အသားအရေနှင့် အလှအပ

အရေပြားဆိုတာ ခန္ဓာကိုယ်ရဲ့ အကြီးဆုံးအင်္ဂါရပ်ပါ။ အပြင်ကနေ ခန္ဓာကိုယ်တစ်ခုလုံးကို ကာကွယ်ပေးထားတာပါ။ ခန္ဓာကိုယ်ကို အပူချိန်ထိန်းညှိတာ၊ ရောဂါပိုးတွေ မဝင်အောင် တားဆီးပေးတာ စတဲ့ အရေးပါတဲ့ လုပ်ငန်းတွေကိုလည်း လုပ်ပေးပါတယ်။ ကျန်းမာတဲ့ အရေပြားဆိုတာဘာလဲ၊ အဖြစ်များတဲ့ အရေပြားပြဿနာတွေက ဘာတွေလဲဆိုတာ ဒီစာမျက်နှာမှာ လေ့လာလိုက်ပါ။

ကျန်းမာရေးဗဟုသုတ

အသားအရေနှင့် အလှအပ

အရေပြားမှိုရောဂါတွေ ဘယ်ကနေ ကူးစက်နိုင်သလဲ

[embed-health-tool-due-date]လူတိုင်းဟာ သူတို့ရဲ့ ဘဝသက်တမ်းတလျှောက်မှာ အနည်းဆုံး တစ်ကြိမ်လောက်တော့ အရေပြားမှိုပိုး ကူးစက်တာကို ခံစားရဖူးမှာပါ။ တစ်ကိုယ်ရေသန့်ရှင်းရေး အားနည်းတာ၊ စိုထိုင်းဆ များတာ၊ ရာသီဥတုပူနွေးတာတွေက မှိုပိုးကူးစက်တတ်တဲ့ အကြောင်းရင်းခံတွေပါ။ ကလေးလေးတွေမှာဆိုရင် မှက္ခရု လူကြီးတွေမှာဆိုရင် ပေါင်ခြံမှာ ပွေးပေါက်တာ၊ သဲဝဲစားတာတွေက အဖြစ်များတဲ့ အရေပြားမှိုရောဂါတွေ ပါ။ အရေပြားပြဿနာတွေ ဖြစ်စေနိုင်တဲ့ မှိုပိုးတွေက လူတိုင်းရဲ့ အရေပြားတိုင်းမှာ ရှိနေနိုင်ပြီး စိုထိုင်းဆ များလာတဲ့အခါ၊ ပူးနွေးအိုက်စပ်ပြီး လေဝင်လေထွက် မကောင်းချိန်တွေမှာ သဲဝဲ၊ ပေါင်ခြံပွေး နဲ့ ခြေသည်းမှိုစွဲတာတွေ ခံစားရနိုင်ပါတယ်။ ဒီတစ်ခေါက်တော့ အရေပြားမှိုရောဂါတွေ ဘယ်ကနေ ကူးစက်နိုင်သလဲ ဆိုတာကို ပြောပြပေးချင်ပါတယ်။ အဖြစ်များတဲ့ မှိုပိုးကြောင့် ဖြစ်တဲ့ အရေပြားပြဿနာများ မှိုပိုးအများစုက လူသားတွေကို မထိခိုက်စေပေမယ့် အချို့သော မှိုပိုးတွေကတော့ ထိခိုက်စေနိုင်ပါတယ်။ မှိုပိုး ကူးစက်မှုက […]

