ကိုရိုနာဗိုင်းရပ်စ်

COVID-19ဆိုတာ ကိုရိုနာဗိုင်းရပ်စ် မျိုးကွဲတစ်ခုဖြစ်ပြီး သာမန်လက္ခဏာတွေကနေ အသက်သေဆုံးနိုင်သည်အထိ ဖြစ်နိုင်ပါတယ်။ အတွေ့များရတဲ့ လက္ခဏာတွေကတော့ ချောင်းခြောက်ဆိုးတာ၊ နုံးတာ၊ ဖျားတာတွေပဲ ဖြစ်ပါတယ်။ တချို့တွေမှာ တုပ်ကွေးလိုမျိုး လက္ခဏာတွေ ခံစားရတတ်ပြီး နာတာရှည်နောက်ဆက်တွဲဆိုးကျိုးတွေ၊ အသက်သေဆုံးတာတွေ ဖြစ်တတ်ပါတယ်။ COVID-19 ကပ်ရောဂါနဲ့ ပတ်သက်ပြီး တိကျတဲ့ သတင်းတွေကို ဒီစာမျက်နှာမှာ ဖတ်ရှုနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ကိုရိုနာဗိုင်းရပ်စ်

ဘေဘီလေးတွေမှာ ကိုဗစ်ဖြစ်ရင် ဘယ်လို လက္ခဏာတွေ ခံစားရနိုင်လဲ

ကိုဗစ်ရောဂါ စတင်ဖြစ်ပွားစဉ်က ကလေးတွေမှာ ကိုဗစ် ကူးစက်တာ သိပ်မတွေ့ရပေမယ့် နောက်ပိုင်းမှာ Covid-19 က ကလေးတွေမှာပါ ဖြစ်လာတာကို တွေ့ရပါတယ်။ တကယ်ကတော့ ကိုဗစ်က ကလေးတွေမှာ အသက်အရွယ် မရွေးဖြစ်နိုင်ပါတယ်။ ကလေးတိုင်းမှာ မတူညီတဲ့ နည်းလမ်းတွေနဲ့ ကိုဗစ်ဗိုင်းရပ်စ် ကူးစက်ခံရနိုင်သလို အရမ်းငယ်သေးတဲ့ အသက် ၁ နှစ်အောက် ကလေးတွေမှာ ပြင်းပြင်းထန်ထန် ခံစားရနိုင်ပါတယ်။ ဒီတစ်ခေါက်တော့ ဘေဘီလေးတွေမှာ ကိုဗစ်ဖြစ်ရင် ဘယ်လို လက္ခဏာတွေ ခံစားရနိုင်လဲ ဆိုတာကို သတိထားသိရှိနိုင်စေဖို့ မျှဝေပေးချင်ပါတယ်။ မွေးကင်းစ ကလေးလေးတွေ နဲ့ ဘေဘီလေးတွေမှာ ကိုဗစ်ဖြစ်နိုင်လား မေမေ့မှာ ရောဂါပိုး ကူးစက်ခံထားရပြီး ကလေးကိုမွေးဖွားချိန်မှာ ရောဂါပိုး ကူးစက်တာမျိုးကတော့ အတော်လေး ဖြစ်ခဲပါတယ်။ ကလေးကို မွေးဖွားပြီးချိန်မှာ ထိတွေ့တာ နမ်းရှုံ့တာတွေကနေတဆင့်တော့ ကူးစက်နိုင်ပါတယ်။ မွေးကင်းစ ကလေးတွေမှာ […]

