ကလေးပြုစုစောင့်ရှောက်ခြင်း

သင့်ကလေးရဲ့ ဘဝတစ်သက်တာမှာ ကျန်းမာပျော်ရွှင်နေစေဖို့ အရွယ်အလိုက် ထိန်းကျောင်းနည်းတွေကို သိထားဖို့ လိုပါတယ်။ ဒီနေရာမှာ သင့်ကလေးလေး ပျော်ပျော်ရွှင်ရွှင်နဲ့ ကျန်းကျန်းမာမာ ကြီးပြင်းလာစေဖို့ လိုအပ်တဲ့ အချက်အလက်တွေ အကုန်လုံးကို ဖတ်ရှုနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ကလေးပြုစုစောင့်ရှောက်ခြင်း

ကလေးများနဲ့ အာဟာရ ချို့တဲ့ခြင်း

အာဟာရ မပြည့်ဝမှုကို ပုံစံ အမျိုးမျိုးနဲ့ တွေ့ရနိုင်ပါတယ်။ အာဟာရ မပြည့်ဝမှုဆိုတာ အာဟာရ မပြည့်မီတာ၊ တစ်မျိုးတည်းကို အလွန်အကျွံ စားသုံးမိပြီး အခြား အာဟာရဓာတ်တွေကို ပြည့်မီအောင် မဖြည့်တင်းမိတာ စသဖြင့် အမျိုးမျိုး ရှိနိုင်ပါတယ်။ အဝလွန်တာကလည်း အာဟာရမပြည့်ဝမှုတစ်ခုပါပဲ။ အာဟာရ ချို့တဲ့မှု ဆိုတာကတော့ လုံလောက်တဲ့ အာဟာရကို ပြည့်မီအောင် မရတာပါ။ ဒီလို အာဟာရ မပြည့်ဝတာက အာဟာရ ချို့တဲ့မှု ကို ဖြစ်စေပြီး ပြင်းထန်တဲ့ နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။ ကမ္ဘာ့တလွှားက အသက် ၅ နှစ်အောက် ကလေးငယ် 149 သန်းလောက်ဟာ အာဟာရချို့တဲ့မှုကို ခံစားနေကြရပါတယ်။ ဒီတစ်ခေါက်တော့ ကလေးများနဲ့ အာဟာရ ချို့တဲ့ခြင်း အကြောင်းလေး ပြောပြပေးချင်ပါတယ်။ အာဟာရ ချို့တဲ့ခြင်း အာဟာရ […]

ကလေးပြုစုစောင့်ရှောက်ခြင်း ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကလေးပြုစုစောင့်ရှောက်ခြင်း ကို ရှာဖွေမည်။

ကလေးငယ်ပြုစုစောင့်ရှောက်နည်း

ကလေးကို လေ ဘယ်လိုထုတ်ပေးမလဲ

ကလေးရဲ့ဗိုက်ထဲမှာရှိတဲ့ ဓာတ်ငွေ့တွေ(လေတွေ)က ကလေးကို မသက်မသာဖြစ်စေပြီး နာကျင်မှုကိုခံစားရစေတာပါ။ ဒါကြောင့် သင့်ကလေးကို လေမကြာခဏထုတ်ပေးခြင်းက ဂတ်စ် တွေကိုထွက်သွားစေနိုင်ပြီး ကလေးကိုပိုပြီး နေလို့ကောင်းစေကာ ဗိုက်နာလို့ငိုခြင်းမှလည်း ကာကွယ်ပေးနိုင်ပါတယ်။ အောက်ပါဆောင်းပါးမှာ ကလေးကို ဘယ်လိုမျိုးမှန်ကန်စွာ လေထုတ်ပေးရမလဲဆိုတာကိုဖော်ပြထားပါတယ်။ ဒါမှသာ ကလေးက လေထိုးလို့နာကျင်တာမျိုး မဖြစ်တော့မှာ မဟုတ်လား။   ကလေးရဲ့ဗိုက်ထဲက လေ(ဂတ်စ်) တွေကို ဘာတွေကဖြစ်စေတာလဲ။ လေကို မျိုချမိခြင်း ။ ကလေးငယ်တွေကို မိခင်နို့တိုက်ကျွေးချိန်နဲ့ နို့ဘူးတိုက်ချိန်တွေမှာ သူတို့ဟာ လေကိုမမျိုချမိဖို့ ရှောင်ရှားနိုင်စွမ်းက မဖွံ့ဖြိုးသေးပါဘူး။ ဒါကြောင့် သောက်လိုက်တဲ့နို့တွေနဲ့အတူ လေတွေက အစာအိမ်ထဲပါသွားပါတော့တယ်။ အစာခြေခြင်း။ အူမကြီးထဲမှာ ဘက်တီးရီးယားတွေနဲ့အစာခြေတဲ့ စနစ်နဲ့ လုပ်ငန်းစဉ်တွေဟာ ကလေးငယ်ရဲ့ဗိုက်ထဲက လေ (ဂတ်စ်) တွေကို သဘာဝအတိုင်းဖြစ်ပေါ်စေနိုင်ပါတယ်။ ဓာတ်မတည့်ခြင်း သို့မဟုတ် အစာဒဏ်မခံနိုင်ခြင်း။ တကယ်လို့ ကလေးငယ်ကို […]


