောင် အဖတ်အဖတ်လေးတွေဖြစ်ပေါ်တာပါ။ဗောက်ဖြစ်တာက အလှပျက်စေသလို ဦးရေပြားမှာ ယားယံမှုကိုဖြစ်စေနိုင်ပါတယ်။ဗောက်က စိတ်အနှောင့်အယှက်ဖြစ်စေတဲ့ပြဿနာတစ်ခုဖြစ်ပြီး ကုသဖို့လည်း မလွယ်ကူပါဘူး။ဆောင်းရာသီလိုမျိုးအေးမြတဲ့ရာသီမှာ ပုံမှန်ထက်ဗောက်တွေပိုဖြစ်နိုင်ပါတယ်။ဗောက်ဖြစ်ရတဲ့ အကြောင်းအရင်းကိုသေသေချာချာမသိရပေမယ့်ဗောက်မဖြစ်အောင်ကာကွယ်လို့တော့ရပါတယ်။ ဒီအချက်တွေကြောင့်ဗောက်ထနိုင်ပါတယ် ဆံပင်ကိုဖြီးသင်မှုသိပ်မရှိတာ - ဆံပင်ကို မှန်မှန်လေးဖြီးပေးတာကဗောက်တွေကို သက်သာစေနိုင်ပါတယ်။ မှိုပိုးတွေကြောင့် - မှိုပိုးတွေကြောင့်ထိခိုက်လွယ်တဲ့ အသားအရေပိုင်ရှင်တွေမှာဗောက်ဖြစ်လွယ်ပါတယ်။ ဗောက်တွေက ဆောင်းရာသီမှာပိုဆိုးပြီး နွေရာသီလိုမျိုးရာသီမှာတော့ နည်းနည်းသက်သာပါတယ်။နေရောင်ခြည်မှာပါတဲ့ UVA က မှိုပိုးတွေကို တိုက်ဖျက်ပေးနိုင်တဲ့ အာနိသင်ရှိပါတယ်။ အရေပြားခြောက်သွေ့တာ - အရေပြားခြောက်သွေ့တာ ဦးရေပြားမှာ ဗောက်ပိုထစေတဲ့အကြောင်းအရာပါ။ဆောင်းရာသီရဲ့အေးမြတဲ့လေထုနဲ့ အခန်းတွင်းအပူချိန်တွေက ဦးရေပြားမှာဗောက်ပိုဖြစ်စေနိုင်သလို ယားယံမှုတွေကို ပါဖြစ်စေနိုင်ပါတယ်။ ခေါင်းလျှော်ရည်တွေကြောင့် -ခေါင်းလျှော်ရည်တွေကြောင့်လည်း ဦးရေပြားခြောက်သွေ့ပြီးဗောက်ထနိုင်ပါတယ်။ မကြာခဏခေါင်းလျှော်ရည်အမျိုးမျိုးသုံးပြီးခေါင်းလျှော်တာကလည်းဗောက်ထစေနိုင်ပါတယ်။ ရောဂါအခံတစ်ခုခုရှိတာကြောင့် - အာရုံကြောဆိုင်ရာရောဂါတစ်ခုခုခံစားနေရသူတွေမှာလည်းဗောက်ထနိုင်တဲ့ အခြေအနေက အခြားသူတွေထက်ပိုများပါတယ်။ ပါကင်ဆန်ဝေဒနာခံစားနေရတဲ့ သက်ကြီးရွယ်အိုတွေက အခြားသူတွေထက်ဗောက်ပိုထနိုင်ပါတယ်။ ရုတ်တရက်နှလုံးရပ်သွားတာ၊ လေဖြတ်တာမျိုးခံစားရဖူးတဲ့သူတွေမှာဗောက်ထနိုင်ခြေကတော်တော်လေးများပါတယ်။ စားသောက်မှုပုံစံ […]