ကိုရိုနာဗိုင်းရပ်စ် ကို ရှာဖွေမည်။

ကိုရိုနာဗိုင်းရပ်စ်

ကြို့ထိုးတာက ကိုဗစ် လက္ခဏာတစ်ရပ်လား………

အရင်ကတော့ ဖျားရင်၊ အနံ့ပျောက်ရင် အရသာပျောက်ရင် ကိုဗစ်ဖြစ်ပြီလို့ ယူဆကြတယ်နော်။ အခုနောက်ပိုင်းတော့ ဒီလက္ခဏာတွေအပြင် နောက်ထပ်တိုးလာတဲ့ သိသာတဲ့ လက္ခဏာတွေလည်းရှိလာပါတယ်။ ဒီထဲမှာမှ မြင်သာတဲ့ လက္ခဏာတစ်ရပ်က ကြို့ထိုးတာပါ။ ကြို့ထိုးတာက ကိုဗစ် လက္ခဏာတစ်ရပ်လား……… ကြို့ထိုးတာက ကိုဗစ် လက္ခဏာတစ်ရပ်လား ဆိုတော့ ပုံမှန် ကြို့ထိုးတာမျိုး ကတော့ ကိုဗစ်လက္ခဏာ မဟုတ်ပေမယ့် အချိန်ကြာမြင့်စွာ မရပ်တမ်း ကြို့ထိုးနေတာကတော့ ကိုဗစ်ရဲ့ လက္ခဏာတစ်ရပ်ဖြစ်ပြီး ဖြစ်ခဲတဲ့ လက္ခဏာတစ်ရပ်လို့ အချို့သော ကုသလေ့လာမှု ရလဒ်တွေအရ သိရပါတယ်။ ဒီဆောင်းပါးလေးထဲမှာ ကြို့ထိုးတာက ကိုရိုနာဗိုင်းရပ်စ် အသစ်ရဲ့ လက္ခဏာတစ်ရပ်လား။ မကြာခဏ ကြို့ထိုးတာနဲ့ ပတ်သက်လို့ ဘယ်လိုအချိန်မှာ ဆရာဝန်နဲ့ ပြသဖို့ လိုမလဲဆိုတာနဲ့ မဖြစ်မနေ သိထားဖို့ လိုမယ့် COVID-19 အကြောင်းလေးတွေကို ပြောပြပေးသွားမှာ ဖြစ်ပါတယ်။ ကြို့ထိုးခြင်းနဲ့ ကိုရိုနာဗိုင်းရပ်စ် […]


ကိုရိုနာဗိုင်းရပ်စ်

တုပ်ကွေးနဲ့ ကိုဗစ် ဘာတွေတူလို့ ဘာတွေကွဲ

ဒီချိန်မှာတော့ ဖျားပြီ၊ ချောင်းဆိုးပြီဆိုတာနဲ့ ကိုဗစ် လို့ သတ်မှတ်လိုက်တာအကောင်းဆုံးပါ။ ရောဂါတွေ မတရား ပြန့်နေတဲ့ အချိန်ကိုး။ ဒါပေမယ့် တုပ်ကွေးရာသီဖြစ်နေပြန်တော့ တုပ်ကွေးရော မဖြစ်နိုင်ဘူးလားလို့ မေးစရာ ရှိပါတယ်။ တုပ်ကွေးလည်း ဖြစ်နိုင်ပါတယ်။ လက္ခဏာအရတော့ နှစ်ခုလုံးက ဆင်တူနေပြီး တော်တော်ခွဲရခက်ပါတယ်။ တခြားအချက်တွေမှာတော့ အနည်းငယ်ကွဲပြားနိုင်ပါတယ်။ တုပ်ကွေးနဲ့ ကိုဗစ် ဘာတွေတူလို့ ဘာတွေကွဲ အကျဉ်းချုပ်ပြောရရင် တုပ်ကွေးရော ကိုဗစ်ရောက အသက်ရှူလမ်းကြောင်းကတဆင့် ကူးစက်တတ်တဲ့၊ ကူးစက်မြန်တဲ့ ရောဂါတွေပဲဖြစ်ပါတယ်။ ဖြစ်တဲ့ ဗိုင်းရပ်စ်တွေကတော့ မတူပါဘူး။ ကိုဗစ်က ၂၀၁၉မှာ စတွေ့တဲ့ ကိုရိုနာဗိုင်းရပ်စ်မျိုးကွဲကြောင့်ဖြစ်ပြီး တုပ်ကွေးကတော့ တုပ်ကွေးဗိုင်းရပ်စ်တွေကြောင့်ပဲ ဖြစ်ပါတယ်။ ဒါပေမယ့် ကိုဗစ်ကတော့ တုပ်ကွေးထက် ပိုကူးပါတယ်။ ခုလို ဗီဇအသစ်ဆိုရင် ပိုလို့တောင် အကူးမြန်ပါသေးတယ်။ ဒါကြောင့်လည်း ကမ္ဘာ့နိုင်ငံတွေက လူအများစုကို ကာကွယ်ဆေးလွှမ်းခြုံနိုင်အောင် အသည်းအသန်ကြိုးစားနေကြတာပါ။ ဒါ့ပြင် […]