ကလေးအရေပြားပြဿနာများ

ကလေးဦးရေပြား အဆီထွက်များ၊အရေခွံကွာသော ပြဿနာ (cradle cap)ကို ဘယ်လိုရင်ဆိုင်ကြမလဲ

ကလေးငယ်တွေရဲ့ဘဝအစပိုင်း လအနည်းငယ်မှာ cradle cap (ဦးရေပြား အဆီထွက်များ၊ အရေခွံကွာ သော ပြဿနာ) တွေဖြစ်ပေါ်ဖို့အလားအလာများပါတယ်။ cradle cap ဟာချစ်စရာကောင်းတဲ့အရာမဟုတ်ပေမယ့် အန္တရာယ်တော့မပေးပါဘူး။ ဒါပေမယ့် cradle cap ကိုမကုသဘဲထားရင် သင့်ကလေးကို အနာတွေဖြစ်စေနိုင်ပါတယ်။ အောက်ပါဆောင်းပါးက cradle cap ဆိုတာဘာလဲဆိုတာနဲ့ ဘယ်လိုရင်ဆိုင်ရမလဲဆိုတာကိုဖော်ပြထားပါတယ်။   ကျွန်မကလေးခေါင်းမှာ ဗောက်တွေဖြစ်နေပါတယ်။ ဒါဟာcradle cap ဟုတ်မဟုတ် ဘယ်လိုသိနိုင်မလဲ Cradle cap ရဲ့အတွေ့ရအများဆုံးရောဂါလက္ခဏာတွေကတော့ ထူပြီးအဆီတွေဖြစ်နေတဲ့ အညိုရောင် သို့မဟုတ် အဝါရောင်အရေခွံတွေ ဒါမှမဟုတ် မာကျောနေတဲ့အကွက်တွေ ကလေးရဲ့ဦးရေပြားမှာပေါ်နေတာပါပဲ။ ဒါ့အပြင် သင့်ကလေးမှာ ဗောက်လို ခြောက်သွေ့တဲ့အရေပြားအဖတ်အသေးလေးတွေဖြစ်နေတယ် ဆိုရင် cradle cap ဖြစ်ဖို့အလားအလာရှိပါတယ်။ ဒါကို infantile seborrheic dermatitis (မွေးကင်းစ ကလေး အဆီထွက်များသော အရေပြားပြဿနာ) […]


ကလေးအရေပြားပြဿနာများ

ကလေး သေးခံလောင်ခြင်းပြဿနာကို ဘယ်လိုဖြေရှင်းမလဲ။

ကလေးငယ်များသည် အကြောင်းအမျိုးမျိုးကြောင့် သေးခံလောင်ခြင်းဖြစ်ပွားတတ်ပါသည်။ ဘယ်အရာများသည်အနှီးပူလောင်ခြင်းကို ဖြစ်ပွား စေနိုင်သလဲ။ စိုစွတ်ခြင်း ဘယ်လောက်ပဲ စုပ်ယူမှုအားကောင်းသည်ဟု ကြော်ငြာထားသော ကလေးသေးခံ (Diaper) ဖြစ်စေကာမူ စိုထိုင်းမှုအနည်းငယ်တော့ရှိပြီး သင့်ကလေး အရေပြားနှင့်ထိတွေ့နေရမည်ဖြစ်သည်။ ထို့အပြင် သင့်ကလေး၏ ဆီးနှင့်ဝမ်းမျာ း ရောသွားသောအခါ ဘက်တီးရီးယားပိုးများပေါက်ပွားရန် ပတ်ဝန်းကျင်တစ်ခုကို ဖန်တီးပေးလိမ့်မည်။ ရလဒ်အနေဖြင့် ဝမ်းပျက်ဝမ်းလျှောဖြစ်နေသောကလေးများသည် သေးခံလောင်ခြင်းဝေဒနာကို ပိုမိုခံစားရ လေ့ ရှိသည်။ တစ်ဖက်တွင်မူ သေးစိုခံဒိုင်ပါ ပုံမှန်လဲပေးနေလျှင်တောင်မှ သေးခံလောင်ခြင်း မဖြစ်ဘူးဟု အာမမခံနိုင်ပါဘူး။ အဘယ်ကြောင့်ဆိုသော် ထိခိုက်လွယ်သောအရေပြားသည် သေးခံလောင်ခြင်းကို ပိုမိုဖြစ်ပွားစေနိုင်သည်။ ဓါတုပစ္စည်းများထိတွေ့မှု သေးခံလောင်ခြင်း၏ အကြောင်းအရင်းတစ်ရပ်သည် သေးစိုခံဒိုင်ပါနှင့် ကလေး၏အရေပြားများ ပွတ်တိုက်မိခြင်းကြောင့်ဖြစ်သည်။ အထူးသဖြင့် သေးစိုခံဒိုင်ပါတွင် ပါဝင်သောအမွှေးရနံ့များ သို့မဟုတ် အနှီးလျှော်ရာတွင်သုံးသော ဆပ်ပြာများ စသောဓါတုပစ္စည်းများနှင့် ထိတွေ့ရခြင်းကြောင့်ဖြစ်သည်။ သေးခံလောင်ခြင်းသည် ကလေးငယ်ကိုသုံးပေးသော ကလေးလိုးရှင်း သို့မဟုတ် […]


