ကလေးပြုစုစောင့်ရှောက်ခြင်း

သင့်ကလေးရဲ့ ဘဝတစ်သက်တာမှာ ကျန်းမာပျော်ရွှင်နေစေဖို့ အရွယ်အလိုက် ထိန်းကျောင်းနည်းတွေကို သိထားဖို့ လိုပါတယ်။ ဒီနေရာမှာ သင့်ကလေးလေး ပျော်ပျော်ရွှင်ရွှင်နဲ့ ကျန်းကျန်းမာမာ ကြီးပြင်းလာစေဖို့ လိုအပ်တဲ့ အချက်အလက်တွေ အကုန်လုံးကို ဖတ်ရှုနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ကလေးပြုစုစောင့်ရှောက်ခြင်း

ကလေးများနဲ့ အာဟာရ ချို့တဲ့ခြင်း

အာဟာရ မပြည့်ဝမှုကို ပုံစံ အမျိုးမျိုးနဲ့ တွေ့ရနိုင်ပါတယ်။ အာဟာရ မပြည့်ဝမှုဆိုတာ အာဟာရ မပြည့်မီတာ၊ တစ်မျိုးတည်းကို အလွန်အကျွံ စားသုံးမိပြီး အခြား အာဟာရဓာတ်တွေကို ပြည့်မီအောင် မဖြည့်တင်းမိတာ စသဖြင့် အမျိုးမျိုး ရှိနိုင်ပါတယ်။ အဝလွန်တာကလည်း အာဟာရမပြည့်ဝမှုတစ်ခုပါပဲ။ အာဟာရ ချို့တဲ့မှု ဆိုတာကတော့ လုံလောက်တဲ့ အာဟာရကို ပြည့်မီအောင် မရတာပါ။ ဒီလို အာဟာရ မပြည့်ဝတာက အာဟာရ ချို့တဲ့မှု ကို ဖြစ်စေပြီး ပြင်းထန်တဲ့ နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။ ကမ္ဘာ့တလွှားက အသက် ၅ နှစ်အောက် ကလေးငယ် 149 သန်းလောက်ဟာ အာဟာရချို့တဲ့မှုကို ခံစားနေကြရပါတယ်။ ဒီတစ်ခေါက်တော့ ကလေးများနဲ့ အာဟာရ ချို့တဲ့ခြင်း အကြောင်းလေး ပြောပြပေးချင်ပါတယ်။ အာဟာရ ချို့တဲ့ခြင်း အာဟာရ […]

ကလေးပြုစုစောင့်ရှောက်ခြင်း ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကလေးပြုစုစောင့်ရှောက်ခြင်း ကို ရှာဖွေမည်။

ကလေးငယ်ပြုစုစောင့်ရှောက်နည်း

သင့်ကလေးကို စာဖတ်ဝါသနာပါအောင် အားပေးပါ

သင့်ကလေးကို ငယ်ရွယ်သော အချိန်မှစပြီး စာဖတ်ခြင်း အကျင့်ဖြစ်အောင် သွန်သင်ပေးခြင်းသည် သူတို့၏ နားလည် သဘောပေါက်မှုနှင့် အသိညဏ်ဖွံ့ဖြိုးမှုကို တိုးတက် စေသည်။ သင့်ကလေးသည် ဝတ္ထုစာအုပ်၊ မဂ္ဂဇင်း၊ ဆောင်း ပါး သို့မဟုတ် မွေးနေ့ကတ်တစ်ခုကို ဖတ်ရန်နှစ်သက်ပါက သူတို့သည် ဆန်းသစ်ပြီး စိတ်ဝင်စားဖွယ်အရာများကို အမြဲ သင်ယူနိုင်ပါသည်။ ထို့ကြောင့် မိဘများအနေဖြင့် ထိုအကျင့် ကောင်းများကို အားပေးရမည်။ စာဖတ်ခြင်းကို ပိုပြီး ပျော်ရွှင်ဖွယ် ကောင်းအောင် ကြိုးစားပေးသင့်သည်။ စာဖတ်ခြင်းကို ပျော်ရွှင်ဖွယ်ကောင်းသောအလုပ် ဖြစ်အောင် ပြုလုပ်ပါ။ မိဘများသည် သားသမီးများနှင့် စာအတူလိုက်ဖတ်ပေး ပါက စာဖတ်ခြင်းသည် ကလေးများအတွက် ပိုပြီး စိတ်ဝင်စား ဖွယ်ကောင်းနိုင်သည်။ အတူတူစာဖတ်ခြင်းသည် မိသားစု သံယောဇဉ်ကို ခိုင်မာစေရုံသာမက သင့်ကလေး၏ စာအုပ်များ အပေါ် ချစ်ခင်စိတ်ကိုလည်း ဖန်တီးပေးသည်။ […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