ကိုရိုနာဗိုင်းရပ်စ်

မှောက်နေရင် ဘာကြောင့် အောက်စီဂျင် တက်လာတာလဲ

အောက်စီဂျင်ကျနေတဲ့ ကိုဗစ်လူနာကို ပြောနေကျစကားက 'မှောက်အိပ်ပါ၊ မှောက်အိပ်ပါ'ဆိုတာပါပဲ။ အောက်စီဂျင် တက်ဆေးဆိုပြီး စျေးကွက်ထဲမှာ မဟုတ်တဲ့ဆေးတွေ လျှောက်ထိုး လျှောက်သောက်နေပေမယ့် တကယ့်ဆေးနည်းက ကိုယ့်အနီးလေးတင်မှာပါ။ စျေးပေါလို့ တန်ဖိုးမထားတာပဲလားမသိ။ အောက်စီဂျင်ကျနေတဲ့ လူနာကို မှောက်ခိုင်းရင် သိပ်မကြိုက်ချင်ကြပါဘူး။ ကိုဗစ်လူနာတွေ မှောက်အိပ်ရင် ဘာဖြစ်သလဲ။ အဆုတ်က ရင်ခေါင်းထဲမှာ တြိဂံပုံ အပေါ်ရှူး အောက်ကျယ် ပုံစံပါ။ အဲ့ဒါကိုမှ နောက်ကျောဘက်မှာ အဆုတ်ထုထည်က ပိုများပါတယ်။ မှောက်အိပ်တဲ့အခါကျတော့ အဆုတ်တစ်ခုလုံးကို လေတွေ ညီညီညာညာရောက်သွားပါတယ်။ ပုံမှန်အသက်ရှူနေရင် အားမပါလို့ အဆုတ်အတွင်းပိုင်း အားလုံးကို လေကောင်းကောင်း မရောက်ပါဘူး။ ကိုဗစ်လူနာတွေကတော့ အောက်စီဂျင်ကျတဲ့အတွက် အဆုတ်ထဲကို နေရာလပ်မကျန် အကုန်ရောက်လေရောက်ဖို့ လိုပါတယ်။ မှောက်အိပ်တဲ့အတွက် အဆုတ်ထုများတဲ့ ကျောဘက်ကို ဖိအားနည်းသွားတာကြောင့် လေပိုရောက်ပါတယ်။ ကျောဘက်က အဆုတ်မှာ သွေးကြောတွေလည်း များတဲ့အတွက် […]