အခြားကလေးကျန်းမာရေးပြဿနာများ

စကားနားမထောင်သော ကလေးများကို မည်သို့ကိုင်တွယ်မည်နည်း

(ဒီကလေး ငါပြောသမျှစကားကိုနားမထောင်တာဘယ်တော့ရပ်မလဲ၊ငါပြောတဲ့အတိုင်းဘယ်တော့မှ လုပ်မလဲ) သင်ဒီလိုမျိုး စဉ်းစားဖူးပါသလား။ ဤအရာသည် အလွန်စိတ်ပျက်စရာလည်း ကောင်းကာ ပင်ပန်းပါသည်။ သင့်ကလေးသည် သင်ပြောသမျှအရာတိုင်းကို ဆန့်ကျင်မည်၊ ဒေါသထွက်မည်၊ စိတ်ပျက်စရာ ကောင်းလောက်အောင်ပြုမူနေမည်ဆိုလျှင် ဤကဲ့သို့ကလေးများကို ကိုင်တွယ်ရသည်မှာ အလွန်စိတ်ပျက်စရာကောင်းပြီး ခြေကုန်လက်ပမ်း ကျနိုင်ဖွယ်ရှိပါသည်။ မိဘများသည် မကြာခဏဆိုသလို ထိုအခြေအနေကို ကိုင်တွယ်ဖြေရှင်းဖို့ကူကယ်ရာမဲ့သလို ခံစားတတ်ကြပါသည်။ ထိုကဲ့သို့ခေါင်းမာသောကလေးများကို အနာဂါတ်နှင့်ပက်သက်ပြီး စိတ်ပူတတ်ကြပါသည်။ ကံကောင်းသည်ကတော့ ကလေးများတွင် ထိုကဲ့သို့စကားနားမထောင်တာကို ဖြေရှင်းဖို့က် သင်ထင်ထားသည်ထက်ပိုမိုလွယ်ကူသောနည်းလမ်းများရှိပါသည်။ သင်သိလိုပါသလား။ အောက်ဖော်ပြပါ အချက်များကို ဆက်လက်ဖတ်ရှုကြည့်ပါ။   ကျောင်းမတက်မီကလေးများသည်အဘယ်ကြောင့် မိဘများ ကိုဆန့်ကျင်ကြသနည်း။ ကလေးများသည် သူငယ်ချင်းများ အိမ်မှပြန်ဖို့ငြင်းဆန်မည်၊သင်ပြောသမျှကိုအရုပ်များနှင့် ပစ်ပေါက်ပြီးငြင်းဆန်မည်၊သင်ဘယ်လောက် သတိပေးပေး လှေကားတွင် ကားများတွန်းပြီးဆော့နေမည်၊ ဘာကြောင့်ကလေးသည် ထိုကဲ့သို့ခေါင်းမာပြီးမိဘစကားနားမထောင်ရသလဲ။ မူကြိုအရွယ်ကလေးများသည် လမ်းလျှောက်တတ်ကာစ အရွယ်ကထက်စာလျှင် သင့်ကို မှီခိုမှုကင်းမဲ့သွားပြီဖြစ်ပါသည်။ ယခုဆိုလျှင်သူတို့သည်ပိုမိုသန်မာကြံ့ခိုင်လာပြီဖြစ် ပါသည်။ ပုန်ကန်တတ်သောအလေ့အကျင့်အနည်းငယ် […]


