အရိုးအဆစ်နဲ့ကြွက်သားကျန်းမာရေး

နေ့စဉ် လှုပ်ရှားမှုတွေအတွက် အရိုးအဆစ်တွေနဲ့ ကြွက်သားတွေ ကျန်းမာစေဖို့ အတော်လေး အရေးကြီးပါတယ်။ ဒီ အရေးကြီးတဲ့ အရိုးအဆစ်နဲ့ ကြွက်သားတွေ ကျန်းမာစေဖို့ ဘယ်လိုမျိုး စောင့်ရှောက်မှုတွေ လုပ်ပေးဖို့ လိုမလဲဆိုတာကို သေသေချာချာလေး လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

အရိုးအဆစ်နဲ့ကြွက်သားကျန်းမာရေး

အရိုးတွေ ကျန်းမာစေမယ့် အလေ့အထတွေ ပိုင်ဆိုင်ထားရဲ့လား

အရိုးတွေက ခန္ဓာကိုယ်အတွက် ငြမ်းတွေပါ။ မတ်မတ်ရပ်နိုင်ဖို့ ကောင်းစွာလှုပ်ရှား သွားလာနိုင်စေဖို့ ထောက်ကူပေးနေတာပါ။ အရိုးတွေက အသက်အရွယ်ရလာလေလေ ကြံ့ခိုင်မှု အားနည်းလာလေလေပါ။ အသက်အရွယ်တိုင်းမှာ အရိုးတွေ ကျန်းမာနေစေဖို့ မွေးမြူရမယ့် အလေ့အထလေးတွေ ရှိပါတယ်။ ကိုယ်တိုင်မှာရော အရိုးတွေ ကျန်းမာစေမယ့် အလေ့အထတွေ ပိုင်ဆိုင်ထားရဲ့လား ဆိုတာကို ဆောင်းပါးလေး ဖတ်ရင်း လေ့လာဆန်းစစ်ကြည့်လိုက်ပါ။ အရိုးတွေမှာ ဘာတွေ ဖြစ်နိုင်လဲ အရိုးတွေမှာလည်း ခန္ဓာကိုယ်ရဲ့ အခြား အစိတ်အပိုင်းတွေလိုပဲ ကျန်းမာရေး ပြဿနာတွေကို ခံစားရနိုင်ပါတယ်။ အသက်အရွယ်ကြောင့် ခံစားရတာမျိုး ရှိသလို မတော်တဆ ထိခိုက်မိတာ၊ နေ့စဉ်ဘဝနေထိုင်မှုပုံစံတွေကြောင့် ထိခိုက်တာဆိုပြီး အမျိုးမျိုး ရှိပါတယ်။ အရိုးပါးတာ အရိုးပွတာ အရိုး သိပ်သည်းဆ ကျဆင်းလာ အရိုးကျိုးတာ အရိုးအက်တာ အရိုးကင်ဆာ အဆစ်ရောင်နာ အဆစ်လွဲတာ အရွတ်ရောင်တာလိုမျိုး ကျန်းမာရေး […]