ကိုရိုနာဗိုင်းရပ်စ်

လူစုလူဝေးအကြားမှာ ကိုဗစ်အန္တရာယ် ကင်းကင်းနဲ့ နေနိုင်ဖို့ဆိုရင်

COVID-19 ရောဂါကပ်ဘေးဟာ ပြည်တွင်းမှာတော့ အရှိန်အနည်းငယ်ကျဆင်းလာနေပြီဆိုပေမယ့် လုံးလုံးအဆင်ပြေ ပျောက်ကွယ်သွားတာမျိုးတော့ မဟုတ်သေးပါဘူး။ ဒါကြောင့် ခုကာလတွေမှာလည်း သတိထားပြီးနေထိုင်ဖို့ လိုအပ်နေပါသေးတယ်။ အခြေအနေအမျိုးမျိုးကြောင့် လူစုလူဝေးအကြားမှာ သွားရလာရ ပါဝင်ပတ်သက်ရဖို့ရှိလာရင် ပိုပြီး ဂရုစိုက်ဖို့ လိုအပ်ပါလိမ့်မယ်။ ခုကာလဟာ ကပ်ဘေးကာလဖြစ်ပေမယ့် အကြောင်းအမျိုးမျိုးကြောင့် လူစုလူဝေးတွေနဲ့ ပတ်သက်ဆက်နွယ်ရတဲ့ အခြေအနေတွေရှိနေပါတယ်။ ဒီလို လူစုလူဝေးတွေအကြားမှာ ကိုယ်တိုင်ပါဝင်နေရင် ဒါမှမဟုတ် သွားရင်းလာရင်း လူစုလူဝေးအကြားဖြတ်သန်းသွားရတော့မယ်ဆိုရင် ရောဂါပိုးမကူးစက်အောင် သတိထားဖို့ လိုအပ်ပါတယ်။ ရောဂါပိုးဟာ လေထုထဲကနေတဆင့် ပြန့်နှံ့နိုင်သလို လူအချင်းချင်းထိတွေ့မှုကနေတဆင့်လည်း ကူးစက်နိုင်ပါတယ်။ ဒါကြောင့် လူစုလူဝေးနဲ့ ထိတွေ့ပတ်သက်နေရမယ်ဆိုရင် ရောဂါပိုးကူးစက်နိုင်ခြေဟာ အလွန်မြင့်မားနေမှာပါ။ ရောဂါပိုးရှိနေတယ်ဆိုတာကို မြင်ရုံနဲ့ မသိနိုင်တာကြောင့်ပါ။ ပုံမှန်အားဖြင့်တော့ ကိုဗစ်ကာလမှာ လူစုလူဝေးပြုလုပ်မှုတွေကို အဆင့် ၄ ဆင့်ခွဲခြား သတ်မှတ်ထားပါတယ်။ အဆင့် ၁ ဖြစ်တဲ့ အွန်လိုင်းစုဝေးမှုတွေ၊ Virtual […]


ကိုရိုနာဗိုင်းရပ်စ်

သတိ ကိုဗစ်ရှိသေးသည်

လက်ရှိကာလမှာတော့ COVID-19 ရောဂါအပေါ် လူထုရဲ့ အာရုံစူးစိုက်မှုက အတန်ငယ်လျော့ကျလာသယောင် ရှိနေပါတယ်။ ကာကွယ်ဆေးစတင်ရောက်ရှိလာတာ၊ တိုင်းပြည်အတွင်းမှာ အပြောင်းအလဲတွေဖြစ်ပေါ်နေတာ၊ စားဝတ်နေရေးအတွက် စီမံဖို့ ပိုမိုလိုအပ်လာတာတွေကြောင့် ရောဂါကပ်ဘေးအပေါ် အတန်ငယ် အာရုံမရောက် ဖြစ်လာကြပါတယ်။ တကယ်တော့ ကပ်ဘေးဟာ မပြီးသေးသလို ' ကိုဗစ်ရှိသေးသည် ' လို့ ဆိုရဦးမှာပါ။ လက်ရှိအချိန်အထိ ကမ္ဘာတစ်လွှားမှာ ကိုဗစ်ပိုး ကူးစက်ခံခဲ့ရသူကြောင်း ၁၀၅ သန်းအထိ ရောက်ရှိနေပြီဖြစ်သလို အသက်ဆုံးရှုံးသွားသူအရေအတွက်ကလည်း ၂ သန်းကျော်အထိ ရှိနေပြီဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာဆိုရင်လည်း နေ့စဉ်ကူးစက်လူနာ ရာနဲ့ချီတိုးတက်နေသေးသလို သေဆုံးလူနာလည်း ဆယ်ဂဏန်းဝန်းကျင်ရှိနေဆဲပါ။ မြန်မာနိုင်ငံအနေနဲ့ ကာကွယ်ဆေးဝယ်ယူထားပေမယ့် လက်တလောမှာ လှူဒါန်းထားတဲ့ ကာကွယ်ဆေးတွေသာရောက်ရှိသေးပြီး ဝယ်ယူထားတဲ့ ကာကွယ်ဆေးတွေ ရောက်လာဖို့ကတော့ အချိန်အတိုင်းအတာတစ်ခုအထိ စောင့်ဆိုင်းရဦးမယ့် အခြေအနေမျိုးဖြစ်ပါတယ်။ ဒါကြောင့် လက်ရှိအခြေအနေမှာ မူလအတိုင်း ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက သတ်မှတ်ထားတဲ့ […]