အိမ်ထောင်ကွဲမိသားစုအတွင်း ကျန်းမာပျော်ရွှင်နေတဲ့ ကလေးတွေကို ပြုစုပျိုးထောင်နည်း

လက်ထပ်လိုက်ပြီးတဲ့နောက်ပိုင်းတော့ ကွဲဖို့ကွာဖို့ ဘယ်သူမှ မျှော်လင့်ထားကြမှာမဟုတ်ပါဘူး။ ဒါပေမဲ့ ဘဝဆိုတာ နတ်သမီးပုံပြင်တွေလို သင့်ရဲ့ မင်းသားလေးနဲ့တွေ့ပြီး ထာဝရပျော်ရွှင်စွာ နေထိုင်သွားရလေသတည်းလို့ အဆုံးသတ်ထားတဲ့ ပုံပြင်လေးတစ်ပုဒ်မှ မဟုတ်တာ။ တကယ်လို့များ သင်က ကံဆိုးစွာနဲ့ပဲ ကွာရှင်းခြင်းကသာ နှစ်ဦးနှစ်ဘက်လုံးအတွက် အကောင်းဆုံးနည်းလမ်းဖြစ်နေတယ်လို့ တွေ့ရှိခဲ့ရင်လည်း နောက်ပိုင်းမှာ သင့်ကလေး ပိုကောင်းတဲ့ ဘဝရစေဖို့အတွက် အခွင့်အရေးရလာတယ်လို့သာ နှလုံးသွင်းပါ။ ဒီမှာတော့ ပြိုကွဲသွားတဲ့ အိမ်ထောင်စုအတွင်းမှာ ကလေးတွေကို ဘယ်လို ပျော်ရွှင်ကျန်းမာအောင် ပြုစုပျိုးထောင်ရမလဲဆိုတဲ့ နည်းလမ်းတွေကို ဖော်ပြပေးထားပါတယ်။ အိမ်ထောင်ကွဲခြင်းရဲ့ ကလေးတွေအပေါ် လွှမ်းမိုးမှုများ ကျွန်တော်တို့အားလုံးသိထားကြသလို အိမ်ထောင်တွေကွဲကြပြီဆိုရင် မိဘတွေပဲ ခံစားကြရတာမဟုတ်ပါဘူး။ သူတို့ရဲ့ ကလေးတွေပါ ခံစားကြရတာပါ။ ဘယ်လိုပဲဖြစ်ဖြစ် ဒီလိုကွဲကွာမှုမျိုးက သင့်ကလေးအပေါ် ဘယ်လိုလွှမ်းမိုးထားတယ်ဆိုတာနဲ့ ဒီလို ရှုပ်ထွေးတဲ့ လွှမ်းမိုးမှုကြီးကို ဘယ်လိုဖြေရှင်းရမယ်ဆိုတာ ကျွန်တော်တို့ တကယ်ရောသိကြပါရဲ့လား။ Stop Screaming and […]


ကလေးအပြုအမူနဲ့ဖွံ့ဖြိုးမှုပိုင်းဆိုင်ရာ ပြဿနာများ

ကလေးများတွင်ဖြစ်သော Reactive Attachment Disorder

ကလေးများကို စောင့်ရှောက်သူများက ကျွေးမွေးပြုစု ထိန်းကျောင်းသောအခါ သံယောဇဉ် ဖြစ်လာသည်။ ထိုသံ ယောဇဉ်ကြောင့်ပင် ကလေးများသည် အခြားလူများကို ဘယ်လိုယုံကြည်ရန်၊ ချစ်ခင်ရန် သိနားလည်လာသည်။ သို့သော်လည်း အချို့အခြေအနေများတွင် အရွယ်ရောက်ပြီး သူများ သည် ကလေးများအား လုံလောက်စွာ ဂရုမစိုက်ဘဲ သူတို့နှင့် ကလေးများကြားတွင် ဆက်ဆံရေး ပြဿနာများ ရှိလာမည်။ ထိုသို့ထပ်ခါထပ်ခါ ဖြစ်ပါက reactive attachment disorder (RAD) ဖြစ်လာနိုင်သည်။ ၎င်းသည် ကလေးများ၏ အနာဂတ်ဘဝတွင် အဟန့်အတား ဖြစ်လာ လိမ့်မည်။ အဓိပ္ပါယ်ဖွင့်ဆိုချက် Reactive attachment disorder (RAD) ဆိုသည်မှာ ကလေးများသည် သူတို့မိဘများ သို့မဟုတ် စောင့်ရှောက်သူ များနှင့် အချိန်ကြာပြီး အဆင်ပြေသော ဆက်ဆံမှုမရှိခြင်း ဖြစ်သည်။ ရှုပ်ထွေးပြီး ပြင်းထန်သော်လည်း အဖြစ်နည်းသော […]


