အသားအရေနှင့် အလှအပ

အရေပြားဆိုတာ ခန္ဓာကိုယ်ရဲ့ အကြီးဆုံးအင်္ဂါရပ်ပါ။ အပြင်ကနေ ခန္ဓာကိုယ်တစ်ခုလုံးကို ကာကွယ်ပေးထားတာပါ။ ခန္ဓာကိုယ်ကို အပူချိန်ထိန်းညှိတာ၊ ရောဂါပိုးတွေ မဝင်အောင် တားဆီးပေးတာ စတဲ့ အရေးပါတဲ့ လုပ်ငန်းတွေကိုလည်း လုပ်ပေးပါတယ်။ ကျန်းမာတဲ့ အရေပြားဆိုတာဘာလဲ၊ အဖြစ်များတဲ့ အရေပြားပြဿနာတွေက ဘာတွေလဲဆိုတာ ဒီစာမျက်နှာမှာ လေ့လာလိုက်ပါ။

ကျန်းမာရေးဗဟုသုတ

အသားအရေနှင့် အလှအပ

အရေပြားမှိုရောဂါတွေ ဘယ်ကနေ ကူးစက်နိုင်သလဲ

[embed-health-tool-due-date]လူတိုင်းဟာ သူတို့ရဲ့ ဘဝသက်တမ်းတလျှောက်မှာ အနည်းဆုံး တစ်ကြိမ်လောက်တော့ အရေပြားမှိုပိုး ကူးစက်တာကို ခံစားရဖူးမှာပါ။ တစ်ကိုယ်ရေသန့်ရှင်းရေး အားနည်းတာ၊ စိုထိုင်းဆ များတာ၊ ရာသီဥတုပူနွေးတာတွေက မှိုပိုးကူးစက်တတ်တဲ့ အကြောင်းရင်းခံတွေပါ။ ကလေးလေးတွေမှာဆိုရင် မှက္ခရု လူကြီးတွေမှာဆိုရင် ပေါင်ခြံမှာ ပွေးပေါက်တာ၊ သဲဝဲစားတာတွေက အဖြစ်များတဲ့ အရေပြားမှိုရောဂါတွေ ပါ။ အရေပြားပြဿနာတွေ ဖြစ်စေနိုင်တဲ့ မှိုပိုးတွေက လူတိုင်းရဲ့ အရေပြားတိုင်းမှာ ရှိနေနိုင်ပြီး စိုထိုင်းဆ များလာတဲ့အခါ၊ ပူးနွေးအိုက်စပ်ပြီး လေဝင်လေထွက် မကောင်းချိန်တွေမှာ သဲဝဲ၊ ပေါင်ခြံပွေး နဲ့ ခြေသည်းမှိုစွဲတာတွေ ခံစားရနိုင်ပါတယ်။ ဒီတစ်ခေါက်တော့ အရေပြားမှိုရောဂါတွေ ဘယ်ကနေ ကူးစက်နိုင်သလဲ ဆိုတာကို ပြောပြပေးချင်ပါတယ်။ အဖြစ်များတဲ့ မှိုပိုးကြောင့် ဖြစ်တဲ့ အရေပြားပြဿနာများ မှိုပိုးအများစုက လူသားတွေကို မထိခိုက်စေပေမယ့် အချို့သော မှိုပိုးတွေကတော့ ထိခိုက်စေနိုင်ပါတယ်။ မှိုပိုး ကူးစက်မှုက […]

