ကလေးပြုစုစောင့်ရှောက်ခြင်း

သင့်ကလေးရဲ့ ဘဝတစ်သက်တာမှာ ကျန်းမာပျော်ရွှင်နေစေဖို့ အရွယ်အလိုက် ထိန်းကျောင်းနည်းတွေကို သိထားဖို့ လိုပါတယ်။ ဒီနေရာမှာ သင့်ကလေးလေး ပျော်ပျော်ရွှင်ရွှင်နဲ့ ကျန်းကျန်းမာမာ ကြီးပြင်းလာစေဖို့ လိုအပ်တဲ့ အချက်အလက်တွေ အကုန်လုံးကို ဖတ်ရှုနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ကလေးပြုစုစောင့်ရှောက်ခြင်း

ကလေးများနဲ့ အာဟာရ ချို့တဲ့ခြင်း

အာဟာရ မပြည့်ဝမှုကို ပုံစံ အမျိုးမျိုးနဲ့ တွေ့ရနိုင်ပါတယ်။ အာဟာရ မပြည့်ဝမှုဆိုတာ အာဟာရ မပြည့်မီတာ၊ တစ်မျိုးတည်းကို အလွန်အကျွံ စားသုံးမိပြီး အခြား အာဟာရဓာတ်တွေကို ပြည့်မီအောင် မဖြည့်တင်းမိတာ စသဖြင့် အမျိုးမျိုး ရှိနိုင်ပါတယ်။ အဝလွန်တာကလည်း အာဟာရမပြည့်ဝမှုတစ်ခုပါပဲ။ အာဟာရ ချို့တဲ့မှု ဆိုတာကတော့ လုံလောက်တဲ့ အာဟာရကို ပြည့်မီအောင် မရတာပါ။ ဒီလို အာဟာရ မပြည့်ဝတာက အာဟာရ ချို့တဲ့မှု ကို ဖြစ်စေပြီး ပြင်းထန်တဲ့ နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။ ကမ္ဘာ့တလွှားက အသက် ၅ နှစ်အောက် ကလေးငယ် 149 သန်းလောက်ဟာ အာဟာရချို့တဲ့မှုကို ခံစားနေကြရပါတယ်။ ဒီတစ်ခေါက်တော့ ကလေးများနဲ့ အာဟာရ ချို့တဲ့ခြင်း အကြောင်းလေး ပြောပြပေးချင်ပါတယ်။ အာဟာရ ချို့တဲ့ခြင်း အာဟာရ […]

ကလေးပြုစုစောင့်ရှောက်ခြင်း ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကလေးပြုစုစောင့်ရှောက်ခြင်း ကို ရှာဖွေမည်။

ကလေးငယ်ပထမနှစ်

16 ပတ်သားကလေး

ဖွံ့ဖြိုးတိုးတက်မှုနှင့် အပြုအမူ ကျွန်ုပ်၏ကလေးသည် မည်သို့ဖွံ့ဖြိုးလာသင့်ပါသလဲ။ ကလေးကို မှောက်ထားလျှင် သင့်ကလေးသည် ခေါင်းထောင်နိုင်ပြီဖြစ်ပြီး သူ့လက်မောင်းများကို အသုံးပြု၍ ပခုံးကို ထောင်နိုင်သည်။ ထိုသို့ တစ်ဝက်ထောင်ထခြင်းသည် သူမ၏ ကြွက်သားများကို သန်မာစေပြီး ဘာဖြစ်နေသည်ကို သိရှိရန်သူပိုမြင်ရစေသည်။ မှောက်လျက်မှ ပက်လက်သို့ ပုံစံပြောင်းလဲခြင်းဖြင့် သင့်ကို အံ့အားသင့်စေလိမ့်မည်။ သူမနှင့် အတူဆော့ကစားခြင်းဖြင့် ထိုသို့ တစ်ပတ်လိမ့်ခြင်းကို လေ့ကျင့်ပေးနိုင်သည်။ အရုပ်ကို ကလေး၏ ဘေးတွင် ချပေးခြင်းဖြင့် သူမကို စိတ်ဝင်စားစေလျှင် အရုပ်ကို လှမ်းယူဖို့ကြိုးစားပါလိမ့်မည်။ သူမ၏ အားထုတ်မှုကို ချီးကျူးပါ။ ပြုံးပြပါ။ ထိုကိစ္စသည် အနည်းငယ် အားထုတ်ရသည့်အတွက် သင်၏ ထောက်ခံမှုကို သူမလိုအပ်ပါသည်။ တတိယလ၏ နောက်ဆုံးအပတ်တွင် ကလေးသည်- • မတ်မတ်ချီထားလျှင် ခြေထောက်ကို အားပြုထောက်နေပြီဖြစ်သည်။ • အရာဝတ္ထုတွေကို ဆုပ်ကိုင်နိုင်ပြီဖြစ်သည်။ • ဆွဲပြီး ထိုင်ခိုင်းလျှင် ကိုယ်ခန္ဓါကို ထိန်းထားနိုင်သည်။ • […]


