ကလေးပြုစုစောင့်ရှောက်ခြင်း

သင့်ကလေးရဲ့ ဘဝတစ်သက်တာမှာ ကျန်းမာပျော်ရွှင်နေစေဖို့ အရွယ်အလိုက် ထိန်းကျောင်းနည်းတွေကို သိထားဖို့ လိုပါတယ်။ ဒီနေရာမှာ သင့်ကလေးလေး ပျော်ပျော်ရွှင်ရွှင်နဲ့ ကျန်းကျန်းမာမာ ကြီးပြင်းလာစေဖို့ လိုအပ်တဲ့ အချက်အလက်တွေ အကုန်လုံးကို ဖတ်ရှုနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ကလေးပြုစုစောင့်ရှောက်ခြင်း

ကလေးများနဲ့ အာဟာရ ချို့တဲ့ခြင်း

အာဟာရ မပြည့်ဝမှုကို ပုံစံ အမျိုးမျိုးနဲ့ တွေ့ရနိုင်ပါတယ်။ အာဟာရ မပြည့်ဝမှုဆိုတာ အာဟာရ မပြည့်မီတာ၊ တစ်မျိုးတည်းကို အလွန်အကျွံ စားသုံးမိပြီး အခြား အာဟာရဓာတ်တွေကို ပြည့်မီအောင် မဖြည့်တင်းမိတာ စသဖြင့် အမျိုးမျိုး ရှိနိုင်ပါတယ်။ အဝလွန်တာကလည်း အာဟာရမပြည့်ဝမှုတစ်ခုပါပဲ။ အာဟာရ ချို့တဲ့မှု ဆိုတာကတော့ လုံလောက်တဲ့ အာဟာရကို ပြည့်မီအောင် မရတာပါ။ ဒီလို အာဟာရ မပြည့်ဝတာက အာဟာရ ချို့တဲ့မှု ကို ဖြစ်စေပြီး ပြင်းထန်တဲ့ နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။ ကမ္ဘာ့တလွှားက အသက် ၅ နှစ်အောက် ကလေးငယ် 149 သန်းလောက်ဟာ အာဟာရချို့တဲ့မှုကို ခံစားနေကြရပါတယ်။ ဒီတစ်ခေါက်တော့ ကလေးများနဲ့ အာဟာရ ချို့တဲ့ခြင်း အကြောင်းလေး ပြောပြပေးချင်ပါတယ်။ အာဟာရ ချို့တဲ့ခြင်း အာဟာရ […]

ကလေးပြုစုစောင့်ရှောက်ခြင်း ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကလေးပြုစုစောင့်ရှောက်ခြင်း ကို ရှာဖွေမည်။

