ကလေးပြုစုစောင့်ရှောက်ခြင်း

သင့်ကလေးရဲ့ ဘဝတစ်သက်တာမှာ ကျန်းမာပျော်ရွှင်နေစေဖို့ အရွယ်အလိုက် ထိန်းကျောင်းနည်းတွေကို သိထားဖို့ လိုပါတယ်။ ဒီနေရာမှာ သင့်ကလေးလေး ပျော်ပျော်ရွှင်ရွှင်နဲ့ ကျန်းကျန်းမာမာ ကြီးပြင်းလာစေဖို့ လိုအပ်တဲ့ အချက်အလက်တွေ အကုန်လုံးကို ဖတ်ရှုနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ကလေးပြုစုစောင့်ရှောက်ခြင်း

ကလေးများနဲ့ အာဟာရ ချို့တဲ့ခြင်း

အာဟာရ မပြည့်ဝမှုကို ပုံစံ အမျိုးမျိုးနဲ့ တွေ့ရနိုင်ပါတယ်။ အာဟာရ မပြည့်ဝမှုဆိုတာ အာဟာရ မပြည့်မီတာ၊ တစ်မျိုးတည်းကို အလွန်အကျွံ စားသုံးမိပြီး အခြား အာဟာရဓာတ်တွေကို ပြည့်မီအောင် မဖြည့်တင်းမိတာ စသဖြင့် အမျိုးမျိုး ရှိနိုင်ပါတယ်။ အဝလွန်တာကလည်း အာဟာရမပြည့်ဝမှုတစ်ခုပါပဲ။ အာဟာရ ချို့တဲ့မှု ဆိုတာကတော့ လုံလောက်တဲ့ အာဟာရကို ပြည့်မီအောင် မရတာပါ။ ဒီလို အာဟာရ မပြည့်ဝတာက အာဟာရ ချို့တဲ့မှု ကို ဖြစ်စေပြီး ပြင်းထန်တဲ့ နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။ ကမ္ဘာ့တလွှားက အသက် ၅ နှစ်အောက် ကလေးငယ် 149 သန်းလောက်ဟာ အာဟာရချို့တဲ့မှုကို ခံစားနေကြရပါတယ်။ ဒီတစ်ခေါက်တော့ ကလေးများနဲ့ အာဟာရ ချို့တဲ့ခြင်း အကြောင်းလေး ပြောပြပေးချင်ပါတယ်။ အာဟာရ ချို့တဲ့ခြင်း အာဟာရ […]

ကလေးပြုစုစောင့်ရှောက်ခြင်း ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကလေးပြုစုစောင့်ရှောက်ခြင်း ကို ရှာဖွေမည်။