ကလေးငယ်ပထမနှစ်

17 ပတ်သားကလေး

ဖွံ့ဖြိုးတိုးတက်မှုနှင့် အပြုအမူ ကျွန်ုပ်၏ကလေးသည် မည်သို့ဖွံ့ဖြိုးလာသင့်ပါသလဲ။ သုတေသနပညာရှင်များက ယခုအချိန်တွင် သင့်ကလေးသည် သူ၏ မိခင်ဘာသာစကားဖြစ်လာမည့် အခြေခံအသံအားလုံးကို နားလည်ပြီဟု ယုံကြည်ကြသည်။ ယခုမှ ၆ လ ကြားအချိန်တွင် ကလေးသည် သင်ကြားရန်စောင့်မျှော်နေသော ဖေဖေ၊ မေမေ ကဲ့သို့သောအသံများဖန်တီးနိုင်နေပြီဖြစ်သည်။ ကလေးဖွံ့ဖြိုးတိုးတက်မှုကျွမ်းကျင်သူများက သင့်ကလေးသည် ထိုအသံများကိုသုံးပြီး သင်နှင့်ဆက်သွယ်ရန်စောလွန်းနေသေးသည်ဟု ပြောကြသော်လည်း မိဘများက စိတ်မပူကြပါ။ သင့်ကလေး၏ ဆက်သွယ်မှုစွမ်းရည်ကို တိုးတက်စေရန် သူပြောသော အသံများကို လိုက်ပြောပေးခြင်းဖြင့် သူ့ကို ကူညီအားပေးနိုင်သည်။ ကလေးမှလည်း သင်ပြောသည်ကို လိုက်ပြောနိုင်သည်။ သင့်ကလေးမှအသံပြုသည့်အခါ၊တစ်ခုခု ပြောသည့်အခါ သူ့ကို ဘာသာစကားလေ့လာမှုနှင့် အကြောင်းအကျိုးကို သေချာနားလည်ရန် ပြန်လည်တုံ့ပြန်ပြောပေးပါ။ ထိုအရာသည် ကလေး၏ မိမိကိုယ်ကို ယုံကြည်မှုအတွက် အလွန်ကောင်းပါသည်။ ကလေးသည် သူပြောလိုက်သည့်အတွက် ပြောင်းလဲမှုတစ်ခုခုလုပ်နိုင်သည်ဆိုသည်ကို သဘောပေါက်လာပါသည်။ လေးလမြောက်၏ ပထမပတ်တွင် သင်၏ ကလေးသည်- • သူ၏ခေါင်းကို […]