အသားအရေနှင့် အလှအပ ကဏ္ဍများကို ပိုမို သိရှိလိုသည်

အသားအရေနှင့် အလှအပ ကို ရှာဖွေမည်။

ဝက်ခြံ

နောက်ကျောနဲ့ပခုံးမှာ ပေါက်တဲ့ဝက်ခြံတွေ သက်သာစေဖို့

ဝက်ခြံလို့ ဆိုလိုက်ရင် မျက်နှာပေါ်မှာပေါက်တဲ့ ဝက်ခြံတွေကို အရင်ဆုံးပြေးမြင်မယ်ထင်ပါတယ်။ တကယ်ကတော့ ဝက်ခြံ ဆိုတာက မျက်နှာပေါ်မှာတင်မဟုတ်ပါဘူး။ ခန္ဓာကိုယ်က ချွေးပေါက်ရှိတဲ့ နေရာတိုင်းမှာ ပေါက်နိုင်တာပါ။ ဒီတစ်ခေါက်တော့ မျက်နှာပေါ်မှာမဟုတ်ဘဲ နောက်ကျောနဲ့ပခုံးမှာ ပေါက်တဲ့ဝက်ခြံတွေ ကြောင့် စိတ်ညစ်နေသူတွေအတွက် သက်သာစေမယ့် နည်းလမ်းလေးတွေပြောပြပေးပါရစေနော်။ ဝက်ခြံ ဆိုတာ ဝက်ခြံဆိုတာ မပြောခင်အရင်ဆုံး အရေပြားပေါ်က ချွေးပေါက်လေးတွေအကြောင်း အရင်ပြောပြပါရစေ။ အရေပြားပေါ်မှာ ချွေးပေါက်လေးတွေရှိနေပြီး ဒီချွေးပေါက်လေးတွေမှာ အဆီ၊ ဘက်တီးရီးယား၊ အရေပြားပေါ်က ဆဲလ်သေတွေနဲ့ ပတ်ဝန်းကျင်က ညစ်ပေတဲ့အရာတွေ ပိတ်ဆို့သွားတဲ့အခါ ဝက်ခြံလေးတွေဖြစ်လာကြတာပါ။ ဝက်ခြံကိုဖြစ်စေတဲ့ အကြောင်းအရင်းကလည်း တော်တော်လေးများပါတယ်။ စားသောက်မှုပုံစံ ပတ်ဝန်းကျင်က ညစ်ညမ်းတဲ့အရာတွေ စိတ်ဖိစီးမှုများတာ မျိုးရိုးရှိတာ ဟော်မုန်း အပြောင်းအလဲ သောက်သုံးနေရတဲ့ ဆေးဝါးတွေ အလှကုန်တွေကြောင့် ဝက်ခြံတွေက မဖိတ်ခေါ်ဘဲ ရောက်လာတတ်ပါတယ်။ ဝက်ခြံအမျိုးအစားတွေက ဘာတွေလဲ ဝက်ခြံကအမျိုးအစားအမျိုးမျိုးရှိပါတယ်။ ဝက်ခြံ […]


ဝက်ခြံ

အရေပြားမှိုပိုးကြောင့်ဖြစ်တဲ့ ဝက်ခြံတွေကို ဘယ်လိုဖြေရှင်းမလဲ

ပုံမှန်မျက်နှာမှာ ပေါက်နေကျ ဝက်ခြံအဖု အကြီးကြီးတွေလိုမဟုတ်ဘဲ သေးသေးလေးနဲ့ အနီစက်ဝက်ခြံလေးတွေ စုနေအောင် ပေါက်တဲ့ပုံစံမျိုးဖြစ်ပါတယ်။ သူ့ကို ဆေးပညာအရ Pityrosporum folliculitis လို့လည်း ခေါ်ပါတယ်။ yeast လို့ခေါ်တဲ့ အရေပြားမှိုပိုးက ချွေးပေါက်ထဲကနေတစ်ဆင့် အသားထဲဝင်ရောက်သွားတဲ့အခါ ဒီလိုမှိုဝက်ခြံတွေကို ဖြစ်ပွားစေပါတယ်။ စိုးရိမ်စရာပြဿနာကြီးကြီးမားမား မဟုတ်ပေမဲ့ ပုံမှန်ဝက်ခြံ သို့မဟုတ် ဟော်မုန်းအပြောင်းအလဲကြောင့်ဖြစ်တဲ့ ဝက်ခြံအဖြစ် မကြာခဏ မှားတတ်ပါတယ်။ သူ့ရဲ့ လက္ခဏာက ဘယ်လိုမျိုးလဲ၊ ဘယ်နေရာမှာ အဖြစ်များလဲ။ မှိုဝက်ခြံလို အနီဖုအစုအဝေးတွေကို မျက်နှာနဲ့ ဦးရေပြားမှာ အများဆုံးတွေ့ရပြီး ရင်ဘတ်၊ ကျောနဲ့ လက်မောင်းအပေါ်ဘက်တွေမှာလည်း ပေါက်တတ်ပါတယ်။ အဆီအရမ်းပြန်တဲ့ နေရာတွေမှာ ပေါက်နိုင်ခြေပိုများပါတယ်။ များသောအားဖြင့် ပုံမှန်ဝက်ခြံတွေလို ယားယံလွန်းပြီး နေရထိုင်ရခက်စေတာကြောင့် လက်နဲ့မကြာခဏ ကုတ်မိရင်း အနာကို ဘေးဘက်တွေထိပါ ပြန့်ပြီး အမြစ်ပြတ်ပျောက်ဖို့ ပိုကြာတတ်ပါတယ်။ ဘာကြောင့် […]