အခြားကလေးကျန်းမာရေးပြဿနာများ

သင့်ကလေးကို ကျန်းမာရေးစောင့်ရှောက်မှုပေးမည့် သူတစ်ယောက် ဘယ်လိုရှာဖွေမလဲ

အိမ်ကိုမွေးကင်းစကလေးတစ်ယောက် ရောက်လာပြီဆိုတာနဲ့ သင်ဘာကိုအရင်ဆုံးတွေးမိမလဲ။ ကလေးအတွက်လိုအပ်တာတွေ မဝယ်ခင် နာမည်ပေးတာတွေမလုပ်ခင် အရေးကြီးဆုံးက ကလေးရဲ့ကျန်းမာရေးကို အနီးကပ်စောင့်ရှောက်ပေးဖို့သူတစ်ယောက် ရဖို့ပါ။ ဒါမှသာသင့်ကလေးရဲ့အရေးကြီးဆုံး အချိန်ကာလမှာလုံခြုံမှုနဲ့ ကျန်းမာမှုရစေမှာဖြစ်ပါတယ်။ ဒါဟာအရေးကြီးတဲ့ ဆုံးဖြတ်ချက်ဖြစ်တဲ့အတွက် ကလေးနဲ့သင့်လျော်တဲ့ စောင့်ရှောက်မှုရစေဖို့အောက်ပါစာပိုဒ်လေးတွေကို သေချာဖတ်ရှုစေချင်ပါတယ်။   ကလေးကျန်းမာရေး စောင့်ရှောက်သူတစ်ယောက် ရှာဖို့ သင့်တော်တဲ့အချိန် ကလေးမီးမဖွားခင်ကာလတည်းက မိဘတိုင်းက စောင့်ရှောက်သူတစ်ယောက်ရှိသင့်ပါတယ်။ ဒါကြောင့် ဖြစ်နိုင်သမျှမြန်မြန်ရှာဖို့ ပဲတိုက်တွန်းချင်ပါတယ်။ ဒီလိုမှ ကိုယ့်အတွက် ဆုံးဖြတ်ချက်ချစရာ အချိန်များများ ရနေမှာဖြစ်တယ် သင့်တော်တဲ့အချိန်ကတော့ မွေးမယ့်ရက်မတိုင်ခင် ၃လခန့်ဖြစ်ပါတယ်။ ဒါပေမယ့်မြို့ကြီးပြကြီးမှာ နေသူတွေအတွက်ကတော့ ၆လအလိုတည်းက ကြိုရှာထားသင့်တယ်။-ဒါပေမယ့် အဲဒီလိုလူတွေနဲ့မဆက်သွယ်ခင်မှာ သင်ဘယ်လို စောင့်ရှောက်သူမျိုးကိုလိုချင်တယ် ဘယ်လိုကျန်းမာရေးအခြေအနေမျိုးက သင့်ကလေးနဲ့သင့်တော်တယ်ဆိုတာ ကြိုစဉ်းစားသင့်ပါတယ်။   ကလေးကျန်းမာရေးစောင့်ရှောက်ပေးသူ အမျိုးအစားများ ဝန်ဆောင်မှုပေးသူ (၃)မျိုးရှိပါတယ်။ ၁။ ကလေးအထူးကုဆရာဝန် ဆရာဝန်တွေဟာ မွေးကင်းစလေးတွေနဲ့ ကလေးငယ်တွေအတွက် စောင့်ရှောက်မှုပေးရာမှာထူးချွန်ပြီးသားသူ တွေဖြစ်ပါတယ်။ သူတို့အဓိက လုပ်မယ့်အရာတွေက ကလေးအတွက် […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

အိပ်နေသောသင်၏ ကလေးကို လုံခြုံစိတ်ချရအောင် ဘယ်လိုသိပ်မလဲ။

ကလေးများအိပ်နေစဉ်အတွင်း ရုတ်တရက်မမျှော်လင့်ဘဲ သေဆုံးခြင်းများပြားလာသည်နှင့်အမျှ ကလေးအိပ်စက်ခြင်းသည် မိဘများအတွက် စိတ်ပူစရာတစ်ခု ဖြစ်လာခဲ့သည်။ တရားခံမှာ SIDS ဟုခေါ်သော တစ်နှစ်အောက်ကလေး ရုတ်တရက် သေဆုံးခြင်းဟု ခေါ်သည်။ အချို့ကိစ္စရပ်များတွင် သေဆုံးခြင်း၏ အကြောင်းအရင်းများမှာ အသက်ရှူကြပ်ခြင်း၊ လည်ပင်းအစ်ခြင်းများကြောင့် ဖြစ်နိုင်သည်။ ၁။ မွေးကာစ ကလေးငယ်များအားလုံးကို ပက်လက်အိပ်နိုင်စေရန် နေရာချပေးသင့်သည်။ ခဏအိပ်သည်ဖြစ်စေ၊ တစ်ညလုံးအိပ်သည်ဖြစ်စေ သင့်ကလေးငယ်များကို ပက်လက်လှန်လျက်သာ အိပ်ခိုင်းစေသင့်သည်။ သုတေသနပြုသူများ၏ လေ့လာချက်များအရ ပက်လက်လှန်အိပ်သော ကလေးများသည် အိပ်နေစဥ ်သေဆုံးနိုင်ခြေ သိသိသာသာလျော့ကျကြောင်း သိရသည်။ ဘေးစောင်းအိပ်သော ကလေးများသည် အစာအိမ် အလွယ်တကူခေါက်ကာ လေဝင်လမ်းကြောင်းကို ပိတ်စို့နိုင်သည်။ သို့သော်လည်း အကယ်၍ သင့်ကလေးသည် အိပ်နေစဉ် အနေအထားအမျိုးမျိုးကို သူဘာသာသူ သက်တောင့်သက်သာ ပြောင်းလဲနိုင်လျှင် ကလေးကို ပက်လက်လှန်အိပ်ဖို့ တောက်လျှောက် ပြန်ပြောင်းပေးစရာမလိုပါ။   ၂။ မျက်နှာပြင်တင်းရင်းသော […]


