ကိုရိုနာဗိုင်းရပ်စ်

COVID-19ဆိုတာ ကိုရိုနာဗိုင်းရပ်စ် မျိုးကွဲတစ်ခုဖြစ်ပြီး သာမန်လက္ခဏာတွေကနေ အသက်သေဆုံးနိုင်သည်အထိ ဖြစ်နိုင်ပါတယ်။ အတွေ့များရတဲ့ လက္ခဏာတွေကတော့ ချောင်းခြောက်ဆိုးတာ၊ နုံးတာ၊ ဖျားတာတွေပဲ ဖြစ်ပါတယ်။ တချို့တွေမှာ တုပ်ကွေးလိုမျိုး လက္ခဏာတွေ ခံစားရတတ်ပြီး နာတာရှည်နောက်ဆက်တွဲဆိုးကျိုးတွေ၊ အသက်သေဆုံးတာတွေ ဖြစ်တတ်ပါတယ်။ COVID-19 ကပ်ရောဂါနဲ့ ပတ်သက်ပြီး တိကျတဲ့ သတင်းတွေကို ဒီစာမျက်နှာမှာ ဖတ်ရှုနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ကိုရိုနာဗိုင်းရပ်စ်

ဘေဘီလေးတွေမှာ ကိုဗစ်ဖြစ်ရင် ဘယ်လို လက္ခဏာတွေ ခံစားရနိုင်လဲ

ကိုဗစ်ရောဂါ စတင်ဖြစ်ပွားစဉ်က ကလေးတွေမှာ ကိုဗစ် ကူးစက်တာ သိပ်မတွေ့ရပေမယ့် နောက်ပိုင်းမှာ Covid-19 က ကလေးတွေမှာပါ ဖြစ်လာတာကို တွေ့ရပါတယ်။ တကယ်ကတော့ ကိုဗစ်က ကလေးတွေမှာ အသက်အရွယ် မရွေးဖြစ်နိုင်ပါတယ်။ ကလေးတိုင်းမှာ မတူညီတဲ့ နည်းလမ်းတွေနဲ့ ကိုဗစ်ဗိုင်းရပ်စ် ကူးစက်ခံရနိုင်သလို အရမ်းငယ်သေးတဲ့ အသက် ၁ နှစ်အောက် ကလေးတွေမှာ ပြင်းပြင်းထန်ထန် ခံစားရနိုင်ပါတယ်။ ဒီတစ်ခေါက်တော့ ဘေဘီလေးတွေမှာ ကိုဗစ်ဖြစ်ရင် ဘယ်လို လက္ခဏာတွေ ခံစားရနိုင်လဲ ဆိုတာကို သတိထားသိရှိနိုင်စေဖို့ မျှဝေပေးချင်ပါတယ်။ မွေးကင်းစ ကလေးလေးတွေ နဲ့ ဘေဘီလေးတွေမှာ ကိုဗစ်ဖြစ်နိုင်လား မေမေ့မှာ ရောဂါပိုး ကူးစက်ခံထားရပြီး ကလေးကိုမွေးဖွားချိန်မှာ ရောဂါပိုး ကူးစက်တာမျိုးကတော့ အတော်လေး ဖြစ်ခဲပါတယ်။ ကလေးကို မွေးဖွားပြီးချိန်မှာ ထိတွေ့တာ နမ်းရှုံ့တာတွေကနေတဆင့်တော့ ကူးစက်နိုင်ပါတယ်။ မွေးကင်းစ ကလေးတွေမှာ […]

ကိုရိုနာဗိုင်းရပ်စ် ကို ရှာဖွေမည်။

ကူးစက်ရောဂါများ

ရောဂါ ကာကွယ်ဖို့ တပ်ကြတဲ့ ပါးစပ်နှင့်နှာခေါင်းစည်း(mask)ကလေးတွေကို ဖန်စီကျကျ အလှဆင်ကြမယ်။