အခြားကလေးကျန်းမာရေးပြဿနာများ

သင့်ကလေးမှာ စိတ်ကူးယဉ်သူငယ်ချင်းတယောက်ရှိနေပြီဆိုရင် ဘာလုပ်မလဲ

မိဘအတော်များများဟာ သူတို့ရဲ့ ကလေးတွေဟာ မမြင်ရတဲ့ သူငယ်ချင်းတွေနဲ့ စကားပြောနေတာ ဒါမှမဟုတ် ဆော့ကစားနေတာမျိုးကို တွေ့ဖူးကြမှာပါ။ ဒါဟာ ပုံမှန်မဟုတ်တဲ့အတွက် မိဘတွေအနေနဲ့ စိုးရိမ်မှုတွေရှိမှာဖြစ်သလို ဒါဟာဘာဖြစ်တာများလဲလို့ သိချင်ကြမှာလည်းအမှန်ဖြစ်ပါတယ်။ ဒါပေမယ့် အရမ်းကြီးတော့လည်း မစိုးရိမ်ပါနဲ့။ သင့်ဘေဘီလေးအနေနဲ့ စိတ်ကူးယဉ်သူငယ်ချင်းတယောက် ရနေတာလည်း ဖြစ်နေနိုင်ပါတယ်။ ဒါဟာ ကလေးသဘာဝမျှသာ ဖြစ်ပါတယ် အသက်နှစ်နှစ်ခွဲအရွယ် ကလေးလေးတွေမှာ စိတ်ကူးယဉ်သူငယ်ချင်းလေးတွေ ရှိတတ်ကြတယ်လို့လေ့လာမှုတခုက ဆိုပါတယ်။ ဒါဟာလက်တွေ့ဘဝကို ကျော်လွန်တဲ့စိတ်ပိုင်းဆိုင်ရာအခြေအနေတရပ်ဖြစ်တယ်လို့ပြောလေ့ရှိကြပါတယ်။ ကလေးတွေရဲ့ စိတ်ကူးယဉ်သူငယ်ချင်းလေးတွေဟာ သူတို့လေးတွေသိတဲ့ သူတယောက်ယောက် ဒါမှမဟုတ် ပုံပြင်ထဲ၊ တီဗီထဲက ဇာတ်ကောင်တယောက်ယောက် ဖြစ်နိုင်သလို လုံးဝစိတ်ကူးယဉ်ဖန်တီးထားတာလည်းပဲ ဖြစ်နိုင်ပါတယ်။ ဒီလိုစိတ်ကူးယဉ်သူငယ်ချင်းရှိခြင်းဟာ ကလေးတွေအပေါ်ဘယ်လိုလွှမ်းမိုးမှုရှိစေနိုင်သလဲဆိုတာကိုတော့ ကလေးငယ်များဖွံ့ဖြိုးမှုဆိုင်ရာကျွမ်းကျင်သူတွေက ဆွေးနွေးလေ့လာနေကြဆဲ ဖြစ်ပါတယ်။ တချို့တွေက ဒါဟာဆိုးရွားတဲ့စိတ်ပိုင်းဆိုင်ရာဝေဒနာတခုလို့ယူဆကြသလို တချို့တွေကျပြန်တော့လည်း ဒါဟာကလေးငယ်လေးတွေမှာ ဖြစ်တတ်တဲ့သဘာဝမျှသာလို့ပြောကြပြန်ပါတယ်။ ဘာလို့ ဒီလိုအခြေအနေမျိုး ဖြစ်ပေါ်လာတာလဲ။ ကလေးတွေက ဘာလို့စိတ်ကူးယဉ်သူငယ်ချင်းတွေကိုဖန်တီးရတာလဲ။ အကြောင်းရင်းတွေ အများကြီးရှိနေပါတယ်။ […]


ကလေးပြုစုစောင့်ရှောက်ခြင်း

သင်တို့လင်မယား ချစ်တင်းနှောနေတုန်း ကလေးက မြင်သွားခဲ့ရင် ဘယ်လိုလုပ်မလဲ

သင်တို့လင်မယားချစ်တင်းနှောနေတုန်း ကလေးက မြင်သွားခဲ့ရင် ကလေးအတွက်ရော၊ သင်တို့အတွက်ပါ မမေ့နိုင်တဲ့အဖြစ်အပျက်တခု ဖြစ်သွားမှာ အသေအချာပါပဲ။ ဒါဖြင့် သင်တို့ရဲ့ အိပ်ခန်းတံခါးတွေကို ဘာလို့လော့ခ်မချထားတာလဲ။ ဒါဟာ မိဘတွေရဲ့သဘာဝပါ။ ရည်ရွယ်ချက်က အရေးအကြောင်းဆိုကလေးတွေ အခန်းထဲ ဘယ်အချိန်မဆိုဝင်လာနိုင်အောင် ဖြစ်ပါတယ်။ ဒါ့အပြင်သင်စိတ်သက်သာရာရသင့်တဲ့အချက်က ဒါမျိုးအခြေအနေကြုံတွေ့ရတာဟာ သင်တယောက်တည်းမဟုတ်ပါဖူး။ ဟုတ်ပြီ၊ ဒါဖြင့် ကလေးက မြင်သွားပြီဆိုရင် ဘယ်လိုတွေ ဆက်လုပ်သင့်လဲ။ ဒီဆောင်းပါးလေးကို ဆက်ပြီး ဖတ်ကြည့်လိုက်ပါ။ သင့်ကလေးမြင်သွားခဲ့ရင်-----ဆောင်ရန်-ရှောင်ရန်တွေ ဒီလိုအချိန်မျိုးမှာ သင်တို့အခန်းထဲကလေးဝင်လာခဲ့ရင် သင်ပူထူလန့်ဖြန့်သွားမှာ အသေအချာပါပဲ။ ဟုတ်ပြီ၊ မလန့်သွားပါနဲ့။ အာရုံကို ပြန်စုစည်းပါ (အဝတ်အစားတွေကိုရောပဲပေါ့)။ ချက်ချင်းကြီး အလန့်တကြားနဲ့ ရှင်းပြဖို့မကြိုးစားပါနဲ့။ ဒီလိုပူထူပြီးရှက်နေတဲ့အခြေအနေမျိုးမှာ သင်ပထမဆုံးပြောမိတဲ့စကားဟာ အသင့်တော်ဆုံး၊ အကောင်းဆုံးတုန့်ပြန်မှုစကားမဟုတ်ဖို့အတော်များပြီး မလိုတာတွေအများကြီးပြောမိတာ၊အမှားမှားအယွင်းယွင်းတွေပြောမိတာမျိုးပဲ ဖြစ်ဖို့ရှိပါတယ်။ သင့်ကလေးကအရမ်းငယ်လွန်းသေးတယ်ဆိုရင်သူမြင်လိုက်ရတာဟာ ဘာမှန်းတောင်သိမှာမဟုတ်ပါဖူး။ ပုံမှန်အပြုအမူတခုလို့ပဲထင်မှာပါ။ ဒါဆိုရင်တော့ သင်တို့အနေနဲ့အလုံးကြီးကျသွားလို့ရပါတယ်။"ဖေကြီးနဲ့မေကြီးကချစ်လို့ဖက်ထားတာ၊သမီးလေး/သားလေးလည်းလာလေ" စသဖြင့်ရောချလိုက်ပါ။ ကလေးပိစိတွေကိုတော့ […]