ကျောင်းနေအရွယ်ကလေးရဲ့ ဖွံ့ဖြိုးမှုအဆင့်ဆင့်

စာဖတ်ခြင်းက သင့်ကလေးကို ပိုမိုထူးချွန်လာစေပါတယ်

ကလေးတွေအတွက် စာဖတ်ခြင်းဆိုတာ အပန်းပြေစေဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ စိတ်ဆန္ဒအလျောက် စာဖတ်ခြင်းမျိုး ဖြစ်သင့်ပါတယ်။ ကလေးတွေမှာလည်း စာဖတ်ခြင်းက နေ ပျော်ရွှင်မှုကို ခံစားရယူနိုင်ပါတယ်။ ဒီအလေ့အထဟာ ကလေးရဲ့ ဦးနှောက်ဖွံ့ဖြိုးမှု၊ လူမှုဆက်ဆံရေးစွမ်းရည်နဲ့ နားလည်ပေးတတ်ခြင်းအလေ့အထတွေကို တိုးတက်လာစေပါတယ်။ OECD ရဲ့ လေ့လာမှုအရ စာဖတ်တဲ့အလေ့အထက ကလေးတွေရဲ့ မိသားစုနောက်ခံထက် ပိုပြီးအရေးကြီးတယ်လို့ ဆိုပါတယ်။ ဒါဟာ သူတို့ရဲ့ စိတ်ဓာတ်၊ အတွေးအခေါ်နဲ့ ဦးနှောက်စွမ်းရည်အပေါ် ကြီးမားတဲ့ လွှမ်းမိုးမှုတစ်ခု ဖြစ်စေနိုင်ပါတယ်။ စာဖတ်ခြင်းက ကလေးတွေအတွက် ဘယ်လိုကောင်းကျိုးတွေ ရစေသလဲ။ Research Evidence on Reading for Pleasure လို့ အမည်ရတဲ့ သုတေသန တစ်ခုကို Education Standards Research Team (ESARD)က ၂၀၁၂တုန်းက ပြုလုပ်ခဲ့ပြီး ဒီလေ့လာမှုက ပျော်ရွှင်ဖို့ စာဖတ်တဲ့ […]


မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးရဲ့ ကြီးထွားဖွံ့ဖြိုးမှု

မူကြိုကလေးများတွင် ပေါင်းသင်းဆက်ဆံရေး ဖွံ့ဖြိုးမှု

အသက် ၃နှစ်မှ ၅နှစ်တွင် သင်၏ကလေးသည် တစ်ကိုယ်ကောင်းဆန်မှု နည်းလာပြီး ပို၍ ဖော်ရွေသော လူ တစ်ယောက်အဖြစ် ပြောင်းလဲလာသည်။ သင့်အပေါ်တွင် မှီခိုမှု နည်းလာပြီး အခြားလူများဖြင့် ဘယ်လို ဆက်ဆံရန်၊ မျှဝေရန် စတင်သင်ယူလာသည်။ မိဘများသည် ကလေးများ ပေါင်းသင်းဆက်ဆံရေး ဖွံ့ဖြိုးလာသော အချိန်တွင် ဘာတွေ ဖြစ်သလဲကို ပို၍လေ့လာသင့်ပြီး သူတို့ကောင်းစွာ ကြီးပြင်း လာရန် ကူညီရမည်။ စိတ်ကူးပြီးကစားခြင်း ဤအရွယ်တွင် ကလေးများသည် တစ်ဦးနှင့်တစ်ဦး ကစားကြသည်။ အခြားကလေးများဖြင့် လှုပ်ရှားမှုများကို အမှန်တကယ် လုပ်ဆောင်သည်။ အရုပ်များ၊ ဂိမ်းများထက် ယုံတမ်းပုံပြင်များလုပ်ပြီး ကစားကြသည်။ ကလေးများသည် အရွယ်ရောက်သူများ၏ အလုပ်ကို တုပပြီးကစားကြသည်။ ဥပမာ ဈေးဝယ်ထွက်ခြင်း၊ ရဲစခန်းသို့သွားခြင်း။ ထိုလှုပ်ရှားမှု များသည် ကလေးများကို ဆွဲဆောင်သည်။ အရွယ်ရောက်ပြီး သူများ၏ […]