ကိုဗစ်ကာလမှာ အပြင်သွားရင် မဖြစ်မနေ ယူသွားဖို့ လိုတဲ့အရာလေး တစ်ခု တိုးလာခဲ့ပါတယ်။ ဒါကတော့ ပါးစပ်နှင့်နှာခေါင်းစည်း(mask)လေးပါ။ အရင်က အပြင်သွားမယ်ဆိုရင် ထီးပါပြီလား၊ ဖုန်း၊ ပိုက်ဆံအိတ် စသဖြင့်ပဲ စစ်ကြပေမယ့် အခုဆိုရင် ပါးစပ်နှင့်နှာခေါင်းစည်း(mask)ပါရဲ့လား စစ်ရပါတယ်။ နောက်တစ်ခုကတော့ ရေမလိုလက်သန့်ဆေးရည် ဒါမှမဟုတ် ပိုးသတ်တစ်သျှူးပါ။ ကိုဗစ် စတင်ဝင်ရောက်စဉ်က ပါးစပ်နှင့်နှာခေါင်းစည်း(mask)ယူတာကို အကျင့်မရပေမယ့် အခုဆိုရင် ကိုဗစ်ကို ရင်ဆိုင်လာရတာ ဒုတိယလှိုင်းတောင်ဖြစ်ပြီး တစ်နှစ်ပြည့်ခါနီးလာပြီဆိုတော့ အပြင်သွားရင် ပါးစပ်နှင့်နှာခေါင်းစည်း(mask)တပ်တာ၊ မတ်ခ် အပိုဆောင်သွားတာက လုပ်နေကျ အလေ့အထလေးလိုတောင် ဖြစ်လာပါပြီ။ ဒါပေမယ့် နေ့တိုင်း မတ်ခ်တပ်တဲ့အခါ အရောင်ပြောင်းတပ်တယ်ဆိုပေမယ့် ဖက်ရှင်ကျကျ လှလှပပတပ်ချင်သူတွေအတွက် ပါးစပ်နှင့်နှာခေါင်းစည်း(mask)လေးတွေကို ကျန်းမာရေးနဲ့လည်း ညီညွတ်ပြီး ဖန်စီကျကျ လှလှပပလေးဖြစ်အောင် ဘယ်လို ဖန်တီးရမလဲဆိုတာကို ဒီဆောင်းပါးလေးကနေ ပြောပြပေးသွားပါမယ်။ ပါးစပ်နှင့်နှာခေါင်းစည်း(mask)လှလှလေး ကိုယ်တိုင် ဖန်တီးကြမယ် ပါးစပ်နှင့်နှာခေါင်းစည်း(mask)ကလေးကို ကိုယ်တိုင် ဖန်တီးတော့မယ်ဆိုရင် အရင်ဆုံး […]


ကူးစက်ရောဂါများ

ကိုဗစ် ကာလ ပြည်တွင်းလေကြောင်းလိုင်း စီးနင်းလိုက်ပါမယ့် ခရီးသည်များ ဘာတွေ ပြင်ဆင်သတိထားသင့်သလဲ။

ကိုဗစ် ကြောင့် စီးပွားရေးလုပ်ငန်းတွေ၊ ခရီးသည် သယ်ယူပို့ဆောင်ရေး လုပ်ငန်းတွေ အချိန်အတော်ကြာရပ်နားခဲ့ရာက စီးပွားရေးတွေ ပြန်ပြီး ခေါင်းထောင်လာနိုင်ဖို့ လာမယ့် ဒီဇင်ဘာ ၁၆ရက်နေ့ကစပြီး ပြည်တွင်းလေကြောင်းလိုင်းတွေ ပြန်လည် ပျံသန်းခွင့်ပေးတော့မယ်လို့ ဆိုပါတယ်။ ဒီလိုအချိန်ကြာ ရပ်နားခဲ့ရာက ပြန်လည်ဖွင့်ပေးတဲ့အတွက် စီးပွားရေးအရရော၊ သာရေး နာရေး လူမှုရေး ကိစ္စတွေအတွက်ပါ သွားလို့ လာလို့ ပိုအဆင်ပြေလာမှာကတော့ အမှန်ပါပဲ။ ဒါပေမယ့် ကိုဗစ်ကလည်း ပြီးသေးတာမဟုတ်တော့ တစ်နေရာမဟုတ် တစ်နေရာကနေ ကူးလာနိုင်ခြေရှိတယ်ဆိုတာ သတိချပ်သင့်ပါတယ်။ ဒါတွေနဲ့ ပတ်သက်ပြီး အစိုးရက ၁၄ရက်နေ့က လေကြောင်းလိုင်းနဲ့ ခရီးသွားမယ့်သူတွေ လိုက်နာရမယ့် ကျန်းမာရေး စံသတ်မှတ်ချက်တစ်ခုကို ထုတ်ပြန်ခဲ့ပါတယ်။ ပြည်တွင်းလေကြောင်းလိုင်းနဲ့ ခရီးသွားမယ်ဆိုရင် ခရီးသည်များအနေနဲ့ ဘာတွေကြိုပြင်ဆင်ထားရမလဲ။ အရင်ဆုံး လက်မှတ်ဝယ်တဲ့ ကိစ္စ။ လက်မှတ်ကတော့ agentတွေကနေပဲ ဖြစ်ဖြစ်၊ အွန်လိုင်းကနေပဲ […]