ဝက်ခြံ

မေးရိုးတလျှောက်မှာ ပေါက်နေတဲ့ ဝက်ခြံတွေကို ဘယ်လိုဖြေရှင်းမလဲ

ဝက်ခြံ ဆိုတဲ့ စကားလုံးက ပြောတော့သာ ဘာမှ မဟုတ်သလို တော်တော်လေးတော့ စိတ်ရှုပ်စရာ ပေးတယ်နော်။ မျက်နှာ ပေါ်မှာ ပေါက်တဲ့ ဝက်ခြံတွေ ဆိုရင် အလှပျက်စေတဲ့ အထိ ဆိုးရွားတာကြောင့် တော်တော်လေး စိတ်ရှုပ်စေတာ အမှန်ပါ။  မေးရိုးတလျှောက်မှာ ပေါက်နေတဲ့ ဝက်ခြံတွေကို စိတ်ညစ်နေပြီလား.......... ဒီလို ဝက်ခြံတွေက ပေါက်တဲ့ နေရာနဲ့ အမျိုးအစား ကွာခြားမှု အလိုက် စောင့်ရှောက်မှု ပေးရတဲ့ ပုံစံလည်း ကွာခြား ပါတယ်။ ဒီ တစ်ခေါက်တော့ မေးရိုး တလျှောက်မှာ အစီအရီ နေရာ ယူထားတဲ့ ဝက်ခြံတွေကြောင့် စိတ်ညစ်နေသူတွေ အတွက် ဘယ်လို သက်သာအောင် လုပ်ရမလဲ ဆိုတာနဲ့ ဘာကြောင့်ဖြစ်ရတာလဲဆိုတဲ့ အကြောင်းအရင်းကို ပြောပြပေးချင် ပါတယ်။ ဝက်ခြံ အရေပြားပေါ်မှာရှိတဲ့ ဆဲလ်သေတွေ၊ အဆီပိုတွေ၊ […]


ဝက်ခြံ

ကိုယ့်မှာ ပေါက်တဲ့ ဝက်ခြံတွေက ဟော်မုန်းကြောင့်လားဆိုတာ ဘယ်လိုသိနိုင်မလဲ

ဝက်ခြံက အမြဲပေါက်နေတာမဟုတ်ဘဲ တစ်ခါတစ်လေမှ ပေါက်တာဆိုရင် သင့်မှာဖြစ်နေတဲ့ ဝက်ခြံတွေက ဟော်မုန်းအပြောင်းအလဲကြောင့် ဖြစ်နိုင်ပါတယ်။ ဒီတစ်ခေါက်တော့ ပေါက်လိုက်ပျောက်လိုက်ဖြစ်နေတဲ့ ဝက်ခြံတွေက ဟော်မုန်းကြောင့်လားဆိုတာ သိရစေဖို့ ဒီဆောင်းပါးလေးကို ဖတ်ကြည့်လိုက်ပါနော်။ ကိုယ့်မှာ ထွက်နေတဲ့ ဝက်ခြံတွေက ဟော်မုန်းကြောင့် ဖြစ်တာလား......... ဝက်ခြံတွေက အမြဲထွက်နေတာမျိုးမဟုတ်ဘဲ တစ်ခါတလေမှ ထွက်တာဆိုရင်တော့ ဟော်မုန်းကြောင့်ဖြစ်တဲ့ ဝက်ခြံတွေ ဖြစ်ဖို့များပါတယ်။ ဟော်မုန်းကြောင့်လားဆိုတာ ဒီအချက်တွေနဲ့တိုက်ဆိုင် စစ်ဆေးလိုက်ပါ။ ဆယ်ကျော်သက်အရွယ် ဖြစ်နေတာ အသက် ၂၀ ဝန်းကျင်လောက်ဖြစ်မယ်။ အပျိုဖော်စဝင်ချိန် ဒါမှမဟုတ် လူပျိုဖော်ဝင်ချိန်ဖြစ်နေမယ်။ ဝက်ခြံတွေလည်း ရုတ်တရက် ထွက်လာမယ်ဆိုရင် ဒါက ကိုယ်တွင်းမှာ ဟော်မုန်းအပြောင်းအလဲကြောင့် ဖြစ်လာရတဲ့ ဝက်ခြံပါ။ မေးစေ့နဲ့ မေးရိုးတစ်လျှောက်မှာ ဝက်ခြံပေါက်တာ ဝက်ခြံက မျက်နှာရဲ့ နေရာအနှံ့မှာပေါက်နိုင်ပေမယ့် မေးရိုးတစ်လျှောက်နဲ့ မေးစေ့ပေါ်မှာ ဝက်ခြံပေါက်နေမယ်ဆိုရင်တော့ ဒါက အခြားအရာတွေကြောင့် ဆိုတာထက် ဟော်မုန်းကြောင့်ဖြစ်ဖို့ […]