ကလေးငယ်ပထမနှစ်

18 ပတ်သားကလေး

ဖွံ့ဖြိုးတိုးတက်မှုနှင့် အပြုအမူ ကျွန်ုပ်၏ကလေးသည် မည်သို့ဖွံ့ဖြိုးလာသင့်ပါသလဲ။ ယခုအချိန်တွင် သင့်ကလေးသည် သူမ၏ လက်များခြေများကို အသုံးပြု၍ မိနစ်အနည်းငယ် ကစားလာသည်။ အပြုအမူတစ်ခုကို တစ်စုံတစ်ရာကို သေချာသည်အထိ ထပ်ခါထပ်ခါ ပြုလုပ်ရန်နှစ်သက်တတ်သည်။ ပြီးလျှင် ရလဒ်ပြောင်းလဲစေရန်နောက်တစ်မျိုးကို ထပ်လုပ်လိမ့်မည်။ ကလေးသည် နိုးနေသည့် အချိန်များတွင် သူ့အိပ်ရာထဲတွင် သူ့ဘာသာ ပျော်ရွှင်နေသော်လည်း သူ့ကို မျက်ခြေမပြတ်ကြည့်နေရန် လိုအပ်နေသေးသည်ဖြစ်၍ သင့်ကလေးငယ် ဘာလုပ်နေသည်ကို တိတ်ဆိတ်စွာစောင့်ကြည့်နေပါ။ ၁၈ ပတ်တွင် သင်၏ ကလေးသည်- • သူ၏ခေါင်းကို ထောင်မတ်နေရန် ထိန်းထားနိုင်သည်။ • မှောက်နေစဉ် လက်ကိုထောက်၍ ကိုယ်ကို မတင်နိုင်သည်။ • အရုပ်များကို ကိုင်ထားနိုင်သည်။ • လက်နှင့်ခြေထောက်ကို တစ်ချိန်ထဲတွင် အသုံးပြုနိုင်သည်။ • အခန်းထဲတွင် လွတ်လပ်စွာဆော့ကစားနိုင်သည်။ • ပစ္စည်းအသေးများကို အာရုံထားသည့်အတွက် ပါးစပ်ထဲကောက်မထည့်မိစေရန် ထိုအရာများကို သူ့အနားတွင် မထားပါနှင့်။ • အပြုအမူတစ်ခုကို ရလဒ်ကို မြင်ရသည်အထိ […]


ကလေးငယ်ပထမနှစ်

19 ပတ်သားကလေး

ဖွံ့ဖြိုးတိုးတက်မှုနှင့် အပြုအမူ ကျွန်ုပ်၏ကလေးသည် မည်သို့ဖွံ့ဖြိုးလာသင့်ပါသလဲ။ ငိုကြွေးခြင်းသည် သင့်ကလေး၏ အကောင်းဆုံးဆက်သွယ်မှုပုံစံဖြစ်သော်လည်း၊ ရီမောပျော်ရွှင်နိုင်ဖို့လည်း သူအစပျိုးနေပါသည်။ ပျော်စရာကောင်းသော အံ့သြမှုများတွင် အော်ဟစ်ရီမောစပြုနေပါပြီ။ သင်သူ့ကို စောင်အောက်မှ ရုတ်တရက်ပေါ်လာပြီး ခြောက်သည့်အခါ၊ ပုံးတစ်ခုထဲမှ အရုပ်ထွက်လာသည့်အခါမျိုးတွင် သူ့ကို လန့်သွားစေသည့်အခါမျိုးတွင် ရီမောပါလိမ့်မည်။ ရီစရာကိစ္စများတွင် ရီမောရန်၊ ပြုံးရန် သင့်ကလေးကို ကူညီပါ။ ကလေးများသည် အသံအမျိုးမျိုးကို ကြားရသည်ကို နှစ်သက်သည့်အတွက် အရုပ်အသစ်အဆန်းများမလိုဘဲ သင်ကိုယ်တိုင်အသံများဖန်တီးနိုင်သည်။ ၁၉ ပတ်ကာလတွင် သင့်ကလေးသည် - • ထိုင်သည့်အခါ ခန္ဓါကိုယ်ကို မတ်မတ်ဖြစ်အောင်ထိုင်တတ်သည်။ • တစ်ဖက်သို့ လှည့်နိုင်သည်။ • အသံလာရာသို့ အာရုံစိုက်တတ်သည်။ • စကားလုံးအချို့ကို စတင်ပြောနိုင်သည်။ • ပျော်ရွှင်စွာခုန်နိုင်သည်။ ကျွန်ုပ်၏ ကလေးကို မည်သို့ ကူညီပေးသင့်ပါလဲ။ သင့်ကလေးနှင့်အတူရီမောပေးခြင်းဖြင့် သင့်ကလေးကို များများရီမောတတ်စေရန် အားပေးပါ။ သင့်ကလေးကို ပျော်ရွှင်စေရန် အသံမျိုးစုံထွက်အောင် ဖန်တီးနိုင်သည်။ အရုပ်တစ်ခုကို ပေးပြီးလှုပ်ရမ်းပြပါ။ […]