အရိုးအဆစ်နဲ့ကြွက်သားကျန်းမာရေး ကဏ္ဍများကို ပိုမို သိရှိလိုသည်

အရိုးအဆစ်နဲ့ကြွက်သားကျန်းမာရေး ကို ရှာဖွေမည်။

အရိုးအကြောအဆစ်အမြစ်နာကျင်ကိုက်ခဲခြင်းများ

ကျောရိုးနာခြင်းကိုဘယ်လိုဖြေရှင်းမလဲ

ကျောရိုးနာခြင်းကိုလူအများစုကြုံတွေ့ဖူးကြမှာပါ။ ကျောရိုး နာကိုက်ခြင်းကလူကိုစိတ်ညစ်ညူးစေသောကြောင့်အတတ် နိုင်ဆုံးကုသသင့်ပါတယ်။ ကျောရိုးနာခြင်းကိုကုသရန်နည်း လမ်းအချို့ကိုအောက်တွင်ဖော်ပြထားပါတယ်။ ၁။ ဆေးဝါးများ ကျောရိုးနာသောပုံစံပေါ်မူတည်၍ဆရာဝန်ကအောက်ပါ ဆေးများကိုညွှန်ကြားပါလိမ့်မည်။ လတ်တလောခါးနာပျောက်စေရန်အကိုက်အခဲ ပျောက်ဆေးများ(acetaminophen, ibuprofen or naproxen) ကြွက်သားပြေလျော့ဆေးများ အကိုက်အခဲပျောက်ရန်လိမ်းဆေးများ အခြားအနာသက်သာစေသောဆေးဝါးများ (codeine or hydrocodone နှင့် tricyclic antidepressants) ယင်းဆေးဝါးများကိုဆရာဝန်ညွှန်ကြားမှုရှိမှ သောက်သင့်ပါတယ်။ အထက်ပါဆေးဝါးများနှင့်မသက်သာပါကထိုး ဆေး(cortisone)ကိုအသုံးပြုနိုင်ပါတယ်။ ၂။ ကျန်းမာရေးအသိပညာပေးခြင်း ကျောရိုးနာသောအခြေအနေကိုထိရောက်စွာဖြေရှင်းနိုင် ရန်ကျန်းမာရေးအသိလိုအပ်ပါတယ်။ တက်ကြွစွာနေခြင်း၊ စိတ်ဖိစီးမှုလျှော့ချခြင်း၊ စိုးရိမ်ပူပန်မှုနည်းအောင်နှင့် နောင် အခါတွင်မထိခိုက်မိစေရန်သတိထားခြင်းစသည်တို့ကိုအသိ ပညာပေးသင့်ပါတယ်။   ၃။ ကိုယ်ကာယလေ့ကျင့်ခန်းနှင့် အရိုးအဆစ်များပြန်လည် သန်စွမ်းရေး ကိုယ်ကာယလေ့ကျင့်ခန်းသည်ကျောရိုးနာခြင်းကိုကုသရာ တွင်အလွန်အရေးကြီးပါတယ်။ ကိုယ်ကာယလေ့ကျင့်ရေး ပညာရှင်များကအနာသက်သာစေရန်ကုသမှုအမျိုးမျိုးကို ပေးပါလိမ့်မည်။ အနာသက်သာလျှင်ကျောရိုးနှင့် ဗိုက်ရှိ ကြွက်သားများပြန်လည်သန်စွမ်းလာစေရန်လေ့ကျင့်ခန်း များသင်ကြားပေးပါလိမ့်မည်။   ၄။ ခွဲစိတ်ကုသခြင်း အချို့သောလူအနည်းစုသည်ခွဲစိတ်ကုသဖို့လိုအပ်ပါလိမ့် မည်။ ကျောရိုးနာပြီးခြေထောက်တစ်လျှောက်နာကျင်သော အခါ သို့ ကြွက်သားများအားနည်းလာသောအခါများတွင် ခွဲစိတ်ကုသပါကသက်သာနိုင်ပါတယ်။ ထို့ပြင်ကျောရိုးနှင့် အာရုံကြောမ ဖွဲ့စည်းပုံမမှန်သောအခြေအနေများတွင်ခွဲစိတ် […]


အခြား အဆစ်နှင့် အရွတ်ရောဂါများ

ခြေစွပ်တွေကို တစ်ချိန်လုံးဝတ်ထားရမှာလား

Orthotics တွေကို insoles, footbeds (ရှူးဖိနပ်ထဲထည့်ရတဲ့ ခြေနင်းပြား) လို့လည်း ခေါ်ကြပြီး ရှူးဖိနပ်ထဲထည့်လို့ ခြေထောက်ရဲ့အရိုးတွေ ပြန်ညီသွားအောင်နဲ့ နာကျင်မှုတွေသက်သာဖို့အတွက် ဒီဇိုင်းထုတ်ထားတဲ့ ပစ္စည်းတစ်ခုပါ။ လူနာအများစုက ခြေထောက်ပြဿနာတွေအတွက် အမေးများကြတဲ့မေးခွန်းကတော့ သူတို့တွေဟာ orthotics တွေကို တစ်သက်လုံးဝတ်ထားရမှာလားဆိုတာပါပဲ။ ဒီဆောင်းပါးမှာတော့ အဆိုပါမေးခွန်းကို ဖြေရှင်းပေးနိုင်မယ့် အဖြေပါဝင်ပါတယ်။   Orthotics ခြေစွပ် ဆိုတာဘာလဲ။ Orthotics တွေ မလိုအပ်ဘူး။ သူတို့မှာ သိသာထင်ရှားတဲ့ အကျိုးသက်ကရောက်မှုလည်းမရှိဘူး ဆိုတဲ့ အမြင်တွေကြားကပဲ ခြေဖဝါးချိုင့်ခွက်မရှိတဲ့သူတွေဟာ Orthotics ကို သုံးရင် ပိုပြီးသက်တောင့်သက်သာရှိနေကြဆဲပါ။ ခြေထောက်ပြဿနာအမျိုးမျိုးအတွက် Orthotics တွေလည်း အမျိုးအစားအများကြီးရှိပါတယ်။ Orthotics တွေဟာ ခြေထောက်နဲ့ မြေကြီးကြားမှာ ကူရှင်တစ်ခုအဖြစ်ဆောင်ရွက်ပေးပြီး ခြေထောက်ကိုဖြတ်သွားတဲ့ ဖိအားတွေအတွက် လမ်းကြောင်းတွေ ပြောင်းလဲပေးပါတယ်။ Orthotics တွေမှာ Placebo သက်ရောက်မှုတွေလည်း […]