ကလေးပြုစုစောင့်ရှောက်ခြင်း

သင့်သားသမီး မူးယစ်ဆေးသုံးစွဲနေရင် ဘယ်လိုလုပ်ရမလဲ

သင့်သားသမီး မူးယစ်ဆေးသုံးစွဲနေတယ်လို့ သိလိုက်ရတာဟာ အင်မတန်မှကို ရင်ဆိုင်ရခက်ခဲတဲ့ အခြေအနေဖြစ်ပြီး သင့်အနေနဲ့ နောက်ကျောဓါးနဲ့အထိုးခံရသလို အရမ်းကိုတုန်လှုပ်စိတ်ပျက်သွားမှာ အသေအချာပါပဲ။ ဒါပေမယ့် အခုချိန်ဟာ ဒါတွေတွေးနေရမယ့် အချိန်မဟုတ်ပါဖူး။ အခုချိန်မှာ အရေးကြီးဆုံးက သင့်သား သမီးကို လမ်းကြောင်းမှန်ပေါ်ပြန်ရောက်လာအောင် ဆွဲတင်ပြီး သူတို့ဘဝရေတိမ်မနစ်အောင် ပြန်လည်တည့်မတ်ပေးဖို့ပါ။ ဒါကြောင့် ကိုယ့်သားသမီးမူးယစ်ဆေးသုံးစွဲနေတယ်လို့သိလိုက်ရတဲ့အခါ မိဘတွေပြုလုပ်သင့်တဲ့ အချက်တွေနဲ့ပတ်သက်ပြီး အခုဆောင်းပါးလေးမှာ ဖတ်ရှုနိုင်ပါတယ်။ သင့်စိတ်ကို ပြင်ဆင်ပါ။ ပထမဆုံး သိထားသင့်တဲ့အချက်က ထိတ်လန့်တကြား၊ ဒေါသတကြီးနဲ့အလွန်အကျွံမတုံ့ပြန်မိစေဖို့ပါပဲ။ ဒီလိုအချိန်မှာ ဒေါသတကြီးနဲ့ အော်ဟစ်ဆဲဆိုတာထက် အခြေအနေပိုဆိုးသွားစေမယ့်အရာမရှိပါဖူး။ ကိုယ့်စိတ်ကို ကိုယ်ထိန်းချုပ်ပါ။ သင့်ကလေးကို လမ်းကြောင်းမှန်ပေါ် ပြန်ဆွဲတင်ဖို့ဆိုရင် သင့်အနေနဲ့တည်တည်ငြိမ်ငြိမ်ရင်ဆိုင်ဖို့လိုအပ်ပါတယ်။ သူတို့လေးတွေကို နားလည်ပေးနိုင်ဖို့ ကြိုးစားပါ။ သူတို့ဟာငယ်ငယ်လေးရှိပါသေးတယ်။ လူတိုင်းမှားတတ်တယ်ဆိုတာကို သတိချပ်ပါ။ သင့်ကိုယ်သင်လည်း အပြစ်မတင်ပါနဲ့။ ကိုယ့်သားသမီး အခုလို ဆေးစွဲတာမျိုးဖြစ်ပြီဆိုရင် မိဘတွေအနေနဲ့အပြစ်ရှိသလို ခံစားရမှာ၊ […]