အခြားကလေးကျန်းမာရေးပြဿနာများ

ကလေးများ TV ကြည့်ခြင်း ၊ ဖုန်း သို့ ကွန်ပြူတာသုံးခြင်းများကို ဖိအားမပေးပဲ လျှော့ကျစေခြင်း

ယနေ့ခေတ်ကလေးများသည် ကျွန်တော်တို့တုန်းကလို ကျောင်း ၊ သူငယ်ချင်းများ နှင့် ပြဿနာများရင်ဆိုင်နေရသော်လည်း သူတို့တွင် ပြဿနာတစ်ခုပါထပ်တိုးလာပါတယ် ။ အဲ့ဒါကတော့သူတို့ဟာ ဖုန်းတွေ၊ကွန်ပြူတာတွေ၊ ဗီဒီယိုဂိမ်းတွေနားကနေ တစ်ဖဝါးမှမခွာနိုင်ဖြစ်နေခြင်းပဲဖြစ်ပါတယ် ။ ဒါတွေဟာ ကလေးရဲ့စာကြည့်ချိန်နဲ့ ပြင်ပလောကကြီးမှာပျော်မွေ့ဖို့အချိန်တွေကို လျော့စေပါတယ် ။ မိဘများဟာ မိမိတို့ရဲ့ကလေးများ တီဗီကြည့်ခြင်း ၊ ဖုန်းသုံးခြင်း၊ ဂိမ်းဆော့ခြင်း တို့မှလျော့နည်းစေရန် အောက်ပါ ဖိအားပေးခြင်းမရှိတဲ့နည်းလမ်းများကို စမ်းသပ်ကြည့်သင့်ပါတယ် ။ သင့်ရဲ့ တီဗီကြည့်တဲ့ဖုန်းသုံးတဲ့အလေ့အကျင့်တွေကိုလျှော့ချပါ ။ သင့်ရဲ့ကလေးတွေဟာ သင်လုပ်နေတာတွေကို အမြဲတမ်းသတိထားကြည့်မနေပေမယ့် သင်ဟာတာ့သူတို့ရဲ့စံပြပုဂ္ဂုလ်ဖြစ်နေတုန်းပါပဲ။ ဒါကြောင့် မိမိကိုယ်တိုင် ကားမောင်းရင်းစာပို့နေတာတို့ ၊ တီဗီကြည့်တာတို့ ၊ ထမင်းစားစဉ် ဖုန်းတစ်လုံးနဲ့စားနေတာတွေကို မပြုပြင်ပဲ ကလေးကို တီဗီကြည့်တာတွေ၊ ဂိမ်းဆော့တာတွေလျှော့ခိုင်းဖို့မဖြစ်နိုင်ပါဘူး ။ ဖုန်းသုံးတာ ၊ ဂိမ်းဆော့တာရပ်သင့်သောအချိန်တွင် သတိပေးခြင်း ။ အီလတ်ထရောနစ်ပစ္စည်းများအသုံးမပြုပဲနေခြင်းဟာ မဖြစ်နိုင်သော်လည်း သင့်ရဲ့ကလေ အချိန်ဘယ်လောက်သုံးနေတယ်ဆိုတာကို […]


ကလေးအသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

ကလေးတွေမှာ ဖြစ်တတ်တဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာ ဗိုင်းရပ်စ်တွေအကြောင်း ဘာတွေသိထားရမလဲ