အခြား အဆစ်နှင့် အရွတ်ရောဂါများ

Orthotics (ခြေစွပ်တွေ) ဟာ သင့်ရဲ့ ခြေမအောက်ခြေက အရိုးဘုလုံး( bunions) ကို ဘယ်လို ဖြေရှင်းပေးတာလဲ

Bunions ဆိုတာ ခြေမအောက်ခြေမှာရှိတဲ့ အဆစ်ပေါ်က ဘုလုံးကြီးပါ။ Bunion ဟာဆိုးရွားလာလွန်းမှနဲ့ သိသိသာသာနာကျင်လာတဲ့အခါ၊ သင့်ကို မသက်မသာဖြစ်စေလွန်းတဲ့အခါတွေမှသာ ကုသမှုခံယူဖို့လိုပါတယ်။ Orthotics ဆိုတာကတော့ Bunion ကြောင့်ဖြစ်တဲ့ မသက်မသာဖြစ်မှုတွေနဲ့ နာကျင်မှုတွေကို သက်သာစေတဲ့ ခွဲစိတ်စရာမလိုတဲ့ ကုသမှုတစ်ခုပါပဲ။ Orthotic ဆိုတာဘာလဲ။ Orthotics ကို ဖိနပ်အတွင်းခံပြားလို့သိကြသလို ဒါတွေဟာ ရှူးဖိနပ်တွေရဲ့ အတွင်းဘက်မှာထားရတဲ့ Buions တွေအတွက် ပစ္စည်းတစ်မျိုးပါ။ Bunions ဖြစ်နေသူတွေ ရွေးချယ်နိုင်ဖို့ orthotics တွေအများကြီးရှိပါတယ်။ အပြင်မှာ အလွယ်တကူဝယ်လို့ရနိုင်သလို သင့်ခြေထောက်ပေါ်မူတည်ပြီး သီးသန့်ပြုလုပ်ခိုင်းလို့လည်းရပါတယ်။ ဒါကတော့ သင်တို့ တစ်ဦးချင်းစီရဲ့ အခြေအနေတွေနဲ့ Bunion ရဲ့ ပြင်းထန်မှုတွေပေါ် မူတည်နေပါတယ်။ Orthotics တွေက ဘယ်လို အထောက်အကူဖြစ်သလဲ။ Orthotics တွေကို အများအားဖြင့်တော့ ခြေဖဝါးပေါ်က ခြေမအဆစ်နောက်မှာ ထားလေ့ရှိပါတယ်။ သူတို့တွေဟာ […]


