ကလေးပြုစုစောင့်ရှောက်ခြင်း

သင့်ကလေးရဲ့ ဘဝတစ်သက်တာမှာ ကျန်းမာပျော်ရွှင်နေစေဖို့ အရွယ်အလိုက် ထိန်းကျောင်းနည်းတွေကို သိထားဖို့ လိုပါတယ်။ ဒီနေရာမှာ သင့်ကလေးလေး ပျော်ပျော်ရွှင်ရွှင်နဲ့ ကျန်းကျန်းမာမာ ကြီးပြင်းလာစေဖို့ လိုအပ်တဲ့ အချက်အလက်တွေ အကုန်လုံးကို ဖတ်ရှုနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ကလေးပြုစုစောင့်ရှောက်ခြင်း

ကလေးများနဲ့ အာဟာရ ချို့တဲ့ခြင်း

အာဟာရ မပြည့်ဝမှုကို ပုံစံ အမျိုးမျိုးနဲ့ တွေ့ရနိုင်ပါတယ်။ အာဟာရ မပြည့်ဝမှုဆိုတာ အာဟာရ မပြည့်မီတာ၊ တစ်မျိုးတည်းကို အလွန်အကျွံ စားသုံးမိပြီး အခြား အာဟာရဓာတ်တွေကို ပြည့်မီအောင် မဖြည့်တင်းမိတာ စသဖြင့် အမျိုးမျိုး ရှိနိုင်ပါတယ်။ အဝလွန်တာကလည်း အာဟာရမပြည့်ဝမှုတစ်ခုပါပဲ။ အာဟာရ ချို့တဲ့မှု ဆိုတာကတော့ လုံလောက်တဲ့ အာဟာရကို ပြည့်မီအောင် မရတာပါ။ ဒီလို အာဟာရ မပြည့်ဝတာက အာဟာရ ချို့တဲ့မှု ကို ဖြစ်စေပြီး ပြင်းထန်တဲ့ နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။ ကမ္ဘာ့တလွှားက အသက် ၅ နှစ်အောက် ကလေးငယ် 149 သန်းလောက်ဟာ အာဟာရချို့တဲ့မှုကို ခံစားနေကြရပါတယ်။ ဒီတစ်ခေါက်တော့ ကလေးများနဲ့ အာဟာရ ချို့တဲ့ခြင်း အကြောင်းလေး ပြောပြပေးချင်ပါတယ်။ အာဟာရ ချို့တဲ့ခြင်း အာဟာရ […]

ကလေးပြုစုစောင့်ရှောက်ခြင်း ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကလေးပြုစုစောင့်ရှောက်ခြင်း ကို ရှာဖွေမည်။

ကလေးငယ်ပြုစုစောင့်ရှောက်နည်း

လေဒီပိစိလေးတွေကို ခြေသည်းနီ မဆိုးပေးပါနဲ့

မေမေတွေ လက်သည်းနီဆိုးနေတဲ့အခါ၊ တီတီတွေ လက်သည်းနီဆိုးချင်တဲ့အခါ မီးမီးလည်း ဆိုးချင်တယ်ဆိုပြီး လာကပ်ချွဲတဲ့ လေဒီပိစိလေးကို လက်သည်းနီ ခြေသည်းနီတွေ ဆိုးပေးဖြစ်လား။ လေဒီပိစိလေးတွေရဲ့ ပြည့်ဖောင်းနေတဲ့ လက်လေးတွေ ခြေထောက်လေးတွေက လက်သည်းနီ၊ခြေသည်းနီတွေနဲ့ လိုက်တယ်ဆိုပေမယ့် မဆိုးပေးဖို့ ပြောပါရစေ။ မိဘ တော်တော်များများက ဘေဘီလေးတွေရဲ့ ခြေသည်းလက်သည်းလေးတွေမှာ လက်သည်းနီဆိုးပေးတာက ပျော်စရာကောင်းတဲ့ ကိစ္စတစ်ခုသာဖြစ်ပြီး အန္တရာယ်ရှိစေမယ်လို့ ထင်မထားကြပါဘူး။ အချို့ဆို ဘေဘီလေးနဲ့ လိုက်အောင်ဆိုပြီး အရောင်တောက်တောက်လေးတွေတောင် ဝယ်ပေးတတ်ပါသေးတယ်။ တကယ်ကတော့ လက်သည်းနီဆိုးတာက လေဒီပိစိလေးတွေအတွက် တော်တော်လေး အန္တရာယ်များတဲ့ ကိစ္စပါ။ ဘာကြောင့် ဒီလိုပြောရလဲဆိုတာကို ဒီဆောင်းပါးလေးထဲမှာ ဖတ်ကြည့်စေချင်ပါတယ်။ လေဒီပိစိကို လက်သည်းနီ မဆိုးပေးသင့်တဲ့ အကြောင်းအရင်း လက်သည်းနီက လူကြီးတွေမှာတောင် ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် နုနယ်သေးတဲ့ ကလေးငယ်လေးတွေမှာ ထိခိုက်မှုတွေ ဖြစ်လာနိုင်တယ်ဆိုတာ ပြောနေစရာတောင် မလိုအောင်ပါ။ လက်သည်းနီ […]


မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးရဲ့ ဖွံ့ဖြိုးမှု အဆင့်ဆင့်

ဒီထမင်း ကုန်အောင်မစားရင် ရိုက်မယ်ဆိုတဲ့ မေမေ နည်းလမ်းမှန်ရဲ့လား

ဟိုဟို ဒီဒီ မြည်းစမ်းစားဖူးလာတော့ အရသာတွေ သိနေပြီ ဆိုတဲ့ အရွယ်မှာ ကလေး ထမင်းကျွေးချိန်တွေဟာ မေမေ တို့အတွက် သိပ်ပင်ပန်းပါတယ်။ အဆော့မက်၊ သရေစာ မက်ပြီး ထမင်း ကောင်းကောင်း မစားချင်ကြတဲ့ အရွယ်ပေါ့။ အစားအသောက် တွေကို အခု ကြိုက်နေလည်း ခဏနေ မစားချင်တော့တာ၊ ချေးထူလာတာ၊ အစားသိပ်ရွေးတာ၊ နည်းနည်းစီပဲ စားတာ၊ အဆော့ပဲ မက်နေတာ စတဲ့ ပြဿနာတွေ ကြောင့် အမြဲ တိုင်ပတ်နေရမှာပါ။ မေမေ တို့ သတိထားရမှာ က - ထမင်းကျွေးချိန်မှာ တုတ် ကိုင်ပြီး ကလေး ကို မခြိမ်းခြောက်ဖို့ ၊ အစားအသောက် နဲ့ ပတ်သက်ပြီး ဆုပေးဒဏ်ပေး မလုပ်ဖို့ အရေးကြီးပါတယ်။ ကလေး ကို အာဟာရပြည့်စေချင်လို့၊ ကောင်းစေချင်လို့ လုပ်တာ […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

ဘေဘီလေးတွေ ခြေစွယ်ငုပ်တဲ့အခါ

ကလေးရဲ့ တစ်ကိုယ်ရေ သန့်ရှင်းရေးအတွက် ခြေသည်းလေးတွေကို ပုံမှန် ဂရုစိုက်ပေးဖို့ လိုပါမယ်။ ဘေဘီလေးတွေအရွယ်က ဘာဖြစ်နေတယ်ဆိုတာကို ပြောဖို့ နေနေသာသာ အမူအရာနဲ့တောင် ဖော်ပြနိုင်သေးတာ မဟုတ်တာကြောင့် မေမေဖေဖေတို့က သေချာလေး ဂရုစိုက်ပေးဖို့ လိုပါမယ်။ ဘေဘီလေးတွေက ခြေသည်းတွေ အရှည်မြန်ကြတာကြောင့် ခြေသည်းလေးတွေကို သေချာဂရုစိုက်ပေးတာက ဘေဘီလေးတွေကို နာကျင်တဲ့ ခြေစွယ်ငုပ်တဲ့ ပြဿနာကနေ ကာကွယ်ရော ရောက်ပါတယ်။ ဘေဘီလေးက ခြေစွယ်ငုပ်နေတာလား.......... ဘေဘီလေးတွေက လှုပ်ရှားမှု မရှိသေးပေမယ့် ခြေမခြေသည်းမှာ ခြေစွယ်ငုပ်တာကို ခံစားရနိုင်ပါတယ်။ ခြေစွယ်ငုပ်တယ်ဆိုတာ ခြေသည်းအစွန်းလေးတွေက အသားထဲကို နစ်ဝင်နေတာမျိုးပါ။ ဒီလိုအခြေအနေမျိုးမှာ ဘေဘီလေးရဲ့ ခြေမတစ်ဝိုက်က နီရဲနေမယ် ရောင်ရမ်းနေမယ် ပြည်လိုအရည်တွေထွက်နေမယ် ထိလိုက်တိုင်း ကလေးက ငိုမယ် ဆိုရင် ဘေဘီလေးက ခြေစွယ်ငုပ်နေတာပါ။ ဘာတွေကများ ဘေဘီလေးကို ခြေစွယ်ငုပ်စေတာလဲ............ ဘေဘီလေးတွေမှာ ခြေစွယ်ငုပ်စေတဲ့ အကြောင်းအရင်းက […]