အသားအရေနှင့် အလှအပ ကဏ္ဍများကို ပိုမို သိရှိလိုသည်

အသားအရေနှင့် အလှအပ ကို ရှာဖွေမည်။

အသားအရေ ထိန်းသိမ်းခြင်း

နေလောင်ကာခရင်မ် ဝယ်တော့မယ်ဆိုရင်

နေလောင်ကာခရင်မ်ဆိုတာ ဘာလဲ။ အပြင်နေရောင်ခြည်မှာ ပါနေတဲ့ ခရမ်းလွန်ရောင်ခြည်တွေဟာ အသားအေရကို မွဲခြောက်ပျက်စီးစေတယ်။ အရောင်မှိန်စေပြီး မွဲခြောက်ခြောက်ဖြစ်စေတယ်။ အရေးအကြောင်းတွေကို ထင်စေပြီး အရွယ်မတိုင်ခင် အိုမင်းရင့်ရော်ခြင်းကို ဖြစ်စေတယ်။ ကြာလာတဲ့အခါ အရေပြားကင်ဆာတွေ ဖြစ်စေနိုင်သည်အထိ ဒုက္ခပေးပါတယ်။ ဒီလိုခရမ်းလွန်ရောင်ခြည်ဒဏ်ကြောင့် အသားအရေထိခိုက်ပျက်စီးမှုနည်းစေဖို့ နေလောင်ကာခရင်မ်တွေကို သုံးပေးဖို့ လိုအပ်ပါတယ်။ SPF က ဘယ်လောက်ထိ အရေးကြီးလဲ။ နေလောင်ကာခရင်မ်တိုင်းမှာ SPF ပမာဏတစ်ခုစီ ပါဝင်ပါတယ်။ SPF (Sun Protection Factor) ဆိုတာ အသားအရေကို နေရောင်ခြည်ဒဏ်ကနေ ဘယ်လောက်ထိ ကာကွယ်ပေးနိုင်လဲဆိုတဲ့ ပမာဏကို ရည်ညွှန်းတာဖြစ်ပါတယ်။ ဟိုးအရင်တုန်းကတော့ SPF ကို ၁၅ လောက်ထိပဲ အများဆုံး ထုတ်လုပ်ခဲ့ပေမယ့် တဖြည်းဖြည်းပူပြင်းလာတဲ့ ဒီဘက်ခေတ်ကြီးထဲမှာ SPF ကို ၅၀ လောက်ထိ ပါဝင်ထည့်သွင်းထားကြပါတယ်။ အလှကုန်တချို့မှာလည်း SPF […]


အခြားအရေပြားပြဿနာများ

ဖနောင့်တွေဘာကြောင့်ကွဲရတာလဲ...

ဖနောင့်ကွဲတာကပြဿနာကြီးကြီးမားမားမဟုတ်ပေမယ့် လူတိုင်းနီးပါးခံစားနေရတဲ့ခြေထောက်အရေပြားပြဿနာတစ်ခုပါ။ အရွယ်ရောက်ပြီးသူတွေရဲ့ ၂၀ ရာခိုင်နှုန်းလောက်အထိ ခံစားနေရတဲ့ပြဿနာတစ်ခုဆိုလည်းမမှားပါဘူး။ ဖနောင့်ကွဲတာက သိပ်မပြင်းထန်ရင် နာကျင်တာမျိုးတောင်မရှိစေဘူးဆိုပေမယ့် အလှပျက်စေတာကတော့ အမှန်ပါ။ ဒီတစ်ခေါက်တော့ ဘာကြောင့် ဖနောင့်ကွဲရတာလဲဆိုတဲ့ အကြောင်းလေးကို နည်းနည်းလောက်ဆွေးနွေးချင်ပါတယ်။ ဖနောင့်ကွဲတာနဲ့ပတ်သက်လို့ ဖနောင့်ကွဲတာက အပေါ်ယံလောက်ပဲဆိုရင်ပြဿနာမရှိပေမယ့် အတွင်းထိအရမ်းနက်မယ်ဆိုရင်တော့ နာကျင်မှုကလည်း ပိုဆိုးနိုင်ပါတယ်။ ဖနောင့်ကွဲတာက ကလေးတွေမှာရောဖြစ်နိုင်လား........ ဖနောင့်ကွဲတက လူကြီးတွေမှာ အဖြစ်များပေမယ့် ကလေးတွေမှာလည်းဖြစ်နိုင်ပါတယ်။ ဖနောင့်ကွဲတာက အရမ်းမပြင်းထန်ဘူးဆိုပေမယ့် စိတ်အနှောင့်အယှက်ြဖစ်စေတဲ့ အရေပြားပြဿနာတစ်ခုပါ။ ဘယ်သူတွေမှာ အဖြစ်များလဲ........ ဖနောင့်ကွဲတာက အမျိုးသားရော အမျိုးသမီးမှာပါဖြစ်နိုင်ပေမယ့် အမျိုးသမီးတွေမှာ ပိုအဖြစ်များကြပါတယ်။ ဘာကြောင့်ဖနောင့်ကွဲရတာလဲ....... ဖနောင့်ကွဲရတဲ့အချက်က တစ်ချက်မကရှိနေနိုင်ပါတယ်။ အစိုဓါတ်နည်းတာ - ဒီအချက်ကတော့ ဖနောင့်ကွဲခြင်းကိုဖြစ်စေတဲ့ အဓိကအကြောင်းအရင်းတွေထဲက တစ်ခုပါ။ များသောအားဖြင့်ခြေထောက်အောက်ဘက်ကအသားတွေက အစိုဓါတ်နည်းကြပြီးခြောက်သွေ့ကွဲအက်လွယ်ကြပါတယ်။ အကြောင်းကတော့ ဖနောင့်တဝိုက်ကအသားအရေမှာချွေးဂလင်းလေးတွေသိပ်မရှိလို့ပါပဲ။ အာဟာရချို့တဲ့မှုကြောင့် -နေ့စဉ်စားသုံးတဲ့အစားအသောက်တွေထဲမှာ ဗီတာမင်၊ သတ္တုဓါတ်နဲ့ ဇင့်ဓါတ်တွေ ပြည့်စုံလုံလောက်အောင် မပါဝင်တာကြောင့်လည်း ဖနောင့်ကွဲနိုင်ပါတယ်။ ဖိအားများတာကြောင့် - အချိန်ကြာမြင့်စွာမတ်တတ်ရပ်နေရမှုကခြေဖနောင့်အသားတွေပေါ်မှာ ဖိအားသက်ရောက်မှုများတာကြောင့်လည်း ဖနောင့်တွေကွဲနိုင်ပါတယ်။ အသက်အရွယ်ကြီးရင့်လာတာကြောင့် - […]