ကျောင်းနေအရွယ်ကလေးရဲ့ ကြီးထွားမှုနဲ့ဖွံ့ဖြိုးမှု

ကျောင်းနေအရွယ် သားသားမီးမီးတို့ရဲ့ ကြီးထွားဖွံ့ဖြိုးမှုကို ဘယ်လိုကူညီမလဲ

ကလေးလေးက ရင်ခွင်ပိုက် ချီပိုးထားတဲ့ အရွယ်ကနေ ကိုယ်ခြေထောက်ပေါ် ကိုယ်ရပ်ပြီး လောကကြီးကို စူးစမ်းဖို့ အသင့်ဖြစ်နေတဲ့ ကျောင်းနေအရွယ် ကိုတောင် ရောက်လာခဲ့ပါပြီ။ ဒီအချိန်မှာ အရင်တုန်းကလို မေမေ လုပ်စေချင်တဲ့အတိုင်း တသွေမသိမ်း လိုက်နာတယ်ဆိုတာ ရှားလာပါပြီ။ ကလေးကြီးတွေလိုပဲ သူတို့ရဲ့ ကိုယ်ပိုင်ဆုံးဖြတ်ချက်ချတာတွေကို လုပ်ဆောင်စပြုလာပါပြီ။ ဒီကာလမှာ ကလေးကို စည်းကမ်းတွေ တင်းကျပ်မယ့်အစား ညှိညှိနှိုင်းနှိုင်းနဲ့ နွေးနွေးထွေးထွေး ဆက်ဆံပေးတာက နည်းလမ်းကောင်းပါ။ ကျောင်းနေအရွယ်ရောက်လာပြီဖြစ်တဲ့ ကလေးတွေဟာ ရုပ်ပိုင်းဆိုင်ရာရော စိတ်ခံစားမှုပိုင်းဆိုင်ရာပါ ဖွံ့ဖြိုးလာပါပြီ။ ကျောင်းနေအရွယ် သားသားမီးမီးတို့ရဲ့ ကြီးထွားဖွံ့ဖြိုးမှု ကို အထောက်အကူဖြစ်စေဖို့ ဖေဖေမေမေတို့ ဘာလုပ်ပေးနိုင်မလဲဆိုတာ လေ့လာလိုက်ရအောင်နော်။ ကျောင်းနေအရွယ် သားသားမီးမီးတို့ရဲ့ ကြီးထွားဖွံ့ဖြိုးမှု ကလေးလေးလည်း မဟုတ်တော့သလို လူကြီးလေးလည်း မဖြစ်သေးတဲ့ လူကြီးပေါက်စလေးတွေ ဖြစ်လာကြတဲ့ ကျောင်းနေအရွယ် သားသားမီးမီးလေးတွေမှာ အပြောင်းအလဲတွေ အများကြီး ရှိလာနိုင်ပါတယ်။ […]


ကျောင်းနေအရွယ်ကလေးရဲ့ ဖွံ့ဖြိုးမှုအဆင့်ဆင့်

ကျောင်းနေအရွယ် သားသားမီးမီးတို့ ဘယ်လို ဖွံ့ဖြိုးလာသလဲ

ကျောင်းနေအရွယ် သားသားမီးမီးတို့ ဘယ်လို ဖွံ့ဖြိုးလာသလဲ ...... ကျောင်းအရွယ်ကလေးလေးတွေကို ပျိုးထောင်ရတာက အတော်လေး စိတ်လှုပ်ရှားစရာကောင်းတဲ့ အတွေ့အကြုံပါ။ ကလေးရဲ့ အသစ်အသစ်သော လှုပ်ရှားမှုလေးတွေ၊ လုပ်ဆောင်နိုင်စွမ်းလေးတွေကို မြင်ရတာ အတော်လေး စိတ်လှုပ်ရှားစရာ ကောင်းပါတယ်။ ဒီလိုအရွယ်မှာ ကျန်းမာတဲ့ နေထိုင်စားသောက်သူလေးဖြစ်ပြီး ထက်ထက်မြက်မြက် ရည်ရည်မွန်မွန်နဲ့ အရွယ်ရောက် ကြီးပြင်းလာစေဖို့အတွက် အကောင်းဆုံး ပျိုးထောင်ပေးဖို့ လိုပါမယ်။ ဒီတော့ ကျောင်းနေအရွယ် သားသားမီးမီးတို့ ဘယ်လို ဖွံ့ဖြိုးလာသလဲ .... မေမေဖေဖေတို့အနေနဲ့ ဘယ်လိုတွေ ဂရုစိုက်ပေးဖို့ လိုမလဲဆိုတာကို မျှဝေပေးလိုက်ပါတယ်။ ကျောင်းနေအရွယ် သားသားမီးမီးတို့ ဘယ်လို ဖွံ့ဖြိုးလာသလဲ ကျောင်းနေအရွယ် သားသားမီးမီးတွေက အသက်အရွယ်အလိုက် အခုလို ဖွံ့ဖြိုးလာတာပါ။ # အသက် ၆ နှစ် ကနေ ၇ နှစ်အတွင်း ကလေးတွေဟာ အသက် ၆ နှစ် […]