ကလေးငယ်ပထမနှစ်

2 ပတ်သားကလေး

ဖွံ့ဖြိုးမှုနှင့်အမူအကျင့် ဘယ်လိုဖွံ့ဖြိုးလာပြီလဲ ဖြတ်သန်းလာတာတစ်ပတ်ပဲရှိသေးပေမယ့် သင့်ကလေးလေးဟာ သင့်အပေါ်ကိုမှီခိုရမယ်ဆိုတာ သိလာပါပြီ။ ခုဆိုရင် သင့်အသံကိုတောင်သိနေကြပြီ။ သင့်အသံကိုကြားရရင် သူတို့ကိုစိတ်သက်သာရာရစေပြီး ဝမ်းဗိုက်အပြင်ဘက်က ဒီသူစိမ်းဆန်သေးတဲ့ ကမ္ဘာသစ်ကြီးမှာ လိုက်လျောညီတွေနေနိုင်ဖို့ စွမ်းအားတွေရလာပါတယ်။ ပြီးတော့ သူတို့တစ်ယောက်ထဲမဟုတ်ဘူးဆိုတာလည်း သိစေပါတယ်။ သင့်ကလေးလေးဟာ သင့်စကားတွေကို နားမလည်သေးပါဘူး။ ဒါပေမယ့် သင့်နွေးထွေးမှုနဲ့ ချစ်ခြင်းမေတ္တာတွေဟာ သူတို့လိုအပ်တာအကုန်ပါပဲ။ ခုဒုတိယရက်သတ္တပတ်မှာဆိုရင် ကလေးလေးဟာ ခေါင်းကိုအသာလေး ‘မ’နိုင်လာပါပြီ။ သူတို့မျက်နှာတွေမှောက်ပြီး လှဲနေတဲ့အခါ အသက်ရှူလမ်းကြောင်း လုံးဝပိတ်မသွားအောင် သတိထားဖို့လည်းအရေးကြီးပါတယ်။ ကလေးလေးရဲ့ မျက်လုံးတွေဟာ ခုထိေဝဝါးနေသေးနိုင်သော်လည်း သူတို့မျက်လုံးကနေ ၂၀စင်တီမီတာ မှ ၄၀ စင်တီမီတာလောက်ထိ မြင်ရနေပါပြီ။   သူ့ကိုဘယ်လိုအထောက်အပံ့ပေးနိုင်မလဲ ခုချိန်မှာဆိုရင် သူတို့ရဲ့ပတ်ဝန်းကျင်ကို သတိထားမိလာပါပြီ။ သင့်ကလေးလေးကို အနီးကပ်ကနေ ကြည့်ကြည့်ပေးခြင်းဖြင့် သင့်ပုံပန်းသဏ္ဍာန်ကို သူတို့စူးစမ်းမှတ်သားလာနိုင်အောင် ကူညီပေးသင့်ပါတယ်။ ဒါဟာ နေ့စဉ်သူတို့ကိုစောင့်ရှောက်နေရင်းနဲ့ ဖြစ်သွားမှာပါပဲ။ နို့တိုက်နေရင်းနဲ့လည်း သင့်ခေါင်းကို ဟိုဘက်ဒီဘက် လှုပ်ယမ်းပေးခြင်းဖြင့် […]