ဆံသားနှင့် ဦးရေပြားကျန်းမာရေး

ခြောက်သွေ့ယားယံတဲ့ ဦးရေပြားအတွက် နည်းလမ်းကောင်းများ။ ။

ဗောက်ပျောက်စေတဲ့ ခေါင်းလျှော်ရည်တွေ ဘယ်လောက်သုံးသုံး ယားယံတဲ့ ပြဿနာတွေက ကင်းဝေးမသွားဘူးမဟုတ်လား။ ပိုက်ဆံတွေလည်း အကုန်အကျများ အကျိုးသက်ရောက်မှုကလည်း မရှိနဲ့ ဘယ်လောက်တောင်စိတ်ညစ်စရာကောင်းလိုက်သလဲ။ ပြီးတော့ ဦးရေပြားခြောက်သွေ့ယားယံတယ်ဆိုတာကလည်း ရာသီမရွေး၊ အသက်အရွယ်မရွေးဖြစ်နေတာဆိုတော့ လူသိများတဲ့ ဝေဒနာတစ်ခုပဲလေ။ ဒီလို ခြောက်သွေ့ယားယံတဲ့ပြဿနာကို သဘာဝနည်းလမ်းတွေနဲ့ ဖြေရှင်းလို့ရတယ်ဆိုတာ သင်သိပါသလား ။ ။ သဘာဝနည်းလေးတွေ အရင်မပြောခင် လိုက်နာသင့်တဲ့ လူနေမှု ပုံစံတွေ အကြောင်းအရင်ပြောပြချင်ပါတယ်။ ခေါင်းယားလွန်းလို့ဆိုပြီးခဏခဏ ခေါင်းမလျှော်လိုက်ပါနဲ့။ Yeast ခေါ် တစေးပါတဲ့ အစားအစာတွေကို ရှောင်ပါ။ ( ချိုတဲ့အစားအစာတွေ၊ ပေါင်မုန့်၊ မှိုပွင့်၊ မြေပဲ ) စတာတွေပါတာပေါ့။ ကိုယ်သုံးတဲ့ ဆံသားထိန်းသိမ်းပစ္စည်းတွေထဲမှာ အရက်ပြန်တို့ SLS (sodium lauryl suphate) တို့ မပါအောင်ရှောင်ပါ။ သုံးနေတဲ့ ဘီးကို ခေါင်းလျှော်တိုင်း […]


