ကလေးပြုစုစောင့်ရှောက်ခြင်း

သင့်ကလေးရဲ့ ဘဝတစ်သက်တာမှာ ကျန်းမာပျော်ရွှင်နေစေဖို့ အရွယ်အလိုက် ထိန်းကျောင်းနည်းတွေကို သိထားဖို့ လိုပါတယ်။ ဒီနေရာမှာ သင့်ကလေးလေး ပျော်ပျော်ရွှင်ရွှင်နဲ့ ကျန်းကျန်းမာမာ ကြီးပြင်းလာစေဖို့ လိုအပ်တဲ့ အချက်အလက်တွေ အကုန်လုံးကို ဖတ်ရှုနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ကလေးပြုစုစောင့်ရှောက်ခြင်း

ကလေးများနဲ့ အာဟာရ ချို့တဲ့ခြင်း

အာဟာရ မပြည့်ဝမှုကို ပုံစံ အမျိုးမျိုးနဲ့ တွေ့ရနိုင်ပါတယ်။ အာဟာရ မပြည့်ဝမှုဆိုတာ အာဟာရ မပြည့်မီတာ၊ တစ်မျိုးတည်းကို အလွန်အကျွံ စားသုံးမိပြီး အခြား အာဟာရဓာတ်တွေကို ပြည့်မီအောင် မဖြည့်တင်းမိတာ စသဖြင့် အမျိုးမျိုး ရှိနိုင်ပါတယ်။ အဝလွန်တာကလည်း အာဟာရမပြည့်ဝမှုတစ်ခုပါပဲ။ အာဟာရ ချို့တဲ့မှု ဆိုတာကတော့ လုံလောက်တဲ့ အာဟာရကို ပြည့်မီအောင် မရတာပါ။ ဒီလို အာဟာရ မပြည့်ဝတာက အာဟာရ ချို့တဲ့မှု ကို ဖြစ်စေပြီး ပြင်းထန်တဲ့ နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။ ကမ္ဘာ့တလွှားက အသက် ၅ နှစ်အောက် ကလေးငယ် 149 သန်းလောက်ဟာ အာဟာရချို့တဲ့မှုကို ခံစားနေကြရပါတယ်။ ဒီတစ်ခေါက်တော့ ကလေးများနဲ့ အာဟာရ ချို့တဲ့ခြင်း အကြောင်းလေး ပြောပြပေးချင်ပါတယ်။ အာဟာရ ချို့တဲ့ခြင်း အာဟာရ […]

ကလေးပြုစုစောင့်ရှောက်ခြင်း ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကလေးပြုစုစောင့်ရှောက်ခြင်း ကို ရှာဖွေမည်။

ကျောင်းနေအရွယ်ကလေးအတွက်အာဟာရ

ကလေးတိုင်း စားသင့်တဲ့ စူပါ အစားအစာ ၇ မျိုး။ ။

အစာအာဟာရဆိုတာ ကလေး တစ်ယောက်အတွက် အရေးအကြီးဆုံးဆိုတာ အားလုံးသိပြီးကြမှာပါ။ ဒီလို အရေးကြီးတဲ့ အာဟာရတွေရဖို့ဆိုတာ ကလေးစားမှပဲ ရတာမဟုတ်လား။ ခက်တာက ကလေးတွေဆိုတာ အစားထက် အဆော့ ပိုမက်ကြတယ်လေ။ ဒီတော့ ကလေးအစားစားချင်စိတ်ကို မြင့်တက်စေတဲ့ အစားအသောက်တွေ ရွေးကျွေးဖို့တော့ လိုတာပေါ့။ ခုပြောပြတဲ့ အစားအသောက် ၇ မျိုးဟာဆိုရင် ကလေးတို့အတွက် လိုအပ်တဲ့ အာဟာရတွေ ပြည့်ဝစွာပါဝင်ပါတယ်။ ဒါကြောင့် ကလေးတွေရဲ့ တစ်နေ့တာ အစားအသောက်တွေထဲမှာ ဒီ ၇ မျိုး မဖြစ်မနေပါရမယ့်အကြောင်း မေမေတို့ သိထားဖို့ လိုတယ်နော်။ ။ ကလေးတိုင်း စားသင့်တဲ့ စူပါ အစားအစာ ၇ မျိုး။ ။ ၁။ အုတ်ဂျုံ။ ။ အုတ်ဂျုံဆိုတာ အစားသင့်ဆုံး မနက်စာတစ်ခုပါ။ တခြား ပါကင်ဘူးတွေနဲ့လာတဲ့ အသင့်စား cereals […]