ကလေးအာရုံကြောဆိုင်ရာရောဂါများ

Keto diet က အတက်ရောဂါကို သက်သာစေသလား

Keto diet ဆိုတဲ့ စကားလုံးကိုခုခေတ်လူတွေ သိပ်မစိမ်းတော့ပါဘူး။ ဝိတ်ချတဲ့နေရာမှာ နာမည်ကြီး နည်းလမ်းဖြစ်တဲ့အတွက် လူတိုင်းက သိနေကြပါပြီ။ ဒါပေမယ့် ဒီ Keto dietကို ဝိတ်ချတဲ့နေရာမှာတင် မဟုတ်ဘဲ အတက်ရောဂါကုသတဲ့နေရာမှာပါ သုံးလို့ရတယ်လို့ ပြောရင် ယုံပါ့မလား မသိ။ ဒါက တကယ်ပြောတာပါ။ ပြီးတော့ ဒီနည်းလမ်းကို လွန်ခဲ့တဲ့ နှစ်၁၀၀ ၁၉၂၀လောက်တည်းက သုံးတယ်ဆိုရင် ပိုတောင် အံ့သြမယ်နဲ့တူပါတယ်။ တကယ်လည်း သုံးခဲ့ပြီး သက်သာလာတာတဲ့ အထောက်အထားတွေလည်း ရှိပါတယ်။ Keto diet ဆိုတာ ဘာလဲ။ Keto dietဆိုတာ အလွယ်သိအောင်ပြောရရင် ကာဘိုဟိုက်ဒရိတ်ကိုဖြတ်ပြီး အဆီကို စားတာပေါ့။ အတိအကျပြောရမယ်ဆိုရင် အဆီများများ၊ ကာဘိုဟိုက်ဒရိတ်နည်းနည်း၊ ခန္ဓာကိုယ်ကြီးထွားဖို့ လိုအပ်တဲ့ ပရိုတိန်း စသဖြင့် စားပေးရတာပါ။ အချိုးအဆအရဆိုရင် အဆီ ၃၊ […]


ကလေးငယ်အာဟာရ

ဘေဘီလေးကို ဒူးရင်းသီး ကျွေးလို့ရလား...........