အခြားအရေပြားပြဿနာများ

အရေပြားပေါ်မှာဘာကြောင့် အရည်ကြည်ဖုလေးတွေ ပေါက်ပြီး နီနေရတာလဲ။

ပြောရမယ်ဆို အရေပြားဆိုတာ ပြဿနာများစွာရှိနေနိုင်တဲ့နေရာတစ်ခုပါ။ ကိုယ်ခန္ဓာရဲ့ အပြင်ဘက်ဆုံး အပိုင်းလည်းဖြစ်၊ ပတ်ဝန်းကျင်က လေထုတွေနဲ့ တိုက်ရိုက်ထိတွေ့တဲ့ နေရာလည်း ဖြစ်တယ်လေ။ ပြီးတော့ အရေပြားပေါ်မှာ မွှေးညှင်းပေါက်လေးတွေ၊ မွှေးညှင်းနုလေးတွေ အများကြီးရှိတော့ ပိုးမွှားတွေ ရောဂါတွေအတွက် တောခိုစရာ နေရာဖြစ်နေတော့တာပေါ့၊၊ ဖြစ်လိုက်တဲ့ အရေပြားပြဿနာတွေကလည်း စုံလို့။ မှိုရောဂါဖြစ်လိုက်၊ အင်ပြင်ထလိုက်၊ ယားနာတွေဖြစ်လိုက်၊ အရည်ကြည်ဖုလေးတွေ ဖြစ်လိုက်နဲ့ စုံနေတာပဲ။ ဒီဆောင်းပါးထဲမှာ ပြောချင်တဲ့ အကြောင်းအရာကတော့ အရည်ကြည်ဖုတွေ ဖြစ်ရတဲ့အကြောင်းပဲ ဖြစ်ပါတယ်။ အရည်ကြည်ဖုလေးတွေ  ပေါက်ပြီး အရေပြားနီရဲရခြင်း အကြောင်းအရင်းများ ။ ( ၁ ) ရေကျောက် ဗိုင်းရပ်စ်ပိုးတစ်မျိုးကြောင့်ဖြစ်တဲ့ ဒီရေကျောက် ပြဿနာဟာ လေထဲကနေကူးစက်တဲ့ ရောဂါတစ်ခုဖြစ်ပြီး အရေပြားပေါ်မှာ အရည်ကြည်ဖုတွေပေါက်ခြင်းက သူ့ရဲ့ အဓိက လက္ခဏာတစ်ခုပါ။ ဝေဒနာခံစားနေရသူရဲ့ အရည်ကြည်ဖုလေးတွေ ပေါ်က အရည်တွေနဲ့ […]


အသားအရေ ထိန်းသိမ်းခြင်း

အရည်အသွေးမကောင်းတဲ့ နေလောင်ကာခရင်မ်တွေရဲ့ ဘေးထွက်ဆိုးကျိုး(၄) ခု

ယနေ့ခေတ် ခရမ်းလွန်အစွမ်းကြောင့် အသားအရေကို မထိခိုက်စေဖို့ နေလောင်ကာခရင်မ်ကို အားကိုးတကြီးနေ့တိုင်းမပါမဖြစ်သုံးလာကြပါတယ်။ မျက်နှာအတွက်လည်း လိမ်းဦးမှ၊ခြေလက်တွေအတွက်လည်း လိမ်းဦးမှ။ မိတ်ကပ်မလိမ်းရင်တော့ နေလောင်ကာခရင်မ်လေးတော့လိမ်းတတ်ကြပါတယ်။ ဒါပေမယ့်နေလောင်ကာခရင်မ်ဖြစ်တိုင်းပြီးရောလား။ ကိုယ်သုံးမယ့် နေလောင်ကာခရင်မ်ဟာ အသားအရေကိုမထိခိုက်စေတာသေချာပြီလား။ နေလောင်ကာခရင်မ်ရဲ့အရည်အသွေးနဲ့ ပါဝင်ပစ္စည်းတွေ၊ဘေးကင်းစိတ်ချရမှုတို့ကို ထည့်စဉ်းစားပြီးမှရွေးချယ်သင့်ပါတယ်နော်။ တံဆိပ်မျိုးစုံနဲ့ရောင်းချကြတဲ့အထဲ တချို့ထုတ်ကုန်တွေမှာoxybenzone ၊ triclosan၊ parabens နဲ့ phthalates တို့လိုဘေးဥပါဒ်ဖြစ်စေနိုင်တဲ့ဓါတ်ပစ္စည်းတွေ ပါဝင်တတ်ပါတယ်။ ဒါကိုရှောင်နိုင်ဖို့အရေးကြီးပါတယ်နော်။ ဒီဒြပ်ပေါင်းတွေကြောင့်ဟော်မုန်းလုပ်ဆောင်ချက်တွေကို ပျက်ယွင်းစေပြီး ဆဲလ်တွေကိုပျက်စီးစေတယ်၊ ကင်ဆာဖြစ်စေနိုင်တယ်။ ဒီလိုမကောင်းတဲ့ပါဝင်ပစ္စည်းတွေနဲ့ အရည်အသွေးညံ့တာတွေသုံးမိရင် ကိုယ့်မှာဘာတွေထိခိုက်စေနိုင်မလဲဆိုတာသိရင်ဈေးပေါတာ၊ အလွယ်ရတာတွေ သုံးဖြစ်တော့မှာမဟုတ်ပါဘူး။ ဆက်ပြီးဖတ်ကြည့်နော်။ (၁) ဟော်မုန်းလုပ်ဆောင်ချက်ကို ပျက်ယွင်းစေတယ် လေ့လာမှုတွေအရoxybenzone ၊ triclosan၊ parabens နဲ့ phthalates တို့ကဟော်မုန်းတွေကို ကမောက်ကမဖြစ်စေတယ်လို့ဖော်ပြကြပါတယ်။ ဒါတွေမပါတဲ့ ထုတ်ကုန်တွေကိုရွေးချယ်သင့်တယ်နော်။ (၂) ဆဲလ်တွေကို ပျက်စီးစေတယ် Oxybenzone ဟာခရမ်းလွန်ရောင်ခြည်ကို စုပ်ယူပေးလို့နေလောင်ကာခရင်မ်တွေမှာ အသုံးများတဲ့ ဓါတုပစ္စည်းပါ။ ဒါပေမယ့်ဟော်မုန်းလုပ်ဆောင်ချက်ပျက်ယွင်းမှုတွေနဲ့ ဆဲလ်ပျက်စီးမှုတွေဖြစ်စေနိုင်ပါတယ်။ ဒီဓါတ်က […]