ကလေးငယ်ပထမနှစ်

20 ပတ်သားကလေး

ဖွံ့ဖြိုးတိုးတက်မှုနှင့် အပြုအမူ ကျွန်ုပ်၏ကလေးသည် မည်သို့ဖွံ့ဖြိုးလာသင့်ပါသလဲ။ မှောက်နေသည့်အချိန်တွင် သင်လက်နှင့်ဆွဲမသကဲ့သို့ သူ၏ခေါင်းနှင့် ပခုံးကို ပင့်တင်လိမ့်မည်။ လေးလမြောက်၏နောက်ဆုံးပတ်တွင် သင်၏ ကလေးသည် - • အတည့်ချီထားလျှင် သူ့ခြေထောက်များကို ထောက်ကန်တတ်သည်။ • အထောက်အကူမရှိဘဲ ထိုင်နိုင်သည်။ • သူ့လက်ထဲမှ အရုပ်ကို ဆွဲယူသည့်အခါ တုံ့ပြန်တတ်သည်။ • အသံလာရာသို့ သူတို့၏ခန္ဓါကိုယ်ကို ရွေ့သွားတတ်သည်။ ကျွန်ုပ်၏ ကလေးကို မည်သို့ ကူညီပေးသင့်ပါလဲ။ သင့်ကလေးကို အိပ်ရာပေါ်သို့ချထားလျင် ကလေးသည် သူ၏လက်၊ခြေများကို ဆန့်တန်းပြီး ကိုယ်ကိုကွေးပြီး ထဖို့လုပ်လိမ့်မည်။ ထိုသို့လုပ်ခြင်းသည် သူ၏ လည်ပင်းကြွက်သားများကို သန်မာစေပြီး၊ ထထိုင်နိုင်ရန် ထိန်းချုပ်နိုင်စွမ်းကို တိုးတက်စေသည်။ သင့်ကလေးကို ကောင်းစွာအိပ်ပျော်စေရန် ရေချိုးပေးပါ၊ ပုံပြင်များပြောပြပါ။ သင်သည် ထိုသို့သောအရာများကို အစဉ်လိုက်လုပ်ပေးသင့်သည်။ အစာကျွေးခြင်း၊ ရေချိုးပေးခြင်း၊ ညဝတ်အကျီလဲပေးခြင်း၊ စာဖတ်ပြခြင်း၊ သီချင်းဆိုပြခြင်း၊ သီချင်းဖွင့်ပြခြင်း၊ ကလေးကိုအိပ်ရာဝင်စေခြင်း စသည်ဖြင့် လုပ်ဆောင်ပေးသင့်သည်။ ကောင်းကောင်းအိပ်နိုင်ရန်ပြင်ဆင်ခြင်းသည် […]


ကလေးငယ်ပထမနှစ်

21 ပတ်သားကလေး

ဖွံ့ဖြိုးတိုးတက်မှုနှင့် အပြုအမူ ကျွန်ုပ်၏ကလေးသည် မည်သို့ဖွံ့ဖြိုးလာသင့်ပါသလဲ။ ၂၁ ပတ်တွင် ကလေးသည်- • တည့်တည့်မှီနေချိန်တွင်၊ ရင်ဘတ်နှင့် ဗိုက်မှ ဆွဲမသည့်အခါတွင် သူ့ခေါင်းကို ထိန်းထားနိုင်သည်။ ပစ္စည်းအသေးများကို အာရုံစိုက်တတ်သည်။ • ပျော်ရွှင်သောကြောင့်အော်ဟစ်သည်။ • သင်အခန်းထဲမှထွက်သွားလျှင် ငိုတတ်သည်။ သင်ပြန်လာလျှင် အလွန်ပျော်သည်။ • သင်ပြုလုပ်သော ရယ်စရာကောင်းသည့်အပြုအမူများကို ရယ်မောပြီး သင်ရယ်မောရန်လည်း သင့်ခန္ဓါကိုယ် ကို လာတို့ထိတတ်သည်။ • ပတ်ဝန်းကျင်မှ အရာများကို လက်လှမ်းနိုင်သည်။ • ရုတ်တရက် ထရယ်မောနိုင်သည်။ • သင်ရယ်မောလျှင် လိုက်ရယ်သည်။ ကျွန်ုပ်၏ ကလေးကို မည်သို့ ကူညီပေးသင့်ပါလဲ။ ယခုသင့်ကလေးသည် အသံလာရာကို သိရှိနိုင်ပြီး ထိုအသစ်အဆန်းရှိရာသို့ ချက်ချင်းလှည့်သွားနိုင်သည်။ ကလေးကို စိတ်ဝင်စားစေရန်သော့များကို တချွင်ချွင်မြည်အောင် ခါလို့ရသည်။ သင့်ကလေး၏ စိတ်ဝင်စားမှုမှုကို ရရှိစေရန် စကားပြောပေးပါ။ ယခုအရွယ်တွင် ကလေးသည် တီဗွီ၊ ရေဒီယိုမှ ဘာသာစကားကို မသင်ယူနိုင်ပါ။ ထိုပစ္စည်းများကို ပိတ်ထားပြီး သင့်ကလေးဘာသာစကားတိုးတက်ရန်နှင့် […]