Respiratory syncytial virus ဆိုတာ အဆုတ်နဲ့ အသက်ရှူစနစ်မှာ ပိုးဝင်စေတဲ့ ဗိုင်းရပ်စ်တစ်မျိုးပါ။ ဒါဟာ အသက်အရွယ်မရွေးဖြစ်တတ်ပေမယ့် ကလေးတွေမှာဆိုရင်တော့ ရောဂါ လက္ခဏာတွေက ပိုပြီး ပြင်းထန်ပါတယ်။ လက္ခဏာများ ဒီဗိုင်းရပ်စ်ပိုးဝင်ရင် ဖြစ်တတ်တဲ့ လက္ခဏာတွေကတော့ အသက်အရွယ်အလိုက်ပြောင်းလဲတတ်ပါတယ်။ ပိုးဝင်ပြီး ၄ရက်မှ ၆ရက်အတွင်း ဖြစ်ပေါ်လာတတ်ပါတယ်။ အသက်နည်းနည်းရလာပြီဖြစ်တဲ့ ကလေးတွေနဲ့ အရွယ်ရောက်ပြီးသူတွေမှာတော့ လက္ခဏာတွေက ပျော့ပြီး ပုံမှန်အဖြစ်များတဲ့ အအေးမိခြင်းရဲ့ လက္ခဏာတွေနဲ့ အတူတူပါပဲ။ ဒီအပျော့စားလက္ခဏာတွေမှာတော့ - ချောင်းခြောက်ဆိုးခြင်း - နှာစေးခြင်း - သိပ်မပြင်းသောအဖျားရှိခြင်း (ကိုယ်အပူချိန် သိပ်မမြင့်တဲ့ အဖျား) - ခေါင်းကိုက်ခြင်း - လည်ချောင်းနာခြင်း - နှာချေခြင်း စတာတွေပါဝင်ပါတယ်။ ဒီလက္ခဏာတွေဟာ တစ်ခါတည်း အားလုံးစုဖြစ်လာတာမဟုတ်ပါဘူး။ ဒီဗိုင်းရပ်စ်ဟာ ကလေးတွေကို ကူးစက်မယ်ဆိုရင်တော့ နမိုးနီးယား အဆုတ်ရောင်ရောဂါလို ပြင်းထန်တဲ့အခြေအနေတွေဖြစ်စေပါတယ်။ လက္ခဏာတွေကတော့ - ပြာခြင်း (အောက်ဆီဂျင်မဝခြင်းကြောင့် ဖြစ်ရတာပါ။ ) - အသက်ကို […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

ဆုပေးခြင်းစနစ် ၊ အမှန်နှင့်အမှား

ကလေးများကို အပြုသဘောဆောင်သော တွန်းအား ဖြစ်စေရန် ဆုပေးရန် လိုအပ်သည်။ သို့သော်လည်း လူအများ သည် ကလေးကို မှန်ကန်သော နည်းလမ်းဖြင့် ဆုပေးရန် မသိရှိပါ။ မှားယွင်းသော ဆုပေးခြင်းဆိုတာဘာလဲ။ မှားယွင်းသော ဆုပေးခြင်းဆိုသည်မှာ အပျက်သဘော ဆောင်သော တွန်းအားပေးမှုတစ်ခု ဖြစ်သည်။ ဥပမာ- သင့် ကလေးသည် သူ့အခန်းကို သန့်ရှင်းရေး မလုပ်ပါက သင်သည် သန့်ရှင်းရေးလုပ်ရန် ပြောမည့်အစား အခန်းသန့်ရှင်းရေး လုပ်ပြီးပါက ဆုအဖြစ် အရုပ်အသစ် တစ်ရုပ်ပေးမည်ဟု ပြောနိုင်သည်။ ကလေး၏ အပျက် သဘောဆောင်သော ရလဒ် သို့မဟုတ် မနှစ်သက်သော ခံစားမှုကို ဖယ်ရှားခြင်းဖြင့် သူတို့၏ တုံ့ပြန်မှု သို့မဟုတ် အပြု အမှုကို သန်မာစေသည်။ သင့်ကလေးသည် သူတို့ဆောင် ရွက်သောအခါ သင့်ဆီမှ စိတ်ဝင်စားမှု သို့မဟုတ် သူတို့လို […]