အခြားအရေပြားပြဿနာများ

ဆင်တုပ်ကွေးအနီစက်လေးတွေကြောင့် ကျန်ရစ်ခဲ့တဲ့အမာရွတ် ပျောက်ကင်းစေမယ့်နည်းလမ်း (၉) ခု

Chikungunya လို့ခေါ်တဲ့ ဆင်တုပ်ကွေးကို ခံစားဖူးတယ်ဆိုရင် အရေပြားမှာယားလိုက်ရတဲ့ အနီစက်၊ အနီဖုလေးတွေကို သတိရမှာပေါ့။ တုပ်ကွေးသက်သာသွားတဲ့အခါ အများစုက ဒါတွေပျောက်သွားပြီး အဆစ်နာဝေဒနာသာ ကျန်ရစ်ခဲ့ပါတယ်။ ဒါပေမယ့် ကံဆိုးသူတချို့မှာတော့ အနီစက်လေးတွေကခြင်ကိုက်ဖုလိုလိုဖြစ်ကျန်ခဲ့ပြီးခြောက်သွားတဲ့အခါ အမာရွတ်ကျန်ခဲ့ပါတယ်။ ဒီတစ်ခါတော့ အဲဒီအမာရွတ်တွေကို ကုစားပေးဖို့ သဘာဝနည်းလမ်းလေးတွေပြောပြပေးချင်တာပါ။ အမာရွတ်ပျောက်ဆေးတွေရှိပေမယ့်လည်း ခန္ဓါကိုယ်အနှံ့က(အထူးသဖြင့် လက်နဲ့ခြေထောက်မှာရှိနေတဲ့) အစက်ကလေးတွေကို လိုက်လိမ်းရတာ မွဲသွားနိုင်တယ်လေ။ အဖိုးနည်းပေမယ့် အစွမ်းထက်တဲ့ နည်းလမ်း (၉) ခုကတော့ - (၁) ရှားစောင်းလက်ပပ် ရှားစောင်းလက်ပပ်ကို အခွံခွာပါ။ အတွင်းသားကို ပန်းကန်လုံးထဲထည့်ခြေပါ။ ရလာတဲ့အနှစ်ကို အမာရွတ်ရှိတဲ့အရေပြားမှာ စိမ့်ဝင်အောင် စက်ဝိုင်းပုံသဏ္ဍာန်ပွတ်လိမ်းပါ။ လိမ်းထားပြီး နာရီဝက်လောက်ကြာတဲ့အခါရေအေးနဲ့ဆေးချပါ။(ရေမချိုးခင် လိမ်းမယ်ဆိုရေချိုးချလိုက်ရုံပါပဲ) တစ်နေ့နှစ်ကြိမ် လိမ်းပါ။ (၂) ဗီတာမင် E ဗီတာမင် E အလုံးလေးတွေကိုဖောက်ပြီး အမာရွတ်ရှိတဲ့နေရာကို လိမ်းပါ။ ၁၀ မိနစ်လောက်ကြာအောင် […]