အခြား အဆစ်နှင့် အရွတ်ရောဂါများ

ခြေစွပ် ကို စိတ်တိုင်းကျ ပြုလုပ်ခြင်း ။ ။ အရေးကြီးသော အဆင့် ၅ဆင့်

Foot Orthotics တွေကို စိတ်ကြိုက်လုပ်တယ်ဆိုတာကတော့ တစ်ဦးတစ်ယောက်ချင်းစီရဲ့ ခြေထောက်ပြဿနာတွေအတွက် မှန်ကန်စေဖို့ပါပဲ။ မှန်ကန်တဲ့ စိတ်ကြိုက်လုပ်Orthotics တွေကို ရရှိဖို့ဆိုရင်တော့ မဖြစ်မနေလိုက်နာရမယ့် အဆင့်တွေရှိပါတယ်။ အဆင့် ၁။ ။ ဒဏ်ရာအသေးစိတ်ကို လိုက်ပါ။ လူနာတွေဟာ သူတို့ရဲ့ပြဿနာကို သူတို့ကိုယ်တိုင်ပြောပြလာအောင် အမေးခံရတတ်ပါတယ်။ ရည်ရွယ်ချက်ကတော့ ဒဏ်ရာက ဒီအဆင့်မှာ ဘယ်လိုအခြေအနေရှိနေသလဲဆိုတာ သိဖို့ပါ။ အချို့သော အချက်အလက်တွေဟာ ကိုယ့်အတွက်မှန်ကန်တဲ့ Orthotics ပြုလုပ်ရာမှာ အရေးပါပါတယ်။ အဆင့် ၂။ ။ ဇီဝယန္တရား စစ်ဆေးမှု ခံယူရပါမယ်။ ခြေထောက်အတွက် ဇီဝယန္တရားစစ်ဆေးမှုနဲ့ ထပ်မံစစ်ဆေးမှုတွေကိုတော့ လူနာက စစ်ဆေးတဲ့စားပွဲပေါ် အိပ်နေရင်းဖြစ်စေ၊ မတ်တပ်ရပ်၍ဖြစ်စေ။ အစစ်ဆေးခံရပါတယ်။ ဆရာဝန်ဟာ အဆစ်တွေရဲ့လှုပ်ရှားမှုနဲ့ အရိုးအပိုင်းတွေရဲ့ အလိုင်းမန့်ကို စစ်ဆေးပါတယ်။ ဒီအဆင့်ကတော့ ခြေထောက်ကြားမှာ သို့မဟုတ် ခြေထောက်နဲ့ ခြေသလုံးကြားမှာ အရိုးတွေများ အလိုင်းမန့်လွဲချော်နေခဲ့ရင် […]