မိခင်နို့တိုက်ကျွေးခြင်း

သင့်ကလေးအတွက် နို့ဘူး ဘယ်လိုဖျော်မလဲ။

အသက် ပထမခြောက်လတွင် မိခင်နို့သည် သင့်ကလေးလိုအပ်သော တစ်ခုတည်းသောအစားအစာဖြစ်သည်။ သို့သော် မိခင်များတွင်ကလေးကိုနို့မတိုက်နိုင်သော အကြောင်းအရင်းများစွာရှိနေနိင်သည်။ သို့ဖြစ်၍ ကလေးကို ဖျားနာခြင်းမရှိစေရန် ကလေးများအတွက် ပြုလုပ်ထားသောနို့ဘူးတိုက်နိုင်သည်။ သင်သည်သင့်ကလေးအတွက် မှန်ကန်သောနို့ဘူး ဘယ်လိုဖျော်ရမလဲဆိုသည်ကိုသိပါသလား။ အောက်တွင် အကြံဉာဏ်ပေးထားပါသည်။ နို့ဘူးဆိုသည်မှာအဘယ်နည်း။ နို့မှုန့်နို့ဘူးအများစုသည် နွားနို့မှပြုလုပ်ခြင်းဖြစ်သည်။ သို့သော် မိခင်နို့နှင့်ပိုတူစေရန် အသားဓါတ်ပရိုတင်း၊အဆီနှင့်ကာဗိုဟိုက်ဒရိတ်ပမာဏများကို ပြောင်းလဲပေးထားသည်။ ထို့အပြင် သံဓါတ်ကဲ့သို့သတ္တုဓါတ်များနှင့်ဗီတာမင်များလည်းပေါင်းထည့်ပေးထားပါသည်။ အားလုံးသောပြောင်းလဲမှုများကို ဖော်မြူလာနဲ့သေချာတွက်ချက်ပြီး ကလေးများအတွက် ညီညွတ်မျှတသော အာဟာရပေးစွမ်းနိုင်အောင်ပြုလုပ်ထားပါသည်။ မိခင်များစွာသည် ဆေးခန်းများ၊ဆေးရုံများတွင် အသုံးပြုသော နို့မှုန့်ဘူးများသည် ကလေးငယ်များအတွက် အကောင်းဆုံး ဟု ထင်နေကြပါသည်။ ဆေးရုံမှာသုံးသော နို့မှုန့်ဘူးတံဆိပ်သည် အကောင်းဆုံးဟု မညွှန်းဆိုနိုင်ပါ။ အဘယ်ကြောင့်ဆိုသော် ဆေးရုံများသည် ရှိရှိသမျှသောနို့မှုန့်ဘူးများကို မဝယ်ထားနိုင်ပါ။ ထို့ကြောင့် ဘယ်လို နို့မှုန့်ဘူးအမျိုးအစား၊ တံဆိပ်ကိုရွေးဝယ်မလဲဆိုသည်မှာ သင့်အပေါ်တွင်သာမူတည်ပါသည်။ သင်သည် တတ်နိုင်သော ဈေးနှုန်းနှင့် သင်အလွယ်တကူ ဝယ်၍ရနိုင်သော […]