ကလေးငယ်ပထမနှစ်

1 ပတ်သားလေး

ဖွံ့ဖြိုးလာမှုနဲ့ အပြုအမူလေးတွေ ဘယ်လိုဖွံ့ဖြိုးလာလဲ ခုအချိန်ဟာ သင့်ဘဝရဲ့အပျော်ရွှင်ဆုံးအချိန်တွေပါ။ ခုဆိုရင် သင်ဟာမိဘဖြစ်လာပြီး သင့်မိသားစုမှာ မိသားစုဝင်အသစ်ကလေး ရောက်လာပြီဖြစ်တာမို့ သင့်မွေးကင်းစကလေးလေးအပေါ်မှာပဲ အပြည့်အဝအာရုံစိုက်ထားရမယ့်အချိန်ပေါ့။ သင့်ကလေးလေးကိုပဲ အချိန်ပြည့်ကြည့်နေမိပြီး ထိုအခိုက်အတန့်လေးတိုင်းကို မြတ်နိုးနေမိမှာပါ။ ကလေးလေးရဲ့မျက်လုံးမို့မို့အစ်အစ်လေးတွေ၊ မဆန့်နိုင်သေးတဲ့ခြေလက်ကွေးကွေးလေးတွေဟာ သဘောကျစရာကောင်းနေလောက်ပါတယ်။ ဒါတွေအကုန်လုံးကပုံမှန်တွေပါပဲ။ သင့်ဗိုက်ထဲမှာ ၉ လကြာအောင်နေခဲ့ပြီးနောက်မှာ ကလေးလေးအတွက် ခြေတွေလက်တွေ့ဆန့်ပစ်ဖို့ဟာ အချိန်လိုပါလိမ့်မယ်။ သူတို့ ၆ လသားလောက်ရောက်ရင် အပြည့်ဆန့်ထုတ်နိုင်သွားမှာပါ။ မွေးကင်းစကလေးပေါက်စလေးတွေရဲ့ ပျှမ်းမျှကိုယ်အလေးချိန်ဟာ ၃.၅ ကီလိုဂရမ်လောက်ဖြစ်ပြီး အရှည်ကတော့ ၅၀စင်တီမီတာလောက်ဖြစ်ပါတယ်။ အလေးချိန်ဟာ ၂.၅ မှ ၄.၅ ကီလိုဂရမ်ထိအမျိုးမျိုးရှိနိုင်ပြီး အရှည်ဟာလည်း ၄၈ မှ ၅၁ စင်တီမီတာထိ အမျိုးမျိုးဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ဒီအချိုးအစားတွေအတိုင်းပဲ ကြီးလာမှာမဟုတ်တာကြောင့် ခုအချိန်အရွယ်အစားကို စိတ်မပူလည်းရပါတယ်။ သူ့ကို ဘယ်လိုအထောက်အပံ့ပေးနိုင်မလဲ ဗိုက်ထဲမှာ ကိုးလကြာနေလာပြီးတဲ့အခါမှာ ခုသူ့အတွက် အရာအားလုံးနဲ့အကျွမ်းဝင်ဖို့ဆိုတာ ခက်ခဲနေပါသေးတယ်။ သူ့ရဲ့ကမ္ဘာအသစ်နဲ့ရင်းနှီးဖို့ […]