ကိုရိုနာဗိုင်းရပ်စ်

Covishield ကာကွယ်ဆေး နဲ့ အရက် သောက်သုံးခြင်း

Covishield ကာကွယ်ဆေး နဲ့ အရက် သောက်သုံးခြင်း ဘယ်လိုဆက်စပ်နေလဲ ဖတ်ကြည့်ရအောင်နော် ..။ မြန်မာနိုင်ငံမှာ ကိုဗစ်ဖြစ်ခဲ့တာ တစ်နှစ်နီးပါးကာလရှိလာပြီဖြစ်ပြီး ဒီကနေ့မှာတော့ ကကွယ်ဆး ထိုးနှံမှုတွေကို စတင်လုပ်ဆောင်နေပြီ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ထိုးနှံတဲ့ ကာကွယ်ဆေး အမျိုးအစားက  အိန္ဒိယနိုင်ငံ Serum instituteက ထုတ်တဲ့ Covishield ကာကွယ်ဆေးပါ။ အောက်ဖို့ဒ်က AstreZenecaအတိုင်း ထုတ်ထားတဲ့ ကာကွယ်ဆေးပါ။ ဒီကာကွယ်ဆေးကို ထိုးနှံတဲ့အခါ ရုရှားနိုင်ငံက ထုတ်လုပ်တဲ့ ကာကွယ်ဆေးလိုပဲ အရက်ရှောင်ဖို့ လိုမလားဆိုတာကို ဆောင်းပါးလေးမှာ အတူတူ ဖတ်ကြည့်ရအောင်နော်။ ရုရှား ကာကွယ်ဆေးထိုးရင် ဘာကြောင့် အရက်ရှောင်ဖို့ လိုတာလဲ။ ရုရှားနိုင်ငံ Gamaleya Research Institute of Epidemiology and Microbiology က စမ်းသပ်ထုတ်လုပ်ထားတဲ့ Sputnik V ကိုဗစ်ကာကွယ်ဆေးဟာ ဗိုင်းရပ်စ်vectorကနေ […]


ကိုရိုနာဗိုင်းရပ်စ်

ကာကွယ်ဆေးထိုးပြီးလို့ ဘေးထွက်ဆိုးကျိုး ခံစားရရင် နောက်တစ်ကြိမ်ထပ်ထိုးသင့်လား။

Covishield ကာကွယ်ဆေးတွေ စထိုးနေပြီဆိုတော့ (ထိုးတဲ့သူတွေကလည်း ထိုးပြီးပြီဆိုတော့) တချို့တွေက ကာကွယ်ဆေးထိုးပြီးတဲ့ အတွေ့အကြုံတွေကို ပြောပြကြပါတယ်။ ဖျားတယ်၊ ကိုက်တယ် စသဖြင့်ပေါ့။ တချို့ကလည်း ဒီလို ဘေးထွက်ဆိုးကျိုး တွေ  ခံစားရရင် နောက်တစ်ခါထပ်ထိုးလို့ ဖြစ်ပါ့မလား။ ဒါ ဓာတ်မတည့်တာ မဟုတ်ဘူးလားဆိုပြီး ပြောကြပါတယ်။ ကိုဗစ်ကာကွယ်ဆေးကြောင့် ဘယ်လို ဘေးထွက်ဆိုးကျိုး တွေ ခံစားနိုင်သလဲ။ လက်ရှိထိုးနေတဲ့ Covishieldနဲ့ ပတ်သက်ပြီး Serum instituteက ထုတ်ပြန်ထားတဲ့ ဘေးထွက်ဆိုးကျိုးတွေကတော့ ၁၀ယောက်မှာ ၁ယောက်ထက်ပိုပြီး ဖြစ်နိုင်တဲ့ ဘေးထွက်ဆိုးကျိုးများ ဆေးထိုးထားတဲ့နေရာမှာ ပူတာ၊ နီတာ၊ နာတာ၊ ရောင်ရမ်းတာ မအီမသာဖြစ်တာ နုံးတာ ခေါင်းကိုက်တာ ချမ်းပြီး ဖျားချင်သလိုဖြစ်တာ ကိုယ်လက်ကိုက်တာ ၁၀ယောက်မှာ ၁ယောက်လောက် ဖြစ်နိုင်တဲ့ ဘေးထွက်ဆိုးကျိုးများ ဆေးထိုးတဲ့နေရာမှာ မာပြီး ဖုနေတာ ဖျားတာ အန်တာ […]