ကလေးငယ်အာဟာရ

သင့်ကလေးက အသီးအရွက်တွေ၊သစ်သီးတွေစားဖို့ ကြေးများနေရင် ဘယ်လိုလုပ်သင့်သလဲ

ကလေးတွေကို အသီးအရွက်တွေ၊ သစ်သီးတွေ အသာတကြည်စားအောင်ကျွေးဖို့ဆိုတာ မိဘတိုင်းအတွက် ပြင်းထန်တဲ့တိုက်ပွဲပါပဲ။ တချို့မိဘတွေက ကလေးတွေဘာမှ မစားတော့မှာစိုးတဲ့အတွက် အသီးအရွက်တွေကို ထမင်းစားပွဲကနေ လုံးဝဖယ်ထုတ်ထားတတ်ကြပါတယ်။ ဒါဟာ မှန်ကန်တဲ့ဖြေရှင်းမှုတော့ မဟုတ်ပါဖူး။ ဒီလိုလုပ်ရင် ကြာလာလေ ပိုဆိုးလာလေပဲ ဖြစ်မှာပါ။ သင့်ကလေး အသီးအရွက်တွေကို စားချင်လာအောင် ဘယ်လိုဆွဲဆောင်သိမ်းသွင်းမလဲဆိုတာ ဒီဆောင်းပါးမှာ အကြံဉာဏ်တချို့ပေးထားပါတယ်။ ဟင်းသီးဟင်းရွက်နဲ့ အသီးအနှံတွေရဲ့အရေးပါမှု သူတို့တွေဟာ အမျှင်ဓါတ်ကို အဓိကပေးနိုင်တဲ့ တာရှည်ခံဆေးဝါးတွေလုံးဝမပါဝင်သော သဘာဝထွက်ကုန် အစားအစာတွေဖြစ်ကြတဲ့အပြင် ဗီတာမင်နဲ့ သတ္တုဓါတ်တွေကိုလည်း အလျှံပယ်ပေးစွမ်းနိုင်ပါသေးတယ် ။ ဒါကြောင့် ဟင်းသီးဟင်းရွက်တွေနဲ့အသီးအနှံတွေဟာ ဝမ်းမှန်စေပြီး အဝလွန်တာကိုလည်း ကာကွယ်တားဆီးပေးနိုင်ပါတယ်။ ကလေးတွေကို ဟင်းသီးဟင်းရွက်နဲ့အသီးအနှံတွေပုံမှန်ကျွေးမယ်ဆိုရင် ကင်ဆာရောဂါတွေဖြစ်ပွားနှုန်းကို လျှော့ချပေးနိုင်တဲ့အပြင် နှလုံး၊ သွေးတိုးစတဲ့ရောဂါတွေကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။ ဒီဘက်ခေတ်ပိုင်းရဲ့ အစားအသောက်ပုံစံဟာ ကစီဓါတ်တွေ၊ ကယ်လ်လိုရီတွေ အရမ်းများတဲ့အတွက် ရောဂါဘယတွေ ဖြစ်လွယ်စေပါတယ်။ ဒီလိုရောဂါဘယတွေဘေးက ကင်းဝေးရလေအောင် သင့်ကလေးကို […]


ကလေးငယ်ပထမနှစ်

40 ပတ်သားကလေး

ဖွံ့ဖြိုးတိုးတက်မှုနှင့် အပြုအမူ ဘယ်လိုဖွံ့ဖြိုးလာလဲ ခုဆိုရင်ကလေးငယ်လေးတွေရဲ့ ပင်ကိုစရိုက်ပုံစံလေးတွေ ပေါ်လာပါပြီ။ တွေ့သမျှလူတိုင်းကို အားရပါးရပြုံးပြတတ်တဲ့ လူမှုဆက်ဆံရေးကောင်းသူဖြစ်ရင်ဖြစ်မယ်။ ရှက်တတ်ပြီး သူတို့ကိုကောင်းသောဦးတည်ချက်နဲ့ တစ်ယောက်ယောက်က ချဉ်းကပ်လာတာဆိုရင်တောင် မျက်နှာလေးကိုဖွက်ပြီး ပုန်းနေတတ်သူလေးတွေဖြစ်ရင်ဖြစ်မယ်။ တခြားလူတွေကို လက်ခံမဆက်ဆံမီ အခြေအနေတွေကို သေချာသုံးသပ်တတ်သူလေးတွေဖြစ်ရင်ဖြစ်မယ်။ ဒါပေမယ့် သူတို့စိတ်အခြေအနေဟာ ချက်ခြင်းဆိုသလို အလျင်အမြန်ပြောင်းရင်ပြောင်းသွားတတ်ပါတယ်။ သင်အပြင်ထွက်ဖို့ပြင်နေတာမြင်ရင် တာ့တာလှမ်းပြတာမျိုး သင့်အာရုံကိုရဖို့ ခြေဟန်လက်ဟန်တွေနဲ့လည်း ဖမ်းယူပါလိမ့်မယ်။ ဒီကိုးလပြည့်ပြီး နောက်ဆုံးရက်သတ္တပတ်မှာဆိုရင် သင့်ကလေးလေးဟာ- • ဘောလုံးကစားတတ်နေပါပြီ (သင်လှိမ့်ပေးလိုက်တဲ့ ဘောလုံးလေးကိုသင့်ဆီပြန်လှိမ့်ပေးတာမျိုး) • အကူအညီမလိုဘဲ ခွက်နဲ့သောက်တတ်နေပါပြီ • ပစ္စည်းသေးသေးလေးတွေကိုပါ လက်မနဲ့ လက်ညှိုးနဲ့ ညှပ်ပြီးသေသေချာချာကိုင်တတ်လာပါပြီ (ဒါကြောင့် အန္တရာယ်များတဲ့ အရာတွေကို ကလေးတွေလက်လှမ်းမမီနိုင်မယ့်နေရာမှာထားပါ) • အတန်ကြာကြာတစ်ယောက်ထဲ ကောင်းကောင်းမတ်တပ်ရပ်နိုင်လာပါပြီ။ • ‘မေမေ၊ ဖေဖေ’ စသည်ဖြင့် မပီမသခေါ်ချင်သလို လျှောက်ခေါ်တတ်လာပါပြီ။ • မေမေ ဖေဖေ အပြင် အခြားစာလုံးတွေ စပြောလာပြီ။ • လက်ဟန်ခြေဟန်နဲ့ စေခိုင်းတာတွေကို ပြန်တုံ့ပြန်တတ်လာပါပြီ […]