ဆံသားနှင့် ဦးရေပြားကျန်းမာရေး

ဖယောင်းသွင်း ထားသလို ဆံသားပျော့ပျောင်းသွားစေမယ့် သဘာဝပေါင်းဆေး(၃)မျိုး

ဆံသားကို သေချာဂရုမစိုက်တာ၊ နေရောင်ခြည်နဲ့ထိတွေ့မှုများတာနဲ့ ဓာတုပစ္စည်းတွေသုံးတာတွေ များလာရင် ဆံကေသာကို ထိခိုက်ပျက်စီးစေတာပေါ့။ ဆံသားကို ပြုပြင်ထိန်းသိမ်းပေးမှ ပြန်လည်ကျန်းမာစေပြီး ပုံကျလှပနိုင်မှာပါ။ အပူဒဏ်၊ ဆံပင်ပုံသွင်းခြင်း၊ ဂရုစိုက်ထိန်းသိမ်းမှုမရှိခြင်း၊ နေရောင်ခြည်နဲ့ထိတွေ့မှုလွန်ကဲခြင်းနဲ့ ဓာတုပစ္စည်း ထိတွေ့မှုတွေကြောင့် ဆံသားကို ထိခိုက်ပျက်စီးစေပါတယ်။ ဆံပင်ပျော့ဆေးသုံးလိုက်တဲ့အခါ ဖြီးရလွယ်ကူပြီး ဆံသားခြောက်သွေ့ခြင်းကိုကာကွယ်ပေးတာကြောင့် ရှုပ်ပွနေတဲ့ ဆံပင်တွေကို ပုံကျလှပစေမှာဖြစ်ပါတယ်။ ဒါပေမယ့် ဆံပင်ပျော့ဆေးကို တံဆိပ်အမျိုးမျိုးနဲ့တွေ့ရတတ်တာကြောင့် အရည်အသွေးမကောင်းတဲ့ ဆံပင်ပျော့ဆေးတွေကြုံခဲ့ရင် ကောင်းကျိုးထက် ဓာတုပစ္စည်းတွေကြောင့် ဆံသားပျက်စီးတာသာအဖတ်တင် ပါလိမ့်မယ်။ ဒီလိုမဖြစ်ရအောင် အိမ်မှာပဲ လွယ်လွယ်ကူကူ ကိုယ်တိုင်ပြုလုပ်လို့ရတဲ့ သဘာဝဆံပင်ပျော့ဆေး လေးတွေ ဖော်ပြပေးလိုက်ပါတယ်။ ငွေကုန်လည်းသက်သာ၊ ဆိုင်သွားဖို့ ပေးရတဲ့အချိန်ကုန်လည်း သက်သာစေပါလိမ့်မယ်။ (၁) ကြက်ဥအနှစ်နဲ့ ဗီနီဂါ ကြက်ဥက ဆံသားထဲမှာအစိုဓာတ်ထိန်းပေးနိုင်တဲ့ lecithin ကြွယ်ဝပါတယ်။ ဗီနီဂါက သန်း၊ ဗောက်နဲ့ တခြားဦးရေပြားပြဿနာတွေကိုပျောက်ကင်းစေနိုင်တယ်။ ဒီပစ္စည်းနှစ်မျိုးပေါင်းစပ်တဲ့ ဆံပင်ပျော့ဆေး ပြုလုပ်နည်းကတော့ […]