ကိုရိုနာဗိုင်းရပ်စ်

အပ်ကြောက် လို့ ကာကွယ်ဆေးမထိုးချင်ဘူးဆို ဒီနည်းလမ်းတွေ လုပ်ကြည့်ပါ။

ကာကွယ်ဆေးတွေက စထိုးနေပြီဆိုတော့ မကြာခင် ကိုယ့်အလှည့် ဒါမှမဟုတ် ကိုယ့်မိသားစုထဲက တစ်ယောက်ယောက်အလှည့် ရောက်လာမှာပါ။ ကာကွယ်ဆေးထိုးဖို့လည်း စာရင်းဝင်တယ်။ တခြားဓာတ်မတည့်တာ ဘာညာလည်း မရှိဘူး။ တစ်ခုပဲ။ အပ်ကြောက် တယ်။ အပ်မြင်တာနဲ့ကို နေစရာမရှိအောင် ကြောက်လာတာ။ ဘယ်လောက်ပဲ ပုရွက်ဆိတ်ကိုက်သလောက်ပဲ နာတာပါပြောပြော အဲ့ဒီအပ်ကြီး စိုက်ဝင်နေတာကို မကြည့်နိုင်တာ။ ဒါပေမယ့် ကိုဗစ်ကာကွယ်ဆေးကလည်း ရတုန်းလေးထိုးရမှာ။ ကိုယ့်ဟာကိုယ်ထိုးဆို ဘယ်နားသွားဝယ်ရမလဲတောင် မသိ။ မြန်မြန်ထိုးမှ ကိုယ့်ကိုယ်ရော၊ သူများကိုပါ ကာကွယ်နိုင်ပြီး ဒီကပ်ရောဂါကြီးပြီးမှာဆိုတော့ ထိုးကလည်း ထိုးချင်၊ ကြောက်ကလည်းကြောက်။ ဒီလို ဝေခွဲမရဖြစ်နေပြီဆိုရင်တော့ ဒီဆောင်းပါးက သင့်ကို ကူညီနိုင်မှာပါ။ အပ်ကြောက် တယ်ဆိုတာ ရောဂါလား။ အပ်ကြောက် တယ်ဆိုတာကို Trypanophobiaလို့ ခေါ်ပြီး ကြောက်စိတ်တစ်မျိုးလို့ လက်ခံထားကြပါတယ်။ အမြင့်ကြောက်တာ၊ အလုံပိတ်အခန်းတွေ ကြောက်တာလိုမျိုး ကြောက်စိတ်တစ်ခုပါပဲ။ အထူးသဖြင့် […]