အသားအရေ ထိန်းသိမ်းခြင်း

ကော်လာဂျင်သုံးပြီး ဖြေရှင်းနိုင်မယ့် အရေပြားပြဿနာ ၅ ခု

အပြစ်အနာအဆာကင်းတဲ့ အသားအရေလေးပိုင်ဆိုင်ချင်လား။ ဒါဆိုရင် အသားအရေလှပခြင်းအတွက် ဆရာတစ်ဆူဖြစ်တဲ့ကော်လာဂျင်နဲ့ရောတွေ့ပြီးရဲ့လား။ အရေပြားပြဿနာတော်တော်များများကို အထိရောက်ဆုံးဖြေရှင်းပေးနိုင်မှာကကော်လာဂျင်ပါ။ အရင်ကသိပ်ခေတ်မစားပေမယ့် အခုနောက်ပိုင်းမှာတော့လေဒီတွေကြားမှာကော်လာဂျင်ကတော်တော်လေးခေတ်စားလာပါတယ်။ ကော်လာဂျင်က အရေပြားတစ်ခုတည်းအတွက်ပဲ အသုံးဝင်တာလား.............. ကော်လာဂျင်ကိုနေ့စဉ်စားသုံးတဲ့ အစားအစာတွေကနေရနိုင်တယ်ဆိုပေမယ့် လုံလောက်စွာရရှိဖို့တော့ ခက်ပါမယ်။ ခန္ဓါကိုယ်မှာ ကော်လာဂျင်ကို အသုံးပြုနေတဲ့ အရင်းအမြစ်က အရေပြားတစ်ခုတည်းမဟုတ်ပါဘူး။ အဆစ်တွေကျန်းမာစေဖို့၊ အစာခြေစနစ်နဲ့အူလမ်းကြောင်းကျန်းမာစေဖို့ အနာတွေကျက်စေဖို့အတွက်လည်းကော်လာဂျင်က စွမ်းစွမ်းတမံလုပ်ဆောင်ပေးနေသေးတာပါနော်။ ဒီဆောင်းပါးလေးထဲမှာတော့ကော်လာဂျင်ကို အသုံးပြုပြီး သက်သာစေနိုင်မယ့် အရေပြားပြဿနာ ၅ မျိုးအကြောင်းကိုပြောပြပေးချင်ပါတယ်။ အရေပြားအတွက် ဆရာတစ်ဆူကော်လာဂျင် ငယ်ရွယ်တဲ့သွင်ပြင်၊ ကျန်းမာပြီး အပြစ်အနာအဆာကင်းတဲ့ အသားအရေကိုပိုင်ဆိုင်နိုင်စေဖို့အတွက်ကော်လာဂျင်ကို အသုံးပြုပေးလို့ရပါတယ်။ ကော်လာဂျင်က အသားအရေအတွင်းပိုင်းအထိကိုပြုပြင်ပေးတာပါ။ ဒါကြောင့် အနာအဆာကင်းပြီး Glow အသားအရေလေးပိုင်ဆိုင်ချင်တယ်ဆိုရင်ကော်လာဂျင်ကို အသုံးပြုကြည့်သင့်ပါတယ်။ (၁) အရေးအကြောင်းပြဿနာ သက်အရွယ်ကြောင့်ဖြစ်လာတဲ့ အရေးအကြောင်းတွေ၊ အသားအရေလျော့တွဲတာတွေ၊ အရွယ်မတိုင်ခင်ဖြစ်တတ်တဲ့ အိုမင်းရင့်ရော်မှုတွေကို ကာကွယ်ဖို့နဲ့ အသားအရေကို တင်းတင်းရင်းရင်းလေးနဲ့ လှနေစေဖို့ဆိုရင်ကော်လာဂျင်ကိုသောက်ပေးလို့ရပါတယ်။ကော်လာဂျင်က အသားအရေကိုတင်းရင်းစေပြီး ကျန်းမာနုပျိုတဲ့ သွင်ပြင်ကိုရရှိစေမှာ အသေအချာပါ။ (၂) ဝက်ခြံ ဝက်ခြံကြောင့်ဖြစ်တဲ့ […]