ကလေးငယ်ပထမနှစ်

41 ပတ်သားကလေး

ဖွံ့ဖြိုးတိုးတက်မှုနှင့် အပြုအမူ ဘယ်လိုဖွံ့ဖြိုးလာလဲ ခုဆိုရင်ကလေးငယ်ဟာ စကားလုံး၊ စာကြောင်းတချို့ကို နားလည်လာပါပြီ။ ဒါကြောင့် သူတို့နဲ့စကားအဆက်မပြတ်ပြောပေးနေဖို့ ပိုအရေးကြီးလာပါပြီ။ သူတို့ကမပီကလာ ပီကလာနဲ့ပြောတဲ့စကားပြတ်ကို မှန်ကန်တဲ့စကားလုံးအပြည့်အဖြစ်ပြန်ပြောပြီး စကားပြောဆိုမှုပုံစံကောင်းမွန်လာပါစေ။ ဒီအရွယ်မှာ သူတို့ပြောတဲ့ကလေးစကားပြောနည်းပုံစံအတိုင်း လိုက်ပြောတာကို အတတ်နိုင်ဆုံးရှောင်ပါ။ ပျော်စရာကောင်းပေမယ့် ကလေးငယ်ဖွံ့ဖြိုးမှုအတွက် သူတို့စကားလုံးအမှန်ကိုကြားတာကို ပိုအကျိုးရှိပါတယ်။ တခါတလေကြောင်တောင်တောင်နိုင်နိုင်ပေမယ့် ကလေးငယ်နဲ့စကားပြောနေခြင်းက သူတို့အတွက် ဘာသာစကားစွမ်းရည်ကိုတိုးတက်လာစေပါတယ်။ သူတို့ကဗလုံးပထွေးနဲ့ အားရပါးရပြောနေတဲ့အခါ ‘ဟယ် ဟုတ်လား၊ ဘာဖြစ်သွားလဲ၊ ပြောပါဦး’ စသည်ဖြင့် ပြန်တုံ့ပြန်သင့်ပါတယ်။ သူတို့နှစ်ခြိုက်စွာရယ်ပြီး ဆက်ပြောနေမှပါ..။ ခုဆယ်လပြည့်ချိန်မှာ သင့်ရင်သွေးလေးဟာ- • မတ်တပ်ရပ်တတ်လာပါပြီ • ထိုင်ရာကနေမတ်တပ်ထရပ်တတ်လာပြီ • သင်သူ့အရုပ်ကိုယူသွားရင်ပြန်လုတတ်ပြီ • ဖေဖေ၊ မေမေ ခေါ်တတ်ပြီ • တူတူပုန်းတမ်းလိုမျိုး ကစားတတ်ပြီ • သင်နဲ့ခြေဟန်လက်ဟန်တွေလုပ်ပြတတ်ပါပြီ   သူ့ကို ဘယ်လိုအထောက်အပံ့ပေးနိုင်မလဲ ကလေးငယ်ဖွံ့ဖြိုးမှုအတွက် သူတို့နဲ့ဆက်သွယ်ပြောဆိုနေဖို့က အရေးကြီးပါတယ်။ သူတို့ညွှန်ပြတဲ့အရာကို နာမည်ပြောပြတာ၊ ဒါမှမဟုတ် သင်ကနေ အရာဝတ္ထုတွေညွှန်ပြရင်း ဘယ်လိုခေါ်လဲသင်ပေးတာမျိုးဟာ သူတို့ကိုအမည်နာမတွေသိဖို့ ကူညီပေးပါတယ်။ သူတို့ကို […]