ကူးစက်ရောဂါများ

COVID အစ ဝူဟန်ကဆိုတာ တကယ် မှန်ကန်ရဲ့လား

လွန်ခဲ့တဲ့ ၂၀၁၉ ခုနှစ် ဒီဇင်ဘာလ ၈ ရက်နေ့တုန်းက တရုတ်နိုင်ငံ ဝူဟန်မြို့ ပင်လယ်စာဈေးကနေစတင်ခဲ့တဲ COVID-19 ရောဂါဟာ လက်ရှိအချိန်မှာ တစ်ကမ္ဘာလုံးရင်ဆိုင်နေရတဲ့ ကျန်းမာရေးဆိုင်ရာ ပြဿနာဆိုးတစ်ခုဖြစ်လို့နေပါတယ်။ COVID-19 ရောဂါဟာ SARS နွယ်ဝင် ကိုရိုနာဗိုင်းရပ်စ်တစ်မျိုးဖြစ်ပြီးတော့ လင်းနို့တွေကနေ စတင်ပေါက်ပွားတယ်လို့ ယူဆခြင်းခံထားရပါတယ်။ ၂၀၁၉ ခုနှစ် ဒီဇင်ဘာလအတွင်း ထူးဆန်းတဲ့ တုပ်ကွေးဗိုင်းရပ်စ်တစ်မျိုး ကူးစက်ခံထားရတဲ့ ဝေဒနာရှင်တစ်ဦးကို တရုတ်နိုင်ငံ ဝူဟန်မြို့မှာ ပထမဆုံးအကြိမ် စစ်ဆေး တွေ့ရှိခဲ့ပါတယ်။ ဘာမှန်းမသိသေးတဲ့ အဆိုပါရောဂါကို COVID-19 လို့ နာမည်ပေးခဲ့ကြသလို အလွယ်တကူ ဝူဟန်ကိုရိုနာလို့လည်း ခေါ်ဆိုခဲ့ကြပါတယ်။ အဆိုပါ ရောဂါကပ်ဘေးဟာ လူဦးရေ ၁၁ သန်းကျော်နေထိုင်တဲ့ တရုတ်နိုင်ငံ ဝူဟန်မြို့ ပင်လယ်စာဈေးတစ်ခုကနေစတင်ခဲ့တယ်လို့ လက်ရှိအချိန်အထိ ယူဆထားခဲ့ကြပါတယ်။ ဒါပေမယ့် အီတလီ ကျန်းမာရေးအာဏာပိုင်တွေနဲ့ CDC […]