အခြား အဆစ်နှင့် အရွတ်ရောဂါများ

Cervical Spondylosis လည်ပင်းကျီးပေါင်းတက်ခြင်း

အဓိပ္ပါယ်ဖွင့်ဆိုချက်လည်ပင်းကျီးပေါင်းတက်ခြင်း (cervical spondylosis) ဆိုတာဘာလဲ လည်ပင်းကျီးပေါင်းတက်တယ်ဆိုတာ အသက်အရွယ်ကြောင့်ဖြစ်လာတဲ့ အဆစ်တွေနဲ့ လည်ပင်းအဆစ်ကြား အချပ်ပြားတွေကိုထိခိုက်စေတဲ့ဝေဒနာတစ်ခုပါ။ လည်ပင်း (ဂုတ်) မှာအဖြစ်များပါတယ်။ လည်ပင်းအရိုးအဆစ်ရောင်ရမ်းတာလို့လည်းခေါ်ကြပါတယ်။ အရိုးနုနဲ့အရိုးတွေ ထိခိုက်ပျက်စီးမှုကြောင့် လည်ပင်ကျီးပေါင်းဖြစ်လာရတာပါ။ အသက် ၆၀ နှစ်နဲ့အထက်လူတွေရဲ့ ၈၅ ရာခိုင်နှုန်းကျော်မှာ အရိုးကျီးပေါင်းဝေဒနာခံစားကြရတယ်၊ လို့လေ့လာမှုစစ်တမ်းတွေအရ သိရပါတယ်။ လည်ပင်းကျီးပေါင်းဖြစ်တဲ့အခါ နာတာရှည် နာကျင်ကိုက်ခဲမှုကိုပြင်းပြင်းထန်ထန်ခံစားရတာ၊ လည်ပင်းကတောင့်တောင့်ကြီးဖြစ်နေတာမျိုးခံစားရလေ့ရှိပေမယ့်တော်တော်များများကတော့ ပုံမှန်လုပ်နေကျအလုပ်တွေကို လုပ်ဆောင်နေနိုင်ကြပါတယ်။     လက္ခဏာများလည်ပင်းကျီးပေါင်း (cervical spondylosis) ရဲ့လက္ခဏာတွေက ဘာတွေလဲ လည်ပင်းကျီးပေါင်းခံစားနေရသူတော်တော်များများမှာရောဂါလက္ခဏာတွေမပြတတ်ကြပါဘူး။ရောဂါလက္ခဏာပြတဲ့အခါမျိုးမှာလည်း လည်ပင်း (ဂုတ်) ကနာကျင်တာ၊တောင့်တောင့်ကြီးဖြစ်နေတာမျိုးကိုခံစားရနိုင်ပါတယ်။ အရိုးကျီးပေါင်းကပြင်းထန်လာတဲ့အခါမျိုးမှာတော့ – လက်မောင်း၊လက်၊ခြေထောက် နဲ့ခြေဖျားတို့မှာ ထုံကျဉ်ကျဉ်ဖြစ်နေတာ ဟန်ချက်ထိန်းရခက်ပြီး လမ်းလျှောက်ရခက်ခဲတာ ဆီးတွေဝမ်းတွေမထိန်းနိုင်တာ မျိုးတွေဖြစ်ပေါ်ခံစားရနိုင်ပါတယ်။       ဘယ်အချိန်မှာဆရာဝန်နဲ့သွားရောက်တွေ့ဆုံသင့်လဲတကယ်လို့သင့်အနေနဲ့ ပခုံး၊လက်မောင်း နဲ့ခြေထောက်တွေ ထုံကျဉ်ပြီး ထိလို့ထိမှန်းမသိတော့တာမျိုး၊ ဆီးတွေ၊ဝမ်းတွေ မထိန်းနိုင်တာမျိုးဖြစ်မယ်ဆိုရင်မြန်နိုင်သမျှမြန်မြန်ဆေးကုသမှုခံယူသင့်ပါတယ်။ ဒါကအရေးပေါ်အခြေအနေတစ်ရပ်လို့ဆိုရပါမယ်။ နာကျင်မှုကနေ့စဉ်လုပ်ဆောင်မှုတွေကိုပါ မလုပ်ဆောင်နိုင်အောင်ဖြစ်လာပြီဆိုရင်တော့ မဖြစ်မနေဆရာဝန်နဲ့ သွားရောက်ပြသဖို့လိုပါမယ်။   အကြောင်းအရင်းများလည်ပင်းကျီးပေါင်း (cervical spondylosis) ကိုဖြစ်စေရတဲ့အကြောင်းအရင်းများ အသက်အရွယ်ရလာတာနဲ့အမျှကျောရိုး နဲ့ လည်ပင်းရိုးတို့မှာပါဝင်ဖွဲ့စည်းထားတဲ့ […]


အခြား အဆစ်နှင့် အရွတ်ရောဂါများ

Separated shoulder (ပုခုံးကွာထွက်ဒဏ်ရာ)

အဓိပ္ပါယ်ဖွင့်ဆိုချက်Separated shoulder (ပုခုံးကွာထွက်ဒဏ်ရာ) ကဘာလဲ။ ပုခုံးကွာထွက်ဒဏ်ရာဆိုတာညှပ်ရိုးနှင့်ပုခုံးပြင်ရိုးတို့ကို တွယ်ဆက်ထားသောအရွတ်များ ထိခိုက်မိခြင်းဖြစ်သည်။ ဒဏ်ရာမပြင်းလျှင် အရွတ်များဆန့်ထွက်ရုံသာ ဖြစ်ပြီး ဒဏ်ရာပြင်းထန်လျှင် အရွတ်များစုတ်ပြဲသည်အထိ ဖြစ်နိုင်သည်။ လူအများစုတွင် ပုခုံးကွာထွက်ဒဏ်ရာကို ခွဲစိတ်ပြုပြင်ရန်မလိုပါ။ အနားပေးခြင်း၊ ရေခဲကပ်ခြင်း၊ အကိုက်အခဲပျောက်ဆေးစသော ကုထုံးများဖြင့် နာကျင်မှုသက်သာနိုင်သည်။ အများစုတွင် ရက်သတ္တပါတ်အနညှ်ုးယ်အတွင်း ပုခုံးကိုပုံမှန်အတိုင်း ပြန်လည်အသုံးပြုနိုင်ကြသည်။ Separated shoulder (ပုခုံးကွာထွက်ဒဏ်ရာ) က ဘယ်လောက်အဖြစ်များသလဲ ပုခုံးကွာထွက်ဒဏ်ရာသည် အလွန်အဖြစ်များသည်။ အမျိုးသမီးများတွင် အမျိုးသားများထက်ပိုဖြစ်နိုင်ပြီး အသက်အရွယ်မရွေးဖြစ်ပွားနိုင်သည်။ ရောဂါဖြစ်ပွားမှု မြင့်မားစေသော အကြောင်းများကို ရှောင်ကြဉ်ခြင်းဖြင့် ကာကွယ်နိုင်သည်။ ထပ်မံသိရှိလိုသည်များကို ဆရာဝန်နှင့် တိုင်ပင်ပါ။ လက္ခဏာများSeparated shoulder (ပုခုံးကွာထွက်ဒဏ်ရာ) ရဲ့လက္ခဏာတွေကဘာတွေလဲ အဖြစ်များသော လက္ခဏာများမှာ ပုခုံးနာခြင်း ပုခုံး သို့မဟုတ် လက်မောင်းအားနည်းခြင်း ပုခုံးရောင်ခြင်း သွေးခြေဥခြင်း ပုခုံးကို ပုံမှန်အတိုင်း မလှုပ်ရှားနိုင်ခြင်း ပုခုံးပေါ်တွင် အဖုထွက်လာခြင်း တို့ဖြစ်သည်။ အထက်တွင်ဖေါ်ပြခဲ့သည်နှင့် မတူသော ရောဂါလက္ခဏာများလည်းရှိနိုင်သည်။ ရောဂါလက္ခဏာများနှင့်ပတ်သတ်၍ သံသယရှိပါက ဆရာဝန်နှင့် တိုင်ပင်ပါ။ ဘယ်အချိန်မှာ […]