ကလေးငယ်ပထမနှစ်

42 ပတ်သားကလေး

ဖွံ့ဖြိုးတိုးတက်မှုနှင့် အပြုအမူ ဘယ်လိုဖွံ့ဖြိုးလာလဲ ခုအရွယ်မှာဆိုရင် သင့်ရင်သွေးလေးဟာ ယုံကြည်ချက်ရှိရှိ တစ်ယောက်ထဲထိုင်နိုင်ပြီ၊ ပရိဘောဂတွေကိုကိုင်ကာ လမ်းလျှောက်နိုင်ပြီ၊ အကူအညီမလိုဘဲ မတ်တပ်ရပ်နိုင်နေပါပြီ။ မတ်တပ်ရပ်ရင်းကနေ အရုပ်တွေဘာတွေတောင် ကုန်းကောက်နိုင်နေလောက်ပါပြီ။ တကယ်လို့ သင့်ကလေးကလမ်းစမလျှောက်သေးဘူးဆိုလည်း စိတ်မပူပါနဲ့။ ကလေးများစုဟာ ၁၂လသားမှာ ပထမဆုံးခြေလှမ်းလှမ်းတတ်ကြတယ်ဆိုပေမယ့် တချို့ကလေးတွေက ၁၈လသားလောက်မှ လမ်းစလျှောက်တာမျိုးလည်းရှိပါတယ်။ ခုအချိန် ဆယ်လပြည့်ပြီးလို့ နှစ်ပတ်မြောက်အချိန်မှာဆိုရင်တော့ သင့်ရင်သွေးလေးဟာ- • ဝမ်းလျားမှောက်ရာမှ ထထိုင်တတ်ပြီ • လက်ခုပ်တီးတတ်၊ တာ့တာ ပြတတ်ပြီ • ပစ္စည်းသေးသေးလေးတွေကိုပါ လက်မနဲ့ လက်ညှိုးနဲ့ ညှပ်ပြီးသေသေချာချာကိုင်တတ်လာပါပြီ (ဒါကြောင့် အန္တရာယ်များတဲ့ အရာတွေကို ကလေးတွေလက်လှမ်းမမီနိုင်မယ့်နေရာမှာထားပါ) • ပရိဘောဂတွေကိုင်ပြီးလမ်းလျှောက်တတ်ပြီ • ‘မလုပ်ရဘူး’ စသကဲ့သို့ အငြင်းဝါကျကိုနားလည်လာပြီ (အမြဲလိုက်နာမှမဟုတ်ပေမယ့်ပေါ့) သူ့ကို ဘယ်လိုအထောက်အပံ့ပေးနိုင်မလဲ မုန်လာဥနီအစိမ်းလိုက်လိုမျိုး၊ စပျစ်သီးအလုံးလိုက်လိုမျိုး နင်နိုင်တဲ့စားစရာတွေကျွေးခြင်းမှရှောင်ပါ။ အသီးအရွက်ဆိုလျှင် သေချာချက်ပြုတ်ပြီး သေးသေးလေးတွေလှီးဖြတ်ပြီး၊ အသီးအနှံဆိုလျှင် အတုံးသေးသေးလေးတွေတုံးပြီး လှီးဖြတ်ပြီး ကျွေးရပါမယ်။   ကျန်းမာဖို့၊ လုံခြုံဖို့ ဆရာဝန်နှင့် ဘာတွေ ဆွေးနွေးသင့်ပါသလဲ။ ဒီအရွယ်မှာ […]