ကလေးငယ်ပထမနှစ်

10 ပတ်သားကလေး

ဖွံဖြိုးတိုးတက်မှုနှင့် အပြုအမူ ကျွန်ုပ်၏ကလေးသည် မည်သို့ဖွံ့ဖြိုးလာသင့်ပါသလဲ။ သင့်ကလေးက ညဆိုရင် တောက်လျောက်အိပ်ပြီး အိပ်ချိန်က ၅ နာရီကနေ ၆ နာရီကြာတယ်ဆိုလျှင် သင်ဟာ ကံကောင်းတဲ့အမေ အနည်းငယ်ထဲမှာပါဝင်ပါတယ်။ ၁၀ ပတ်သားကလေးအများစုက ညဆိုရင် မကြာခဏအိပ်ရာနိုးတတ်ပါတယ်။ ဒါပေမယ့် သင့်ကလေးဟာ တစ်ညလုံးတောက်လျှောက်မအိပ်ဘူး ဆိုရင်တောင်မှ သူအိပ်ပြီဆိုလည်း အကြာကြီးအိပ်ပါလိမ့်မယ်။ နိုးနေတဲ့အချိန်လည်းကြာပါလိမ့်မယ်။ အဲဒီလိုအချိန်တွေကြားမှာ အားပြန်ဖြည့်ဖို့သင်ခဏမှေးချိန်ရပါလိမ့်မယ်။ သင့်ကလေးဟာ ၂ နာရီကနေ ၄ နာရီလောက်အိပ်နေနိုင်ပြီး ၁၀ နာရီလောက်နိုးနေနိုင်ပါတယ်။ သင့်ကလေးက ညမအိမ်တတ်တဲ့ကလေးဖြစ်ဖြစ်၊ မနက်အစောကြီးနိုးတတ်တဲ့ကလေးဖြစ်ဖြစ် အဲဒီလို အိပ်တဲ့ပုံစံက သူ့ကလေးဘဝတစ်လျှောက် ဖြစ်သွားပါလိမ့်မယ်။ ဒုတိယလရဲ့ ဒုတိယအပတ်မှာ သူတို့ဟာ- • ငိုနေတာနဲ့စာလျင် နည်းလမ်းအမျိုးမျိုးနဲ့ အသံထွက်တတ်လာပါလိမ့်မယ်။ • အိပ်နေတဲ့အခါ ခေါင်းကို ၄၅ ဒီဂရီလောက် ထောင်နိုင်လာပါလိမ့်မယ်။   ကျွန်ုပ်၏ ကလေးငယ်ကို ဘယ်လိုကူညီထောက်ပံ့ပေးသင့်ပါသလဲ။ ကလေးနဲ့ ပြောဆိုဆက်ဆံနိုင်တဲ့နည်းလမ်းတွေဟာ မကုန်နိုင်ပါဘူး။ သင့်ကလေးငယ်ရဲ့ […]


ကလေးငယ်ပထမနှစ်

11 ပတ်သားကလေး

ဖွံ့ဖြိုးတိုးတက်မှုနှင့် အပြုအမူ ကျွန်ုပ်၏ကလေးသည် မည်သို့ဖွံ့ဖြိုးလာသင့်ပါသလဲ။ ကလေး၏ လှုပ်ရှားမှုသည် ပိုပြီး အဆင်ပြေချောမွေ့လာပါလိမ့်မည်။ သင့်ကလေးငယ်၏ လက်နှင့် ခြေထောက်လှုပ်ရှားမှုများသည် အခြားသူများကို သင်ယူရင်း ပို၍အဆင်ပြေလာပြီ လှုပ်ရှားမှုပုံစံများပိုများလာသည်ကို သင်သတိပြုမိပါလိမ့်မည်။ ထိုလှုပ်ရှားမှုသည် သူတို့၏ ကြွက်သားများ ပို၍ သန်မာတောင့်တင်းလာပြီး ဖွံ့ဖြိုးလာရန်ကူညီပါသည်။ လဲလျောင်းနေသည့် အချိန်တွင် ခြေထောက်များဆန့်ထုတ်ခြင်းကို စလုပ်လာပြီး ဤ အရာသည် သူစတင် လေးဖက်တွားသွားရန်သင်ယူနေတာလည်း ဖြစ်သည်။ ဒုတိယလ၏ သုံးပတ်မြောက်တွင် သင်၏ ကလေးငယ်သည် - • ခေါင်းထောင်တတ်လာသည်။ • အိပ်နေလျှင် လက်ဖြင့်ရင်ဘတ်ကို မနိုင်သည်။ • အသံလာရာကို လှည့်နိုင်သည်။ • ကစားစရာများကို ဆုပ်ကိုင်နိုင်သည်။ • ပစ္စည်းအသေးစားများကို အာရုံစိုက်တတ်သောကြောင့် သူမျိုမချစေရန်သင်က ဂရုတစိုက်စောင့်ကြည့်ပါ။ • ပစ္စည်းတွေဆီရောက်အောင် လက်လှမ်းနိုင်သည်။ • အသံထွက်မှန်အောင်ထွက်နိုင်သည်။ ကလေးကို ဘယ်လိုကူညီပေးနိုင်မလဲ။ ကလေးကို လုံလောက်သော နေရာပေးထားပြီး သူ၏ ခြေနှင့် လက်များ ကောင်းစွာဆန့်နိုင် […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း