မိခင်နို့တိုက်ကျွေးခြင်း

ကလေးကလည်းနို့ဆာ၊ ကိုယ်ကလည်းနို့မထွက်တာမျိုး မဖြစ်ရလေအောင် ဒါမျိုးလေးတွေ လုပ်ကြည့်ပါ။ ။

မိခင်တစ်ယောက်ဖြစ်ဖို့ဆိုတာ တကယ်တမ်းတွေးကြည့်ရင် မလွယ်ကူပါဘူး။ ကိုယ့်ရင်သွေးလေး ကောင်းကောင်းမွန်မွန်နဲ့ အပြင်ထွက်လာဖို့၊ ခြေလက်အင်္ဂါစုံဖို့ကို မမွေးခင်တည်းက ဆုတောင်းလိုက်ရတာ အမော။ ကလေးအပြင်ရောက်လာတော့လည်း အမေနို့ကောင်းကောင်း မထွက်မှာကို ပူပန်ရပြန်ရော။ မိခင်နို့ဆိုတာ ကလေးတွေအတွက်တော့ အာဟာရတွေ အကုန်ပြည့်စုံတဲ့ သဘာဝက ဖန်တီးပေးထားတဲ့ အရာတစ်ခုပဲလေ။ ကိုယ့်ကလေး နို့ဆာလို့ ငိုနေတာကို ဘယ်မိခင်ကတော့ မြင်ချင်ပါ့မလဲ။ ခက်တာက နို့ကောင်းကောင်းမထွက်တော့ အမေတွေ စိတ်ညစ်ရတာပေါ့။ ။ ဒါကြောင့် ကလေးမွေးပြီးတဲ့ မေမေတိုင်း ဦးဆုံးပူပန်နေရတဲ့ နို့ရည်မထွက်တာကို ဖြေရှင်းလို့ရတဲ့ နည်းလမ်း ၅ ခုလောက်ကို အခု ပြောပြပေးတော့မှာပါ။ ။ ကလေးကို ဘာကြောင့် မိခင်နို့တိုက်ဖို့ လိုအပ်တာလဲ။ ။ မိခင်နို့မှာ မွေးကင်းစ ကလေးတစ်ယောက်လိုအပ်တဲ့ အာဟာရတွေကြွယ်ဝစွာပါဝင်တဲ့ အပြင် ခုခံအား စနစ်အတွက် လိုအပ်တဲ့ ပဋိပစ္စည်း( antibody) […]


မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးအာဟာရ

ကလေးများအတွက် အကျိုးပြု အိုမီဂါ

Omega 3 နဲ့ Omega 6 fatty acidsတွေက လူ့ခန္ဓါကိုယ်အတွက် မရှိမဖြစ်လိုအပ်တဲ့ အကျိုးပြုအဆီဓါတ်တွေဖြစ်ပါတယ်။သူတို့နှစ်မျိုးလုံးဟာ polyunsaturated fatty acid (ပိုလီမပြည့်ဝဆီ) တွေဖြစ်ပြီး ကိုလက်စထရော ပမာဏ လျော့နည်းစေတယ်၊ ရောင်ရမ်းခြင်းတွေ လျော့ကျစေတယ်၊ နှလုံးရဲ့ လုပ်ငန်းဆောင်တာတွေကို ပုံမှန်လုပ်ဆောင်နိုင်ဖို့ ကူညီပေးပါတယ်။ အဆီလျှော့စားပါ၊ အဆီရှောင်ပါဆိုလို့ အဆီဓါတ်အားလုံးကိုရှောင်လို့လည်းမဖြစ်ဘူးနော်။ ဒီလိုအကျိုးပြုအဆီတွေကို ဖယ်ထားမယ်ဆိုရင် ပိုမကျန်းမာလာတဲ့အပြင် လိုအပ်တဲ့အာဟာရတွေမပြည့်စုံဘဲနေပါလိမ့်မယ်။ အခုမှ စတင်ဖွံ့ဖြိုးကာစ ကလေးတွေဆို ပိုပြီးလိုအပ်နေပါတယ်။ ကလေးတွေအတွက် အကျိုးပြု fatty acidတွေ ဘာကြောင့်လိုအပ်တာလဲဆိုတာ ဆက်ပြီး ဖတ်ကြည့်နော်။ Omega 3 နဲ့ 6 Fatty Acidsတွေက ဘာအကျိုးကျေးဇူးတွေရှိတာလဲ Omega 3 နဲ့ 6 fatty acidတွေက ကလေးတွေရဲ့ကြီးထွားဖွံ့ဖြိုးမှုမှာ အရေးပါတဲ့နေရာက ပါဝင်နေပါတယ်။Omega […]


ကျောင်းနေအရွယ်ကလေးအတွက်အာဟာရ

အားလပ်ရက်၊ပိတ်ရက်တွေမှာ အာဟာရပြည့်အစားအစာတွေ ပြင်ဆင်ဖို့ အချက် (၆) ချက်

အားလပ်ရက်တွေ ၊ ပိတ်ရက်တွေနီးပြီဆို စူပါမားကတ်တွေမှာ ဈေးဝယ်ထွက်ကြတဲ့မိသားစုတွေကို ကြည့်ရင်းတွေးမိတယ်။ ဒီလောက်စားစရာတွေအများကြီးကို ဘယ်လိုကုန်အောင်စားပစ်ကြမှာလဲလို့။ တချို့မိသားစုဆို လူသိပ်များပုံမှမရတာ။ မိသားစုလူစုံတုန်း စားသောက်စရာတွေပြင်ဆင်ပြီး စားပွဲလေးတွေလုပ်ကြမယ်ထင်ပါတယ်။ ဒါပေမယ့် အဲဒီထဲမှာ ကျန်းမာရေးအတွက်ကောင်းတာ၊ မကောင်းတာ ဘာတွေပါသလဲ၊ ဘယ်လောက်ပမာဏများများစားလို့သင့်တော်မလဲ(တချို့အစားအစာတွေက အများကြီးစားရင် ဘေးဖြစ်တတ်ပါတယ်)၊ ကလေးတွေအတွက် သင့်တော်ရဲ့လား၊ လူကြီးမိဘတွေအတွက်ရော ဘယ်အရာကိုရွေးချယ်သင့်သလဲ စတဲ့ ထည့်တွေးစရာတွေကအများကြီးပါ။ အားလပ်ရက်၊ပိတ်ရက်တွေမှာ အာဟာရပြည့်အစားအစာတွေ ပြင်ဆင်ဖို့ အချက် (၆) ချက် ဒီတော့ အားလပ်ရက်တွေ အတွက်အစားအစာတွေပြင်ဆင်တဲ့အခါ ပျော်စရာလည်းဖြစ်၊ အာဟာရလည်းပြည့်၊ဘေးလည်းကင်းစေဖို့ ထည့်စဉ်းစားသင့်တဲ့ အချက်လေးတွေ အကြံပြုလိုက်မယ်နော်။ ဈေးတွေလျှောက်မဝယ်ခင်မှာ အစီအစဉ်ဆွဲပါ အိမ်မှာပဲလား၊ ခရီးသွားကြမှာလားဆိုတာကလည်း အရင်တွေးတာကောင်းပါတယ်။ ဒါမှ လိုအပ်သလို ကြိုတင်ပြင်ဆင်ရမှာကိုး။ ဥပမာ ခရီးသွားကြမယ်ဆို လမ်းမှာစားဖို့ မုန့်တွေ၊ စားစရာတွေ ဝယ်ရမယ်၊ ကျန်းမာရေးနဲ့ညီတာဖြစ်ဖို့တော့လိုတာပေါ့။ ကလေးအတွက်ဆောင်သွားရမယ့် အာဟာရနို့မှုန့်ဘာညာနဲ့ အသုံးအဆောင်တွေလည်းပြင်ဆင်ရမယ်။ […]