ကူးစက်ရောဂါများ

Pfizer/BioNTech ရဲ့ COVID-19 ကာကွယ်ဆေးအကြောင်း သိထားသင့်တဲ့အချက် ၈ ချက်

အမေရိကန်ဆေးဝါးကုမ္ပဏီ Pfizer နဲ့ ဂျာမန်သုတေသနကုမ္ပဏီ BioNTech တု့ိ ပူးပေါင်းဖန်တီးထားတဲ့ COVID-19 ကာကွယ်ဆေးဝါးကို ဗြိတိန်နိုင်ငံမှာ စတင်ထိုးနှံနေပြီဖြစ်ပါတယ်။ ဒီဆေးဝါးဟာ ကမ္ဘာပေါ်မှာ ပထမဆုံး လူထုဆီကို ပမာဏအမြောက်အများ ထိုးနှံခွင့်ရတဲ့ ကိုဗစ်ကာကွယ်ဆေးဖြစ်လာခဲ့ပါတယ်။ ဆေးဝါးထိုးနှံမှုကို အင်္ဂါနေ့ကမှ စတင်ခဲ့တာဖြစ်ပြီး ၂ ကြိမ်ထိုးနှံရမှာဖြစ်တာမို့ တိကျတဲ့ ရလဒ်တွေထွက်ပေါ်မလာသေးပါဘူး။ ဒါပေမယ့် ကနဦးရလဒ်တွေအရဆိုရင်တော့ အခြေအနေကောင်းတယ်လို့ ဗြိတိန်ကျန်းမာရေးအာဏာပိုင်တွေကဆိုထားတာမို့ တစ်ကမ္ဘာလုံးအတွက် မင်္ဂလာသတင်းဖြစ်လာခဲ့ပါတယ်။ ခုဆောင်းပါးမှာတော့ ဒီလိုရလဒ်ကောင်းတွေနဲ့ COVID-19 တိုက်ပွဲမှာ ရှေ့ဆုံးကနေ ခြေလှမ်းသွားတဲ့ Pfizer/BioNTech ရဲ့ ဆေးဝါးအကြောင်း သိထားရသမျှ အချက်အလက်တွေကို မျှဝေပေးသွားမှာဖြစ်ပါတယ်။ ဒီကာကွယ်ဆေးဟာ တကယ်စိတ်ချရတာလား၊ တကယ်အလုပ်ဖြစ်မှာသေချာရဲ့လားဆိုတဲ့ မေးခွန်းတွေရဲ့ အဖြေကိုတော့ အောက်မှာ ဖတ်ရှုနိုင်ပါတယ်။ ၁။ ဘယ်အချိန်မှာ ပေါ်ထွက်လာတာလဲ ဒီဆေးက လွန်ခဲ့တဲ့ ဇူလိုင်လကတည်းက နောက်ဆုံးအဆင့် Clinical trial အဆင့်ကို […]


ကူးစက်ရောဂါများ

Allergy တစ်မျိုးမျိုးရှိနေရင် COVID ကာကွယ်ဆေးထိုးလို့ မရ

ဗြိတိန်ကျန်းမာရေးအာဏာပိုင်တွေရဲ့ တရားဝင် ထုတ်ဖော်ပြောဆိုချက်တွေအရ Pfizer/BioNTech ဆေးဝါးဟာ ဓာတ်မတည့်ဝေဒနာခံစားဖူးသူတွေကို ထိုးနှံပေးလို့မရဘူးလို့ သိရပါတယ်။ လက်ရှိမှာ Pfizer/BioNTech က ထုတ်လုပ်ထားတဲ့ COVID-19 ကာကွယ်ဆေးကို ဗြိတိန်နိုင်ငံမှာ စတင်စမ်းသပ်ထိုးနှံမှုပြုလုပ်နေပြီး ပထမအသုတ်အဖြစ် ဆေးအလုံးရေ ၈ သိန်းကို ထိုးနှံနေတာပါ။ ဒါ့အပြင် FDA ရဲ့ အရေးပေါ်ခွင့်ပြုချက်ကိုလည်း မကြာသေးခင်ကမှ ပူပူနွေးနွေးရရှိထားတဲ့ အဆိုပါဆေးဝါးကို အမေရိကန်နိုင်ငံမှာလည်း ဒီဇင်ဘာလ ၁၄ ရက်နေ့ကနေ စတင်ပြီး ထိုးနှံနေပါပြီ။ ကမ္ဘာ့ပထမဆုံး COVID-19 ကာကွယ်ဆေးဖြစ်လာတဲ့ Pfizer/BioNTech ရဲ့ ဆေးဝါးဟာ ထိရောက်မှုရှိသလို ဘေးထွက်ဆိုးကျိုးလည်းနည်းပါးပေမယ့် လုံးဝမရှိခဲ့တာတော့မဟုတ်ပါဘူး။ တစ်ကမ္ဘာလုံးက စောင့်ကြည့်နေကြတဲ့ ဒီဆေးဝါးဟာ အလုပ်ဖြစ်တယ်လို့ ပထမဆုံး ဆေးဝါကိုအသုံးပြုခဲ့တဲ့ ဗြိတိန်အာဏာပိုင်တွေက ကြေညာထားပေမယ့် ဘေးထွက်ဆိုးကျိုးတချို့ရှိနေတာကိုလည်း ဝန်ခံခဲ့ပါတယ်။ အစောပိုင်းသတင်းတွေအရ ကာကွယ်ဆေးတွေရဲ့ ကိုယ်ခံအားစနစ်ကို တုန့်ပြန်အောင် နှိုးဆော်မှုတွေကြောင့် […]