ကလေးက အစားစစား တတ်ပြီ။ ဒါဆို အသီးတွေလည်း ကျွေးလို့ရပြီပေါ့။ ဒါဆိုရင် တော်တော်များများ ကြိုက်ကြတဲ့ ဒူးရင်းသီး ရော ကလေးကို ကျွေးလို့ပြီလား၊ လို့ မေးစရာ ရှိနိုင်ပါတယ်။ ဒီအဖြေကို ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်စေချင်ပါတယ်။ ဘေဘီလေးကို ဒူးရင်းသီး ကျွေးလို့ရလား........... ဘေဘီလေးကို ဒူးရင်းသီး ကျွေးလို့ရလား........... ဆိုတော့ ကျွေးလို့ရပါတယ်။ အရမ်း အများကြီးတော့ ကျွေးလို့ မရပါဘူး။ ဒီလီုပြောရတာက ဒူးရင်းသီးက အာဟာရပါဝင်မှုများသလို သကြားဓာတ် ပါဝင်မှုကလည်း တော်တော်လေး မြင့်ပါတယ်။ ဒူးရင်းသီးမှာ ပရိုတင်း၊ ဗီတာမင်တွေ၊ ကယ်လ်ဆီယမ်၊ ပိုတက်ဆီယမ်၊ phosphorus နဲ့ သံဓာတ်တို့ ပါဝင် နေပါတယ်။ ဒူးရင်းသီးက ပုံမှန်အားဖြင့်တော့ အာဟာရ ကြွယ်ဝပြီး ကျန်းမာရေးကို အထောက်အကူပြုပေးတဲ့ အသီးတစ်မျိုးပါ။ ကလေးကို ဒူးရင်းသီး အများကြီး […]


မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးအာဟာရ

ကိုယ့်ကလေးညှက်ရတာ ဘာကြောင့်များလဲ။

ကလေးတွေ ကြီးထွားဖွံ့ဖြိုးမှု ရှိသင့်သလောက် မရှိတာက မကြာသေးခင် နှစ်ကာလတွေအတွင်း တော်တော်လေး အဖြစ်များ လာပါတယ်။ ကလေးတွေ အဝလွန်တာ၊ အာဟာရချို့တဲ့မှု ပြဿနာတွေ မြင့်တက်လာမှုနဲ့အတူ ကလေး​ညှက်တဲ့ကိစ္စကလည်း အတွေ့ရများပါတယ်။ ကလေးညှက်တာက မိဘတွေအတွက် စိုးရိမ်စရာကောင်းသလို ကလေးတွေကိုယ်တိုင်အတွက်က ပိုလို့တောင် စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုဖြစ်နိုင်ပါသေးတယ်။ ဒါကြောင့် ကိုယ့်ချစ်ရတဲ့ သားသားမီးမီးတို့ကို ညှက်တာမျိုး မဖြစ်စေဖို့ ဖေဖေမေမေတို့ အနေနဲ့ ဘာတွေသတိထားကြရမလဲဆိုတာကို ဒီဆောင်းပါးက ပြောပြပေးသွားမှာပါ။ ကိုယ့်ကလေးညှက်ရတာ ဘာကြောင့်များလဲ။ အတူတူ ဆက်ကြည့်လိုက်ရအောင်လား။ ကလေးညှက်တယ် ဆိုတာ ဘယ်လိုမျိုးလဲ။ ကလေးညှက်တယ် ဆိုတာက ကလေးတစ်ယောက်မှာ အသက်အရွယ်အရ ရှိသင့်တဲ့ အရပ်အမြင့် နဲ့ ကိုယ်အလေးချိန် ရှိမနေတာမျိုးပါ။ ရွယ်တူတွေထဲမှာ ပုနေတာ၊ သေးနေတာမျိုးပေါ့။ နောက်တစ်ခုက ကလေးက အသက်အရွယ်အရ လုပ်သင့်တဲ့ လှုပ်ရှားမှုတွေကို […]


မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးအာဟာရ

ကလေးကြီးတဲ့အထိ နို့မှုန့်ဆက်တိုက်သင့်တဲ့ အကြောင်းအရင်း

မိဘတွေအတွက်တော့ ကလေးမွေးတဲ့အချိန်က စပြီး ကြီးပြင်းလာတဲ့အထိ အစာအာဟာရ စုံလင်အောင် ကျွေးနိုင်ဖို့ဆိုတာ ကြီးမားတဲ့ စိန်ခေါ်မှုတစ်ရပ်ပါပဲ။ ကလေးအရွယ်ဆိုတာလည်း ကြီးထွားဖွံ့ဖြိုးမှု အကောင်းဆုံးအရွယ် ဖြစ်နေတာဆိုတော့ အစာအာဟာရနဲ့ ပတ်သက်ပြီး လုံးဝပေါ့ဆလို့ မဖြစ်ပါဘူး။ ကလေး မွေးကင်းစအရွယ်မှ အသက် ၆ လထိတော့ မိခင်နို့တစ်မျိုးတည်း တိုက်သင့်တယ်ဆိုတာတော့ မေမေတိုင်း သိထားပြီး ဖြစ်မှာပါ။ မိခင်နို့မှာ ကိုယ့် ကလေးရဲ့ ကြီးထွားဖွံ့ဖြိုးမှုနဲ့ ဦးနှောက်ဉာဏ်ရည်အတွက် အကျိုးဖြစ်စေမယ့် ဗီတာမင်နဲ့ အာဟာရဓာတ်တွေ၊ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါတွေ၊ ဝမ်းချုပ်တာ၊ ဖျားနာတာတွေ မဖြစ်စေဖို့ ကာကွယ်ပေးမယ့် anti-bodies တွေ အများအပြား ပါဝင်ပါတယ်။ ဒါကြောင့် ကိုယ့်ကလေး အသက် ၆ လ ပြည့်တဲ့အထိ မိခင်နို့ကိုသာ မဖြစ်မနေ တိုက်သင့်တယ်နော်။ အသက် ၆လ နောက်ပိုင်းမှာ […]


မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးအာဟာရ

DHA အကြောင်း သိလိုသမျှ အဖြာဖြာ

DHA ဆိုတဲ့စကားလုံးက မေမေတို့နဲ့ ရင်းနှီးပြီးဖြစ်မှာပါ။ အတိုချုပ်ပြောရရင်တော့ DHA ဆိုတာက ဦးနှောက် နဲ့ အမြင်အာရုံဖွံ့ဖြိုးမှုကို ကူညီပေးတဲ့အတွက် ကလေးတွေရဲ့ မှတ်ဉာဏ်နဲ့ အမြင်အာရုံအတွက် မရှိမဖြစ် အခန်းကဏ္ဍကနေ ပါဝင်နေပါတယ်။ DHA က အသက်အရွယ်တိုင်းအတွက် အရေးပါပေမယ့် အထူးသဖြင့်တော့ ကြီးထွားဖွံ့ဖြိုးဖို့ အရှိန်ယူနေတဲ့ သားသားမီးမီးတို့အတွက် တကယ့်ကို မရှိမဖြစ် အာဟာရဓာတ် တစ်မျိုးပါ။ ကလေးတွေက မွေးစကနေ ၅ နှစ်တာအတွင်းမှာ ရှိသင့်တဲ့ ဦးနှောက်ပမာဏရဲ့ ၈၀ ရာခိုင်နှုန်းအထိ ဖွံ့ဖြိုးတာပါ။ ကလေးကို ဉာဏ်ရည် ထက်မြက်စေချင်တယ်ဆိုရင် ပထမ ၅ နှစ်တာကာလမှာ ဦးနှောက်ကို မြန်မြန်ဆန်ဆန်နဲ့ အကောင်းဆုံး ဖွံ့ဖြိုးစေဖို့ နေ့စဉ် စားသုံးမှုမှာ DHA ကို ထည့်သွင်းသင့်ပါတယ်။ DHA ဆိုတာ ဘာလဲ။ DHA ကို […]


မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးရဲ့ ဖွံ့ဖြိုးမှု အဆင့်ဆင့်