အခြားကလေးကျန်းမာရေးပြဿနာများ

ကလေးလေးတွေမှာ ဖြစ်တတ်တဲ့ အသည်းရောင် အသားဝါ လက္ခဏာများ

အသည်းရောင် အသားဝါက အသံတိတ်ရောဂါ တစ်မျိုးပါ။ အသည်းကို ထိခိုက်စေနိုင်တယ်ဆိုပေမယ့် ရောဂါလက္ခဏာ ပြင်းပြင်းထန်ထန် မပြမချင်း သတိမထားမိတာမျိုး ရှိနိုင်ပါတယ်။ ဒီတစ်ခေါက်တော့ ကလေးလေးတွေမှာ အသည်းရောင်ရောဂါ ဖြစ်နေရင် သိထားနိုင်စေဖို့အတွက် ကလေးလေးတွေမှာ ဖြစ်တတ်တဲ့ အသည်းရောင် အသားဝါ လက္ခဏာများ အကြောင်း ပြောပြပေးချင်ပါတယ်။ အသည်းရောင် အသားဝါရောဂါက ကလေးတွေမှာ အရင်က သိပ်အဖြစ်မများပေမယ့် အခုနောက်ပိုင်းမှာတော့ ကမ္ဘာ့နိုင်ငံအသီးသီးမှာ ဖြစ်ပွားမှုတွေ မြင့်တက်နေပါတယ်။ အထူးသဖြင့် အသက် ၁ နှစ်ကနေ ၁၆ နှစ်ကြားအရွယ် ကလေးတွေမှာ အဖြစ်များပါတယ်။ အသည်းရောင် အသားဝါရောဂါ ဆိုတာ အသည်းရောင် အသားဝါရောဂါဆိုတာ အကြမ်းဖျင်းအနေနဲ့ အသည်းရောင်ရမ်းတာကို ဆိုလိုတာပါ။ ဗိုင်းရပ်စ်တွေ၊ ဓာတုဗေဒပစ္စည်းတွေ၊ ဆေးဝါးတွေ၊ အရက်၊ မိုးဗီဇဆိုင်ရာ ကျန်းမာရေးပြဿနာတွေ၊ ကိုယ်ခံအားက အသည်းဆဲလ်တွေကို မှားယွင်းတိုက်ခိုက်မိတာတွေကြောင့် အသည်းရောင်နိုင်ပါတယ်။ အသည်းရောင်တာက […]


ကျောင်းနေအရွယ်ကလေးအတွက်အာဟာရ

ကလေးတွေ စားသလောက် အာဟာရမဖြစ်တာ အူလမ်းကြောင်း ကျန်းမာရေး မကောင်းလို့များလား

ကောင်းမွန်တဲ့ အစာချေဖျက်မှု နဲ့ ကျန်းမာတဲ့ အစာခြေစနစ် တို့က ကလေးတစ်ယောက် ကောင်းစွာ ကြီးထွားဖွံ့ဖြိုးစေဖို့ နဲ့ ဉာဏ်ရည်ထက်မြက်စေဖို့ အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေပါတယ်။ ကလေးတစ်ယောက်ဟာ ငယ်စဉ်ကတည်းက ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစာခြေစနစ်ကို ပိုင်ဆိုင်ထားမှ ကိုယ်ခံအား ကောင်းပြီး ဖျားနာမှု ကင်းလို့  စားလိုက်သမျှ အစားအစာတွေမှာပါတဲ့ အာဟာရတွေကို ပြည့်ပြည့်ဝဝ ရရှိမှာ ဖြစ်ပါတယ်။ ဒီလိုမှ မဟုတ်ဘူးဆိုရင် ကလေးက စားလိုက်တဲ့ အစားအစာတွေက အာဟာရတွေကို အူနံရံက ပြည့်ပြည့်ဝဝ မစုပ်ယူနိုင်တဲ့အခါ အသက်အရွယ်နဲ့ ကိုက်ညီတဲ့ ကိုယ်အလေးချိန် အရပ်အမြင့် မရှိတာမျိုးတွေ ဖြစ်လာနိုင်ပါတယ်။ ဒီတစ်ခေါက်တော့ ကလေးကို စားချင်သမျှရော စားသင့်တာတွေကိုရော ကျွေးပေးပါရက်နဲ့ ကလေးက စားသလောက် အာဟာရမဖြစ်ဘူး။ အူလမ်းကြောင်း ကျန်းမာရေး မကောင်းလို့များလား […]


မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးရဲ့ ဖွံ့ဖြိုးမှု အဆင့်ဆင့်