ကျောင်းနေအရွယ်ကလေးရဲ့ ဖွံ့ဖြိုးမှုအဆင့်ဆင့်

ကလေးကို လေ့လာသင်ယူချင်စိတ် တိုးလာအောင် ဘယ်လိုလုပ်ဆောင်ပေးမလဲ

ကလေးတစ်ယောက် အဆင်းရော အချင်းပါ ပြည့်စုံသူ တစ်ဦးအဖြစ် ကြီးပြင်းလာစေဖို့ တာဝန် အရှိဆုံးသူတွေက မိဘတွေပါ။ မိဘတွေက သားသမီးတွေရဲ့ လက်ဦးဆရာတွေပေါ့။ ဒါကြောင့် ကလေးကို ငယ်စဉ်ကတည်းက လူမှုဆက်ဆံရေး၊ သင်ယူမှုစွမ်းရည် နဲ့ လိမ္မာရေးခြားရှိဖို့ သင်ပေးကြရပါတယ်။ ဒီတစ်ခေါက်တော့ ပညာရေးမှာ ထူးချွန်တဲ့ သားသားမီမီးတွေ ဖြစ်စေဖို့အတွက် ကလေးကို သင်ယူလိုစိတ်တွေ ဖြစ်ပေါ်လာအောင် ဘယ်လို သင်ကြားပေးရမလဲ ဆိုတာကိုပြောပြပေးမယ်နော်။ ကလေးကို လေ့လာသင်ယူချင်စိတ် တိုးလာအောင် ဘယ်လိုလုပ်ဆောင်ပေးမလဲ ဒီအချက်လေးတွေက ကလေးကို လေ့လာသင်ယူချင်စိတ် တိုးလာအောင် အထောက်အပံ့ ဖြစ်စေမှာပါ။ ကလေးတစ်ယောက် သင်ယူချင်စိတ်တွေ ဖြစ်လာစေဖို့ဆိုရင် ဖေဖေမေမေတို့ကလည်း ဒီနည်းလမ်းလေးတွေကို လိုက်လုပ်ကြည့်ပေးပါနော်။ ကလေးကို ယုံကြည်ပေးပါ ယုံကြည်မှုကတစ်ခုခုကိုအောင်မြင်ဖို့အတွက်တော်တော်လေးအရေးပါပါတယ်။ ဒါကြောင့်ကလေးကို မကြာခဏ ကိုယ်တွေအနေနဲ့ သူ့အပေါ်မှာ ယုံကြည်မှုရှိတယ်ဆိုတဲ့အကြောင်းကို သူသိအောင်ပြောပြပေးတာဖြစ်ဖြစ် အမူအရာနဲ့ပြသပေးတာမျိုးဖြစ်ဖြစ်လုပ်ပေးပါ။ ဒီအလေ့အထကို ကလေးငယ်စဉ်ကတည်းက […]