ကိုရိုနာဗိုင်းရပ်စ်

ကိုဗစ်ကာကွယ်ဆေးနဲ့ ဓာတ်မတည့်ခြင်း ဆိုတာ

ကိုဗစ်ကာကွယ်ဆေး ထိုးမယ့်သူတွေကို ကျန်းမာရေး မေးခွန်းလေးတွေ မေးတဲ့အခါ အရင်က ဓာတ်မတည့်တဲ့ ပြဿနာရှိသလားဆိုတာ ပါပါတယ်။ ဒါနဲ့ပတ်သက်ပြီး လူနာတွေက ဓာတ်မတည့်ရင် လုံးဝမထိုးရဘူးလားဆိုတာလည်း မေးကြသလို၊ ဆေးထိုးပြီးမှ ဓာတ်မတည့်ရင် ဘယ်လိုလုပ်ရမလဲဆိုတာလည်း မေးကြပါတယ်။ ဓာတ်မတည့်ခြင်း က ဒီလောက်ကြောက်ဖို့ကောင်းလား။ ဓာတ်မတည့်ခြင်း ဆိုသည်မှာ ဓာတ်မတည့်ဘူးဆိုတာက တစ်ယောက်ခြင်းစီရဲ့ ခုခံအားနဲ့ ဆိုင်တဲ့ ပြဿနာပါ။ ဒီဆေးပဲ ထိုးတယ်၊ သောက်တယ်။ သူကမတည့်ဘူး။ ကိုယ်က တည့်တယ် ဒီလိုမျိုးပါ။ ဓာတ်မတည့်ခြင်းဆိုတာက ဘာနဲ့မဆို ဖြစ်နိုင်ပါတယ်။ ဆေးဝါးတွေ၊ အစားအစာတွေ၊ ရှူသွင်းမိတဲ့ အမှုန်အမွှားတွေ စသဖြင့် အမျိုးမျိုး ဖြစ်နိုင်ပါတယ်။ တချို့ကလည်း ကိုယ်နဲ့ ဘာမတည့်တာလည်း ဆိုတာ သိကြပါတယ်။ တချို့ကလည်း မသိကြပါဘူး။ ဓာတ်မတည့်ခြင်း ခံစားရပြီဆိုရင် လူနာက အကောင်းကြီးကနေ ရုတ်တရက် အသက်ရှူကျပ်လာတာ၊ […]


ကိုရိုနာဗိုင်းရပ်စ်

ကာကွယ်ဆေးမတိုး တဲ့ COVID-19 မျိုးစိတ်သစ် ရှိနေပြီလား

ဗြိတိန်၊ တောင်အာဖရိက၊ မြန်မာ၊ ဘင်္ဂလားဒေ့ရှ်၊ ဘရာဇီးလ်နဲ့ ဂျပန်တို့မှာ သက်ဆိုင်ရာ တိုင်းပြည်အလိုက် ဗီဇပြောင်း COVID-19 မျိုးစိတ်သစ်တွေ ပြီးခဲ့တဲ့ ဒီဇင်ဘာလကနေစတင်ပြီး ဆက်တိုက်ဆိုသလို ထွက်ပေါ်လာခဲ့ပါတယ်။ အဲဒီဗီဇပြောင်း မျိုးစိတ်သစ်တွေထဲမှာ ကာကွယ်ဆေးမတိုး တဲ့ အမျိုးအစားတစ်ချို့လည်း ပါဝင်လာပါတယ်။ COVID-19 ကာကွယ်ဆေး ထိုးနှံမှုလုပ်ငန်းစဉ်ကို ပထမဆုံးစတင်နိုင်ခဲ့တဲ့ ဗြိတိန်မှာ မျိုးစိတ်သစ်တစ်မျိုး စတင် ပေါ်ပေါက်လာပြီးတဲ့နောက်မှာ နောက်ထပ်မျိုးစိတ်သစ်တွေအကြောင်းတွေကို ဆက်တိုက် ကြားသိလာနေရတာပါ။ အစောပိုင်းတုန်းက စတင်ပေါ်ထွက်လာတဲ့ COVID-19 ရဲ့ ဆင့်ကဲမျိုးဗီဇပုံစံနဲ့ မျိုးစိတ်သစ်တွေကို လက်ရှိထွက်ပေါ်နေတဲ့ ကာကွယ်ဆေးတွေနဲ့ ကာကွယ်လို့ရပါတယ်။ ဒါပေမယ့် ဘရာဇီးလ်နိုင်ငံမှာ ထွက်ပေါ်လာတဲ့ မျိုးစိတ်သစ်ကတော့ ကူးစက်နှုန်းလျင်မြန်လှပါတယ်ဆိုတဲ့ ဗြိတိန်မျိုးစိတ်သစ်ထက် ပိုမိုလျှင်မြန်တဲ့ နှုန်းနဲ့ ကူးစက်နိုင်ပြီး တချို့စမ်းသပ်မှုတွေအရ ကာကွယ်ဆေးမတိုး ဘူး လို့လည်း သိလာရပါတယ်။ ဘရာဇီးလ်မျိုးစိတ်သစ်ရဲ့ သတင်းဟာ ကမ္ဘာတစ်ဝှမ်းက […]

ad iconကြော်ငြာ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း