အရိုးကျိုးခြင်း

Broken jaw (မေးရိုးကျိုးခြင်း၊ မေးရိုးပြုတ်ခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Broken jaw (မေးရိုးကျိုးခြင်း၊ မေးရိုးပြုတ်ခြင်း) ကဘာလဲ။ မေးရိုးကျိုးတယ်ဆိုတာ လူတစ်ယောက်ရဲ့ဦးခေါင်းခွံနဲ့အောက်ဘက်ကမေးရိုးကို ဆက်ထားတဲ့ အဆစ်တစ်ခု (သို့) နှစ်ခုလုံးကိုထိခိုက်မိ တာကိုခေါ်တာပါ။ ထိုအဆစ်ကို နားထင်နှင့်မေးရိုးဆက်သောအဆစ်လို့ခေါ်ပါတယ်။ ထိုဆက်ထားသော အဆစ်များမှာ ဟသွား၊ အက်သွားခြင်း (သို့မဟုတ်) ဦးခေါင်းခွံမှ ပြုတ်ထွက်သွားခြင်းတို့ထိ ဖြစ်နိုင်ပါတယ်။ ထိုသို့ မေးရိုးဆစ်ပြုတ်ထွက်သွားခြင်းကို မေးရိုးဆစ် လွဲတယ်လို့လည်းခေါ်ပါတယ်။ မေးရိုးကျိုးခြင်း၊ အက်ခြင်း (သို့) မေးရိုးပြုတ်ခြင်းတို့ဖြစ်ရင် အစာစား ရခက်တာတွေ၊ အသက်ရှူရခက်တာတွေ ရှိလာနိုင်ပါတယ်။ နောက်ဆက်တွဲဆိုးကျိုးတွေ ရှောင်ရှားနိုင်ဖို့ မြန်မြန်သက်သာစေရန် ဆေးကုသမှုချက်ချင်း ခံယူသင့်ပါတယ်။ Broken jaw (မေးရိုးကျိုးခြင်း၊ မေးရိုးပြုတ်ခြင်း) က ဘယ်လောက်အဖြစ်များသလဲ မေးရိုးကျိုးခြင်းက အရမ်းကို အဖြစ်များပါတယ်။ အမျိုးသားတွေ ထက် အမျိုးသမီးတွေမှာ ပိုအဖြစ်များပီး အသက်အရွယ်မရွေး ဖြစ် နိုင်ပါတယ်။ မေးရိုးကျိုးနိုင်တဲ့ အန္တရာယ်ရှိတဲ့ အချက်တွေကို လျော့ချပီး မေးရိုးကျိုးတာကို ကာကွယ်နိုင်ပါတယ်။ […]