ဝက်ခြံ

ကိုယ်ဝန်ဆောင်မေမေ ဝက်ခြံပေါက်တဲ့အခါ

အရင်က ဝက်ခြံ မပေါက်ပါဘူး။ အခု ကိုယ်ဝန်ဆောင်မှပဲ ပေါက်လိုက်တဲ့ဝက်ခြံတွေ စိတ်တောင်ညစ်လာပြီဆိုတဲ့သူတွေရှိလား။ ဒါဆိုရင်တော့ ဒီဆောင်းပါးလေးကို ဖတ်ကြည့်လိုက်ပါနော်။ ဒီဆောင်းပါးလေးက ကိုယ်ဝန်ဆောင်ချိန်မှာ ဖြစ်လာတဲ့ ဝက်ခြံတွေကို ဘယ်လိုသက်သာအောင် လုပ်ရမလဲဆိုတာကို ပြောပြပေးထားတာပါ။ ကိုယ်ဝန်ဆောင်ချိန်မှာ ပေါက်တဲ့ ဝက်ခြံ ကိုယ်ဝန်ဆောင်ချိန်မှာ ဝက်ခြံပေါက်တာက ဖြစ်လေ့ရှိတဲ့ အရေပြားပြဿနာတစ်ခုပါ။ အရင်က ဝက်ခြံမပေါက်တတ်ဘူးဆိုရင်တောင် ကိုယ်ဝန်ဆောင်ချိန်မှာဟော်မုန်းပြောင်းလဲမှုကြောင့် ဝက်ခြံဖြစ်လာနိုင်ပါတယ်။ ကိုယ်ဝန်ဆောင် ပထမ ၃ ပတ်ကာလအတွင်းမှာ ဟော်မုန်းပမာဏမြင့်တက်မှုကြောင့် ဝက်ခြံတွေဖြစ်ရတာပါ။ ကိုယ်ဝန်ဆောင်ချိန်မှာ ဝက်ခြံပေါက်တာက မေမေတိုင်းဖြစ်တာတော့ မဟုတ်ပါဘူး။ ဘယ်သူ့မှာဝက်ခြံပေါက်နိုင်လဲဆိုတာကိုလည်း ခန့်မှန်းရခက်ပါတယ်။တကယ်လို့ သင့်အနေနဲ့ ရာသီလာချိန်မှာ ဝက်ခြံပေါက်တတ်သူဆိုရင်တော့ ကိုယ်ဝန်ဆောင်ချိန်မှာ ဝက်ခြံဖြစ်နိုင်ခြေက အခြားသူတွေထက်ပိုများပါတယ်။ တကယ်လို့ သင့်အနေနဲ့ ကိုယ်ဝန်ဆောင် ပထမ ၃ လပတ်ကာလမှာ ဝက်ခြံမထွက်ဘူးဆိုရင် နောက်ကျန်နေတဲ့ ဒုတိယ ၃ လပတ်ကာလမှာရော တတိယ […]