ကလေးအာဟာရချို့တဲ့ခြင်း

ကလေးကို သံဓါတ်မချို့တဲ့စေဖို့ ဂရုစိုက်ကာကွယ်ခြင်း

သံဓါတ်က သွေးနီဥဆဲလ်တွေ ခန္ဓါကိုယ်ထဲကိုအောက်ဆီဂျင်သယ်ပို့နိုင်ဖို့ ကူညီပေးပြီး ဦးနှောက်နဲ့ ကြွက်သားလုပ်ဆောင်ချက်တွေမှာ အဓိကနေရာကပါဝင်နေပါတယ်။သွေးထဲမှာသံဓါတ်အားနည်းရင် ကလေးတွေမှာအဖြစ်များတဲ့ သွေးအားနည်းရောဂါဖြစ်လာနိုင်ပါတယ်။ ကလေးက အစားအစာထဲကနေ သံဓါတ်လုံလောက်အောင်ရရှိရဲ့လား၊ ကလေးမှာ သွေးအားနည်းတာ၊ သံဓါတ်အားနည်းတာဖြစ်နေလား အမြဲဂရုစိုက်ပေးသင့်ပါတယ်။ သံဓါတ်က ကလေးအတွက် ဘာကြောင့်အရေးပါတာလဲ သံဓါတ်က ကလေးရဲ့ကြီးထွားဖွံ့ဖြိုးမှုအတွက် မရှိမဖြစ်အရေးပါပါတယ်။ အဆုတ်ထဲကအောက်ဆီဂျင်ကို ခန္ဓါကိုယ်တခြားအစိတ်အပိုင်းတွေဆီကိုပေးပို့ဖို့ နဲ့ ကြွက်သားတွေကအောက်ဆီဂျင်သိုလှောင်ပြီးအသုံးချနိုင်ဖို့လည်း သံဓါတ်ကကူညီပေးတာပါ။ သံဓါတ်အားနည်းတယ်ဆိုတာ အနည်းငယ်လောက်ကနေသွေးအားနည်းရောဂါအထိပြင်းထန်မှုအဆင့်ဆင့်ရှိပါတယ်။ ဒါကိုသေချာဂရုမစိုက်ရင် ကလေးရဲ့ကြီးထွားမှုနဲ့ ဖွံ့ဖြိုးမှုအားလုံးကို ထိခိုက်နိုင်ပါတယ်။ အများအားဖြင့် - လမစေ့၊ပေါင်မပြည့်ဘဲမွေးဖွားတဲ့ ကလေးတွေ အသက်တစ်နှစ်မပြည့်ခင် နွားနို့ သို့မဟုတ် ဆိတ်နို့သောက်ခဲ့ရတဲ့ ကလေးတွေ အသက် ၆ လနောက်ပိုင်း သံဓါတ် သို့မဟုတ် အာဟာရဓါတ်တွေပါဝင်တဲ့ဖြည့်စွက်အာဟာရတွေ မတိုက်ကျွေးထားတဲ့ကလေးတွေ သံဓါတ်အားဖြည့်မထားတဲ့ နို့မှုန့်သောက်သုံးရတဲ့ကလေးတွေ နွားနို့၊ ဆိတ်နို့ သို့မဟုတ် ပဲနို့ကို အားဖြည့်သောက်သုံးနေတဲ့ အသက် ၁နှစ်မှ ၅ […]


ကလေးအာဟာရချို့တဲ့ခြင်း

ကလေးကို ဗီတာမင် D မချို့တဲ့စေဖို့

ဗီတာမင် D က အရိုးနဲ့ကြွက်သားကျန်းမာရေးအတွက် အရေးကြီးတဲ့အပြင် ကယ်လ်စီယမ်နဲ့ဖော့စဖိတ်ဓါတ်တွေကို အစားအစာကနေ စုပ်ယူနိုင်ဖို့ ကူညီပေးပါတယ်။ ဗီတာမင် D ပါဝင်တဲ့ အစားအစာက နည်းနည်းလေးပဲရှိတာကြောင့် သူ့ကို အစားအသောက်ကနေ အလုံအလောက်ရရှိနိုင်ဖို့ မလွယ်ပါဘူး။ ဗီတာမင် D ဖြည့်စွက်ထားတဲ့ နို့မှုန့်တွေမှာပဲပါရှိတတ်ပြီး အများအားဖြင့်တော့နေရောင်ခြည်ကနေ ရရှိနိုင်ပါတယ်။ အရိုးနဲ့ကြွက်သားပြဿနာတွေဖြစ်နေပြီဆိုရင် ဗီတာမင် D ချို့တဲ့ခြင်းကြောင့်ဖြစ်နိုင်သလို အူကင်ဆာ၊ နှလုံးရောဂါ၊သွေးတိုး၊ ကိုယ်ခံအားပြဿနာနဲ့ ဆီးချိုသွေးချိုရောဂါ စတာတွေနဲ့လည်း ဆက်နွှယ်နေနိုင်ပါတယ်။ ဗီတာမင် D ချို့တဲ့တဲ့ လက္ခဏာေတွက ဘာလဲ ဗီတာမင် D ဓါတ်နည်းတဲ့သူတွေမှာ လက္ခဏာသိပ်မပြတတ်ပါဘူး။ ဒါပေမယ့် ကလေးတွေမှာဆိုရင်တော့ အရိုးနဲ့ကြွက်သားနာကျင်မှုတွေခံစားရတတ်ပါတယ်။ ဗီတာမင် D အရမ်းနည်းလွန်းရင် အရိုးတွေကိုပျော့ပျောင်းစေပြီး ကလေးတွေမှာ ခြေခွင်တာတွေဖြစ်စေနိုင်ပါတယ်။ ဗီတာမင် D နည်းရာကနေ ကယ်လ်စီယမ်ပါနည်းလာပြီး ကလေးတွေမှာ ကြွက်တက်တာ၊ […]


မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးအာဟာရ

ကလေးကြီးထွားဖွံ့ဖြိုးမှုအတွက် လိုအပ်တဲ့ ဗီတာမင်နဲ့သတ္တုဓာတ်များ

ကိုယ့်ရဲ့ ကလေးတွေ ကျန်းကျန်းမာမာနဲ့ ကြီးပြင်းလာဖို့၊ ဉာဏ်ရည်ထက်မြက်စေဖို့ နေ့စဉ် မရှိမဖြစ်လိုအပ်တဲ့ ဗီတာမင်နဲ့သတ္တုဓာတ်များ လုံလောက်စွာ ရရှိဖို့ မိဘတွေအနေနဲ့ သိထားသင့်ပါတယ်။ ကလေးတွေအတွက် တစ်နေ့တာ မျှတတဲ့ အစာအာဟာရကို ချက်ပြုတ်ကျွေးမွေးဖို့၊ ဖျားနာတဲ့အခါ ပြုစုစောင့်ရှောက်ဖို့၊ ကိုယ့်ရဲ့ ကလေးကျန်းမာရေးကို အမြဲသတိရှိနေဖို့ဆိုတာ မိဘတိုင်းရဲ့ တာဝန်ဝတ္တရားတစ်ခုပါပဲ။ တစ်နေ့တာအတွက် လိုအပ်တဲ့ ဗီတာမင်တွေကို ဘယ်ကနေ ရနိုင်မလဲ။ ဖြည့်စွက်အားဆေးတွေထက်စာရင် ကလေးတွေအတွက် နေ့စဉ် လိုအပ်တဲ့ အာဟာရ၊ ဗီတာမင်နဲ့ သတ္တုဓာတ်တွေကို သေချာ ချက်ပြုတ်ပြင်ဆင်ထားတဲ့ အစားအစာတွေကနေ ရနိုင်ပါတယ်။ ငယ်စဉ်ကတည်းက ကိုယ့်ရဲ့ ကလေး စားသောက်နေထိုင်မှုပုံစံ မှန်ကန်စေဖို့နဲ့ အာဟာရဓာတ်တွေ လုံလောက်စွာ ရရှိဖို့ မိဘတွေအနေနဲ့ အကျင့်လုပ်ထားပေးဖို့ လိုပါတယ်။ ကလေးကြီးထွားဖွံ့ဖြိုးမှုအတွက် လိုအပ်တဲ့ ဗီတာမင်နဲ့သတ္တုဓာတ်များ က ဘာတွေလဲ။ ကလေးတွေ၊ ဆယ်ကျော်သက်လူငယ်တွေရဲ့ ကိုယ်ခန္ဓာအတွက် အဓိက လိုအပ်တဲ့ […]