လက်သည်းခြေသည်း ထိန်းသိမ်းခြင်း

လက်သည်းကိုက် ခြင်းရဲ့ ဆိုးကျိုးတွေ ကြောက်စရာကောင်းတာ သင်သိရဲ့လား

လစ်တာနဲ့ လက်သည်းလေးတွေ ကိုက်နေတတ်တာ ဘယ်သူတွေရှိလဲ။ ပျင်းလို့ပဲဖြစ်ဖြစ်၊ စိတ်ညစ်လို့ပဲဖြစ်ဖြစ်၊ အတွေးတွေများနေတုန်းပဲဖြစ်ဖြစ် လက်သည်းကိုက် နေရရင် ကျေနပ်နေတာမျိုး။ ဘာတဲ့..လက်ကို စင်အောင်ဆေးပြီး ကိုက်ရင် ဘာပိုးမှမဝင်နိုင်ဘူးဆိုတဲ့ ဆင်ခြေကလည်းပြောကြသေးတယ်။ သေချာပြီလား ဘာဆိုးကျိုးမှမဖြစ်နိုင်ဘူးဆိုတာ... လက်သည်းကိုက် ခြင်းရဲ့ ဆိုးကျိုးတွေ ကြောက်စရာကောင်းတာ သင်သိရဲ့လား လက်သည်းကိုက်ရာကနေ ဒါတွေဖြစ်နိုင်တယ်နော် - လက်သည်းပိုးဝင်တာ လက်သည်းကိုက်ရင် လက်သည်းပဲ့မှာပဲ။ လက်က သန့်တယ်ဆိုလည်း ကိုယ့်ပါးစပ်က ဘယ်လောက်သန့်နေမယ်ထင်ပါသလဲ။ လက်သည်းကိုက်ခါနီးတိုင်း သွားတိုက်၊ ပါးစပ်ဆေးပါသလား။ လက်သည်းရဲ့အောက်က အရေပြားနုလေးပေါ်လာရင် ပါးစပ်ထဲက ဘက်တီးရီးယားတွေ၊ ရောဂါပိုးတွေနဲ့ ထိတွေ့နိုင်တယ်။ ခံတွင်းဆိုတာ စားကြွင်းစားကျန်တွေကပ်ငြိနေတတ်တဲ့ ဘက်တီးရီးယားအသိုက်ကြီးတစ်ခုဆိုတာ မသိလေရော့သလား။ လက်သည်းကို ပိုးဝင်ရာကနေ ရုပ်ပျက်တဲ့ အနာတွေ၊ ပြည်တည်တာတွေ၊ သွေးတစိုစိုဖြစ်လာတာ၊ အနာရင်းပြီး လက်ထိပ်တွေ ပျက်စီးရတာတွေအထိ ဖြစ်လာနိုင်တယ်။ လက်သည်းထိပ်တွေ နီရဲ၊ ရောင်ရမ်းလာတာ၊ နာကျင်ရတာ၊ ပြည်တွေတည်တာ […]


အသားအရေ ထိန်းသိမ်းခြင်း

သကြားညိုနှင့် အသားအရေထိန်းသိမ်းခြင်း လျှို့ဝှက်ချက်

ကျွန်တော်တို့မြန်မာပြည်မှာတော့ သကြားညိုကို အသုံးပြုတာ ရှားပါတယ်။ သူက အချိုဓါတ်အရသာ ပေးစွမ်းပေမယ့် သကြားအဖြူလိုမျိုး ဆီးချိုေရာဂါဖြစ်စေတဲ့အထိတော့ ဒုက္ခမပေးပါဘူး။ ဟင်းချက်တဲ့နေရာမှာရော၊ မုန့်ဖုတ်တဲ့နေရာမှာပါ အသုံးပြုလို့ရတဲ့ သကြားညိုဟာ အသားအရေထိန်းသိမ်းတဲ့ နေရာမှာလည်း သုံးလို့ရနိုင်တယ်ဆိုရင် စိတ်ဝင်စားကြမလား ပျိုမေတို့ရေ။ သကြားညိုနှင့် အသားအရေထိန်းသိမ်းခြင်းရဲ့ ကောင်းကျိုးများ ၁။ အရေပြားအပေါ်ယံက ပျက်စီးနေတဲ့ ဆဲလ်အသေတွေကို ခြစ်ထုတ်တဲ့နေရာမှာ သကြားညိုကို အသုံးပြုနိုင်ပါတယ်။ နူးညံ့အိစက်တဲ့ အထိအတွေ့လေးနဲ့ အစိုဓါတ်ပါထိန်းပေးလို့ မျက်နှာကြေးချွတ်ြပီးသွားရင်တောင် အသားအရေကို ခြောက်သွားတာမျိုး မဖြစ်စေဘဲ အေးမြစိုပြေစေပါတယ်။ ၂။ ချွေးပေါက်ထဲမှတစ်ဆင့် အရေပြားအောက်အလွှာတွေအထိ အစိုဓါတ်နဲ့ ရေဓါတ်ကို ဖြည့်ပေးလို့ အသားအရေမွဲခြောက်နေတာမျိုး မရှိဘဲ ကြည်ကြည်လေးနဲ့ သန့်နေစေပါတယ်။ ၃။ အမြဲတမ်း အသုံးပြုပေးမယ်ဆိုရင် နဂိုအသားအရေထက် ဝင်းမွတ်တောက်ပလာပြီး နေလောင်ဒဏ်ကြောင့် အသားအရေပျက်စီးတဲ့ဒဏ်ကနေလည်း ကာကွယ်ပေးနိုင်ပါတယ်။ ၄။ ဝက်ခြံ၊ အဖုအပိမ့်၊ အမာရွတ်တွေကိုလည်း သက်သာပျောက်ကင်းစေတယ်။ […]