အရိုးကျိုးခြင်း

Tailbone (Coccyx) Injury ( မြီးညှောင့်ရိုးထိခိုက်မိခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Tailbone (Coccyx) Injury ( မြီးညှောင့်ရိုးထိခိုက်မိခြင်း) ကဘာလဲ။ မြီးညှောင့်ရိုး(coccyx)ဟာ ကျောရိုးရဲ့ အောက်ဖက်အဆုံးဖြစ်ပါတယ်။ ရေခဲပြင် ဒါမှမဟုတ် လှေကားထစ်လိုမျိုး မာကျောတဲ့ မျက်နှာပြင်တွေပေါ် ချော်လဲကျတဲ့အခါမှာ မြီးညှောင့်ရိုးထိခိုက်ခံရတတ်ပါတယ်။ နာကျင်မှုကများသောအားဖြင့် အရိုးထိခိုက်တာကြောင့်ဖြစ်နိုင်သလို အရွတ်တွေဆွဲ့ဆန့်မိသလို ဖြစ်သွားတာကြောင့်လည်းဖြစ်နိုင်ပါတယ်။ မြီးညှောင့်ရိုးကျိုးတာရှားပါးပြီး မြန်မြန်လည်း ပြန်လည်ကောင်းမွန်ကြပါတယ်။ ဒါကြောင့်ဓါတ်မှန်ရိုက်ဖို့ မလိုအပ်ပါဘူး။ အဆစ်လွဲတာကတော့ တော်တော်လေးရှားသွားပါပြီ။ ဒါပေမယ့်လည်း လွဲသွားမယ်ဆိုရင်လည်း ဆရာဝန်က ပြန်လည်တည့်မတ်ပေးဖို့လိုလာပါပြီ။ တင်ပါးနှစ်ခုကြား အကွဲကြောင်း၏ အပေါ်ပိုင်းတွင် နာကျင်မှုရှိမရှိကို ကြည့်ခြင်းအားဖြင့် မြီးညှောင့်ရိုးထိခိုက်မှုရှိမရှိကို စစ်ဆေးတွေ့ရှိနိုင်ပါတယ်။   လက္ခဏာများTailbone (Coccyx) Injury ( မြီးညှောင့်ရိုးထိခိုက်မိခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ အဓိကလက္ခဏာတွေကတော့ အောက်ပါတို့ပဲဖြစ်ပါတယ်။ မြီးညှောင့်ရိုးရှိတဲ့နေရာတစ်ဝိုက်မှာ အလွန်နာကျင်နေခြင်း ထိခိုက်မှုကြောင့်ဖြစ်မယ်ဆိုရင် ထိုထိခိုက်မိတဲ့နေရာမှာ အညိုအမဲစွဲနေခြင်း အချိန်ကြာမြင့်စွာထိုင်မယ် ဒါမှမဟုတ် ဖိမိလိုက်မယ်ဆိုရင် နာကျင်ခြင်းပိုမိုဆိုးရွားလာခြင်း အူရွေ့လျားခြင်းနှင့် ညစ်ခြင်းတို့ကြောင့် နာကျင်လာခြင်း လိင်ဆက်ဆံနေစဉ်နာကျင်လာခြင်း   အကြောင်းရင်းများTailbone (Coccyx) Injury ( မြီးညှောင့်ရိုးထိခိုက်မိခြင်း) ကိုဘာတွေကဖြစ်စေသလဲ မြီးညှောင့်ရိုးထိခိုက်မှုတွေကို […]