ကူးစက်ရောဂါများ

ရုရှားကိုဗစ်ကာကွယ်ဆေးထိုးဖို့ အရက်ရှောင်ရတော့မှာလား။

ဒီနှစ်ကုန်ပိုင်းမှာ ကိုဗစ်ကာကွယ်ဆေး တွေ တန်းစီပြီးထွက်လာခဲ့ပြီး တချို့တွေဆိုရင် အရေးပေါ်သုံးခွင့်တောင် ရနေပါပြီ။ ကာကွယ်ဆေးနဲ့ ပတ်သက်ပြီး လုံလုံလောက်လောက် ရမရ၊ ဘေးထွက်ဆိုးကျိုး စတဲ့အချက်တွေ ပူပန်နေရတဲ့ ကြားထဲမှာ ထူးခြားစွာနဲ့ ထွက်လာခဲ့တဲ့ သတင်းတစ်ပုဒ်ကတော့ ရုရှားကိုဗစ်ကာကွယ်ဆေးထိုးမယ်ဆိုရင် ၂လအရက်ရှောင်ရမယ်ဆိုတဲ့ သတင်းပါပဲ။ ရုရှား Sputnik V ကိုဗစ်ကာကွယ်ဆေး ဒီကာကွယ်ဆေးအကြောင်း အကျဉ်းချုပ်ပြန်ပြောရမယ်ဆိုရင် ရုရှားနိုင်ငံ Gamaleya Research Institute of Epidemiology and Microbiology က ဖန်တီးထားတာ ဖြစ်ပြီး လက်ရှိရုရှားနိုင်ငံမှာ စတင်ထိုးနှံဖို့ ပြင်ဆင်နေပါပြီ။ ဗိုင်းရပ်စ်vectorကနေ ထုတ်လုပ်ထားတာ ဖြစ်ပြီး ၂၁ရက်ခြား နှစ်ကြိမ်ထိုးရမှာပါ။  နှစ်ကြိမ်ထိုးပြီး ၇ရက်နေလို့ စမ်းသပ်ကြည့်တဲ့အခါ ၉၁.၄ ရာခိုင်နှုန်းထိ အစွမ်းထက်တာကို တွေ့ရပါတယ်။ ခုဆိုရင် ၉၅ ရာခိုင်နှုန်းထိ တက်လာပြီလို့ […]


ကူးစက်ရောဂါများ

COVID-19 က အမျိုးသားတွေကို ပိုပြီး ထိခိုက်စေနိုင်မလား။

ကိုဗစ်က ကျားမမရွေး၊ အသက်အရွယ်မရွေး ကူးနိုင်တယ်ဆိုပေမယ့် အမျိုးသားတွေမှာ ပိုပြီး အထိအခိုက်များနေတာကို တွေ့လာရပါတယ်။ ကူးတာရော၊ သေဆုံးနှုန်းရော၊ နောက်ဆက်တွဲဆိုးကျိုးတွေ ခံစားရတာရောပေါ့။ အမျိုးသားတွေမှာ ဘာလို့များ ကိုဗစ်က ထူးခြားပြီး ပိုဖြစ်နေရတာလဲ။ ဘာလို့ သေနှုန်းတွေ၊ နောက်ဆက်တွဲတွေ ပိုဖြစ်နေရတာလဲဆိုတာကို လေ့လာကြည့်တဲ့အခါမှာတော့  . . . . . COVID-19 က အမျိုးသားတွေမှာ ပိုဖြစ်နိုင်သလား။ လေ့လာချက်တွေအရ အမျိုးသားတွေမှာ ဖြစ်နှုန်းရော၊ သေဆုံးနှုန်းရော မြင့်လာတာကို တွေ့ရပါတယ်။ သေနှုန်းဆိုရင် အမျိုးသားတွေက အမျိုးသမီးတွေထက် ၂.၄ဆ ပိုများနေတာကို တွေ့ရပါတယ်။ ဖြစ်နိုင်တဲ့အကြောင်းတွေကတော့ ဗီဇလက္ခဏာ အမျိုးသမီးတွေမှာ ရှိတဲ့ X ခရိုမိုဆုန်းက ခုခံအားနဲ့ဆိုင်တဲ့ မျိုးဗီဇတွေ ပိုများနေတဲ့အတွက် ပိုပြီးခံနိုင်ရည်ရှိပါတယ်။ ဟော်မုန်းအရကြည့်မယ်ဆိုရင်လည်း အမျိုးသမီးတွေမှာဆီတဲ့ အီစထရိုဂျင်က ခုခံအားဆဲလ်တွေကို ပိုပြီးတုံ့ပြန်နိုင်ပါတယ်။ […]