ကလေးငယ်ပထမနှစ်

43 ပတ်သားကလေး

ဖွံ့ဖြိုးတိုးတက်မှုနှင့် အပြုအမူ ဘယ်လိုဖွံ့ဖြိုးလာလဲ ခုအချိန်မှာဆိုရင် ကလေးလေးဟာ သင့်လက်ကိုဆုပ်ကိုင်ရင်း လမ်းလျှောက်တတ်နေပါပြီ။ သင်ကသူတို့ကိုအင်္ကျ ီလဲပေးတဲ့အခါတွေမှာလည်း သူတို့လက်လေး ခြေထောက်လေးတွေကို ဆန့်တန်းထုတ်ပေးပြီး သင့်ကိုကူညီနေတတ်ပါပြီ။ ထမင်းစားချိန်မှာလည်း သူတို့ခွက်ထဲကသူတို့သောက်နိုင်၊ စားနိုင်နေလောက်ပါပြီ (တချို့ကလေးတွေကတော့ တစ်နှစ်၊ နှစ်နှစ်သားလောက်ထိ မစားနိုင်သေးတာလည်း ရှိပါလိမ့်မယ်) ဒီအရွယ်ဆိုရင် သင့်ရင်သွေးလေးဟာ- • တစ်ယောက်ထဲခေတ္တမတ်တပ်ရပ်နိုင်လာပြီ • မေမေ ဖေဖေ ခေါ်တတ်ပြီ • လိုချင်တာကို လက်ညှိုးထိုးပြတတ်နေပါပြီ   သူ့ကို ဘယ်လိုအထောက်အပံ့ပေးနိုင်မလဲ ကလေးငယ်ဟာ သင်ကောက်ပေးအောင်လို့ ပစ္စည်းတွေကိုတမင်လွှတ်လွှတ်ချနေတာမျိုး လုပ်ကောင်းလုပ်နေပါလိမ့်မယ်၊ တကယ်လို့ သင်က ကောက်ပေးရတာများလာလို့ ပင်ပန်းလာရင် သူတို့ကို တူတူပုန်းတမ်းလိုမျိုး တခြားဂိမ်းတစ်ခုနဲ့ အာရုံပြောင်းကစားပေးလိုက်ပါ။   ကျန်းမာဖို့၊ လုံခြုံဖို့ ဆရာဝန်နှင့် ဘာတွေ ဆွေးနွေးသင့်ပါသလဲ။ ဒီအရွယ်မှာ ပုံမှန်စစ်ဆေးဖို့ရက်ချိန်းမပေးတတ်ပါဘူး။ ဒါပေမယ့် တကယ်လို့တစ်ခုခု စိတ်ပူစရာမျိုးရှိရင်တော့ ဆရာဝန်ချက်ခြင်းသွားပြပါ။ ဘာတွေသိသင့်လဲ။ ဒီအချိန်မှာဆိုရင် အအေးမိတာ၊ ဖျားတာမျိုးတွေနဲ့ ကြုံလာရပြီဖြစ်တဲ့အတွက် ပဋိဆေးဝါးဆေးတွေနဲ့ပတ်သတ်လို့ သိထားသင့်ပါတယ်။ သင်သိထားသင့်တာတွေကတော့- ကလေးကိုပဋိဇီဝဆေးတွေပေးတဲ့အခါ သိတိထားပါ။ ထိုဆေးတွေဟာ ဘတ်တီးရီးယားတစ်မျိုးထဲကိုသာ နိုင်တာဖြစ်ပြီး […]


ကလေးငယ်ပထမနှစ်

44 ပတ်သားကလေး

ဖွံ့ဖြိုးတိုးတက်မှုနှင့် အပြုအမူ ဘယ်လိုဖွံ့ဖြိုးလာလဲ ခုအရွယ်မှာဆိုရင် သင့်ရင်သွေးလေးဟာ- • ငိုတာအပြင် တခြားနည်းလမ်းတွေနဲ့ သူတို့လိုချင်တာကိုပြောတတ်လာပါပြီ • ဘောလုံးကစားတတ်ပြီ • အကူအညီမလိုဘဲ ခွက်ကနေသောက်တတ်ပြီ • ပစ္စည်းသေးသေးလေးတွေကိုပါ လက်မနဲ့ လက်ညှိုးနဲ့ ညှပ်ပြီး သေသေချာချာကိုင်တတ်လာပါပြီ (ဒါကြောင့် အန္တရာယ်များတဲ့အရာတွေကို ကလေးတွေလက်လှမ်းမမီနိုင်မယ့် နေရာမှာထားပါ) • အခြားဘာသာစကားတစ်ခုကိုပြောနေသလိုပဲ မပီကလာ ပီကလာနဲ့ စကားတွေဗလုံးပထွေး လျှောက်ပြောတတ်လာပြီ • မေမေ ဖေဖေ အပြင်ပြောတတ်လာပြီ • ခြေဟန် လက်ဟန်ပြပြီး ခိုင်းတဲ့အမိန့်ကို ပြန်တုံ့ပြန်တတ်လာပြီ ( ‘ဒီကိုပေး’ ဆိုပြီး လက်ဖြန့်တောင်းတာမျိုး) • လမ်းကောင်းကောင်းလျှောက်တတ်လာပါပြီ သူ့ကို ဘယ်လိုအထောက်အပံ့ပေးနိုင်မလဲ ကလေးငယ်လေးဟာ ခုဆိုရင် သူ့ကိုညွှန်ပြမှုတွေကိုနားလည်နေပါပြီ သင်က ‘မလုပ်နဲ့ မကိုင်နဲ့’ စသည့်ဖြင့် တားမြစ်တာတိုင်းကို လိုက်နာမှာတော့မဟုတ်ပေမယ့်ပေါ့…။ ဒါကြောင့် သင့်စကားနည်းနည်းအရာရောက်စေဖို့ တကယ်လိုအပ်ပြီး အရေးကြီးတဲ့အခါမျိုးမှသာသုံးတာပိုကောင်းပါလိမ့်မယ်။ သေချာပေါက် ကလေးက သင်ဒီနေ့ပြောတာကို မနက်ဖြန်မှတ်မိတော့မှာမဟုတ်ပေမယ့် စည်းကမ်းသတ်မှတ်ချက်လေးတစ်ချို့ သတ်မှတ်ဖို့မစောလွန်းတော့ပါဘူး။ ဒါကြောင့် […]