မတ်တတ်ပြေး နဲ့ မူကြိုအရွယ် ကလေးဖွံ့ဖြိုးမှု အဆင့်ဆင့်

ကလေး အသက် ၁ နှစ်ခွဲကျော်ပြီဆိုရင် ဘေဘီလေးက မတ်တတ်စမ်းဖို့ စပါပြီ။ လမ်းလျှောက်ဖို့ ခြေမလေးတွေနဲ့ တိုင်ပင်ခေါ်တဲ့ အဆင့်ကို တော်တော်လေး ကျော်လာပြီပေါ့။ မတ်တတ်စမ်းရင်း အမှီပြု အားယူထဖို့ ဟိုဟာ ဆွဲလိုက် ဒီဟာ ဆွဲလိုက်တွေ လုပ်တော့မှာပါ။ ဒီအချိန်မှာ ကလေးကို အပူလောင်တာမျိုးတွေ တစ်ခုခု ပိတာမျိုး ထိခိုက်မှုတွေ မဖြစ်အောင် သေချာလေး ဂရုစိုက်ဖို့ လိုပါမယ်။ မေမေရေပဲ ခေါ်နေတာ မဟုတ်တော့ဘဲ မေမေရေ ဖေဖေရေ ခေါ်ရင်း နောက်ကနေ ပြေးလိုက်လာတော့မှာ ဖြစ်တာကြောင့် ကလေးအနားကနေ ထထွက်သွားချိန်တိုင်းမှာ ကလေးကို ထိုင်နေဖို့၊ မလိုက်လာဖို့ သေချာမှာတာမျိုး လုပ်ဖို့ လိုအပ်လာပြီ ဖြစ်သလို ကလေးနားက ထထွက်ချိန်မှာ ကလေးလိုက်လာလားဆိုပြီး နောက်ကို လှည့်ကြည့်ဖို့ လိုပါမယ်။ ဒီတစ်ခေါက်တော့ မတ်တတ်ပြေး […]


လမစေ့၊ ပေါင်မပြည့်သောကလေးငယ်များ

လမစေ့ဘဲ မွေးဖွားလာတဲ့ ကလေးငယ်လေးတွေ အကြောင်း

မေမေတွေ အနေနဲ့ ဘေဘီလေးကို ကိုယ်ဝန်ဆောင်ပြီး မွေးဖွားချိန်မှာ နေ့စေ့ လစေ့ မွေးဖွားတာမျိုး ရှိသလို မွေးဖွားမယ့်ရက်မတိုင်ခင်မှာ လမစေ့ဘဲ မွေးဖွားတာ၊ ရှိသင့်တဲ့ ကိုယ်အလေးချိန် မပြည့်သေးခင် မွေးဖွားတာကြောင့် ပေါင်မပြည့်ဘဲ မွေးဖွားလာတာမျိုးတွေ ရှိနိုင်ပါတယ်။ လမစေ့ဘဲ မွေးဖွားခြင်း ကိုယ်ဝန်ဆောင်ကာလက များသောအားဖြင့် ရက်သတ္တပတ် ၄၀ ကြာမြင့်တတ်ပါတယ်။ ၄၁ ပတ် ၄၂ ပတ်အထိ ကိုယ်ဝန်ဆောင်ရတဲ့ မိခင်တွေလည်း ရှိနိုင်ပါတယ်။ တကယ်လို့ ဘေဘီလေးက ကိုယ်ဝန်ဆောင်ကာလ ၃၇ ပတ် မတိုင်ခင်မှာ မွေးဖွားမယ်ဆိုရင်တော့ ဒါကို လမစေ့ဘဲ မွေးဖွားခြင်းလို့ ခေါ်ဆိုနိုင်ပါတယ်။ ဆေးပညာတွေ တိုးတက်လာတာကြောင့် လမစေ့ဘဲ မွေးဖွားလာတဲ့ ကလေးလေးတွေ ၁၀ ယောက်မှာ အများစုက အသက်ရှင်ကြပါတယ်။ ပုံမှန်အတိုင်းလည်း ကြီးထွားဖွံ့ဖြိုးကြပါတယ်။ တခြားဘာကျန်းမာရေးပြဿနာမှ မရှိဘူးဆိုရင်ပေါ့။ ပျမ်းမျှအားဖြင့် […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