သင့်ကလေးတွေ သင့်ကို လိမ် နေရင် ဘယ်လိုဖြေရှင်းမလဲ။

ကလေးတွေဆိုတာလည်း အရွယ်လေး နည်းနည်းရောက်ရင်ကို လိမ်တတ်တဲ့ သဘာဝရှိပါတယ်။ လေ့လာချက်တွေအရ ကလေးတွေက ၃နှစ်အရွယ်တည်းက စလိမ်တတ်ပါတယ်တဲ့။ သင်က သူ့စိတ်ထဲမှာ ဘာတွေးနေလဲမသိဘူး။ သူမပြောရင် သင်မသိနိုင်ဘူးလို့ ယူဆပြီး လိမ်တာပါတဲ့။ ၄နှစ်ကနေ ၆နှစ်လောက်ဆိုရင် မျက်နှာထား ပီပီပြင်ပြင်နဲ့ လေသံမှန်မှန် လိမ်နိုင်နေပါပြီတဲ့။ ရှင်းပြခိုင်းရင်တောင် မင်သေသေနဲ့ ရှင်းနိုင်ပါတယ်တဲ့။ ဒီနောက်ပိုင်းကစပြီး အခါအခွင့်သင့်သလို လိမ်တတ်ကြတာပေါ့။ ဆယ်ကျော်သက်အရွယ်လောက် ဖြစ်လာရင် သူများထိခိုက်မှာစိုးလို့ လိမ်တဲ့ white liesတွေကိုတောင် သုံးတတ်နေပါပြီ။ ဘာပဲဖြစ်ဖြစ် လိမ်တာက လိမ်ရင်း လိမ်ရင်းကနေ အကျင့်ဖြစ်သွားတတ်ပါတယ်။ ခုနေမပြင်ပေးရင် ထမင်းစားရေသောက် အကျင့်ဖြစ်သွားပြီး လူဆိုးလေးတွေ ဖြစ်လာပါလိမ့်မယ်။ သူပြောတာမှ ကိုယ်မယုံရရင် တခြားဘာကိုအားကိုးရမလဲ။ ဒါကြောင့် ခုအရွယ်ထဲက စပြီးပြင်ပေးကြရအောင်။ လိမ် တတ်တဲ့ ကလေးတွေအတွက် ပြုပြင်နည်း အိမ်မှာ စည်းကမ်းထုတ်ထားပါ။ အိမ်တွင်းစည်းကမ်းအနေနဲ့ […]


မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးရဲ့ ကြီးထွားဖွံ့ဖြိုးမှု

ကျန်းမာထက်မြက်တဲ့ ကလေးတစ်ယောက်ဖြစ်အောင် ပျိုးထောင်ကြမယ်

ပြိုင်ဆိုင်မှုတွေများလာတဲ့ ခေတ်ကာလ အခြေအနေအရ မိဘတိုင်းဟာ သူတို့ရဲ့ ကလေး ဉာဏ်ရည် ထက်မြက်မှု မရှိမှာ၊ ကောင်းမွန်စွာ ကြီးထွားဖွံ့ဖြိုး မလာမှာ၊ မကျန်းမာမှာကို စိုးရိမ်တတ်ကြပါတယ်။ ကလေးတွေကောင်းမွန်စွာကြီးပြင်းလာဖို့အတွက် မိဘတွေရဲ့ ဂရုစိုက်မှုတွေ အများကြီးလိုအပ်ပါတယ်။  အခုတစ်ခေါက်တော့ မေမေတိုင်းအတွက် လက်တွေ့အသုံးတည့်စေမယ့် ကျန်းမာထက်မြက်တဲ့ ကလေးတစ်ယောက်ဖြစ်အောင် ပျိုးထောင်နည်းတွေကို ပြောပြပေးသွားပါမယ်။ မိဘကစတင်ပါ ကိုယ့်ရဲ့ ကလေးကို ကျန်းမာထက်မြက်တဲ့ ကလေးတစ်ယောက်အဖြစ် ပျိုးထောင်တော့မယ်ဆိုရင် အရင်ဆုံး ကိုယ့်ကိုယ်ကိုယ် ပြုပြင်ရပါမယ်။ ဒါကတော့ ကလေးကို ဆူပူနေတာမျိုး မလုပ်ပါနဲ့။ ကလေးကို ရွယ်တူအခြားကလေးတွေနဲ့ နှိုင်းယှဉ်တတ်တဲ့ အကျင့်ကို လုံးဝဖျောက်ပါ။ (ကလေးကို အခြားကလေးနဲ့ နှိုင်းပြီး ဆူတာမျိုးပါ) စိတ်ရှည်ရှည်ထားဖို့ မမေ့ပါနဲ့။ (စိတ်ရှည်တဲ့ မိဘအသိုင်းအဝိုင်းကြားမှာ ကြီးပြင်းတဲ့ ကလေးတွေက ဉာဏ်ရည်ပို ထက်မြက်ကြလို့ပါ) ကလေးရဲ့ စူးစမ်းလိုစိတ်ကို […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း