ကလေးငယ်ပထမနှစ်

45 ပတ်သားကလေး

ဖွံ့ဖြိုးတိုးတက်မှုနှင့် အပြုအမူ ဘယ်လိုဖွံ့ဖြိုးလာလဲ ခုဆိုရင် စကားလုံးတွေရော စကားလုံးဆန်ဆန်အသံပေါင်းစုံရော သင့်ကလေးဆီကထွက်လာနေပါပြီ။ ပြီးတော့ သူတို့ဟာ စကားလုံးတွေကို အဓိပ္ပါယ်ရှိရှိ နေရာတကျလည်း သုံးတတ်နေပါပြီ။ ကလေးငယ်ရဲ့ ဦးနှောက်ဟာ ဆက်လက်ဖွံ့ဖြိုးလာတာနဲ့အမျှ သူတို့ရဲ့စဉ်းစားဆင်ခြင်နိုင်စွမ်းတွေ၊ စကားပြောနိုင်စွမ်းတွေကလည်း တိုးတက်လာပါပြီ။ ဒီအရွယ်မှာဆိုရင် သင့်ရင်သွေးလေးဟာ- • မှောက်နေရာမှ ထထိုင်နိုင်ပြီ • ပစ္စည်းသေးသေးလေးတွေကိုပါ လက်မနဲ့ လက်ညှိုးနဲ့ ညှပ်ပြီးသေသေချာချာကိုင်တတ်လာပါပြီ (ဒါကြောင့် အန္တရာယ်များတဲ့ အရာတွေကို ကလေးတွေလက်လှမ်းမမီနိုင်မယ့်နေရာမှာထားပါ) • အမြဲလိုက်နာမှမဟုတ်ပေမယ့် ‘မလုပ်ရဘူး ၊ မကိုင်ရဘူး’ စသည့်အငြင်းစကားတွေကို နားလည်နေပါပြီ။ သူ့ကို ဘယ်လိုအထောက်အပံ့ပေးနိုင်မလဲ ဒီအရွယ်မှာဆိုရင် ကလေးဟာစကားလုံးတွေ၊ အသံထွက်တွေကိုလိုက်အတုခိုးတတ်နေပါပြီ။ နောက်ပြီး ‘ဘောလုံးလေးယူခဲ့’၊ ‘ဇွန်းလေးကောက်လိုက်ပါဦး’ စသည်ဖြင့် တစ်ဆင့်ထဲအမိန့်တွေကိုလည်း လိုက်နာတတ်နေပါပြီ။ သူတို့သင်ယူမှုကို အားပေးတဲ့အနေနဲ့ လိုက်နာရလွယ်ကူတဲ့အဆင့်လေးတွေနဲ့အမိန့်မျိုးကို ခြေဟန်လက်ဟန်တွေနဲ့ ပြောကြည့်ပါ။   ကျန်းမာဖို့၊ လုံခြုံဖို့ ဆရာဝန်နှင့် ဘာတွေ ဆွေးနွေးသင့်ပါသလဲ။ ဒီအရွယ်မှာ ပုံမှန်စစ်ဆေးဖို့ရက်ချိန်းမရှိတတ်ပါဘူး။ ဒီအရွယ်ကလေးငယ်တွေဟာ ဆရာဝန်ဆီသွားရတာကို မကြိုက်တဲ့အပြင် […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း