အသားအရေ ထိန်းသိမ်းခြင်း

ဓါတ်မတည့်ဖြစ်လွယ်တဲ့အသားအရေပိုင်ရှင်တွေ ဒီ(၈)ချက်ကို သတိထားနော်

ဓါတ်မတည့်ဖြစ်လွယ်တဲ့အသားအရေပိုင်ရှင်တွေမှာ သူများတန်းတူဘယ်တော့မှနေလို့မရပါဘူး။ အသားမှာထိတွေ့မယ့်ဘယ်အရာကိုမဆို ကိုယ်နဲ့တည့်ပါ့မလား သတိထားနေရတာ မလွယ်လှပါဘူး။ တစ်ရှူးအစို(wet tissue)လေးသုံးလိုက်တာတောင် ဓါတ်မတည့်ရင်သေပြီဆရာပဲ။ ဒါတောင်ပြင်ပက လာရောက်ထိတွေ့နိုင်တဲ့ ရာသီဥတု၊ ဖုန်မှုန့်၊ ဓါတ်မတည့်အမှုန်အမွှား စတဲ့ပြဿနာတွေမပါသေးဘူး။ တခုခုနဲ့ ဓါတ်မတည့်ဖြစ်လာပြီဆို အရေပြားမှာ နီလာတာ၊ခြောက်သွေ့လာတာ၊ စပ်ဖျဉ်းဖျဉ်းဖြစ်တာ၊ ယားတာ၊ တင်းနေတာ၊ အဖတ်တွေကွာတာ၊ အဖုအပိမ့်တွေဖြစ်တာတွေ လက္ခဏာပြတတ်ပါတယ်။ အသားအရေထိန်းပစ္စည်း(skin care)တွေနဲ့ အလှကုန်တွေသုံးတဲ့အခါလည်း သိပ်ကိုသတိထားရတဲ့ ဒီလိုအသားအရေပိုင်ရှင်တွေအတွက် ဘယ်တော့မဆို ထည့်စဉ်းစားရမယ့်ဆောင်ရန်ရှောင်ရန်လေးတွေ ဆက်ပြီးဖတ်ကြည့်ရအောင်နော်... (၁) ဘာဝယ်ဝယ် Label ကိုဖတ်ပါ ဘယ် Skin care ၊ ဘယ်အလှကုန်ဝယ်ဝယ် ဘူးမှာ "ဓါတ်မတည့်လွယ်အသားအရေအတွက်"ဆိုတဲ့ စကားလုံးမျိုး ပါသလား၊ ဘယ်အသားအရေအတွက်ဆိုတာဖော်ပြထားသလား Label အရင်ဖတ်ကြည့်ပါ။ပြီးရင် ဘာတွေနဲ့ထုတ်လုပ်ထားလဲ သိရဖို့ ပါဝင်ပစ္စည်းကိုကြည့်ပါ။ ကျန်တာနားမလည်ဘူးဆိုရင်တောင် အနံ့တု၊အရောင်တု၊ဆပ်ပြာ စတာတွေပါမနေဖု့ိ ရှာကြည့်ပါ။ ဓါတ်မတည့်လွယ်အသားအရေအတွက် ပါဝင်ပစ္စည်းနည်းလေကောင်းလေပါပဲ။ […]


ဝက်ခြံ

နေရာအလိုက်ပေါက်တဲ့ ဝက်ခြံတွေနဲ့ ဖြေရှင်းနည်း

မျက်နှာ နေရာအနှံ့မှာ ဝက်ခြံတွေ ပေါက်လို့ စိတ်ညစ်နေပြီလား။ မျက်နှာရဲ့ နေရာတိုင်းမှာ ဝက်ခြံ ပေါက်နိုင်ပြီး ဝက်ခြံ ပေါက်ရတဲ့ အကြောင်းအရင်းတွေကလည်း နေရာပေါ်ကို လိုက်ပြီး ကွဲပြားမှု ရှိနိုင်ပါတယ်။ ဒီတစ်ခေါက်တော့ မျက်နှာမှာ ပေါက်ရတဲ့ ဝက်ခြံတွေက ဘာကြောင့် ပေါက်ရတာလဲ ဆိုတာ နဲ့ နေရာအလိုက်ပေါက်တဲ့ ဝက်ခြံတွေနဲ့ ဖြေရှင်းနည်းကို ဆွေးနွေးကြည့်ရအောင်လား။ နေရာအလိုက်ပေါက်တဲ့ ဝက်ခြံတွေနဲ့ ဖြေရှင်းနည်းတွေက ဘာတွေ ဖြစ်မလဲ.......... မျက်နှာပေါ်မှာ ပေါက်တဲ့ ဝက်ခြံတွေက ပေါက်တဲ့ နေရာကို လိုက်ပြီး ဖြစ်ရတဲ့ အကြောင်းအရင်းတွေလည်း ကွာခြား နိုင်ပါတယ်။ အကြောင်းအရင်း ကွာခြားမှုနဲ့အတူ နေရာ အလိုက် ပေါက်တဲ့ ဝက်ခြံတွေ အတွက် ဖြေရှင်းနည်းတွေ ကလည်း အမျိုးမျိုး ပါပဲ။ နားထင် နဲ့ ဆံစပ် တလျှောက်မှာ […]