ကူးစက်ရောဂါများ

COVID-19 ကြောင့် ညိုးနွမ်းသွားနိုင်တဲ့ အမျိုးသားတို့ဘဝ

COVID-19 ဖြစ်တာ တစ်နှစ်လောက် ရှိလာပြီဆိုတော့ ဖြစ်တဲ့သူတွေဖြစ်၊ ပြန်ကောင်းတဲ့သူတွေကောင်း၊ ကောင်းတဲ့သူတွေလည်း နာလန်ပြန်ထူလာကြပါပြီ။ ပြန်ကောင်းလာကြတယ်ဆိုပေမယ့် လုံးလုံးကောင်းတာတော့ ဖြစ်ဟန်မတူပါဘူး။ ဆေးရုံကဆင်းလို့ အိမ်ပြန်လာကြသည့်တိုင် တော်တော်များမျာက အရင်ကနဲ့ မတူတော့ဘူးလို့ ပြောကြပါတယ်။ ရောဂါတစ်ခုဖြစ်ပြီးရင် နောက်ဆက်တွဲခံစားရသလိုပဲ COVID-19 မှာလည်း ပြန်ကောင်းလာပြီး ဒီလိုမျိုးတွေ ခံစားရပုံပေါ်ပါတယ်။ COVID-19 ရဲ့ နောက်ဆက်တွဲ ပြဿနာများပေါ့။ အများစုကတော့ နုံးတာ၊ အိပ်မပျော်တာ ဖြစ်ကြပါတယ်။ ရှာဖွေလေ တွေ့ရှိလေပဲဆိုဆို COVID-19 ရဲ့ နောက်ဆက်တွဲက ကြာလေလေ ပိုတွေ့လာလေလေပါပဲ။ ခုလည်း အမျိုးသားထုကြီးကို ခြိမ်းခြောက်နိုင်တဲ့ နောက်ဆက်တွဲ တစ်ခုကို ထပ်တွေ့လာရပြန်ပါပြီ။ COVID-19 ကြောင့် အမျိုးသားများ ဘဝဆုံးသွားနိုင်သလား။ COVID-19 ခံစားရပြီး ပြန်ကောင်းသွားတဲ့ အမျိုးသားတွေက အိမ်ပြန်ရောက်သွားတဲ့အခါ အရင်လို ပြန်မဖြစ်ကြပါဘူးတဲ့။ အရင်လိုဆိုတာ 'လိင်တံမထောင်မတ်'တာကို ပြောတာပါ။ […]