ကလေးအစာခြေစနစ်ပြဿနာများ

မသန့်တာတွေစားမိတဲ့ကလေး ဘာတွေဖြစ်လာနိုင်မလဲ

ကိုယ်နေ့တိုင်း စားသောက်နေတဲ့ အစားအသောက်တွေက ကျန်းမာရေးနဲ့ညီညွတ်ဖို့ အရေးကြီးတဲ့အပြင် ဓာတုပစ္စည်းတွေကနေ ကင်းဝေးဖို့လည်း လိုပါတယ်။ လူကြီးတွေ အတွက်တောင် အစားအသောက်သန့်ရှင်းဖို့က အရေးကြီးသေးတာ ကလေးတွေ အတွက်ဆို ပိုလို့တောင် အရေးကြီးပါသေးတယ်။ ကိုယ့်ရဲ့ ကလေးတွေ ကျန်းမာပျော်ရွှင်စွာ ကြီးပြင်းလာဖို့ဆိုတာ မိဘတိုင်းရဲ့ အိပ်မက်မဟုတ်လား။ ဒီလို ကြီးပြင်းလာဖို့ဆို နေ့တိုင်းစားတဲ့ အစားအသောက်က အဓိကနေရာကနေ ပါဝင်နေတာမို့ ကလေးတွေစားတဲ့ အစားအသောက်တွေ စိတ်ချလုံခြုံမှုရှိဖို့ အရေးကြီးပါတယ်။ ဘာကြောင့် အစားသောက်တွေ သန့်ရှင်းဖို့က အရေးကြီးရသလဲဆိုတာ မေမေတို့ သိချင်ကြမယ်လို့ ထင်ပါတယ်။ ။   အစားအသောက်တွေမသန့်ရင် ရောဂါတွေကူးစက်နိုင်ပါတယ်။ ဒါဟာ အစားအသောက်တွေ သန့်ရှင်းဖို့ လိုအပ်ရခြင်းရဲ့ အဓိက အကြောင်းအရင်းဖြစ်ပါတယ်။ ကိုယ်ကြိုက်လို့စားလိုက်တဲ့ အစားအစားတွေကနေ ရောဂါရတာမျိုး ဘယ်သူမှတော့ မဖြစ်ချင်ကြဘူးလေ။ အစာအဆိပ်သင့်တယ်ဆိုတာ သက်ကြီးရွယ်အိုတွေနဲ့ ကလေးတွေ […]


အခြားကလေးကျန်းမာရေးပြဿနာများ

ကလေးတွေမှာ သွေးတွင်းအဆီဓာတ်များတာ ဖြစ်နိုင်လား

သွေးတွင်းအဆီဓာတ်များတာ ဟာ ကလေးမှာလည်းဖြစ်နိုင်တယ်ဆိုတာ သင်သိပါသလား။ ဒီရောဂါမျိုးကို လူကြီးတွေဆီမှာ ဖြစ်တာပဲ ကြားဖူးကြတော့ ကလေးတွေလည်း ဖြစ်နိုင်တယ်ဆိုတာ သိပ်မသိကြပါဘူး။ သွေးတွင်းအဆီဓာတ် ( cholesterol) များတာဟာ ကလေးတွေမှာလည်း ဖြစ်နိုင်ပါတယ်။ ကလေးတွေမှာ ရှိသင့်တဲ့ သွေးတွင်းအဆီ ဓာတ် ကိုလက်စရောပမာဏက ဘယ်လောက်လဲ။  သွေးစစ်ပြီး သွေးတွင်းအဆီဓာတ်ကို ဓာတ်ခွဲစစ်ကြည့်ရင် အောက်မှာပြထားတဲ့ ပမာဏ အတွင်းထဲမှာသာ ရှိသင့်ပါတယ်။ ကလေးတစ်ယောက်မှာရှိသင့်တဲ့ အဆီဓာတ်ပမာဏတွေကတော့ အဆီဓာတ်အားလုံး ၄၀ mg/dL Triglycerides (blood fats) < ၁၃၀ mg/dL ( ကလေးအသက် ၁၀ နှစ်မှ ၁၉ […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း