ကလေးပြုစုစောင့်ရှောက်ခြင်း

အက်စ်ပရင် ဟာ ဘာကြောင့် ကလေးတွေနဲ့ မသင့်လျော်ရတာလဲ

လူကြီးတွေအတွက်တော့ အက်စ်ပရင်တို့ Acetaminophen တို့လို OTC အကိုက်အခဲပျောက်ဆေးမျိုးဟာ ဆေးညွှန်းနဲ့အညီ သတိပေးချက်တွေကို လိုက်နာလို့ သုံးစွဲရင် အတော်ကို ထိရောက်မှုရှိစေပါတယ်။ အကိုက်အခဲပျောက်ဆေး၊ နာကျင်တာကိုပျောက်စေနိုင်တဲ့ဆေးအများစုဟာ ကလေးတွေအတွက် အန္တရာယ်ကင်းပေမယ့် ဒီထဲမှာ အက်စ်ပရင် မပါပါဘူး။ ဒါဟာကလေးငယ်တွေမှာ Reye’s syndrome ရောဂါဖြစ်နိုင်တဲ့ အန္တရာယ်ရဲ့ အကြောင်းရင်းတစ်ခုပါပဲ။ ဆရာဝန်ရဲ့ ညွှန်ကြားမှုမရှိဘဲ ကလေးတွေကို အက်စ်ပရင် လုံးဝမတိုက်ပါနဲ့။ အက်စ်ပရင် ပါဝင်ပစ္စည်းတွေလိုပဲ တူညီတဲ့ပမာဏပါဝင်တဲ့ အခြားသော ဆေးတွေလည်း ရှိပါတယ်။ ဥပမာအားဖြင့် Pepto- Simol Kaopectate ဆီသို့မဟုတ် wintergreen ပါဝင်တဲ့ ထုတ်ကုန်တွေ ဒီပစ္စည်းတွေဟာ ဘယ်လိုအခြေအနေမျိုးမှာပဲဖြစ်ဖြစ် ကလေးတွေကို တိုက်ကျွေးလို့မရပါဘူး။ ဒါတွေက ဗိုင်းရပ်စ်ဝင်ခြင်းကို ဖြစ်စေနိုင်ပါတယ်။ အထူးသဖြင့်တော့ Reye’s syndrome ပေါ့။ ဒါဆိုရင် ဒီ Reye’s syndrome ဆိုတာဘာလဲ။ ကလေးတွေအတွက် ဘယ်လောက်တောင် […]


မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးအာဟာရ

လမ်းလျှောက်တတ်ကာစ ကလေးငယ်တွေ နို့သောက်တာများလွန်းရင် ဖြစ်လာနိုင်တဲ့ အန္တရာယ်များ

ကယ်လ်ဆီယမ်ကြွယ်ဝစွာ ပါဝင်မှုနဲ့ အမျိုးမျိုးသော အာဟာရမျိုးကွဲတွေဖြစ်တဲ့ ပရိုတိန်း၊ ကာဘိုဟိုက်ဒရိတ်၊ အဆီနဲ့ ဗီတာမင်တွေ ပါဝင်မှုအတွက် ကမ္ဘာပေါ်မှာ နို့ဟာအကောင်းဆုံးလို့ ဆိုရင်တောင် အငြင်းပွားဖွယ်ရာ မရှိပါဘူး။ ဒီလိုဆိုထားတယ်ဆိုရင် နို့ကို အများကြီးသောက်လိုက်မယ်ဆိုရင် ဘယ်လို အန္တရာယ်မျိုးတွေ ကြုံလာရနိုင်တာပါလိမ့်။ လမ်းလျှောက်တတ်ကာစ ကလေးတွေကို နို့ပိုတိုက်ချင်းအတွက် ဖြစ်လာနိုင်တဲ့ အန္တရာယ်များ ဒီမှာတော့ နို့ကို အလွန်အကျွံသောက်ခြင်းဟာ အလွန် နည်းပါးစွာ သောက်သုံးခြင်းလိုပဲ ဘာကြောင့်ဆိုးတာလဲဆိုတဲ့ အကြောင်းပြချက် (၄)မျိုးကို ဖော်ပြပေးထားပါတယ်။ - အဝလွန်ခြင်းနဲ့ အလေးချိန်များလွန်းခြင်း။ ကျောင်းမှာအရွယ်ရလာတဲ့ကလေးတွေကို သုံးနှစ်တာ လေ့လာချက်တွေအရ နေ့စဉ် နို့ ၃ခွက်နဲ့အထက်သောက်တဲ့ကလေးတွေဟာ နည်းနည်းပဲသောက်တဲ့ ကလေးတွေနဲ့ယှဉ်ရင် အများကြီးအလေးချိန်ပိုနေတာကို တွေ့ရမှာပါ။ ဒီလေ့လာမှုက နို့သောက်သုံးမှု များလာခြင်းဟာ (အဆီလျှော့သည်ဖြစ်စေ၊ အဆီပြည့်နို့ဖြစ်စေ) အလေးချိန်ထိန်းညှိဖို့နဲ့ မဆက်စပ်နေပေမယ့် ကလေးဘဝမှာ အဝလွန်ခြင်းတွေနဲ့တောင် ဆက်စပ်နေနိုင်တာကို […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း