ဆံသားနှင့် ဦးရေပြားကျန်းမာရေး

ပျားရည်နဲ့ ဆံကေသာကို ပေါင်းတင်ကြရအောင်

အသားအရေကို ထိန်းသိမ်းတဲ့အိမ်သုံးပစ္စည်းတွေထဲမှာ ပျားရည်ဟာလည်း အလွန်နာမည်ကြီးပါတယ်။ အရေပြားအတွင်းထဲထိ စိမ့်ဝင်မှုအားကောင်းသလို အသားအရေအတွက်လိုအပ်တဲ့ အာဟာရဓာတ်တွေကိုလည်း ပေးစွမ်းနိုင်တယ်။ လုပ်ရတာလည်း လွယ်ကူသလို အချိန်မကုန် အလုပ်မရှုပ်တဲ့အတွက် ကိုယ့်အိမ်မှာပဲ အချိန်ခဏလေးပေးပြီး အသားအရေထိန်းသိမ်းလို့ရတယ်။ ပျားရည်ကို အများစုက မျက်နှာပေါင်းတင်တဲ့နေရာမှာ သုံးတဲ့ သဘာဝ Mask အဖြစ်အသုံးပြုကြပါတယ်။ အချိန် ၁၀ မိနစ်လောက်ပေးပြီး မျက်နှာမှာ ကပ်ထားရုံနဲ့ ဝက်ခြံအဖုအပိမ့်တွေကို သက်သာစေပြီး အမည်းစက်တွေကို ဖယ်ရှားပေးတယ်။ အဆီပြန်ခြင်းကင်းပြီး နူးညံ့ချောမွေ့တဲ့ မျက်နှာအသားအရေကို ရစေတယ်။ အိုမင်းရင့်ရော်ခြင်းကို တားဆီးပေးပြီး အသားအရေကိုလည်း ဖြူစင်ဝင်းပလာစေပါတယ်။ အရင်ဆောင်းပါးတွေတုန်းက ပျားရည်ကို အသုံးပြုပြီး မျက်နှာအသားအရေထိန်းသိမ်းလို့ရတဲ့ နည်းလမ်းတွေအကြောင်း ပြောပြခဲ့ပြီးပြီဆိုတော့ ဒီဆောင်းပါးလေးမှာ ဆံကေသာအတွက် ပျားရည်ကို ဘယ်လိုအသုံးပြုနိုင်မလဲဆိုတာနဲ့ သူ့ရဲ့ အားသာချက်တွေကို ပြောပြပေးသွားပါမယ်။ ပျားရည်နဲ့ ဆံသားပေါင်းတင်ခြင်း ကောင်းကျိုး ဆံကေသာကို ခေါင်းလျှော်ရည်နဲ့ လျှော်ပြီးတဲ့နောက် […]


ဆံသားနှင့် ဦးရေပြားကျန်းမာရေး

ခြောက်သွေ့ယားယံတဲ့ ဦးရေပြားအတွက် နည်းလမ်းကောင်းများ။ ။

ဗောက်ပျောက်စေတဲ့ ခေါင်းလျှော်ရည်တွေ ဘယ်လောက်သုံးသုံး ယားယံတဲ့ ပြဿနာတွေက ကင်းဝေးမသွားဘူးမဟုတ်လား။ ပိုက်ဆံတွေလည်း အကုန်အကျများ အကျိုးသက်ရောက်မှုကလည်း မရှိနဲ့ ဘယ်လောက်တောင်စိတ်ညစ်စရာကောင်းလိုက်သလဲ။ ပြီးတော့ ဦးရေပြားခြောက်သွေ့ယားယံတယ်ဆိုတာကလည်း ရာသီမရွေး၊ အသက်အရွယ်မရွေးဖြစ်နေတာဆိုတော့ လူသိများတဲ့ ဝေဒနာတစ်ခုပဲလေ။ ဒီလို ခြောက်သွေ့ယားယံတဲ့ပြဿနာကို သဘာဝနည်းလမ်းတွေနဲ့ ဖြေရှင်းလို့ရတယ်ဆိုတာ သင်သိပါသလား ။ ။ သဘာဝနည်းလေးတွေ အရင်မပြောခင် လိုက်နာသင့်တဲ့ လူနေမှု ပုံစံတွေ အကြောင်းအရင်ပြောပြချင်ပါတယ်။ ခေါင်းယားလွန်းလို့ဆိုပြီးခဏခဏ ခေါင်းမလျှော်လိုက်ပါနဲ့။ Yeast ခေါ် တစေးပါတဲ့ အစားအစာတွေကို ရှောင်ပါ။ ( ချိုတဲ့အစားအစာတွေ၊ ပေါင်မုန့်၊ မှိုပွင့်၊ မြေပဲ ) စတာတွေပါတာပေါ့။ ကိုယ်သုံးတဲ့ ဆံသားထိန်းသိမ်းပစ္စည်းတွေထဲမှာ အရက်ပြန်တို့ SLS (sodium lauryl suphate) တို့ မပါအောင်ရှောင်ပါ။ သုံးနေတဲ့ ဘီးကို ခေါင်းလျှော်တိုင်း […]

ad iconကြော်ငြာ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း