ကူးစက်ရောဂါများ

ကိုဗစ်၊ ဝှေးစေ့ရောင်ခြင်းနဲ့ နောက်ဆက်တွဲပြဿနာ

ကိုဗစ်နဲ့ ပတ်သက်ပြီး လေ့လာစရာတွေက မကုန်နိုင်အောင်လောက် ပေါနေတာမို့လို့ သတင်းတွေကလည်း တစ်နေ့ တစ်မျိုးပါပဲ။ ခုလည်း ဝှေးစေ့အောင့်ရာကနေ ကိုဗစ်ဖြစ်နေတာကို တွေ့မိတယ်ဆိုတဲ့ လေ့လာချက်လေး တစ်ခု ပေါ်လာလို့ သတိထားနိုင်အောင် ပြောပြပေးပါမယ်။ အမျိုးသားထုကြီးကတော့ မျက်ခုံးလှုပ်နေလာက်ပါပြီ။ Elsevier Public Health Emergency Collectionထဲက ဖော်ပြထားတာလေး တစ်ခုပါ။ ကိုဗစ်နဲ့ ဝှေးစေ့အောင့်ခြင်း ဖြစ်စဉ် လွန်ခဲ့တဲ့ ဧပြီလလယ်လောက်က အသက် ၄၃နှစ်အရွယ် အမျိုးအစား၁ ဆီးချိုရောဂါအခံရှိတဲ့ အမျိုးသားတစ်ယောက်က ငွေ့ငွေ့ဖျားပြီး ဝှေးစေ့ နှစ်ဖက်လုံးအောင့်နေတာ ၃ရက်လောက် ရှိပြီဆိုတော့ အရေးပေါ်ဌာနကို လာပြပါတယ်။ ဝှေးစေ့အောင့်နိုင်လောက်တဲ့ အကြောင်းရင်းတွေ မေးကြည့်တဲ့အခါ မယ်မယ်ရရ မရှိတာကြောင့် ဆေးပေးပြီး ပြန်လွှတ်ခဲ့ပါတယ်။ နေ့ဝက်လောက်နေတော့ တစ်ခါ မောတယ်၊ ဝှေးစေ့နာတာ မသက်သာဘူး။ ဘဘ်ဘက်က ပိုဆိုးလာတယ်ဆိုပြီး အရေးပေါ်ဌာနကို ပြန်ရောက်လာပြန်ရော။ […]


ကူးစက်ရောဂါများ

COVID ကာကွယ်ဆေး ထိုးနှံပြီးသူတွေ ဘယ်လို အကျိုးဆက်တွေ ခံစားကြရလဲ

ကမ္ဘာ့ကပ်ဘေးတစ်ခုဖြစ်တဲ COVID-19 ရောဂါကို ကာကွယ်ပေးနိုင်တဲ့ ဆေးဝါးထိုးနှံမှုတွေကို ဗြိတိန်နိုင်ငံမှာ ပြီးခဲ့တဲ့ အင်္ဂါနေ့က စတင်လိုက်ပါတယ်။ တစ်ကမ္ဘာလုံးက စောင့်ကြည့်နေကြတဲ့ ဒီအစီအစဉ်ဟာ အလုပ်ဖြစ်တယ်လို့ ဗြိတိန်အာဏာပိုင်တွေကတော့ ကြေညာထားပါတယ်။ ကာကွယ်ဆေးတွေဟာ ၂ ကြိမ်ထိုးနှံဖို့ လိုအပ်တာမို့ တကယ်ထိရောက်မှုရှိမရှိဆိုတာကိုတော့ စောင့်ကြည့်ရဦးမှာပါ။ လတ်လောမှာတော့ ကာကွယ်ဆေးထိုးနှံမှုတွေမှာ ဘေးထွက်ဆိုးကျိုးတွေရှိနေတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေတာမို့ တကယ်ဘေးထွက်ဆိုးကျိုးတွေ ရှိနေနိုင်တာလားဆိုတာကို လူတိုင်းက စိတ်ဝင်စားနေကြပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းတွေတုန်းက ပြုလုပ်ခဲ့တဲ့ အမေရိကန် ရောဂါထိမ်းချုပ်ရေးနှင့် ကွပ်ကွဲရေးဌာန (CDC) ရဲ့ အစည်းအဝေးမှာ ခုလိုမျိုးစတင်သတိပေးခဲ့တာဖြစ်ပါတယ်။ CDC က ဘယ်လိုသတိပေးခဲ့သလဲ COVID-19 ရောဂါကို ကာကွယ်ပေးနိုင်တဲ့ ကာကွယ်ဆေးတွေဟာ လူတွေကို ဘေးထွက်ဆိုးကျိုးတွေ ယူဆောင်လာနိုင်တယ်လို့ CDC က သူတို့ရဲ့ COVID-19 ကာကွယ်ဆေးဆိုင်ရာ အကြံပြု အစည်းအဝေးမှာ သတိပေးစကားဆိုလိုက်ခဲ့ပါတယ်။ ဒီကြေညာချက်က ဗြိတိန်မှာ ကာကွယ်ဆေးစတင်မထိုးနှံခင် […]

ad iconကြော်ငြာ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း