ကလေးငယ် ပြုစုစောင့်ရှောက်နည်းအကြောင်း သိကောင်းစရာ

ကလေးငယ် ပြုစုစောင့်ရှောက်နည်းအကြောင်း သိကောင်းစရာ တွေကို အတူလေ့လာဖို့ အသင့်ပဲလား! ဘေဘီလေးတွေရဲ့ စားသုံးလိုက်တဲ့ အာဟာရရဲ့ ၇၅% က ဘေဘီလေးတွေရဲ့ ဦးနှောက်ကို ဖွံ့ဖြိုးစေတယ်ဆိုတာ နဲ့ ဘေဘီလေးတွေက သူတို့ရဲ့ အသက် ၃ နှစ်အရောက်မှာ ဦးနှောက်ဖွံ့ဖြိုးမှုက ၈၀% အထိ ရှိပြီ ဆိုတာကို သိပြီးပြီလား မေမေတို့ရေ ....... ဘေဘီလေးကို မွေးဖွားချိန်ကစလို့ မေမေ့ရဲ့ ပွေ့ဖက်မှု ဂရုစိုက်မှု နမ်းရှုံ့ကြင်နာမှုတွေ၊ ပြင်ဆင်ကျွေးမွေးတဲ့ အာဟာရတွေ၊ အတူတူ ကစားပေးတဲ့ ကစားနည်းတွေက ဘေဘီလေးရဲ့ ဦးနှောက်နဲ့ ဉာဏ်ရည်ဖွံ့ဖြိုးမှု ကျန်းမာပျော်ရွှင်စွာ ကြီးပြင်းလာစေမှုတွေကို အားဖြည့်ပေးနေပါတယ်။ ဘေဘီလေးကို ကျန်းမာပျော်ရွှင်ပြီး ထက်မြက်တဲ့ ကလေးလေးတစ်ယောက်အနေနဲ့ အရွယ်ရောက် ကြီးပြင်းလာစေဖို့အတွက် ငယ်စဉ်ကလေးထဲက သေချာလေး ဂရုစိုက်ပေးဖို့ လိုပါမယ်။ အစကောင်းမှ […]


ကလေးငယ်အာဟာရ

ကလေးငယ် အာဟာရအကြောင်းနဲ့ ပတ်သက်လို့

ကလေးငယ်လေးတွေကို သူတို့ရဲ့ အသက် ပထမ ၂ နှစ်တာအတွင်းမှာ အာဟာရ ပြည့်ဝအောင် ကျွေးတာက ကျန်းကျန်းမာမာ ဖွံ့ဖြိုးကြီးထွားစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ ကောင်းမွန်တဲ့ အာဟာရ အလေ့အထကို စောစော လေ့ကျင့်ပေးတာက ဘေဘီလေးကို နောက်ပိုင်းမှာ ကျန်းမာစွာ စားသုံးတတ်စေဖို့ ထောက်ကူပေးသလို အကောင်းဆုံး ကြီးပြင်းလာစေမှာပါ။ ကလေးတစ်ယောက်ကို အာဟာရပြည့်ဝအောင် ဖြည့်ဆည်းပေးဖို့က မိဘတိုင်းမှာ တာဝန်ရှိပါတယ်။ ဒီတော့ ကလေးငယ် အာဟာရအကြောင်းနဲ့ ပတ်သက်လို့ သိထားသင့်တဲ့ အကြောင်းအရာလေးတွေကို ဝေမျှပေးချင်ပါတယ်။ ဘေဘီလေးတိုင်း အာဟာရ ပြည့်ဝဖို့ လိုပါမယ် ဘေဘီလေးတွေ ကျန်းကျန်းမာမာ ကြီးပြင်းအရွယ်ရောက်လာစေဖို့အတွက် လုံလောက်ပြည့်ဝတဲ့ အာဟာရကို ရရှိဖို့က အခြေခံအကျဆုံး အချက်ပါ။ ဘေဘီလေးကို သူတို့လေးတွေရဲ့ ပထမဆုံး ၃ လမှာ အာဟာရပြည့်ဝအောင် ကျွေးမွေးပေးတာက ကလေးကို  ကြီးထွားမှု […]