ကလေးပြုစုစောင့်ရှောက်ခြင်း

ပူးတွဲ အုပ်ထိန်းခြင်းကို အဆင်ပြေချောမွေ့အောင် ဘယ်လိုလုပ်မလဲ

တကယ်လို့သင်ဟာကလေးကိုသင့်အိမ်ထောင်ဖက်ဟောင်းနဲ့ပူးတွဲအုပ်ထိန်းနေရတယ်ဆိုရင်ဒီဆောင်းပါးလေးကိုဖတ်ကြည့်ပါ။ ပူးတွဲအုပ်ထိန်းခြင်းကိုအဆင်ပြေချောမွေ့ဖို့နဲ့သင့်ကလေးအတွက်အကောင်းဆုံးလုပ်ဆောင်ပေးနိုင်ဖို့ဒီဆောင်းပါးကအကူအညီပေးနိုင်မှာပါ။ မကောင်းတဲ့စကားတွေမပြောပါနဲ့။ သင့်အိမ်ထောင်ဖက်ဟောင်းအကြောင်းမကောင်းမပြောပါနဲ့။ သင့်ရဲ့လက်တွဲဖော်ဟောင်းအကြောင်းပြောလိုက်သမျှကိုကလေးကလိုက်မှတ်ထားပြီးဒီအတိုင်းပဲတွေးမှာပါ။ သင်အနေနဲ့သင့်ဇနီး/ခင်ပွန်းဟောင်းကိုမုန်းနေမှာ ဖြစ်ပေမယ့်သင့်ကလေးအတွက်တော့သူ/သူမကိုမိဘတယောက်အဖြစ်ချစ်နေဆဲပါပဲ။ ဒါ့ကြောင့်သူနဲ့ပတ်သက်ပြီးသင်ဘယ်လိုပဲခံစားရ၊ခံစားရစိတ်ထဲမှာပဲ မြိုသိပ်ထားပါ။ ကလေးကိုဦးစားပေးရှေ့တန်းတင်ပါ။ ကွာရှင်းတာကသင့်ကိစ္စဖြစ်ပေမယ့်ပူးတွဲအုပ်ထိန်းတာကတော့ကလေးကိစ္စပါ။ ကွာရှင်းခြင်းဟာသင့်ကိုတရားသေအမြင်တခုစိတ်ထဲစွဲနေစေပြီးလူ့သဘာဝအတိုင်းပဲသင်ဟာသင့်ရဲ့နာကျင်မှုတွေနဲ့လိုအပ်မှုတွေဆီကိုပဲအာရုံရောက်နေတဲ့အတွက်ကလေးကိုလှပကောင်းမွန်တဲ့ဘဝလေးတခုဖန်တီးပေးဖို့ဆိုတဲ့အဓိကရည်ရွယ်ချက်ကိုမေ့လျော့နေတတ်ပါတယ်။ ပူးတွဲအုပ်ထိန်းခွင့်ဆိုတာသင်လိုချင်တဲ့အတိုင်းကွက်တိ ဖြစ်လာတာဒါမှမဟုတ်တန်းတူညီမျှမှုကိုတောင်းဆိုရတာမဟုတ်ပါဖူး။ ပူးတွဲအုပ်ထိန်းနေရတဲ့မိဘတွေအတွက်အခက်ခဲဆုံးကိစ္စက "ကလေးဟာသင်နိုင်တဲ့အတွက်ရလိုက်တဲ့ဆုလာဘ်မဟုတ်ဘဲသင်ချစ်မြတ်နိုးဖို့အတွက်ဘုရားပေးလိုက်တဲ့လက်ဆောင်လေးဖြစ်တယ်" ဆိုတာကိုစိတ်ထဲအမြဲမှတ်ထားဖို့ပါပဲ။ ကွာရှင်းပြီးသားမိဘနှစ်ဦးလုံးအနေနဲ့အရင်ကကိစ္စတွေ၊အာဃာတတွေကိုဘေးချိတ်ထားပြီးကလေးအတွက်ဘယ်ဟာကအကောင်းဆုံးဖြစ်မလဲဆိုတာကိုစဉ်းစားပြီးလုပ်ကြမယ်ဆိုရင်ပူးတွဲအုပ်ထိန်းခြင်းကအကောင်းဆုံးအကျိုးသက်ရောက်မှုရရှိမှာပါ။ ဒီနေရာမှာတခုမှတ်ထားရမှာကကလေးအတွက်အကောင်းဆုံးဖြစ်စေမယ့်အရာတချို့ဟာသင့်အတွက်ကောင်းချင်မှကောင်းမယ်ဆိုတာပါပဲ။ သင့်အခြေအနေကိုအမှန်အတိုင်း မြင်တတ်ပါစေ။ ကွာရှင်းပြတ်စဲကြတဲ့စုံတွဲတွေဟာကြောက်စိတ်ဒါမှမဟုတ်မလုံမလဲခံစားရမှုတွေကြောင့်မကြာခဏဆိုသလိုလက်တွေ့နဲ့ကင်းကွာတဲ့အုပ်ထိန်းခွင့်တောင်းဆိုမှုတွေကို ပြုလုပ်လေ့ရှိကြပါတယ်။ ဒီလိုလုပ်မယ့်အစားကလေးအုပ်ထိန်းခွင့်ကိုစီးပွားရေးသဘောတူညီချက်တခုလို့သဘောထားပြီးသင့်စိတ်ခံစားချက်တွေကိုဘေးချိတ်ထားကာအခြေအနေကိုအမှန်အတိုင်းမြင်တတ်ပါစေ။ အိမ်ထောင်ရှင်ကောင်းတယောက်မဟုတ်ဖူးဆိုတာဟာမိဘကောင်းတယောက်လည်းမဖြစ်နိုင်ဖူးဆိုတဲ့အဓိပ္ပါယ်မဟုတ်ပါဖူး။ သူ/သူမဟာလက်တွဲဖော်ကောင်းတယောက်မဟုတ်ခဲ့ပေမယ့်မိဘကောင်းတယောက်တော့ ဖြစ်နိုင်ပါသေးတယ်။ အကြမ်းဖျဉ်းအားဖြင့်ကလေးကိုမိဘနှစ်ယောက်လုံးနဲ့ပုံမှန်ဆက်သွယ်ခွင့်ပေးထားတာဟာသူလေးအတွက်အကောင်းဆုံးပဲဖြစ်ပါတယ်။ သင်ကြိုက်သည်ဖြစ်စေ၊မကြိုက်သည်ဖြစ်စေသင့်ကလေးဟာမိဘနှစ်ပါးလုံးဆီကချစ်ခြင်းမေတ္တာကိုလိုအပ်ပါတယ်။ ဘယ်လိုလုပ်ရမလဲဒါဖြင့်? အဖြေကရှင်းပါတယ်။ သင့်ကလေးကိုပထမဦးစားပေးနေရာမှာအမြဲစဉ်းစားပေးပါ။ သင့်ကလေးအနေနဲ့သင့်အိမ်ထောင်ဖက်ဟောင်းနဲ့ရှိနေတဲ့အချိန်မှာသင့်စိတ်ထဲမြဲမြဲမှတ်ထားရမှာကသင့်ကလေးဟာသူ့ကိုသင်ချစ်သလို၊ဂရုစိုက်သလိုချစ်မယ့်ဂရုစိုက်မယ့်လူတယောက်နဲ့ရှိနေတယ်ဆိုတာပါပဲ။ သင့်တော်တဲ့ဆက်သွယ်ရေးနည်းလမ်းကိုရှာဖွေပါ။ ပူးတွဲအုပ်ထိန်းတာအဆင်ပြေပြေဖြစ်ဖို့ဆိုရင်သင့်အိမ်ထောင်ဖက်ဟောင်းနဲ့အဆက်အသွယ်ရှိရေးဟာအဓိကသော့ချက်ဖြစ်လာပါတယ်။ သင့်ကလေးအတွက်ပဲဖြစ်ဖြစ်သင့်အနေနဲ့သူနဲ့ဆက်သွယ်ဖို့သင့်တော်တဲ့၊ထိရောက်တဲ့ဆက်သွယ်ရေးနည်းလမ်းကိုရှာဖွေရပါလိမ့်မယ်။ ရန်ဖြစ်ဖို့ကိုချင့်ချိန်ပါ။ ပွင့်ပွင့်လင်းလင်းပြောရမယ်ဆိုရင်ကလေးတယောက်ကိုအုပ်ထိန်းပြုစုရတာဟာသူ့ချည်းပဲကိုမလွယ်တဲ့ကိစ္စပါ။ ဒါကိုပူးတွဲအုပ်ထိန်းရတဲ့ကိစ္စပါထပ်ပေါင်းထည့်လိုက်တဲ့အခါသပွတ်အူဖြစ်လာမှာကတော့အမှန်ပါပဲ။ ဒါပေမယ့်သင့်အနေနဲ့သင့်အိမ်ထောင်ဖက်ဟောင်းနဲ့အချေအတင်ကတောက်ကဆဖြစ်မယ့်ကိစ္စမျိုးကိုတတ်နိုင်သမျှရှောင်ပါ။ သဘောထားကွဲလွဲတဲ့ကိစ္စတခုကြုံလာရပြီဆိုရင်ခေါင်းထဲမှာဦးဆုံးစဉ်းစားရမှာကဒါဟာရန်ဖြစ်ဖို့တန်ရဲ့လားဆိုတာပါပဲ။ သင်ရင်ဆိုင်နေရတဲ့အခြေအနေကိုအရှိအတိုင်း မြင်ပါ။ ပြီးတော့တရားသူကြီးဆုံးဖြတ်ချက်ချရမယ့်အခြေအနေမျိုးထိရောက်လာရင်အဲ့ဒီဆုံးဖြတ်ချက်ကိုဘယ်သူမှမကြိုက်မှာသေချာသလောက်ပါပဲ။ တကယ်အရေးကြီးပြီးထိုက်တန်တဲ့အကြောင်းအရာမျိုးအတွက်ပဲအချေအတင်ရန်ဖြစ်ပါ။ ကျောင်းထားဖို့ရွေးတာ၊အပန်းဖြေခရီးထွက်ဖို့ဒါမှမဟုတ်ကလေးနဲ့တွေ့ဖို့အချိန်ကိုညှိနှိုင်းတာစတဲ့ကိစ္စတွေဟာသင်တိုက်ပွဲဝင်ဖို့ထိုက်တန်ပါတယ်။။ ဒါပေမယ့်အစားအသောက်ရွေးချယ်တာလိုကိစ္စမျိုးအတွက်ကတော့(ကလေးမှာဆီးချိုတို့၊ဓါတ်မတည့်တာတို့ရှိရင်တော့တမျိုးပေါ့) ရန်ဖြစ်ဖို့မထိုက်တန်ပါဖူး။ Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။