ဝက်ခြံ

ဝက်ခြံရှိသူလေးတွေလုပ်ပေးသင့်တဲ့ ယောဂပို့စ်

မျက်နှာလှလှလေးပိုင်ဆိုင်ချင်ပေမယ့် ဝက်ခြံ တွေကြောင့် စိတ်ညစ်နေရတဲ့ Hello ဆရာဝန်ပရိသတ်ကြီးတွေများရှိလား။ ဝက်ခြံကတော်တော်များများခံစားနေရတဲ့ အရေပြားပြဿနာတစ်ခုဖြစ်သလို အလှအပကိုရော ယုံကြည်မှုကိုပါထိခိုက်စေနိုင်တဲ့အရာတစ်ခုပေါ့။ဆေးတွေသောက်တယ်၊ Skincareတွေအမျိုးမျိုးသုံးပေမယ့် ဝက်ခြံကမသက်သာဘူးဆိုရင်တော့ ဒီယောဂပို့စ်လေးတွေကိုလေ့ကျင့်ကြည့်စေချင်ပါတယ်နော်။ ဝက်ခြံကိုဖြစ်စေတဲ့အကြောင်းအရင်းတွေကဘာတွေဖြစ်မလဲ........ ဝက်ခြံကိုဖြစ်စေတဲ့အကြောင်းအရင်းက တစ်ခုမကရှိနေနိုင်ပါတယ်။ အိပ်ရေးပျက်တာ စိတ်ဖိစီးတာ အပူအစပ်တွေအစားများတာ အငန်ကဲတာတွေ၊ပြုပြင်ထားတဲ့အစားအစာတွေစားတာ ပတ်ဝန်းကျင်က ညစ်ညမ်းမှုတွေကြောင့် ဆေးလိပ်သောက်တာ အချိုကဲတာတွေစားတာ ရေသောက်နည်းတာ ကိုယ်လက်လှုပ်ရှားမှုနည်းတာ မိတ်ကပ်တွေကြောင့်ဝက်ခြံတွေဖြစ်နိုင်ပါတယ်။ ဝက်ခြံသက်သာစေဖို့ လုပ်ဆောင်ပေးသင့်တဲ့ယောဂပို့စ်တွေကဘာတွေဖြစ်မလဲ..... ယောဂလုပ်ပေးတာက ခန္ဓါကိုယ်ကိုသွေးလည်ပတ်မှုကောင်းစေပြီး ကိုယ်တွင်းကအဆိပ်အတောက်တွေကိုဖယ်ရှားပေးသလို ဝက်ခြံကင်းပြီး အသားအရေကိုလည်း ကြည်လင်စေနိုင်ပါတယ်။ Uttanasana Pose ဒီပို့စ်လေးလုပ်တော့မယ်ဆိုရင် ခန္ဓါကိုယ်ကိုဖြောင့်ဖြောင့်လေးရပ်ပါ။ လက်နှစ်ဖက်ကို တင်ပါးပေါ်ကိုထောက်လို့ အသက်ကိုဝအောင်ရှုသွင်းလိုက်ပါ။ပြီးရင် အသက်ရှုထုတ်ရင်း ခန္ဓါကိုယ်ကို အရှေ့ပိုင်းကိုဖြည်းဖြည်းချင်းကိုင်းချပေးပါ။ လက်နှစ်ဖက်ကိုခြေထောက်အနောက်ဘက်ထိသိုင်းပြီး ပိုက်ထားပေးပါ။ မျက်နှာကိုဒူးနှစ်ဖက်ဆီကို ကပ်နိုင်သမျှကပ်ပေးပါ။ပြီးရင်ဖြည်းဖြည်းချင်းပြန်ပြီး ပုံမှန်အနေအထားအတိုင်းပြန်နေပေးပါ။ Legs Up on the Wall Pose ဒီပို့စ်ကိုပုံမှန်လုပ်ပေးတာက သွေးစီးဆင်းမှုကောင်းစေသလို မျက်နှာဆီကိုလည်းအောက်ဆီဂျင်ပိုမိုရောက်ရှိစေမှာပါ။ ကိုယ်တွင်းကအဆိပ်အတောက်တွေကိုဖယ်ရှားပေးပြီးfree radicalsတွေကြောင့် အသားအရေပျက်စီးမှုမဖြစ်အောင်ကာကွယ်ပေးနိုင်ပါတယ်။ နံရံတစ်ခုရှေ့မှာ […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း