မိခင်နို့တိုက်ကျွေးခြင်း

မိခင်နို့ တိုက်ကျွေးခြင်းအကြောင်း သိကောင်းစရာ

မေမေ တစ်ယောက်ဖြစ်လာပြီဆိုရင် ဆုံးဖြတ်ချက် ကြီးကြီးမားမား ချမှတ်ရတဲ့ အချိန် တစ်ချိန် ရှိပါတယ်။ ဒါကတော့ ဘေဘီလေးကို မွေးဖွားပြီးချိန်မှာ မိခင်နို့ တိုက်ကျွေးမလား ဆိုတာပါ။ ကိုယ်ဝန်ဆောင်တာလိုပဲ မိခင်နို့ တိုက်ကျွေးတာက သဘာဝဖြစ်စဉ် တစ်ရပ်ဆိုပေမယ့် လွယ်ကုလှတဲ့ ကိစ္စရပ်တော့ မဟုတ်ပါဘူး။ ဒီတစ်ခေါက်တော့ မိခင်နို့ တိုက်ကျွေးခြင်းအကြောင်း သိကောင်းစရာ အချက်လေးတွေကို ဝေမျှပေးချင်ပါတယ်။ မိခင်နို့ တိုက်ကျွေးခြင်းအကြောင်း သိကောင်းစရာ မိခင်နို့ တိုက်ကျွေးခြင်းအကြောင်း ဘာတွေ သိထားဖို့ လိုမလဲဆိုတာကို အတူတူ ဆက်ကြည့်လိုက်ရအောင်နော်။ မိခင်နို့ တိုက်ကျွေးခြင်းဖြင့် ဘယ်လို အကျိုးကျေးဇူးတွေ ရရှိစေနိုင်လဲ မိခင်နို့ တိုက်ကျွေးပေးတာက မေမေရော ဘေဘီလေးမှာပါ ကျန်းမာရေး အကျိုးကျေးဇူးတွေ ရရှိစေနိုင်ပါတယ်။ မိခင်နို့ လုံလောက်စွာ သောက်ရတဲ့ ဘေဘီလေးတွေဟာ ဓာတ်မတည့်မှု ဖြစ်နိုင်ခြေ နည်းသလို သွားနဲ့ခံတွင်း ပြဿနာတွေလည်း […]


ကလေးငယ်အာဟာရ

ဘေဘီလေးကို ပိန္နဲသီး ကျွေးလို့ ရမလား

အရသာလေးက ချိုချိုလေးနဲ့ အနံ့လေးလည်း မွှေးတဲ့ ပိန္နဲသီးကို ချိုချိုအီအီ အရသာကို နှစ်ခြိုက်တတ်တဲ့ ဘေဘီလေးတွေ သဘောကျမယ်ဆိုတာကတော့ ထွေထွေထူးထူး ပြောနေစရာ မလိုအောင်ပါ။ ဒီလို ချိုအီမွှေးနေတဲ့ ပိန္နဲသီး စားနေရင်း ဘေဘီလေးက နည်းနည်းလို့ လာတောင်းရင် ဘယ်လို လုပ်ရမယ်မသိဘူး ဖြစ်မနေရလေအောင် ဆောင်းပါးလေးကို ဖတ်ကြည့်လိုက်ပါ။ ဒီဆောင်းပါးလေးထဲမှာ ဘေဘီလေးကို ပိန္နဲသီး ကျွေးလို့ ရမလား ...... ဘယ်လို အချက်တွေ သတိထားဖို့ လိုမလဲဆိုတာတွေကို ပြောပြပေးသွားပါမယ်။ ပိန္နဲသီး ဆိုတာ အပေါ်ခွံမှာဆူးတုံးတုံး စိပ်စိပ်လေးတွေရှိပြီး အခွံကို လှီးလိုက်တဲ့အခါ အဖြူရောင် အစေးလေးတွေထွက်ပါတယ်။ အထဲမှာတော့ အမျှင်လေးတွေနဲ့ အသားပြည့် အဝါရောင် ပိန္နဲမွှာ ချိုချိုလေးတွေပါ ပါတယ်။ အိမ်မာ နဲ့ အိမ်ပျော့ဆိုပြီး ကွာခြားပေမယ့် ပေးတဲ့ ကျန်းမာရေး အာနိသင်ကတော့ […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း