ဝက်ခြံ

မျက်နှာပေါ်မှာပေါက်နေတဲ့ ဝက်ခြံတွေကပြောပြနေတဲ့ ကျန်းမာရေးအခြေအနေ

မျက်လုံးက စိတ်ရဲ့ပြတင်းပေါက်ဆိုရင် မျက်နှာက ခန္ဓာကိုယ်ရဲ့ပြတင်းပေါက်ပါ။ ဘာကြောင့်ဒီလိုပြောရတာလဲဆိုတော့ မျက်နှာပေါ်ဖြစ်နေတဲ့အချို့သောအရာတွေက ခန္ဓာကိုယ်တွင်းမှာခံစားနေရတဲ့ လက္ခဏာတွေကိုဖော်ပြနေတာကြောင့်ပါ။ မျက်နှာပေါ်မှာပေါက်တဲ့ဝက်ခြံကပေါက်တဲ့နေရာကိုလိုက်ပြီး ကိုယ်တွင်းမှာ ခံစားနေရတဲ့ ရောဂါတွေကို အချက်ပြပေးပါတယ်။ မျက်နှာပေါ်မှာပေါက်တဲ့ဝက်ခြံတွေကပြောပြနေတဲ့ သင့်ကျန်းမာရေး မျက်နှာပေါ်မှာပေါက်တဲ့ဝက်ခြံတွေက ခန္ဓာကိုယ်မှာခံစားနေရတဲ့ရောဂါတွေကိုဖော်ပြပေးနေတာပါ။ ကိုယ့်မှာပေါက်နေတဲ့ဝက်ခြံတွေကရောဘာကြောင့်လဲဆိုတာ သိချင်ရင် ဆက်ကြည့်လိုက်ရအောင်နော်။ မျက်ခုံးအထက်မှာ မျက်ခုံးအပေါ်ဘက်မှာ ဝက်ခြံပေါက်တာက အသည်း နဲ့ သည်းခြေအိတ်မကောင်းဘူးဆိုတာကိုဖော်ပြနေတာပါ။ တကယ်လို့ ဒီနေရာတွေမှာ ဝက်ခြံဖြစ်နေမယ်ဆိုရင် ပြုပြင်ထားတဲ့အစားအစာတွေနဲ့ အသင့်စားအစားအစာတွေကိုလျှော့စားဖို့လိုပါမယ်။ အဆီတွေကိုလည်းလျှော့စားဖို့လိုပါမယ်။ မျက်ခုံးနှစ်ခုကြားမှာ မျက်ခုံးနှစ်ခုကြားမှာ ဝက်ခြံဖြစ်ရတာက ဆေးလိပ်တွေသောက်တာ၊ အယ်လ်ကိုဟောပါတဲ့သောက်စရာတွေကို အများကြီးသောက်မိနေတာဖြစ်နိုင်သလို တစ်ဆင့်ခံဆေးလိပ်ငွေ့အများကြီးထိမိနေတယ်ဆိုတာကိုဖော်ပြနေတာပါ။ ဒီတော့ အဆီများတဲ့ အစားအစာတွေ၊ထောပတ်၊ ချိစ်တွေမစားပါနဲ့။ အိပ်ရေးဝဝအိပ်ပါ။လေ့ကျင့်ခန်းပုံမှန်လုပ်ပေးပါ။ နှာခေါင်း ပေါ်မှာ နှာခေါင်းပေါ်မှာ ဝက်ခြံပေါက်တာက အဆုတ်နဲ့ နှလုံးမကောင်းဘူးဆိုတာကိုဖော်ပြပေးနေတာပါ။ ဒီလိုဆိုရင်တော့ အစပ်များတဲ့ အစားအစာတွေ၊ အသား၊ ဆားတို့ကိုလျှော့စားရပါမယ်။ သစ်သီးတွေ၊ အခွံမာသီးတွေများများစာပေးရပါမယ်။သွေးပေါင်ချိန်ကို ပုံမှန်တိုင်းလို့ ထိန်းညှိပေးရပါမယ်။ ဗီတာမင် B များများစားပေးဖို့လိုပါမယ်။ ဘယ်ဘက်ပါး မျက်နှာမှာ ဘယ်ဘက်ခြမ်းမှာ ဝက်ခြံအများကြီးထွက်နေမယ်ဆိုရင် […]