ကလေးပြုစုစောင့်ရှောက်ခြင်း

တစ်ဆင့်ခံ ဆေးလိပ်ငွေ့ရှူရှိုက်မိခြင်းအကြောင်း သင်သိဖို့လိုတဲ့အကြောင်းအရာများ

ဆေးလိပ်သောက်ခြင်းဟာ ဆေးလိပ်သောက်သူတွေအတွက် အန္တရာယ်များတယ်ဆိုတာ လူတိုင်းသိကြတဲ့အကြောင်းအရာပါ။ ဒါပေမယ့် ဆေးလိပ်မသောက်ဘဲ ဆေးလိပ်သောက်သူဘေးနားမှာနေမိတာကလည်း ဆိုးကျိုးတွေဖြစ်စေနိုင်တာကိုတော့ လူတိုင်းမသိကြပါဘူး။ ဒါကို တစ်ဆင့်ခံဆေးလိပ်ငွေ့ရှူရှိုက်ခြင်းလို့ခေါ်ပါတယ်။ ဒီထဲမှာ ဆေးလိပ်သောက်သူကရှူထုတ်လိုက်တဲ့ မီးခိုးငွေ့ သို့မဟုတ် အခြားဆေးရွက်ကြီးပုံစံတွေ ဒါမှမဟုတ် အဖြစ်အများဆုံးက ဆေးလိပ်ငွေ့ရော ဆေးရွက်ကြီးငွေ့၂မျိုးလုံး ရှိနေတဲ့နေရာမှာ အသက်ရှူသွင်းမိတဲ့သူတွေပါဝင်ပါတယ်။ တစ်ဆင့်ခံဆေးလိပ်ငွေ့ရှူရှိုက်မိခြင်းအတွက် သင်သိထားဖို့လိုတဲ့အချက်တွေနဲ့ ဘာကြောင့် သင်နဲ့သင့်ကလေးက ဘယ်လိုပဲဖြစ်ဖြစ် ဒါကိုရှောင်သင့်သလဲဆိုတာကို ဖော်ပြထားပေးပါတယ်။   ၁။ ဆေးလိပ်ငွေ့ဘယ်လောက်ပဲရှူရှိုက်မိရင် အန္တရာယ်မရှိဘူးဆိုတဲ့ ကန့်သတ်ချက်မျိုးရှိပါသလား။ အဖြေကတော့ သုည ပါပဲ။ ဆေးလိပ်ငွေ့ပမာဏ ဘယ်လောက်ကိုပဲ ရှူမိသည်ဖြစ်စေ များလှစွာသော ရောဂါတွေ ဥပမာ-ကင်ဆာလိုရောဂါမျိုးတွေ ဖြစ်နိုင်ခြေ မြင့်တက်စေပါတယ်။ ကလေးငယ်တွေဟာ သူတို့ရဲ့ ခုခံအားစနစ် အပြည့်အဝမဖွံ့ဖြိုးသေးတာကြောင့် သူတို့ကို ပိုပြီးထိခိုက်စေနိုင်ပါတယ်။ လူကြီးတွေစိတ်ထဲမှာမြဲမြဲမှတ်ထားဖို့အရေးကြီးတဲ့အချက်က စီးကရက်တစ်လိပ်မှာ ဓါတုပစ္စည်းတွေ ၄၀၀၀ ကနေ ၇၀၀၀ ထိပါဝင်ပြီး ကင်ဆာဖြစ်စေနိုင်သောပစ္စည်းတွေက ၄၃ […]


ကလေးပြုစုစောင့်ရှောက်ခြင်း

ကလေး ရုတ်တရက်သေဆုံးခြင်း ဖြစ်နိုင်ချေတွေကို ဘယ်လိုလျှော့ချမလဲ။

မွေးကင်းစကလေးတစ်ယောက်ရဲ့ ပထမ ၆လတာကာလဟာ မိဘတွေအတွက်တော့ ကလေးရဲ့လက္ခဏာအမျိုးမျိုးကို အမြဲမပြတ်သတိထားပြီး ဂရုစိုက်နေရမယ့် ကာလတွေပါပဲ။ ဒီလိုဂရုကြီးကြီးထားရတဲ့ အကြီးမားဆုံးအကြောင်းရင်းကတော့ ဒီအချိန်ဟာ ၉၀%နဲ့အထက်သော မွေးကင်းစကလေးငယ်ရုတ်တရက်သေဆုံးမှုရောဂါ (SIDS, Sudden Infant Death Syndrome လို့သိကြတဲ့) ဟာ ဒီအချိန်မှာ ဖြစ်လေ့ရှိတာမို့ပါပဲ။   SIDSဆိုတာဘာလဲ။ SIDS ဆိုတာ ကျန်းမာရေးကောင်းနေတယ်ထင်ရတဲ့ ကလေးတစ်ယောက်ဟာ ဘာလက္ခဏာမှမပြဘဲ ရုတ်တရက်သေဆုံးသွားတာမျိုးလို့ အဓိပ္ပါယ်ဖွင့်ဆိုပါတယ်။ ပိုဆိုးတာကတော့ စမ်းသပ်မှုတွေအကြိမ်ကြိမ်ပြုလုပ်ပြီးတာတောင်မှ ဆရာဝန်တွေဟာ တိကျတဲ့အကြောင်းရင်းကို ရှာမတွေ့နိုင်တာပါပဲ။ SIDS ကို အိပ်ရာတွင်းသေဆုံးခြင်း (crib death) လို့လည်းအသိများကြပါတယ်။ အကြောင်းရင်းကတော့ SIDS ကိစ္စအများစုဟာ မွေးကင်းစကလေးတွေရဲ့အိပ်စက်ချိန်အတွင်းမှာ ဖြစ်လေ့ရှိလို့ပါ။ ဒါပေမယ့် SIDS ဟာ နေ့ခင်းအချိန်မှာလည်း ဖြစ်တတ်တယ်ဆိုတာကိုတော့ လူကြီးတွေသိထားသင့်ပါတယ်။ SIDS ဖြစ်ရခြင်း၏ အဓိကအကြောင်းရင်းများ သိပ္ပံပညာရှင်တွေဟာ ကလေးတွေမှာဘာကြောင့် SIDS […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း