အရိုးကျိုးခြင်း

Broken elbow (တံတောင်ဆစ်အရိုးကျိုးခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Broken elbow (တံတောင်ဆစ်အရိုးကျိုးခြင်း) ကဘာလဲ။ တံတောင်ဆစ်ထိခိုက်ဒဏ်ရာသည် လူကြီးများနှင့် ကလေးများတွင်ပါ အဖြစ်များသည်။ စောစီးစွာသိရှိ၍ ကုသမှုခံယူနိုင်ခြင်းက နောက်ဆက်တွဲဖြစ်လာမည့် ဆိုးကျိုးများကို ကာကွယ်နိုင်သည်။ တံတောင်ဆစ်ကို ပြင်းထန်သောထိခိုက်မှု ဟူသမျှ ဆေးကုသရန်လိုသည်။ အရိုးကျိုးခြင်း၊ အရိုးနေရာလွဲခြင်း စသည့် ပြင်းထန်သော ထိခိုက်မှုများသည် လှုပ်ရှားမှုအပြင် သွေးကြောနှင့် အာရုံကြောတို့၏ လုပ်ငန်းဆောင်တာများကိုပါ ထိခိုက်စေသည်။ ကလေးများတွင် အရိုးကျိုးခြင်းသည် အရိုး၏ကြီးထွားဖွံ့ဖြိုးမှုအပေါ် သက်ရောက်မှုရှိနိုင်သည်။ အကြောင်းမှာ ကလေးများ၏ အရိုးတွင် အရိုးကြီးထွားမှုဖြစ်ပွားသော ဗဟိုချက်နေရာများရှိသည်။ ကလေးဘဝတလျှောက်လုံး အရိုးများသည် ဆက်လက်ကြီးထွားနေသဖြင့် အရိုးကျိုးခြင်းကြောင့် ထိုဗဟိုချက်နေရာတစ်ခု ထိခိုက်မိပါက အရိုး၏ကြီးထွားဖွံ့ဖြိုးမှုကို ထိခိုက်နိုင်သည်။ တံတောင်ရိုးကျိုးခြင်းသည် တံတောင်ဆစ်ဖြစ်လာစေသော လက်မောင်းရိုး၃ခုထဲမှ ၁ခု သို့မဟုတ် ၁ခုထက်ပို၍ ကျိုးခြင်းဖြစ်သည်။ Broken elbow (တံတောင်ဆစ်အရိုးကျိုးခြင်း) က ဘယ်လောက်အဖြစ်များသလဲ အလွန်အဖြစ်များသည်။ အမျိုးသမီးများတွင် အမျိုးသားများထက်ပို […]


အခြား အဆစ်နှင့် အရွတ်ရောဂါများ

Dislocated finger (လက်ချောင်းအဆစ်လွဲခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက် Dislocated finger (လက်ချောင်းအဆစ်လွဲခြင်း) ကဘာလဲ။ လက်ချောင်းအဆစ်လွဲခြင်းသည် အဖြစ်များသော ထိခိုက်မှုတစ်ခုဖြစ်သည်။ လက်ချောင်းအရိုးများ ပုံမှန်နေရာမှလွဲချော်ခြင်းဖြစ်သည်။ လက်ချောင်းတိုင်း၏ မည်သည့်အဆစ်တွင်မဆို ဖြစ်နိုင်သော်လည်း လက်သန်း၊ လက်သူကြွယ်၊ လက်ခလယ်၊ လက်ညှိုးတို့၏ အလယ်ဆစ်များတွင် အဖြစ်များသည်။ Dislocated finger (လက်ချောင်းအဆစ်လွဲခြင်း) က ဘယ်လောက်အဖြစ်များသလဲ အလွန်အဖြစ်များသည်။ အမျိုးသမီးများတွင် အမျိုးသားများထက်ပို အဖြစ်များသည်။ အသက်အရွယ်မရွေး ဖြစ်ပွားနိုင်သည်။ ရောဂါဖြစ်ပွားမှု မြင့်မားစေသော အကြောင်းများကို ရှောင်ကြဉ်ခြင်းဖြင့် ကာကွယ်နိုင်သည်။ ထပ်မံသိရှိလိုသည်များကို ဆရာဝန်နှင့် တိုင်ပင်ပါ။ လက္ခဏာများ Dislocated finger (လက်ချောင်းအဆစ်လွဲခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ အဖြစ်များသော လက္ခဏာများမှာ လက်ချောင်းအဆစ်လွဲခြင်းသည် အများအားဖြင့် သိသာထင်ရှားသည်။ လက်ချောင်းသည် ကောက်နေ ရောင်နေပြီး အလွန်နာကျင်တတ်သည်။ အပေါ်ဘက်သို့ကွေးနေခြင်း သို့မဟုတ် ပုံမှန်မဟုတ်သော ထောင့်ချိုးများဖြစ်နေတတ်သည်။ လက်ချောင်းအဆစ်လွဲပါက ကွေး၍ ဆန့်၍မရနိုင်ပါ။ ဒဏ်ရာပြင်းထန်ပါက ထုံကျင်ခြင်း၊ ထိမိသောလက်ချောင်း ဖြူဖျော့သွားခြင်းတို့လည်း […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း