အသားအရေ ထိန်းသိမ်းခြင်း

အသားအရေခြောက်သွေ့သူတွေ သိထားသင့်တဲ့ ဆောင်ရန်ရှောင်ရန်(၁၀)ချက်

အသားအရေအမျိုးအစားတွေ တစ်ယောက်နဲ့တစ်ယောက်မတူကြသလို ဂရုစိုက်ပေးရမယ့်ပုံစံချင်းလည်းမတူကြပါဘူး။ ဒါ့ကြောင့်ပဲ Skin care ပစ္စည်းတွေ၊ အလှကုန်တွေကို အသားအရေအမျိုးအစားအလိုက် ခွဲပြီး ထုတ်လုပ်ကြတာပါ။ ဒီတစ်ခါတော့ခြောက်သွေ့တဲ့အသားအရေပိုင်ရှင်တွေအတွက် သိထားသင့်တဲ့ဆောင်ရန်၊ရှောင်ရန်အချက်တွေကိုပြောပြမယ်နော်။ ဘက်တီးရီးယားတွေ၊ အရေပြားဆဲလ်သေတွေ၊ အဆီနဲ့ ဖုန်မှုန့်တွေက အရေပြားမှာနေ့တိုင်းကပ်နေမှာပဲ။ အသားအရေလှပကျန်းမာချင်ရင် ဦးစားပေးရမယ့်ပထမဆုံးအဆင့်က သန့်စင်မှုပါပဲ။ (၁) ညတိုင်း မျက်နှာသစ်ပါ ချွေးပေါက်ပိတ်ဆို့ခြင်းကနေ အရေပြားယားယံတာ၊ရောင်ရမ်းတာ၊ဝက်ခြံထွက်တာတွေဖြစ်လာနိုင်တယ်။ခြောက်သွေ့ပြီးဓါတ်မတည့်ဖြစ်လွယ်တဲ့အသားအရေအတွက်ကတော့ ညအိပ်ခါနီးမျက်နှာသန့်စင်ပေးတာအကောင်းဆုံးပါ။မျက်နှာသစ်တဲ့အခါ ဆပ်ပြာမပါတဲ့ အပျော့စားမျက်နှာသစ်ဆေးကိုသုံးဖို့လိုပါတယ်။ အာနိသင် ပြင်းတဲ့ပါဝင်ပစ္စည်းတွေက အရေပြားကိုပိုခြောက်သွေ့၊ပိုထိခိုက်စေနိုင်တယ်။ (၂) ဒီပါဝင်ပစ္စည်းတွေကိုရှောင်ပါ Triclosan လို ဘက်တီးရီးယားသေစေနိုင်တဲ့ပါဝင်ပစ္စည်းတွေနဲ့ အမွှေးရနံ့၊ အယ်လ်ကိုဟော၊parabens ၊စတာတွေမပါဝင်တဲ့ အသားအရေထိန်းအလှကုန်တွေကိုရွေးချယ်ပါ။ ဒါတွေက အသားအရေကိုခြောက်သွေ့ယားယံပြီး ထိခိုက်စေနိုင်ပါတယ်။ (၃) မျက်နှာသုတ်တဲ့အခါ အသာအယာတို့သုတ်ပါ မျက်နှာကို တဘက်နုနဲ့ အသာအယာတို့သုတ်ပါ။ မပွတ်သုတ်ပါနဲ့။ခြောက်သွေ့လွယ်တဲ့အသားအရေကို ပွန်းပဲ့စေနိုင်ပါတယ်။ (၄) မျက်နှာသစ်ပြီး ၃ မိနစ်အတွင်း moisturizer သုံးပါ အသားအရေသိပ်ပြီးခြောက်သွေ့မသွားခင်မှာ အစိုဓါတ်ထိန်းဖို့အကောင်းဆုံးပါ။ ဒါမှmoisturizer ကို အသားထဲစိမ့်ဝင်စေမှာဖြစ်ပါတယ်။ ညအိပ်ခါနီးမျက်နှာသစ်လည်းmoisturizer […]


အသားအရေ ထိန်းသိမ်းခြင်း

အသားခြောက်လို့ စိတ်ညစ်မနေပါနဲ့

အသားအရေစိုပြေမှုကလည်း အလှကြိုက်တဲ့သူတွေအဖို့ အလှတိုးစေတဲ့ အချက်တစ်ခုပေါ့။ အသားခြောက်တဲ့အခါ ထိခိုက်နိုင်ခြေများသလို ဘာပဲဝတ်ဝတ် ဘယ်လိုပဲပြင်ပြင် ထင်သလောက်ကြည့်မကောင်းတာတော့ အမှန်ပါ။ အသားခြောက်တာက ဒီလောက်နဲ့တင်ပြီးသွားလားဆိုတော့ မဟုတ်သေးပါဘူး။ အသားခြောက်တာကြောင့် မလိုအပ်တဲ့နောက်ဆက်တွဲပြဿနာတွေလည်းဖြစ်လာနိုင်ပါတယ်။ အသားခြောက်တယ်ဆိုတာ အသားခြောက်တယ်ဆိုတာက အပေါ်ယံအရေပြားလွှာမှာရေဓါတ်လုံလောက်စွာမရရှိတာကြောင့်ဖြစ်လာတဲ့ အရေပြားပြဿနာတစ်ရပ်ပါ။ အရေပြားမှာ အဆီနည်းတာကြောင့်လည်း အသားခြောက်တတ်ပါတယ်။ အမျိုးသားရော အမျိုးသမီးပါဖြစ်နိုင်တဲ့ အရေပြားပြဿနာတစ်ခုပါ။ အသက်အရွယ်ကြီးရင့်လာတဲ့ သူတွေမှာပိုအဖြစ်များပါတယ်။ အပေါ်ယံအရေပြားက ခန္ဓါကိုယ်ကို အကာကွယ်ပေးထားတဲ့ ရှေ့တန်းခံစစ်ပါ။ အပေါ်ယံအရေပြားခြောက်သွေ့ကွဲအက်မှုကပြင်ပက ဘက်တီးရီးယားတွေကို ကိုယ်တွင်းကို တံခါးမရှိ ဓါးမရှိပေးဝင်ခွင့်ပေးလိုက်သလိုဖြစ်သွားနိုင်ပါတယ်။ ဒါကြောင့် အသားအရေခြောက်တာကိုသေချာလေးဂရုစိုက်ဖို့လိုပါမယ်။ ဒါတွေကြောင့် အသားခြောက်နိုင်ပါတယ် အသားခြောက်စေနိုင်တဲ့ အချက်ကတစ်ချက်မကရှိနေနိုင်ပါတယ်။နေ့စဉ်ထိတွေ့နေတဲ့ပြင်ပကအရာတွေကြောင့် အသားခြောက်နိုင်သလိုရောဂါအခြေအနေတစ်ရပ်ရပ်ကြောင့်လည်း အသားခြောက်နိုင်ပါတယ်။ ဆပ်ပြာအပြင်းစားတွေနဲ့ အလွန်အကျွံသန့်စင်တာ အယ်လ်ကိုဟောပါတဲ့ သန့်စင်မှုပစ္စည်းတွေအသုံးပြုတာ ရာသီဥတုအေးတာ ပတ်ဝန်းကျင်လေထုထဲမှာ စိုထိုင်းဆနည်းနေတာ ပတ်ဝန်းကျင်အပူချိန်တို့ကြောင့် အသားအရေခြောက်သွေ့နိုင်ပါတယ်။ ဒါတွေက အသားအရေခြောက်သွေ့မှုအပေါ် သက်ရောက်နေတဲ့ပြင်ပကအကြောင်းအရာတွေပါ။ ဒါတွေအပြင် ကျန်းမာရေးပြဿနာတစ်ခုခုခံစားနေရတာ အသက်အရွယ်ကြီးရင့်လာတာ မျိုးရိုးရှိတာ သိုင်းရွိုက်ရောဂါတစ်ခုခုခံစားနေရတာ […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း